အောက်လမ်းဘိုးထင် နှင့် တုတ်ပြီးဓားပြီး စံလှ

” အောက်လမ်းဘိုးထင် နှင့် တုတ်ပြီးဓားပြီး စံလှ ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) သူဌေးကုန်းရွာတွင် သိန်းဇော်တို့ လူငယ်တသိုက် နှင့်အတူ မောင်ဘိုးထင်တို့သည် ဦးစံလှအား ရှာပုံတော် ဖွင့်ကြလေသည် ။သိန်းဇော်သည် ဦးစံလှအား သူတိုက်ခိုက်လိုက်သော ဦးပေါက် စ၏ တပည့်များမသေသေးကြောင်း ပြောပြရန် လိုက်ရှာနေကြခြင်းဖြစ်သည်။ဦးစံလှမှာ သူ၏လက်ဆကိုသူယုံကာ ဦးပေါက် စ၏ တပည့်များ သေပြီအထင်ဖြင့် ပြေးနေခြင်းဖြစ်သည်။သူတို့သည် ရွာအနောက်ဘက် အင်တောများရှိရာသို့ လူစုခွဲရှာကြရာ မောင်ဘိုးထင်တို့အဖွဲ့အား သိန်းဇော်မှ ဦးဆောင်သည်။ “ဦးစံလှ ဗျို့ ဦးစံလှ ဘယ်မှာလဲဗျို့ ” “ဒီဘိုးတော် ကြောက်ကြောက်လန့်လန့် နဲ့ ဘယ်အထိတောင် ပြေးနေလဲ မသိဘူးကွာ ဟိုကောင်တွေပြောတာတော့ ဒီတောထဲ ပြေးသွားတာတဲ့ကွ ” “ကိုသိန်းဇော်ရေ … Read more

ဘိုးတော်ပေ နှင့် ဦးတိလောက

” ဘိုးတော်ပေ နှင့် ဦးတိလောက ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) လွမ်းမောဖွယ်တောင်တန်းကြီး၏အနီးတွင် သစ်ဆိမ့် ဟုအမည်ရသော မြို့လေးတမြို့တည်ရှိသည်။ထို့မြို့အား လမ်းနှစ်သွယ်ဖြင့် သွားနိုင်၏။မီးရထားနှင့် သွားနိုင်သလို ကားဖြင့်လည်း သွားနိုင်သည်။ကားဟုဆိုရာတွင် လိုင်းကားဟူ၍ မရှိပဲ ကြုံရာသစ်ကား သို့မဟုတ် ကုန်တင်ကားများကို တားပြီး သွားရသည်။ယခု မြိုင်တောမြို့လေး၏ မီးရထားဂိတ်တွင် လူသုံးယောက် စကားပြောနေသည်။ထိုလူသုံးယောက်မှာ အခြားသူ မဟုတ်ဘဲ ပေတူး၊ဦးကျော်လှိုင် နှင့် မြင်းလှည်းဆရာ ကိုငြိမ်း မောင်တို့ ဖြစ်သည် ။ “ပေတူး မင်း စာချုပ်ကို သေချာသိမ်းထားတယ်မလား ” “သိမ်းထားပါတယ်ဗျ ” “အေး မင်း ပျဉ်းမရွာကိုသွားပြီးမှ ငါ့ဆီ ပြန်လာခဲ့ ကြားလား ” “ကျုပ်က ဘာသွားလုပ်ရမှာလဲ … Read more

စုန်းထီးကြီး ဦးဘသာနှင့် တန်ခိုးရှင်

” စုန်းထီးကြီး ဦးဘသာနှင့် တန်ခိုးရှင် ” ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) “နင်တို့အကုန်ပြာဖြစ်ပြီသာမှတ်” ဒေါ်ပျင်းကြီးက ပြောလိုက်ပြီးတော့ သူ့တောင်ဝှေးကို စုန်းတွေဆီကို လှမ်းညွှန်ဖို့်လုပ်တယ်ဗျ၊ ဒီတော့ ဦးဘသာက ကြားကဝင်တားရတာပေါ့ဗျာ။ “အမေမလုပ်နဲ့၊ အမေသူတို့ကိုလုပ်မယ်ဆိုရင် သားကိုအရင်လုပ်” ဒေါ်ပျင်းတစ်ဖြစ်လဲ ငညိုက ဦးဘသာကို စိတ်ပျက်သွားတဲ့ မျက်နှာမျိုးနဲ့ကြည့်ပြီးတော့ “သာစံ၊ နင်ဟာလေ၊ အဲဒီလိုစိတ်ထားပျော့ညံ့လို့ နင်ဒီလိုသိမ်သိမ်ငယ်ငယ်နဲ့ နေရတာဟဲ့” ငညိုကပြောရင်း ဦးဘသာကို လက်ညှိုးနဲ့လှမ်းထိုးတယ်ဗျ၊ လက်ညှိုးထိပ်ကနေပြီးတော့ ဆံပင်ချည်တွေက ဖွာခနဲထွက်လာတာပါဗျာ၊ ဦးဘသာက အဲဒီဆံပင်ချည်တွေကို လက်နဲ့ ပုတ်ပုတ်ပြီးရိုက်ချတယ်ဗျ၊ ဆံပင်ချည်တွေဆိုရင် မြေပေါ်ကိုပြုတ်ကျသွားတာမှ အထွေးလိုက်ကြီးဗျာ၊ တစ်ခါ မြေပေါ်ကျသွားတဲ့ ဆံပင်ချည်က တီကောင်တွေလို တွန့်လိမ်တွန့်လိမ်ဖြစ်လာပြီးတော့ ဦးဘသာဆီကို ပြေးလာပါရောဗျာ၊ ဦးဘသာလည်း လေပေါ်က ဆံပင်ချည်တွေကို သတိထားပြီးကာကွယ်နေရတာမို့လို့ … Read more

ဦးဖိုးဝေ နှင့် ဇော်ဂျီဖေမောင်

” ဦးဖိုးဝေ နှင့် ဇော်ဂျီဖေမောင် ” ရေးသားသူ—မောင်တင်ဆန်း +++++++++ *အခန်း (၁) မြောက်တဲစုရွာလေး၏ အကြော်ဆိုင်လေးတွင် ဖြစ်သည်။ဦးတင်အုန်းတို့ မိသားစုသည် ဦးဖိုးဝေနှင့် သူရိယတို့အား အကြော်အပြင် အခြားစားစရာအစုံအလင်နှင့် ဧည့်ခံနေကြသည်။ဦးတင်အုန်းသည် သမီးဖြစ်သူ၏ အရှက်ကို ကာကွယ် ပေးခဲ့သော ဦးဖိုးဝေအား ကျေးဇူရှင်အဖြစ်သတ်မှတ်ကာ ဧည့်ခံ ကျွေးမွေးနေခြင်း ဖြစ်သည်။ထို့နောက် ‌ဦးတင်အုန်းသည် လက်ဖက်ရည်အိုးထဲမှ ရေနွေးကြမ်းအား လက်ဖက်ရည် ပန်းကန်လုံးထဲသို့ ငှဲ့ထည့်လိုက်ရင်း “ဆရာကြီး ရေနွေးကြမ်းလေးသောက်ပါဦး ခင်ဗျ ” ” ကိုတင်အုန်း ဧည့်ဝတ်ကျေတာထက်ပိုနေပါပြီ ” “ကျနော့် သမီးလေးကို ကယ်ခဲ့တာနဲ့ စာရင် ကျနော် ခု ဧည့်ခံတဲ့ အရာတွေက မပြောပလောက်ပါဘူးဗျာ ” “ကိုတင်အုန်း နဲ့ ဒီမှာ ရှိတဲ့လူတွေကို … Read more

ဘွားမယ်စိန်နှင့် ရွာအနောက်ပိုင်းကတစ္ဆေ

” ဘွားမယ်စိန်နှင့် ရွာအနောက်ပိုင်းကတစ္ဆေ ” ရေးသားသူ–ယဉ်မင်း(ကန့်ဘလူ) +++++++++++ ပထမပိုင်း ညနေ နေဝင်ရီတရောအချိန်၌— ရွာပြင်စားကျက်သို့ပို့ထားသောနွားများကို နွားကျောင်းသားလေးများက ရွာထဲသို့ ပြန်မောင်းလာခဲ့ကြသည်။ ထိုနွားကျောင်းသားထဲမှ သာကျော်ဟုခေါ်သောနွားကျောင်းသားလေးသည် ခေါင်းတစ်ကုပ်ကုပ်ဖြင့် နွားများကိုမောင်းလာခဲ့၏။ သူ့ပုံစံကလည်းအတော်လေးစိတ်ပျက်လက်ပျက် ဖြစ်​နေဟန်ရသည်။ သူအခကြေးငွေယူကာကျောင်းနေရသောနွားများမှာ ဦးညိုတုတ်၏နွားများပင်ဖြစ်၏။ သူ့နွားတွေကလည်း ဦးညိုတုတ်အိမ်သို့တန်းတန်းမတ်မတ်ပင်ပြန်နေကြသည်။ သို့သော်ထိုနွားအုပ်ထဲမှနွားတစ်ကောင်ပျောက်နေခြင်းကြောင့် သာကျော်မှာ ဦးညိုတုတ်ကိုမည်သို့ပြောရမည်မှန်းမသိဖြစ်လို့နေရှာသည်။ ဦးညိုတုတ်၏အိမ်ကိုရောက်တော့သာကျော်နွားများကိုခြံထဲသို့မောင်းသွင်းလိုက်သည်။ ဦးညိုတုတ်က ကွပ်ပျစ်၌ထိုင်နေရင်းသာကျော်ကို လှမ်းကြည့်နေ၏။ နွားများအားလုံးခြံထဲသွင်းပြီးချိန်… “ဟေ့…သာကျော်…နွားတွေအကုန်လုံးစုံပါတယ်နော်…” ဟု…ဦးညိုတုတ်ကလှမ်းမေးလေသည်။ ဦးညိုတုတ်မေးတော့သာကျော်ခေါင်းကို တဗြင်းဗြင်းကုပ်ရင်းဦးညိုတုတ်ထိုင်နေသော ကွပ်ပျစ်ခင်းဆီလျှောက်လာခဲ့ပြီး… “ဦးကြီး…” ဟု…မဝဲ့မရဲခေါ်လိုက်သည်။ “သာကျော်…ဘာဖြစ်တာတုန်း…” ဦးညိုတုတ်ကဆက်​မေးလေတော့… “ဟို…ဟိုလေ…နွားထီးတစ်ကောင်တော့ပါမလာခဲ့ဘူးဦးကြီး… ကျုပ်လည်းနေရာစုံအောင်ရှာပါသေးတယ်… ဒါပေမယ့်ရှာလို့မတွေ့လို့ ကျန်တဲ့နွားတွေကိုပဲ ပြန်သိမ်းလာခဲ့လိုက်တာ” “ဘာကွ….ငါ့နွားထီးတစ်ကောင်ပျောက်နေတယ်…ဟုတ်လား… မင်းဒီနေ့ ဘယ်ကိုသွားကျောင်းတာလဲသာကျော်ရဲ့…” “ရွာ…ရွာအနောက်ဘက်ကစားကျက်မှာ သွားကျောင်းခဲ့တာဦးကြီး…” “တောက်…ကွာ…. မင်းကိုငါမှာထားတယ်လေကွာ… အဲ့သည်ရွာအနောက်ဘက်ကိုမသွားဖို့… အဲ့သည်ရွာအနောက်ဘက်ကွင်းကမသန့်ဘူးလို့ မင်းကိုပြောထားရဲ့နဲ့သာကျော်ရာ…” … Read more

အောက်လမ်းဘိုးထင် နှင့် ဝမ်းတွင်းစုန်း မြကေသီ

” အောက်လမ်းဘိုးထင် နှင့် ဝမ်းတွင်းစုန်း မြကေသီ ” ရေးသားသူ—မောင်တင်ဆန်း +++++++++ *အခန်း (၁) မောင်ဘိုးထင်တို့သည် သိန်းဇော်၏ အိမ်တွင် ဆက်လက် သောင်တင်နေဦးမည်ဖြစ်သည်။ဦးစံလှသည် တောလည်ရာမှရသည်များကို ဘိုးထင်တို့အား ဝေစုအတော်များများပေးရာ အနည်းငယ်သာ ပေးရန် တောင်းပန်ပြီး ငြင်းရသည်အထိ ဖြစ်သည်။နောက်ဆုံးငြင်းမရ၍ အသားတွဲများကို ဆွဲကာ သိန်းဇော်၏အိမ်ရှိရာသို့ ပြန်လာကြလေသည်။သိန်းဇော်သည် အသားတွဲများ ဆွဲပြီး ပြန်လာသော မောင်ဘိုးထင်တို့အား ‌မြင်သည့်အခါ “‌ငါ့ကောင်တွေ ပြန်လာပြီလား အတော်ကို စွံခဲ့တဲ့ပုံပဲ ” “အေးဗျာ ကျုပ်တို့ကို ပေးလိုက်တာများ အများကြီး ” “ဦးစံလှတို့အဖွဲ့က သဘောကောင်းတယ် မင်းတို့သာ တောင်းမယ်ဆိုမယ်ရင် အကောင်လိုက်‌ပေးမဲ့သူမျိုးတွေ” “အဲ့လောက်ကြီးလည်း မလိုပါဘူးဗျာ။ဒါနဲ့ ကျုပ်တို့ ပြောစရာ ရှိတယ် ” မောင်ဘိုးထင်မှ သိန်းဇော်အား … Read more

စုန်းထီးကြီးဦးဘသာနှင့် နွားသူဌေး ဆန်နီ

“စုန်းထီးကြီးဦးဘသာနှင့် နွားသူဌေး ဆန်နီ ” ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) ကျုပ်တို့ နိဗ္ဗာန်ရွာကိုလာတဲ့အကြောင်းကတော့ နွားကြည့်ဖို့ကိုးဗျ၊ ဒါနဲ့ နောက်တစ်နေ့မနက်ပဲ ဦးဘသာနဲ့အတူတူရွာထဲဆင်းခဲ့ကြတယ်၊ နိဗ္ဗာန်ရွာ တောင်ပိုင်းမှာ နွားတွေမွေးကြတယ်ဗျ၊ ဆိုင်းနောက်ထ ငသောင်းကလည်း သူ့ဆီကိုလာခဲ့ပါ၊ နွားတွေလိုက်ပြမယ်ပြောတာနဲ့ နောက်ရက် သူနေတဲ့ရွာတောင်ပိုင်းကိုသွားကြတာပေါ့ဗျာ၊ ရွာကအကြီးကြီးဆိုတော့ ဦးလူလှတို့အိမ်ကနေ ငသောင်းတို့အိမ်ကိုရောက်ဖို့ အတော်ကိုလျှောက်ယူရတယ်ဗျာ၊ ရွာတောင်ပိုင်းမှာကျတော့ အိမ်ကြီးအိမ်ကောင်းက နည်းသဗျ၊ အိမ်တော်တော်များများက ခြေတံရှည်တွေများတယ်၊ ထရံကာ သက်ငယ်မိုးထားတဲ့အိမ်တွေချည်းပဲဗျ၊ “ဦးဘသာ လမ်းကတဖြည်းဖြည်းကျဉ်းသွားပြီဗျနော်၊ ကျုပ်တို့လာတဲ့နေရာရော မှန်ရဲ့လား” “မသိဘူးလေကွာ၊ ငသောင်းကတော့ ဒီဘက်လို့ပြောတာပဲကွ၊ တို့ငယ်ငယ်တုန်းကတော့ ရွာကဒီလောက်မကြီးဘူးဟေ့၊ အခုဒီနေရာတွေက လယ်ကွင်းအစပ်တွေ၊ ကွင်းပြင်တလင်းကြီးတွေပေါ့ကွာ” “အဲဒါလည်းမေးမလို့ ဦးဘသာရဲ့၊ ဦးဘသာ ငယ်ငယ်က ဒီကိုရောက်ဖူးတယ်ဆိုတော့ ဘယ်လိုရောက်ဖူးတာလဲ” ဦးဘသာက ပါးစပ်ထဲက ကွမ်းဖတ်တွေကိုလမ်းဘေးတစ်နေရာကိုထွေးထုတ်လိုက်ပြီးတော့ … Read more

ဦးဖိုးဝေ နှင့် ယွမ်းအိုင်ရွာ

” ဦးဖိုးဝေ နှင့် ယွမ်းအိုင်ရွာ ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) မီးအိမ်၏အလင်းရောင်မှာ ပျဉ်ထောင်ပျဉ်ခင်းအိမ်ကြီး၏ အပေါ်ထပ်တွင် လင်းထိန်လို့နေသည်။ထိုအိမ်ကြီး၏အိမ်ရှင်ဖြစ်သူ ပြုံးချိုမှာ စားပွဲပေါ်တွင် တင်ထားသော အမယ်စုံလှသည့် ဟင်းများအား ကြည့်ကာ လိုလေသေးမရှိရအောင် စိတ် တိုင်းကျ ပြင်ဆင်နေသည်။မကြာသောအချိန်တွင် ရေချိုးထားဟန်ရှိသော လူနှစ်ယောက် အိမ်ပေါ်သို့ တက်လာသည်။ထိုလူနှစ်ယောက်မှာ ဦးဖိုးဝေ နှင့် သူရိယ တို့ဖြစ်ပေသည်။သူတို့နှစ်ယောက်သည် ဗိုလ်စောင့်တောင်မှ ဇော်ဂျီဖေမောင် နှင့် ရင်ဆိုင်ပြီး ပြုံးချို၏ ဖိတ်ကြားမှုကြောင့် ပြန်လည်ရောက်ရှိနေခြင်း ဖြစ်သည်။ပြုံးချိုသည် အိမ်ပေါ် တက်လာသော ဦးဖိုးဝေ နှင့် သူရိယအား ပြုံးရွှင်သောမျက်နှာဖြင့် “ဆရာကြီး ညစာအတွက် ကျနော် ပြင်ထားပြီးပြီ။အကုန်လုံးက ဆရာကြီးတို့ ပြောထားလို့ ဆရာကြီးတို့အတွက် ရည်ရွယ်ပြီး ဖော်တဲ့အသား … Read more

အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ

အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ ရေးသားသူ— ဇေယန(ရာမည) +++++++++++ “ အဟွတ် အဟွတ် အဟွတ်” အိမ်ခန်းထဲကနေ ချောင်းခြောက်ဆိုးသံထွက်ပေါ် လာတာကြောင့် ထမင်းအိုးတည်နေတဲ့ ယဉ်လှတစ်ယောက် ကပြာကယာအခန်းထဲ ပြေးဝင်လာခဲ့လိုက်တယ်။ “ အမေ… ချောင်းတွေဆိုးနေပြန်ပြီလား” “ ခဏနေ သက်သာသွားမှာအေ.. ငါ့ကို ယက်ဆားဘူးလေးပေးစမ်းပါဦး” “ အမေ ဆေးခန်းသွားပြရအောင်လား” “ မပြချင်ပါဘူး.. ငါက နေမကောင်းဖြစ်တာမှမဟုတ်တာ၊ အခန့်မသင့်လို့ ချောင်းဆိုးနေတာ ရေးကြီးခွင်ကျယ်လုပ်မနေစမ်းပါနဲ့” “ အမေကတော့ ပြောရဆိုရခက်လိုက်တာ၊ ဆေးခန်းပြလို့ ဘယ်လောက်မှမကုန်ပါဘူး” “ ယဉ်လှ.. နင့်အလုပ်နင်သွားလုပ်စမ်း၊ ငါ့ကိုဆရာလာမလုပ်နေနဲ့” မိခင်ဖြစ်သူရဲ့ စကားကြောင့် ယဉ်လှတစ်ယောက် ဆောင့်ချည်အောင့်ချည်နဲ့ မီးဖိုချောင်ထဲကို ပြန်ဝင်သွားခဲ့တယ်။ “ ယဉ်လှ … ဒီကိုလာဦး” “ ဘာဖြစ်လို့လဲအမေ” “ … Read more

အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ

” အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ ” ရေးသားသူ— ဇေယန(ရာမည) +++++++++++ “ အဟွတ် အဟွတ် အဟွတ်” အိမ်ခန်းထဲကနေ ချောင်းခြောက်ဆိုးသံထွက်ပေါ် လာတာကြောင့် ထမင်းအိုးတည်နေတဲ့ ယဉ်လှတစ်ယောက် ကပြာကယာအခန်းထဲ ပြေးဝင်လာခဲ့လိုက်တယ်။ “ အမေ… ချောင်းတွေဆိုးနေပြန်ပြီလား” “ ခဏနေ သက်သာသွားမှာအေ.. ငါ့ကို ယက်ဆားဘူးလေးပေးစမ်းပါဦး” “ အမေ ဆေးခန်းသွားပြရအောင်လား” “ မပြချင်ပါဘူး.. ငါက နေမကောင်းဖြစ်တာမှမဟုတ်တာ၊ အခန့်မသင့်လို့ ချောင်းဆိုးနေတာ ရေးကြီးခွင်ကျယ်လုပ်မနေစမ်းပါနဲ့” “ အမေကတော့ ပြောရဆိုရခက်လိုက်တာ၊ ဆေးခန်းပြလို့ ဘယ်လောက်မှမကုန်ပါဘူး” “ ယဉ်လှ.. နင့်အလုပ်နင်သွားလုပ်စမ်း၊ ငါ့ကိုဆရာလာမလုပ်နေနဲ့” မိခင်ဖြစ်သူရဲ့ စကားကြောင့် ယဉ်လှတစ်ယောက် ဆောင့်ချည်အောင့်ချည်နဲ့ မီးဖိုချောင်ထဲကို ပြန်ဝင်သွားခဲ့တယ်။ “ ယဉ်လှ … ဒီကိုလာဦး” “ … Read more