ကိုးသင်္ချိုင်းပုဆိန်

” ကိုးသင်္ချိုင်းပုဆိန် ” (စ / ဆုံး)
မူရင်းရေးသားသူ— ဆရာတာတေ
+++++++++++++++++++++

အဲ့ဒီတုန်းကတာတေနွားစာစဉ်းနေတာဗျာ။
အဘရဲ့ နွားညိုကြီးနှစ်ကောင်ကအစားအသောက်
ဂရုစိုက်ကျွေးမွေးတာရယ်။
အနေအထိုင်ကောင်းတာရယ်ကြောင့်ဝဝဖြိုးဖြိုးနဲ
တကယ်နွားချောကြီးတွေဖြစ်လာတယ်ဗျ။
သူတိုတွေကိုဂရုစိုက်တော့လည်း
သူတို့ကလည်းပြန်ပြီးဂရုစိုက်တော့တာပေါ့ဗျာ။
ကျူ ပ်တိုနွားကြီးတွေက လွှတ်လိမ္မာတာဗျ။
တကယ်ကိုကြိမ်လွတ်တဲကောင်တွေဗျ။
ကြိမ်လုံးနဲရိုက်ဖို့ဝေးရောတို့တောင်မတို့ရပါဘူး
ဗျာ။နွားစာစဉ်းတယ်ဆိုတာ
အာရုံငြိမ်ဖို့တော့လိုသားဗျ။ခြေထောက်ကလည်း
ချက်မှန်မှန်နင်းရတယ်။
လက်ကလည်းပြောင်ဖူးရိုးတွေကိုမပြတ်ထိုးပေ
ရတာမို့လားကျူပ်ကလည်းပြောင်းရိုး
တွေတောင်းတစ်လုံးပြည့်တော့ရပ်လိုက်တယ်။
ဒါတွေကိုနွားစာခွက်မှာပြန်ထည့်ပေး
ရမှာလေ။နွားစာတောင်းကို မ မ
လိုလုပ်နေတုန်း ———–
“အရီး တာတေရော”
“ဟဲ သာဆန်းပါလား တာတေရှိတယ်
နွားစာစဉ်းနေတယ်ဟဲ့
နင်ကဘယ်ကလှည့်လာတာတုံး”
“ဒီကိုပဲအရီးရဲ့ တာတေ့ဆီလာတာ”
” ကိစ္စရှိလို့လား သာဆန်းရဲ့။ နင့်ကြည့်ရတာ
အရေးတကြီး ဖြစ်နေပုံပါလား ပုဆိုးကြီးကလည်း
တိုတိုကြီးဝတ်လို့ဘာဖြစ်လာတာတုံးဟဲ့”
” ကျူပ်တို့မြောက်ဘက်ဝိုင်းကဖိုးထောင်ရဲ့
မိန်းမ မိညုက်ကိုသရဲ ဝင်ပူးနေလို့ဗျ”
“ဟေ ဟုတ်လား မိညုက်ကို ဘယ်ကသရဲက
လာပူးနေတာတုံးဟဲ့ သာဆန်းရဲ့”
“ကျူပ်လည်းမသိဘူးဗျ အိမ်ထဲမှာတော့
ဝုန်းဒိုင်းကျဲနေတာပဲ အရီးရဲ့
လူတွေလည်းအုံနေပြီ”
အိမ်ရှေ့မှာ အမေနဲ့
ကိုသာဆန်းပြောနေတာတွေကိုနွားစာထည့်နေရင်း
ကျုပ်ကြားနေရတယ်။
နွားစာခွတ်ထဲမှာ နွားစာထည့်ပြီး
ပိုနေတဲ့ပြောင်ဖူးရိုးတွေကိုတောင်းကလေး
ခါးစောင်းတင်ပြီး နွားတင်းကုပ်ထဲက
ထွက်လာတယ်။ နွားစာစဉ်းတဲခုံပေါ်မှာ
နွားစာတောင်းကိုတင်ပြီး အိမ်ရှေ့ကို ထွက်လာခဲ့တယ်။
“တာတေရေ ရွာထဲတော့အကြောင်း
ပေါ်နေပါကောဟေ”့
“ကျူပ်ကြား ပါတယ် ကိုသာဆန်းရဲ့။
ဘယ်လိုဖြစ်တာတုံးဗျာ ရှာမှာဒါမြို း
ဘယ်တုန်းကမှမရှိခဲ့ပါဘူးဗျာ”
“အေးလေကွာ ငါတိုရွာမှာ ဒီအဖြစ်မျီူး
ကြားတောင်မကြားဖူးပါဘူးကွာ”
“ကဲကျူပ်လိုက်ကြည့်စမ်းမယ်ဗျာ။
ဘယ်ကသရဲက အမညုက်ကိုဝင်ပူးနေပါလိမ့်ဗျာ
နို့ကိုသာဆန်းရဲ့အစ်မညုက်ယောကျာင်္း
ကိုဖိုးထောင်ကော ရှိရဲလား”
“ဖိုးထောင်မရှိလို့ပြောနေ တာကွ။
သူ့ယောကျာင်္းရှိ ဘာအေရးလဲကြ”
“ကိုဖိုးထောင်က ဘယ်သွားတုံးဗျ”
“ကိုဖိုးထောင်ကတောထဲဝင်ပြီးအိမ်တိုင်ခုတ်
နေတယ်ကွ။ တို့ဘထွေး ကိုတင်ကြည်က အိမ်တိုင်တစ်စုံမှာလို့
ဖိုးထောင်ကသူ့လူတွေနဲ့တောထဲဝင်သွားတာ နှစ် ရက်ရှိ ပြီကွ”
ကျူပ်တိုရွာက အလယ်ရိုးမနဲ့ သုံးမိုင်လောက်ပဲဝေးတာဗျ ။
အစ်မညှက်ယောကျာင်္း ကိုဖိုးထောင္က
သူအဖေပေးခဲ့တဲ့ ယာကလေးလည်းလုပ်တယ်။
အားတဲ့အချိန်တောင်ပေါ်တက်ပြီးအိမ်တိုင်တို
ခြံတိုင်တို ခုတ်ပြီးရောင်းတယ်ဗျ။
သူအဖေဘိုးအောင်သိန်း လက်ထက်ကတည်းက
ဒီအတိုင်းပဲ လုပ်ခဲ့တာ။
သစ်ခုတ်ဝါးခုတ်အားကြီးကျွမ်းကျင့်တယ်။
ကျူပ်လည်း ကိုသာဆန်းနဲ့လိုက်ခဲ့တာ။
ကိုဖိုးထောင်တို့ဝိုင်းနားရောက်တော့ လူကိုအုံနေတာပဲဗျာ။
ရွာထဲမှာလူတောင်ကျန်သေး ရဲ့လားလို့တောင် ထင်ရတယ်။
“ဟော တာတေ လာပြီဟေ့”
တစ်ယောက်ကအော်လိုက်တော့
လူတွေကကျူပ်ကို လှည်ကြည့်တယ်။
ကျူပ်ကိုလူတွေက ပယောဂဆရာများ ထင့်နေရော သလားဗျာ။
ကျူပ်နဲ့ကိုသာဆန်း လူတွေကိုတိုးပြီး
အိမ်ထဲဝင်ခဲ့တယ်။ကိုဖိုးထောင်က
သူအဖေဘိုးအောင်သိန်းကြီးရဲ့အိမ်မှာပဲ
ဆက်နေကြ တာဗျာ။
ကိုအောင်သိန်းကသစ်ခုတ်သမားကြီးဆိုတော့
သစ်ဝါးအကြောင်းကို အားကြီးနားလည်တာ။
သူ့အိမ်ကိုဆောက်ထားတဲ့ သစ်တွေများ ကောင်း
လိုက်တာမှဗျာ။ခြေတံရှည်အိမ် အောက်ထပ်မှာ
အစျမညှကျကို သရဲဝင်းပူးနေတာဗျ။
“ဘာကောင်တွေတုံး
နင်တို့ကငါ့ကိုဘာလုပ်ချင့်လို့တုံး
ငါ့သားကိုလည်းသတ်သွားသေးတယ်”
သရဲပြောတဲ့စကားတွေ ကျူပ်ကောင်းကောင်း
နားမလည်ဘူးဗျာ။ ဘာတွေပြောနေမှန်းကို
မသိတာ။ဒါပေမဲ့ကျူပ်သိတာကတော့
သရဲတော်တော်ကို ဒေါသထွက်နေတာဗျီု့။
အံကြိတ်လိုက်တာများ ကျွိ ကျွိ ကျွိ ဖြစ်နေတာ။
“တာတေ ဒီဘက်ကိုလာကွာ နည်းနည်းပါးပါး
မေးစမ်းကြည့်ပါဦး ငါတို့တော့ သူပြောတာကို
ဘာမှနားမလည်တော့ဘူး”
ကျူပ်ကိုမြင်တော့ အစ်မညှက်နားမှာ
မနီးမဝေးကထိုင်နေတဲ့ ကိုရုံးနဲ့ ကိုထွန်းက
ဆီးပြောတယ်ဗျ။ကိုသာဆန်းနဲ့ကျူပ်က
ကိုရုံးတို့အနား ဝင်ထိုင်ပြီး သရဲကို
အကဲခတ်ရတာ့ပေါ့ဗျာ။
ဟုတ်တယ်ဗျ။သရဲကကြိမ်းမောင်နေတာဗျိူ။
ဘယ်သူ့ကိုကြိမ်းမှန်းလည်း မသိ
ဘာကိုကြိမ်းမှန်းလည်းမသိနဲ့ဗျာ။သွားတွေကို
တကျွိကျွိမြည်အောင် အံကြိတ်လိုက် ၊
ဝမ်းနည်းပမ်းနည်းနဲ့ ငိုလိုက်လုပ်နေတာဗျ။
“ကဲ ပြောစမ်း ခင်ဗျား ဘယ်သူလဲ”
ကျူပ်လည်း စိတ်ထဲနည်းနည်းတိုသလို
ဖြစ်လာပြီး ခတ်ဆတ်ဆတ်မေးလိုက်တယ်။
“ဘယ်သူပဲဖြစ်ဖြစ် နင် ဘာလုပ်ချင်သလဲ
နင်တို့တစ်ရွာလုံးကို သတ်မလို့ ငါလာတာ”
“ခင်ဗျား ဘယ်သူဆိုတာမသိဘဲနဲ့
ကျူပ်တို့ကဘာလုပ်ပေးရမှာတုံး
ခင်ဗျားကယောကျာ်းလား မိန်းမလားပြော”
အစ်မညှက်ကိုပူးနေတဲ့ သရဲက
ကျူပ်ပြောတာကိုစဉ်းစာနေပုံ ပဲဗျ။
ခနနေမှ———–
“ငါ မိန်းမဟဲ့ မိန်းမ ငါနဲ့ငါ့ကလေး
တောထဲမှာနေတာကြာပြီ
ဂျပန်ခေတ်ကတည်းက နေတာ ”
“ဟင် ဒါဆို ခင်ဗျားက ဂျပန်ခေတ်မှာ
ဒီဘဝရောက်တာပေါ့’
“အေး ဟုတ်တယ် တိုက်ပွဲ
ဖြစ်နေတော့ ငါသားကလေးကို ငါကဖက်ပြီး
သစ်ပင်ကြီးနောက်မှာ ကွယ်ပြီးရပ်နေတာ။
ဂျပန်ပစ်လိုက်တဲ့ကျည်က
ငါတိုသားအမိကိုဖောက်ထွက်သွားတာ”
“သြော် – ဒီလိုကိုး”
ကျုပ်ကခပ်တိုးတိုး ပြောလိုက်မိတယ်။
စိတ်ထဲလည်း တကယ်ကို စိတ်မကာင်းဖြစ်သွားတာပေါ့ဗျာ။
“ဒါဆိုရင် အခု ဘာကိုမကျေနပ်နေတာတုံး”
ကိုသာဆန်းက အသံကျယ်ကျယ်ကြီးနဲ့ မေးလိုက်တယ်ဗျ။
“ဒီအိမ်က အကောင် ငါ့သားကို သတ်လိုက်လို့
ငါလိုက်လာတာ။ ငါသားကို ရက်ရက်စက်စက်
ပုဆိန် ခုတ်သတ်တာ ငါမကျေ ဘူးဟဲ့
နင့်တို့ရွာကို တစ်ရွာလုံး ငါ ပြန်သတ်မယ်”
ဟင်ကိုဖိုးထောင်ကို ပြောတာပါလား။
ဘယ်လိုဖြစ်တာပါလိမ့် ကိုဖိုးထောင် ဆိုတဲ့လူက
အားကြီး အကုသိုလ်ကြောက်တဲ့လူဗျ။
ငယ်ငယ်တုန်းက ပုဗ္ဗာရုံကျောင်းမှာနေတဲ့လူဗျ။
ဆရာတော် ဝေယျာဝစ္စကို အမြဲတမ်းလုပ်ပေးတဲ့
လူဗျ။ကုသိုလ်နဲ့ အကုသိုလ်ကိုခွဲခြားသိနိုင်တဲ့လူ။
“ဟင် ဘယ်လိုဗျ။ဘယ်လိုဖြစ်တာတုံးဗျာ”
ကျူပ်ကမညှက်ကို ဝင်ပူးနေတဲ့ သရဲမကို မေးလိုက်မိတယ်။
“ငါသားလေးက တောထဲမှာ ဆော့နေတာ
ဒီအကောင်ပုဆိန်ကြီးထမ်းပြီး
တောထဲဝင်လာတာကိုမြင်တော့ ကြောက်ပြီး
သစ်ပင်နောက်မှာ ကပ်နေတာ အဲ့ဒါကို
ဒီအကောင်က ပုဆိန်နဲ့လွှဲခုတ်လိုက်တာ ငါ့သား
မရှုမလှ သေပေါပေါ့လား ဟီး ဟီး ဟီး”
သရဲမက ပြောရင်းနဲ့ ဝမ်းပမ်းတနည်း
ငိုတော့တာပဲ့ဗျာ။
ကျူပ်နဲ့ကိုသာဆန်းတစ်ယောက်ကို
တစ်ယောက်ကြည်နေပြီး
ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေတဲ့ အချိန်မှာပဲ့———–
“သတ်မယ်ဟေ့ သတ်မယ် နင့်တိုရွာက ကလေးမှန်သမျှ
ငါပြန်သတ်မယ်သတိသာထားကြပေတော့ ဝါး”
ကျူပ်ရောကိုသာဆန်း ရော
လန့်ကိုသွားကြတာဗျိူ့။သရဲမက အသံကုန်
အော်ဟစ်ကြိမ်းမောင်းပြီး “ဝါး” ဆို
တစ်ချက်သမ်းလိုက်တယ် မညှက်က
ကြမ်းပြင်ပေါ်ကို ခွေခနဲ လဲကျသွားရော ဗျိူ။
“ဟဲ့ မိညှက် လဲကျသွားပြီဟဲ့။ပွေ့ ထူပါဟဲ့ ပွေ့ထူပါ
တစ်ယောက်တစ်ပေါက် ဝိုင်းအော်နေကြတာဗျာ။
မညှက်ကလည်း ဘယ်လောက်ခေါ်ခေါ်
သတိကို မရဘူးဗျိူ့။ကျူပ်မှာ သစ်စုန်းဆေးတော်
စိမ်ထားတဲ့ ရေပုလင်းကလေး ပါလာတယ်ဗျ။
ကျူပ်က ကပျာကယာ ပုလင်းကလေးကိုဖွင့်ပြီး
ဆောင်းတော်ရေနဲ့ မညှက်မျက်နှာကို
တောက်လိုက်တယ်။
“ဟော ဟော လှုပ်လာပြီဟေ့ လှုပ်လာပြီ
နည်းနည်းလောက် နင့်ဆေးနဲ့ ထပ်လုပ်ပါဦးဟဲ့”
ကျူပ်က ဆေးတော်ရေနဲ့ နောက်တစ်ခါ ထပ်ပြီး
တောက်ပေးလိုက်တယ်။
“အင်း – အင်း – အင်း”
ဆိုတဲ့အသံထွက်လာပြီး မညှက်မျက်လုံး
ပွင့်လာတယ်။
ပြီးတော့ သူကိုဝိုင်းအုံနေတဲ့ လူတွေကို
နားမလည်သလို လိုက်ကြည့်တယ်
ပြီးတော့ ငေါက်ခနဲ့ ထပြီးထိုင်တယ်။
“ဟဲ့ ဖြည်းဖြည်း အလိုတော် ထိုင်တော့လည်း
ငေါက်ခနဲ့ပဲ ခေါင်းတွေဘာတွေ
မူးဝေသွားပါမယ်အေ”
ရွာထဲက အရီးဒေါ်မယ်မကြီးက အော်ကျယ်
အော်ကျယ်နဲ့ ပြောတယ်ဗျ။
“ကျုပ်က ဘာဖြစ်လို့တုံး အရီးရ”
မညှက်က အရီးဒေါ်မယ်မကိုကြည်ြ့ပီး
နားမလည်သလို မေးလိုက်တယ်ဗျ။
“ဘာဖြစ်ရမတုံး မိညှက်ရယ်
နင့်ကိုသရဲဝင်ပူးလို့ဟေ့ ပူးလိုက်သမှ တစ်ရွာလုံး
ဗြောင်းဆန်သွားတာဟေ့”
“ဟင် ဟုတ်လား ကျူပ်နောက်ဖေးမှာ
ဟင်းရွက်ဆိတ်နေတာတော့ ကျူပ်ရင်ဘတ်ကို
အရိပ်တစ်ခု ပြေးကပ်လိုက်တယ်လို့
ထင်လိုက်တယ် နောက်တော့ ကျူပ် ဘာကိုမှ
မသိတော့တာ”
မညှက်က သူ့အဖြစ်ကို ပြန်ပြောပြတယ်။
လူတွေကငြိမ်ပြီး မညှက်ပြောတာကို နားထောင်
တယ်ဗျ။ပြီးတောမှ တစ်ယောက် တစ်ပေါက်
ပြောတော့တာဗျိူ့
“ဟိုး ဘေးပေါက်က တက်လာတာနေမှာ
ပေါ့ဟဲ့”
“ဟုတ်ချင်မှ ဟုတ်မှာဟဲ့ ဒီကောင်မ
ညကတည်းက ဒီအိမ်ထဲ ဝင်ကပ်နေချင်နေမှာ”
“ငါစိတ်ထင်တော့ ဟိုပြတင်း ပေါက်နားက
မန်ကျည်းပင် ပေါ်မှာတက်ထိုင်ပြီး လူအလစ်ကို
ချောင်းနေတာ ဖြစ်မှာဟဲ့”
“တကယ်က တာတေတို့ ကိုသာဆန်းတို့
လိုတာဟဲ့ – သရဲမကို
ဒီအတိုင်းပြန်လွတ်ပေးလိုက်ကြတာ
တကယ်ဆိုဒီရွာကိုနောက်မလာ ဝံ့အောင်
မှတ်လောက်သားလောက် တွယ်လိုက် ရမှာဟဲ့
လိုရင် ငါတို့ပါ ဝိုင်းတွယ် မှာပေါ့ဟ”
” ဟာ ဘုမရယ်
ဘာတွေလျှေုာက်ပြောနေတာတုံးဟာ
အဲ့ဒီလို ဝိုင်းတွယ်ရင် မမညှက် သေမှာပေါ့ဟ
သရဲမက မမညှက် ကိုယ်ထဲကို ဝင်နေတာလေ”
ကျုပ်နဲ့ကိုသာဆန်းက မညှက်ကိုကြည်ပြီးတော့ တွေးနေတယ်။
မညှက်ကိုဝင်ပူးတဲ့ သရဲမ ပြောသွားတာတွေဟာ
ဟုတ်နိုင် မဟုတ်နိုင်ပေါ့ဗျာ။
“တာတေ မင်း ဘယ်လိုထင်တုံး
သရဲမပြောသွားတာတွေ တကယ်လား”
အရှေပိုင်းမှာနေတဲ့ ကိုကြီးကျော်တင့်က ကျူပ်ကိုမေးတယ်။
“ကျူပ်လည်း ဒါကိုတွေးနေတာဗျ။
ကိုဖိုးထောင်က သူ့ကလေးကို
ပုဆိန်နဲ့ခုတ်သတ်တယ်လို့ သရဲမက
ပြောသွားတယ်။ ကျူပ်တို့ကိုင်တဲ့ ဓားတို့
ပုဆိန်တို့ဆိုတာ နာနာဘာဝကို ခုတ်လြို့ပတ်တာ မှမဟုတ်တာ”
“အေးကွ တာတေပြောတာ ဟုတ်တယ်။
ဒီသရဲမ ပလီပလာ ပြောတာနေမှာပါကွာ။
အမဲသားလေးဘာလေးစားချင်လို့ ဝင်ပူးပြီး
ပေါက်ကရတွေ ပြောတာနေမှာပါ”
ကိုသာဆန်းတို့နဲ့ ဝိုင်းချင်းကပ်မှာနေတဲ့
ဘိုအောင်ဆိုတဲ့ လူကလည်း ဝင်ပြောတယ်ဗျ။
“ဟာ ဘိုအောင်ကလည်း သရဲမက စားချင်ရင်
စားချင်တယ်လို့ ပြောမှာပေါ့ကွ။
အခုဟာက စားချင်သောက်ချင်တာကို တစ်ခွန်းမှ ပါတာမဟုတ်ဘူး။
သတ်မယ် ဖြတ်မယ် ပြောနေတာ မင်းတို့အကြားပဲလေ”
ကိုသာဆန်း ပြောတော့ ကိုဘိုအောင်
တွေသွားတယ်ဗျ။ကျူပ်က မညှက်ကိုတစ်ခု လှမ်းမေးလိုက်တယ်။
“အစ်မညှက် ကိုဖိုးထောင်က
ဘယ်တော့လောက် ပြန်ရောက်မှာတုံးဗျ”
“ဒီတစ်ခါကြာမယ်တာတေရဲ
အိမ်တိုင်တစ်စုံစာရအောင် ခုတ်ရမှာ။
ပြီးတော့ ခြံစည်းရိုးတိုင်တွေ မှာထားတာလည်း
ခုတ်မယ်ပြောတယ်”
“ကိုဖိုးထောင်နဲ့ ဘယ်သူတွေ ပါသွားသေးလဲ”
ကျူပ်ကထပ်မေးတယ်။
“မီးလောင်ကုန်းက ငတင်တို့ ငလွင်တို့
ညီအစ်ကိုကို ခေါ်သွားတယ်။စားအိုးစားခွက်ရော
ရိက္ခာရော အပြည်အစုံကို ယူသွားတာဟဲ့
ဒီတစ်ခေါက် ကြာမယ်လို့ ပြောသွားတယ်”
ကျူပ်တွေးတယ်။ဒီသရဲမဟာ
စားချင်သောက်ချင်လို့ မညှက်ကို ဝင်ပူးတာ
မဟုတ်ဘူးဗျ။သူပြောသလိုသူ့ကလေးကို ကိုဖိုးထောင်က ပုဆိန်နဲ့
ခုတ်သတ်တယ်ဆိုတာလည်းမဟုတ်ဘူးထားဗျာ။
အကြောင်းမဲ့ သက်သက်တော့ ဝင်ပူးပြီးပြောမှာ
မဟုတ်ဘူးဗျ။ကျုပ်တို့ရွာကို ကြိမ်းမောင်းသွားလိုက်တာ
လည်း ကြောက်စရာ ကောင်းအောင်ကို ကြိမ်းတာဗျ။
“ကဲ့ ဒီလိုလုပ်ဗျာ ရွာကတစ်ယောက်
လိုက်ပြီး ကိုဖိုးထောင် တို့ကို ပြန်ခေါ်ခဲ့ဗျာ”
ကျူပ်စကားကိုကြားတော့ အားလုံးငြိမ်ပြီး
စဉ်းစားနေကြတယ်ဗျ။
“ဒီလိုတော့လည်း ဖိုးထောင် အလုပ်ပျက်မှာပေါ့
တာတေရ”
အရီး မမယ်မက ပြောတယ်ဗျ။ဟုတ်တာတော့
ဟုတ်တယ် တောတစ်ခေါက်တက်ဖို့ဆိုတာ
လွယ်တာမဟုတ်ဘူးဗျ။
“ဟဲ့ တာတေရဲ့ နင့်အကိုက တိုင်ဖိုးတွေ
ကြိုတောင်ယူထားတာဟဲ့ ။တိုင်မရလို့ မဖြစ်ဘူး
ထားလိုက်ပါဟာ သွားခေါ်မနေပါနဲ့
ညကျရင်သာ ကျူပ်နဲ့ အဖော်လုပ်ပြီး
အရီးဖြစ်ဖြစ်လာ အိပ်ပေးပါ။ ကျူပ်မှာက
ကလေးသုံးယောက်နဲ့ နေရမှာ”
မညှက်ကပြောတယ်။ဒါလည်း
ဟုတ်တာပဲလေ။
တိုင်ဖိုးတွေကကြိုယူထားတာဆိုတော့
အလုပ်မဖြစ်လို့ ဘယ်ဖြစ်မလဲ။
“အေးပါဟယ် ဒီအတွက်တော့ နင်မပူနဲ့ မိညှက်
ငါရော သိနျးကွညျတို့ ဝိုင်းကြည်တို့ရော လာအိပ်ပေးမယ်”
“စိတ်ချ စိတ်ချ ငါတို့လာအိပ်ပေးမယ်”
လို့အရီးဝိုင်းကြည်ရော အရီးသိန်းကြည်ရော
ပြောကြတယ်ဗျ။ဒါကတော့
ကျူပ်တို့အညာရွာဓလေ့တွေပေါ့ဗျာ။
တစ်အိမ်မှာ အကြောင်းပေါ်ရင် ဘယ်သူမှ မပစ်ထားပါဘူး။
အဲ့ဒီနေ့က စကားစမြည်ပြောဆိုကြပြီး
ကျူပ်လည်း ပြန်လာတာပေါ့ဗျာ။မပြန်ခင်
သစ်စုန်းဆေးတော်ကြီး စိမ်ထားတဲ့ဆေးရည်ကို
ရေဖလားကြီးတစ်လုံးထဲမှာ ပွားပြီး
ဝိုင်းပတ်ပတ်လည်မှာ ဖြန်းခဲ့သေးတယ်ဗျ။
နောက်တစ်နေ အိပ်ရာထတော့
ဘာထူးသေးတုံးလို့ ကျူပ်ကမေးမြန်းကြည့်တော့
ဘာမှမထူးတော့ပါဘူးလို့
ကိုသာဆန်းကပြောတယ်။နောက်တစ်နေ့
ညကျတော သန်းခေါင်လောက်ဗျ။ အလှည်ကျ
ကင်းစောင်ရတဲ့ သံခဲတို့ ကင်းတဲက သံချောင်း ခေါက်ပါရောဗျာ။
“ဟဲ့ တာတေ ထစမ်း ရွာထဲမှာ သံချောင်းတွေ ခေါက်နေတယ်”
ကျုပ်အိပ်ပျော်နေတုန်း အမေနဲ့ အဘက
နှိူုးလိုနိုးလာတာဗျ။
“ဒေါင် – ဒေါင် – ဒေါင် – ဒေါင်”
ကင်းတဲဆိုတာက တစ်နေရာက စခေါက်ရင် တခြားကင်းတဲတွေကပါ
ဆက်ခေါက်ရတာဆိုတောတစ်ရွာလုံးဆူသွားတာပေါ့ဗျ။
အကြောင်းဆို တစ်အိမ်တစ်ယောက်
ထွက်ကြရတာကိုဗျ။ရရာ တုတ် ဓားဆွဲပြီး
ရွာလမ်းပေါ်ကို အားလုံးထွက် လာလိုက်တာ
လမ်းပေါ်မှာ လူတွေဖွေးနေရောဗျာ။ရွာ
ဆိုတော့လည်း မြို့တွေလို လမ်းမီးတိုင်တို့
ဘာတို့ရှိတာမှ မဟုတ်တာ။ ဓာတ်မီးတွေ တဝင်းဝင်းနဲ့ပေါဗျာ။
“တာတေ လားဟေ့”
“ဟုတ်တယ်ဗျ ကိုသာအေးရဲ့”
“အေး အေး လာဟေ့ ဒီကို”
တစ်ယောက်ကိုတစ်ယောက်ကလည်း
အသံပေးကြရသေးတယ်ဗျ။ ဒါမှ
အကြောင်းဆိုရင် သူ့လူ ကိုယျ့လူ ခွဲလို့ရမှာ မဟုတ်လား။
“ဘယ်ကင်းက စခေါက်တာတုံးဗျ”
“ရွာလယ်ကင်းကွ သံခဲတို့စောငျ့တဲ့ ကင်းလေ”
“ဟုတ်လား ဒါဆိုလည်း အဲ့ဒီကင်းကို
သွားကြတာပေ့ါဗျာ”
ကျူပ်တို့ဘက်ပိုင်းက လေးငါးယောက်
ရွာလယ်လမ်းကိုခတ်သုတ်သုတ်
လျှောက်ကြတာပေါ့ဗျာ။ သံခဲတို့စောင့်တဲ့
ကင်းတဲကို ကျုပ်တို့ရောက်တော့ လူတောင် တော်တော်များနေပြီဗျ။
လူတွေက ဘာဖြစ်လို့တုံးဆိုပြီး
ဝိုင်းမေးကြတာပေါ့ဗျာ။သံခဲက ရှင်းပြနေတယ်။
“ကျူပ်နဲ ငမှုံနဲ့ စကားထိုင်ပြောနေတာဗျ
ကျူပ်ကစပြီးမြင်တာ ဟိုအနောက်ဘက်ကနေပြေးလာတာ
ဘယ်သူဘယ်ဝါဆိုတာတော့ မသဲကွဲဘူးပေါ့ဗျာ။
ရိပ်ခနဲ ရိပ်ခနဲ ပြေးလာတာဗျ သစ်ပင်နောက်ကို
ပြေးကပ်လိုက် တအောင့်နေရင်
ပြေးထွက်လာလိုက်နဲ့ဗျ။ ဒါနဲ့ ကျူပ်နဲ့ ငမှုံက
မီးနဲ့ထိုးရောဗျို မီးနဲ့လည်းထိုးရော
ဟိုမန်ကျည်းပင်ကြီးပေါ်ကို တစ်ခါတည်း
တက်ပြေးတာဗျ။ အဲ့ဒီမန်ကျည်းပင်ကနေ
အရီးမယ်ခတို့ဝိုင်းထဲက မန်ကျည်းပင်ပေါ်ကို
ခုန်ကုးတယ်ဗျ။ အဲ့ဒီမန်ကျည်းပင်ပေါ်ကနေ
အရီးမယ်ခတို့အိမ်ခေါင်မိုးပေါ်ကို ခုန်တက်တယ်
အဲ့ဒီမှာ ပျောက်သွားတာဗျ”
ကျူပ်လည်း သံခဲပြောတဲ့အရီးမယ်ခ
တို့ဝိုင်းဘက်ကကိုလှမ်းကြည့်တယ့်။သြော်
ဒါ့ကြောင် လူတွေ ဓာတ်မီးတဝင်းဝင်းနဲ့
အရီးမယ်ခတို ဝိုင်းထဲ့မှာ ရှာဖွေနေကြတာကိုး။
“နေပါဦး သံခဲရဲ့ မင်းတိုမြင်တာ လူရောဟုတ်ရဲလား”
ကျုပ်က သံခဲကို ခပ်တိုးတိုး မေးလိုက်တယ်ဗျ။
သံခဲနဲ့ ငမှုံကကျူပ်ကို
သေသေချာချာကြည်ပြီးပြောတယ်ဗျ။
“ကျုပ်စိတ်ထင်တောလူမဟုတ်ဘူးဗျ
ကိုကြီးတာတေရ ။သစ်ပင်ပေါ်ကိုတက်သွားတာ
လူတက်သလို မဟုတ်ဘူးဗျ
ကြောင်တစ်ကောင်တက်သလောက်ကို
မြန်တာဗျ လူဆိုရင်ဒီမန်ကျည်းပင်ကြီးနှစ်ပင်ကို
ဘယ်လိုလုပ် ခုန်ကူးမလဲဗျ”
“ဒါဆိုရင် မင်းက ဘာလိုထင်တုံး ”
“ကျူပ်ကတော့ နာနာဘာဝလို့ပဲ
ထင်တယ် ကိုကြီးတာတေ”
“မနေ့က အစ်မညှက်ကို
ဝင်ပူးတဲ့ သရဲမများလားမှ မသိတာ”
ငမှုံက ဝင်ပြောတယ်။ကျူပ်ဘာမှ မပြောဘဲ
ငြိမ်လိုက်တယ်။ဒီတုန်းမှာပဲ———
“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ”
ဟာ ရွာမြောက်ပိုင်းက သံချောင်းခေါက်သံ
ထွက်လာတယ်ဗျ။
။လူတွေလည်း မြောက်ပိုင်းကို
ဓာတ်မီးတဝင်းဝင်းထိုပြီး ပြေးကြပြန်ရောဗျီူ
“အဲ့ဒါ အောင်တင့်တို့ ကျော်သောင်းတို့ကင်းက
ခေါက်တာကွ ဒီည အောင်တင်တို့
ကင်းလှည့်ကွ”
ကင်းတဲတစ်ခုက သံချောင်းခေါက်ရင်
ကျန်တဲ့ကင်းတွေက လိုက်ခေါက်ရ
တဲ့ ထုံးစံရှိတာကိုးဗျ။ဒီတော ရွာအေ့ရှပိုင်း
အနောက်ပိုင်း တောင်းပိုင်တွေကပါ
ခေါက်ကြတော့တာပေါ့ဗျာ။တစ်ရွာလုံးကို
ညံထွတ်သွားပြန်ရောဗျီူ ။
ကျူပ်လည်း မြောက်ပိုင်းကိုလူအုပ်နဲ့
ရောပါလာပြန်တာ ပေါ့ဗျာ။
“ဟေ့ အောင်တင် ဘာမြင်လို့တုံး”
“မည်းမည်း အကောင် တစ်ကောင်ပဲဗျ။
သစ်ပင်တွေနောက် မှာကပ်ကပ်ပြီး ပြေးလာတာ
ဟိုထနောင်းပင်ကြီးပေါ်ကို တက်ပြေးတာဗျ။
မြန်လိုက်တာဗျာ ကြောင်ထက်တောင်
မြန်သေးတယ်ဗျာ။ပြီးတော့မှ
ဘိုးလေးအောင်ဘတို့ ဝိုင်းထဲကို
ခုန်ဝင်သွားတာဗျီူ ။ လူတော့
မဟုတ်ဘူးထင်တာဘဲ လူဆိုရင်လည်း
ကြောင်ဆေးတွေဘာတွေ အောင်ထားတဲ့
လူပဲဖြစ်မှာဗျ ပေါ့လိုက်တာမှ
သစ်ပင်ပေါ်တက်တာလည်း အသံတောင်
မကြားရပါဘူးဗျာ”
လူတွေက ဘိုးလေးအောင်ဘတို့ ဝိုင်းထဲကို
ဝင်ရှာကြပြန်တာပေါ့ဗျာ။ဓာတ်မီးတွေနဲ့
ဟိုထိုးကြည့် ဒီထိုးကြည့်ပါ့ဗျာ။ ဘာမှလည်း
မတြွေ့ကပါဘူး။
“တာတေ မင်းရော ဘာလို့ထင်တုံး”
ဘိုးလေးအောင်ဘက
ကျူပ်ကိုတွေ့တောမေးတယ်ဗျ။
“ကျူပ်စိတ်ထင်ကတော့
မနေ့ကအစ်မညှက်ကိုဝင်ပူးတဲ့ သရဲမလို့
ထင်တာပဲဗျာ
ဒီသရဲမတစ်ခုခုလုပ်လိမ့်မယ်ထင်တယ်”
“အေး ရွာလူကြီးတွေကတော့ ဆေးစွမ်းတစ်ခုခု
အောင်ထားတဲ့ လူလို့ထင်ကြတယ်
ကြောင်ဆေးတို့ ငတက်ပြားဆေးတို့ ပေါကွာ”
ကျုပ် ဘာမှပြန်မပြောဘဲ
ခေါင်းပဲညိတ်ပြလိုက်တယ်။ အားလုံးက
အထင်တွေချည်းပဲလေဗျာ။ငြင်းနေလို့ရော
ဘာထူးမှာလဲ။ကျူပ်စိတ်ထဲမှာတော့
ပူသွားတာအမှန်ပဲဗျ။ဒီလိုနဲ့ နှစ်နာရီ
လောက်ကြာတော့ ကျူပ်လည်း အိမ်ပြန်ခဲ့တယ်။
အိမ်ရောက်တောလည်း တော် တော်နဲ့
အိပ်မပျော်တော့ပါဘူးဗျာ။အမေတို့ အဘတို့
ထိုင်စကားပြောရင် ဆေးလိပ်သာ ဖွာနေမိတာပါ။
ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကြားမှ
ကျူပ်အိပ်ရာဝင်ခဲ့တာ။မနက်ရောက်တော့
တော်တော်န့ ဲကို မနိုးပါဘူးဗျာ။
ကျူပ်မနက် အိပ်ရာကနိုးတော့အမေကဆီးပြောတယ်ဗျ။
“တာတေ ညက ဖိုးထောင်တို့ မိညှက်တို့
ကလေးသုံးယောက် ဘာဖြစ်တယ် မသိဘူးတဲ့
လန်ြ့ပီး ငိုလိုက်ကြတာတဲ့ နင့်ပေးခဲ့တဲ့
ဆေးတော်ကြီး အရည်ဆိုတာ တိုက်လိုက်တော့မှ
ငြိမ်သွားတယ်ဆိုပဲ”
” ဟင် ဟုတ်လားအမေ့ ကိုဘယ်သူပြောလို့တုံး”
“စောစောကပဲ မမယ်မ လာပြောသွားတာလေ
သူတို့ ဝိုင်းကြည်တိုညြက မိညှက်နဲ့
အဖော်လုပ်ပြီး အိပ်ပေးကြတာတဲ့ သူတို့ ရှိတယ်လေ”
“အင်း အမေရေ ကျူပ်ကတော့ စိတ်ထဲမှာ
ခပ်လေးလေးပဲဗျာ သိပ်တော့ မကောင်းဘူးလို့ ကျူပ်ထင်တယ်”
“နို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ တာတေ
နင်လည်းဆရာတွေနဲ့လျှောက်လိုက်ဖူးတာပဲလေ—”

“အခုအနေကတော့ ဘာမှလုပ်လို့မရသေးဘူးဗျ။

ဘာဆိုတာသဲသဲကွဲကွဲသိမှ လုပ်လို့ရမှာ”

အမေနဲ့ ကျူပ်စောစောစီးစီး

ညကကိစ္စကိုဆက်ပြော နေကြတောပေါ့ဗျာ။

ဒီတုန်းမှာပဲ———

“ကိုကြီးတာတေ ဦးဖိုးထောင်တို့အိမ်မှာ

ဦးသာဆန်းတို့ရော ကိုကြီးသံခဲတို့ရော လူတွေစုံနေကြပြီ

ဦးဖိုးထောင်လည်းပြန်ရောက်နေတယ်ဗျ

အဲ့ဒါကိုကြီးတာတေသွားခေါ်ခိုင်းလို့ ကျုပ်လာခေါ်တာ”

“ဟဲ့ ဒါ လှရင်သား မျက်ပြူ းမို့ လား”

အမေကမျက်ပြူးကို သေသေ ချာချာကြည့်ပြီး

မေးတယ်ဗျ။

“ဟုတ်တယ် ဘွားငွေစိန် ကျူပ် မျက်ပြူ းပါ”

“အေး အေး နို့ ဖိုးထောင်ကို ဘယ်သူသွားခေါ်

လိုကၱာတဲ့တုံး”

“အဲ့ဒါတော ကျူပ်လည်း မသိဘူးဗျ

ကျူပ်တို့ကလေးတွေ

အစည်းအဝေးလုပ်နေတုန်းမှာ

ဦးသာဆန်းကြီးက ကျူပ်ကိုခေါ် ပြောတာဗျ”

“ဟေ နင်တို့က

အစည်းအဝေးလုပ်တယ်ဟုတ်လား

ဘာတွေစည်းဝေးတာတုံး”

“အဲ ညကျရင် မအ်ိပ်ဘဲ ပုန်းနေပြီးတော့

အဲဒါသရဲမလား ကြောင်ဆေးထိုးထာတဲ့လူလား

ဘာမှန်းမသိတဲ့ဟာကို ကျူပ်တို့ဖော်ထုတ်ဖို့

စည်းဝေးနေတာ”

“ဟား ဟား ဟား ဟား”

ကျူပ်ဖြင့် ငိုအားထက် ရယ်အားသန် ဆိုတာ

လို ဖြစ်ရတာပေါဗျာ။ကျူပ်အမေဆိုတာ

မျက်ပြူ းကိုကြည့်ပြီး ရယ်လိုက်တာ မပြောပါနဲ့ဗျာ။

“အေး အေး နင်တို့ ကြပ်ကြပ်အစည်းအဝေးလုပ်

ဟိုသရဲမက နင်တိုကို ဂျိုး တွေ ဖြတ်သွားလိမ့်မယ်”

“ကဲ လာ လာ မျူက်ပြူ း ကိုဖိုထောင်တို့ အိမ်ကို

သွားရအောင်”

လို့ကျူပ်ကပြောပြီး ထွက်လာခဲ့တယ်။

မျက်ပြူ းလည်း ကျူပ်ဘေး ကပ်တက် ကပ်တက်နဲ့

ပါလာတောပေါ့ဗျာ။ကိုဖိုးထောင်တို့ မညှက်တို့

ဝိုင်းထဲဝင်လိုက်တော့ မျက်ပြူ းပြောသလို

လူအတော်စုံနေတာ။

“လာဟေ့ တာတေ”

လို့ ကိုဖိုထောင်က ကျူပ်ကို လှမ်းခေါ်တယ်။

ကျန်တဲ့လူတွေကလည်း ကျူပ်ထိုင်ဖို့ ဘေးကို

နည်းနည်းစီ ရှဲပေးကြတယ်။

“ကိုဖိုးထောင်ကို ဘယ်သူလာခေါ်တာတုံး”

လို့ကျူပ်က မေးလိုက်တော့ ကိုဖိုးထောင်က

ခေါင်းခါပြတယ်ဗျ။

လက်ဖက်ပန်းကန်တွေရော

အကြမ်းအိုးနှစ်အိုးရောနဲ့

ဧည့်ခံထားတာဗျ။ကိုဖိုးထောင်က ကျူ ပ်ကို

စကားမပြောခင် လက်ဖက်တစ်ဇွန်း

ခပ်စားလိုက်တယ်။

“ဘယ်သူမှ လာခေါ်တာမဟုတ်ဘူး တာတေရ

ငါဟာငါက ိုပြန်ချလာတာ”

“ဟင် ဘယ်လိုဖြစ်လိုတုံး”

“ဘယ်လိုဖြစ်လဲဆိုတော့ ငါဆက်ပြီး

အလုပ်လုပ်လို့ မရတောလို့ ဟေ့”

” ဟင် ဘယ်လိုတုံးဗျ”

“ဒီလိုဟေ့ ညဆိုရင် တို့ စခန်းချတဲ့တဲ

ကိုလာပြီးကိုင်လှုပ်တာ အိပ်လို့ကို မရဘူး

ထထိုင်နေရတာ အဒီကြားထဲက

ငါအိပ်ပျော်သွားရင် အိပ်မက် မက်ရောဟ

ဆံပင်ဖာလျှားကြီးနဲ့သရဲမတစ်ယောက်က

ငါတိုအတင်းဝင်သတ်တော့တာပဲ။ ငါ့မှာ ရုန်းရ

ကန်ရ ပြန်ပြီးထိုးရ ကြိတ်ရနဲ့ အိပ်ရာက

နိုးလာရင် လူကိုမော့နေတော့တာဟေ့

အဲ့ဒါအိပ်မက်ထဲမှာ ငါကိုသတ်ရင်းနဲ့ပြောသေးတယ်

သူ့သားကိုငါသတ်ပစ်လိုက်တယ်။

ငါကိုသတ်မယ် ။ ငါ့ရွာကို တစ်ရွာလုံး

သတ်ပစ်မယ်နဲ့ကွာ”

“ဟာ ဒီလိုကို ဖြစ်တာကိုး’

“ဟာ တာတေရာ

ဒါလောက်ဆိုငါဘယ်ပြန်လိမ့်မတုံးကွာ။

တစ်ရက် ငါ ခုတ်ချလိုက်တဲ့သစ်ပင်က

လဲကျသွားတာ တစ်ယောက်ယောက်က

ဆီးပြီးမထာသလိုဖြစ်ပြီး စောင်းစောင်းကြီး

ဖြစ်နေတာဟေ့။ အောက်ကိုလည်းမကျဘူး

ငါလည်း အံသြပြီး ကြည့်နေတုန်းမှာ

သစ်ပင်ပြန်ထောင်လာပြီး နဂိုအတိုင်းကြီး

ပြန်ထောင်နေရောဟေ့။အဲ့ဒီမှာတင်

ငါခေါ်သွားတဲ့မီးလောင်းကုန်က ငတင်တို့

ငလွင်တို့လည်း စွတ်ပြေးတော့တာပေါကွာ။

ငါ့မှာ ဒီကောင်တွေ မနည်းလိုက်ခေါ်ရတာ

နှစ်ယောက်စလုံး ကြောက်ပြီး တုန်နေတာဟေ့

ဘယ်လိုပြောလိုမှမရတော့ဘူး ဒါနဲ့ငါလည်း

သူတိုနှစ်ယောက်ခေါ်ပြီး တောထဲကပြန်

ထွတ်လာခဲ့တာ။ဒီကောင်နှစ်ယောက်

တောထဲမှာ မအိပ်ရဲ တော့တာကွ”

“ဒီက အကြောင်းတွေကတော့

ကိုဖိုးထောင်အိမ်ရောက်မှ သိရတာပေါ့ ဟုတ်လား”

“ဟာ အိမ်မရောက်ခင်ကတည်းက သိတာပေါ့ကွ –

ဟိုကောင်လေးနှစ်ကောင်ကို မီးလောင်ကုန်းကို

ပို့လိုက်ပြီး ပြန်လာတော့လမ်းမှာ

အောင်မောင်းနဲ့ သာတင့်ကိုတွေ့တယ်။ ဒါနဲ့

ရွှာမရောက်ပဲသိလာတာကွ။

အောင်မောင်းတို့ကလည်း အသေးစိတ်က ို

ိုပြောပြတာဟေ့”ကိုဖိုးထောင်က ရွာကအဖြစ်အပျက်တွေနဲ့

သူအဖြစ်အပျက်ကို ဆက်စပ်ပြီး ပြောပြတယ်ဗျ။

“ကိုဖိုးထောင် အဒီသရဲမက သူကလေးကို

ကိုဖိုးထောင် သတ်တယ်ချည်း ပြောနေတာဗျ”

“အေး အဒီအကြောင်းကို

ငါလည်းသေသေချာချာ တွေးနေတာကွ

ငါတော့ဟုတ်လိမ့်မယ်ထင်တယ်”

” ဗျာ ဟေ – ဟာ”

ကိုဖိုးထောင်ရဲ့ စကားကိုကြားတော့

အားလုံးအံ့သြကုန်ကြရောဗျီူ။ကျူပ်လည်း အံ့သြသွားတယ်။

ဒီလိုကွ ၊ ငါတို့တောထဲရောက်ပြီး

နောက်တနေ့မှာ ငါနဲ့ ကောင်လေးနှစ်ယောက်နဲ့

သစ်ရှာထွက်ကြတာပေါ့ကွာ ။ အိမ်တိုင်လုပ်ဖို့

အရွယ်ကောင်း အရွယ်ညီတဲ့ အပင်တွေကို

ပုဆိန်နဲ့ခုတ်ပြီး အမှတ်အသား လုပ်ရတာပေါ့။

ကောင်ကင်ပါးအစပ်မှာ ပေါက်နေတဲ့ ကညင်ပင်

တစ်ပင်က ဖြောင့်စင်းပြီး အိမ်တိုင်အတွက်

အလောတော်ကွ ။ ငါလည်း အဲ့ဒီအပင်ကိုခုတ်

မယ်ဆိုပြီး သွားကြည့်တယ်။ သစ်ပင်ကို တပတ်

ပတ်ကြည့်ပြီး စိတ်တိုင်းကျတော့ငါ့ပုဆိန်နဲ့

လွှဲခုတ်ပြီး ထစ်လိုက်တာပေါ့ကွာ ။ ခုတ်ဖို့အမှတ်

အသားလုပ်လိုက်တာပေါ့။ ငါ့နားထဲမှာ

စူးစူးဝါးဝါး အော်လိုက်တဲ့ အသံလေးတစ်သံကြား

တယ်ကွ ။ တိရစ္ဆာန် တစ်ကောင်အော်လိုက်သလို

ပဲ ၊ငါလည်းဘေးဘီကြည့်ပြီး လှည့်ရှာသေးတယ်

ဘာမှမတွေ့ဘူးကွ ။ ခဏကြာတော့ တော

တစ်တောလုံး လေတွေတိုက်လာလိုက်တာ။

ဝေါဝေါ ဝေါဝေါ ဖြစ်နေတာဟေ့။ အသံတွေ

ကလည်း မျိုးစုံ ကြားရတာ။ အဲ့ဒီကတည်းက

ငါ့ကောင်လေးနှစ်ယောက်က လန့်သွားတာကွ။

ဒါ တောခြောက်တာပါ။ ဘာမှမဖြစ်ပါဘူးဆိုပြီး

မနည်းကိုရှင်းပြရတာ”

“သြော် ဖိုးထောင် တကယ်ဖြစ်ခဲ့တာကိုး”

ကျုပ်ကပြောလိုက်တော့ ကိုဖိုးထောင်ကခေါင်း

ညိတ်ပြီး ပြောသဗျ။

“ငါက သူတို့ကိုမှ မမြင်ရတာကွာ ၊ ဘယ်နှယ်လုပ်

ပြောရမလဲ”

ကျုပ်ရော ရွာကလူတွေရော ဘာပြောရမှန်း

မသိကြတော့ဘူးပေါ့ဗျာ။ကိုဖိုးထောင်ပြော

တာလည်း ဟုတ်တာပဲပေါ့ဗျာ။ သူတမင်သတ်

တာမှာ မဟုတ်တာ။ ဘဝခြားနေတဲ့ အပ္ပါယ်

ဘုံသားတွေကို လူတွေက မြင်မှမမြင်ရတာ။

ဒါပေမဲ့လည်း ရွာမှာလည်း ဒီကိစ္စက တကယ်ကြုံနေရပြီ။

“ကိုကြီးတာတေ ကိုကြီးတာတေ ရွာထဲက

ကလေးတွေ တစ်ပြိုင်တည်းအော်ငိုကြပြီဗျ။

ဘာဖြစ်တာလဲ မသိဘူး”

မျက်ပြူးဗျ ။ အတင်းကို ပြေးချလာပြီး လာပြောတာ။

“ဟေ ဟုတ်လား ဒါနဲ့ ကိုဖိုးထောင်ကလေးတွေရော”

“မြောက်ပိုင်းက သူ့အမေအိမ် သွားနေတယ်ကွ”

“ဟာ ဦးဖိုးထောင် ဦးဖိုးထောင် ကလေးတွေ

လည်း ငိုနေတယ်ဗျ။ ကျုပ်အခုပဲတွေ့လာတာ”

မျက်ပြူးကလည်း မျက်လုံးကြီးပြူးပြူးကြီးနဲ့

ကျုပ်ကိုကြည့်နေတယ်ဗျ။

“ကဲ ကျုပ် ပုဗ္ဗာရုံဆရာတော်ဆီကို ပြေးလိုက်ဦး

မယ် ”

” ဘာၾသားလုပၼလို့တုံး”

“ဆရာတော်ကို အကျိုးအကြောင်း လျောက်

ကြည့်မလို့ပါဗျာ”

“နောက်မှ လျောက်ပါ တာတေရာ ၊ ဒီမှာက

အကြောင်းကအခုပေါ်နေတာကွ”

ဒါလည်းဟုတ်တာပဲဗျ။ ရွာထဲက ကလေးငိုသံယ

တွေ ကြားနေရတာပဲလေ။ ကဲ နောက်မှပဲ

သွားတော့မယ်လို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။

ကျုပ်အိတ်ထဲမှာ ပါလာတဲ့ သစ်စုန်းဆေးတော်

ကြီးကို ရေပုံးထဲက ရေထဲကို အမှုန့်ကလေးတွေ

ခြစ်ချလိုက်တယ်။ ပြီးတော့ ဂုဏ်တော်ကို စိတ်

ထဲက ရွတ်ရင်း ရေကိုမွှေတယ်။ ပြီးတော့

ရေဖလားတွေနဲ့ တစ်ယောက်တခွက်ခပ်ခိုင်းပြီး

ရွာအရှေ့ပိုင်း အနောက်ပိုင်း တောင်ပိုင်း

မြောက်ပိုင်းတွေကို လူခွဲလွှတ်လိုက်တယ်။ငိုနေ

တဲ့ကလေးတွေကို ရေနဲ့တောက်ခိုင်းလိုက်တယ်။

စွမ်းလိုက်တဲ့ဆရာနွံဖရဲ့ဆေးတော်ကြီးဗျာ။

တစ်ရွာလုံး ငိုသံတွေတိတ်သွားရောဗျ။ ဒီတော့

မှ အားလုံးစိတ်အေးသွားကြရောဗျို့။

ကိစ္စတစ်ခုအေးသွားတော့ကျုပ်တို့ရွာကိစ္စဆက်

ပြီးတိုင်ပင်ကြတယ်။

“ကျုပ်ကြောင့် ကျုပ်ရွာ ခုလိုဖြစ်ရတာ ၊ တကယ်

ကို စိတ်မကောင်းပါဘူးဗျာ”

ကိုဖိုးထောင်က ခေါင်းကြီးငုံ့ပြီးပြောတယ်ဗျ။

“ဟာ ဖိုးထောင်ရာ မင်းမှာ ဘာအပြစ်မှ မရှိပါ

ဘူးကွာ ။ နာနာဘာဝဆိုတာ မင်းမြင်နိုင်တာမှ

မဟုတ်တာ။ ပြီးတော့ မင်းက သူ့ကလေးကို

သေစေလိုတဲ့စိတ်နဲ့သတ်လိုက်တာမှမဟုတ်တာ

သူ့ကလေးက သစ်ပင်မှာ ကပ်နေတဲ့အချိန် မင်း

ကခုတ်မဲ့ သစ်ပင်ကိုပုဆိန်နဲ့ ထစ်ပြီစ အမှတ်

အသားလုပ်လိုက်တဲ့ အချိန်နဲ့ သွားတူနေတော့

ပုဆိန်နဲ့ခုတ်သတ်သလိုဖြစ်သွားတာတော့

ဘယ်တတ်နိုင်ပါ့မလဲကွာ”

ကိုသာဆန်းကပြောတယ်ဗျ။ ကျုပ်ကလည်း

“ကိုဖိုးထောင်ရာ ဒါမျိုးဆိုတာ ကျုပ်ကြောင့်

ဖြစ်လည်း ကျုပ်တို့တစ်ရွာလုံး တိုင်တိုင်ပင်ပင်

နဲ့ ဖြေရှင်းရမှာပဲ။ ကိုဖိုးထောင်ကြောင့်ဖြစ်လည်း

ဒီလိုပဲ တိုင်ပင်ပြီး ဖြေရှင်းကြရမှာပဲပေါ့။ ကျုပ်

တို့အားလုံးဟာထနောင်းကုန်းသားတွေလေဗျာ။

သူ့အပြစ်ငါ့အပြစ် ပြောနေလို့ ဘယ်ဖြစ်ပါ့မလဲ

အားလုံးတိုင်ပင်ပြီး ဖြေရှင်းရမှာပဲပေါ့ဗျာ။

ကျုပ်က စပ်စပ် စပ်စပ် နဲ့နေရာတကာပါတဲ့

ကောင်ဆိုတော့အတွေ့အကြုံ ဗဟုသုတများတာ

တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ကျုပ်ကဆရာသမား

တော့ မဟုတ်ဘူးလေဗျာ။ အဲဒီတော့ဆရာရှာ

သင့်ရင် ကျုပ်တို့ရှာရမှာပဲ။ အခုလောလော

ဆယ်တော့ ကျုပ်တို့ ပုဗ္ဗာရုံဆရာတော်ကို

အမှူးထားပြီး တခြားကျောင်းကဆရာတော်

တွေပါ ပင့်ပြီးရွာထဲမှာ ပရိတ်ရွတ်ကြရအောင်

ဗျာ”

“ဟာ တာတေ ပြောတာကောင်းတယ်ဟေ့။

လောလောဆယ် ပရိတ်ရွတ်ရမယ် ၊ ပြီးရင်

တိုင်ပင်ပြီး ဆရာရှာကြမယ်လူကြီးတွေနဲ့”ဖြစ်မယ်

ကိုသာဆန်းက ကျုပ်စကားကိုထောက်ခံတယ်

ကျန်တဲ့လူတွေကလည်း သဘောတူတယ်။

ဒါနဲ့ ကျုပ်တို့ လူငယ်တွေစုပြီး ပရိတ်ရွတ်ရမဲ့

နေရာတွေကို ရွေးချယ်ကြတယ်။ အဲ့ဒီနေရာတွေ

မှာ ကျကျနန ပြင်ဆင်ကြတယ်။ ကျုပ်က

ဆရာတော်ဆီကိုသွားပြီး အကျိုးအကြောင်း

တွေအကုန်လျောက်တယ်။ ဆရာတော်က

ရွာမှာရှိတဲ့ ဘုန်ကြီးကျောင်းတိုက်တွေကို

ပင့်လျောက်ပြီး စုဝေးတိုင်ပင်တယ်။

နောက်ဆုံး တော့ ထနောင်းကုန်းမှာ ပရိတ်ရွတ်

တဲ့ ဆရာတော် အရှင်သူမြတ်တွေရဲ့အသံက

လွှမ်းခြုံသွားတာပေါ့ဗျာ။ ကလေးတွေလည်း

အငိုတိတ်သွားတယ်။ ရွာသူရွာသားတွေလည်း

ကြောက်တာလန့်တာပြေသွားကြတာပေါ့ဗျာ။

ဒါပေမဲ့ တပတ်ကြာတော့ ပြန်လှုပ်ရှားလာတယ်

ဗျ။ မည်းမည်းအရိပ်တစ်ခုရွာထဲမှာ ဟိုပြေး

ဒီပြေးနဲ့ လုပ်နေပြန်ရောဗျာ။ ဒီတစ်ခါတော့

ကင်းသမားတွေက သံချောင်းမခေါက်တော့ပဲ

ဝိုင်းလိုက်ကြတယ်ဗျ။ ကင်းတဲတွေမှာ လူငယ်

တွေက အင်အားတိုးပြီး စောင့်နေကြတာကိုးဗျ။

ဒါပေမဲ့ ဘယ်လောက်ပဲ လိုက်လိုက် နောက်ဆုံး

တော့ ပျောက်သွားချည်းပဲဗျာ။ ရွာကလူတွေ

လည်း စိတ်နဲနဲရှုပ်သွားကြတာပေါ့ဗျာ။

အဲ့ဒီ့မှာ ပြောရဦးမယ်ဗျို့။ ကျုပ်တို့ရွာက ခွေး

တွေဟာညမိုးချုပ်တာနဲ့ အိမ်အောက်ဝင်နေကြတာ။

ဟောင်ဖို့နေနေသာသာ အမြှီးတွေကုပ်ပြီးလှုပ်တောင်မလှုပ်ရဲဘူးဗျို့။

နောက်တော့ ကလေးတွေက အရင်ဆုံးသတိ

ထားမိသွားတာဗျ။ သရဲမ ရွာထဲဝင်မဲ့ညဆိုရင်

ခွေးတွေက ကြိုသိပြီး အိမ်အောက်တွေမှာပုန်း

နေကြတာ။ ခွေးတွေအပြင်မှာ သွားလာနေတဲ့

ညဆိုရင် သရဲမလာဘူးဆိုတာ ကျုပ်တို့ကသတိ

မထားမိဘူးဗျ။ ကလေးတွေက သတိထားမိတာ

ကျုပ်ကို ဒီအကြောင်း မျက်ပြူးတို့ ကလေး

အဖွဲ့က ပြောတာဗျို့။ ကျုပ်ကတဆင့်ပြန်ပြောမှ

လူကြီးတွေသိသွားတာ။ လာမှ သိတော့လည်း

ဘာမှ မတတ်နိုင်ပါဘူးဗျာ။ မည်းမည်းအရိပ်

ပြေးနေတာတွေ့ရင်ဝိုင်းလိုက်ကြ။ နောက်ဆုံး

ပျောက်သွား ဒါပဲ။ ဒီလို ဖြစ်နေရင်းကနေ

ကျုပ်တို့ဆရာတစ်ယောက် ရှာတွေ့သွားတယ်

ဗျို့။ ဆရာနံမည်က ဆရာကိုဝိုင်းတဲ့ဗျ။ လူက

သိပ်မကြီးသေးပါဘူး။ အသက်သုံးဆယ်ကျော်

လောက်ပဲ ရှိသေးတာဗျ။ ရွာရောက်ကတည်းက

သက်သက်လွတ်စား ပုတီးစိပ် တော့တာဗျို့။

လူငယ် သလောက် အကျင့်စရိုက်က တော်ရှာ

ပါတယ်ဗျာ။ အားလုံးက အခြေအနေဝိုင်းပြော

ကြတော့ ဆရာဝိုင်းလည်း ဘာလုပ်ရမယ်ဆိုတာ

သိသွားပုံပဲဗျ။ ဆရာဝိုင်းအတွေးအခေါ်က ပြတ်

တယ်။ ဘာမှ ဝေ့လည်ကြောင်ပတ် လုပ်စရာမလို

ဘူး။ ဒါအမှုပဲ ။ ကိုဖိုးထောင်တောထဲမှာသတ်

ခဲ့မိတဲ့အမှု ။ ဒါပေမဲ့ လူသတ်မှု မဟုတ်ဘဲ

သရဲသတ်မှု ဖြစ်နေတယ်။ ဘာပဲ သတ်သတ်အမှု

ဟာအမှုပဲ။ အမှုဆိုတာ တရားလိုဘက်ကကျေ

အေးရင် ပိတ်လို့ရတာပဲ။ ဒါက ဆရာဝိုင်းအတွေး

ဘယ်သူမှ မငြင်းနိုင်တဲ့ အတွေးတွေပါ။

ဒါနဲ့ ဆရာဝိုင်းက ကိုဖိုးထောင်တို့အိမ်မှာပဲ

ရာဇဝတ်ရုံးကြီးဖွင့်လိုက်တယ်ဆိုပါတော့ဗျာ။

ဘုရားစင်မှာဆီမီးတွေ အမွှေးတိုင်တွေ

ပူဇော် ပြီး ဘုရားကို ရှိခိုးတယ်။ ပြီးတော့ မညှပ်

ကို သရဲပူးခိုင်းတယ်။ ဘာပြောကောင်းမလဲ။

သရဲမ ဝင်လာတာပေါ့ဗျာ။ အရင်တစ်ခါလိုပဲ

ဝုန်းဒိုင်းကြဲ နေတော့တာပဲပေါ့ဗျာ။ ကိုဖိုးထောင်

ကိုလည်းတွေ့ရော ပြောလိုက်သမှ ရစရာမရှိ

အောင်ကို ပြောတာဗျ။ ဒီမှာတင် ဆရာဝိုင်းက

သရဲမကို ဖျောင်းဖျပြောဆိုပြီး ကျေအေးဖို့

တောင်းပန်ရတာပေါ့ဗျာ။ ဆရာဝိုင်းဘယ်လိုပဲ

တောင်းပန် တောင်းပန် သရဲမက အော်ဟစ်ကြိမ်းမောင်းနေတာပဲဗျ။

အဲ့ဒီမှာ ဆရာဝိုင်းက အမှားတစ်ခုဖြစ်သွားတယ်ဗျ

ဘာလဲဆိုတော့ ဆရာဝိုင်းစိတ်ဆိုးသွားတာဗျ။

ဒေါသတွေအရမ်းထွက်ပြီး သရဲမ ဒီရွာက

ထွက်သွား ဖို့ နောက်နောင် ဒီရွာကိုအရိပ်တောင်

မနင်းဖို့ အမိန့်ပေးတာဗျ။ သရဲမက ဆရာဝိုင်းကို

ပါ သတ်မယ်လို့ ကြိမ်းလိုက်တော့ ဆရာဝိုင်းက

သူ့ရဲ့ဆေးကြိမ်လုံးအနီကြီးနဲ့ရိုက်တော့တာပဲဗျ။

ဒီမှာတင် သရဲမက ဝုန်းကနဲ ခုန်ထပြီး ဆရာဝိုင်း

ကို တချက်ဆောင့်တွန်းလိုက်တာ ဆရာဝိုင်း

နောက်ကို ဆယ်ပေလောက်လွင့်သွားပြီး နံရံ

နဲ့ပြေးဆောင့်လိုက်တာ “ဒုန်းကနဲ မြည်ပြီးခွေခေါက်သွားရောဗျို့။

“ဝါး

သရဲဝင်နေတဲ့ မညှပ်ကလည်း တချက်သမ်းပြီး

ခွေကျသွားတယ်။ မိန်းမတွေက မညှပ်ကို ပြေးပြီး

လှုပ်နိုးကြတယ်။ ယောကျာ်းတွေက ဆရာဝိုင်းကို

ပြေးပြီးပွေ့ထူကြတယ်။ မညှပ်က သတိရပြီး

ငုတ်တုတ်ကလေး ထ ထျိုငျတယျဗြ။ ဆရာဝိုင်း

ကတော့ နည်းနည်းမှကို မလှုပ်တော့ဘူးဗျို့။

နားလည်တဲ့ ရွာသားတစ်ယောက်က ဆရာဝိုင်း

ဆီကို သွားပြီးစမ်းသပ်ကြည့်လိုက်ပြီး တော့ပြောတယ်ဗျ။

“မင်းတို့ဆရာ အသက်မှ မရှိတာ တဲ့

“ဟာ ဟုတ်လား

အားလုံး လန့်သွားရောဗျို့။

နောက်ဆုံး ဆရာဝိုင်းမိသားစုကို အကြောင်းကြား

ပြီး ရွာမှာပဲ သဂြိုလ် ပေးလိုက်တယ်။

ဆရာဝိုင်းသေသွားပြီစ တပတ်လောက်ကြာ

တော့ ငြိမ်သွားတယ်ဗျ။ ဒါပေမဲ့ သရဲမက

ရွာထဲ ပြန်ဝင်လာတာပဲဗျာ။

ရွာထဲမှာ ဝမ်းရောဂါ စဖြစ်နေပြီဗျ။

လူနှစ်ယောက်တောင်သေ သွားပြီ။ တချို့ဆို

လန့်ပြီး တခြားရွာကို ရှောင်သွားကြပြီ။

“တာတေရေ အပျက် အပျက်နဲ့ ငါတို့ရွာပျက်

တော့မယ်ထင်တယ်ကွ

ကိုသာဆန်းက မျက်နှာပျက်ပျက်နဲ့ ပြောတယ်။

ကျုပ်လည်း ဘာလုပ်ရမှန်းမသိဘူးဗျာ။ နောက်

ဆုံးတော့ ကျုပ်ဆုံးဖြတ်လိုက်တယ်။ အမဲသား

နှစ်ပိသာ မြို့တက်ပြီး ဝယ်ခိုင်းတယ်။ ဟင်းကျကျ

နန ချက်ပြီး ညဘက် သင်္ချိ ုင်းကုန်းကို ထွက်လာ

ခဲ့တယ်။ ကျုပ်နဲ့ အတူ ကိုသာဆန်းရယ်၊

ကိုဖိုးထောင် ရယ်၊ အစ်မညှပ်ရယ် ပါလာတယ်။

သင်္ချိုင်းထဲရောက်တော့ တော်တော်ကိုမှောင်

နေပြီဗျ။ ကျုပ်ကငှက်ပျောဘက်နဲ့ ထုပ်လာတဲ့

ထမင်းထုပ်ကို ဂူတစ်လုံးပေါ်မှာ ဖြည်ပြီး ခင်း

လိုက်တယ်။ ဘေးမှာ ရေတစ်ခွက်ကိုလည်း

ချထားလိုက်တယ်။ မညှပ်ကတော့ ကျုပ်ခိုင်းတဲ့

အတိုင်း ဂူရှေ့က မြက်ခင်းကလေးမှာ ကျုံ့ကျုံ့

လေးထိုင်ပြီး ဆံပင် ကိုဖြည်ချထားလိုက်တယ်။

လက်အုပ်ကလေး ချီထားရတာပေါ့ဗျာ။

ကျုပ်က မဖဲဝါကို ပင့်တယ်။

“သင်္ချိုင်းရှင်မ မဖဲဝါ အလွန်အရေးကြီးတဲ့

ကိစ္စ ရှိနေတဲ့အတွက်ဒီနေရာကို အမြန်ကြွခဲ့ပါ။

မဖဲဝါ အတွက်ချက်ပြုတ်ပြီးယူလာတဲ့ ထမင်းနဲ့

ဟင်းလျာတွေကို မြိန်မြိန်ယှက်ယှက်သုံးဆောင်ပါ

မဖဲဝါ ။ ကျုပ်တာတေက ပင့်ဖိတ်ပါတယ်ဗျာ။

ကြွပါ ကြွပါ ကြွပါ ။ သင်္ချိုင်းရှင်မ မဖဲဝါခဗျာ

“ဟီး

ဟော– ရောက်ပြီဗျို့။ မညှက်ကိုဝင်ပူးလိုက်တာ

ဗျာ။ ငြိမ့်ခနဲ နေတာပဲ။ ပြီးတော့ ဂူပေါ်ကို

အသာလေးခုန်တက်သွားတယ်။ ဟော ဆောင့်

ကြောင့်ကြီးထိုင်ချပြီး ထမင်းနဲ့ ဟင်းကို အားရ

ပါးရ စားတော့တာဗျို့။

“မဖဲဝါရေ ကျုပ်တို့ထနောင်းကုန်းမှာတော့

မဖဲဝါအခုဝင်စီးထားတဲ့ မညှပ်ရဲ့ ခင်ပွန်း ဟောဒီ့

ကိုဖိုးထောင်ဟာ တောထဲမှာ သစ်ခုတ်ရင်း

သရဲကလေးတစ်ယောက်ကိုခုတ်မိသွားတယ်တဲ့။

ကိုဖိုးထောင်ကလည်း နာနာဘာဝကို မမြင်ရ

တော့ ထိသွားမှန်းတောင်မသိပါဘူးဗျာ။အဲ့ဒီ့

ကလေးရဲ့ အမေလုပ်တဲ့ သရဲမက ကျုပ်တို့ရွာကို

တအားသောင်းကြမ်းနေတယ်ဗျာ။ တောင်းပန်

လို့လည်းမရဖြစ်နေပါတယ်။ အခုဆိုရင်ဆရာ

တစ်ယောက်ကိုလည်း သတ်ပြီးပါပြီ။ ရွာမှာ

ဝမ်းရောဂါ ကျအောင်လုပ်လို့ နှစ်ယောက်

သေသွားပါပြီ မဖဲဝါ ။ ဒီကိစ္စတွေကို အမြန်ဆုံး

ရပ်ပေးပါလို့ မေတ္တာရပ်ခံတာပါဗျာ

မဖဲဝါက စားရင်းသောက်ရင်းခေါင်းညိတ်တယ်

ဗျ၊ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။ဒါဆိုရင်

အဆင်ပြေပြီဆိုတာ ကျုပ်သိပြီလေဗျာ။

“ကျုပ်မသိတာတစ်ခုမေးပါရစေဗျာ။နာနာဘာဝ

ကို ဓားတွေ ပုဆိန်တွေနဲ့ခုတ်လို့ထိလို့လားဗျာ

“ဟဲ့ ဟိုအကောင်ခုတ်တဲ့ပုဆိန်က ရိုးရိုးပုဆိန်

မဟုတ္ဘူးဟဲ့ ။ ကိုးသခ်ိ င်္ုင်းကသံတွေနဲ့ လုပ္ထား

တဲ့ ကိုးသင်္ချိ ုင်းပုဆိန်ဟဲ့။ ဒီကောင်ကဘာမသိ

ညာမသိနဲ့ အဲ့ဒီပုဆိန်ကြီး လွှဲ လွှဲပြီးသစ်ပင်

ခုတ်နေတာ။ ကိုးသင်္ချိ ုင်းပုဆိန်နဲ့ ခုတ်ရင်

နာနာဘာဝ သေတယ်ဟဲ့ သိလား။ အဲ့ဒီ့ကောင်

ရဲ့ ပုဆိန်ကို နင်သိမ်းလိုက်တာတေ။ ဒါမှ သရဲမ

ကို ငါခေါ်သွားမယ်။ အဲ့ဒီလို မသိမ်းနိုင်ရင်

သရဲမကို ငါမခေါ်ဘူး။ သူ့မှာလည်း သားဆုံးရှုံးထားရတာ

“ဟုတ် ဟုတ်ပါတယ် မဖဲဝါ။ ကျုပ်မသိလို့

ဖြစ်ရတာပါဗျာ။ ကျုပ်အဲ့ဒီ့ပုဆိန်ကို ဟောဒီ့က

မောင်တာတေ အဲ အဲ ဆရာတာတေကို ကျုပ်

အပ်လိုက်ပါ့မယ်။နောက်ကို ဘယ်တော့မှ

အဲ့ဒီပုဆိန် မသုံးတော့ပါဘူးဗျာ ကတိပေးပါတယ်မဖဲဝါ

“ဟီး ဟီး ဟီး

မဖဲဝါက ခေါင်းကြီးညိတ်ပြီး ရယ်တယ်။ထမင်း

တွေရောဟင်းတွေရော ကုန်အောင်စားပြီးတော့

လက်ဆေးပြီးရေသောက်တယ်ဗျ။

ခဏနေတော့ ဂူပေါ်မှာ မတ်တပ်ကြီးရပ်ပြီး

ခေါင်းကြီးမော့ထားတယ်။

“ဟိုကောင်မ အခုလာခဲ့ နင့်ကိစ္စငါရှင်းပြီးပြီ

အခုလာခဲ့အဲ့ဒီလို လည်းပြောလိုက်ရောမညှက်ဟာ ဂူပေါ်

ကို ခွေခွေလေး ပြုတ်ကျသွားတယ်ဗျာ။

“အား အီး အီး ဝူး ဝူး အီး

ဆိုတဲ့အော်သံကြီးက တဖြေးဖြေးဝေးသွားတယ်ဗျ။

“ဝူး ဝူး ဝူး အူး

ဟာ မဖဲဝါရဲ့ ခွေးကြီးအူသံပဲ။ သွားကြပြီဗျ။

တဖြေးဖြေးဝေးသွားတယ် ။

“အီး အီး အီး

ဟာ ဒါကတော့ မဖဲဝါရဲ့ အသံမဟုတ်ဘူးဗျို့။

ဒါ ဟိုသရဲမရဲ့ အသံပဲ ထင်တယ်။ပါသွားပြီဗျို့။

ဟိုသရဲမလည်း ပါသွားပြီဗျ။ အသံတွေက

တဖြေးဖြေးဝေးသွားတယ်ဗျ။

“ကိုဖိုးထောင် လာ အစ်မညှက်ကို ပွေ့ထူလိုက်

ကျုပ်ကကျုပ်အိတ်ထဲ အသင့်ဆောင်ထားတဲ့

သစ်စုန်းဆေးတော် စိမ်ထားတဲ့ ရေပုလင်းလေး

ထုတ်ပြီး အစ်မညှက်ရဲ့ မျက်နှာကိုတောက်

လိုက်တယ်။ သတိရပြီး ချက်ချင်း ထ ထိုင်တော့တာပဲဗျာ။

“နေပါဦး ကိုဖိုးထောင်ရဲ့ ခဗျားက ဒီကိုးသင်္ချိုင်း

ပုဆိန် ကိုဘယ်လိုရတာတုံး

“ဟာ တာတေရာ ငါက ကိုးသင်္ချိ ုင်းတွေ

ဆယ်သင်္ချိုင်းတွေ ဘာမှ သိတာမဟုတ်ပါဘူး

ကွာ။ ငါ့အဖေသေတော့ အိမ်မှာ သံတုံး

တစ်တုံး ကျန်ခဲ့တယ်ကွ။ အဖေ ပုဆိန်လုပ်မို့

ဆိုပြီး သိမ်းထားတာ။ အဲ့ဒါ သူသေတဲ့ထိ လုပ်

မသွားဖြစ်ဘူး။ ဒါနဲ့အဲ့ဒီ သံတုံးကို ယူပြီး

ဆရာမနိုင်က ပန်းပဲဆရာကြီးဆီမှာ ငါက

သစ်ခုတ်ဖို့ ပုဆိန် လုပ်ခိုင်းလိုက်တာပါ။

ဘာတွေစွမ်းလဲ ငါမသိပါဘူးကွာ။ အဖေဘယ်က

ယူလာတဲ့ သံတုံးမှန်းလည်းငါမသိပါဘူး။

မဖဲဝါကို အခုပေးလိုက်တဲ့ ကတိအတိုင်း

အိမ်ရောက်ရောက်ချင်း အဲ့ဒီပုဆိန် ကို မင်းဆီအပ်လိုက်မှာပါ

အစ်မညှက်ကို ခေါ်ပြီး ကျုပ်တို့ရွာကိုပြန်ခဲ့

ကြတယ်။ကိုဖိုးထောင်က သူ့ကတိအတိုင်း

ကျုပ်ကို ကိုးသင်္ချိ ုင်းပုဆိန်ကြီးအပ်လိုက်တယ်။

အားလုံးပြီးသွားပြီပေါ့ဗျာ။ ရွာထဲကခွေးတွေ

လည်း အပြင်ပြန်ထွက်လာကြတယ်။ကလေးတွေ

လည်း ရွာလမ်းပေါ်မှာ ပြန်ပြီးပြေးလွှားကစား

နေကြတယ်။ကျုပ်ကတော့ ကိုးသချိုင်းပုဆိန်

ဆိုတာကြီးကို ပခုံးမှာထမ်းပြီး အိမ်ကိုပြန်ခဲ့တာပေါ့ဗျာ။

ပြီးပါပြီ။

Leave a Comment