ဆယ့်နှစ်ကြိုးခင်သုန် (အပိုင်း-၂-)

” ဆယ့်နှစ်ကြိုးခင်သုန် “(အပိုင်း-၂-)
+++++++++++++++++++++
( ၄)

“ဆယ်ရက်မြောက်တော့မမ ခင်သုန်ပြန်ထွက်လာလား”
“ဟိုကောင်ဟိုကောင်ခင်မောင်ကျော် ရော ဘာဖြစ်သွားလဲ”
ရဲဖြိုး နှင့် အာကာ၏ အမေးကို ဝင်းထိုက်က လက်ကာပြပြီး ဝီစကီ ပုလင်းကိုခွက်ထဲငှဲ့ထည့်လိုက်သည်။
“ဆက်ပြောမယ်—– ခဏလေးပါဟ— ငါလခွီး— ချီးမှပဲ”
ဝင်းထိုက်က သူတို့ရွာက ဆယ့်နှစ်ကြိုးစုန်းမ မမခင်သုန်အကြောင်းဟု အစချီ ကာ အရက်ဝိုင်းတွင်ပြောပြနေသည်ကိုရဲဖြိုး နှင့် အာကာ က စိတ်ဝင်စားနေ သလို…..ခုတင်ပေါ်တွင်စာဖတ်နေ
သော ခက်ဇော် ကပါ စိတ်ဝင်တစားလာ နားထောင်သည်—။
“အေး……….(၁၀)ရက်မြောက်နေ့မှာ မမခင်သုန်ပြန်ထွက်လာပြီးသူ့အမေရဲ့ ဂူကိုသွားတယ်ကွ…..ရွာဦးကျောင်း ဘုန်းကြီး ဦးဝါယမ နဲ့ ရွာလူကြီးတွေက မမခင်သုန်ကိုသင်းချိုင်းအထိလိုက်လာ ပြီးရက်လည်လုပ်ပေးဖို့ပြောတယ်…..မမခင်သုန်က ဘာမှမပြောဘူး…… ဆရာတော်ကိုတောင် ခပ်စိမ်းစိမ်းတစ်
ချက်ကြည့်ပြီးပြန်လှည့်ထွက်သွားတော့ တာပါပဲကွာ”
“ခင်မောင်ကျော်ကတော့ မခင်သုန် အိမ်ထဲပြန်ထွက်လာတဲ့နေ့ မှာပဲ မုံရွာအချုပ်ထဲဆုံးတယ်——
ထူးဆန်းတာက အချုပ်ထဲမှာခွေးရူးပြန် သလိုဖြစ်ပြီး လက်တွေ ခြေတွေကို သူ့ကိုယ်သူပြန်ကိုက်တယ်တဲ့……
ပြီးတော့…..အချုပ်ခန်းသံတိုင်ကိုရဲတွေအလစ်မှာ ခေါင်းနဲ့ပြေးဆောင့်တာ ပွဲခြင်းပြီးပဲတဲ့ကွာ…အဲဒီနေ့ကစပြီး ရွာနီးချုပ်စပ်မှာ ပြောကြတဲ့သတင်းကတော့…….မခင်မှုံဆုံးပြီးတဲ့ နောက်ဒေါ်ဖွားအိဟာ မမခင်သုန်ကို ဘူးသွင်းပေးခဲ့တယ်”
“ဘာ – ဘူးသွင်းတာတုန်းဟ”
“ဘူးသွင်းတယ်ဆိုတာကစုန်းတစ် ယောက်ဟာကွယ်လွန်ခါနီးဒါမှမဟုတ်
သူ့ပညာရပ်တွေကို ရှေ့အဆင့်တွေ ဆက်မတက်တော့ဘဲ ရပ်နားခါနီးဆို သူ့အတတ်ပညာနဲ့ စီရင်ထားတဲ့ ဘူးပင်တစ်ပင်ကို စ စိုက်တယ်—
ထိုဘူးပင်ကို တဲ့အခါ သင်္ချိုင်းက မြေကြီးကို ယူရတယ်.. ပြီးတာနဲ့ ပညာအမွေပေးမယ့်စုန်းပညာသည်ရဲ့
ညာဘက်လက်ညှိးက လက်သည်းခွံရယ်… နောက်စေ့တည့်တည့်နေရာမှာ ပေါက်နေတဲ့ဆံပင်စရယ်ကိုဖြတ်ပြီး
ဘူးစေ့နဲ့အတူထည့်ပြီး အဲ့ဒီမြေကြီးမှာ မြှပ်စိုက်ရတယ်….ခုနှစ်ရက်မြောက်တဲ့နေ့မှာ အဲ့ဒီမြေနေရာကိုတံစက်ပြန်ရေ နှင့် လောင်းရတယ်”
‘တံစက်ပြန်ရေ ဆိုတာ ဘာလဲဟ”
“တံစက်ပြန်ရေဆိုတာ…. အိမ်ခေါင်မိုးတံစက်မြိတ်အောက်မှာ
မတ်တပ်ရပ်ပြီး ရေကိုနောက်ပြန်ပတ်တင်လိုက်..ပြီးရင်
တံစက်မြိတ်က ပြန်ကျလာတဲ့ရေကိုခေါ်တာကွ.. အဲ့ဒီရေက
စုန်းပညာခန်းတတ်ရာမှာ စုန်းပညာစီရင်ရာမှာ အရမ်းကို
အသုံးဝင်တဲ့ရေပေါ့ကွာ”
“အဲ့ဒီလိုပျိုးထောင်ထားတဲ့ ဘူးပင်လေးက ပထမဆုံး သီးလာတဲ့ ဘူးသီးကိုလကွယ်ည မှာ နက္ခတ်ကြည့်အချိန်ကိုက်ပြီးမှ တစ်ခြမ်းလှီးယူလိုက်ရ တယ်
အဲ့ဒီတစ်ခြမ်းကိုသားသမီး (၃)ယောက်ရှိရင်(၃)စိတ်၊ (၄)
ယောက်ရှိရင်(၄)စိတ်စိတ်ပြီးတဲ့နောက်.. အိမ်အနောက်ဘက်ကွက်လပ်ကိုသွား သင်္ချိုင်းရှိရာအရပ်ဆီကို
မျက်နှာမူပြီး အမွှေးတိုင်ကိုဘူးသီးစိတ်အရေအတွက်အတိုင်း
စိုက်ပြီး……..လင်ဗန်းနဲ့ ချထားရတယ်…။
ပြီးရင်ပညာသွင်းပေးမယ့်စုန်းပညာသည်က အမျိုးသားဆို
ဆံပင်ကိုမဖီးမသင်၊ အမျိုးသမီးဆိုဆံပင်ကိုဖားလျားချပြီး
ငှက်ကြီးတောင်ဓါးနဲ့ သူ့ လက်ဖျံသွေးကိုဖောက်ပြီး
ဘူးသီးစိတ်တေ ွကိုပက်ဖြန်းရတယ်….။
ပြီးတာနဲ့ – – –
သားသမီးတွေကိုခေါ်ပြီး ကိုယ့်ကြိုက်ရာ ဘူသီးစိတ်ကိုရွေးယူပြီး
စားခိုင်းရတယ်ကွ,,,. အဲ့ဒီသားသမီးတွေထဲကမှ စုန်းအထုံပါတဲ့တစ်ယောက်တည်းကို
အခြေခံအောက်လမ်းစုန်းပညာတွေ ရောက်သ ွားရော—
အခြေခံစုန်းပညာသူ့ဝမ်းထဲကိုရောက်သွားတဲ့သားသမီး ကို(၇)ရက်
အကြာမှအဲ့ဒီစုန်းပညာသည်မိခင်(သို့) ဖခင်က သိရတယ်..
တကယ်လို့ စုန်းပညာရှင်ဟာ စုန်းအဆင့်(၁၂)ကြိုးကို
အောင်ထားတဲ့ ကဝေပျံကိုးပါးထဲက တဆင့်ဆင့် ဆိုရင်
သူ့သားသမီး စုန်းပညာရမရ (၃)ရက်အကြာမှာ သိတယ်… အေး
မောက်လုံး မောက်ပြား အဆင့်ဆိုရင်တော့…….ချက်ခြင်းသိတယ်က…..
ဇော်ဂနီအဆင့်ကတော့ဘူးသွင်းတဲ့နေရာ မှာပဲ
ချက်ချင်းသိတယ်………”
“‘ဒါဆိုကျန်တဲ့သားသမီးတွေကရော…စုန်းပညာ မရနိုင်ဘူးလား”
‘”အေးကွ စုန်းမျိုးဆက်တစ်ခုမှာ သူ့အလိုလို
ဝမ်းတွင်း ပညာပါလာတာမဟုတ်ရင်မျိုးဆက်တစ်ယောက်ကိုပဲ ပညာလက်ဆင့်ကမ်းခွင့်ရှိတယ်..ဒါ စုန်းပညာရဲ့ ရှေးကတည်းက စည်းကမ်းပဲ”
ဝင်းထိုက်က စုန်းအကြောင်း
စိတ်ပါလက်ပါရှင်းပြနေတော့ခက်ဇော်က လှမ်းမေးလိုက်သည်။
“နေစမ်းပါအုံး ဝင်းထိုက်.. မင်းက ဒီလောက်သိနေရအောင်
မင်းတို့က စုန်းမျိုးလား”
‘ အေး အဲ့ဒီလိုဆိုလည်းရတယ်ငါ့တို့နယ်မှာ အရင်က
စုန်းကဝေဆိုတာ မိသားစုထ ဲမှာ တစ်ယောက်တော့
ပါစမြဲပဲတဲ့..ငါ့အဘွားရဲ့ အမေက စုန်းပညာရှင်တဲ့..
ငါ့အဘွားလက်ထက်မှာ ပညာလုံး၀ ကန်းအောင်
သရဏဂုံတည်ပစ်လိုက်တာ…ငါ့အဘွားကိုသူ့အမေက ဘူးသွင်းပြီး
ပညာထည့်ပေးခဲ့ဖူးတယ်တဲ့အဘွား ပြောပြလို့
ငါနှိုက်နှိုက်ချွတ်ချွတ်ဒီလောက်သိတာ”
“အော်ဒါဆို…စုန်းတွေက သရဏဂုံမတည်ဘူးပေါ့ဟုတ်လား”
“ဟုတ်တယ်….စုန်း ကေ၀ အောက်လမ်းပညာရှင်မှန်သမျှဟာ
သရဏဂုံမတည်ရဘူး.. ဘုရား တရား သံဃာကို
မကိုးကွယ်ရဘူး…သူတို့ကိုးကွယ်ရာက
ဇော်ဂနက်မယ်တော်ကြီးပဲ… သူတို့က ဒီပညာသင်ယူတာနဲ့
တပြိုင်နက်အဝီစိမှာ နှစ်(၈)သောင်းခံဖို့ ကျိန်းသေသွားပြီလို့
ငါ့အဘွားကပြောဖူးတယ်ကွ”
” ဒါနဲ့ မင်း မမခင်သုန်က အခုထိရှိနေသေးလား”
“ရှိတယ်..အခုဆိုအသက်(၃၀)
ရှိပြီ..တစ်ကိုယ်တည်းအပျိုကြီးပဲ…(၁၂)ကြိုးခင်သုန်ဆိုတစ်ရွာလုံး
ကဖိန့်ဖိန့်တုန်အောင်ကြောက်ရတာကွ”
“မမခင်သုန်က လှရော လှလား”
“ချောချက်က ငါ့ကောင်ရေ..မင်းသမီး မေဝင်းမောင်အတိုင်းပဲ”
” မင်း‌ပြောတာတွေကို ငါစိတ်ဝင်စားတယ်ကွ..ဒီတစ်ခေါက်ရွာပြန်ရင်
ငါတို့ မင်းတို့ရွာကိုလိုက်မယ်.. မမခင်သုန်ကိုတွေ့ချင်တယ်ကွာ”
ခက်ဇော်ပြောလိုက်သောစကားကြောင့်သူငယ်ချင်းအားလုံး
အံသြတကြီးဝိုင်းကြည့်လိုက်ကြသည်။
(၅)

၁၉၈၆ ခုနှစ်၊ မတ်လ
စာမေးပွဲပြီးသည်နှင့်မန္တလေးတက္ကသိုလ်မှခက်ဇော်၊ ရဲဖြိုး အာကာ
တို့ ဝင်းထိုက်နှင့်အတူမုံရွာသို့ဆင်းခဲ့ကြသည်။
မုံရွာမှ ဝင်းထိုက်တို့ရွာဆီသို့ ခရီးဆက်ခဲ့ကြသည်။
သစ်ကြီးဝါးကြီးတို့ အရိပ်အောက်မှဖုံတထောင်းထောင်း ထနေသည့်
ရွာအဝင်လမ်းကလေးက လှပလွန်းသည်။
လှသော ပသော ထိုမြင်ကွင်းများနှင့် ဘာမှမသက်ဆိုင်သည့်စုန်းကဝေအတတ်ပညာများ ဒီမြေ ဒီရေမှာ ရှိနေသည်ဆိုသည်တဲ့လား ဟု ခက်ဇော်တွေးမိနေသည်။
ရဲဖြိုးကတော့ဟိုးအဝေးက ထန်းပင်အုပ်အုပ်များကိုကြည့်ရင်း
နောက်နေ့ ထန်းရည် လိုက်တိုက်ရန် ဝင်းထိုက်ကို ပူဆာသည်။
သပ်သပ်ရပ်ရပ်ရှိသည့်ခြံဝန်းလေးများရှေ့တွင် ဝါနယ်နေကြသည့်
ကောင်မလေးများကိုကြည့်ကာ ဝင်းထိုက်က
လေတချွန်ချွန်နှင့်ပါလာသည်..။
ဝင်းထိုက်တို့အိမ်က နှစ်ထပ်ပျဉ်ထောင်အိမ်အလတ်စားလေးဖြစ်သည်။ အိမ်ရှေ့တ ွင်
က ွပ်ပြစ်အကျယ်ကြီးခင်းထားပြီး နွားဖြင့်ဆီကြိတ်ရသော
ဆီစုံလည်လေးကလည်း Country ဆန်ဆန်အငွေ့အသက်
လေးဖြစ်နေသဖြင့်သူတို့ သဘောကျမိနေတော့သည်။
ဝင်းထိုက်အဖေနှင့်ဝင်းထိုက်ညီမလေးက သူတို့ကို
အားရဝမ်းသာထွက်ကြိုကြသည်— ဘာပဲဖြစ်ဖြစ်
အတွေ့အကြုံအသစ်အဆန်းတေ ွအတ ွက်ခက်ဇော်တို့အုပ်စု
ရင်ဖိုမိတာ..အမှန်.. ။
ပြီးတော့မန္တလေးတက္ကသိုလ်မှာတုန်းက ဝင်းထိုက်၏ ဇာတ်လမ်းများထ ဲမှဇာတ်လိုက်ကျော်မမခင်သုန်ဆိုတာကလည်း
ခက်ဇော်စိတ်ထ ဲ လွှမ်းမိုးထားပြန်သည်..။
အ ဲ့ဒီနေ့ညနေက ဝင်းထိုက်ညီမ၏ လက်ရာ အမဲသားဆီပြန်နှင့်
လယ်ကန်စွန်းချဉ်ရည်ဟင်းတို့က ခရီးပန်းလာသော သူတို့(၄)
ယောက်အတွက်တော့..နတ်သုဒ္ဒါ….။
ခက်ဇော်အကျင့်က မနက်ဆိုအစောကြီးထတတ်သည်…။
ဟို(၃)ကောင်ကတော့ပိုးလိုးပက်လက်အိပ်နေဆဲ…။
နာရီကြည့်လိုက်တော့မနက်(၆)နာရီ….
ကြက်တွန်သံတေ ွ..လှည်းဝင်ရိုးသံတေ ွ..တစ်ချက်တစ်ချက်စက်ဘီးဘဲလ်တီးသံများကြားနေရသည်။
ခက်ဇော်ကပါလာသော သွားပွတ်တံ၊ သွားတိုက်ဆေးကိုထုတ်ပြီး
မျက်နှာသစ်ဖို့ အပြင်ထွက်လိုက်သည်။
အပြင်ဘက်စဉ့်အိုး ထဲက ရေဖြင့်သ သွားတိုက်မျက်နှာသစ်ပြီး အိမ်ရှေ့ လမ်းမဘက်ကိုငေးနေမိသည်..။
မနေ့က သူတို့လှည်းဖြင့်လာခဲ့သည့်
ထနောင်းပင်တန်းအရိပ်အတိုင်း စက်ဘီးတစ်စင်း တရွေ့ရွေ့လာ
နေသည်..။
လမ်းတစ်ဖက်မှနွားကျောင်းသားလေးက အုပ်က ွဲနေပုံရသော
သူ့နွားပေါက်စလေးတစ်ကောင်ကိုထနောင်းရိပ်တစ်ဖက်
စားကျက်ဆီသို့အတင်းနှင်လွှတ်ရာ နွားကလေးက
စက်ဘီးစီးလာသူထံသို့တည့်တည့်ဝင်တိုးမိပြီး………
စက်ဘီးမှောက်သွားတာတွေ့လိုက်ရသည်..။
နွားကျောင်းသားလေးက
စက်ဘီးမှောက်သွားသူထံပြေးသွားသည်..အနားရောက်မှ
အနောက်ကိုအသဲအသန်ပြန်လှည့်ပြေးသည်ကို
ခက်ဇော်တွှေ့လိုက်ရသည်….
စက်ဘီးမှောက်သွားသူက မိန်းကလေးဖြစ်ဟန်တူပြီး မထနိုင်….
ဒါနဲ့ပဲ ခက်ဇော် လမ်းလေးအတိုင်း အပြေးလေးသ ွားမိသည်…
စက်ဘီးမှောက်သူက မိန်းကလေးတစ်ယောက်…
“အစ်မ ဘာဖြစ်သွားလဲ.”
“အား..ခြေထောက်..ခြေထောက်ခေါက်သွားတာ”
မိန်းကလေးက သူ့ကိုမော့မကြည့်ဘဲ သူ့ခြေထောက်တေ ွကိုသာ
ကိုင်ပြီး ညည်းညူလျက်ရှိသဖြင့်သူမ ၏
ဆံပင်နက်မှောင်မှောင်ရှည်ရှည်က သူမမျက်နှာကို
ဖုံးလွှမ်းနေသည်။
“ဆံပင်တွေက လှလိုက်တာ”
အနက်ရောင်ဆေးခြယ်ထားသော ပိတ်ကားပေါ်တွင်နံနက်ခင်း
နေရောင်ခြည်နုနုထိုးလိုက်သလိုမျိုးဖြစ်နေသည့် ခင်သုန်၏
ဆံပင်အုံမှောင်မှောင်များကိုခက်ဇော်ငေးကြည့်နေစဉ်..
” အ.. လုပ်ပါအုံး ရှင်…ထူပါအုံး….က ျွန်မ ခြေထောက်…အ”
မိန်းကလေးအသံကြားမှခက်ဇော်သတိဝင်လာကာ လက်မောင်းမှ ဆွဲထူလိုက်သည်။
“အစ်မ…အိမ်ဘယ်နားလဲ… ကျွန်တော်လိုက်ပို့ပေးမယ်လေ”
လမ်းမပေါ်တွင် ရွာသား သုံးလေးဦးခန့်ရှိသော်လည်း တစ်ယောက်မှ
လာမကူညီသဖြင့်ဒီရွာခံလူတွေ ကိုခက်ဇော်
တော်တော်အံသြသွားသည်။
မိန်းကလေး၏ လက်က ခက်ဇော်ပုခုံးကို
ဖတ်အားပြုရင်း..ထနောင်းရိပ်လမ်းအတိုင်း လျှောက်လာခဲ့
ကြသည်။
ထနောင်းရိပ်လမ်းအဆုံး လမ်းတစ်ဖက်ကိုချိုးလိုက်တော့
ရေနံဝနေသော နှစ်ထပ်အိမ်မည်းကြီးကိုတွေ့လိုက်သည်..။
“အဲ့ဒီ အိမ်ပဲ ရှင့်ကျွန်မ အိမ်”
ခက်ဇော်က အိမ်ရှေ့ရောက်တော့အမျိုးသမီးကိုတွဲထားရင်း
ခြံတံခါးကိုတွန်းဖွင့်လိုက်သည်။
“အိမ်ရှင်တို့..ဒီမှာ အစ်မ စက်ဘီးမှောက်လာလို့”
“ခေါ်မနေပါနဲ့..ဒီအိမ်မှာ က ျွန်မ တစ်ယောက်တည်းနေတာ”
“ဗျာ”
ခက်ဇော်က မိန်းကလေးကိုအိမ်ရှေ့က ွပ်ပျစ်ပေါ်
ထိုင်ခိုင်းလိုက်သည်။
“အစ်မ…….အိမ်မှာ ပတ်တီးတို့ ဆေးတို့ရှိလားဗျ”
“အင်း အပေါ်ထက်လှေကားတက်တက်ချင်း စင်ပေါ်မှာတော့
အမေရှိတုန်းကထားတဲ့ကြက်ခြေနီသေတ္တာရှိတယ်..အထဲမှာ
ရှိတယ်…ကူညီပေးပါအုံး”
ခုမှခက်ဇော်မိန်းကလေးအား သေသေချာချာကြည့်မိသည်။
အညိုရောင်ဖျင်ထည်အက ၤျီလက်ပြတ်နှင့်
အညိုရောင်ယောထမီဝမ်းဆက်ကိုဝတ်ထားသောကြောင့်သူမ၏
အစိမ်းရောင်ဘက်သန်းနေသော
ဝင်းဖန့်ဖန့်လက်မောင်းသားဖြူဖြူများက ပိုမိုပေါ်လွင်နေသည်။
ခုနက သူငေးကြည့်မိသော ဆံပင်အုံမှောင်မှောင်များကြားတ ွင်
မျက်ခုံးမှောင်မှောင်လေးနှစ်တန်း အောက်မှမျက်လုံးတေ ွက ဝိုင်းစက်စက်လေးနှင့်ညို့အားကောင်းလွန်းသည်။
နှုတ်ခမ်းနီနီဖူးဖူးလေးတေ ွ၏ အထက်နားတ ွင်
အစိမ်းရောင်မွှေးညှင်းလေးမျာ ခပ်ရေးရေးသန်းနေပုံက သူမ
အလှကိုပိုမိုကောက်ကြောင်း ထင်စေသည်..။
ပါးစပ်ကြီးဟပြီးကြည့်နေသော ခက်ဇော်ကြောင့်…သူမ
နေရခက်လာဟန်တူသည်။
“ဒီမယ်..ပတ်တီး သွားယူပေးပါ့ရှင့်..”
ဒီတော့မှခက်ဇော်ရှက်ရှက်နှင့်အိမ်လှေကားအတိုင်းပြေးတက်ပြီး
တန်းပေါ်မှဆေးသေတ္တာကိုလှမ်းအယူ…အိမ်ခေါင်းရင်းဘက်တွင် တွေ့လိုက်ရသော
တစ်စုံတစ်ခုကြောင့်…..လန့်ဖြန့်သွားတော့သည်..။
ဟုတ်သည်။
အိမ်ခေါင်းရင်းတွင် ဆောင့်ကြောင့်ထိုင်နေသော လူအရွယ်အစား
မိန်းမရုပ်ထုတစ်ခု..။
မိန်းမရုပ်ထုက ဆစ်ဆေးသုတ်ထားသဖြင့်မဲမှောင်နေပြီး ခန္ဒာကိုယ်အချိုးအစားနှင့်ဆံပင်ပုံစံအရသာ မိန်းမရုပ်ဟု
သတ်မှတ်ရခြင်းဖြစ်သည်။
ရုပ်ထုပုံစံက မိန်းမတစ်ယောက်စောင့်ကြောင့်ထိုင်ပြီး
လက်နှစ်ဘက်ကိုလည်း တံတောင်ဆစ်မှကွေးပြီး
လက်သီးဆုပ်ထောင်ထားပုံဖြစ်သည်။
ယင်းရုပ်ထုရှေ့တ ွင်အမွှေးတိုင်များ
ထွန်းထားသည်ကိုတွေ့ရသည်..။
ခက်ဇော်အောက်သို့အမြန်ပြန်ဆင်းလာခဲ့သည်…
ဆေးသေတ္တာအတွင်းတွင်တွေ့သော ဒဏ်ကြေ လိမ်းဆေးဖြင့်
သူမ၏ ခြေထောက်များကိုလိမ်းပေးဖို့ပြင်လိုက်စဉ်..
“ရှင်….ပြန်တော့..”
“ဗျာ”
“ရှင်..ပြန်တော့…ဆို”
မိမိအား ကူညီသူတစ်ယောက်ကိုအမိန့်ဆန်ဆန်အထက်စီးမှ ပြောလာသော မိန်းမချောမမ အား ခက်ဇော်
တအံတသြကြည့်မိသည်။
“ဟုတ်တယ်..ဒီအိမ်မှာက ကျွန်မတစ်ယောက်တည်းနေတာ..မသင့်တော်ဘူး”
“ဒါဆိုအစ်မ ခြေထောက်က ”
“ရတယ်..ကျွန်မ ဘာသာ ဆေးလိမ်းပြီး
ပတ်တီးစီးလိုက်မယ်..ရှင်သာပြန်”
“ကျွန်တော့်ကိုမယုံဘူးဆိုရင်လည်း
က ျွန်တော်ပြန်ပါ့မယ်..အစ်မ..ဂရုစိုက်နော်”
သူ့ကိုကူညီခဲ့သော သူ့ထက်ငယ်ပုံရသော ကောင်လေးက
ယောင်နနဖြင့်အဲ့ဒီလိုလေးပြောလာတော့သူမ
စိတ်မကောင်းဖြစ်ရပါသည်။
ကောင်လေးက အသားလတ်လတ်၊ အရပ်မြင့်မြင့်နှင့်ရွာမှာတော့
တစ်ခါမှမမြင်ဘူး..ဧည့်သည်ဖြစ်မည်.. ကောင်လေးက နှုတ်ခမ်းတေ ွတင်းတင်းစိပြီး သူ့ကိုခေါင်းညိတ်ကာ လှည့်ထွက်
သွားသည်။
ကောင်လေး မေးစေ့မှအချိုင့်လေးတစ်ခုကိုသူမ
မြင်ဖြစ်အောင်လှမ်းမြင့်လိုက်သေး၏။
စိတ်တော့မကောင်း…သူမ ဘယ်သူဆိုတာ
ကောင်လေးသိရင်ဖြင့်..ယခုလိုအိမ်ထဲတောင်ဝင်လိုက်ရဲမှာ
မဟုတ် —–။
သူမ သက်ပြင်းကို
ချရင်း —– ဒဏ်ကြေလိမ်းဆေးကိုနာနာဖိလိမ်းလိုက်သည်။

(၆)
“ဟေ…မင်း…တွေ့ခဲ့တာ..မမသုန်ပဲ…ခက်ဇော်”
“ဘာ..သူက မင်းပြောပြောနေတဲ့ မခင်သုန်ဟုတ်လား”
ခက်ဇော်အံသြသွားသည်… ဝင်းထိုက်၏ ဇာတ်လမ်းတွေထဲမှ
စုန်းမခင်သုန်သည် လှသည် လှသည်ဟု ကြားဖူးသော်လည်း..
ဒီလောက်ချောမည်မထင်ခဲ့။
ဒီမမကတော့……
” စုန်းမလေးရယ်…..
ညှိ့ချက်တွေ ပစ်ပစ်ထည့်ထားတဲ့အပင်း..
ငါ့ရင်ထဲ ဆံချည်မျှင်တွေ တင်းလှပြီ…
ဖြေမလျော့လိုက်ပါနဲ့…နှောင်တွယ်တဲ့ အရသာမှာ
ငါ ငြိနေမိ”
“ကဲ ဖီလင်တွေလျော့ဟေ့…မိုးလင်းတစ်ခွက်စီးပွားတက်.. ဒိုးမယ်ဟေ့
ဝင်းထိုက်ရဲ့ ထန်းတော မှာ. နွားနောက်သား နဲ့
ပင်ကျရည်လေး.. လာ ခက်ဇော်လစ်မယ်ကွ”
အာကာက အတင်းဆော်သြသဖြင့်သူတို့(၄)ယောက်
ထနောင်းပင်တန်းလမ်းအတိုင်း ထန်းတော ဆီသို့
ထွက်ခဲ့ကြသည်။
မနက်က မမခင်သုန်နှင့်သူတွေ့သည့်နေရာရောက်သည့်အခါ
“ဟာ.. ဟိုမှာ မနက်က မခင်သုန်လဲကျထားတဲ့ စက်ဘီး…”
ခက်ဇော်က ပြောပြောဆိုဆိုနှင့်မြေကြီးပေါ်တ ွင်
အနေအထားမပျက်လ ဲလျောင်းနေရှာသော စက်ဘီး လေးအား
သွားထူရင်း
“ဟိတ်ကောင်တွေ သွားနှင့်ကွာ… ငါ မမခင်သုန်စက်ဘီး ပြန်ပို့ပေးလိုက်ဦးမယ်”
အသံက နောက်မှ.. လူက စက်ဘီးနင်းပြီး
ခင်သုန်တို့အိမ်ဘက်ထွက်သွားခဲ့ပြီ…။
” ကလင်..ကလင်…အိမ်ရှင်တို့…အိမ်ရှင်တို့..”
စက်ဘီး ဘ ဲလ်တီးသံကြောင့်အိမ်ပေါ်ထပ်
ပြတင်းတံခါးပွင့်လာသည်။
“မင်း..ဘာလာလုပ်ပြန်တာလဲ”
“မနက်က စက်ဘီးကိုလမ်းလယ်မှာ ဒီတိုင်းလ ဲနေတာတွေ့လို့
က ျွန်တော်လာပို့တာပါ မမသုန်”
သူ့မောင်လေး အရွယ်လောက်ရှိသော ကောင်လေးက သူ့ကို
မမသုန်ဟုရင်းရင်းနှီးနှီးခေါ်လိုက်သော ကြောင့်ခင်သုန်ရင်ထ ဲ
နွေးထွေးသွားသည်။
အမေဆုံးပြီး အဖြစ်ဆိုးများ ကြုံပြီးကတည်းက ဒီရွာထဲတွင် သူ့ကို
ရင်းရင်းနှီးနှီးပေါင်းသင်းမည့်သူမရှိ..။
တစ်ရွာလုံးက ခင်သုန်နှင့်ဆက်ဆံရေးအတိမ်းအစောင်းအပွန်းအရှမရှိအောင်နေခဲ့ကြရာမှတဖြည်းဖြည်း
အဆက်အဆံမလုပ်သည့်အဆင့်ဖြစ်သွားပြီး
ခင်သုန်တစ်ယောက်တည်းအထီးကျန်ခဲ့ရသည်။
အပျိုအရွယ်ဖြစ်ကတည်းက မေးထူးခေါ်ပြောအဆင့်သာရှိကြပြီး
ရင်းရင်းနှီးနှီးပေါင်းဖော်မည့်အပျိုဖော်
မိန်းကလေးပင်မရှိခဲ့…………….။
အခုတော့……..ခင်သုန့်ကိုသူက မမသုန်တဲ့……….။
“အေး ခြံတံခါး ဖွင့်ထားတယ်”
“ဟုတ်ကဲ့…မမသုန်”
“မမသုန်…….ကျွန်တော့်ကို
အိမ်ပေါ်တက်ခွင့်တောင်မပေးတော့ဘူး လားဗျာ”
ကောင်လေးက ပြုံးရင်းမေးသည်။
သူ့အပြုံးထဲမှ သွားစွယ်လက်လက်လေးများတွင် ခင်သုန်စိတ်များအရည်ပျော်ကျ သွားရတော့၏။
ခက်လှချည်ကော……ငါ့မောင်ရယ်………..။ .
ထိုအချိန်မှစတင်ပြီး
နှစ်အတော်ကြာ မည်သူမျှ မနင်းခဲ့သည့် မခင်သုန်ရဲ့ အိမ်လေး ထ ဲကို
မန္တလေးတက္ကသိုလ်က လူငယ်လေးတစ်ယောက်
ချောင်းပေါက်အောင်ရောက်ခဲ့လေရဲ့….။
ခက်ဇော်နဲ့ ခင်သုန်တို့ရဲ့ ကြားမှ သံယောဇဉ်များက
တဖြည်းဖြည်း အရောင်ရင့်မှည့်လာကြသည်။
နဂိုကတည်းက ခင်သုန်ဇာတ်လမ်းကိုစိတ်ဝင်စားကြသော အာကာ
၊ ရဲဖြိုး နဲ့ ရွာခံဝင်းထိုက်သူ့ညီမ.. ဝင်းဝါ တို့ပါ ခင်သုန်အိမ်သို့
ဝင်ထွက်လာကြတော့သည်။
ခက်ဇော်နဲ့ အမှတ်မထင်ခင်မင်မိရာမှခင်သုန်ဘ၀
လေးစိုပြည်လာသည်ကတော့အမှန်။
တစ်ရက်—
ခက်ဇော်နဲ့ ခင်သုန်တို့ ရွာချောင်းလေးနှစ်ဘေး စက်ဘီးတ ွန်းရင်း လမ်းလျှောက်လာကြသည်.။
” မမသုန်ကိုက ျွန်တော်မေးစရာရှိလို့..”
ခင်သုန်က ခေါင်ညိမ့်ပြသည်……။
“မမသုန်က ဟိုပညာတေ ွတတ်တယ်ဆိုတာ တကယ်ပဲလားဟင်”
“မမသုန်ဘာမှမဖြေခင်…မင်းထင်တာတွေ မင်းကြားတာတေ ွ
ပြောကြည့်ပါအုံး”
“ရွာထ ဲကလူတေ ွပြောတတော့….မမသုန်ကိုမမသုန်အမေက
ဘူးသ ွင်းပြီး စုန်းပညာသင်ပေးခဲ့တာဆို”
“ဟား..ဟား….ဟား”
“ငါ့မောင်ပြောတာ တဝက်မှန်တယ်တဝက်မှားတယ်.. မမသုန်က
စုန်းပညာသည်ဆိုတာမှန်တယ်..
ဒါပေမယ့်မမ ကိုအမေက ဘူးသွင်းပြီး
စုန်းပညာပေးခဲ့တာမဟုတ်ဘူး”
“ဗျာ………….”
“ဟုတ်တတယ်…ငါ့မောင်….မင်းစုန်းတွေ အကြောင်းဘယ်လောက်သိလဲ
“ကျွန်တော်ကတော့အဲ့ဒီလောက်ပဲ သိတာပါဗျာ”
“အေး…မင်းကိုမမ အရမ်းသံယောဇဉ်ရှိလို့ ပြောပြမယ်”
+++++++++
အဲ့ ဒီနေ့ညက…………..
လကွယ်နေ့ည……….
မမ အမေ ဒေါ်ဖွားအိက မမကိုအိပ်ရာထဲက နေလာနှိုးတယ်။ ပြီးတော့အိမ်နောက်ဘေးကွက်လပ်ကို
ခေါ်သွားပြီး…….ဘူးသီးစိတ်(၁)စိတ်ကိုကျွေးတယ်…။
အမေက သူ့ပညာတွေ မမကိုပေးမလို့ ပေါ့……။
ဒါပေမယ့်အမေ အမကိုသူ့ပညာရပ်ဖြစ်တဲ့ ဆယ့်နှစ်ကြိုးအဆင့်ကို
မပေးနိုင်ခဲ့ဘူး..ဘာဖြစ်လို့လဲ ဆိုတော့…
အစ်မက ဘူးသီးစိတ်ကိုစားခါနီး မှာ……….အစ်မ ခံတွင်းက…
အလင်းရောင်တေ ထွက်လာပြီး ဘူးသီးစိတ်ဟာ လက်ထဲတင်
အရည်ပျော်သွားတယ်…………”
“ဗျာ…”
“ဟုတ်တယ်..မောင်လေး..အဲ့ဒီအခါမှာ မေမေ ဟာအရမ်းအံသြသွားတယ်… ဘာလို့လဲဆိုတော့.. အဲ့ဒီလိုအဖြစ်မျိုးဟာ..စုန်း ကေ၀ ဇော်ဂနီဆိုတဲ့
အဆင့်တေွ ရှိတဲ့ထဲက မွေးရာပါ စုန်းအဆင့်(၁၂)ကြိုးလုံး ပါလာခဲ့တဲ့
ဝမ်းတွင်း စုန်း ဖြစ်နေလို့ပဲ”
ခက်ဇော် ပါးစပ်အဟောင်းသား။
“ဟုတ်တယ်…မမ ဒီပညာကိုတတ်မြောက်နေတယ်ဆိုတာ ၁၃
နှစ်သမီးလောက်ကတည်းက သိနေခဲ့တာ………… ဒါကိုမေမေ
လုံး၀ မရိပ်မိခဲ့ဘူး…. မမစိတ်ထ ဲမှာ လူတစ်ယောက်ကို
မကျေနပ်လို့ စိတ်ထ ဲက ကျိန်စာတိုက်ပြီး
စိုက်ကြည့်လိုက်တယ်ဆိုတာနဲ့ အဲ့ဒီသူမှာ
ကျိန်ဆဲတဲ့အတိုင်းမဖြစ်တောင်တစ်ခုခုဖြစ်တော့တာပဲ..။
ဒီတော့ဝမ်းတ ွင်းစုန်းဆိုတာ အမိဝမ်းထ ဲက လာကတည်းက
သူတစ်ပါးအကျိုးယုတ်စေဖို့တန်ခိုး တစ်ခုပါလာတဲ့
လူတစ်မျိုးပဲ……….
မမ ဒီဘ၀ ကိုစိတ်ကုန်တယ်…….. မမဒေါသကြောင့်လူတွေ ဒုက္ခရောက်တာမြင်တိုင်း စိတ်ဆင်းရဲရ တယ်…………..
အဲ့ဒီ ပညာရပ်ကြောင့်ပဲ မမကိုလူ့ပတ်ဝန်းကျင်က
ဖယ်ကြည်ခြင်းခံခဲ့ရတယ်… ဒီဝဋ်ကြွေး ကြီး ကုန်ဖို့ နည်းလမ်းကို
လည်း မမ မသိဘူး……….”
“ဒါဆိုမမ စုန်းပညာ ဆိုတာ ဘူးသွင်းရင်သွင်း မသွင်းရင်
ဝမ်းတွင်းပါဖြစ်ဒါမှမဟုတ်ရင်သင်ယူလို့ မရဘူးပေါ့”


‘ ဝမ်းတွင်းစုန်း ဆိုတာ စုန်းပညာသည်တစ်သိန်း မှာ
တစ်ယောက်ပါခဲတယ်…စုန်းပညာကိုအစက သင်ယူမယ်ဆို
အဆင့်တွေ အများရှိတယ်…..သူတစ်ပါးကိုအစာထဲ
အပင်းသ ွင်းပြုစားတ ဲ့ပညာ ရွာသူအဆင့်၊ သူတစ်ပါးကိုနာနာရုပ်နဲ့
တိုက်ခိုက်ရတဲ့အတိုက်အဆင့်……. သူတစ်ပါးကို
အောက်လမ်းပစ္စည်းတေ ွနဲ့ တိုက်ခိုက်ပြုစားရတ ဲ့ပြုစုန်းအဆင့်..
ညသန်းခေါင်း အညစ်အကြေးတေ ွကိုစားပြီးမှကိုယ့်တန်ခိုးကို ရယူတဲ့ကျင်းစားအဆင့်.. အ ဲ့ဒီကနေ
ဆယ့်နှစ်ကြိုးအဆင့်အထိ……..ကျော်ဖြတ်ပြီးမှ
ကဝေ..ဇော်ဂနီအဆင့်အဆင့်ဆင့်ကိုဖြတ်ရမယ်…..မောင်လေး..”
‘ပြီးတော့စုန်းပညာရပ်ကိုစသင်ပြီဆိုတာနဲ့ (၁) သရဏံဂုဏ်
တည်ခွင့်မရှိတော့ဘူး (၂) တည်ပြီးသာ သရဏံဂုံလည်းပျက်စီးမယ်
(၃) ကိုယ်မိရိုးဖလာ ဘာသာဘုရားတွေ အစား
ဇော်ဂနက်မယ်တော်ကြီးကိုသာ ပသကိုးက ွယ်ရမယ်….
အဲ့ဒီအတွက်စုန်းတွေ ရဲ့ လားရာဟာ မဟာအဝိစီပဲ….”
“ကျွန်တော်စုန်းပညာ သင်ချင်တယ်…………မမသုန်”
“ဟင်……………”
ခင်သုန်က ခက်ဇော်ကိုအံသြတကြီး စိုက်ကြည့်လိုက်သည်— ။

ခက်ဇော်
အပိုင်း(၃) ဇာတ်သိမ်းပိုင်း မနက်ဖန်ဆက်တင်ပေးပါမည်၊

Leave a Comment