အငြိုး

” အငြိုး “(စ/ဆုံး)
+++++++++

(၁)

တစ်ဖွဲဖွဲရွာနေသောမိုးက သည်းသည်းထန်ထန်ကြီးမဟုတ်ပဲတစ်နေကုန်စွေနေမယ့်သဘောရှိသည်။
ဒီလိုအချိန်မျိုးအပြင်ထွက်ဖို့မပြောနဲ့ ထပင်မထချင်စောင်လေးခြုံပြီးကွေးနေတာ အကောင်းဆုံး။
စိတ်ကူးနဲ့ ကွေးကောင်းနေတုန်း
“သာမောင် ရေ သား ထထ”
မေမေ့အော်သံကြောင့် စိတ်အတော်ညစ်သွားရသည်။
ကွေးကောင်းတုန်းကို။
“ဘာဖြစ်တာလဲဗျ”
“”အေးမှုံ …အေးမှုံရယ် လေ ကလေးမမွေးနိုင်ပဲ မီးတွင်းထဲ ဆုံးပြီတဲ့””
“”ဗျာ…မေမေ..ဟုတ်လားဗျာ
မေမေနောက်နေတာမှလား ဗျာ”
“ဒါနောက်စရာလားသားရယ် ကလေးမလေးသနားပါတယ်ကွယ်”
— သူမဝေးလှသောအတိတ်ဆီအတွေးရောက်သွားရသည်။
အေးမှုံ.. ရွာရဲ့အလှလေး…ခြူချင်သူတွေဝိုင်းဝိုင်းလည်နေတဲ့ထဲမှာမှ သူ့လိုအညတရကောင်ကိုရွေးချယ်ခဲ့သည်။
အစထဲက မယုံမရဲ ရှိခဲ့တာပါ။
နောက်တော့လည်း တကယ်ပင် ဒီရွာရဲ့ တောသူဌေး “အောင်ဘ”ကိုရွေးချယ်သွားခဲ့သည်။
သူ၀မ်းသာပေးခဲ့ပါတယ်။
ချစ်သူဘဝကောင်းစားတာပဲ့လေ။
ချစ်သူပျော်ရင်ပျော်ပေးပြီးဝေးဝေးက ကျေနပ်ခဲ့ပါတယ်။
အေးမှုံကို စချစ်ကတည်းက ပိုင်ဆိုင်လိုမှုဆိုတဲ့ လောဘနဲ့ မဟုတ်ခဲ့ပါ။
ခုတော့…ခုတော့…
“အေးမှုံ.. .ရယ်”
“သား…သား…”
မေမေခေါ်လိုက်မှ သူသတိပြန်၀င်လာသည်။
“သားရယ် သွားကူလိုက်ပါဦးကွယ်…
ဒီညပဲ့..သုသာန် က ဇရပ်ကို ထုတ်မှာတဲ့ မီးတွင်းထဲ သေတာ အစိမ်းသေနဲ့မခြားဘူးလေ
မနက်မှ သဂြိုလ်မှာ ဆိုတော့ အလောင်းစောင့်ဖို့
အစောင့်လိုမှာ….သားရင်ထဲက ခံစားရတာတွေမေမေနားလည်ပါတယ်ကွယ်.
အေးမှုံရဲ့ နောက်ဆုံး ခရီးမှာ အကောင်းဆုံးဖြစ်ပါစေကွယ်””
သူလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
အေးမှုံလက်ထပ်သွားတယ် ဆိုတုန်းကတောင် ဒီလောက်မခံစားရပါ။
နင်ပျော်နေခဲ့တာ မဟုတ်ဘူးလား အေးမှုံရယ်…
သာမောင်ရောက်တော့ အလောင်းကို ပုဆိုးနဲ့ ထုပ်ထားပြီးပြီ။
အေးမှုံယောကျာ်း…အောင်ဘ..က
အမူးကိုမပျက်…
မျက်နှာကြီးနီရဲဖောင်းအက်နေလေသည်။
“အေ့…ဝေါ့…အေးမှုံ မိန်းမ..အချစ်လေးရေ
နင့်ရည်းစားဟောင်း အချစ်ဦးကြီး လာပြီလေ
ထကြည့်စမ်းပါဟ”
“အောင်ဘ မူးနေရင်လည်းအေးဆေးနေကွာ ခုသေတာ မင်းမိန်းမပါ
မကူရင်မနှောင့်ယှက်ပါနဲ့”
ကာလသားခေါင်း ကို ငွေစိန်က မာန်မဲလိုက်တော့ ဒီကောင် ပါးစပ်ပိတ်သွားသည်။
“ကဲ..ကဲ..သယ်ကြကွ”
အလောင်းကိုပုဆိုးထဲ ထုပ်တုတ်နဲ့ ထိုးလျိုပြီးသယ်တာ တော်တော်နဲ့ မကြွ…
လေးလိုက်တာ….
အလောင်းသယ်ရာ လမ်းတစ်လျှောက်ခွေးတွေကလည်း
အရမ်းအူ၍ လိုက်ပါလာကြသည်။

” အူ—ဝူး—ဝူ—”

အလောင်းမထမ်းရသော ကာလသားတွေက ကညင်ဆီမီးတိုင်တွေနဲ့ နံဘေးမှ ၀န်းရံလိုက်ကြသည်။
ရွာပြင်သင်္ချိုင်းနဲ့ ရွားက တစ်နာရီနီးပါးသွားရသည်။

သင်္ချီုင်းရောက်တော့ အလောင်းကို ဇရပ်ပေါ်တင်တာ
ဇရပ် တစ်ခုလုံး ကညင်ဆီမီးတွေ ထွန်းလိုက်ကြသည်။
မိုးက တစ်ဖွဲဖွဲ ဆိုပေမယ့် ​​မြေသား
​လမ်းမို့ ဗွက်ပင် ထချင်နေပြီ။
လူကြီးတစ်ချို့က….
ဘာသာရေး နှင့်သံဝေဂ စကားတွေ ဟောပြောနေကြသည်။
ကာလသားတစ်ချို့က အသင့်ယူလာသော တောချက် ပုလင်းကလေးများဖြင့်နှပ်နေကြသည်။

ည၁၂နာရီ—
အလောင်းစောင့် သူများမှာ …တစ်ခုခု မှိုင်းမိသလို ဇရပ်ပေါ်တွင် အတုန်းအရုန်းအိပ်ပျော်ကုန်ကြသည်။သာမောင် အပါအ၀င်ပေါ့။
ဒါပေမယ့် လူကသာအိပ်နေတာသာမောင့် မျက်စိထဲ တွင်

ပတ်၀န်းကျင် တစ်ခုလုံး..ရုပ်ရှင်ပိတ်ကားတစ်ခုနှယ် မြင်ယောင်နေလေသည်။
ရုတ်တရက်–
အေးမှုံရဲ့ အလောင်းကောင် ဆီမှ လှုပ်ရှားလာသည်။
သူလည်းထထိုင်လိုက်သလိုရှိသည်။
“”သာ….မောင်….
နင်…နင်..က ငါ့ကို…သစ္စာ ဖောက်တယ်ထင်မှာပေါ့
ငါ့အမေ အလောင်းအစား မက်တယ်ဆိုတာ နင်သိမှာပါသာမောင်
အဲ့ဒါဖဲကြွေးတွေ အောင်ဘဆီမှာ တင်တယ်
အကြွေးမဆပ်နိုင်တော့
အောင်ဘကို…ငါလက်ထပ်ရတယ်…
ဒီလူက ငါ့ကို အချောင်ရလို့သာ ယူလိုက်တယ်
ကြုံရင်ကြုံသလို ခြေရှုပ်တဲ့ကောင်ပါ
…ငါ.ကိုယ်၀န်ရလာ…တာလည်း..နင်နဲ့
အမျိုးမျိုးရိုးစွပ်ပြီး ငါ့ကို နှိပ်စက်တယ်
..ဒါကြောင့်ငါ..ခုလိုသေရတာ
ခု..နင့်အတွက်ရော..ငါ့အတွက်ပါ ..ငါတစ်ခုခု..လုပ်တော့မယ်…နင်ငါ့နောက်လိုက်ခဲ့ပါ…..””
သာမောင်မှာ အိပ်မက်ယောင်သလို မျိုး ထလိုက်လာသည်။
ပါးစပ်က တားချင်ပေမယ့်စကားတို့က ထွက်မလာ။
အေးမှုံအလောင်းကောင်ကြီးသွားရနောက်သာ အစဉ်တစိုက်လိုက်နေသည်။

မိုးကဖွဲတုန်း။….
သွားရင်းပင် အောင်ဘတို့ အိမ်ရှေ့ရောက်လာသည်။
အေးမှုံမှာ လှေကားထက် လှမ်းတက်ပြီး တစ်ခန်း၀င်တစ်ခန်းထွက်ဖြင့် လိုက်ရှာရာ
ဟောက်သံထွက်နေသော အောင်ဘ အခန်းရှေ့ရောက်တော့ တွန်းဖွင့်၀င်လိုက်သည်။တံခါးက မင်းတုတ်ထိုးထားမထားလားမသိ။
အသာလေးပင်ပွင့်သွားသည်။
..အောင်ဘမှာ အိပ်နေရာမှ အေးမှုံကို မြင်လိုက်သည်နှင့်
“”သရဲမအေးမှုံ ..နင်..နင်..သွား””
“”နင့် အလှည့်….တော့..ကြောက်တယ်ပေါ……..
ငါ…တို့…ချစ်ခြင်းကိုခွဲတယ်….ငါ့ကိုမတရားသိမ်းပိုက်တယ်…ငါ့ကိုနှိပ်စက်တယ်……..သေပေတော့…””
အေးမှုံမှာ ခြောက်ကပ်ကပ် အသံဖြင် ပြောလည်းပြော ကာ အောင်ဘကို လည်းပင်းမှ မချီကာ ဂုတ်ချိုးပစ်လိုက်လေသည်။…….
ညသန်ခေါင်ယံမှာ အောင်ဘ၏ အသံနက်ကြီးက လွမ်းမိုးသွားလေသည်။
“အား—–”
သာမောင်မှာ အိပ်မက်လို လိုအပြင်မှာ လိုလိုနှင့် တစ်ကိုယ်လုံးလေးလံ ပြီး ကြောက်လန့်တကြားရုန်းကန်သော်လည်း နိုးထ၍မရပါ။

+++++++++++

ပဌာန်းရွတ်သံတို့ကနားစည်ထဲ နီးလာလိုက်
ဝေး ထွက်သွားလိုက် လည်ချောင်းထဲခြောက်သွေ့ပြီး
ရေ အရမ်းဆာလာတာမို့
””ရေ…ရေ..ရေ..ပေးပါ””
“”ဟယ် သာမောင် သတိရလာပြီ””
“”သား…သား…သတိရလာပြီ””
”ရော့…ရော့…ဒီမှာ ရေသောက်လိုက်”
အားလုံးတစ်ယောက်တစ်ပေါက်ဆူညံသွားရသည်။”ကျွန်တော်…ကျွန်တော်…ဘာဖြစ်တာလဲ”
“”မင်း..အေးမှုံအလောင်းစောင့်ရင်းနဲ့ နိုးမလာတာ ဒီနေ့ဆို သုံးရက်ပဲ့”””
သူကြီးက ၀င်ပြောလေသည်။

“”အောင်–ဘ–ကရော””


“”အောင်ဘ ဆုံးရှာပြီ—
ထူးဆန်းတာက သေခါနီး…ရုပ်ပျက်ဆင်းပျက်ပဲ့
လူသတ်တရားခံမတွေ့သေးပေမယ့်
ခြေရာတွေတွေ့ တယ် ထူးခြားတာက
အေးမှုံအလောင်းစောင့်တဲ့ည ကအားလုံးအိပ်ပျော်သွားကြတယ်
မနက်အတော်လင်းမှ နိုးလာကြတာ
အေးမှုံရဲ့ ခြေထောက်မှာ ရွံတွေ ခြေမျက်စိထိ ပေနေတယ်
ပြီးတော့ ပြုံးယောင်သန်းနေသလိုပဲ့
ဒီမှာတင် ရွာထဲမှာ
အောင်ဘဆုံးကြောင်းသတင်းပို့လာတယ်
အဖြစ်ပျက်က မယုံနိုင်စရာပဲ့”””
သာမောင်က သူဖြစ်ပျက် တွေ့ကြုံသမျှကိုအား
လုံးရှင်းပြလိုက်သည်။
အဖြစ်ပျက်က မယုံနိုင်စရာပေမယ့်
အရာအားလုံးက တိုက်ဆိုင်ဖြစ်ပျက်သွားကြသည်။

+++++++++

အေးမှုံ
အသက်(၂၅)နှစ်

မြေဖြူခဲဖြင့်လျှော့တိလျော့ရဲရေးထားသော
မြေစာပုံပေါ်တွင် နှင်းဆီပန်းတစ်စည်းတင်လိုက်သည်။
” အငြိုးကြီးလိုက်တာ
အေးမှုံရယ် ဝဋ်ကြွေးရှိခဲ့ရင်ဒီဘ၀မှာပဲ့ ထားခဲ့ပါကွယ်
နင်ပျော်မယ်လို့ထင်ခဲ့လို့
ဥပက္ခာ ပြုခဲ့ လိုက်တာ
ငါ့ကို ခွင့်မလွှတ်ပါနဲ့ အေးမှုံရယ်
ရောက်ရာ ဘ၀မှာနင်အေးချမ်းပါစေအေးမှုံရယ်”
မြေစာပုံတစ်ဝိုက်မှ အမှိုက် တွေရှင်းလင်းပြီး
သုသာန် ကို ကျောခိုင်းထွက်လာခဲ့လိုက်သည်။
ယောကျာ်းရင့်မာကြီးဖြစ်ပေမယ့်
မျက်၀န်းမှမျက်ရည်စတွေနဲ့
ထိုသူကား
သာမောင် —။

မူရင်းရေးသားသူအားလေးစားလျက် Crd;ပေးပါသည်။

Leave a Comment