ထမင်းလုံးအပင်း

” ထမင်းလုံးအပင်း ” (စ/ဆုံး)
+++++++++++
ကျွန်တော်တို့ရွာမှာဗျာ အပင်းသွင်းတယ်ဆိုပြီး ပြောလေ့ရှိခဲ့ပေမယ့် ကြားဖူးနားဝဇာတ်လမ်းထက်မပိုခဲ့ဘူး။
အခုကျွန်တော်အလုပ်လုပ်နေတဲ့ နယ်စပ်မြို့လေးမှာတော့ ဒီအပင်းသွင်းတဲ့ကိစ္စကို ကြုံတွေ့ရတော့တာပဲဗျ။
ဖြစ်ပုံကဒီလို။ ကျွန်တော့အလုပ်ရှင်လင်မယားက တရုတ်မြန်မာ ကပြား။ ယောကျာ်းနာမည်က ကိုဟုတ်စိန်၊ မိန်းမနာမည်ကမအေးမြင့်တဲ့။
သူတို့လင်မယားက တစ်ဖက်နိုင်ငံက မွေ့ရာ၊စောင်၊အိပ်ရာခင်း စတာတွေကို မြန်မာပြည်ထဲပြန်
ဖြန့်ချီတဲ့အလုပ်လုပ်တယ်။ကျွန်တော်ကတော့အလုပ်ကြမ်းသမားပေါ့။ တစ်ဖက်ကနေကုန်တင်
ကားကြီးနဲ့ပစ္စည်းတွေရောက်လာတိုင်း ပစ္စည်းတွေချ၊ ဂိုဒေါင်ထဲပို့ပေါ့ဗျာ။ ပြီးရင် အနယ်နယ်အရပ်ရပ်ကဖောက်သည်ဆိုင်ကြီးတွေဆီပို့တော့လည်း ဂို
ဒေါင်ထဲကပြန်ထုတ်၊ ကားဂိတ်သွားတင်ပေးရတဲ့အလုပ်လို့ဆိုပါတော့။
ဒီလိုနဲ့ တစ်ရက်ကြတော့ကိုဟုတ်စိန်ကနေမကောင်းဘူးဆိုပြီး အိမ်ထဲကအပြင်မထွက်တော့ဘူး။ ဒီနေရာမှာပြောချင်တာက
အလုပ်ရှင်အိမ်နဲ့ ဂိုဒေါင်ဟာ တဝင်းထဲတခြံထဲ။ ခြံဝိုင်းကအတော်ကျယ်တယ်။တ
ခြားအလုပ်သမားတွေကအလုပ်ဂိုဒေါင်ဘေးမှာနေကြပေမယ့် ကျွန်တော်ကတော့ မနေဖြစ်ခဲ့ဘူး။
ကျွန်တော့မိန်းမနဲ့ကလေးတွေလည်းရှိလို့ တခြားမှာငှါးနေတာပေါ့။ ကဲဆက်ပြောရရင်တော့ ကိုဟုတ်စိန်ကို
မတွေ့မမြင်ရတာ တစ်လလောက်ကြာသွားခဲ့တယ်။ သူ့မိန်းမကလည်း မျက်နှာသိပ်မကောင်းလို့ ဘာမှမမေးမိဘူးပေါ့ဗျာ။
တစ်နေ့ကြတော့မအေးမြင့်က ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်း ကိုမောင်စိုးကိုခေါ်ပြီး အကူအညီတောင်းပါလေရော။
ကိုဟုတ်စိန်က လွန်ခဲ့တဲ့တစ်လလောက်ကစပြီး ဗိုက်ကြီးတဖြည်းဖြည်းပူလာတာ မနှိုင်းကောင်းနှိုင်းကောင်း ကိုးလလွယ်လို့ဆယ်လဖွားတော့မယ့်
ဗိုက်ကြီးသည်လိုဖြစ်နေတယ်တဲ့ဗျ။ ဆေးပညာအရ အသည်းခြောက်တယ်လို့ယူဆလို့ ဆေးရုံဆေးခန်းပြပေမယ့်
ထူးထူးဆန်းဆန်းအသည်းခြောက်တဲ့အဖြေလည်းမထွက်ခဲ့ဘူးတဲ့။ ဘယ်လိုအကြောင်း
ကြောင့်ခုလိုဖြစ်မှန်းအဖြေရှာမရလို့ သူကတော့ တစ်ယောက်ယောက်များပြုစားထားသလားပေါ့ဗျာ။ အဲ့ဒါကျွန်တော်တို့သိတဲ့ နားလည်တတ်ကျွမ်း
တဲ့သူများရှိမလားလို့မေးတယ်။ အရင်ကသူကြားဖူးတယ်ပေါ့။ကျွန်တော်တို့အချင်းချင်းပြောနေတာကို။ ပညာနဲ့ပြုစားရင်
ကုသပေးတယ်ဆိုတာဟုတ်လားလို့မေးလာတယ်။
ကျွန်တော်တို့လည်းသေချာတော့မပြောနိုင်ဘူးပေါ့။ တကယ်လို့ကုသချင်တယ်ဆိုရင် ကျွန်တော်တို့ရွာကဘုန်းဘုန်းက
တော့စွမ်းတယ်လို့ပြန်ပြောပြလိုက်တယ်။ မအေးမြင့်က ဒါဆို သူတို့ကိုလိုက်ပို့ပေးပါ
တဲ့။ ကုန်ကျစရိတ်အားလုံးသူတာဝန်ယူပါ့မယ်ဆိုလာတော့ ရွာလည်းပြန်ချင်နေတဲ့ ကျွန်တော်ခေါင်းညိမ့်လိုက်တာပေါ့။
ပြောမယ့်သာပြောတယ်။ ရွာကဘုန်းဘုန်းကရှိသေးလား၊ မရှိတော့ဘူးလားသေချာမသိဘူး။ ရွာကိုတစ်ခါဖုန်းပြန်ဆက်စုံစမ်းပေါ့ဗျာ။
ဘုန်းဘုန်းလည်းရှိတယ်ဆိုတော့ အကျိုးအကြောင်းလျှောက်တင်ခိုင်းပြီး သွားလိုက်ကြတော့တယ်။
မအေးမြင့်ကလူမသိစေချင်လို့ မနက် ၃နာရီလောက်အိမ်ကထွက်ရတာဗျ။ အဲ့ဒီမနက်မှပဲ ကိုဟုတ်စိန်ကိုသေချာမြင်တွေ့ရတော့တာပဲ။
တကယ်ပဲဗျာ။ သူ့ဗိုက်ကြီးကပူနေတာများ မွေးခါနီးဖွားခါနီးလိုကိုဖြစ်နေတာပဲဗျ။ သူ့သူတောင်မနိုင်ချင်ဘူး။
ကျွန်တော်နဲ့ ကိုမောင်စိုးက တွဲခေါ်ရတယ်။ ကားပေါ်မှာတစ်လမ်းလုံး ဗိုက်နာတယ်၊ ဗိုက်နာ
တယ်အော်လာတာ ကြည့်ပြီးစိတ်မကောင်းတောင်ဖြစ်မိတယ်ဗျာ။မအေးမြင့်က ကိုဟုတ်စိန်ဗိုက်ကိုပွတ်သပ်ပေးရင်း
သူ့ခမျာလည်းတော်တော်ပင်ပန်းရရှာတာပဲ။ ဒီလိုနဲ့ လမ်းမှာတစ်ညအိပ်ပြီးနောက်နေ့
ညနေခင်းမှာရွာကိုရောက်လာတယ်။ ရောက်တာနဲ့ ဘုန်းကြီးကျောင်းကိုအရင်သွားကြတာပေါ့။
ဘုန်းဘုန်းက ကျွန်တော်တို့ဖက်မှာနာမည်ကြီးပဲ။ ပရောဂနိုင်တယ်ဆိုပြီးနာမည်ကျော်ကြားတယ်။သူများ
တွေလို ငါကိုင်တုတ်ပြီးကုတာမျိုးမဟုတ်ဘူးဗျ။ မေတ္တာနဲ့ပဲကုသပေးတယ်။ ဘုန်းဘုန်းရဲ့ဆေးနည်းကတော့ ဘုရားရေပဲ။
ကိုဟုတ်စိန်ရဲ့ဗိုက်ကို ဘုန်းဘုန်းကလက်လေးနဲ့သပ်ချကြည့်တယ်။ပြီးတော့ မေးတယ်။ လုပ်ငန်းခွင်မှာ၊
ပတ်ဝန်းကျင်မှာ မတည့်မခေါ်တဲ့သူရှိလားတဲ့။ မရှိပါဘူးပေါ့။ ပြောမယ့်သာပြောတာမဟုတ်ဘူး။ ကျွန်
တော့အလုပ်ရှင်လင်မယားက စိတ်သဘောကောင်းတဲ့သူတွေထဲပါတယ်။ ကိုယ့်အလုပ်သမားတွေကို ကျွေးချိန်တန်ကျွေးတယ်၊
လစာဖြတ်တာတွေသိပ်မရှိသလောက်ပဲ။ နောက်ပြီးနှစ်ကူးချိန်ဆို ရော့အင့်
ဆိုပြီး မုန့်ဖိုးတွေပေးတတ်သေးတယ်။ ညဆိုင်းဆင်းရရင်လည်း ပိုက်ဆံကပေးပြီးသားပဲ။ ပတ်ဝန်းကျင်နဲ့လည်းသင့်မြတ်တယ်။
ရန်ငြိုးရန်စဝေးလို့ မတည့်တဲ့သူခပ်ရှားရှားရယ်ဗျ။ ဘုန်းဘုန်းက စဉ်းစားပြီး ဒါဆိုသူရေမန်းတိုက်မယ်
ဒကာကြီးသောက်လိုက်ဆိုပြီး ရေမန်းလေးတိုက်လိုက်တာ ဆယ်မိနစ်လောက်ကြာတော့ ကိုဟုတ်စိန်က
လူးလှိမ့်လာတော့တယ်။ ဗိုက်ထဲကအရမ်းပူတယ်ဆိုပြီးအော်ဟစ်နေတော့တာပဲ။
ချွေးသီးချွေးပေါက်တွေကျလို့။ သူ့ကိုကြည့်ရတာ မီးစနဲ့ထိုးသလိုပူပြီးနာနေပုံရတယ်။ ဘုန်းဘုန်းလည်း ဘာမှမဖြစ်ဘူးပေါ့။
ရေမန်းဆက်သောက်ရမယ်ဆိုပြီးထပ်တိုက်တယ်။ ကိုဟုတ်စိန်ကမသောက်ချင်တော့ဘူး။ ရေမန်းသောက်ရင်ပူတယ်လို့ပြောတယ်။
ဘုန်းဘုန်းကသောက်ပါဒကာကြီး၊ ရေကလူအတွက်ဘာအန္တရာယ်မှမဖြစ်ပါဘူးဆိုတော့မှ ရေမန်းတစ်ခွက်ထပ်သောက်တယ်။
နောက်ဆယ်မိနစ်ကြာတဲ့အခါ ကိုဟုတ်စိန်က ဘုန်းကြီးကျောင်းပေါ်အရမ်းလူးလှိမ့်နေပြီ။ ဗိုက်ထဲကအရမ်းပူတယ်
မနေနိုင်တော့ဘူးဆိုပြီးတော့ အင်္ကျီတွေပါချွတ်ပစ်တယ်။ ဘယ်လောက်ထူးဆန်းလဲဗျာ။ သူ အင်္ကျီချွတ်တော့ သူ့ဗိုက်ကိုအထင်းသားတွေ့ရတာပဲ။
ဝမ်းဗိုက်ပြင်တစ်ခုလုံး အနီစက်တွေပေါ်လာတာဗျ။ အားလုံးလည်းထိတ်လန့်နေကြပြီ။ အနီစက်တွေ
က တဖြည်းဖြည်းရုပ်လုံးပေါ်လာတာပဲ။ အစက်သေးသေးလေးကနေဆန်စေ့ပုံတွေလိုပြောင်းသွားတယ်ဗျ။
ကိုဟုတ်စိန်ကသူ့ဗိုက်ကိုဖိဖိပြီး ပူတယ်၊ပူတယ် အော်နေတုန်း ဘုန်းဘုန်းက ရေခွက်ထဲရေမန်းထည့်ပြီးတော့
သင်္ကန်းစကိုရေခွက်ထဲစိမ်လိုက်တယ်ဗျ။ ပြီးတော့သင်္ကန်းစကိုရေညစ်ပြီး ကိုဟုတ်စိန်ဝမ်း
ဗိုက်ပေါ်အသာလေးတင်ပေးလိုက်တာ မကြာဘူး ရေစိုနေတဲ့သင်္ကန်းစဟာ ရေတွေခြောက်သွားတယ်ဗျာ။
ဘုန်းဘုန်းလည်းအဲ့လိုထပ်ခါတလဲလဲထပ်လုပ်ရင်း ပါးစပ်ကလည်းဘုရားစာတွေရွတ်ဖတ်နေတယ်။ရေမန်းတွေစိုနေတဲ့ သင်္ကန်းစဟာ တဖြည်း
ဖြည်း ရေခြောက်တာနှေးသွားပြီး ကိုဟုတ်စိန်ရဲ့ဗိုက်ပေါ်က ဆန်စေ့ပုံအနီစက်လေးလည်းတဖြည်းဖြည်းပျောက်လာတာပဲ။ နောက်တော့ အနီစက်တွေလုံးဝ
ပျောက်သွားတဲ့အချိန် ကိုဟုတ်စိန်က အရမ်းအန်ချင်တယ်လို့ပြောတယ်။
ဘုန်းကြီးကျောင်းသားတစ်ယောက်က ကြွေရည်သုတ်ထားတဲ့ထွေးခံကိုယူလာပေးတော့ အဲ့ထဲအန်ချလိုက်တာ
ထမင်းလုံးတွေ ညိုပုပ်ပုပ်အရောင်တောင်ထွက်နေတယ်ဗျာ။ ထွေးခံတစ်ဝက်ပြည့်သွားတယ်။
ကြည့်နေရင်း စက်ဆုပ်ရွံ့စရာကောင်းတာတော့အမှန်ပဲ။ ဒါပေမယ့်လည်း စူးစမ်းချင်တော့ သည်းခံပြီးဆက်ကြည့်နေမိတာပေါ့။
ထမင်းလုံးတွေအားရအောင်အန်ချပြီး မောသွားလို့ခွေခွေလေးလဲနေတဲ့
ကိုဟုတ်စိန်ကို ဘုန်းဘုန်းကရေမန်းထပ်တိုက်တယ်။ ရေမန်းသောက်ဖို့ထထိုင်လိုက်တော့ ဘယ်လောက်ထူးဆန်းလဲဗျာ။ ကိုဟုတ်စိန်ရဲ့ဗိုက်ကြီးက ဖောင်း
ကားမနေတော့ဘူး။ ဒါပေမယ့် ဗိုက်ဖောင်းထား
တဲ့အရှိန်ကြောင့် အပြင်အရည်ခွံကြီးကပျော့တွဲကျနေတယ်။ ပြောရရင် ပူစီပေါင်းတွေလေလျော့သွားပေမယ့် လေနဲ့ဖောင်းထားတဲ့အရှိန်ကြောင့် ပျော့တွဲနေသလိုမျိုး။
ရေမန်းသောက်ပြီးချိန်မှာတော့ ကိုဟုတ်စိန်လည်းတော်တော်လေးလန်းသွားပြီ။ ဒါပေမယ့် အားမရှိသေးဘူး။
မောနေပုံရတယ်။ ဘုန်းဘုန်းက ရေမန်းပုလင်းကြီးပေးလာတယ်ဗျ။ နေ့တိုင်းသောက်ရမယ်
ပေါ့။ ပညာဓါတ်ကအရှိန်ကျန်နေသေးတော့လော
လောဆည်အရှင်းမပျောက်နိုင်သေးဘူးတဲ့ဗျ။ စဖြစ်တဲ့နေ့ကနေ ဒီနေ့ထိ ရက် ၃၀ ဗိုက်ဖောင်းထားရင် ရေမန်းကိုလည်းရက် ၃၀ ပြည့်အောင်သောက်ရမယ်
ဆိုတယ်။ ကိုဟုတ်စိန်နဲ့ မအေးမြင့်ကတော့ဝမ်းသာမဆုံးပေါ့။ အဲ့ဒါနဲ့ ဘယ်သူကများပြုစားသလဲလို့ဘုန်းဘုန်းကိုမေးတဲ့အခါ
ဘုန်းဘုန်းကမဖြေဘူး။ မေတ္တာသာပို့သဖို့မှာလိုက်တယ်။ တစ်ခုသိခဲ့တာက
ပြုစားတဲ့သူက ကိုဟုတ်စိန်ကိုထမင်းကျွေးခဲ့တယ်ဆိုတာပဲ။ အဲ့ဒါနဲ့ကျွန်တော်တို့လည်းရွာမှာတစ်ညအိပ်ပြီးပြန်လာကြတာပေါ့။
မအေးမြင့်ကတော့ ဒီကိစ္စကိုတနုံ့နုံ့နဲ့ကျေနပ်ပုံမရဘူးဗျ။ သူ့ယောကျာ်းခံစားရတာဆိုတော့လည်း မကျေနပ်နိုင်ဘူးဖြစ်နေရှာတာပေါ့။
အပြန်လမ်းမှာ ကိုဟုတ်စိန်ကိုမေးတယ်။ လွန်ခဲ့တဲ့တစ်လကဘယ်သူ
ကျွေးတာစားခဲ့လဲပေါ့။ ကိုဟုတ်စိန်ကလည်းတိ
တိကျကျမမှတ်မိဘူး။အပေါင်းအသင်းများတော့ ဟိုလူကကျွေးချင်ဒီလူကမွေးချင်မလား။ ဟိုလူနိုးနိုးဒီလူနိုးနိုး ယုံထင်ကြောင်ထင်ပေါ့။
တိတိကျကျမဖြေနိုင်နေဘူး။ မအေးမြင့်ကလည်း သိချင်ရင်မရဘူး။ လူစာရင်းတောင်းတော့တာပဲ။ ကိုဟုတ်စိန်က မှတ်မိသလောက်ပြန်ပြောပြတယ်။လူစာရင်းထဲမှာ ထမင်း
ကျွေးတဲ့သူက ၆ယောက်လောက်ရှိနေတယ်။ ဒီလူထဲကတော့သေချာနိုင်တယ်ပေါ့။ ၆ယောက်ထဲက အနီးစပ်ဆုံးကိုခန့်မှန်းကြည့်ကြတယ်။
ဖြစ်နိုင်ချေတွေကနဲနေပြန်ရော။ အားလုံးကဆွေမကင်းမျိုးမကင်းတွေချည်း။ ဒီလိုမကောင်းတဲ့ပညာနဲ့ ပြုစားဖို့ဆိုတာဖြစ်နိုင်ချေနဲလွန်းနေတယ်။
ဒီလိုနဲ့အဖြေမပေါ်ဘဲပြန်လာခဲ့ကြတာပေါ့။
အိမ်ပြန်ရောက်တဲ့အခါ ကိုဟုတ်စိန်ကတော့ အပြင်သိပ်မထွက်တော့ဘူး။ အလုပ်မှာလည်း မအေးမြင့်ပဲလာထိုင်တော့တယ်။
တစ်ညနေခင်းကြတော့ မအေးမြင့်အပြင်ခဏသွားတုန်း ကိုဟုတ်စိန်က ပျာယာပျာ
ယာနဲ့အိမ်ကနေထွက်သွားတာတွေ့လိုက်တယ်ဗျ။ ကျွန်တော်တို့လည်း လိုက်မစူးစမ်းရဲဘူး။ အလုပ်ရှင်မလား။
ဖာသိဖာသာပဲနေနေလိုက်ကြတယ်။ အဲ့ဒီအချိန်မအေးမြင့်ကလည်း ပြုန်းစားကြီးပြန်ရောက်
လာပါရော။ ကိုဟုတ်စိန်အပြင်ထွက်သွားတာ သူမသိသေးဘူး။ အလုပ်ခုံမှာထိုင်ပြီး စာရင်းစာအုပ်နဲ့ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတာ။
ကိုဟုတ်စိန်ပြန်လာတော့ မအေးမြင့်ကခုံမှာရောက်နေပြီဆိုတော့ အိမ်ထဲဝင်ရဲပုံမရဘူး။ အိမ်အပြင်အကွယ်ဖက်ကနေ ကျွန်တော့ကိုလက်ယက်ခေါ်နေတယ်။
ကျွန်တော်လည်း ခိုးကြောင်ခိုးဝှက်နဲ့ ထွက်လာရတာပေါ့။ ကိုဟုတ်စိန်က သူ့မိန်းမကိုအပြင်ပထုတ်ချင်တယ်တဲ့။
သူအပြင်ထွက်တာသိလို့မဖြစ်ဘူးလို့ပြောတယ်။ မအေးမြင့်ကလည်းအပြင်ထွက်မယ့်ပုံ
မပေါ်ဘူး။ အိမ်ထဲဝင်ဖို့က အလုပ်ဆိုင်ခန်းနေရာကဝင်ရင်ဝင်၊ ဒါမှမဟုတ် နောက်ဖေးပေါက်ကဝင်မှရတယ်။
ကျွန်တော့ကိုနောက်ဖေးတံခါးဖွင့်ပေးဖို့ အကူညီတောင်းပါလေရော။ အိမ်ထဲမရောင်မလည်နဲ့ဝင်
ပြီးနောက်ဖေးတံခါးသွားဖွင့်ရတာပေါ့ဗျာ။ နောက်မှကျွန်တော်သိရတာ ကိုဟုတ်စိန်မှာ မယားငယ်လေးရှိတယ်ဆိုတာပဲ။
မယားငယ်နဲ့တွေ့ဖို့ခိုးထွက်တာ၊ မအေးမြင့်က ထမင်းလုံးအပင်းကိစ္စဖြစ်ပြီးကတည်း
ကအိမ်အပြင်ပေးမထွက်ဘူးဆိုပဲဗျ။ ဒါကြောင့် ခိုးထွက်ပြီးသွားတွေ့တာပဲ။ အပြင်ခိုးထွက်ပြီးမကြာဘူး၊
ကိုဟုတ်စိန်ဗိုက်ကြီးထပ်ပူလာလို့ ကျွန်တော်တို့ရွာကိုထပ်သွားရပြန်ရော။ အဲ့ဒီအခါမှထမင်းလုံးအပင်းသွင်းတဲ့သူက မယားငယ်လေးမှန်းသိရတာ။
မယားငယ်ကသူ့ကိုယူဖို့ပြောတာ ကိုဟုတ်စိန်ကမယူနိုင်သေးဘူးဆိုလို့ အသေလုပ်တာတဲ့ဗျာ။
ပထမတစ်ခါကမအောင်မြင်လို့ အခုတခါထပ်လုပ်တာ၊ အခုတစ်ခေါက်တော့တော်တော်ဆိုးဆိုးပဲ။ ဗိုက်
ကြီးပူရုံမကဘူး၊ နှုတ်အာစေးမိထားသလိုစကားလည်းကောင်းကောင်းမပြောနိုင်တော့ဘူးလေ။ ဘုန်းဘုန်းလည်း တစ်ပတ်လောက်ကုသပေးလိုက်
ရတယ်။ အရင်တစ်ခါ ထမင်းလုံးညိုပုပ်ပုပ်အ
ရောင်၊ အခုတခါမှာတော့ မည်းမည်းကြီးတွေထွက်လာတယ်။ လျှာလေးအာလေးဖြစ်သွားလို့ တော်
တော်ကြာစကားမပြောနိုင်ဘူး။ တစ်လလောက်
ကြာမှ အရင်လိုပြန်ကောင်းလာတော့တာ။
ကိုဟုတ်စိန်ကို ထမင်းခေါ်ကျွေးပြီးအပင်းထည့်လိုက်တာပဲ။ ဒါကိုမသိတဲ့ကိုဟုတ်စိန်က မယားအငယ်လေးပြောသမျှယုံပြီး စားသောက်မိရာက
ခုလိုအပင်းမိတာပဲဗျ။ မယားငယ်လေးကလည်း စွမ်းတယ်ဆိုရမယ်။ ၂ခေါက်လုံးသေလုမျောပါးဖြစ်အောင်လုပ်နိုင်တာကိုး။
နှစ်ခါဆိုတော့ဘုန်းဘုန်းလည်း သူ့ဆီပညာအလှူခံလိုက်ရတယ်။ဒ ါကိုမလှူဘူးငြင်းသေးတာ။ ဝင်ပူးကပ်ပေးတဲ့ကလေးမလေးက ဒေါနဲ့မောနဲ့ ပြောနေတယ်။
” ငါ့ကိုယူမယ်ကတိပေးပြီး မယူဘူး— အသက်ပေးမှကျေနပ်မယ် ”
တဲ့။ ဘုန်းဘုန်းကမေတ္တာနဲ့ဖြန်ဖြည်ပေးတဲ့အခါမှ ဒါဆို လက်ထပ်မယူရင်လည်းသူ့အတွက်တစ်ခုခုတော့ပြန်ပေးမှကျေနပ်ပါမယ်ဆိုတော့လောက်လောက်
လားလားမှမဟုတ်ရင် မရဘူးလို့ထပ်ပြောသေး
တယ်။ မအေးမြင့်က တစ်ခုခုပေးပါမယ်လို့ကတိခံ
မှ ကျေနပ်သွားတယ်ဗျ။ နောက်တော့ကျွန်တော်ကြားရတာက မယားငယ်ကိုနစ်နာကြေးခြံဝိုင်းလေးတစ်ခု ဝယ်ပေးလိုက်သလိုကြားလိုက်တာပဲ။ ဟုတ်
မဟုတ်တော့မသိပေမယ့် သူတို့လည်းဒီကိစ္စကြီးကို လူသိမခံချင်ဘူးထင်တယ်။
ကျွန်တော်တို့လည်းမေးမနေတော့ပါဘူး။ ကိုဟုတ်စိန်ကတော့ အဲ့ကိစ္စဖြစ်ကတည်းက အိမ်ထဲအိမ်ပြင်ကို မထွက်တာနှစ်ချီသွားတယ်။
နောက်မှ တစ်လတစ်ခါလောက်ထွက်ရင်း ခုတော့လည်း သွားလိုက်
လာလိုက်လုပ်နေပါပြီ။ ကျွန်တော်တို့ရတဲ့သင်ခန်းစာကတော့ သူများကျွေးတိုင်းမစားရဲတော့ဘူး။ ဘာမှတော့မဟုတ်ဘူးပေါ့။
စားရမှာရှိန်သွားတာ။ မတတ်သာလို့စားရရင်လည်း စားဦးစားဖျားကိုဘေးဖယ် ပြီးစားတာအကျင့်တစ်ခုလိုဖြစ်နေပါပြီ။စားဦးစား
ဖျားဖယ်ရင်အပင်းသွင်းမရဘူးလို့ပြောကြတာကိုး။ ထမင်းလုံးအပင်းတော့ကြောက်မိပါရဲ့ဗျာ။

သော်တာလမင်းစန္ဒာ

Leave a Comment