သရဲပေတိုး

” သရဲပေတိုး ” (စ/ဆုံး)
မူရင်းရေးသူ- – – ဆရာတာတေ
+++++++++++
ကျုပ်တို့ရွာက ထနောင်းကုန်းလေ။ အရှေ့မြောက်ဘက်မှာ
ငွေသားကုန်း၊ဘန့်ဘွေးကုန်းဝက်စု၊ ငွေတွင်းကုန်းဆိုတဲ့
ရွာရှိတယ် ။ အရှေ့ဘက်မှာတော့ ကျားဟုန်းရွာရှိတယ် ။
အနောက်ဘက်မှာတော့ ရွာသစ်တို့ ဆရာမနိုင်တို့ရှိတယ် ။
ကျုပ်တို့ ထနောင်းကုန်းသူကြီးက လွှတ်စိတ်တိုတဲ့သူကြီးပါ
ဗျာ။ ကျုပ်တောင်တခါက ထိပ်တုံးခတ်ခဲ့ရသေးတယ်ဗျ ။
ခိုင်းစရာများရှိရင်တော့လူလွှတ်ပြီး မတွေ့တွေ့အောက်ရှာခိုင်း
တက်ပါ့ဗျ ။အခုတလော ကျုပ်ဘယ်မှသိပ်မသွားဖြစ်ဘူး အိမ်မှာ
ပဲခြေငြိမ်နေတယ်။ နေကလဲပူပါ့ဗျာ အောက်ပြည်မှာမိုးရွာပေမဲ့
ကျုပ်တို့အညာဘက်ကို မိုးဖွဲလေး တခါနှစ်ခါလောက်ပဲရောက်
သေးတယ်ဗျ ။ ကျုပ်လဲထမင်းစားပြီးထဲက ဝိုင်းထဲက
မန်းကျည်းပင်ကြီး အောက်ခင်းထားတဲ့သစ်သားကွပ်ပျစ်ပေါ်မှာ
ဝါပိုးခြမ်းကလေး ခေါင်းအုန်းပြီး အိပ်နေတာဗျို့ ။
မီးညှိထားတဲ့နဂါးဆေးပေါ့လိတ်ကလေးကို တစ်ဖွာနှစ်ဖွာ ဖွာ
လိုက်ချထားလိုက်ပေါ့ဗျာ။ကျုပ်အတွက် စည်းစိမ် ဆိုလို့ဒါလေးပဲ
ရှိတာလေ။
“ဟာ – တာတေတို့ကတော့ဇိမ်ရှိပါ့ကွာ ငါ့တို့ဘန့်ဘွေးကုန်းမှာ
တော့ ပေတိုး ဒုက္ခပေးလို့ ညဘက်တောင် ကောင်းကောင်း
မအိပ်ရဘူးဟေ့”
ဝိုင်းပေါက်ဝကအသံကြားလို့ ကျုပ်လဲဆက်ကနဲ
ခေါင်းထောင်ကြည့်လိုက်တော့ –
” ဟာ ကိုစိန်သောင်းပါလား လာလေဗျာ”
ကိုကြီးစိန်သောင်းဆိုတာ ဘန့်ဘွေးကုန်းက အရီးမကြည်
်ရဲ့သားအကြီးဗျ ။ အသက်က၄၀ကျော်ရှိပြီအခုထိအိမ်ထောင်
မကျသေးတဲ့ လူပျိုကြီးဗျာ။
“ရော့ ဆေးလိပ်သောက်ဦး အမောပြေပေါ့”
လို့ပြောပြီး ကျုပ်နဂါးဆေးပေါ့လိတ်ကိုမီးညှိပေးလိုက်တယ် ။
“နို့ နေပါအုန်းဗျာ ခုနကကိုကြီးစိန်သောင်းပြောလိုက်တဲ့ဘာတဲ့
ဘယ်သူ ဒုက္ခပေးနေတာတုံး”
“ဟာ – မင်းမကြားသေးဘူးလားတာတေရ”
“ဟင် – ဘာတုံး ကျုပ်ဘာမှမကြားမိဘူးဗျာ အခုတလော
ကျုပ်ဘယ်မှ မရောက်ဖြစ်ဘူးလေဗျာ”
” ဟေ အံ့ပါကွာ၊မင်းလောက်န့ှံစပ်တဲ့ကောင်က ပေတိုးသတင်း
ကိုမကြားတာ”
“ဗျာ ဘယ်သူ ပေတုံးဟုတ်လား”
”ပေတုံး မဟုတ်ပါဘူးတာတေရ ပေတိုးပါ”
“ပေတိုးဟုတ်လားကိုကြီးစိန်သောင်း နို့ နေပါအုန်းဗျာ။
ဒီကောင်က ဘယ်သူ့သားတုန်း ဘာတွေ ဒုက္ခပေးနေလို့လဲ”
“ဟေ့ကောင်တာတေရ ပေတိုးကဘယ်သူ့သားမှမဟုတ်ဘူးကွ
ရွာတို့ရွာသားလည်းမဟုတ်ဘူး လူလဲမဟုတ်ဘူးကွ”
“နို့ – ဘာတုန်းဗျာ”
“သရဲကွ သရဲ သရဲပေတိုး”
“ဟင် သရဲဟုတ်လား ကိုကြီးစိန်သောင်း”
“အေး ဘယ်ကရောက်လာတဲ့သရဲမှန်းမသိပါဘူးကွာ ရွာထဲမှာ
ဟိုအိမ်ဝင်ပူး ဒီအိမ်ဝင်ပူးနဲ့”
“ဟာ ဟုတ်လားဗျာ”
“အေး ဟုတ်တယ်တာတေရ မိန်းမတွေကိုပူးတာများတယ် ဝင်
ပူးရင်လဲတစ်အိမ်လုံး ဗြောင်းဆန်အောင်ခုန်ပေါက်ပြီးဆူနေ
တာကွ ပြီးတော့သူဝင်ပူးတဲ့အိမ်တွေက အမဲသားချက်တဲ့အိမ်
တွေကြီပဲ နောက်ဆုံး အိမ်သားတွေက အမဲသားနဲ့ထမင်း
အဝကျွေးတော့မှ ပြန်ထွက်သွားတာ”
“ဟင် ဒါဆို ဒီသရဲကဘယ်အိမ်မှာအမဲသားချက်တယ်ဆိုတာ
သိနေလို့ပေါ့ဗျာ”
“အောင်မလေး သိတာမှဘယ်လောက်သားချက်တယ်ဆိုတာ
အစသိနေတာဟေ့ -အခုတော့အမဲသားမချက်လဲဝင်ဝင်ပူးပြီး
ဝယ်ချက်ကျွေးခိုင်းတာကွာ လူတွေလဲသူ့ဒဏ်ကိုတော်တော်
ခံနေရတယ်ကွ”
“ကိုကြီးစိန်သောင်းတို့ ဆရာတွေဘာတွေမရှာဘူးလား”
“အစကတော့ ဘုန်းကြီးပင့်ပြီးရွာထဲမှာပရိတ်လေးဘာလေး
ရွတ်တာပေါ့ကွာ ဒါလောက်နဲ့မရဘူးကွတာတေရ အဲတော့မှ
ဆရာရှာရတာပေါ့ တာတေရ။ ငါအဲဒါလာပြောတာကွ
မနက်ဖြန်ဆို မြို့က ဆရာတယောက်ရောက်လိမ့်မယ်။
ဆရာပွားတဲ့ ပယောဂတော့လွှတ်နိုင်တယ်ဆိုပဲ။
အဲဒါမနက်ဖြန်ကြရင်မင်းလာခဲ့ကွာ —
မင်းကအတွေ့ကြုံရှိတော့ နည်းနည်းဝေဖန်လို့ရတာပေါ့ ။
ရွာကသူတွေလဲ မင်းကိုခေါ်ခိုင်းလို့ငါလာခေါ်တာကွ”
“သြော် ဒီလိုလား ဟုတ်ပြီလေ မနက်ဖြန်မနက်ပိုင်းထဲကကျုပ်
ထွက်လာခဲ့မယ်”
“ဟာ ဒါဆိုနေရာကျပြီပေါ့ကွာ။မနက်ဖြန်ဆက်ဆက်လာနော် ငါ့
အိမ်ကိုပဲလာခဲ့ ငါစောင့်နေမယ်”
ကိုစိန်သောင်းနဲ့မတွေ့တာကြာတော့ နှစ်ယောက်သား
စကားပြောလိုက်ကြတာညနေစောင်းမှပြန်သွားတယ်—
နောက်နေ့ နေသိပ်မပူခင် ကျုပ်ဘန့်ဘွေးကုန်းကိုလာခဲ့တယ် -။
ဘန့်ဘွေးကုန်းရောက်တော့ကိုကြီးစိန်သောင်းအိမ်ပဲတန်း
သွားခဲ့တယ်။
“ဟာ တာတေလာပြီဟေ့ — လာ — တာတေ လာ
ငါမင်းကို စောင့်နေတာကွ”
ကျုပ်ကကိုကြီးစိန်သောင်းအိမ်ခုံတန်းလျားဝင်ထိုင်လိုက်တယ်–
“တာတေဘာစားခဲ့တုန်း”
“စားပြီးပြီကိုကြီးစိန်သောင်း ညကချက်သားဟင်းကျန်တာနဲ့
ထမင်းကြမ်းစားခဲ့တယ်။ စား စား ကိုကြီးစိန်သောင်းတို့စားကြ”
“ငါတို့ကစားပြီးပြီ မင်းကိုစောင့်နေတာ”
“ဟဲ့တာတေ။ နင်လဲပျောက်ချက်သားကောင်းလိုက်တာအခုမှ
ပေါ်လာတယ်”
“ဟုတ်တယ်အရီးရ ၊ ကျုပ်လဲဘယ်မှမရောက်ဖြစ်ဘူး
အိမ်မှာအဘကနေမကောင်းတော့ကျုပ်ပဲ ယာထဲဆင်းနေရတာ
အရီးရောနေကောင်းရဲ့လား”
“အေး အခုတော့နေကကောင်းပါတယ်။
ဟိုတလောကဖျားလို့ ဆေးထိုးဆရာခေါ်ရသေးတယ်”
“အင်းပေါ့ အရီးရယ် အရီးတို့ကအသက်ကလေးကလဲရလာပြီ
မှတ်လား”
“ဟုတ့်ပါဟယ်။ဒါနဲ့နင့်အကို ပြောပြလို့တို့ရွာအကြောင်း
သိပြီးပြီလား”
“ဟုတ်ကဲ့အရီး”
“ဒီလိုဟဲ့ ရွာလယ်ပိုင်းကအုန်းဖူးတို့အုန့်ညွတ်တို့ ညီအကို
ကင်းကျတဲ့ညကပေါ့ ။အရိပ်မည်းမည်းကြီးအရိပ်တွေ့လိုက်ကြ
တယ်ဆိုပဲ ။သစ်ပင်အောက်မှာ ရိပ်ခနဲ ရိပ်ခနဲ ဟိုပြေးကပ်
လိုက် ပြေးထွက်လိုက်ဆိုပဲ နောက်နေ့ကစပြီး လူတွေကို ဝင်
ပူးတော့တာပဲ တာတေရေ”
“ဒါနဲ့နေပါအုန်းကိုကြီးစိန်သောင်းရ အဲ့သရဲ နာမည်ကို ပေတိုး
လို့ဘယ်သူပေးတာတုန်းဗျ”
“ဟာ တာတေကလဲ သရဲကိုဘယ်သူကနာမည် မှည့်မှာတုန်း
ကွ။ဝင်ပူးပြီးသူ့ဟာသူပြောတာဟေ့ ။ ဝင်ပူးလိုက်ပြီဆိုတာနဲ့
ငါ့နာမည်ပေတိုးတဲ့ဟေ့ ငါ့ကိုအမဲသားချက်ကျွေး တစ်ပိသာ
မကျွေးရင် ဒီကောင်မကို သတ်ပစ်မယ်ဆိုပြီးပြောတာကွ။
ပြီးရင်ဘယ်လိုမှနှင်လို့မရဘူး နောက်နေ့ချက်ကျွေးပါ့မယ်ဆို
တော့မှထွက်သွားတာ နောက်နေ့ ထမင်းနဲ့သွားကျွေးရတယ်”
“ဟင် – ဘယ်ကိုသွားကျွေးရတာတုန်း”
“ရွာအနောက်ဘက်က လက်ပံပင်ကြီးအောက်မှာ
သွားကျွေးရတာ”
“ကျွေးတော့စားလားဗျာ”
“စားတာမှ ထမင်းရောဟင်းရောပြောင်နေတာပဲ”
“အင်; ဒီသရဲကတော့တော်တော်မလွယ်ဘူးပဲ”
“ဟုတ်တယ်တာတေရ အခုလာမဲ့ဆရာကိုအခြေအနေကြည့်ရ
မှာပဲ”
“ဗျို့ ဦးစိန်သောင်း ကျုပ်အဘကခေါ်ခိုင်းလိုက်လို့မြို့ကဆရာကြီး
ဆိုတာရောက်နေလို့ အခုလာခဲ့ပါတဲ့”
“ဟေ့ မောင်ကျော်ပါလား -၊ ဦးစိန်သောင်းတို့အခုလိုက်ခဲ့မယ်
မင်းသွားတော့ ”
“သြော် ဆရာပွားရောက်ပြီလား ။သွားကြစို့
အခု ဘယ်အိမ်မှာလဲ”
“အဘဦးညီလေးတို့အိမ်မှာကွ၊ ခုနက လာခေါ်တာအဘ
ဦးညီးလေးရဲ့မြေး အကြီးကောင်ချက်ကြီးရဲ့သားကွ”
ကိုကြီးစိန်သောင်းနဲ့ကျုပ်တို့ရွာထဲကိုထွက်လာခဲ့တယ်။
ဘိုးညီလေးတို့ကရွာအရှေ့ပိုင်းမှာကျုပ်တို့ဝိုင်းထဲဝင်လိုက်တော့
“လာဟေ့ စိန်သောင်း၊အောင်မယ် တာတေလဲရောက်နေတာ
ကိုး လာကြဟေ့ လာကြ၊မင်းတော့ပွဲကြီးပွဲကောင်းကြည့်ရအုန်း
မယ်တာတေရေ”
ကျုပ်လဲပြုံးပြီး ဘိုးညီလေးတို့အိမ်ပေါ့တက်လိုက်တယ်။
ဘိုးညီလေးတို့အိမ်ကခြေတံရှည်ပေမဲ့ အောက်ထပ်မှာလဲ
အပြည့်ခင်းထားတာဗျ ။ကျုပ်အိမ်ထဲကိုလှမ်းကြည့်လိုက်တော့
နှုတ်ခမ်းမွှေးကားကားကြီးနဲ့ သျှောင်စထုံးထုံးထားတဲ့ လူကြီး
တယောက်ဘုရားစင်ရှေ့မှာထိုင်နေတာကိုတွေ့လိုက်ရတယ်။
“ကဲ လာ စိန်သောင်းရော၊ တာတေရော ဘုရားခန်းကို
လာခဲ့ကြဒီမှာဆရာပွားနဲ့စကားလေးဘာလေးပြောရအောင်”
ကျုပ်တို့လဲဆရာကြီးရှေ့မှာရိုရိုသေသေထိုင်လိုက်တယ်။
“ဆရာကြီးရေ ဟောဒီသူငယ်ကမောင်တာတေတဲ့ ၊ ဟိုဘက်
ရွာမှာနေတာ ကျုပ်တို့တူလိုသားလိုပါပဲဗျာ။ပြီးတော့တာတေက
ဗဟုသုတ တအားကြီးတဲ့သူငယ်ဗျ။ဆရာကြီးတို့လိုဆရာတွေ
နဲ့လဲမကြာခဏလိုက်ပြီးကူညီဖူးတယ် သတ္တိကလဲ
ဲလွှတ်ကောင်းတာဗျ”
“သြော် ဟန်ကျတာပေါ့။ မောင်တာတေ – ဒီရွာမှာဝင်ပြီး
သောင်းကျန်းနေတဲ့ကောင်ကိုလွယ်လွယ်နဲ့နှင်ထုတ်လို့မရရင်
တော့ ခဲရာခဲဆစ်နှင်ရမှာပဲ အဲဒီလိုဆိုရင်တော့မောင်တာတေ
ရဲ့အကူညီ ယူရလိမ့်မယ်ကွဲ့။ဘယ်နှယ့်လဲမောင်တာတေ
ကျုပ်ကိုကူညီမယ်မှတ်လား”
“ဟာ ကူညီမှာပေါ့ဆရာကြီးရာ။ တစ်ရွာလုံးကိုလိုက်ပြီး
ဒုက္ခပေးနေတဲ့ဒီကောင်ကို ကျုပ်ကလဲလုပ်ချင်နေတာပါဗျ”
“အေး ဟန်ကျပြီပေါ့ကွာ”
“ဟော ဆရာကြီးရေ နတ်ကတော်စိန်ခင်တော့ပါလာပြီဗျို့–
ဟဲ့စိန်ခင်လာခဲ့ ဒီကိုသာတန်းဝင်လာခဲ့”
စိန်ခင်ဆိုတာညှိညှိတုတ်တုတ်ဗျ ။ ရုပ်ကလဲခပ်ကြမ်းကြမ်းထဲ
ကပဲ။ဘုရားစင်ရှေ့မှာကျုံ့ံကျုံ့ ကလေးထိုင်ပြီးဘုရားရှင်ခိုးတယ်
ပြီးတော့ဆရာပွားကိုပါကန်တော့တယ် ။
“ကဲညီလေးရေ ကောင်မလေးရောက်ပြီဆိုတော့ကျုပ်တို့အလုပ်
စကြရအောင်”
ဆရာပွားက ယောဂီရောင်ပုဝါလေးကိုခေါင်းမှာ
ပေါင်းလိုက်တယ။် ပြီးတော့ဘုရားစင်မှာမတ်တပ်ရပ်ပြီး
အမွေးတိုင်တွေဖယောင်းတိုင်တွေထွန်းတယ။် ပြီးတော့
ဘုရားရှစ်ခိုးတယ်။ ဆရာပွားဘုရားရှစ်ခိုးနေတုန်းမှာပဲ ရွာထဲက
လူတွေရောက်လာကြတယ်။ဘိုးညီလေးအိမ်ကြီးထဲကိုပြည့်
သွားရောဗျ။ ဆရာပွားဘုရားရှစ်ခိုးတဲ့အသံကအတော်
ကျက်သရေရှိတယ်ဗျ ။ ကြားရတဲ့လူတိုင်းစိတ်ထဲမှာ
အေးသွားတာပဲ။ဘုရားရှစ်ခိုးနေတဲ့အသံကိုနားထောင်ကြည့်
ယုံနဲ့တင် သီလ သမာဓိတော်တော်ရှိတယ်ဆိုတာသိသာတယ်
ဗျ ။ဘုရားရှင်ခိုးပြီးတော့ မေတ္တာပို့တယ။် ပြီးတော့သူ့ရဲ့သီလ
ကို သစ္စာဆိုတယ်။ ကျုပ်ဖြစ်စိတ်ထဲမှာအားရလိုက်တာဗျာ ။
“ကဲ ကလေးမလေးစိန်ခင် လက်အုပ်ချီ ဘုရားကိုဦးတိုက် စိတ်
ကိုလျော့ထားပေတော့”
စိန်ခင်လဲ ဆရာပွားခိုင်းတဲ့အတိုင်းလုပ်တယ်ဗျ ။
“အရှေ့နေထွက် အနောက်နေဝင် တောင်တံငါကွန်
မြောက်ဓူဝံ အတွင်းတိမ်ခြင်း၊ ရှောင်ခြင်း ၊ခိုခြင်း ၊
ကပ်ခြင်းမပြုစေရ ဘယ်သူကမှလဲဟန့်တားထားခြင်းမပြုရ
ကျုန်ပ် ဆရာပွားအမိန့်ပြန်တယ်။သရဲပေတိုး ရောက်ရာအရပ်
ကအမြန်ရောက်လာစေ — အခုချက်ချင်းရောက်လာရမယ်
ငါဆရာအမိန့်ကိုအာခံခြင်းမပြုရ”
ဆရာပွားက စိန်ခင်ကိုအကဲခတ်ကြည့်တယ်ဗျ ။ကျုပ်ရော
ကိုစိန်သောင်းရော ရောက်လာတဲ့လူတွေရော
အကုန်ဝိုင်းပြီးကြည့်ကြတယ် ။စိန်ခင်ကတော့လှုပ်တောင်
မလှုပ်ဘူးဗျ
“ပေတိုး အခုလာခဲ့ – သင်လာမလား မလာဘူးလား – ငါဆရာ
အမိန့်အခုချက်ချင်း ငါ့ရှေ့ရောက်လာခဲ့”
ဆရာပွားက စိန်ခင်ကိုအကဲခတ်ရင်းအမိန့်ထပ်ပေးတယ်ဗျ။
စိန်ခင်ကတော့လှုပ်တောင်မလှုပ်ဘူး
“အင်း ဒီကောင်ကတော်တော်ခေါင်းမာတဲ့ပုံပဲဗျ
ကျုပ်ခေါ်တာမလာဘူးဗျ ကဲတွေကြသေးတာပေါ့ကွာ”
ပြောပြောဆိုဆို ဆရာပွားက ဘုရားစင်ရှေ့လှည့်ုပီးတိုင်တည်
တယ် ။သစ္စာပြုတယ်။ဒီသစ္စာ မှန်ပါက သူ့ကိုအထက်ဆရာများ
က ဝိုင်းဝန်းကြပါလို့တောင်းဆိုတယ်ဗျ ။
“အဘဆရာတို့ ဒီသရဲပေတိုးဟာ ကောင်းကောင်းမွန်မွန်နေ
ထိုင်တဲ့ ဒီဘန့်ဘွေးကုန်းက ရွာသူ ရွာသားတွေကိုသက်သက်
မဲ့လာပြီးနှောက်ယှက်နေပါတယ် ။အခုကျုပ်အမိန့်ပြန်တာကိုလဲ
ပမာပခန့်ပြုပြီးရောက်မလာပါဘူး။
အဘဆရာတို့ကိုယ်တိုင် ဒီအရှေ့ရောက်အောင်ပို့ပေးကြပါဗျ”
“ဟင်း – ဟင်း – ဟင်း”
ဟောလာပြီဗျို့ စိန်ခင်တကိုယ်လုံး တွန့်လိမ်ကောက်ကွေးပြီး
ပါးစပ်ကလဲမကျေမနပ်အသံကြားနဲ့—
ဟင်းဟင်း နဲ့ကြိမ်းဝါးနေတာဗျ ။လူတွေလဲ ရှဲခနဲဖြစ်သွားပြီး
နောက်ဆုတ်တဲ့သူကဆုတ်သွားတယ်။
“ဟေ့ ငါ့အရှေ့အခုရောက်လာတာဘယ်သူတုန်း”
” ပေတိုးကွ — ပေတိုး မင်းဘာလုပ်ချင်လဲပြော”
စိန်ခင်တကိုယ်လုံး ယိမ်းထိုးနေတယ်ဗျ။
ဒါပေမဲ့ ပါးစပ်ကထွက်လာတဲ့အသံကြီးက
ယောကျာ်းအသံကြီးဗျ –
“မင်းက ငါ့ကိုများမလေးမခန့်နဲ့ ငါလုပ်လိုက်ရင်တော့
့နာတော့မယ်”
“ဟားဟားဟား မင်းလားငါ့ကိုလုပ်လို့ရမှာ။
ငါကသီပေါမင်း ပါတော်မမူခင်ထဲကသရဲဖြစ်နေတဲ့ကောင်ကွ
ငါက မင်းတရားအမိန့်ခံပါးကွက်အာဏာသားကွ။
သိသလား။ငါသရဲဖြစ်တာ နှစ်ပေါင်း၅၀၀ကျော်နေပြီ။
မင်းလို ဆရာလောက်တော့နည်းနည်းမှကိုမမူဘူးကွ”
“သြော်ဒီလိုလား ပါးကွက်သားပေတိုးတဲ့။အဘတို့ကိုယ်တိုင်
ဒီပါးကွက်သား ပေတိုးကို ကြိုးအမြန်တုတ်ပေးကြပါတော့”
“ဟာ”
လာကြည့်တဲ့လူတွေအော်လိုက်ကြတာများကျုပ်လဲ
အံ့သြသွားတာဗျ။ စိန်ခင်ချက်ချင်းလက်နှစ်ဖက်ကိုနောက်ပြန်
ကြိုးတုတ်သလိုဖြစ်သွားတာဗျ ။အောင်မာရုန်းနေသေးတယ်။
တကယ့်ကိုကြိုးနဲ့တုတ်ထားသလိုဖြစ်နေတာဗျ ။ဆရာပွားက
ဘုရားစင်မှာထောင်ထားတဲ့သူ့ရဲ့ကြိမ်လုံးကို လှမ်းယူလိုက်
တယ်။ ပြီးတော့ သူ့နှုတ်ခမ်းမွှေးကိုသပ်ပြီး ကြိမ်လုံးကိုလေထဲ
မှာရိုက်လိုက်တယ်
“ရွမ်း”
“အောင်မလေးဗျ”
“ရွမ်း”
“အောင်မလေးဗျ”
“ဟာ လေထဲမှာရိုက်တာနဲ့ထိတယ်ဟေ့ ”
ကျွတ်စိ ကျွတ်စိ အသံတွေထွက်လာတယ။် ဟုတ်တော့လဲ
ဟုတ်သားဗျ။ကြိမ်လုံးကို လေထဲရိုက်ရုံနဲ့ ပေတိုးကြီးအော်နေ
တာထူးတော့လဲထူးဆန်းတယ်။ဆရာပွားကအရိုက်ရပ်လိုက်
ပြီးပြောတယ်ဗျ။
“ပါးကွက်သားပေတိုး– သရဲပေတိုး နင် ဒီရွာကထွက်သွားရ
မယ် အဘဆရာတွေရဲ့အမိန့်– ငါ့အမိန့်ဟေ့ ကြားလား”
ပေတိုးကပြန်မပြောဘူးဗျ ငြိမ်နေတယ်
“ရွမ်း”
“အား”
“ရွမ်း”
“အား”
ဆရာပွားကကြိမ်လံးုကိုလေထဲမှာထပ်ရိုက်လိုက်တယ် ။
ဆရာပွားနောက်တချက်ရိုက်မလို့ကြိမ့်လုံးကိုရွယ်လိုက်တဲ့
အချိန် “ဖြိုတ်” ကြိုးတချောင်းပြတ်သွားတဲ့အသံကြီးဗျ ။
လူတွေအံ့သြပြီးကြည့်နေတုန်းမှာ “ဒုန်း” “ဟာ စိန်ခင်လဲ
သွားပြီ လဲသွားပြီ” လူတွေဝိုင်းအော်ကြတယ်။
နတ်ကတော်စိန်ခင်ထိုင်နေရာနေ နောက်ကိုဒုန်းခနဲလဲကျသွား
တာဗျ ။
“ပေတိုးကြီးဘယ်ရောက်သွားတာတုန်း”
“ထွက်သွားတာနေမှာပေါ့။ စောစောကကြိုးပြတ်တဲ့
အသံကြီးကြားလိုက်သားပဲ။တုတ်ထားတဲ့ကြို့းကိုဖြတ်ပြီးပြေး
တာနေမှာပေါ့”
“ဟေ့ အားလုံးငြိမ်ကြစမ်းတယောက်တပေါက်တဲ့ဆူနေတာပဲ”
ဘိုးညီလေးထအော်လိုက်မှငြိမ်သွားတယ်။ ဆရာပွားကသူရဲ့
ရေစင်ပုလင်းထဲက ရေနဲ့စိန်ခင်မျက်နှာကိုထောက်လိုက်တယ်
“အင်း”
ဟောစိန်ခင်သတိရလာပြီ။မျက်လုံးကြီးပြူးပြီးဟိုလူ့လိုက်ကြည့်
ဒီလူလိုက်ကြည့်နဲ့ ပြီးတော့ လဲနေရာက နေ ပြာပြာသလဲ
ထထိုင်ပြီးရှက်ကိုးရှက်ကန်းနဲ့လူတွေလိုက်ကြည့်နေတယ်
“ဒီကောင်မလွယ်ဘူးဗျ ကျုပ်နည်းလမ်းရှာအုန်းမယ်”
ဆရာပွားကဘိုးညီလေးကိုပြောတယ်ဗျ ။ စိတ်ထဲမှာလဲ
တော်တော်ခံပြင်းနေပုံရတယ်
“ဟုတ်ပါတယ်ဆရာကြီး ဆရာကြီးပညာကိုကျုပ်တို့
အံ့မခန်းပါပဲ”
“ကဲ ဘိုးညီလေးရေ ရွာသားတွေကိုပြန်လွှတ်လိုက်ပေတော့
့ကျုပ်လဲဘုရားရှစ်ခိုးပုတီးစိတ်လိုက်အုန်းမယ် –
ပြီးတော့မှအကြံလေးဘာလေး ထုတ်သေးတာပေါ့ဗျာ။
ဒီကောင်အစွမ်းလဲကျုပ်တို့သိပြီပဲလေ။ဘယ်လိုလုပ်ရမလဲဆို
တာနည်းလမ်းတွေ့မှာပါဗျာ”
ဘိုးညီလေးကရွာသားတွေကိုအလုပ်လုပ်စရာရှိပြန်လုပ်ကြ
ဖို့လွတ်လိုက်တယ်။စိန်ခင်ကိုတော့ ဘိုးညီလေးရဲ့ချွေးမက
အိမ်ပေါ်ခေါ်သွားတယ် ။ဘုရားခန်းမှာကျုပ်ရယ် ဆရာပွားရယ်
ဘိုးညီလေးရယ် ကိုစိန်သောင်းရယ်ပဲကျန်ခဲ့တယ။
် ဆရာပွား ရေနွေးကြမ်းနှစ်ခွက်သောက်ပြီးငြိမ်နေတယ်ဗျ
“အင်း ကျုပ်သိပြီဗျ။ ဒီညတော့မလုပ်သေးဘူး ။ပြင်ဆင်စရာ
ရှိသေးတယ်။ မနက်ဖြန်ညမှပဲလုပ်တော့မယ် –
ကဲမောင်တာတေရေ ကျုပ်ကိုတော့မင်းကူညီမှာဖြစ်မှာနော်
မနက်ဖြန်ညနေစောင်းလောက် ဒီကိုရောက်အောင်ပြန်
လာခဲ့ကွာ”
“ဟာ စိတ်ချဆရာကြီးကျုပ်ပြန်လာခဲ့မယ် ။
ကဲကိုကြီးစိန်သောင်း ကျုပ်ရွာပြန်တော့မယ်
မနက်ဖြန် ညနေမှကျုပ်ပြန်လာခဲ့မယ်”
“အေး ပြန်တာပေါ့ကွာ အခုတော့အိမ်လိုက်ခဲ့ပါအုန်း
စကားလေးဘာလေး ပြောကြတာပေါ့တာတေရာ”
ကျုပ်နဲ့ကိုကြီးစိန်သောင်း ဘိုးညီလေးအိမ်ကပြန်လာကြတယ်။
ကိုကြီးစိန်သောင်းအိမ်မှာ ထမင်းစားပြီးတရေးတမောအိပ်ကြ
တယ်ညနေစောင်းမှရွာကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့
အဘနဲ့အမေကိုသရဲပေတိုး အကြောင်းပြောပြတာလေ
အံ့သြနေကြတယ်။ကျုပ်လဲတနေ့လုံးသွားလာပြီးပြန်လာတော့
စောစောပဲအိပ်လိုက်တယ် မနက် ကျုပ်အိပ်ယာကနိုးတော့
အိမ်ရှေ့မှာ အဘနဲ့အမေ စကားပြောနေတဲ့ဧည့်သည်
အသံကြားလို့ ကျုပ်ထွက်ကြည့်လိုက်တယ်။
“ဟင် ကိုကြီးစိန်သောင်းပါလားအစောကြီးရောက်လာတယ်”
“ရောက်ဆို ညက ရွာမှာပြသာနာတွေဖြစ်ကုန်ပြီ တာတေရေ ”
“ဟင် ဘာဖြစ်တာတုန်းဗျ”
“ရွာထဲကကောင်တွေက ညက ငွေယားကုန်း
်ကောင်တွေနဲ့ဘောချိန်းကန်ကြတယ်လေ”
“အဲဒါဘာဖြစ်တုန်းဗျ ဒီကောင်တွေခါတိုင်းလဲကန်နေကြပဲကိုး”
“အေးခါတိုင်းလိုမဟုတ်ဘူးဟေ့ မင်းရွာလယ်ပိုင်းက
တက်ကြည့်ညီ ဆင်ပေါက်ကိုသိတယ်မို့လား”
“သိတာပေါ့ကိုကြီးစိန်သောင်းရဲ့”
“အေး ဆင်ပေါက်ကလူလည်လုပ်ပြီးလောင်းကြေးများများ
ထပ်ပြီး ငွေယားကုန်းကောင်တွေကိုစိန်ခေါ်တယ်။
ပြီးတော့ကြိမ်းသေပေါက် နိုင်အောင် ငါလုပ်ပေးမယ်ဆိုပြီး
သူက သရဲပေတိုးကိုသွားပြောတယ်ဆိုပဲ ”
“ဟင် ဘာများသွားပြောတာတုန်း”
“သရဲပေတိုးကြီး ဒီညနေကစားမဲ့ဘောလုံးပွဲမှာကျုပ်က
ိုနိုင်အောင်လုပ်ပေးရင် အမဲသားနှစ်ပိသာချက်ကျွေးမယ်တဲ့ကွ”
“သြော်”
“ပြီးတော ့ငါတူငမှတ်ကို ပိုက်ဆံပေးပြီးဝက်စု
ုကိုလွှတ်လိုက်တယ်”
အဲဒီရွာမှာအမဲပေါ်တယ်ဆိုလို့ ငမှတ်ကိုပိုက်ဆံပေးပြီး
အမဲသားနှစ်ပိသာဝယ်ခိုင်းလိုက်သတဲ့
“သြော် သြော်”.
“အဲဒါမနေ့ညက ဘောကန်တော့ဒီကောင်တွေတခါမှမနိုင်ဘူး
တဲ့ငွေယားကုန်းကိုအပြတ်သက်နိုင်တယ်တဲ့ကွာ – ကိုးဂိုးတောင်
သွင်းလိုက်တယ်ဆိုပဲ အဲဒီမှာပြသာနာကစတာပဲ”
“ဟင် ဘာဖြစ်လို့တုန်းဗျ”
“ဘာဖြစ်ရမှာတုန်း ဝက်စုကိုသွားတဲ့ငမှတ်က မျက်နှာပျက်ပျက်
နဲ့ပြန်လာတယ်လေ”
“အမဲသားမရခဲ့လို့လား”
“ရခဲ့တယ်ကွ။တာတေရ ဒါပေမဲ့သူရောက်တာနောက်ကျသွား
လို့ ငါးဆယ်သားပဲရခဲ့တယ် ”
“သြော်”
“အဲတော့ဆင်ပေါက်ကပြောသတဲ့။ ဘယ်တက်နိုင်မှာတုန်းကွာ
ငါကနှစ်ပိသာဝယ်ခိုင်းတာပဲ ၊ရမှမရတာ ရသလောက်ပဲ
ချက်ကျွေးရမှာပေါ့။ပေတိုးကြီးမှာနှစ်ပိသာစားရဲ့မဲ့ကံမရှိလို့ဖြစ်
မှာပေါ့ဆိုပြီး ဟားဟားဟား လို့အော်ရယ်တာတဲ့။
ကျန်တဲ့ဘောလုံးကန်တဲ့သူတွေလဲဝိုင်းရယ်ကြတာပေါ့ကွာ။
အဲဒါနဲ့အမဲသားကျက်တော့ ထမင်းနဲ့ လက်ပံပင်ကြီးအောက်
သွားကျွေးကျသတဲ့ မိုးချုပ်စပြုတဲ့အချိန်ပေါ့ကွာ”
“အင်း အဲဒီတော့ ဘာဖြစ်တုန်းဗျ”
“ဘာဖြစ်ရမှာလဲတာတေရ။ ပေတိုးကြီးက အရင်လိုပဲ
ထမင်းတွေအမဲသားတွေ ခါတိုင်းလိုပဲစားတာပေါ့ကွာ။
အဲတော့ ဆင်ပေါက်တို့ကအဆင်ပြေသွားပြီဆိုပြီးလည့်အပြန်
“ဘုန်း ဘုန်း” ဆိုတဲ့အသံကြီး နှစ်ချက်ထွက်လာပြီးဆင်ပေါက်
ထိုးလဲသွားရောတဲ့ဟေ့”
“ဟာ ဟိုကောင်ရိုက်တာနေမှာပေါ့”
“ပါးစပ်ကနေ သွေးတွေ ပွတ်ခနဲ ပွတ်ခနဲအန်တာတဲ့ဟေ့ တခါ
တည်းပွဲချင်းပြီးပါလေရော”
“ဟင် ဆင်ပေါက်သေသွားတာပေါ့ဟုတ်လား”
“အေး ဟုတ်တယ်တာတေရေ ဆင်ပေါက် ညကသေ သွားပြီး”
“ဟင် ဒီကောင် လူပါသတ်နေပြီပေါ့”
“အေးပေါ့ကွာ။မနက်ပိုင်းက ဆရာပွားကသူ့ကို ကြိမ်လုံးနဲ့ရိုက်
ထားတော့ဒေါသကလဲထွက်နေမှာပေါ့။
ဆင်ပေါက်အလောင်းကိုသယ်လာပြီးကြည့်လိုက်တော့
ကျောကုန်းမှာ လက်ဝါးရာကြီးနှစ်ခုတွေ့တယ် တာတေရ”.
ကျုပ်လဲဘာပြောရမှန်းမသိအောင်ဖြစ်နေတာပေါ့။
ဆင်ပေါက်အကို တင်ကြည်နဲ့ဆိုတာငယ်သူငယ်ချင်းတွေပေါ့ ။
ဆင်ပေါက်ဆိုတဲ့ကောင်ကကျုပ်တို့လက်ပေါ်တင်ကြီး
လာတဲ့ကောင်ပေါ့ ကျုပ်ဖြစ်စိတ်မကောင်းလိုက်တာဗျာ။
“အဲဒါ မင်းကိုလာခေါ်တာကွာ။
ဒီညလုပ်စရာရှိတာတွေကြိုတင်လုပ်ရအောင်တဲ့”
“အင်း ကျုပ်လိုက်ခဲ့မယ်ဗျာ။ဟိုကောင်လေး အသုဘလဲ
သွားအုန်းမယ်လေ”
ကျုပ်ပြောပြောဆိုဆို အခန်းထဲဝင်ပြီး ဆရာနွံပေးခဲ့တဲ့
မျက်ကွင်းဆေးတော်နဲ့သစ်စုန်းဆေးတော်ကိုယူရတာပေ့ါ။
့ ပြီးတော့အဝတ်အပိုတစုံကိုလွယ်အိတ်ထဲထည့်ပြီး
အဘနဲ့အမေကို တင်ကြည့ ် ညီ အသုဘပြီးမှပဲပြန်လာမယ်
်လို့ပြောခဲ့တယ် ။ကိုကြီးစိန်သောင်းနဲ့ကျုပ်ဘန့်ဘွေးကုန်းကို
ရောက်တော့ ဘုန်းကြီး ကျောင်းက ဆွမ်းစားသံချောင်းတောင်
ခေါက်နေပြီ။ ကိုကြီးစိန်သောင်းက ကျုပ်ကို သူ့အိမ်ခေါ်သွား
တယ် တအောင့်တနား နားပြီးမှာပဲ –
“ကဲတာတေရေ ဘိုးညီလေးတို့အိမ်ကိုသွားကြစို့ဟေ့”
ကိုကြီးစိန်သောင်း ပြောတာနဲ့ကျုပ်တို့ဘိုးညီလေးတို့အိမ်ကို
ထွက်လာခဲ့တယ် ။
“ဟာ—- တာတေရောက်ပြီလားကွာ လာဟေ့ လာ”
အိမ်ဝိုင်းထဲဝင်လိုက်တာနဲ့ဘိုးညီလေးက ဝမ်းသာအားရလှမ်း
ခေါ်တယ်ဗျ ။ကိုကြီးစိန်သောင်းနဲ့ကျုပ်အိမ်ပေါ်ရောက်တော့
ဘုရားခန်းမှာပုတီးစိပ်နေတဲ့ ဆရာပွားကိုတွေတယ်။
ကျုပ်တို့လဲစကားသိပ်မပြောပဲငြိမ်နေလိုက်ကြတယ် ခဏနေမှ
ကိုကြီးစိန်သောင်းက အသံခပ်အုပ်အုပ်လုပ်ပြီး
“ဆင်ပေါက်အသုဘကိုတော့ဒီကကိစ္စပြီးမှာပဲသွားကြတာပေါ့”
“အင်း အဲလိုပဲလုပ်ကြတာပေါ့ဗျာ”
“သြော် မောင်တာတေရောက်လာပြီကိုး အင်း—— ဒီညတော့ပွဲ
ကြီးပွဲကောင်းပဲမောင်တာတေရေ ။သရဲပေတိုးကလူသတ်တဲ့
အဆင့်ထိရောက်နေပြီဆိုတော့ပြတ်အောင်ရှင်းရတော့မှာပေါ့
ဒီလိုမရှင်းနိုင်ရင် ဒီအနီးတဝိုက်ကရွာတွေကို ပိုပြီး
ဒုက္ခပေးတော့မှာ”
“ဟုတ်တာပေါ့ဆရာကြီး၊ ကျုပ်ကတော့ဆရာကြီးကိုကူညီဖို့
အဆင်သင့်ပဲ”
လို့ကျုပ်ပြောလိုက်တော့ ဆရာပွားက သူ့ရဲ့နှုတ်ခမ်းမွှေးကိုကား
သွားအောင်ပြုံးလိုက်တယ်။ ဆရာပွားရဲ့ ဥပဓိရုပ်ကမဆိုးပါဘူး
သီလ သမာဓိရှိတဲ့ပုံပါပဲပြီးတော့ရိုးသားမှုအပြည့်ရှိတဲ့ရုပ်မျိုးဗျ ။
“သြော် ကျုပ်သတင်းသဲ့သဲ့ကြားထားတာမောင်တာတေမှာ
ဆရာကြီးတယောက်ချီးမြှင့်ထားတဲ့မျက်ကွင်း
ဆေးတော်ရှိတယ်ဆို”
“ဟုတ်ကဲ့ရှိပါတယ် ဆရာကြီး အဲဒါကိုသွေးလိမ်းလိုက်ရင်
နာနာဘာဝကိုအကုန်လုံးမြင်ရပါတယ်”
“အေး ဟန်ကျပီပေါ့ ။ကျုပ်ဒီညလုပ်မဲ့အစီအစဉ်က သင်္ချ ိုင်း
ထဲဝင်ပြီး မဖဲဝါကို ဖိတ်ခေါ်မယ်ပြီးတော့သူ့ကိုအစားသောက်
ကျွေးမှာပေါ့ကွာ။ပေတိုးကြီးကိုဆုံးမပြီးထိန်းသိမ်းပေးဖို့
ပြောရမှာပေါ့ကွာ”
“ပေတိုးကြီးကို မဖဲဝါနိုင်ပါ့မလားဆရာကြီး ဒီကောင်က
တော်တော်ကြမ်းတာ”
ကိုကြီးစိန်သောင်းကဝင်ပြောတယ်
“မောင်စိန်သောင်းရဲ့ သင်္ချ ိုင်း တစ်ရာမဖဲဝါတဲ့ကွာ
သင်္ချ ိုင်း တွေအများကြီးသူနဲ့ဆိုင်တဲ့ နာနာဘာဝတွေအကုန်လုံး
သူပိုင်တယ်ကွ သူ့ုကို ဘယ်သူမှမလွန်ဆန်နိုင်ပါဘူးကွာ”
“သြော် ဒီလိုကိုး ဒါဆိုရင်တော့ ဒီညပွဲကြီးပွဲကောင်းပဲပေါ့”
“ဟုတ်တာပေါ့မောင်စိန်သောင်းရာ သြော် ဒါထက် ကိုညီလေး
ကျုပ်လုပ်ခိုင်းထားတာလုပ်ပြီးပြီလား”
“ဟာ လုပ်နေပြီဆရာရေ မြို့ကိုလူလွှတ်ပြီးအမဲသားတစ်ပိသာ
ဝယ်ပြီး ကျကျနနကိုချက်ထားတယ်- ထမင်းလဲချက်ထားတယ်”
“ဟုတ်ပြီဟုတ်ပြီ ကျုပ်နဲ့တာတေဒီညမိုးချုပ်တာနဲ့ သင်္ချ ိုင်း ထဲ
သွားကြမယ် ။အချိန်ကျတာနဲ့တပြိုက်နက်ထဲ ကျုပ်က
မဖဲဝါခေါ်ပြီးကျွေးမွေးမှာ မောင်တာတေကတော့
ဆေးကွင်းလာခဲ့ကွာ မင်းမြင်ရတာတွေကျုပ်ကိုပြန်ပြောပြပေ
တော့ ဒါမှ ကျုပ်လဲသိရမှာပေါ့ ဟုတ်ပြီလားမောင်တာတေ”
“ဟုတ်ပါပြီ။ဆရာကြီး ကျုပ်ဆေးကွင်းလာခဲ့မှာပါ။
ကျုပ်မှာအကုန်ပါပါတယ်”
ကျုပ်နဲ့ဆရာပွားစကားထိုင်ပြောကြရင်းနဲ့တဖြည်းဖြည်းညနေ
စောင်းလာတာပေါ့ဗျာ။နောက်တော့မိုးချုပ်သွားတာပေါ့ ။
ကျုပ်ကမျက်ကွင်းဆေးကိုထုတ်ပြီးကွင်းလိုက်တယ် ဆရာပွားနဲ့
ကျုပ် သင်္ချ ိုင်း ထဲကိုရောက်တော့မိုးတော်တော်ချုပ်နေပြီ ။
လဆန်း၃ရက်မို့ လကွေးကွေးလေးကကောင်းကင်မှာသာနေ
တယ်ဗျ ။သင်္ချ ိုင်း ကတော့မှုန်ဝါးဝါးလေးပဲမြင်ရတာပေါ့။
“အင်း နည်းနည်းတော့စောသေးတယ် မောင်တာတေရေ”
ဆရာပွားကပြောပြီးဇရပ်ပေါ်ကိုတက်သွားတယ် ။
ကျုပ်တို့နှစ်ယောက်ဇရပ်ပေါ်ကိုရောက်တော့ဆေးလိတ်
တစ်လိပ်ဆီဖွာကြတယ်။
ညကိုးနာရီလောက်ရောက်တော့ဆရာပွားက
“ကဲ မောင်တာတေအလုပ်တော့စမှပဲ”
ပြောပြောဆိုဆိုဆရာပွားကအသင့်ယူလာတဲ့ ငှက်ပျောထုပ်နဲ့
ထုပ်ထားတဲ့ထမင်းထုပ်ကြီးကိုတောင်းထဲကထုတ်ပြီး
ဘွားတော်မယ်ခရဲ့ အုတ်ဂူကြီးပေါ့ဖြည်လိုက်တယ် ။
ထမင်းတွေရောဟင်းတွေကောမနည်းပါဘူး ။
ကျုပ်ကစိုးရိမ်တာ မဖဲဝါ မလာပဲ ပေတိုးကြီးဝင်ကြိတ်သွားမှာကို
ပူတာ။ ကျုပ်ကမျက်ကွင်းဆေးကွင်းထတာဆိုတော
့နာနာဘာဝတွေကိုမြင်မှာပဲလေ. သင်္ချ ိုင်း တခုလုံး
ကျုပ်လျှောက်ကြည့်လိုက်တယ။် ဘာာကောင်မှမတွေ့ဘူးဗျ
“ကဲ သင်္ချ ိုင်းတစ်ရာမဖဲဝါခင်များ ကျုပ်ဆရာပွားက
မဖဲဝါကိုအကြောင်းပြုပါတယ် ရောက်ရာအရပ်ကမြန်မြန်ကြွခဲ့
လာပါ ကြွလာခဲ့ပါ အထက်ဆရာကြီးတွေရဲ့ခိုင်းစေမှုကြော့င်
ကျုပ်ပင့်ပါတယ် မြန်မကြာ လှမ်းသာကြွခဲ့ပါ
သင်္ချ ိုင်း တစ်ရာမဖဲဝါ”
ဟော လာပြီဗျို့ လေထဲကနေပျံလာပြီဗျို့ ။
အရပ်ကဆယ်ပေကျော်လောက်ရှိမယ်ထင်တယ်ဗျ ။
လရောက်ကလေးမှုန်ပျပျအောက်မှမြင်နေရတာ ။
အကျီကခါးထောက်အကျီ နန်းတွင်းသူတွေဝတ်တဲ့ပုံစံမျိုး၊
ဘွားခနဲ့အုတ်ဂူပေါ်ရပ်ပြီး ထမင်းတွေဟင်းတွေ
ကိုစိုက်ကြည့်နေတယ်ဗျ။
ခြေထောက် ကအုတ်ဂူနဲ့ထိနေတာမဟုတ်ဘူးနော်။
လေထဲမှာမြှောက်နေတာ ဆရာပွားက
ရေဖလားကြီးနဲ့ရေအပြည့်ထည့်ပြီးဂူပေါ်တင်လိုက်တယ်ဗျ ။
“ဆရာကြီးနောက်ဆုတ်လိုက်တော့”
ကျုပ်ကသတိပေးလိုက်တော့ဆရာပွားကသဘောပေါက်
သွားပြီးနောက်ကိုတလံဆုတ်ပေးလိုက်တယ်။ဒီတော့မှမဖဲဝါက
အုတ်ဂူပေါ်စောင့်ကြောင့်ထိုင်ပြီး ထမင်းနဲ့အမဲသားကို
သူ့လက်ကြီးနဲ့ဆုတ်ဆုတ်ပြီးပါးစပ်ထဲကိုထည့်တော့တာ ပဲ။
စားရင်းနဲ့ဆရာပွားကိုကြည့်လိုက်ကျုပ်ကိုကြည့်လိုက်နဲ့စားနေ
တာဗျ ။ဆရာပွားကပြိုက်ခနဲလျော့လျော့သွားတဲ့ထမင်းတွေ
ကိုကြည့််ပြီးသဘောပေါက်သွားတယ်
“သင်္ချ ိုင်း တစ်ရာမဖဲဝါလို့ကျော်ကြားနေတဲ့
သင်္ချ ိုင်း ပိုင်မဖဲဝါခင်များ ဒီရွာမှာဘယ်နယ်ကရောက်မှန်းမသိ
တဲ့ ပေတိုးဆိုတဲ့သရဲတကောင်ဟာတော်တော်လေးသောင်း
ကျန်းနေပါတယ် အရှင်မ မဖဲဝါ။ လူတွေကိုဝင်ပူးပြီး
အမဲသားချက်ကျွေးခိုင်းလို့လူတွေလဲသူ့ရဲ့ဒဏ်ကိုမခံနိုင်
တော့ပါဘူး။ အနိးနားရွာတွေဆိုရင်လဲဒီသရဲကိုထိန့်လန့်နေကြ
ပါတယ် ။ဆရာအမိန့်ကိုလဲအာခံတယ် အထက်ဆရာကြီးတွေ
ကိုလဲမထီမဲ့မြင်ပြုနေပါတယ်မဖဲဝါ။ မနေ့ညကလဲ မလိမ်မိုးမ
လိမ်မာသူငယ်လေးတယောက်ကိုလဲပေတိုးက
ရိုက်သတ်လိုက်ပါတယ်”
“အားး – ဟင်း ဟင်း ဟင်း ဟင်း”
မဖဲဝါထမင်းစားရင်းနဲ့ဒေါသထွက်သွားပုံရတယ် ။
အသံနက်ကြီးတဲ့အော်လိုက်တယ် ။ဒါကိုဆရာပွားကကြားမယ်
မထင်ဘူးဗျ ။ကျုပ်ပဲကြားရတာ ဒါကို ဆရာပွားက
ဆက်ပြီးပြောတယ် –
“ဒါကြောင့်မဖဲဝါကို ပင့်ဖိတ်ပြးီဒီအကြောင်းတွေကိုတိုင်ကြား
တာပါ။ ဒီသရဲကရွာနောက်ကလက်ပံပင်ကြီးမှာနေပါတယ်။
သူ့ကိုယ်သူပြောတာတော့သီပေါမင်းရဲ့ပါးကွက်အာဏာသား
လို့ပြောပါတယ်။ အရှင်မ မဖဲဝါကို အာခံရဲတဲ့ သရဲ တစ္ဆေ မရှိ
ဘူးဆိုတာ ကျုပ်ဆရာပွားကောင်းကောင်းသိပါတယ် မဖဲဝါအခု
ပဲခေါ်ပြီးဆုံးမပေးပါ”
မဖဲဝါကထမင်းတွေကုန်အောင်စားပြီး ရေခွက်ကြီးနဲ့
မော့သောက်နေတယ်ဗျ ။ကျန်တဲ့ရေတွေကိုတောင်လက်ဆေး
လိုက်သေးတယ် ။ပြီးတော့ဆရာပွားကိုမျက်လုံးနီနီကြီးတွေ
နဲ့စိုက်ကြည့်ပြီးလက်ရမ်းပြတယ်ဗျ ။ဆရာပွားကိုဘေးဖယ်နေ
လို့ပြောတာနဲ့တူတယ်
“ဆရာကြီးဇရပ်ပေါ်ကိုမြန်မြန်လာ”
ကျုပ်ခေါ်သံကြားတော့ဆရာကြီးဇရပ်ပေါ်ကိုပြေးတက်
်လာတယ်ဗျ
“ဘာမြင်လို့လဲတာတေ”
“မဖဲဝါကဆရာကြီးကို ဘေးဖယ်နေဆိုပြီး
လက်နဲ့ရမ်းပြတယ်ဗျ ”
ဟော ဟော ဂူပေါ်ကို မတ်တပ်ကြီးထရပ်လိုက်ပြီ ။
ဟာ ခေါင်းကြီးအပေါ်ကိုမော့ပြီးပါးစပ်က ပွစိပွစိနဲ့ပြောနေတယ်
ဟော မဖဲဝါရပ်နေတဲ့ဂူကြီးနံဘေးမှာ သရဲကြီးနှစ်ကောင်ပေါ်
လာပြီ ။ လက်ထဲမှာလဲတင်းပုတ်ကြီးတွေကိုင်ထားသေးတယ်။
ဟာတင်းပုတ်ကြီးတွေမှာ သံချွန်ဆူးကြီးတွေတွေ့တယ်ဗျ ။
တကောင်ကကြိုးခွေကြီးတခုတောင်ကိုင်ထားသေးတယ်
“မောင်တာတေမြင်နေရတယ်ပေါ့ ဟန်ကျလိုက်တာကွာ”
ဟော ဘာသံကြီးလဲရွာဘက်ကကြားတာဗျ ။ရှူးရှူးနဲ့နှာမှုတ်
သံကြီး ။ဟာ နွားနီကြီးဗျ ။ဒါ ဆင်ပေါက်တို့ တင်ကြည်တို့
အိမ်က နွားကြီးပဲ။ဟာ— နွားပေါ်မှာ အကောင်ကြီးတစ်ကောင်
ဗျ။ ဟာ ပေတိုးဆိုတာ ဒီအကောင်ကြီးပဲထင်တယ်။
် နွားကလဲနှာမှုတ်သံနဲ့ခွာသံတဖြောင်းဖြောင်းယက်နေပါရော
လား။ နွားပေါ်မှာဆံပင်ဖားလျားကြီးချထားတဲ့ကောင်ကြီးက
နည်းတဲကောင်ကြီးမှမဟုတ်တာ။ မျက်လုံးကြီးတလုံးတလုံးဆို
ရေနွေးပန်ကန်ပြီးတလုံးလောက်ရှိတယ။်
နီရဲပြီးအပြင်ကိုပြူးထွက်နေတာ အရောင်ကိုထောက်နေတာပဲ
“ဆရာကြီးသတိထားနေ ပေတိုးကြီးလာနေပြီ နွားနီကြီကို
စီးပြီးလာတာမဖဲဝါခေါ်လိုက်လို့ဖြစ်မယ်။ဒါပေမဲ့ပုံစံကြည့်ရတာ
မကောင်းဘူးဗျ မဖဲဝါကိုရိုကျိုးမဲ့ပုံမပေါ်ဘူး ”
“ဟာ ဟုတ်လား နွားပေါ်မှာဒီကောင်ကြီးပါလာတာလား ”
“ပါတယ် ပါတယ်– ဟောဟော နွားကြီး က ကဆုန်ပေါက်
ပြီးပြေးလာနေပြီဗျ ။ဟာဆရာကြီး ပေတိုးကြီးကကျုပ်တို့
နှစ်ယောက်ကိုလှမ်းပြီးစိုက်ကြည့်နေတယ်။
် ဟာ နွားကြီးကျုပ်တို့ဇရပ်ပေါ်ပြေးလာနေပြီ။တက်တက်
် ထုတ်တန်းပေါ်ရောက်အောင်တက် ”
ကျုပ်လဲပြောပြောဆိုဆိုတက်လိုက်တာ ထုတ်တန်းပေါ်ဘယ်
လိုရောက်သွားမှန်းမသိးဘူးဗျ ။ဆရာပွားကိုကြည့်လိုက်တော့
အားလားလား — ဘယ်အချိန်ကများထုတ်တန်းပေါ်ရောက်နေ
လဲမသိဘူး ။ကျကျနနကိုထိုင်နေတာ တော်တော်သွက်တဲ့
ဆရာပဲ ။ ဟော လာပြီဗျို့ နွားနီကြီးဇရပ်ပေါ် ခုန်တက်လာပြီ
နွားပေါ်မှာပေတိုးကြီးကခွစီးနေလို့ ။
“ရှူး ရှူး ဖြောင်း ဖြောင်း”
အောင်မလေး နွားကြီးကတရှူးရှူးနဲ့ နှာမှုတ်ပြီးခွာဇောင်းနဲ့
ဇရပ်ကြမ်းပြင်ကြီးကိုတဖြောင်းဖြောင်းနဲ့ယက်နေတာဗျို့ ။
ကျုပ်တို့သာအချိန်မီထုတ်တန်းပေါ်ကိုမရောက်ဘူး ဆိုရင်
တွေးတောင်မတွေးရဲဘူးဗျာ။ ဘန့်ဘွေးကုန်း သုသာန်ဇရပ်က
အုတ်နဲ့ဆောက်ထားပေလို့ပေါ့ မဟုတ်ရင် ကျိုးကြသွားမှာ
သေချာတယ်။နွားပေါ်ကနေ ပေတိုးကြီးက ဆရာပွားကို
စိုက်ကြည့်နေတာဗျ ။ဘာမှတော့မလုပ်နိုင်ဘူးထင်တယ်
်ကြည့်ပဲကြည်ေ့နတာ ။ဟာ ပေတိုးကြီးက မဖဲဝါကို
စိုက်ကြည့်တယ် ။
“ဖြောင်း”
ဟာ နွားနီကြီးကို ဖြန်းခနဲရိုက်လိုက်တာ။
နွားနီကြီးကဇရပ်ပေါ်ကဆင်းပြေးသွားပြီး မဖဲဝါရှိတဲ့အုတ်ဂူ
ဘက်ကို ကဆုန်ပေါက်ပြီးပြေးသွားတာဗျ ။
ဆရာပွားနဲ့ကျုပ်လဲအောက်ကိုပြန်မဆင်းဝံ့တော့ပဲဇရပ်ပေါ်က
နေအောက်ငုံကြည့်နေရတာပေါ့ ။
“ဟာ ဆရာကြီး နွားနီကြီးကမဖဲဝါကိုလိုက်ဝှေ့နေတာဗျ ”
“ဟေ ဟုတ်လား ဒီသရဲက အာဂသရဲပါလားဟေ့
မဖဲဝါကိုတောင် အာခံဝံ့တဲ့ကောင်ပဲ ကြည့်ပါအုန်း”
“မဖဲဝါကဂူပေါ်ကဆင်းပြီးလေထဲမှာရွေ့နေတာဗျ။
ဟောနွားနီကြီးက တရှူးရှူးတရှဲရှဲနဲ့ကိုလိုက်ဝှေ့နေတာ”
“ဟိုတင်းပုတ်နဲ့နှစ်ကောင်ကဘာမှ ဝင်မလုပ်ဘူးလား”
“အခုထိတော့မလုပ်ကြသေးဘူဗျ ။ရပ်ကြည့်နေကြတယ် ”
“အင်း မဖဲဝါအမိန့်မပေးသေးလို့ထင်တယ်”
“ဟာ မဖဲဝါကဂူတွေကြားထဲရွေ့နေတယ်ဗျ ”
ပေတးိုကြီးကမဖဲဝါကိုလက်ညှိးကြီးထိုးပြီးနွားကိုဝှေ့ခိုင်းနေတာ
ဟာ မဖဲဝါလက်အပေါ်ကိုမြှောက်တက်သွားပြီ ။
ဟောဟော လက်ကြီးတဖက်ကိုမြှောက်ပြီး ရိုက်ပြီဗျို့ ရိုက်ပြီ ။
“ဘုန်း ဘုန်း ဘုန်း ”
“ဖြောင်း”
ပေတိုးကြီးကျောကိုသုံးချက်ဆင့်ရိုက်လိုက်တာ
နားရင်းကိုတချက်၊ သွားပြီသွားပြီ ပေတိုးကြီးနွားပေါ်ကပြုတ်ကျ
သွားပြီ မြေပေါ်မှာကုန်းကုန်းကြီးဗျ ။
ခေါင်းတောင်မထောင်နိုင်တော့ဘူးထင်တယ် ။
“ပေတိုးကြီးပြုတ်ကျသွားပြီဆရာရေ ၊”
ဟော ဟော တင်းပုတ်
နဲ့ဟိုနှစ်ကောင်ပြေးသွားပြီ ။တကောင်က ပေတိုးကိုကြိုးနဲ့တုပ်
တယ်ဗျ ။ကျန်တကောင်က သံဆူးတင်းပုတ်ကြီးနဲ့လှိမ့်ရိုက်နေ
တာဗျ ။မဖဲဝါကဘာမှမလုပ်တော့ပဲခါးကြးီထောက်ပြီး
ရပ်ကြည့်နေတာ။ ကြိုးသေသေချချတုပ်ပြီးမှသရဲကြီး
နှစ်ကောင်ကလှိမ့်ရိုက်တော့တာပဲ ပေတိုးကြီးဆီက
“အား အား ဝူး ဝူး အား”
ဆိုတဲ့အသံကြီးနဲ့အော်နေတာဗျို့ ။မဖဲဝါရဲ့တပည့်နှစ်ယောက်
က ပေတိုးကြီးကိုဆွဲထူပြီး သွားခိုင်းနေတယ် ။
“ဟော ဆရာကြိးရေ ပေတိုးကြီးကိုခေါ်သွားပြီဗျ ။မဖဲဝါ
ကရှေ့ကနေ ရွေ့သွားနေတာ။ ဟိုသရဲကြီးနှစ်ကောင်က
အနောက်ကနေပေတိုးကြီးကိုတင်းပုတ်တွေနဲ့မနားတမ်း
ရိုက်ပြီးခေါ်သွားကြပြီ ။ဟော သင်္ချ ိုင်း အပြင်ကိုရောက်တော့
တဖြည်းဖြည်းပျောက်သွားကြျပြီ”
“အေး အဲဒါဆို ကိစ္စပြီးပြီပေါ့ကွာ။
ဒီကောင်ကြီးပါသွားပြီပေါ့”
ပြောပြောဆိုဆိုဆရာပွားကထုတ်တန်းပေါ်ကဆင်းတယ်ဗျ ။
ကျုပ်လဲပြန်ဆင်းခဲ့တယ် –
“ဟာ ဆရာကြီးနွားနီကြီးကဘာမှမသိသလို
ငူငူကြီးရပ်နေတယ် ”
“အေးကွာ နွားလဲဘာဖြစ်သွားမှန်းတောင်မသိဘူးထင်တယ်
ကဲရွာထဲပြန်ကြစို့မောင်တာတေ နွားနီကြီးပါဆွဲခဲ့ကွာ”
“ဟုတ်ဆရာကြီး”
လို့ပြောပြီးကြောက်လန့်နေတဲ့နွားကြီးကို ကျုပ်ကဆွဲပြီး
ဆရာပွားနဲ့ဘိုးညီလေးအိမ်ကိုပြန်ခဲ့ကြတာပေါ့
ပြီးပါပြီ။

Leave a Comment