အောင်မြတ်သာနှင့်ပုဏ္ဏကတိုက်သောအိမ်ကြီး

” အောင်မြတ်သာနှင့်ပုဏ္ဏကတိုက်သောအိမ်ကြီး ”
မူရင်းရေးသားသူ — ဇေယန (ရာမည)
+++++++++

အောင်မြတ်သာနှင့်သက်ခိုင်တို့ဆရာတပည့်နှစ်ဦး
ခရီးတစ်ထောက်နားရာ ရွာကလေးရှိ မိန်းကလေး
ငယ်အား ကယ်တင်ပြီးနောက်–
မြန်မာပြည်အောက်ပိုင်း ထားဝယ်မြို့ဘက်သို့ ခရီး
ထွက်ခဲ့လေသည်။
တောတောင်တွေအထပ်ထပ်နဲ့ တနင်္သာရီတိုင်း
ထားဝယ်မြို့ကလေးက သာယာရှုမောဖွယ်ကောင်း
လှပေရဲ့။
လမ်းတစ်လျောက်ရှိ ရှုခင်းတွေကို သက်ခိုင
်တစ်ယောက် လိုက်ကြည့်ရင်း..
ဆရာအောင်မြတ်သာကို လှမ်းကြည့်လိုက်တော့
မျက်လုံးနှစ်လုံးမှိတ်ပြီး တစ်စုံတစ်ရာကို အာရုံခံနေသလို ငြိမ်သက်နေလေသည်။

သက်ခိုင်လဲ အနှောင့်အယှက်မပေးတော့ပဲ
လွယ်အိတ်ထဲက ကိုးလုံးပုတီးကိုထုတ်ကာ
စိတ်နေလိုက် တော့သည်။
အချိန်ကြာလာတာနဲ့အမျှ သက်ခိုင်တစ်ယောက်.
စိတ်တွေတည်ငြိမ်လာပြီး ကားပေါ်ရောက်နေသည်ဆိုတဲ့အတွေးထက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ တောအုပ်တစ်ခုထဲရောက်သလို အရာရာအေးချမ်းသွားခဲ့သည်။

အာရုံထဲမှာ သက်ခိုင်း အိမ်တစ်အိမ်ဆီကို ရောက်သွားခဲ့သည်။
အိမ်ထဲဝင်လိုက်တယ်ဆိုရင်ဖြင့် ညှီစို့စို့ သွေးညှီနံ့တွေက အော်ကလီဆန်စရာကောင်းလောက်အောင်
နှာခေါင်းထဲတိုးဝင်လာသည်။
မျက်နှာကြက်ဆီ လှမ်းကြည့်လိုက်တော့
အမလေးလေး —
ကြိုးဆွဲချသေဆုံးနေသော ပုတ်ပွနေတဲ့ အလောင်း
တွေအများကြီးပါလား။
အိမ်ကြမ်းပြင်ပေါ်မှာတော့ သွေးကွက်ကြီးတွေ
သွေးကွက်ပေါ်မှာတော့ ခြေရာတွေ
သက်ခိုင် ဖြေးဖြေးချင်း.အိမ်ထဲဝင်သွားလိုက်တယ်။
အိမ်ကြီးရဲ့အတွင်းပိုင်း အခန်းထဲလဲအရောက်..
စားပွဲပေါ်မှာ မှောက်လျက်အနေအထားနဲ့ တစ်စုံတစ်ခုကို ကုန်းပြီးကိုက်နေတဲ့ လူဝံလိုလို မျောက်ဝံလိုလို အမွေးစုတ်ဖွားနဲ့ အကောင်တစ်ကောင်..
သက်ခိုင်ရဲ့ခြေသံကြားတော့ ဇာက်ကြီးလှည်ပြီး
အနောက်ဘက်လှည့်ကြည့်တော့မှ–
သရဲကြီးပါလား မျက်လုံးတွေက အပြင်ကိုပြူးထွက်နေပြီး
လက်နှစ်ဖက်က လက်သည်းတွေက တစ်ထွာ
လောက် ရှည်ကျနေတာ။
လက်သည်းတွေကြားထဲမှာတော့ သွေးစသွေးနတွေ။
သက်ခိုင်ကို လှည့်ကြည့်ပြီး စားပွဲပေါ်ကို ငုံ့အစွယ်
တွေပါတဲ့ သွားအစုံနဲ့ စားပွဲပေါ်ကို တဂျစ်ဂျစ်
်မြည်အောက် ကုန်းပြီးကိုက်နေလေရဲ့။
သက်ခိုင်လဲ ဘာများလဲလို့ အကြည့်..
စားပွဲပေါ်မှာ သွေးတွေခဲပြီး ခြောက်နေတာကို
ဒီကောင်က သွားနဲ့ခြစ်ပြီး စားနေတာကိုး။
အဲဒီအချိန် ဗြုန်းဆို အခန်းထဲက ဗီဒိုမှာချိတ်
ထားတဲ့ လိပ်ကာကြီးက ပြုတ်အကျ..
လိပ်ကာအနောက်က ဘီဒိုထဲမှာ ဇာက်ကြီးကျိုးပြီး လည်ပင်းပြတ်လုနီးနီးဖြစ်နေတဲ့ အမျိုးသမီး
အလောင်းတစ်လောင်း..
ဘယ်အချိန်ထဲကသေနေမှန်းမသိပေမယ့်..
အလောင်းက တော်တော်လေးကို ပုတ်ပွနေပီ။
မျက်လုံးတွေဆို ပြူးပြဲထွက်နေတာ
လျာဆိုလဲ လက်ငါးလုံးလောက် အပြင်ကိုထွက
်နေလေရဲ့။
သာမန်လူတစ်ယောက်မြင်လိုက်ရင်ဖြင့်
သွေးပျက်ပြီး ရူးသွားနိုင်တဲ့ သဘောရှိတယ်။
အဲဒီအချိန်…
ထားဝယ် ဆင်းမဲ့သူများ အဆင်သင့်လုပ်ထားပါ။
ကိုယ့်ပစ္စည်းကိုယ်ကြည့်ပါ မေ့ခဲ့ရင် တာဝန်မယူပါ။
စပယ်ယာအသံကြောင့် သက်ခိုင် သတိပြန်ဝင
်လာတယ်။
ဘေးကိုကြည့်လိုက်တော့ အောင်မြတ်သာ
မရှိတော့ဘူး။
လိုက်ကြည့်တော့ အောင်မြတ်သာက ကားပေါ်
ကဆင်းတောင် ဆင်းပြီးနေပီ။
သက်ခိုင်လဲ ကမန်းကတမ်း ကားပေါ်ကဆင်းပြီး
အောင်မြတ်သာဆီအသွား။
ဘယ်လိုလဲ သက်ခိုင်..
မင်းအာရုံထဲက အိမ်ကြီးဆီ မသွားချင်ဘူးလား။
ဟင်.. ဆရာ ဘယ်လိုသိတာလဲဆိုတော့
အောင်မြတ်သာက ပြုံးရုံလေးပြုံးပြီး
ဒီလောကမှာ ငါမသိတာမရှိပါဘူးကွာလို့
စသလိုနောက်သလိုနဲ့ ပြန်ဖြေတယ်။
———
သက်ခိုင်နဲ့ အောင်မြတ်သာလဲ မြို့ထဲသို့ထွက်ခဲ့
လိုက်ပြီး ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းဝင်
်စားလိုက်တယ်။
ထားဝယ်စကားသံဝဲဝဲနဲ့ ဆိုင်ရှင်အဒေါ်ကြီးက
သက်ခိုင်တို့ကို ဒီနယ်ကမဟုတ်ဘူးဆိုတာသိတဲ့
ပုံဖြင့်ဒီက မိတ်ဆွေတို့က ဘုရားဖူးလာတာလား
ဟုတ်တယ် အရီးလေး
ဘုရားဖူးလာကွတာ
ကျွန်တော်တို့က နယ်လှည့်ပြီး အဓိဌာန်
ဝင်နေကြတာလေ။
ဟုတ်လား သာဓု သာဓု သာဓုကွယ်
ဒါဆို တူလေးတို့က အထက်လမ်းဆရာတွေပေါ့
သက်ခိုင်လဲ အောင်မြတ်သာကို လှမ်းကြည့်လိုက်
တော့ ..
ဆရာက ရေနွေးတစ်ခွက်ကို သောက်ပြီး
အဝေးတစ်နေရာကို ငေးကြည့်နေလေရဲ့
အင်း အဲလိုပြောလဲရပါတယ်အရီးလေး
ဟာ ဒါဆိုအတော်ပဲကွယ်-
အရီးလေးတို့မြို့မှာ ပုဏ္ဏကတိုက်တဲ့ အိမ်တစ်လုံး
ရှိတယ်။
ဘယ်ဆရာမှမနိုင်လို့ ဒီအတိုင်းပစ်ထားတာ။
အိမ်ပိုင်ရှင်အမျိုးသမီးက လောကီကိစ္စတွေ
စိတ်ကုန်လို့ သီလရှင်ဝတ်ထားတယ်ကွဲ့။
အခုသူအိမ်က ဘယ်သူမှလဲမနေရဲ။
နေတဲ့သူမှန်သမျှ သေတာပဲ။
သူလဲ ဒီအိမ်ကိုရောင်းပြီး ဘုန်းကြီးကျောင်း
တစ်ကျောင်းဆောက်လှူချင်နေတာကြာပီ။
ဒါပေမယ့် အိမ်ကြီးကအရမ်းကြမ်းလွန်းတော့
ဝယ်မဲ့သူမရှိဘူးကွဲ့။
ဒီကတူလေးတို့ရဲ့ပညာကို ယုံကြည်ရင် စမ်းကြည့်
လ့ိုရတယ်။
ကုသိုလ်ရတာပေါ့ကွယ်။
အဲဒီအိမ်အနှောင့်အယှက်တွေမရှိလို့ ရောင်းထွက်
သွားရင် ဒေါ်လေးတို့မြို့မှာ ဘုန်းကြီးကျောင်း
ကောင်းကောင်းတစ်ကျောင်းဖြစ်လာမှာ။
+++++++++
သက်ခိုင်လဲ အောင်မြတ်သာကို လှမ်းကြည့်
လိုက်တော့။
ဒီလိုဆို ကျွန်တော်အဲဒီအိမ်ကို သွားချင်တယ်။
လိုက်ရဲတဲ့သူရှိရင် လိုက်ခဲ့ဖို့ ပြောပေးပါ။
မလိုက်ရဲလဲ ကျွန်တော်တို့ နှစ်ယောက်ထဲ
သွားပါ့မယ်။
ဒီအိမ်ကြီးရဲ့ အနှောင့်အယှက်တွေပျောက်လို့
ရောင်းထွက်တဲ့အခါ ကျွန်တော်တို့အတွက်ပါ
ရည်စူးပြီး ကုသိုလ်လုပ်ပေးပါလို့ ပိုင်ရှင်ကိုပြော
ပေးပါ။
မနက်ဖြန် မနက် ကျွန်တော်တို့ ပြန်လာခဲ့ပါ့မယ်။
အိမ်ပိုင်ရှင်ဖြစ်သူ ဆရာလေးကိုလဲ တွေ့ချင်ပါ
သေးတယ်။
အဆင်ပြေရင် ခေါ်ထားပေးစေချင်ပါတယ်။
ပြောပေးမှာပေါ့ မနက်ဖြန်ခေါ်ထားပေးမယ်
စိတ်ချ..
ဒါနဲ့ ဒီက အရီးလေးက အဲဒီဆရာလေးနဲ့
ဘယ်လိုပတ်သက်တာလဲ။
တကယ်တော့ အရီးလေးက အခုသီလရှင်ဝတ်ထားတဲ့ ဆရာလေးတို့အိမ်မှာ ထမင်းချက်လုပ်ခဲ့တာ။
အော်… အဲဒါဆို မနက်ဖြန်တွေ့တာပေါ့
သက်ခိုင်နဲ့ အောင်မြတ်သာတို့ ၂ဦး ထမင်းဆိုင်က
ထွက်ခဲ့ပြီး ဆိုက်ကားဂိတ်တစ်ခုကို ရောက်ခဲ့တယ်။
ဆိုက်ကားဂိတ်မှာတော့ ဇယ်တောက်နေတဲ့ ဆိုက်ကားသမားတစ်စုကို အဝေးကနေ လှမ်းမြင်နေရတယ်။
ဒီမှာ ဒီမှာ –ဆိုက်ကားငှါးချင်လို့..
ဦးဘု ဦးလေးအလှည့်ပဲ.. သွားလိုက်လေ
ဦးဘုဆိုသူက လုံချည်ပြင်ဝတ်ရင်း ဆိုက်ကားပေါ် တက်လိုက်သည်။
အောင်မြတ်သာက အရှေ့မှာထိုင်လိုက်ပြီး သက်ခိုင်ကအနောက်မှာထိုင်လိုက်တယ်။
ဆရာတို့ ဘယ်သွားမှာလဲ..
သွားချင်တဲ့နေရာကိုသာသွားပါ ဦးအေးချမ်း..
ဗျာ.. ဆရာ  ဆရာက ကျွန်တော်ငယ်ငယ်က
နာမည်ကို ဘယ်လိုသိနေတာလဲ..
ဒီနာမည်က ကလေးဘဝတုန်းက အဖွားဖြစ်သူခေါ်တာ ။
ဒီကလူတွေတောင် အဲဒီနာမည်မသိဘူး။
အာ.. တိုက်ဆိုင်သွားတာပါဗျာ။
ပါးစပ်ထဲ လွှတ်ခနဲထွက်သွားမိလို့ပါ။
အခုကျွန်တော်တို့ကို ဟိုးအရှေးက စေတီလေးဆီ
ပို့ပေးပါ။
ဦးဘုလဲ ဆိုက်ကားနင်းရင်း တစ်စုံတစ်ခုကို စဉ်းစား
နေသလိုလိုမြင်တော့ သက်ခိုင်ပြုံးလိုက်မိတယ်။
သက်ခိုင်က ဦးလေး  ဒီမြို့မှာ သရဲခြောက်တဲ့
အိမ်ရှိတယ်ဆို။
အေး ဟုတ်တယ်ကွ
ဘယ်သူမှအိမ်ရှေ့ကတောင်မဖြတ်ရဲဘူး။
အဲဒီအကြောင်းလေးပြောပြပါလား။
အိမ်း အဲဒါက ဦးလေးတို့ လူပျိုလောက်ထဲက
ဖြစ်ခဲ့တာ။
အိမ်ကြီးကအရင်ကတော့ မိသားစုတွေနေကြတယ်
သားအမိ ၃ယောက်ပေါ့ကွယ်
သူတို့မှာ သမီးလေးတစ်ယောက်ရှိတယ်
ခုတော့ သီလရှင်ဝတ်ထားတယ်
အဲဒီလိုနေလာရင်း တစ်ရက်မှာ အိမ်ရှင်အဖိုးကြီးက
ကောက်ကာငင်ကာ အိပ်ယာထဲ…လေဖြတ်ပါလေရော။
သားအမိ၂ယောက်ကလဲ မလုပ်တတ်မကိုင်တတ်နဲ့
ပယောဂဆရာခေါ်ကုတယ်ကွဲ့။
အဲမှာ အဖိုးကြီးရောဂါက မပျောက်ပဲ နောက်ဆုံး
သေသွားခဲ့တယ်။
သားအမိနှစ်ယောက်ထဲကျန်တော့ အိမ်ကလဲကြီး
တယ်လေ အဲဒါကြောင့်မနေရဲကြတော့ဘူး။
နောက်ပိုင်း အိမ်ကြီးပေါ်ကို အိမ်ငှါးတင်လိုက်ကြ
တယ်။
ပထမတင်တဲ့အိမ်ငှါးတွေက မိသားစု ၅ယောက်။
၁ပတ်ပဲကကြာတယ် အကုန်ကြိုးဆွဲချသေတာပဲ။
နောက်ထပ် လာငှါးနေသေးတယ်။
နေတဲ့သူမှန်သမျှ သေတာပဲ။
အဲဒီထဲက ခုထိဘယ်သူမှမနေရဲတော့ဘူး။
+++++++++
ရပီ ဦးလေး ဒီမှာပိုက်ဆံ
နောင်လဲအားပေးပါဦးဆရာတို့
သက်ခိုင်တို့ဆရာတပည့် ဘုရားမှာတစ်ည
တည်းခိုပြီး နောက်နေ့မနက် ထမင်းဆိုင်သို့
ထွက်ခဲ့လိုက်တယ်။
ဆိုင်ရောက်တော့ ..
ဆရာလေးတစ်ပါးနဲ့ ဆိုင်ရှင်အမျိုးသမီးကို
တွေ့ရတယ်။
အောင်မြတ်သာလဲ ပိုင်ရှင်ဆရာလေးထံ ခွင့်တောင်း
ပြီး အိမ်ဟောင်းကြီးရှိရာ ထွက်ခဲ့လိုက်တယ်။
အိမ်ကြီးရှေ့ရောက်တော့..
သက်ခိုင်.. ရုတ်တရက်.လေစိမ်းတွေတိုက်လာတယ်။
ဒီပုံစံအရ ဒီအိမ်မှာရှိနေတဲ့ မကောင်းဆိုးဝါးက
တော်ရုံအဆင့်တော့မဟုတ်ဘူး။
ဟုတ်တယ်ဆရာ ကျွန်တော်လဲခံစားမိတယ်။
သက်ခိုင် မင်းမြင်တာ ငါ့ကိုပြောပြကြည့်။
သက်ခိုင်လဲ အိမ်အိုကြီးဆီကြည့်လိုက်တော့..
ဆရာ ခြံထဲမှာ ကလေးတစ်ယောက် ကစား
နေတယ်ဆရာ။
နောက်ကော..
အိမ်တံခါးမကြီးက ပွင့်နေတယ်ဆရာ။
နောက်ပြီး လူတစ်ယောက် အိမ်ပေါ်ထပ် ဝရန်တာကနေ ထွက်လာပီဆရာ။
ဆရာ…သူအနောက်မှာ ဘီလူးလိုလို သရဲလိုလို
အကောင်တစ်ကောင် ရှိနေတယ်ဆရာ။
ဟာ .. ကိုက်လိုက်ပီဆရာ လည်မြိုကို ကိုက်ထား
တယ်ဆရာ။
+++++++++
ရပီ– သက်ခိုင် —
မင်းဒီအင်းချပ်ကို ငုံထားလိုက်တော့..
ခြံထဲဝင်ရအောင်..
ခြံထဲဝင်လာတော့ ခုနကမြင်တဲ့အရာတွေ
ပျောက်ခြင်းမလှပျောက်ကုန်တယ်။
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အိမ်အိုကြီးက
ပိုးအိမ်တွေနဲ့ ချောက်ချားစရာ…
အိ်မ်ထဲလဲအဝင်..
ဝုန်းဒိုင်း ဝုန်းဒိုင်းနဲ့ အိမ်ပေါ်ထပ်မှာ
သောင်းကျန်းပါလေရော။
ဟားဟားဟားဟား ငါတို့လွတ်တော့မယ်ကွ..
သမီးလေးရေ ဖေဖေတို့လွတ်တော့မယ်ဆိုတဲ့
ဝမ်းသာအားရအော်သံ….
သက်ခိုင်က အောင်မြတ်သာကို အကြည့်…
အောင်မြတ်သာ အနောက်ကနေ အိမ်အောက်ထုပ်တန်းပေါ်ကနေ လက်တစ်ဖက်တစ်ဖြေးဖြေး ကျလာတာ တွေ့လိုက်ရတယ်။
လက်ကတစ်ဖြေးဖြေး ရှည်လာပြီး အောင်မြတ်သာ လည်ပင်းကို လိမ်ချိုးဖို့အလုပ်…
အောင်မြတ်သာရဲ့ အနောက်ကနေ ဘယ်ကနေ
ဘယ်လိုရောက်လာတဲ့ လူတွေမှန်းမသိတဲ့ ရွှေရောင်ဝတ်စုံနဲ့ လူနှစ်ယောက်က ကျလာတဲ့ လက်ကို.ကြိမ်လုံးနဲ့ ရိုက်ချလိုက်ပါလေရော။
+++++++++
အောင်မြတ်သာက ..
အိမ်း ကြိမ်ပိုင်တွေတော့ရောက်လာပီ။
ဒီအိမ်ကြီးမှာရှိတဲ့ မကျွတ်မလွတ်သေးတဲ့သူတွေ
အကုန်ငါ့ရှေ့ရောက်စေ။
မူလပုံအတိုင်းရောက်စေ။
သေဆုံးတဲ့ပုံစံအတိုင်းရောက်ကြစေလို့ ပြောလိုက်ရုံနဲ့။
အခန်းတွေ အခန်းတွေထဲက ထွက်လာကြတဲ့ ဝိဉာဉ်တွေ တစ်ချို့ဆို  လည်ပင်းကြီးလိမ်လို့။
တစ်ချို့ဆို လည်ပင်းမှာ ကြိုးရာတွေနဲ့ လျာကြီး
တွေထွက်လို့။
တစ်ချို့က လည်ပင်းကို ကိုက်ဖြတ်ထားတဲ့ပုံစံ လည်ပင်းကြီးပြတ်လုပြတ်ခင်နဲ့ ဒယီဒယိုင်လျောက်လာကြတယ်။
နောက်ဆုံး ကလေးလေးတစ်ယောက်  လည်ပင်းကြီးအစ်လို့ … မျက်နှာငယ်လေးနဲ့
+++++++++
အောင်မြတ်သာကို အားကိုးတကြီး ကြည့်နေ့ကလေရဲ့
ကြိမ်ပိုင် ခေါ်စမ်း
အဓိက ကောင်ကို..
ကြိမ်ပိုင်တွေလဲ ကြမ်းပြင်ကို ကြိမ်နဲ့ရိုက်လိုက်တယ်
ဆိုရင်ဖြင့်..
ဒုန်းဒုန်းဒုန်းဒုန်း.. ခြေသံကြီးအတိုင်းသားကြား
လိုက်ရတယ်။
အိမ်ပေါ်ထပ်မှ ဆင်းလာတဲ့ပုံစံ
အောင်မြတ်သာလဲ  ဆိုင်ရာပိုင်ရာတွေ ကြိုးချည်
ပြီး ငါ့ရှေ့ခေါ်လာစမ်းလို့ အမိန့်ပေးလိုက်ရုံဖြင့်..
လှေကားပေါ်ကနေ ဝုန်းဒိုင်းရောက်ချလာတယ်။
အစွယ်ဖွေးဖွေး အမွှေးတွေက ဝက်မွှေးတွေလို ချွန်ထက်နေတာပဲ။
လက်သည်းတွေက တစ်ထွာလောက်..
သက်ခိုင် ဒါမင်းတွေတဲ့ကောင်လား
ဟုတ်တယ် ဆရာ.. ဒီကောင်ပဲ
+++++++++
မင်းဘယ်သူလဲ ဘာလို့ဒီကိုရောက်နေတာလဲ..
အဟင်းအဟင်း.. ကြိုးပိုင်တွေကိုပိုင်ရုံနဲ့ ငါ့က
ိုစမ်းလို့မရဘူး။
ဟဟဟဟဟဟဟ ငါဘာကောင်လဲပြရသေး
တာပေါ့ဆိုပြီး ရုန်းထလိုက်တာ…
ကိုယ်ပေါ်မှာချည်ထားတဲ့ ကြိုးတွေ အကုန်ပြတ်
ထွက်ကုန်တယ်။
သက်ခိုင် ရုတ်တရက် လန့်ဖြန့်သွားတယ်။
အောင်မြတ်သာက ပြုံးလိုက်ပြီး
ငါကသက်ညှာလို့ ထောက်ထားတာ လူပါးဝတယ်
ပေါ့။
ဂိုဏ်းစောင့်ပုဂ္ဂိုလ်တွေ
ဒီကောင်ပါးစပ်ကိုဖြဲပြီး ငရဲမီးထည့်စမ်းလို့ပြော
လိုက်ရုံနဲ့..
ဘယ်ကနေရောက်လာမှန်းမသိတဲ့ ပုဂ္ဂိုလ်တွေက
လေးဘက်လေးတန်ကနေ ရံပြီး…
သူတို့ခေါ်လာတဲ့ ဘီလူးကြီးတွေက ဒကောင့်သားရဲ့ ပါးစပ်ကိုဖြဲပီး ငရဲမီးတွေ ထည့်ပါလေရော။
အူးဝူးဝူးအားအားအား ပူတယ် ပူတယ်
ပြောစမ်း မင်း.ဘယ်ကကောင်လဲ
အောင်မြတ်သာရဲ့လေသံကမာထန်လာတယ်။
မပြောဘူးလား နတ်မင်းတွေ တစ်ကိ်ုယ်လုံး.
လှံအစင်းပေါင်း ၁၀၀၀နဲ့ထိုးစမ်း။
မပေးသေစေနဲ့ မသေမရှင်ဖြစ်အောင်ထိုး။
အားအား ပြောပါ့မယ် ပြောပါ့မယ်။
ကျွန်တော်က မြို့ပြင်သချႌ ုင်းက ထန်းပင်မှာ
နေပါတယ်။
ဒီနေရာမှာ လာထားလို့ ဒီနေရာကမင်းနေရာဆိုပြီး
အပိုင်စားပေးလို့ နေရတာပါ။
ဒီလူတွေကို မင်းသတ်တာလား။
ဟုတ်ပါတယ် သတ်ခဲ့မိပါတယ်။
နေရာလာလုလို့ သတ်ခဲ့မိပါတယ်။
မင်ကို ဘယ်သူခိုင်းတာလဲ။
ခိုင်းတဲ့သူက ဟောလူပါဆိုပြီး လက်ညိုးထိုးပြတော့
ကြည့်လိုက်တာ လည်လိမ်ပြီးထိုင်နေတဲ့ သူ။
သူက ကျွန်တော့ကို ခိုင်းပြီး အစာမကျွေးလို့
သူလည်ချောင်းသွေးပြန်သောက်ခဲ့တာ။
ဟုတ်လား– ဟိုလူ
ဟုတ်ပါတယ် မှားခဲ့မိပါတယ်။
မင်းကို ဘယ်သူကခိုင်းတာလဲ။
မလှရင် ခိုင်းတာပါ။
မလှရင်က ဘယ်သူလဲ။
မလှရင်က ဒီအိမ်က ထမင်းချက်ပါ။
အိမ်ပိုင်ရှင်အဖိုးကြီးနဲ့ ရှုပ်ပြီး အဖိုးကြီးက
အမွေတွေသူ့ကိုမပေးလို့ ဒီအိမ်ကို ပုဏ္ဏက
တိုက်ခိုင်းခဲ့တာပါ။
ကိုယ်လုပ်တဲ့အမှုကိုယ်မနိုင်တော့ပဲ ခုလိုဖြစ်ရတာပါ။
ကျွန်တော်တို့ကို ကျွတ်လွတ်ခွင့်ပေးပါ။
ငါသိတယ် အစထဲကသိတယ်။
သူဇာတ်သူမနိုင်လို့ ဒီလိုလုပ်မှန်းသိတယ်။
ဆရာလေးရဲ့ ကုသို်လ်ကိုကူညီချင်လို့ ငါလုပ်ရတာပဲ။
နတ်မင်းများ ဒီကောင်ကို ခေါ်ပြီး ထိုက်သင့်တ
ဲ့အပြစ်ပေးလိုက်။
ဒီကသူတွေလဲ လွတ်ရာသွားနိုင်ပီ။
ဒီအိမ်နဲ့လုံးဝမသက်ဆိုင်စေရ။
ငါအောင်မြတ်သာအမိန့်ဆိုပြီး ကြမ်းကိုဖနောင့်နဲ့
ပေါက်တယ်ဆိုရင်ဖြင့် —


အငွေ့တွေအဖြစ်ပျောက်ကွယ်ကုန်တယ်။
သက်ခိုင် ဟိုကြမ်းပြင်ကို ခွာပြီး အထဲက
မြေမှုန့်ထုပ်ကို သချ်ိုင်းမှာပြန်ထားပေးလိုက်။
ဆရာလေးကိုလဲ သွားပြောလိုက်ပါ
နောက်ပြီး ထမင်းဆိုင်က မလှရင်ကိုလဲ သတိ
ပေးရမယ်။
မလှရင်က သူအမှားကိုသိလို့ ဆရာလေးထံတောင်း
ပန်တော့ဆရာလေးက ခွငိ့လွတ်တော်မူခဲ့တယ်။
များမကြာမီ— အိမ်အိုကြီးနေရာမှာ ဘုန်းကြီး
ကျောင်းလေးတစ်ကျောင်းပေါ်ပေါက်လာခဲ့လေသည်။
ကျောင်းနာမည်ကား အောင်ချမ်းသာ
တိုက်ကျောင်းဟူ၍ဖြစ်သတည်း။
ကူညီကြတဲ့ ဆရာနှစ်ဦးကိုကား.ထိုနေ့မှစ၍
မတွေ့ရတော့ချေ။

ပြီးပါပြီ

Leave a Comment