ဦးဖိုးဝေ နှင့် ငယ်ဘဝ(၁)

” ဦးဖိုးဝေ နှင့် ငယ်ဘဝ (၁) ”
ရေးသားသူ–မောင်တင်ဆန်း
+++++++++++

*အခန်း-၁

ရိုးမတောင်တန်းကြီး ၏ တောင်ခြေတွင် ရွာလေးတရွာတည် ရှိ‌ေလသည်၊ ထိုရွာလေး၏ အမည်မှာ ငကောင်းကံ ရွာဖြစ်သည် ၊ နာမည်ဆန်းဆန်း နှင့် ထိုရွာသည် ရွာနီးချုပ်စပ်တွင်တော့ နာမည်ကြီးရွာလေးဖြစ်သည် ၊ အခြားရွာများမှာ စုန်းကဝေ အောက်လမ်းများ ပေါများပေမဲ့ ယခု ငကောင်းကံရွာတွင်တော့ အထက်လမ်းဆရာများနှင့် သမထကို ကျင့်ကြံသော လူများများပေသည် ၊ငကောင်းကံရွာလေး၏ ရွာလူကြီးမှာ ဦးသင်္ခဖြစ်ပြီး လူပျိုကြီးတ‌ေယာက်ဖြစ်၏ ၊ ဦးသင်္ခသည် ရပ်ရွာနေပြည်သူများအား ကျောသားရင်သား မခွဲခြာပဲကောင်းမွန်စွာ အုပ်ချုပ် ချင်းကြောင့် ထိုရွာလေးတွင်‌ေတာ့ ဦးသင်္ခဆို ကြောက်ရွံ့ရိုသေကြလေသည် ၊ တနေ့သ၌ ဦးသင်္ခနှင့် အတူ သူ၏တပည်ကျော် ငအုပ် ထို့နောက်ရွာရှိ တာဝန်ရှိသော လူများနှင့် ရွာထိပ်ရှိ ဘုန်းတော်ကြီး ကျောင်းဘက်သိူ့ သွားနေကြလေသည် ၊ ရွာ နှင့် ဘုန်းတော်ကြီးကျောင်းသည် အတန်လှမ်းသော ကြောင့် အတော်ပင်လမး်‌ေလျှာက်ရ‌ေလ၏၊ ထိုသို့သူတို့တ‌ေတွ လမ်းသွားနေရင်း ရွာလူကြီး ဦးသင်္ခသည် သူနှင့် အတူလမ်းလျှောက်နေသော ရွာမှ ရပ်မိ ရပ်ဖ လူကြီးတဦးကို ကြည့်၍ စကားဆိုလေသည်
‘ကိုကြီးမြင့် ကျုပ်တို့ ရွာထိပ်က ရေကန် ဖော်ဖို့ အတွက် အလုပ်သမား အဖိုး အခ ပြည့်ပြီလား ဗျ”
“ပြည့်ပါပြီဗျာ ရေကန်ဖော်ဖို့ ကုန်ကျစရိတ် အဖိုးအခ ပြည့်ရုံ တင်မကဘူး ပိုတောင် ပိုနေပါ‌ေသးတယ်ဗျို့”
“ပြီးတာပဲဗျာ လုပ်အားပေး ခေါ်တယ် ဆိုတာ ထက် အဖိုးအခ ပေးပြီးခေါ်တာက သာလို့ကောင်းတယ် ဗျ”
“ဟုတ်ပါတယ် တက်နိုင်သူတွေ အလှူခံ ပြီး‌ေတာ့ အလုပ်သမားငှားတဲ့ အစီအစဉ်ကိုတော့ ကျုပ်သိပ်သဘောကျတယ် ရွာလူကြီး”
“ကဲကဲ အလုပ်သမား ဖိုး ပိုတယ်ဆိုတော့ ပိုတဲ့ ငွေကို ကန်ဖော်မဲ့ အလုပ်သမားတွေကို မျှမျှတတ ဝေပေးလိုက်ကြတာပေါ့ ”
ရွာလူကြီး ဦးသင်္ခနှင့် ရပ်မိရပ်ဖများ ရွာဦးဘုန်းတော်ကြီးကျောင်းသိူ့ သွားနေစဉ် ရွာထိပ်ရှိ ရေကန်အကြောင်း ပြောနေချင်းဖြစ် ၊ သူတို့တွေ စကားများ ပြောရင်း လမ်း လျှေ။က်နေစဉ် ရွာဦးကျောင်း သွားရသည် လမ်းနှင့် မလှမ်း မကမ်းတွင်ကျီးကန်း များ တအ အ အော်မြည်ပြီး ဝဲနေလေသည် ၊ ကျီး ကန်း များဝဲ နေသော အပင်မှာမီးလောင်း ထားတာ ကြာပြီးဖြစ်သည့် ပျဉ်းမ ငုတ်တိာ ပင်ကြီး ဖြစ်၏ ၊ ထူးထူး ဆန်းဆန်း ကျီးများ ဝိုင်း အုံပြီး အော်မည် နေသဖြင့် ရွာလူကြီး ဦးသင်္ခသည် သူ၏ တပည် ငအုပ်အား စကားလှမ်းဆိုလေသည်။
“ငအုပ် ဟို ပျဉ်းမ ငုတ်တို အပင်ကြီးနား ကျီးတွေ ဘာလို့ဝိုင်းနေတာ လဲ သွားကြည့်စမး် ”
“ဟုတ်ကဲ့ ရွာလူကြီး ”
ငအုပ်သည် ဦးသင်္ခတို့ အနားမှ ပြေးထွက်လိုက်ပြီး ကျီးများအုံနေသော ပျဉ်းမငုတ်တို ပင်ကြီးနား သွားလေ၏ ၊မကြာသော အချိန် ငအုပ်သည် အမောတကော နှင့် ပြန်ရောက်လာပြီး
“ရွာ ရွာသူကြီး ”
“အေးပြော ငအုပ် ”
“ဟို သစ်ငုတ်တိုပေါ်မှာ ပုဆိုး နဲ့ ပတ်ထားတာ ကလေးလေး ‌ဗျ ”
“ဟေ့ ဟုတ်လား အသက်ကော ရှိသေးလား ”
“မသိဘူး ကျုပ်လည်း ကလေးမှန်းသိတာနဲ့ တန်းပြေးပြီး လာပြောတာ ”
“၊သွားသွား ကလေး ကို ငါတို့ဆီ ယူခဲ့ ”
ငအုပ်သည် ရွာလူကြီး စကားဆုံးသည် နှင့် ပျဉ်းမငုတ်တို နေရာသို့ နောက်တခါ ပြန်ပြေးသွားပြီး မကြာမီး ပုဆိုးတထည် နှင့် ထုပ်ထားသော ကလေးငယ်လေးးတယောက်အား မချီ တက် ချီတက်နှင့် ချီလာကာ ဦးသင်္ခအ ပြလိုက်လေသည်
“ရွ။လူကြီး ဒီမှာ ပါ ”
“,ဟ ကလေးက အသက်ရှင်သေးတာပဲ အတော်မာတဲ့ ကလေးပဲ ဒါ နဲ့ ယောက်ကျာ်းလေးလား မိန်းကလေးလား ကြည့်ကြစမ်းပါ ဦး ”
ဦးသင်္ခမှ ထိုသို့ပြောသောအခါ ကျန်သော ရပ်မိရပ်ဖ တ‌ေယာက်မှာ ကလေးကို ပက်ထားသော ပုဆိုးအား လှပ်ကြည့်လိုက်ပြီး
“ယောက်က်ျားလေးဗျ ကိုသင်္ခ ရ ”
“ဟုတ်လား ”
ဦးသင်္ခသည် ကလေးပုဆိုးကို လှပ်ပြီး ပြန်ကြည့်လိုက်စဉ် ကလေးလေးသည် ဦးသင်္ခရဲ့ လက်ညှိုးလေးကို သူ၏ လက်ကလေးဖြစ်ဆုပ်ကိုက်ပြီး ပြုံးနေလေရာ ဦးသင်္ခ သဘောကျသွားပြီး
“ကဲ ဒီကလေး ကျုပ် နဲ့ ပဋ္ဌာန် ဆက်ရှိတယ်ထင်ပ ကျုပ်ပဲ မွေးစားမယ်ဗျာ အင်း… ဒီကလေးကို နာမည် ပေးရမယ် ”
“ဘယ်လို ပေးမလို့လဲကိုသင်္ခ သူ့ရဲ့ နေ့တွေ နာမ် တွေလည်း ကျုပ်တို့ က သိမှ မသိပဲ ”
“နာမည်က နေ့တွေ နာမ်တွေ မလို ပါဘူးဗျာ အဓိပ္ပါယ် ရှိဖို့ပဲလိုတယ် ဒီကလေး တွေ့တဲ့ နေ့မှာ ရွာထိပ်က ကန်ဖော်ဖို့ အလုပ်သမား အဖိုးအခ ပြည့်ရုံတင်မကဘူး ပိုလို့ဝေတောင် ဝေရဦးမယ် ဆိုတော့ ကဲ ဖိုးဝေ ဆို မကောင်းဘူးလာဗျ”
“မဆိုးဘူးဗျ ဖိုးဝေ အတော်ကို ခေါ်လို့ကောင်းတယ် “,
“ကဲ့ ဒီနေ့ကစပြီး ကျုပ်မှာ သားတ‌ောက်ရှိပြီ သူနာမည်က ဖိုးဝေ ”
ရွာလူကြီးသည် ထိုသို့ပြောပြီး ငအုပ်၏ လက်ထဲ မှကလေးအား ယူ၍ ချီလိုက်ပါလေတော့သည် ။

*အခန်း-၂

ငကောင်းကံရွာလေးတွင် သူကြီး၏ မွေးစားသား ဖိုးဝေသည် ၊ တဖြည်းဖြည်း နှင့် အသက် ခုနှစ်ဝန်းကျင် သို့ရောက်ရှိလာပြီဖြစ်သည် ၊ ဦးသင်္ခသည်လည်း မောင်ဖိုး‌ေဝအား မွေးစားသား ဖြစ်လင့်ကစား ဖခင် အရင်းထက် ပို၍ ချစ်ခင်လေ၏ ၊ မောင်ဖိုးဝေသည် ရွာမှ ရွယ်တူကလေးများဖြစ် ဆော့ကစားသောအခါ ကလေးမ‌ျားသည် သူတို့၏ မိဘများပြောပြထားသော မောင်ဖိုးဝေ၏ အကြောင်းများကို သိသောကြောင့် မောင်ဖိုးဝေအား သစ်ခေါင်းပေါက် ဟု ခေါ်ကြလေသည်။
“သစ်ခေါင်းပေါက် မင်းကြည့် နိုင်နေတာ မဟုတ်သေးဘူး သစ်ခေါင်းပေါက်က ကစားတက်တယ် ”
“ဟုတ်ပ သစ်ခေါင်းပေါက်က အတော် တော်တာပဲ သူ့က အမေမရှိပဲ သစ်ခေါင်းပေါက်ကြီးက မွေးလာတာမို့ တော်တာ ထင်တယ် ”
“ဟုတ်တယ် ဟုတ်တယ် ငါ့အမေလည်း ပြော ဖူးတယ် ဖိုးဝေကို ရွာထိပ်က သစ်ခေါင်းပေါက်ကြီးထဲက မွေးစားထားတာတဲ့ ”
မောင်ဖိုးဝေသည် ကလေးများမှ ထိုသို့ပြောသောအခါ စိတ်မကောင်း ဖြစ်ကာ အိမ်သို့ ငိုယို ပြီး ပြန်လာလေသည် ၊ အိမ်သို့ ပြန်ရောက်သောအခါ ဦးသင်္ခသည် မောင်ဘိုးထင် ၏ ကျောကို သပ်ပြီး စကားဆိုလေသည်
“လူလေး ဘာဖြစ်လို့ ငိုပြီးပြန်လာတာလဲ ကွဲ့ ”
“အဘ ကျုပ်ကို ရွာထဲက ကလေးတွေက သစ်ခေါင်းပေါက်လို့ခေါ်တယ် ကျုပ်က သစ်ခေါင်းပေါက်က မွေးလာတာတဲ့ ”
မောင်ဖိုးဝေ၏ စကားကြားသောအခါ ဦးသင်္ခသည် မောင်ဖိုးဝေကို ကြည့်ကာ တချက်ပြုံးပြလိုက်ပြီး
“လူလေး အဘ မင်းကို ပြောပြမယ် ”
မောင်ဖိုးဝေ သည် ဦးသင်္ခကို ကြည့်ပြီးခေါင်းညိတ်ပြလိုက်လေသည် ၊ ထိုအခါ ဦးသင်္ခသည့် ဆက်ပြီးစကားဆိုလေသည်
“အဘပြောတာ လူလေး သေချာနားထောင်နော် ”
“ဟုတ်ကဲ့ အဘ ”
“လူတွေက မကြိုက်တာကို ပိုပြောတက်တယ်ကွ လူလေးက သစ်ခေါင်းပေါက်လို့ ခေါ်ရင် လူလေးမကြိုက်ဘူးမဟုတ်လား ”
“မကြိုက်ဘူးအဘ ”
“မကြိုက်မှန်းသိရင် လူတွေကပို ခေါ်တယ်ကွဲ့ လူလေးကို သစ်ခေါးပေါက်လို့ ခေါ်ရင် လူလေးဘာလို့ မကြိုက်တာလဲ အဘကို ပြောပြ ဦး”
မောင်ဖိုးဝေသည် ဦးသင်္ခ၏ အမေးကို ချက်ချင်းမဖြေနိုင် တွေးလို့သာ နေပြီး နောက်
“သစ်ခေါင်းပေါက်ထဲကနေ အဘက ကျုပ်ကို မွေးစားထားတယ် လို့ပြောတာကို မကြိုက်တာ ”
“လူလေး လူဆိုတာ သစ္စာ ရှိရတယ်ကွ အဲ့တော့ အမှန်ကို အမှန်တိုင်း ပြောတာ နာစရာမလိုဘုး သူတို့ပြောလို့ အဘက မင်းကို ဆူလား ငေါက်လား မချစ်ပဲ နေလား ”
“အဲ့လို မရှိပါဘူး အဘ ”
“အဲ့တာဆိုလူလေးအတွက် ဘာတခုမှ ယုတ်လျော့မသွားတဲ့ ဒီ သစ်ခေါင်းပေါက်ဆိုတဲ့ ကိစ္စ‌ေလးကို ခေါင်းထဲ ထည့်မနေနဲ့ ကွာ ”
ဦးသင်္ခ၏ စကားဆုံးသောအခါ မောင်ဖိုးဝေ ခေါင်းညိတ်ပြီး
“ဟုတ်ကဲ့ အဘ ကျုပ်ကိုခေါ်ရက်လည်း မနာတော့ပါဘူး အဲ့ကောင်တွေ ပြောချင်သလောက် ပြောပါစေ ”
“ကောင်းတယ် လူလေးက တကယ်ကို လူတော်လေးပဲ ကဲကဲ မနက်ဖြန် ရွာဦး ဘုန်းကြီးကျောင်းမှာ လူလေး စာသွားသင်ရမယ် ”
“ဟာ ကျုပ်တ‌ေယာက် ထဲလား ”
“မဟုတ်ပါဘူးကွာ ခဏလေး လူလေးကို ပေးစရာ ရှိတယ် ”
ထို့‌ောနက်ဘဦးသင်္ခသည် သူ၏ တပည်အား လွယ်အိတ်တလုံးကို ယူစေပြီး နောက် ထိုလွယ်အိတ်အား မောင်ဖိုးဝေကို ပေလိုက်ကာ
“လူလေး ရော့ မင်းအတွက် အဲ့ လွယ်အိတ်အထဲမှာ ကျောက်သင်ပုန်း နဲ့ ကျောက်တိုင်ပါတယ် ဆရာတော် သင်ပေးမဲ့ စာတွေကို ကောင်းကောင်း သင်ယူပေတော့”
မောင်ဖိုးဝေသည် ဦးသင်္ခပေးသော လွယ်အိတ်ထဲ မှ ကျောက်သင်ပုန်း လေးနှင့် ကျောက်တိုင်အား ထုတ်ယူကြည့်ရင်း သဘာကျနေပါလေတော့သည် ။

*အခန်း-၃

မောင်ဖိုးဝေတ‌ေယာက် တခြားကလေးများနှင့် အတူ ဘုန်းတော်ကြီး ကျောင်းတွင် စာသင်ကြားနေလေသည် ၊ သူတို့သည် သင်ပုန်းကြီးမှ စပြီး သင်ကြားကြရသည် ၊ ‌‌ေမာင်ဖိုးဝေသည် ညဏ်ကောင်းသော ကလေးတ‌ေယာက် ဖြစ်သည် အလျှောက် စာသင်ကြားရာမှ အခက်အခဲမရှိပေ ဤသို့ နှင့် မောင်ဖိုးဝေဆယ်နှစ်ကျော်မျှ အရွယ်သို့ ရောက်လာလေပြီဖြစ်သည်၊ ထိုမျှသော ငယ်ရွယ်နုနယ် စဉ်မှာပင် ဖိုးဝေသည် သင်ပုန်းကြီးကုန်၍ ပရိတ်ကြီး (၁၁)သုတ် အပြင် လောကနိတိ ပင် တက်မြောက်နေပြီဖြစ်သည် ၊ တနေ့သ၌ ဖိုးဝေသည် သူ၏ အိမ်တွင် ဆော့ကစားနေလေ၏၊ ထိုအခါ သူ၏ အဘ ဦးသင်္ခသည် တ‌ေယာက်တည်းဆော့ကစားနေသော မောင်ဖိုးဝေအား အိမ်ရှေ့တန်းလျား‌တွင် ထိုင်‌ေနရာမှ လှမ်းကြည်ကာ စကားဆိုလေသည်
“လူလေး ဖိုးဝေ မင်းသူငယ်ချင်းတွေ နဲ့ သွားမကစားဘူးလားကွ”
“,မကစားပါဘူး အဘရာ ဒီကောင်တွေက ရွာအပြင်ကို သွားပြီး။ငှက်သွားပစ်မှာဗျ ကျုပ်က အဲ့လို အလုပ်တွေ မလုပ်ချင်ဘူး”
“ဟ ဘယ်လို ဖြစ်တာတုန်း လူလေးရဲ့ အဘတောင် မင်းအရွယ်က ငှက်ပစ် တာတွေ ဘာတွေ လုပ်သေးတယ် ကွ”
“ကျုပ်စိတ်ထဲမှာကို သူတပါး အသက်ကို သတ် ချင်စိတ်မရှိတာအဘရ ရွာဦးကျောင်းက ဆရာတော်ကလည်း သူများ အသက် မသတ်ရဘူးလို့ ပြောထားတယ် “,
ဦးသင်္ခ နှင့် သားဖြစ်သူ မောင်ဖိုးဝေ စကားပြောနေစဉ် သူတို့၏ အိမ်ဝိုင်းထဲသို့ ကလေးတသိုက် လွယ်အိတ်များလွယ်ပြီးရောက်လာကြသည်၊ ထို့ နောက် မောင်ဖိုးဝေထက် အသက်ပိုကြီး သော ကလေးတ‌ေယာက်သည် စကားဆိုလာလေသည ််
“ဟေ့ သစ်ခေါင်းပေါက် ငှက်သွားပစ်မလို့ လိုက်မှာလား ”
“မလိုက်တော့ပါဘူးဗျာ ကျုပ်ဒီနေ့ အဘ နဲ့ လိုက်သွားမလို့ ”
“အေးအေး ပြီးတာပဲ ငါတို့က မင်းကို လိုက်မလား လာခေါ်တာ ရွာ‌ပြင်က နှမ်းခင်ကျွတ် ထဲမှာ ချိုးတွေ တအားကျတယ်တဲ့ ကောင်ရ ”
“အေးဗျာ ကျုပ်မလိုက်တော့ပါဘူး ”
“အေးအေး သစ်ခေါင်းပေါက်ရေ ငါတို့သွားပြီကွ”
ဦးသင်္ခသည် မောင်ဖိုးဝေကို ကြည့်ပြီး အံဩနေလေသည် အဘယ်ကြောင့်ဆိုသော သူ့မကြိုက်သော သစ်ခေါင်းပေါက်ဟု ခေါ်သည်ကို မည်သို့သော စိတ်ဆိုးသည့် မည်သည့် အမူအယာမှ မရှိသောကြောင့်တည် ၊မောင်ဖိုးဝေသည် သူ့အား ငေးကြည့်နေသော အဘဖြစ်သူ ဦးသင်္ခ၏ အတွေးကို သိသောကြောင့် ဦးသင်္ခအား ပြုံးကြည့်၍ စကားဆိုလိုက်၏
“အဘ ကျုပ်ကို ထူးဆန်နေတာလား ”
“အေးဟုတ်တယ် လူလေး”
“ကျုပ် အသက်က ၁၀ နှစ်တောင် ရှိနေပါပြီဗျာ အဓိက နဲ့ သာမည နားလည်နေပါပြီ သစ်ခေါင်းပေါက်ခေါ်လို့ ကျုပ်အတွက် ယုတ်လျော့တာ ဘာမှမရှိပါဘူး ကျုပ်သူငယ်ချင်းတွေကတော့ ကျုပ်ကို သစ်ခေါင်းပေါက်လို့ ခေါ်ရင် စိတ်မဆိုးတော့တာနဲ့ သစ်ခေါင်းပေါက် ကြည့်ခေါ်နေတော့တာပဲ အခု ကျုပ်နာမည်က သစ်ခေါင်းပေါက် ဖိုးဝေ တောင်ဖြစ်နေပြီ အဘရေ ”
ဦးသင်္ခသည် သူအားကြည့်ပြီး စကားပြောနေသော မောင်ဖိုးဝေအား ငေးကြည့်နေမိသည် ၊ ဒီကလေးသည် သူထင်ထားသည်ထက် များစွာ ထက်မြက်နေပေသည် ၊ အသိညဏ်ပညာသည်လည်း အ‌ေတာ်အား‌ေကာင်းသည်၊ ရွာဦးကျောင်း ဆရာတော်ပင် သူ့အားခေါပြီး မောင်ဖိုးဝေ အကြောင်း ဆရာတော်မှပြောပြဖူးသည် ၊ ဆရာတော်သည် မောင်ဖိုး‌ေဝမှာ သာမာန် ကလေးတ‌ေယာက်မဟုတ်ကြောင်း ဆရာတော်ပရိတ်ကြီး သင်စဉ်က တခြားကလေးများသည် ပရိတ်တကြောင်းကို ပင် ‌မှတ်မိရန် ခက်ခဲနေချိန် မောင်ဖိုးဝေသည် အခက်အခဲမရှိ အားဂုံပင် ဆောင်နိုင်နေသည်ဟု ပြောဖူးသည် ထို့နောက် မောင်ဖိုး‌ေဝသည် ၊ အာဏာစက် ရှိသည်ဟုလည်း ဆိုပြန်လေသည် ဆရာတော် အပြောအရ ကျောင်းဝန်းထဲ ရှိ တောင်ပို့ တခု‌တွင် မောင်ဖိုးဝေ ရပ်နေ၍ ဆရာတော် သွားကြည့်ချိန် ဆရာတော် မျက်လုံးပင် ပြူးရသည်ဟုဆိုသည် ဆရာတော် မြင်ရသည် မှာ မောင်ဖိုးဝေသည် တောင်ပို့ကို သေချာကြည့်ကာ စကားများပြောနေသည်ဟုဆိုသည် သူပြောသောစကားများမှာ ဆရာတော်ပင် နားမလည်ဟု ဆိုပြန်၏၊ ထို့နောက် တောင်ပို့ ထဲ မှ မြွေဟောက်တကောင်သည် အပြင်သို့ ထွက်လာ ပြီး ကျောင်းဝန်း အပြင်သို့ ထွက်သွားသည်ဟု ဆိုရာ မောင်ဖိုးဝေမှ အတော် ထူးဆန်းသည့်ကလေး ဖြစ်သည်ဟု ဦးသင်္ခတွေးနေသည်၊
“အဘ ဗျို့အဘ ”
“ဟေ့ ဟေ့ လူလေး”
“အဘရယ် ကျုပ်ခေါ်နေတာ ကြာနေပြီ အဘ ဘာတွေ တွေးနေတာလဲ ဗျ”
“ဒီလိုပါပဲ လူလေးရယ် ဟိုတွေးဒီတွေး ”
“အဘ ဒီနေ့ တခြားရွာသွားပြီး ပယောဂ ထုတ်ဖို့ရှိတယ် မဟုတ်လား ကျုပ်လိုက်ခဲ့ပါရစေ ကျုပ်ကိုလည်း အဲ့ ပညာတွေ သင်ပေးပါ အဘ ”
“အင်း သင်ပေးတာ တော့ ဟုတ်ပါပြီ လူလေးက ငယ်သေးတယ်လေ ”
“အဘရယ် ပညာသင်တာမှာ ငယ်တာ ကြီးတာ မရှိပါဘူး ရွာတောင်ပိုင်းက ဦးကြည်မွေးတဲ့ သာလိကာ နဲ့ ရွာမြောက်ပိုင်းက ဦးကျော် မွေးတဲ့ သာလိကာ ယှဉ်ကြည့်စမ်းပါဦးဗျ”
“ဘာဖြစ်လို့လဲ လူလေးရ”
“ရွာတောင်ပိုင်းက ဦးကြည်က ငယ်ငယ် ကတည်းကမွေးပြီး ငယ်ငယ် ကတည်းက စကားပြောသင်တော့ အခုဆို တော်တော် တက်နေပြီလေ ဦးကျော်သာလီကာ ကတော့ ကြီးမှ မွေးပြီး ကြီးမှ သင်‌ေတာ့ အခုမှ ဟဲ့ခွေးကကို ပို မတက်ဘူး”
“အေးပါ လူ‌ေလးရာ မင်းကတော့ စကားတော်တော် တက်တဲ့ ကောင်ပဲ ”
“အဲ့တာဆို ကျုပ် အဘနောက်လုိက်ခဲ့ မယ်နော် ပြီး ရင် အဘ ပညာ သင်ပေးရမယ်နော် ”
“လူလေးရဲ့ သာလိကာ ဥပမာ ကို နားထောင်ပြီး အဘ အတော်ကို သဘောပေါက်ပါပြီကွာ ”
မောင်ဖိုးဝေ နှင့် ဦးသုံခတို့ နှစ်ယောက် တ‌ောက်ကို တ‌ောက်ကြည့်ကာ ရာ်လိုက်မိပါလေတော့သည် ။

*အခန်း-၄

ငကောင်းကံရွာမှာ ရွာလူကြီး ဦးသင်္ခနှင့် အတူ မောင်ဖိုးဝေတို့ ထွက်လာကြသည် ၊ ဦးသင်္ခသည် ပ‌ေယာဂ ကုချင်းကို တစိုက်မက်မက် မလုပ်ပေမဲ့ တခြားဆရာများ မနိုင်က ရံဖန် ရံခါ သူ့အား လာပင့်တက်ကြသည် ထိုအခါမျိုးတွင်တော့ ဦးသင်္ခမငြင်းပေ၊ အခုလည်း သူတို့ရွာ နှင့် နေ့တဝက်မျှ လမ်းလျှောက်ရသော ပတ္တာရွာတွင် ရွာလူကြီး၏ သမီးတွင် အမှောင်ပ‌ေယာဂစွဲကပ်လေပြီး တချို့ဆရာများ မတက်သာ၍ သူအား ပင့်ရာ သွား‌ေနချင်းဖြစ်သည် ၊ ဦးသင်္ခ နှင့် မောင်ဖိုးဝေသည် နေ့လယ်အချိန် တွက် ပတ္တာရွာ အဝင်သို့ ဆိုက်ရောက်လာလေသည် ၊ ရွာ အဝင်သိူ့ ရောက်သည် နှင့် ဆံပင်ဖားလျား ချထားသော မိန်းမ နှစ်ယောက်သည် ရွာထိပ်အိမ်ဝိုင်းထဲ တွင် သူတို့ အား ခါးထောက် ကြည့် နေလေသည် ၊ ထိုမိန်းမ နှစ်‌ေယာက်၏ အကြည့်သည် အတော်ကို ရဲတင်းလွန်းလှပေ၏ ၊ ထို့နောက် ဦးသင်္ခသည် သူတို့အား ကြည့်နေသော ရွာထိပ် အိမ်ဝိုင်းထဲမှ မိန်းမနှစ်ယောက်နှင့် မလှမ်းမကမ်းရှိ လမ်းဘေးတွင် ရပ်လိုက်ကာ
“တူမကြီးတို့ လမ်းလေး မေးချင်လို့ပါ မေးလို့ ရမလားကွဲ့ ”
“မေး ရတယ် ”
“ဒီရွာ ရဲ့ ရွာလူကြီးအိမ်ဘယ်လို သွားရလဲ ကွဲ့”
“ဘာလုပ်ဖို့လဲ ”
“ဦးကြီးတို့က အထက်လမ်းဆရာတွေပါ ပင့်ထားလို့ပါ ”
ဦးသင်္ခ၏ စကားကြားသောအခါ မိန်းမ နှစ်‌ေယာက်သည် မလေး မခန့်ဟန် အပြုံးကို ပြုံးကာ
“အထက်လမ်းဆရာကလည်းတော် ကိုယ်ကုပေးမဲ့ သူရဲ့ အိမ်တောင် မသိပါလား ကဲ ဒီလမ်း တိုင်းတိုင်းသွား တွေ့လိမ့်မယ် ခစ်ခစ်”
မိန်းကလေး နှစ်‌ေယာက်သည် ဦးသင်္ခအား မခန့်လေးစားဟန် နှင့် ပြောဆိုနေလေရာ မောင်ဖိုးဝေ ခံပြင်းနေမိသည် ၊ မောင်ဖိုးဝေ ခံပြင်းနေသသည်ကို သတိထားမိသော ဦးသင်္ခသည် မောင်ဖိုးဝေ ၏ ပုခံုးကို ပုတ်လိုက်ကာ
“,ကဲ လူလေး သွားကြစို့ ဟေ့ ”
မောင်ဖိုးဝေသည် သူ၏ အဘဖြစ်သူအား မလေးမခန့်ပြုလုပ်နေသော မိန်းကလေး နှစ်‌ေယာက်အား နောက်ပြန်လှည့်ကြည့်လှည့်ကြည့် နှင့် ဦးသင်္ခခေါ်ရာနောက်သို့ ပါသွားလေသည် ၊ ထို မိန်းကလေးများနှင့် ခပ်လှမ်းလှမ်းသိူ့ ရောက်သောအခါ မောင်ဖိုးဝေသည် သူ၏ အဘ ဦးသင်္ခအား မကျေမနပ် စကားဆိုနေသည်
“အဘ ”
“ဝေ့”
“အဘက တကယ် ရွာလူကြီးအိမ်မသိတာလား အဘလည်း ဒီရွာကို လာနေကြမဟုတ် လား ”
“ရောက်တော့ ရောက်ဖူးပါတယ် လာနေကြတော့မဟုတ်ဘူးလူလေးရ ဒီပတ္တာရွာက ရွာလူကြီး ကိုမြင့်မောင် နဲ့ သိပါတယ် သူ့အိမ်ကိုလည်း မှတ်မိပါတယ် ”
“အဲ့တာများ အဘရယ် ဟို မိန်းမ နှစ်ယောက်ကို ဘာကြောင့် များ လမ်းမေးရတာလဲ သူတို့ ရဲ့ ရုပ်တေွကို ကြည့်ပြီး ကျုပ်ဖြစ်ဒေါ်သထွက်လိုက်တာ အဘရာ ”
“‌‌အင်း လူလေး‌ေနာက်တော့ သိမှာ ပေါ့ကွာ ”
ဦးသင်္ခသည် မောင်ဖိုးဝေအား ဦးခေါင်းကို ပုတ်လိုက်ပြီးစကားဆိုကာ ပတ္တာ ရွာလူကြီး အိမ်သို့ သွားနေကြပါလေတော့သည် ။

*အခန်း-၅

ပတ္တာရွာလူကြီး ဦးမြင့်မောင်အိမ်သို့ ဦးသင်္ခ နှင့် မောင်ဖိုးဝေ ရောက်လာပြီဖြစ်သည် ၊ အိမ်ကို ရောက်သည် နှင့် ရွာလူကြီး နှင့် ရွာလူကြီး၏ ဇနီးသည် ကောင်းမွန်စွာ ဧည့်ဝတ်ပြုနေကြ၏၊ မျက်နှာက ဧည့်သည်များအား ဧည့်ဝတ်ပြုကာ ပြုံးနေ‌ေပနဲ့ သူတို့၏ မျက်လုံးများသည်က ဝမ်းနည်းနေ‌ကြ၏ ၊ ထို့နောက် ဦးသင်္ခသည် မောင်ဖိုးဝေ ထမင်းဆာနေမည်ဆိုး၍ ထမင်းကို အရင် စားလိုက်ကာ ထမင်းစားပြီးချိန် ရေနွေးကြမ်းလင်ပန်းအလယ်ချကာ အားလုံးဝိုင်းဖွဲ့ စကား‌ပြောနေလေသည် ၊ ဦးသင်္ခသည် သူ၏ မျက်နှာချင်းဆိုင်တွင်ရှိသော ဦးမြင့်မောင် အား စကားဆိုလေသည်
“ကဲကိုမြင့်မောင် ရေ ဘယ်လိုဖြစ်တာလဲ ပြောစမ်းပါဦးဗျ”
“ကျုပ်တို့လည်း ကိုယ့်ရပ်ကိုယ်ရွာအကြောင်း ကိုသိလို့ အတက်နိုင်ဆုံး ‌ထိန်းထိန်း သိမ်းသိမ်းနေတာပါပဲ ဘာမှ ပြဿနာ မရှိပါဘူး ကျုပ်သမီးလေး အရွယ်ရောက်လာမှ ဖြစ်တာဗျာ ကျုပ်လည်း ကျုပ်သမီးကို ပြောပါတယ် မကြွား မဝါ ပါနဲ့လို့ အမြဲ ဆုံးမတာပါပဲ ”
“ကိုမြင့်မောင်ရယ် ကျမတို့သမီးက မကြွားဝါပါဘူးတော် ကျမ အသိဆုံးပါ အခုဟာက မလိုမုန်းထားပြီးလုပ်တာပါ ”
“အေးပါ အေးမြရယ် ငါလည်းး တို့သမီးကို ကြွားဝါ တယ်လို့ မပြောပါဘူး”
ဦးသင်္ခ နှင့် စကားဆိုနေသော ဦးမြင့်မောင် သည် သူ၏ မိန်းမ ဖြစ်သူ စကားအား ပြန်ဖြေကြားနေချင်းဖြစ်သည် ၊ ထို့နောက် ဦးသင်္ခသည် ခေါင်းကို ညိတ်လိုက် ကာ
“ကျုပ်သိပြီ လူတွေရဲ့ ဣဿာမစ္ဆရိယက အတော်ကို ကြောက်စရာကောင်းတယ်ဗျ ကို့ဘက်က ဘယ်လောင်တောင် မှန်မှန်ကန်ကန် နေနေ မလို မုန်းထားတဲ့သူတွေကတော့ မုန်းနေမှာပဲဗျ လှတာကို မနာလို ချမ်းသာတာကို မနာလို ကျန်းမာတာ လည်းမနာလို အဲ့လို အဆင်ပြေနေတာကို မနာလိုတဲ့ သူတွေက သပ်သပ်ကိုရှိကြတာဗျ ”
“အခုက ကျုပ်သမီးလေးက လှလို့ မနာလို ဖြစ်နေတာ ထင်ရဲ့ဗျာ ”
“ကဲ ပြောနေကြာပါတယ် အခု အလုပ် စလုပ်လိုက်ကြတာပေါ့ဗျာ အနာသိ ဆေးကတော့ ရှိစမြဲပါ ဘာမှ ပူပင်သောက များမနေပါနဲ့ ”
ဦးသင်္ခသည် ထိုမျှသော စကားဆိုကာ အိမ်းဦးခန်းရှေ့ တွင် ထိုင်လိုက်ပြီး။ဘုရားစင်ကို ဦးချရှင်ခိုးကာ ဦးမြင့်မောင်တို့ ဘက်မျက်နှာ ပြန်မူလိုက်ပြီး လက်အုပ်ရှိပြီး မျက်လံုးမှိတ်လို့ သစ္စာစကားဆိုလေသည်
” နှစ်ကျိတ်ရှစ်ဆူကုန်‌ေသာ မျက်စွာဘုရားနှင့် ဤ ဘဒ္ဒကမ္ဘာမှာ ပွင်တော်မူသော မြတ်စွာဘုရားတို့အား ဘုရားတပည်တော် သင်္ခ ဦးတိုက် ရှင်ခိုး ပါ၏ တပည်တော်သည် လောကီပညာကို လိုက်စားသည့်အချိန်ကစပြီး ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြန်စွာ စောင့်ထိန်းပါသည်ဘုရား ဤမှန်သော သစ္စာ စကားကြောင့် တပည်တော် ပြောသော စကားများသည် အာဏာစက်တည်ပါစေသတည်း”
ဦးသင်္ သည် သစ္စာစကားကိုဆိုပြီးနောက် ကြမ်းပြင်ကို လက်နှင့် ပုတ်ကာ
“ဂန္ဓာရီ ဝိဇ္ဇာတို့ရဲ့အမိန့် ငါသင်္ခရဲ့ အမိန့် ဒီအိမ်က မိန်းမပျိုလေးကို ပြုစားထာတဲ့ ပညာသည် ငါ့အရှေ့အခုရောက်စမ်း မိန်းမပျိုအား အရှက်ခွဲ မည်ကြံကာ ပညာသည်ရဲ့ ရဲခေါင်းကို တင်ပုတ်နဲ့ ထုဖို့ စိတ္တ အသင့်ပြင်ထား ”
ဦးသခင်္၏ စကားဆုံးသည် နှင့် အိမ်ခန်းထဲ မှ မိနး် မပျိုလေး တယောက် လုံချည်ကို ရင်ခေါင်းအထိတက်ဝတ်ထားပြီး ဦးသင်္ခရဲ့ အရှေ့သို့ မျက်နှာလွှဲပြီး စောင့်ကြောင့် ထိုင်နေသည် ၊ ထို့နောက် ဦးသင်္ခကို မျက်လုံးဖြစ်‌ေစာင်းငဲ့ကြည့်ပြီး
“အယ် ဘယ်သူများလဲ လို့ နင်ကို ငါထင်တော့ထင်သာ နင်ဖြစ်မယ် လို့ ငါနင့်ကို နာမည်ပေးမယ် ဆရာကြောင်လို့ ဟီးဟီး”
ဝင်ပူးခံ မိန်းမပျိုလေးသည် ဦးသင်္ခအား မလေးမခန့်စကားဆို နေလေရာ ဘေးမှာ ရှိသော မောင်ဖိုးဝေ အတော်ကို ခံပြင်းကာ လက်သီးကို ဆုပ်ထားလိုက်မိသည် ၊ သူမည်သို့ပင် စိတ်ဆိုးဒေါသ ထွက်နေ‌ေပမဲ့ သူ၏ အဘ ဦးင်္ခသည်က အပြုံးမပျက်ပဲ ခေါင်းကို ညိတ်ကာ
“ငါထင်ပါတယ် နင်တို့ ပဲ ဆိုတာ ဒီကလေးမက နင်တို့ နဲ့ ဘာပြဿနာ ရှိလို့လဲ ပြောစမး်ပါ ဦး ”
“ငါတို့က နင်မေးတိုင် ဖြေရအောင် နင့်ရဲ့ ကျွန်တွေ ထင်လို့လား ဆရာကြောင် ရဲ့ ”
“အော် နင်တို့က ဒီလိုလား ငါက မြတ်စွာ ဘုရားရဲ့လမ်းစဉ် အတိုင်း ‌နင်တို့ကို ပြောဆိုနေတော့ အထွန့်တက်တယ် ပေါ့ ”
ဦးသင်္ခသည် ကြမ်းပြင်ကို လက်နှင့် ပုတ်လိုက်ကာ
“ဒီပ ဘာလုပ်နေတာလဲ ဒီလောက် ငါ့ကို ပမာ မခန့်ပြုနေတာ နင် ဒီတိုင်းကြည့်နေမှာလား ဟဲ့ ”
ဦးသင်္ခသည် ထိုသို့သောစကားကို ပြောလိုက်သည် နှင့် ဝင်ပူးခံ မိန်းကလေး၏ ဦးခေါင်းသည် ကြမ်းပြင်သို့ တဖြည်းဖြည်း မျက်နှာ အပ်သွားလေသည် ၊ ကြမ်းပြင်ရှိ ဖျာ နှင့် မျက်နှာကပ်သွားသော အခါ ဦးသင်္ခသည် လက်ကို ကာပြလိုက်ကာ
“တော်ပြီ တော်ပြီ ဟဲ့ ပညာသည် ငါ့ကို မလေးမခန့်ပြုဝံ့သေးလား နင်တို့ အခု နောင်တရပြီး ဒီကလေးမကို ပြုစားထားတဲ့ အရာတွေကို အခု ထုတ်ပေးပေတော့”
“ဟီးး ဟီးး ငါတို့ကို ဘာများထင်နေလဲ ၃၇ မင်း နတ်တောင် ခိုင်းနိုင်တဲ့ ကဝေပျံတွေဟဲ့ ဒီကောင်မ ရွာထဲ မှာ အရှက်ကွဲပြီး အသေဆိုးနဲ့ သေရမယ် ဟဲ့ ”
“တောက် ဒီကလေးမက နင်တို့ကို ဘာများ ဒုက္ခပေးဘူး‌လို့လဲ ပြောစမး် ”
“,ဒီကောင်မ လှပြီး စိတ်ကောင်း ရှိနေတာကိုက ငါတို့ကို ဒုက္ခပေးနေတာပဲဟဲ့ အကောင်ရဲ့ ”
“တောက် ယုတ်မာတဲ့ ကဝေ ကဲ ဗျတ္ဃ မင်းရဲ့ ဓားနဲ့ ဒီကောင်မ လျှာကို ဖြတ်စမး်
“ဒီးပ မင်း နင်းထားတဲ့ ခြေထောက်က ဘာလို့ ငြိမ်နေတာ လဲ ဖနောင့်နဲ့ ပေါက်စမး်ပါဟ ”
ဦးသင်္ခသည် စကားနှင့်သာ ပြောဆိုနေပေမဲ့ ဝင်ပူးခံ မိန်းမပျိုလေးသည် ကြောက်မက်ဖွယ် ရာအော်ဟစ် ညည်းငြူနေလေသည် ၊ ထို့နောက် အတန်ကြာအောင် အော်ဟစ်ငို ယိုနေရင်းမှ စကားဆိုလာသည် သို့ပေမဲ့ စကားသည်က မပီးတော့ ဗလံုးဗထွေး နဲ့ ဖြစ်သည်
“ငါ့ ငါ့ လျှာ ပြတ်တော့မယ် ငါကြောက်ပါပြီး နင့် ကောင်တွေကို ရပ်ခိုင်းပါတော့ ငါ ငါသေတော့မယ် ”
“အေး နင် အပါအဝင် တခြား ပညာသည်တွေ အကုန်လုံး ဒီကလေးမကို မနှောက်ယှက်‌ေတာ့ဘူးလို့ ကတိပေးလား ပေးရင် ငါ လွှတ်ပေးမယ် ပေးပြီးရင်လည်း နင်တို့ထက်ပြီး မိုက်မယ် ဆိုလို့ကတော့ ပြာချ ပစ်မယ် ကြားလား”
“ကြောက် ကြောက်ပါ ပြီ ငါ ငါကတိပေးပါတယ် ”
ဦးသင်္ခသည် လက်ကို ကာပြလိုက်ပြီး
“တော်ကြတော့ ”
ဦးသင်္ခ၏ စကားဆုံးသဘ့်အခါ မှ ဝင်ပူးခံနေရသော မိန်းမကလေးသည် သက်ပြင်းရှည်ကြီးကို ချကာ
“ငါ ငါသွားတာ့မယ် ငါပြုစားထားတဲ့ ပညာတွေ အကုန်နုတ်သွားမယ် ”
“မနုတ်လို့ရမလား တစက်ကလေးကျန်တာ နဲ့ နင်ပြာကျပြီ မှတ် ”
“နင် နင်ငါ့ကို ဘာလို့ ဘုရားဦး မတိုက်ခိုင်းတာလဲ ”
“နင့်ရဲ့ ခံယူချက်မို့ ငါ အတင်း မတိုက်တွန်းလိုဘူး ငါတို့ မြတ်စွာ ဘုရားက လာပါ လေ့လာပါ ကြိုက်မှ ယူပါ မကြိက်ရင် မယူပါနဲ့ လို့ ပြောပြီးသား နင့်ကို အတင်းအကြပ် ဦးတိုက်ခိုင်းတာက ငါတို့ရဲ့ မြတ်စွာဘုရား လမ်းစဉ်နဲ့ သွေဖယ် နေလလို့မလုပ်ခိုင်းတာ ကဲ နင့် ကတိနင်တည်စေနော် ကိုယ်ပြုသည့် ကံက ကိုယ့်ထံ ပြန်လာမယ် ဆိုတာ မှတ်သားထားပေတော့ ”
ဦးသင်္ခစကားဆုံးသည် နှင့် ဝင်ပူးခံနေရာသော မိန်းမပျိုလေးသည် ဆက်ကနည်းတုန်သွားကာ မောဟိုက်နေပြီး လဲ ကျသွား‌ေလတော့သည် ၊ ထိုအခါမှ ဦးသင်္ခသည် ရေတခွက်ကို ခပ်စေကာ ကလေးမလေးကို ထူပြီး တိုက်လိုက်ပြီး
“ကဲ တူမကြီး အခုချိန်ကစပြီး တူမကြီး‌ခံစားနေရတဲ့ ဝေဒနာ‌ေတွပျောက်ကင်းပါပြီး ပြီးတော့ တူမကြီးအမေကို အားရှိမဲ့ အစား အစာတွေ ချက်ကျွေးခိုင်းကြားလား “,
“ဟုတ် ကဲ့ ပါဆရာကြီး ကန်တော့ နော် သမီး အဝတ်စား ဝတ်ထားတာ ပုံမကျ ပန်းမကျဖြစ်နေလို့ သမီး အဝတ်သွားလဲ လိုက်ဦးမယ် ”
“ရတယ် ရတယ် တူမကြီးအမေကိုခေါ်သွား ခေါင်းလေးဘာလေး လျှော် လိုက် ကြားလား”
“ဟုတ် ကဲ့ ပါ ဆရာကြီး ”
မိန်းကလေးသည် ဦးသင်္ခအား ဦးချကန်‌ေတာ့ ကာ ထွက်သွားလေ၏ ၊ မိန်းကလေး၏ မိခင်သည်လည်း ဝမ်းသာနေသော မျက်နှာဖြစ် သူမ၏ သမီး‌ေနာက်သို့ လိုက်သွားတော့သည် ၊ အိမ်ပေါ်တွင် ရှိနေသာ ပတ္တာ ရွာလူကြီး ဦးမြင့်မောင်သည် ဦးသင်္ခအား ကျေးဇူးတင် စကားဆိုကာ သူမကျေနပ်သည့် အ‌ေကြာင်းကိုပြောပြ‌ေလသည်
“ကိုသင်္ခ တကယ်ကျေးဇူးတင်ပါတယ်ဗျာ ဒါနဲ့ ဘယ်သူ ဘယ်ဝါ လုပ်တာဆိုတာကို မသိရတာတော့ ကျုပ်မကျေနပ်ဘူးဗျာ ”
“အင်း ကောင်းကျိုး မရှိတဲ့ အရာတွေကို မသိတာ အကောင်းဆုံးပါပဲဗျာ အမှောင်က လူက အလင်းကို မရောက်ဘူးလို့ ပြောမရသလို အလင်းက လူကလည်း အမှောင်ကို ရောက်နိုင်တာပဲလေ အဲ့တော့ ကျုပ်အနေနဲ့ မည်သူမည်ဝါလို့ ပြောလိုက်ရင် တကယ်လို့ အလင်းကို ကူးချင်ရင်တောင် သူ့အတွက် အခက်အခဲ ဖြစ်မှာဆိုးလို့ပါ လူစည်းဘီးလူးစည်ပေါ့ ကိုမြင့်မောင်ရာ ”
“ကျုပ်နားလည်ပါပြီ ကဲ ညအိပ်ပြီး မှ ပြန်ဗျာနော် ညနေ တောင် ရောက်လုပြီ ဆို‌ေတာ့ ”
“အဲ့တာတော့ မဖြစ်ဘူး ‌ဗျို့ ကျုပ်က ရွာမှာ ရွာလူကြီးလေဗျာ အ‌ေကြာင်း ကိစ္စက မရှိဘူးလို့ မပြောနိုင်ပေဘူး အိပ်လို့ မဖြစ်ပေဘူးဗျ ”
“ဟုတ်ပ ဟုတ်ပ အဲ့တာတော့ ကျုပ်နားလည်တယ်ဗျို့ ရွာလူကြီး အချင်းချင်း ဖြစ်နေလို့လေ ”
ဤသို့ ဖြစ် အလာပ သလာပ စကားများ ခေတ္တ ဆိုလိုက်ကြပြီး ဦးသင်္ခသည် ဦးမြင့်မောင် မိသားစုကို နုတ်ဆက်ကာ မောင်ဖိုးဝေကို ခေါ်၍ အိမ်ပေါ်မှ ဆင်းလိုက်ကြပါ‌‌ေလတော့သည် ။

*အခန်း-၆

ဦးသင်္ခ နှင့် မောင်ဖိုးဝေသည် ပတ္တာ ရွာလူကြီးအိမ်မှ ပြန်ထွက် လာပြီး စကား‌တပြောပြောနှင့် လမ်းလျှောက်နေသည် မောင်ဖိုးဝေသည် သူ၏ အဘအား စုန်းကဝေ ပြုစားထားသူအား ထုတ်ပေးတာကို အတော်သဘောကျနေပြီး။မေးမြန်နေလေသည်
“အဘ အဘပြောတဲ့ ဒီပဆိုတာ ဘာကြီးလဲ ဗျ သူ့ကို ကျုပ်လည်းမမြင်ရဘူး ”
“ဒီပဆိုတာ အောက်ဘုံက နတ်စစ်သည် တပါးကွဲ့ အဘအတွက် လောကီကောင်းကျိုးတွေမှာ ကူညီဖို့ ဆရာ့ဆရာကြီးတွေက အဘဆီမှာ တာဝန်ပေးထားတာ ”
“ဟုတ်လား ကျုပ်မြင်ချင်လိုက်တာ ဗျာ ”
“နောက်ဆို မြင်ရမှာပေါ့ ကွယ် ငါးပါသီလ မြဲအောင်နေ ကြားလား ”
“ဟုတ်အဘ ပြီး‌ေတာ့ စိတ္တ နဲ့ ဗျတ္ဃကော နတ်ပဲလား ”
“နတ်တော့ နတ်ပဲ ကွဲ သူတို့က နတ်ဘီလူး အနွယ်ဝင်တွေ သူတို့ တွေက အောက်ဘုံ နတ်ဘီလူးတွေဆိုပေမဲ့ ကဝေတွေ ခိုင်းလို့ရတဲ့ နတ်စိမ်းတွေ ထက်တော့ တန်ခိုးဣဒ္ဓိပါဒ် ကြီးတာပေါ့ လူလေးရယ် ”
“ကျုပ်လည်း ပညာသင်ရင် သူတို့က ကျုပ်ခိုင်းတာကို လုပ်‌ေပးမှာလား အဘ ”
“အင်းပေါ့ ဒါပေမဲ့ လူလေးရဲ့ ကျင့်ကြံတဲ့ စရဏ အားက လိုသေးတယ် အဘတောင် စေတလုံးပိုင်တွေ နဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး”
“စေတလုံး ပိုင်ဆိုတာ ဘာပြောတာလဲ အဘ ”


“စေတလုံးဆိုတာ အဘတို့လို အစောင့် အရှောက်တွေ နဲ့ မှ ပညာသည်တွေကို နိုင်တာ မဟုတ်ဘူးကွဲ့ သူတို့က ကြိုက်တဲ့ သူကို ဆင့်ခေါ်နိုင်တယ် လူလေး နားလည်အောင် ရှင်းပြရရင် အဘ ဦးမောင်မြင့် အိမ်မှာ သောက်နေတဲ့ ရေနွေးခွက်ကို လေပေါ်ပျံအောင်လုပ်နိုင်တယ် ပြီးတော့ ရေပူပူတွေကိုလည်း ရေအေးအောင် လုပ်နိုင်တယ် ကွဲ့ တန်ခိုးရှင်တွေပေါ့ ကွယ် ”
မောင်ဖိုးဝေ အတော်ကို သဘောကျသွာသည် သူ၏ စိတ်ထဲ တွင်လည်း စေတလုံးပိုင် အတော်ကို ဖြစ်ချင်နေသည် ၊ ထို့‌ေနာက် မောငဖိုးဝေသည် ဦးသင်္ခကို ကြည့်ကာ
“အဘ ကျုပ်လည်း စေတလုံးပိုင် ဖြစ်အောင် လုပ်လို့ရလား ”
“ရတာပေါ့ကွ စေတလုံးပိုင်ဆိုတာ စိတ်တန်ခိုးပဲ အဲ့တော့ သမထ အမျိုးလေးဆယ်လည်း ကျင့်ကြံရမယ် ကသိုဏ် အစုံလည်း ကျင့်ကြံရမယ် ခက်‌ေတာ့ ခက်တယ် လူလေးရ”
မည်သို့ ‌ပင် ခက်ခဲပါစေ စေတလုံးပိုင်ဖြစ်အောင် ကျင်ကြံလို့ရသည်ဟု ဦးသင်္ခ စကားကြောင့် မောင်ဖိုးဝေပျော် ရွှင်နေမိသည် ဤသို့ နှင့် သားအဖ နှစ်ယောက် ပတ္တာ ရွာလေးမှ ထွက်လာလေ‌သည် ၊ ရွာလေး၏ အထွက် လမ်းဘေးရှိ အိမ်ဝိုင်း တဝိုင်းထဲ တွင် တော့ ဆံပင် ဖားလျား ချထားသော မိန်းမ တ‌ေယာက်‌သည် ဦးသင်္ခ နှင့် မောင်ဖိုးဝေကို ကြည့်ကာ ‌ေတာက်တချက်ကို ပြင်းစွာ ခေါက်ရင်း အံကိုကြိတ် ခါးကိုထောက်လို့ စူးရဲစွာ ကြည့်နေပါလေတော့သည် ။

ဦးဖိုးဝေ နှင့် ငယ်ဘဝ (၂) ကိုဆက်လက်ဖတ်ရှုပါရန်-

မောင်တင်ဆန်း

Leave a Comment