ဦးဖိုးဝေ နှင့် ငယ်ဘဝ (၄)

“ဦးဖိုးဝေ နှင့် ငယ်ဘဝ (၄) ”
ရေးသားသူ—မောင်တင်ဆန်း

*အခန်း-၁

လူလောကသည် ရှုပ်ထွေးလှ၏ လောဘ မောဟ ဒေါသ တို့ဖြစ် ပြည့်နှက် နေသည် ၊ ယခုလည်း အများသူငါကို ကယ်တင်ရမည်ဟုသော ရည်ရွယ်ချက်ဖြစ် ၊ လောကီ ပညာသင်ယူထားသော မောင်ဖိုးဝေ တ‌ေယာက် အဘ ဖြစ်သူအား မသမာသော စုန်းကဝေ များ၏ အကောက်ကြံချင်းကြောင့် အသက်ဆုံးခဲ့ရ၍ ဒေါသမီးသည် သူအားတောက်လောင်စေသည် ၊ အေးငြိမ်သည် မေတ္တာတွေ ပေးခဲ့သော အဘ မရှိတော့၍ သူ့အား ထိန်းသိမ်းနိုင်သည့် သူမှာ မရှိနိုင်တော့ပေ သူသည် စားရေးသောက်ရေး နေရေးထိုင်ရေး မပူရ မပင်ရသောကြောင့် စုန်းကဝေ ပြုစားခံထားရသူများအား အခကြေးငွေမယူပဲ အလကား လိုက်လံကုသပေးနေသည်၊ ကုသ ရာမှာလည်း စုန်းကဝေများအား ပြင်းထန်စွာ နာကြင်စေအောင်ပြုလုပ်ပြီး ၊ အသတ်ကိုတော့ မသတ်‌ ပညာကိုသာ နုတ်သောကြောင့် သူအား တာဝန်အပ်နှင်း ထားသော အဖိုးသည်ပင် တာမရတော့ပေ၊ မောင်ဖိုးဝေသည် ယောင်ပေစူး နှင့် ပုဆိုးအပို တထည်ကို စလွယ်သိုင်းပြီး စုန်းကဝေရှိသည် ဟုနာမည် ကြီးသော ရွာများကို တမင်သွားရောက်၍ ပညာများကို နုတ်လေ‌‌ရှိ၏၊ ယခုလည်း သူ၏ ရန်သူရွားဖြစ်သော ကြာရိုးရွာကို သွား‌ေနချင်းဖြစ်သည် ။ ကြာရိုးရွာဝင်သို့ ရောက်ရှိသောအခါ မောင်ဖိုးဝေသည် အေး‌ေဆးတည်ငြိမ်စွာ လမ်းလျှောက်ပြီးဝင်လာသည် ၊ ‌သူရွာထဲကို ဝင်လာသည်နှင့် တချို့ သောလူများသည် ကွက်ကြည့် ကွက်ကြည့် လုပ်နေသည် မောင်ဖိုးဝေသည် ရွာ အနောက်ပိုင်း ဥယျာဉ်ကြီး ရှိ အိမ်တလုံးကို ဦးတည်နေသည် ထိုအိမ်သည် ၊ ဒီရွာ၏ ရွာသူကြီး စုန်းမကြီး ဒေါ်မာလာ နေသော အိမ်ဖြစ်သည်၊ မောင်ဖိုးဝေ ထိုအိမ်ဝိုင်းထဲ ရောက်သည် နှင့် သူနှင့် သက်တူ ရွယ်တူ ကောင်မလေးတ‌ေယာက်သည် ၊ မျက်တောင်မခက် လူသေကောင် ပံုစံ နှင့် သူအားကြည့်ကာ လေ;ပင်သော အသံကြီးနှင့် စကားဆိုလေသည်
“ဘာကိစ္စရှိလို့လဲ ”
“နင်က ဘယ်သူ လဲ ”
“ငါက အမေကြီးရဲ့ မြေးပဲ ”
“အော် ဖုတ်ကောင်ပေါ့ ”
မောင်ဖိုးဝေသည် ထိုမျှသာ ပြောပြီး ခတ်ထန်သော လေသံဖြစ် အမိန့်ပေးစကားဆိုလေသည်
“လှံပိုင် ဒီအလောင်းကောင်ထဲ ဝင်နေတဲ့ မြေဖုတ်ကို လှံ နဲ့ ထိုးပြီး သူနေရာ သူပို့လိုက်စမ်း ဟဲ့ ”
မောင်ဖိုးဝေ စကားဆုံးသည်နှင့် ဖုတ်သွင်းခံထားရသော ကလေးမလေးသည် ချက်ချင်းတွန့်လိမ်ကာ မြေပြင်ပေါ်လဲကျသွားပြီး ပြာနှမ်း ဖောင်းပွလာကာ အတော်ကို မနှစ်မြို့စရာ အလောင်းကောင်ကြီး အဖြစ်ပြောင်းလဲ သွားလေတော့သည် ။
ထို‌သို့သော အဖြစ် အပျက်များ ဖြစ်ပျက်သွားသည်ကို မြင်တွေ့လိုက်ဟန်ရှိသော ဆံပင်များဖြူနေကာ ရွာသားများ‌အ‌ေခါ် အမေကြီးသည် သို့မဟုတ် စုန်းကဝေမကြီး ဒေါ်မာလာသည် မောင်ဖိုးဝေကို စူးရဲစွာ ကြည့်လိုက်ပြီး
“ဟဲ့ကောင် နင်ငါ့မြေးရဲ့ ရုပ်ကို ဖျက်စီးပြစ်တာလား နင်လည်း နင့် အ‌ဘ နောက် လိုက်သွားချင်ပြန်ပြီးထင်တယ်”
“တ်ေစမ်း စုန်းမကြီး ဒီနေ့ နင့်ရဲ့ ပညာတွေ ကို အကုန်လုံး ငါ ဖျက်စီး ပြစ်မယ်”
“ဟားးး ဟားးး မလောက်လေး မလောက်စား ကောင်လေးက ငါ့ကိုများ အံ့တုဝံ့နေတယ်ပေါ့ ငါ့ကိုဘာများ မှတ်နေလေ ငါ့လိုကဝေမျောက်စုနး်ကို မလေးမခန့်ပြုတဲ့သူ နင့်ရဲ့ အသွေး နဲ့ အသားကို အရင်စားမယ် ပြီးရင် အရိုးကို ကိုက်မယ် ဟဲ့ ”
ကဝေမျောက်စုနး် ‌အမယ်အိုသည် သူ၏ ဖြူဖွေးနေသော ဦးခေါင်းမှ ဆံပင် အချို့ကို ဆွဲ နုတ် လိုက်ကာ မောင်ဖိုးဝေထံ ပစ်လွှတ်လိုက်ပြီး ပါစပ်မှလည်း
“‌ဟဲ့…မြွေတွေ အဲ့ဒီ အထက်လမ်းဆရာ ပေါက်စကို ပေါက်သတ်လိုက်ကြစမး် ဟေ့ ”
စုန်းကဝေ အမယ်အိုသည် ထိုသို့သော စကားကို ပြောပြီး ပစ်လွှတ်လိုက်သော ဆံပင်များသည် တဖြည်းဖြည်းချင်း ကြီးမားလာကာ မြွေ များအဖြစ် အသွင် ပြောင်းပြီး မောင်ဖိုးဝေထံ တည့်တိုး ဝင်လာရာ ‌‌ေမာင်ဖိုး‌ေဝသည် မာထန်သောအသံဖြစ်
“ဓားပိုင် ဘာလုပ်နေလဲ ”
မောင်ဖိုးဝေမှ ထိုသို့ပြောလိုက်သောအခါ သူထံ ပြေးဝင်လာသော မြွေများသည် အပိုင်းပိုင်း ပြတ်တောက်ကုန်က မြေပြင်ပေါ်သို့ ဆံပင်လေးများအဖြစ် မူလ ပြန်ကုန်ကြတော့သည် ။ စုန်းကဝေ အမယ်အိုသည် ထိုမြင်ကွင်းကို မြင်သောအခါ ဒေါသ ချောင်ချောင်ထွက်ပြီး
“ဟဲ့ ညီနောင် နှစ်ပါး နဲ့ စီတော် ကျားးနဲ့လာစမး် ဖိုးဝေဆိုတဲ့ သကောင့်သားကို နင့်တို့စီး‌ေတာ်ကျား‌ နဲ့ လည်ဂုတ်က ခဲပြီး ငါဆီ ချီခဲ့ဟေ့ ”
အမယ်အို၏ စကားဆုံးသည် နှင့် မောင်ဖိုးဝေ၏ မျက်လုံးထဲတွင် အမဲအို ၏ ဘေးနှစ်ဘက်မှာ ပိုးပုဝါကိုခေါင်းပေါင်းထားပြီး ပိုးသားအင်္ကျိနှင့် တောင်ခြေပုဆိုးကို ခါးတောင်းကြိုက်ထားသော ပုဂ္ဂိုလ် နှစ်‌ေယာက် ကျားကို စီးလို့ ပေါ်လာသည် ၊ ထိုပုဂ္ဂုလ် နှစ်‌ေယာက်သည် သူတို့ စီးထားသော ကျားများပေါ်မှ ဆင်းလိုက်ပြီး မောင်ဖိုးဝေအား မျက်ထောင့် နီ ဖြစ်ကြည့်ကာ သူတို့ ၏ ကြီးမားသော ကျားကြီး၏ လည်ဂုတ်ကို ပွတ်သတ်ပေးရင် ကျားကြီး၏ နားအနားကပ်လို့ စကားတိုးတိုး ပြောပြီး မောင်ဖိုးဝေအား လက်ညှိုးညွှန်ပြလေတော့သည် ၊ ထိုသို့ လက်ညှိုးညွှန်ပြလိုက်သည် နှင့် ကျားနှစ်ကောင် သည် မောင်ဖိုးဝေကို ကြည့်ကာ သူ၏ ချွန်ထက်နေသော အစွယ် နှင့်သွားများပေါ်အောင် မာန်ဖီရင်း ခေါင်းအား ဘယ်ညာ ယိမ်းနေပြီး မောင်ဖိုးဝေအား ခုန်အုပ်ရန် ချောင်းနေသည် ၊ ထို့‌ေနာက် ကျားပိုင်ရှင် ပုဂ္ဂိုလ် နှစ်‌ေယာက်သည် လက်ကို အိုက်ပြီး မောင်ဖိုးဝေကို ပြုံးလို့ ကြည့်နေသည် ၊ မောင်ဖိုးဝေသည်က မဲ့ပြုံးတချက်ပြုံကာ စုန်းကဝေ အမယ်အိုအား လက်ညှိုးထိုးလို့ စကားဆိုလေ၏
“ဟဲ့ ကဝေမျောက်စုန်း နင်က နတ်စိမ်းတွေကို ခိုင်းလို့ရတယ်ဆိုပြီ ငါ့ကို ဒုက္ခပေးလို့ ရပြီလို့ ထင်နေတာလား ၊ ဟို နတ်စိမ်းတွေ နင်တို့က လူဘဝမှာ မကောင်းမှူပြုပြီး‌ေနတာ ဘုန်းရှင်ကံရှင်က နေရာပေးလို့ နတ်စိမ်း ဖြစ်နေတာကိုတောင် ကိုယ့်ဘဝ ကိုယ်နားမလည် အခုထိ စုန်းကဝေတွေ ခိုင်းလိုက်တာ နဲ့ ငါ့ကို ရန်ပြုဖို့ ကြံနေတယ်ပေါ့ ”
မောင်ဖိုးဝေသည် စုန်းကဝေ အမယ်အိုအား စကားဆိုရင်း နတ်စိမ်း နှစ်ယောက်ကိုပါ တခါတည်း ပြစ်တင်စကားဆိုလိုက်သည် ၊ ထိုအခါ နတ်စိမ်းတို့၏ စီးတော်ကျားကြီးသည် မောင်ဖိုးဝေ အနား တဖြည်းဖြည်းတိုးလာရာ
“ဟဲ့ ဆင်ပိုင် ဒီ နတ်စိမ်းတွေ ရဲ့ ကျားတွေကို သူနေရာ သူပို့ပေးလိုက်စမ်း”
မောင်ဖိုးဝေစကားဆိုလိုက်သည်နှင့် ကြီးမားသော ဆင်ကြီးသည် အစွယ်များ ရှည်လျားဖွေးဖြူကာ ‌ပေါ်လာပြီး နှာမောင်းကို မြှောက်လို့ ကျယ်လောင်စွာ အော်ဟစ်နေပြီး ခေါင်းကို ယမ်းခါနေသည် ၊ ဆင်ကြီး၏လည်ဂုတ်ပေါ်တွင်တော့ ချပ်ဝတ်တန်ဆာကို ဝတ်ထားသည် ဆင်ပိုင်သည် ပေါက်ချွန်းကို ကိုင်ထားပြီး ဓားကို လွယ်ထားသေးသည် ၊ ထို့နောက် ပေါက်ချွန်းကို မြှောက်ကာ
“ဥဇန ငါတို့ရှေ့က ကျားတွေကို တိုက်စမ်းဟဲ့ ”
ဆင်ပိုင်၏ စကားဆုံးသည် နှင့် ဆင်ကြီးသည် နတ်စိမ်း တို့ ၏ ဆီးတော်ကျားများကို တိုက်ခိုက် ရန် ဟန်ပြင်လေသည် ၊ စီးတော် ကျားများသည်လည်း မောင်ဖိုးဝေ ရှေ့မှ ပေါ်လာသော ဆင်ကြီးအား ခုန်အုပ်လိုက်ရာ ဆင်ကြီးသည် သူ၏ ကြီးမားသော နှာမောင်းဖြစ် ရိုက်ပုတ်လိုက်ရာ စီးတော် ကျားတ‌ေကာင်သည် လွင့်စင်လို့ သွား၏၊ ထို့‌ေနာက် နောက်ထပ် စီးတော်ကျားသည် ခုန် မဝင် ရဲ‌ေတာ့ပဲ နောက်သို့ ဆုတ် ဆုတ်သွားပြီး သူ၏ သခင် နတ်စိမ်း အနားတွင် ရပ်နေလေသည် ၊ လွင့်စင်သွားသော စီးတော်ကျားသည်လည်း လူလဲထကာ ဆင်ကြီးအား ပြန်မတိုက်ရဲတော့ပဲ သူ၏ သခင် နတ်စိမ်း အနားသို့ သွားရာ ၊ နတ်စိမ်း နှစ်‌ေယာက်သည်လည်း မျက်စိ မျက်နှာ ပျက်ကာ စီတော် ကျားများပေါ်တက်လို့ မရှေးမနှောင်း ထွက်ခွာလို့ သွားလေတော့သည် ၊ နတ်စိမ်းများ ထွက်ခွာသွားသောအခါ စုန်းကဝေ အမယ်အိုသည် အတော်ကို မျက်စိမျက်နှာ ပျက်နေပြီး ရုတ်တရက် ခြေကို ဆောင့်ပြီးခုန်လိုက်ရာ အသားစားကျူးသည် လင်းတကြီး အဖြစ်ပြောင်းကာ မိုးပေါ်ပြန်သွားလေသည် ၊ ‌ေမာင်ဖိုးဝေသည် စုန်က‌ေဝ အမယ်အို ပြေးသည်ကို သိသောလည်း တချက်မဲ့ပြုံးပြုံလိုက်ကာ
“ကဲ ကြိုးပိုင် သင့်အစွမ်းကို ပြလိုက်စမ်းပါ ဦး ”
မောင်ဖိုးဝေ စကားဆုံးသည် နှင့် ကြိုးပိုင်သည် ရုတ်တရက် ပေါ်လာပြီး သူစလွယ်သိုင်းထားသော နန်းကြိုးကို ထုတ်ကာ လင်းတအဖြစ်ပြောင်း ပြီး ပြေးသွားသော စုန်ကဝေ အမယ်အိုပျံသန်းရာ ဘက်သို့ ပစ်လွှတ်လိုက်ရာ မကြာသော အချိန်တွင် တကိုယ်လုံးကို ရွှေရောင် နန်းကြိုးများ ရစ်ပတ်ခံထားရသော လင်တငှက်ကြီးသည် မောင်ဖိုးဝေ၏ အရှေ့ ခပ်လှမ်းလှမ်း တွက် ပြုတ်ကျလေတော့သည်။ ကြိုးအတုပ်ခံထား‌ရသော လင်းတကြီးသည် တဖြည်းတဖြည်း နှင့် လူပံုစံပြန်ပေါ်လာကာ အမယ်အို အဖြစ် ပြန်ပြောင်းသွားပြီး ကြိုးတုပ်လျက် ပက်လက်လန် လဲ ကျနေသည် ၊ထို့နောက် မောင်ဖိုးဝေသည် စုန်ကဝေ အမယ်အို၏ မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး
“ဟဲ စုနး်မကြီး ဘယ်လိုလဲ နင်က ငါ့ကို နိုင်မယ်လို့ ထင်နေတာလား ”
“နင်ငါ့ကို သတ်လိုက် နင်နိုင်တယ် ”
“အေး တကယ်တော့ ငါက နင်တို့လို့ စုန်းမတွေကို သတ်ချင်နေတာ ဒါပေမဲ့ ငါ့အဘ ကို ပေးထားတဲ့ ကတိကို တည်ရဦးမယ် နင်တို့ကသာ ငါ့အဘကို သတ်ရက်ကြတာ ငါ့အဘကတော့ နင်တို့ကို သေမှာဆိုးလို့ သူမသေခင် အထိ တတွက်တွက် မှာသွားရှာတယ် ”
မောင်ဖိုးဝေသည် သူ၏ မျက်က်ဝန်းမှ မျက်ရည်စ အချို့ကို လက်ကောက်ဝတ်နဲ့ သုပ်လိုက်ပြီး
“ကဲ စုန်းအိုမကြီး နင့်ပညာကို အေးအေးဆေးဆေး စွန့် မလာ ဒါမှမဟုတ် ငါ အတင်းအကြပ်ထုတ်ပေးရမလား ”
“နင် နင် ငါတို့အပေါ် ဘာကြောင့် အခုလို လုပ်ရက်ရတာလဲ ”
“ဘာ ဘာပြောတယ် ငါတို့အပေါ် ဘာလို့အခုလို လုပ်ရက်ရတာလဲ ဟုတ်လား ဟားးး ဟားးး ငါအခုလို သစ်ခေါင်းပေါက်ဖိုးဝေ ဖြစ်လာအောင် နင်တို့လုပ်တာ နင်တို့လို စုန်းမတွေက ငါ့ကို အခုလိုဖြစ်အောင် လုပ်တာ နင့်တ‌ေယာက်ထဲနဲ့ အချိန် ကုန်မခံနိုင်ဘူး နင့်ပညာ နင်တိုင်း စွန့်မလား ငါ့ ဆင်ကို နင်းခိုင်းပြီး ထုတ်ခိုင်းရမလား ”
မာန်စွယ်ကြိုးနေပြီ ဖြစ်သော စုန်းကဝေ အမယ်အို ဒေါ်မာလာသည် ၊ မောင်ဖိုးဝေကို ကြည့်ကာ
“ငါလည်း အသက်ကြီးပါပြီ ငါ့ကို အသက်ချမ်းသာ ပေးတာနဲ့ တင်ကျေနပ်ပါပြီ ငါ့ပညာ ငါ့တိုင်းငါ စွန့်ပါမယ် ”
“အေး စွန့် တစက်ကလေးမှ မကျန်စေနဲ့ ပြီးတော့ နင့်ရွာသားတွေကို လည်း စွန့်ခိုင်းရမယ် အခု နင်စွန့်ပေတော့”
အမယ်အို သည် သူ၏ မျက်လုံးကို မှိတ်လို့ ပြန်ဖွင့်လိုက်သည် ၊ သူမ၏ မျက်ဝန်းမှ မျက်ရည်များ ရစ်ဝိုင်းနေသည် ၊ ကလေးတ‌ေယာက်ကို ရှုံး၍ သူမကို သူမ မခံချီမခံသာ ဖြစ်တာ ဖြစ်နိုင်သလို ၊ အနှစ်နှစ် အလလ သူလေ့လာလိုက်စားထားသည် ပညာအား တခဏ အတွင်း စွန့်ပြစ်ရတော့မည် ဖြစ်၍ ဝမ်းနည်းနေသည်လည်းဖြစ်နိုင်၏ ၊ထို့‌ေနာက် စုန်းကဝေ အမယ်အိုသည် သူမ၏ ပါးစပ်ကို ဟလိုက်ပြီး မိုးပေါ်မော့လိုက်သောအခါ ပါးစပ်ထဲမ ယင်‌အကောင်ပေါင်းများစွာ ပါးစပ်မှ အပြည့် ထွက်၍ လာပြီး ကောင်ကင်ပေါ်‌သိူ့ အရှိန်အဟုန်နှင့် ပျံထွက်သွား‌ေလသည်။ ထို့နောက်မဲနက်နေသည့် ယင်ကောင် အုပ်ကြီးသည် အတန်းလိုက်ပျံထွက်၍ သွားပါလေတော့သည် ။

*အခန်း-၂

မောင်ဖိုးဝေသည် စုန်ကဝေအမယ်အိုအား ထားရစ်ခဲ့ကာ ကြာရိုးရွာလေးထဲ ပြန်ဝင်လာသည် ၊ လှည်းလမ်းအတိုင်း တ‌ေယာက်တည်း လမ်းလျှောက်နေစဉ် သူ၏ အရှေ့မှာ ရွာသားများသည် သူ့အလာကို စောင့် နေကြသည် ၊ တချို့သူများသည် တုတ်ဓားများကိုင်ထားကြလေ၏ ၊ သာမာန်လူသားဖြစ်‌ေနလျှင် တုတ်ဓားကိုင်ထားက မောင်ဖိုးဝေအား ထိခိုက်နာ ကျင်အောင်လုပ်နိုင်ပေမဲ့ ၊ ပညာသည်များအဖို့ တုတ်ဓား လက်နက်များ ကိုင်ထားစေကာမူ မောင်ဖိုးဝေအား ဒုက္ခမပေးနိုင်ပေ ၊ ကြာရိုးရွာသားများသည် တုတ်ဓားများကို ကိုင်ကာ မောင်ဖိုးဝေ ဆီသို့ သာမာန်လူများအတိုင်း တိုက်ခိုက်ရန် ပြေးဝင်လာကြသည် သိုပေမဲ့ မောင်ဖိုးဝေ အနားသို့ မရောက်မီ အရှိန်ပြင်းစွာ ရိုက်ပုတ်ထုတ်လိုက်သည့်အလား အနောက်သို့ ပြန်လန်ကျကုန်၏ ၊ ထိုစုန်းကဝေများအား နောက်သို့ ပြန်လန်ကျ‌ေစသည်မှာ မောင်ဖိုးဝေ ရှေ့တွင် ဥဇန ဆင် နှင့် ဆင်ပိုင်သည် ရပ်ပြီး အနား ကပ်လာသော စုန်းကဝေများကို နှာမောင်းဖြစ် ရိုက်နေချင်းကြောင့် ဖြစ်သည် ၊ တချို ့ရွာသားများသည် မောင်ဖိုးဝေကို ရင်မဆိုင်ရဲ‌ေတာ့ပဲ ထွက်ပြေးကုန်ကြသည် ၊ ထိုအခါ မောင်ဖိုးဝေသည် ကျယ်လောင်သော အသံဖြစ်
“ကြိုးပိုင် သင်ရဲ့ ကြိုးနဲ့ ဒီနားက စုန်းတေွကို မလှုပ်နိုင်အောင် တုပ်ထား စမ်း ”
“လှံပိုင် နဲ့ ဓားပိုင် စုန်းတွေကို ပညာစွန့်ဖို့ပြော မစွန့်တဲ့ ကောင်တွေရဲ့ လျှာကိုဖြတ် ဆင်ပိုင်က ဘယ်လို ပြောပြော ပညာမစွန့်တဲ့ ကောင်တွေကို နင်းပြီးထုတ်စမ်း ”
မောင်ဖိုးဝေ၏ ကျယ်လောင်သော စကားကြားသောအခါ တချို့သော ရွာသားများသည် ကြောက်လန့်ကာ ဒူးထောက်ထိုက်ချလိုက်ပြီး သူတို့ဘာသာ ပညာစွန့်ဖို့အတွက် ရွေးချယ် လိုက်ကြသည် တချို့သော သူများသည် ခေါင်းမာ နေလေရာ ကြိုးပိုင်မှ ကြိူးများတုပ်ပြီးထားကာ နှိပ်စက် ညှင်းပန်း၍ ပညာစွန့်စေ၏ ၊ ဤသို့ ဖြစ် ကြာရိုး ရွာလေး၏ ကောင်းကင်ယံတွင် စုန်းများ၏ ပါးစပ်မှ ထွက်သော ယင်ကောင် များ ညို့မှိုင်းလို့ နေပါလေတော့သည်။

*အခန်း-၃

မောင်ဖိုးဝေသည် သူရောက်ရှိသည့်နေရာ မှ စုန်းကဝေများ၏ ပညာများကို ဖျက်စီးပြစ်လေသည် ၊ ထို့နောက် ရိုးမ တောင်ခြေတွင် ရှိ ရွာများတွင် လှည့်လည် သွားလာနေ၏ ၊ တချိုသူများသည် မောင်ဖိုးဝေအား အထက်လမ်းဆရာဟု မည်သူမှ မထင် နွားကျောင်းသားလေးဟုသာ ထင်နေကြ၏ ၊ဤသို့ ဖြစ် စုန်းကဝေ များကြားတွင် သစ်ခေါင်းပေါက် ဖိုးဝေအား အတော်ကို ကြောက်လန့်လာကြကာ ကပ်ဘေးတခုလို သူတို့အပေါ် သက်‌ေရာက်လာသည် ၊ စုန်းများကြားထဲတွင် သစ်ခေါင်းပေါက် ဖိုးဝေမှ သူတို့အားမည်သည့်အချိန်တွင် ဒုက္ခပေးမည်လဲ ဆိုတာ ဆိုးရိမ် တကြီး ဖြစ်နေကြရလေသည်၊
တခုသော နေ့လယ် တွင် ဖြစ်သည် ၊ အညိုရောင် ယောဂီ အဝတ်အစားကို ဝတ်ပြီး အညိုရောင် ခေါင်းပေါင်းကို ပေါင်းထားသော လူတ‌ေယာက်သည် ရိုး‌မတောင် ခြေလမ်းတွင် ဒလိမ့်ခေါင်ကွေး ပြုတ်ကျလာသည် ၊ ထို လိမ့်ကျလာသော ယောဂီရောင်ဝတ် လူကြီးအား မောင်ဖိုးဝေသည် အနားသို့ အျလျင်အမြန်သွားကာ ခေါင်းကို မက်ပေးလိုက်ပြီး
“ဦးကြီး ဘယ်လိုဖြစ်တာလဲ ”
“ငါ့ ငါ့ကို ကယ်ပါဦး ”
“ဘာမှ မပူပါနဲ့ ကျုပ်ရှိပါတယ် ဦးကြီးဘာဖြစ်တယ်ဆိုတာ သာပြောပြပါ ”
“ရိုး ရိုးမ တောနက် ထဲမှာ စုန်း စုန်းရွာရှိတယ် အဲ့စုန်းတွေက ငါ့ကို အခုလို လုပ်လိုက်ကြတာ ”
“ဘာ စုန်းဟုတ်လား ဦးကြီး ”
“ဟုတ် ဟုတ်တယ် ”
ယောဂီရောင်ဝတ်လူကြီးသည် ထိုမျှသော စကားကိုသာ ဆိုနိုင်ပြီး သူ‌ရရှိထားသော ဒဏ်ရာများကြောင့် အသက်ဆုံးပါသွားလေသည် ၊ ထိုအခါ မောင်ဖိုးဝေသည် ‌‌ေယာဂီရောင်ဝတ် လူကြီး၏ ရုပ်အလောင်းကို ကြည့်ကာ
“စိတ်ချ ဦးကြီး ခင်ဗျားကို ဒုက္ခပေးတဲ့ စုန်းမတွေကို ကျုပ် လက်စားချေပြမယ် ”
မောင်ဖိုးဝေ၏ အနည်းငယ် ကျယ်သော အသံကြောင့် ယောဂီရောင်ဝတ်လူကြီး အနောက်ကို လိုက်လာရင်း မောင်ဖိုးဝေကို တွေ့ ၍ မလှမ်းမကမ်းရှိ ချုံထဲတွင် ပုန်းအောင်းနေသော မိန်းမပျိုလေး နှစ်‌ေယာက်မှာ တ‌ေယာက် မျက်နှာ တ‌ေယာက် ကြည့်ပြီး ခေါင်းညိတ်လို့ ခြေကို ဆောင့်ပြီး ခုန်လိုက်ရာ လင်းတငှက်များအဖြစ် ပြောင်းသွားပြီး ရိုးမတောကြီး ထဲသို့ ပျံသန်းသွားကြပါလေတေည့သည်။

*အခန်း-၄

တောနက်ထဲတွင် ရွာလေး တရွာတည်ရှိနေသည် ၊ ထိုရွာထဲတွင် ဆံပင်များဖြူဖွေးနေသည့် ကဝေပျံမယ်ဖြူဆိုသော စုနး်ကဝေမ နှင့် အခြား ပညာသည်များ စု‌ေဝး‌ေနနေကြသည် ။ သူတို့သည် ရွာတွေထဲနေက သာမာန် ရွာသူ ရွာသားများကို ပြုစားမိမှာဆိုး၍ တောနက်ထဲတွင် ရွာတည်၍ နေချင်းဖြစ်သည် ထိုရွာ၏ အကြီးအကဲမှာ ကဝေပျံမယ်ဖြူ ဖြစ်၏ ၊ ယခု ဤ ရွာလေးတွင်တော့ ဇောဂနီ နှင့် ကဝေမျောက်စုနး်သာ ရှိ‌သည် ကျန်သော စုန်းများသည်က မရှိပေ ၊ တနည်းပြောရရင် အဆင့်မြင့် စုနး်များ စုဝေး နေသော ရွာဖြစ်သည် ယခု ထိုစုန်းရွာလေးတွင် ဆိုးထိတ်စရာ ကြုံလာ၍ အကြီးကဲဖြစ်သော ကဝေပျံမယ်ဖြူ၏ အိမ်တွင် အရေးတကြီး ကိစ္စများတိုင်ပင်နေသည် ၊ ကဝေပျံ မယ်ဖြူသည် သူမ၏ ရှေ့တွင် ရှိသော စုန်းပျိုမလေး နှစ်ယောက်အား သေချာကြည့်၍ စကားဆိုလေသည်။
“ဟဲ့ ခင်မေ နဲ့ ဝတီ ညည်းတို့ပြောတာ သေကော သေချာရဲ့လား”
“သေချာပါတယ် သခင်မကြီး ဟို ယောဂီဝတ်နဲ့ အောက်လမ်းဆရာကြီးက သူမသေခင် ကျမတို့နေရာကို ပြောပြနေပါတယ် ”
“အဲ့ကောင်လေးက သစ်ခေါင်းပေါက် ဖိုးဝေဆိုတာ သေချာလို့လား ”
“သေချာ‌တာပေါ့ ဘာလို့လဲ ဆို‌ေတာ့ တခြားသူတွေပြောတဲ့ ယောင်ပေစူး နဲ့ ပုဆိုး စလွယ်သိုင်းထားတဲ့ ကောင်လေးပါ သေချာတယ် သူကို အဝေးက မြင်ကတည်းက ကျမတို့ စိတ်ထဲ ကြောက်စိတ်‌ေတွ ဝင်လာတာ သူက သစ်ခေါင်းပေါက်ဖိုးဝေပါ ကျမတို့ အထင် သူကျမတို့ ဆီကို လာမယ် ထင်တယ် ”
ထိုအခါ ကဝေပျံ မယ်ဖြူသည် ခေါင်းကို ညိတ်ကာ
“‌လူယုတ်မာ မင်းဒင် သေတာတောင် ငါတို့ကို ဒုက္ခ ပေးသွားသေးပါလား ငါတို့နယ်ထဲ မှ ရှိတဲ့ သိုက်ကို တူးတာ ငါတို့ နှောက်ယှက်လို့ ဒင်းက ငါတို့ကို သေခါန‌ီးတောင် အ‌ေကာက်ကြံခဲ့သေးတာပဲ ”
ကဝေပျံ မယ်ဖြူပြောသော မင်းဒင်သည် အောက်လမ်းဆရာ ဖြစ်ပြီး သိုက်လိုက်တူးနေသူလည်းဖြစ်၏ ၊ ကဝေပျံမယ်ဖြူး ၏ နယ်ထဲသို့ သိုက်လာတူးရာ အဆင့်နိမ့် သိုက်စောင့်များမှ ကြောက်လန့်၍ အောက်ဘုံ နတ်စိမ်းတို့အား စေခိုင်း နိုင်သော ကဝေပျံ မယ်ဖြူာအား လာရောက်အကူညီတောင်း၍ ကူညီလိုက်သော‌ေကြာင့် ခွေးပြေးဝတ်ပြေး ပြေးရင် တောင်တက်လမ်းမှာ လဲကျကာ တောင်ခြေကို လိမ့်ကျသွားချင်း ဖြစ်သည် ၊ အောက်လမ်းမင်းဒင်သည် သေသည်ကို ကောင်းကောင်းမသေ ကဝေပျံမယ်ဖြူ တို့နေရာအား စုန်းမှန်သမျှကို ပညာလိုက်၊ဖျက်စီးနေသော သစ်ခေါင်းပေါက် ဖိုးဝေကို ပြောလိုက်ချင်းအတွက် သူတိူ့တွေ ဆိုးထိတ်နေရ၏ ၊ထို့နောက် ကဝေပျံမယ်ဖြူသည် သူ၏ ဘေးတွင်ထိုင်နေသော အသက် ၅၀ ကျော် အရွယ် မိန်းမကြီးအား စကားဆိုလိုက်လေသည် ။
“ငွေနှောင်း နင့်ကို ငါတခု ခိုင်းစရာရှိတယ် ”
“ပြောပါ သခင်မကြီး ”
” နင် သစ်စိမ့်ရွာ ပေပင်ရွာ ရေအိုးစင်ရွာတွေကို သိလား ”
“သိပါတယ် သခင်မကြီး ”
“အင်းခရီးတော့ဝေးတယ် ဒါပေမဲ နင်မြန်မြန် သွားရလိမ့်မယ် ပြီးတော့ နင် အင်းဝိဇ္ဇာကို သိတယ် မဟုတ်လား ”
“သိပါတယ် သခင်အကြီး ”
“နင် အင်းဝိဇ္ဇာကို လိုက်ရှာ ပြီးရင် ငါက လွှတ်လိုက်တယ်လို့ပြော သစ်ခေါင်းပေါက် ဖိုးဝေဆိုတဲ့ ကောင်လေး ငါတို့ကို ဒုက္ခလာပေး‌ေတာ့မှာမို့ အမြန်လာကူညီပါလို့ပြောလိုက်ကြားလား ”
“ကြားပါတယ် သခင်မကြီး ကျမ ဘယ်တော့သွားရမှာလဲ ”
“အချိန်ဆွဲလို့ မရဘူး အခုပဲ သွားတော့”
ကဝေပျံ မယ်ဖြူ စကားဆုံးသောအခါ ‌ကဝေမကြီး ငွေနှောင်းသည် သူ၏ ခြေကို ဆောင့်ပြီး ခုန်လြိက်ရာ လူအသွင်မှ လင်းဆွဲ တကောင်အဖြစ် ပြောင်းသွားကာ လျင်မြန်စွာ ပျံထွက်သွားပါလေတော့သည် ။

*အခန်း-၅

မောင်ဖိုးဝေသည် ရိုးမတောင်‌ေကြာပေါ် သူ၏ ညဏ်စွမ်း ဖြစ် စုန်းရွာကို လိုက်ရှာ‌ေနလေသည် ၊ သို့ပေမဲ့ မတွေ့ဖြစ်နေ၏ ၊ရိုးမတောင်‌ကြီးသည် ကျယ်ပြီး နက်နဲသည့်အတွင် မတွေ့ချင်း ဖြစ်နိုင်၏ ၊ ဤသို့ဖြစ် ရက်အတော်ကြာ တောကြီး မျက်မဲ ထဲတ‌ေယာက်တည်း စုန်းရွာကို လိုက်ရှာနေစဉ် သူအားတာဝန်များပေးထားသော အဖိုး ရုတ်တရက် သူ၏ အရှေ့တွင်ပေါ်လာသည် ၊ ထိုအခါ မောင်ဖိုးဝေသည် မြေပြင်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး
“အဖိုး ကျုပ်ကို မတားပါနဲ့ ကျုပ် စုန်းကဝေ တွေကို မသတ်ပါဘူး ”
“လူလေးကို တားဖို့လာတာ မဟုတ်ပါဘူး နောက်ဆို လူလေးကို အဖိုး တွေ့နိုင်မယ် မထင်တော့ဘူး ”
“ဘာဖြစ်လို့လဲအဖိုး အဖိုးပြောတာ ကျုပ်သိပ်းနားမလ ည်ဘူး ”
“နားမလည်တာကို နားလည်အောင် ကြိုးစားမနေပါနဲ့ ေတာ့ အချိန်တန်ရင် လူးလေး သိလာပါလိမ့်မယ် ”
“အဖိုး ဒီနေ့ပြောတာ ကျုပ်လုံးဝ နားမလည်ဘူး ”
“လူလေးအခု စုန်းရွာကို ရှာနေတာ မဟုတ်လား ”
“ဟုတ်တယ်အဖိုး အခု ထိ မတွေ့ပါဘူးဗျာ ”
“ဘာမှ စိတ်ပူမနေနဲ့ လူလေး ဒီလိပ်ပြာလေးနောက်သာ လိုက်သွားပေတော့ ”
မောင်ဖဖိုးဝေ အံ့သြနေသည် ၊ အရင်က စုန်းရွာတွေကို သွားရင် မကြိုက်သော အဖိုး မှာ ယခု သူကိုယ်တိုင်း လမ်းပြပေးနေရာ နည်းနည်းတော် မစဉ်းစားတက်အောင်ဖြစ်မိသည် ၊ ထို့နောက် အဖိုးသည် သူ၏ လက်ဖဝါးကို ဖြန်လိုက်ပြီး လက်ဖဝါးအား လေနှင့်မှုတ်လိုက်ရာ ရွှေရောင် လိပ်ပြာကြီး တကောင် တဖျပ်ဖျပ် ပျံသံနေ၏ ထို့‌ောနက် အဖိုးသည် မောင်ဖိုးဝေကို ကြည့်ကာ
“ကဲလူလေး မင်း ဒီရွှေလိပ်ပြားလေးနောက် လိုက်သွားပေတော့ကွယ် ”
“ဟုတ် အဖိုး ”
မောင်ဖိုးဝေသည် အဖိုးအား ဦးချကန်တော့ပြီး ရွှေရောင်လိပ်ပြာလေး ပျံသန်းရာ နောက်သို့ လိုက်ပါ၍ သွားလိုက်ပါလေတော့သည် ။

*အခန်း-၆

မောင်ဖိုးဝေသည် ရွှေရောင်လိပ်ပြားလေး သွားရာအနောက်သို့ လိုက်သွားရ၍ တောများတိုးသွားနေရသည် ထို့နောက် တောင်ကုန်းလေး အပေါ်သို့ တက်လိုက် ချိန် သူထက် အသက်ကြီး သော မိန်မပျိုလေးတဦး အပြေး တပိုင်း နှင့် လမ်းလျှောက်လာလေ၏ သူမ၏ မျက်နှာ သည်လည်း ပြုံးရွှင်နေ‌ေသးသည်။ ထိုအခါ မောင်ဖိုးဝေသည် ထိုမိန်းမပျိုလေးအား အသံခပ်အုပ်အုပ် နှင့် စကားဆိုလိုက်လေသည် ။
“ဘာတွေများ ပြုံးပျော်နေတာလဲ စုန်းမ ရဲ့ ကဲ ကြိုးပိုင် စုန်းမကို မြေပေါ်လှဲပြီး ကြိုးတုပ်ထားစမ်း ”
မောင်ဖိုးဝေ၏ စကားဆုံးသည် နှင့် မိန်းမပျိုလေးသည် မတ်တတ်ရပ်နေရာမှ လဲကျသွားလေသည် ၊ ထိုအခါ မောင်ဖိုးဝေသည် မိန်းမပျိုလေးအနားသွားကာ မိန်းမပျိုလေး၏ ဦးခေါင်းကို ခေြဖြစ်နင်းလိုက်ချိန် မိန်းမပျိုလေးသည် ကြောက်ရွံ့တုန်လှုပ်ပြီး ကျယ်လောင်စွာအော်ဟစ် အကူအညီတောင်း‌ေလတော့သည် ။
“သခင်မကြီး ကယ်ပါဦး”
“တယ်…စုန်းမ ငါ အသံ မထွက် ခိုင်းပဲ အော်ဟစ်နေတယ် လား ”
မောင်ဖိုးဝေ၏ ငေါက်ငမ်းမှုကြောင့် မိန်းမပျိုလေးသည် အတော်ကို ကြောက်ရွံ့ နေသည် ၊ မကြာ လှသော အချိန်တွင် သူ၏ မလှမ်း ယမကမ်းသို့ ဆံပင်ဖြူနေသော စုန်းမကြီး နှင့် နောက်ထပ် မိန်းမပျိုလေးရောက်လာသလို နောက်ထပ် လွယ်အိတ်ကြီးကို လွယ်ထားသော လူကြီးတ‌ေယာက် နှင့် လွယ်အိတ်‌ေ‌ေလးကို လွယ်ထားကာ ပုဆိုးတိုတို ဝတ်ထားပြီး သူ့အရွယ် ကောင်လေး တ‌ေယာက် တို့ပါ ရောက်လာကြသည်၊ ထို့အခါ မောင်ဖိုးဝေနင်းထားသော မိန်းမပျိုလေးသည် ရုန်းကန်မည့် ဟန်ပြင်နေလေရာ
“စုန်းမ မလှုပ် နဲ့ လှုပ်လို့ကတော့ နင့်ခေါင်းကို ငါမနင်းပဲ ဆင်ကို နင်းခိုင်းလိုက်မယ် ကြားလား ”
ထို့‌ေနာက် မောင်ဖိုးဝေသည် သူနှင့် မလ‌‌ှမ်း မကမ်းသို့ ရောက်လာပြီး သူအား ကြည့်နေသော သူများအားလုံးကို တချက် ဝေ့ကြည့်လိုက်ပြီး
“ကဲ စုန်းမ တွေ စုန်းတွေ ဒီနေ့ နင်တို့ ပညာတွေ အကုန်လုံးကို ဖျက်စီးပစ်မယ် ငါအဘ မသေခင် နင်တို့ကို မသတ်ရဘူးလို့ မှာထားလို့ ငါ အသတ်တော့ သေအာင် မသတ်ဘူး နင်တို့ ရဲ့ ပညာတွေ အကုန် လုံးကို ငါဖျက်စီး ပြစ်မယ် ”
မောင်ဖိုးဝေ ထိုသို့ပြောသော အခါ ဆံပင်များဖြူနေသော စုန်းကဝေမကြီးသည် သူ့အား သေချာကြည့်ကာ
“‌ဟဲ့ ကောင်လေး နင်က သစ်ခေါင်းပေါက် ဖိုးဝေဆိုတာ လား ”
“နင်တို့က ငါ့ နာမည်တောင်သိနေမှကို ကဲဆိုင်ရာ စုန်းတွေ အကုန်လုံးကို လက်နောက်ပြန် ကြိုးနဲ့တုတ်စမ်း ”
မောင်ဖိုးဝေသည် သူရှေ့‌တွင်ရှိနေသော သူများအားလံုးကို စုန်းကဝေများထင်ကာ ကြိုးပိုင်အား ကြိုးဖြစ် တုပ်ခိုင်းလိုက်သည် ၊ ထို့အခါ ကဝေမကြီး နှင့် သူမ၏ ဘေးတွင် ရှိသော မိန်းမပျိုလေးတို့သည် လက်နောက်ပြန်သွားကာ ကြိုးတုပ်ထားသည့်အလား လှုပ်၍မရတော့ပေ၊ သို့ပေမဲ့ မည်သို့မှ မဖြစ်ပဲ ရပ်မြဲတိုင်း ရပ်ကာ သူအား စူးစိုက်ကြည့်နေသော သူအရွယ် ကောင်လေးနှင့် လွယ်အိတ်ကြီး လွယ်ထားသောလူကြီးအား မယုံကြည် နိုင်ငေး မော ကြည့်နေရင်း
“မင်း မင်းတို့က ဘာမှ မဖြစ်ဘူးလား ”
မောင်ဖိုးဝေသည် အံ့ဩစွာ ထိုသူ နှစ်ယောက်အား ငေးကြည့်ရင်း စကားဆိုလေရာ လွယ်အိတ်ကြီး ကို လွယ်ထားသော လူကြီးသည် သူအား သေချာပြန်ကြည့်ကာ စကားဆိုလာလေသည်
“ကဲ ကောင်လေး မင်းရဲ့ ဒေါသတွေကို ဘာလို့ အပြစ် မရှိတဲ့ စုန်းတွေ အပေါ် ပုံချနေတာလဲ ”
“ဘာအပြစ် မရှိရမှာလဲ စုန်းဆို ဘယ်စုန်းမှ အပြစ်မကင်းဘူး ကျုပ်က ဒီစုန်းတွေကို သတ်ချင်တာ ”
မောင်ဖိုးဝေသည် ထိုလူကြီး၏ စကားကြောင့် အင်မတန်ဒေါသထွက်ကာ ခွန့်တုန့်ပြန်စကားဆိုပြီး သူနင်းထားသော မိန်းမပျုိလေး၏ ဦးခေါင်းကို ပို၍ ဖိနင်း‌လိုက်ရာ မိန်းကလေးမှာ ‌နာကျင်လွန်း၍ စူးဝါးစွာ အော်ဟေစ်ငို ကျွေးနေသည် ၊ ထိုအခါ မောင်ဖိုးဝေ၏ ရှေ့တွင် ရပ်လျက် ရှိနေသော သူ့အရွယ်ကောင်လေး နှင့် လွယ်အိတ်ကြီး လွယ်ထားသော လူကြီး နှစ်‌ေယာက်အနက် လွယ်အိတ်ကြီးလွယ်ထားသော လူကြီးမှာ သူ၏ လွယ်အိတ်ထဲ မှ အင်းတချပ်ကို ထုတ်ပြီး နဖူးတွင် တည်ကာ မောင်ဖိုးဝေ ရှေ့သို့ ပစ်ချလိုက်လေသည် ၊ ထိုအခါ အင်းစာရွက်ထဲမှာ သံခေါင်းစွပ် စွပ်ထားပြီး ကျယ်သော ပါးစပ်မှ အစွယ် များကားထွက်နေပြီး ‌ေရွှရောင်ချပ်ဝတ် တန်းဆာကို ဝတ်ထားသော ပုဂ္ဂိုလ်သည် နှစ်ဖက်အသွားရှိသော သံလျက်ကိုကိုင်ကာ မောင်ဖိုးဝေ အနားတိုးကပ်လာလေသည် ၊ မောင်ဖိုးဝေသည် သူ့အနားတိုးလာသော ထူးဆန်းသည့် ပုဂ္ဂိုလ်အား လက်ညှိုးထိုးကာ
“ဆိုင်ရာ အဲ့ အကောင်ကြီးကို ကြိုးတုပ်စမ်း”
“ဆင်ပိုင် ဆင်နဲ့ နင်းစမ်း ”
“လှံပိုင် လှံနဲ့ ထိုးစမ်း ”
မောင်ဖိုးဝေ မည်သို့သော အမိန်ပေးခိုင်းစေကာမူ သူ့ရှေ့တွင် ရှိသည့် လူကြီး ပစ်လိုက်သော အင်းထဲမှ အင်းစောင့်ကြီးသည် သူအနားသို့ တဖြည်းဖြည်း တိုးတိုး လာပြီး ကိုင်ထားသော သံလျက်ကြီးကို မြှောက်ပြီး ခုတ်ရန် ဟန်ပြင်လိုက်ချိန် ‌ ပတ်ဝန်းကျင်တခုလုံး ရွှေရောင်များ ဝင်းထိန်သွားကာ မောင်ဖိုးဝေ အပါအဝင် အားလုံး မျက်လုံးများမှိတ်လိုက်ကြရသည် ၊ မျက်လုံးပြန်ဖွင့်သောအခါ မောင်ဖိုးဝေ အနားတွင် အလင်းရောင်များ ဝင်းလက်နေသော ဆရာတော် တပါးအား ဖူးတွေ့လိုက်ရ၏ ၊ ဆရာတော်ကို မြင်သော အခါ အင်းစောင့်ကြီးနှင့် အင်းအသုံးပြုသော လူကြီးသည် မြေပြင်တွင် ငုတ်တုတ်ထိုင်လိုက်ပြီး ဆရာတော်အား ဦးချကန်‌ေတာ့‌ေနကြသည် ၊ ဆံဖြူကဝေမကြီး နှင့် မိန်းမပျိုလေးအပါအဝင် မောင်ဖိုးဝေနှင့် ရွယ်တူ ကောင်လေးတုိ့သည် ဆရာတော်အား ဦးချ ကန်တော့ချင်းမရှိ ငေး၍ သာကြည့်နေလေသည် ၊ ထို့‌ေနာက်ဆရာတော်သည် ကြည်လင်သော အသံဖြစ် အင်းကွက်ချသော လူကြီးကို ကြည့်ကာ မိန့်တော်မူလေသည်
“ဒကာကြီး ဒီကလေးကို ခွှင့်လွှတ်လိုက်ပါ ဆရာတော် ဒီကလေးကို ခေါ်သွားပါမယ် နောင်တချိန် ဒီကလေးက လောကကို ကောင်းကျိုးပြုမဲ့ သူမို့ ဒကာကြီး မေတ္တာထားပေးပါ နောက်တခါ အေးချမ်းစွာ နေတဲ့ ပညာသည်တွေကို မနှောက်ယှက်ရအောင် ဘုန်းကြီး ဆုံးမထားပါမယ် ”
“တင်ပဘုရား တပည်တော်လည်း ကလေးကို နတ်ဘီးလူးစောင့် တဲ့ အင်း နဲ့ မတိုက်သင့်ပါဘူးဘုရား ဟိုက စုန်းမလေး အော်ဟစ်ငိုကျွေးသံကြောင့် သတိ လွတ်သွားတာပါ ”
“နားလည်ပါတယ် ကဲကဲ ဘုန်းကြီးတို့ ကြွလိုက်ပါဦးမယ် ”
ဆရာတော်သည် ထိုမျှသာ မိန့်ပြီး မောင်ဖိုးဝေအား လက်ကိုဆွဲလိုက်ရာ

ပတ်ဝန်းကျင် တခုလုံး ရွှေရောင်များ ဝင်းလက်လို့သွားသလို မောင်ဖိုးဝေ၏ မျက်လုံး များသည်လည်း ဝင်းလက်၍ သွားရပါလေတော့သည ်။

*အခန်း-၇

ဦးဖိုးဝေသည် တောင်တီးရွာမှ ထွက်လာပြီး လမ်းတလျှောက် သူ၏ ငယ်ဘဝ အကြောင်းကို သူရိယအား ပြောနေချင်းဖြစ်သည် ၊ ထို့‌ေနာက်သူရိယသည် ဦးဖိုးဝေ အားငဲ့‌ေစာင်း ကြည့်ကာ
“အဘငယ်ငယ်က ဆိုးသလိုလို ကောင်းသလိုလို ပဲနော် ”
ဦးဖိုးဝေ မည်သည့်စကားမှ သူရိယအား ပြန်မပြော ပြုံးနေလေသည် ၊ ထို့‌ေနာက် သူရိယသည် ဦးဖိုးဝေအား ဆက်ပြီးမေးလိုက်လေသည်။
“အဘ ဒါနဲ့ ဆရာတော် အဘကို ခေါ်သွားပြီးနောက်ပိုင်း ဘာဆက် ဖြစ်သေးလဲ သိချင်တယ် ပြောပြပါလားဗျ”
“အင်း အဲ့တာက စေတလုံးပိုင် ဖြစ်ဖို့ အစ ပေါ့ကွယ် ကဲ ကဲ အဘတို့ ဒီလမ်းအတိုင်းင်းဆက်သွားပြီး ရွာတ‌ရွာရောက်ရင် ထမင်းလေးဘာလေး ဝယ်စားပြီးရင် ပြောပြပါမယ် ”
“ဟုတ်အဘ အဲ့တာဆို မြန်မြန်သွားကြတာပေါ့ ကျနော်က အတော်နားထောင်ချင်နေပြီ အဘရေ ”
ထို့‌ေနာက် ဦးဖိုးဝေ နှင့် သူရိယသည် စကားတပြောပြော နှင့် လမ်းလျှောက်လို့ သွား‌ေနကြပါလေတော့သည် ။

ဦးဖိုးဝေနှင့်ငယ်ဘ၀ ပြီးဆုံးပါပြီ။

မောင်တင်ဆန်း

Leave a Comment