အောက်လမ်းဘိုးထင် နှင့် ကြံပွသည်အမှု

” အောက်လမ်းဘိုးထင် နှင့် ကြံပွသည်အမှု ”
ရေးသားသူ—မောင်တင်ဆန်း
+++++++++++

*အခန်း-၁

မြေလတ်ဒေသ၏ နေပူပူကို ဖြတ်လို့ ရွာထဲသို့ဝင်လိုက်ကာမှ မန်ကျည်း သရက် အုန်းပင်တို့၏ အရိပ်များကြောင့် နေပူပူ မှ  ဖြတ်လာရသော မောပန်းမှုသည်က အနည်းငယ် ပြောလျော့သွားသည်ဟုထင်မိ၏၊ ထိုသို့ တွေးနေသူမှာ ရွာစဉ်လှည့်၍ ကြံပွ ရောင်းသော ကိုပွကြီးဟု အမည်ရသော ဈေးသည်ကြီး၏ အတွေးဖြစ်သည် ၊ ဈေးသည်ကြီးသည် အသက်ငါးဆယ် အရွယ် ဖြစ်ကာ တဘက်တထည်ကို ခေါင်းမှာပေါင်းထားပြီး ပုဆိုး အပိုတထည်ကို ပုခုံးနေရာ တွင် စလွယ်သိုင်း စည်းထားပြီး တောင်း နှစ်လုံးကို ရှေ့တတောင်း နောက်တတောင်း ၊ထမ်းတပိုးဖြစ် ထမ်းကာ ဈေးလှည့်ရောင်းနေသော လူကြီးဖြစ်သည် ။ သူသည် ယခု ပေပင်ရွာသို့ ဝင်ရောက်လာပြီး မန်းကျည်းပင် ရိပ်အောက်တွင် ဆော့ကစားနေကြသော လူငယ် လူရွယ် လေးများအနားမှ ဖြတ်သွားပြီး ရွာထဲသို့ လမး်လျှောက်ရင်း
“ကြံပွသည် ဗျို့ ဆန်နဲ့လဲတယ် ပဲနဲ့လည်း လဲတယ် ”
ကြံပွဆိုသည်မှာ ကြံသကာတဆင့်နိမ့် လို့ပြောရမည်ဖြစ်သည် ကြံသကာလောက် မချို မမာ ပေ ၊ ကြံပွပုံစံသည် ပန်းကန် အရာလေးတွေ ပါတက်သေးသည်၊ ကိုက်လိုက်က မွမွ လေးဖြစ်သည် ထို့ကြောင့် တချို့ သူများက ကြံမွဟုလည်းခေါ်ဆိုတက်ကြသည် ၊ မည်သို့ ဆိုစေကာမူ ယခုပေပင်ရွားလေးတွင်တော့ မုန့်လက်ဆောင် ၊မုန့်လက်နှိပ် ၊ မုန့်လေပွေ နှင့် ကြံပွသည် နေ့လယ် နေ့ခင်း စားကြသော သရေစာများ ဖြစ်ကြသည် ၊ မုန့် လက်‌ေဆာင်း နှင့် မုန့်လက်နှိပ်ကိုဖြစ် ရွာထဲ၌ ဝယ်လို့ရပေမဲ့ ကြံပွ နှင့် မုန့်လေပွေကိုတော့ ဈေးသည်ကြီးများ လာမှ ဝယ်စားရသည် ၊ မုန့်သည်များ လာရာ ငွေမရှိသော သူများသည် ဆန် သို့ မဟုတ် ‌ပဲ များဖြစ်လည်း လဲစားကြရသည်
“ကြံပွသည်ကြီး ခဏနေပါဦး ကျမတို့ ဈေးဝယ်ချင်လို့ပါ”
‌‌ေစျးသည်ကြီး ဦးပွကြီးသည် ကြံပွသည်ဟု အော်ရင်း ဈေး‌ေရာင် နေစဉ် သူ၏နောက်ကျော ဘက်မှ ကလေးမလေးများ ၊ အသံကြားရ၍ နောက်လှည်ကြည့်လိုက်လေသည် ၊ ထိုနောက် ပုခုံးမှ ထမ်းပိုးဖြစ်ထမ်းထာသော ကြံပွတောင်းများအား အောက်သို့ ချကာ ကလေးမလေးများအလာကို စောင့်လိုက်ပြီး
“ကဲ ကလေးမလေးတွေ ဘယ်နှစ်ချပ်ယူမလဲ တချပ် တကျပ် ”
“တကျပ်ဆိုတော့ ဈေးများလိုက်တာ ဈေးသည်ကြီးက အမြတ်ကြီးစားတာပဲ ”
ကလေ‌မ‌‌ေလေးသုံးယောက်ထဲမှာ ခပ်သွက်သွက် ကလေးမလေး မှ စကားဆိုလေရာ
“ဈေးမကြီးပါဘူး ဦးကြီးက ဈေးအမှန်ဆုံးရောင်းတာပါ ”
“မသိတာမှတ်လို့ ဈေးရောင်းပြီး ပြန်ရင် ကျမတို့ ရွာနောက်ဘက်က ကြံခင်တွေက ကြံရိုးတွေ ချိုးပြီး တောင်းထဲ ထည့်သွားတာ ပြီးရင် ကြံပွ လုပ်တာ မဟုတ်လား ”
“ညည်းတို့ကလည်း မချိုးပါဘူးဟာ ”
“ကျမတို့ ပြီးခဲ့တဲ့ တပတ်က ကြံဟင်းရွက် သွားခူးတော့ ဈေးသည်ကြီး ကြံရိုးတွေ ချိုးပြီး ဓါးနဲ့ ပိုင်းပြီး တောင်းထဲ ထည့်နေတာ တွေတယ် နော်”
“ဒီကလေးမလေးက‌ေတာ့ ငါ့ကို ဝိုင်းရိုက်အောင်ပြောနေပြန်ပြီ ဘယ်နှစ်ချပ် ယူမှာလဲ ပြော”
“ကျမတို့က သုံးယောက်ဆိုတော့ နှစ်ချပ်ပဲပေး အသေးတွေပဲပေ အသေးက ပြားငါးဆယ် မဟုတ်လား ”
“အေးဟုတ်တယ် ငါက အသေးဈေးပြောဖို့မေ့နေတာ ”
“ပေးပေး ငွေကိုတော့ ကျမတို့နောက် လိုက်ယူ အခုမပါသေးဘူး အိမ်က အမေက ဝယ်ခိုင်းလိုက်တာ ”
“ဟုတ်တယ် မယ်လှ အမေက ဝယ်ခိုင်းလိုက်တာ ကျမတို့နောက် လိုက်ခဲ့ ”
ကြံပွသည် ဦးပွကြီးသည် မယ်လှတို့အား ကြံပွအသေး နှစ်ချပ်အား ပေးလိုက်လေသည် ထိုအလခါမယ်လှဘေးတွင်ရှိ မိချိုသည်
“မထူးပါဘူး ဈေးသည်ကြီးရယ် တယောက် တချပ်ပဲ ယူသွားတော့မယ် ”
“အေးအေး ပြီးတာပဲ ”
မယ်လှတို့ သုံး‌‌ေယာက်သည် ကြံပွများကို တယောက် တချပ်ယူကာ ခြေကလိမ်လျှောက်ရင်း စားနေကြသည် ၊ ထို့နောက် သူမတို့သည် ခြေကလိမ် လျှောက်ရင်း မှ ပြေးပါလေတော့သည်၊ သူမတို့ ပြေးသည့်အခါ အနောက်မှ ရှိသော ကြံပွသည်ကြီးသည်လည်း ဈေးတောင်းများထမ်းကာ အပြေးတပိုင်း လိုက်ရပါလေတော့သည်။

*အခန်း-၂

ပေပင်ရွာထိပ်ရှိအိမ်ဝိုင်းထဲတွင် မယ်လှတို့သုံးယောက် ပုန်းနေလေသည် ၊ အိမ်ဝိုင်း အပြင်တွင်တော့ ဈေးတောင်း ထမ်းပြီး ချွေးများ ရွှဲနေသော ဈေသည်ဦးပွကြီးမှာ တဘက်အား ခေါင်းပင် မပေါင်းနိုင်ပဲ ရှိနေလေသည် ထို့နောက် အိမ်ဝိုင်းထဲသို့ကြည့်ကာ
“ကလေးမလေးတွေ ငါ့ကြံပွ အဖိုးပေးဦးလေ ”
စကားသံက ပြန်မလာ ထို့ကြောင့် ဦးပွကြီးလည်း စကားဆက်ဆိုလိုက်လေသည်
“ညည်းတို့ ပုံကြည့်ရတာ လူလိမ်မလေးတွေ နဲ့လည်း မတူပါဘူး ငါ့ကြံပွအဖိုး တကျပ်  ပြားငါးဆယ်ပေးပါ”
ဦးပွကြီး၏ အသံက ပို၍ ကျယ်လာရာ အိမ်နောက် စပါးကျည်အနားတွင် ပုန်းနေကြသော မယ်လှတို့ သုံးယောက်အနက် မိချို မှ တိုးတိုး စကားဆိုလာသည်
“မယ်လှ နင့်မှာ ငွေရှိလား ”
“ရှိမလား အဘ နဲ့ အမေကလည်း မရှိဘူး နင်တို့မှာကော ရှိလား”
“မရှိဘူးလေ ဟိုမယ်ဖော့ နင့်ဆီကော ပါလား ”
“တပြားတောင် မပါဘူး”
“ခက်တော့ ခက်ပြီ ကြံပွကလည်း စားလို့ကုန်ပြီ အဖိုးက ပေးဖို့ မရှိ ဟိုဈေးသည်ကြီးကလည်း အကျယ်ကြီးအော်နေတယ် ”
မိချိုမှ စိတ်မသက်မသာ ညည်းတွားနေလေရာ မယ်လှပါ တချက်ပြုံးလိုက်ပြီး
“ငါတို့ ဈေးဝယ်တာ ရွာထဲက ဘယ်သူ မြင်လဲ”
“ဘယ်သူမှ မမြင်ဘူး”
“လာကြ လာကြ ဈေးသည်ကြီး ငြင်းလွှတ်တာပေါ့ တော်ကြာ အဘတို့ဆီတောင်းရင် ငါ့ကို အရိုက်ခံရမှာတော့ ”
မယ်လှ ဦးဆောင်ပြီး သူမတို့ အိမ်ဝိုင်းရှေ့သို့ ‌ထွက်လာကြသည် ၊ဈေးသည်ကြီး ဦးပွကြီးသည် မယ်လှတို့အား မြင်သောအခါ
“ကလေးမလေးတွေ ငါ့ကြံပွ အဖိုးပေးတော့ ငါဈေးရောင်း ရမှာ နောက်ကျနေပြီး ”
ဦးပွကြီးမှ ထိုသို့ပြောသောအခါ မယ်လှတို့သည် ပြောသည့် စကားအား နားမလည်ဟန်ပြုနေကာ ပါးစပ်မှလည်း
“ဈေးသည်ကြီး ဘာတွေ ပြောနေတာလဲ ကျမတို့ ဈေးမဝယ်သေးဘူး သွားတော့ သွားတော့ ”
“ဟဲ့ ကလေး နင်တို့ စားတုန်းက စားပြီး အဖိုးတော့ မပေးချင်ဘူးလား ”
“ဘာမှ မဝယ်တာ ဘာအဖိုးပေးရမှာလဲ မဝယ်သေးဘူး ပြန်‌ေတာ့ လူကြီးတွေ မရှိဘူး ”
“ဟဲ့ကလေးမတွေ ငယ်ငယ်ရွယ်ရွယ် နဲ့ လူလိမ်မ‌ေလးတွေ ဖြစ်နေပြီလား ကြံပွအဖိုးက အများကြီးမဟုတ်ဘူး ညည်းတို့ တွေ လိမ်နေတာ မကောင်းဘူး ငါ့ကြံပွအဖိုး ပေးပါ ”
“အော် ခက်လိုက်တဲ့ ကြံပွသည်ကြီး ကျမတို့ မဝယ်တာ ဘာအဖိုးတွေ ပေးရမှာ လဲ တခြားနေရမှာ သွားရောင်း ချေ”
“နင်တို့က လိမ်နေတာပဲ ပေပင်ရွာသားတွေ ရိုးလှ ရိုးလှ နဲ့ ငယ်ငယ် ရွယ်ရွယ်လေးတွေကတောင် လိမ်တက်နေပါလား လူလိမ်မလေးတွေ ငါ့ ကြံပွ အဖိုး ငွေပေးမှာလား မပေးဘူးလား ”
“ဘာ မှ မယူတာ ပေးစရာ မလို ဘူး ဈေးသည်ကြီး ထပ်တောင်းရင် ဟို မှာ အိုးခြမး်ပဲတွေ တွေ့လား အဲ့တာတွေ နဲ့ ကျမတို့ ပစ်မှာ”
မယ်လှသည် အိမ်ဝိုင်း ဝါးကပ်ဘေးတွင် ရှိသော အိုးခြမ်းပဲ့ များကို လက်ညှိုး ညွှန်၍ စကားဆိုလေသည်
“နင်တို့ကို မိဘတွေက မဆုံးမဘူးလား တော်တော် ဆိုးတဲ့ လူလိမ်မလေးတွေ ”
“တော်တော် စကားများတဲ့ ဈေးသည်ကြီးပဲ အိုးခြမ်းပဲ့ နဲ့ ပေါက်ကြဟယ် ”
မယ်လှသည် ရှေ့ဆုံးမှ ပြေးသွားပြီး အိုးခြမ်းပဲ့များ ယူကာ ဈေးသည်ကြီးအား ပစ်ပေါက်လေသည်၊ မယ်လှနည်းတူး မယ်ဖော့ နှင့် မိချိုသည်လည်း ဈေးသည် ဦးပွကြီးအား အိုခြမ်းပဲ့ နှင့် ပစ်ပေါက် လေရာ မရှောင်သာတော့ပဲ အိုခြမ်းပဲတခုသည် ဦးပွကြီး၏ ခေါင်းမှန်၍ သွေးများ ဖြာထွက်လာလေသည် ၊ ဈေးသည် ကြီးသည် သူ၏ ခေါင်းကို ပုခုံးတွင် ပတ်ထားသော ပုဆိုး ဖြစ် ဖိကာ ဈေးတောင်း ထမ်းတပိုးကို ထမ်းလို့ ငိုယိုကာ အိမ်ဝိုင်းဝမှ ထွက်ခွာသွားပါလေတော့သည် ။

*အခန်း-၃

လောက်စလုံး လှိမ့်နေသော မောင်ဘိုးထင်တို့အနားသို့ ကြံပွသည် ဦးပွကြီးရောက်လာလေသည် ၊ ငိုယိုနေပြီး ခေါင်းကို ပုဆိုးဖြစ်ဖိထားသော ဈေသည်ကြီးကို မောင်ဘိုးထင်တို့ မြင်သော အခါ
“ဈေးသည်ကြီး ဘာဖြစ်တာလဲ ဗျ ဘာလို့ ငိုနေတာလဲ လာလာ ဒီ မန်းကျည်းပင် အရိပ်မှာ ထိုင်ပါ ”
မောင်ဘိုးထင် နှင့် သာအေးသည် ဈေးသည်ကြီး ဈေးတောင်း ထမ်းထားသော ထမ်းတပိုးကို မပြီး အောက်သို့ ချပေးလိုက်ကာ ၊ ဈေးသည်ကြီးအား တွဲ ၍ မန်ကျည်းပင် အရိပ်မှာ ထိုင်နေစေသည် ၊ ထို့နောက် ခေါင်းမှာ ဖိထားသော ပုဆိုးကို ဖယ်လိုက်ချိန် သွေးများ စီးကျနေသည်ကို တွေ့သောအခါ မောင်ဘိုးထင်တို့ ကပျာကယာ မေးလိုက်လေသည်
“ဈေးသည်ကြီး ဘာဖြစ်တာလဲ ပြောဦး ဟေ့ကောင် သာအေး ကျွန်မနိုင်ရွက် သွားခူချေ ဈေးသည်ကြီးကို သွေးတိတ်အောင်လုပ်ပေးရမယ် ‘
သာအေး နှင့် ပေတူးသည် မန်ကျည်းပင် အရိပ်မှ ထ သွားကာ ကျွန်မနိုင်ရွက် ပြေးရှာနေလေသည် ၊ မောင်ဘိုးထင်သည် ဈေးသည် ကြီး၏ဒဏ်ရာကို ပုဆိုးဖြစ် သုပ်ပေးကာ
“ဈေသည်ကြီး တော်တော် နာနေလား ခဏနေ ကျုပ် ကျွန်မနိုင်ရွက်ကို အရည်ညှစ်ပြီး သိပ်ပေးမယ် ပြီးတော့ ပက်တီး စီးပေးမယ် ”
မောင်ဘိုးထင်သည် သွေးများပေနေသည့်ဈေးသည်ကြီး၏ ပုဆိုးအား ဖြဲမည် ကြံနေ‌စဉ် ‌ဈေးသည်ကြီးမှ မဖြဲရန်တားလိုက်ပြီး
“ငါ့တူ ရတယ် ရတယ် ဦး‌ေလးပုဆိုးကို မဖြဲပါနဲ့ ဦး‌ေလးမှာ ပုဆိုး ကောင်းတာက သိပ်မရှိလို့ပါ ”
နွမ်းပါးဟန်ရှိသော ဈေးသည်ကြီးကို မောင်ဘိုးထင် အတော်ကို သနာမိသွားသည် ထို့ကြောင့် မောင်ဘိုးထင်သည် သူဝတ်ထားသော ပုဆိုးအစ ကို ဖြဲလိုက်ပြီး ပတ်တီး လုပ်ရန်ကြံလိုက်သည် မကြာသော အချိန်တွင် ပေ‌တူး နှင့် သာအေး ရောက်လာပြီး လက်ထဲ တွင် ကျွန်မနိုင်ရွက် များ ပါလာသည် ၊ ထို့‌ေနာက် မောင်ဘိုးထင်သည် ကျွန်မနိုင် အရွက်များကို ထုလိုက်ပြီးး အရည်ညှစ်ကာ ဈေးသည်ကြီး၏ ဒဏ်ရာထဲထည့်ကာ အဖက်များကို သိပ်ပြီး မောင်ဘိုးထင်၏ ပုဆိုးစဖြစ် ပတ်တီးစီးပေးလိုက်လေ‌သည် ၊ ဈေးသည်ကြီးသည် သူအား သနားကြင်နာ စွာကူညီနေသော မောင်ဘိုးထင်တို့ အား ကျေးဇူးတင် လွန်း၍ သူ၏ ဈေးတောင်းထဲမှ ကြံပွများ စားရန် ပေးလေသည်။
“ကောင်လေးတွေ ကြံပွ အလကားစားကြကွာ ငါကြွေးပါတယ် ”
“မစားပါဘူးဗျာ ဈေးသည်ကြီးလည်း နေပူပူ ဈေးရောင်းရတာ ဘယ်သက်သာ မလဲ မစားရက်ပါဘူးဗျာ ကဲ ဟိုကောင်တွေ မင်းတို့ စားချင်ရင် ငါဝယ်ကျွေးမယ် ဈေးသည်ကြီးကို အားပေးလိုက်ကြရအောင် ”
မောင်ဘိုးထင်သည် ဈေးသည်ကြီးအား ငွေ နှစ်ကျပ်ပေးကာ ကြံပွ အကြီး နှစ်ချပ်ယူလေသည် ၊ ဈေးသည်ကြီး သည် အသေးတချပ်အား အတင်း အပိုပေးလေရာ ငြင်းမက၍ ယူလိုက်ရသည် ၊ ထို့‌ေနာက် မောင်ဘိုးထင်သည် ဈေးသည်ကြီးအား
“ဈေးသည်ကြီး ဒဏ်ရာက ဘယ်လိုဖြစ်ပြီး ရတာလဲဗျ ”
“ငရှုပ်မလေးတွေ ပေါ့ကွာ ငါ့ဆီက ကြံပွဝယ်ပြီး သူတို့အိမ်ရောက်တော့ မဝယ် ဘူး‌ငြင်းလွှတ်ပြီး အိုးခြမ်းပဲ့ နဲ့ ပေါက်တော့တာပဲ ကွာ ”
“သူတို့ ပုံစံတွေက ဘယ်လိုတွေလဲ ဈေးသည်ကြီး”
ကြံပွသည်ကြီးသည်လည်း မောင်ဘိုးထင်တို့အား မယ်လှတို့၏ ပုံပန်းသဏ္ဍန်တို့အား ပြောလိုက်ရာ သာအေးမှာ ခေါင်းညိတ်ပြီး စကားဆိုလာလေသည်
“တောက် အဲ့တာ မယ်လှတို့ကွ သေချာတယ် ”
“ဒီလို လုပ်တာတော့ ငါ လက်မခံနိုင်ဘူး၊ သာအေး နဲ့ ပေတူး မင်းတို့က ကိုဖိုးထွေး အဘကို အကြိုးအေကြာင်း သွားပြော ငါက ဈေးသည်ကြီးကို အိမ်ခေါ်သွားမယ် ထမင်းကျွေးပြီး ဈေးလှည့် ရောင်းပေးရအောင်လို့ မင်းတို့ ရွာလူကြီးကို တိုင်ပြီးရင် ငါ့အိမ်လာခဲ့ကြကြားလား”
မောင်ဘိုးထင်သည် ပေတူး နှင့် သာအေးအား သေချာမှာနေလေသည် ၊ ဦးပွကြီးသည် မောင်ဘိုးထင်ကို ကြည့်ကာ
“ကောင်လေး ရပါပြီ ငါဈေးလှည့်ရောင်းပြီးရင် ညနေ ပြန်တော့မှာ ”
“ညနေပြန်ကာမှပြန် ကျုပ်အိမ်လိုက်ခဲ့ ထမင်းစားပြီး အိမ်မှာ တရေးတမောအိပ်စောင့် ကျုပ်တို့ ဈေးရောင်းပေးမယ် ဈေးသည်ကြီးရဲ့ ဒဏ်ရာက မသေးဘူးဗျ နေကလည်း ပူနေပြီ ကျုပ်ပြောစကားနားထောင်ပါဗျာ ”
မောင်ဘိုးထင်သည် ဦးပွကြီး၏ ကြံပွတောင်းအား ထမ်းပိုး နှင့် ချည်ထားသော ကြိုးကို တိုလိုက်ပြီး ဈေးတောင်း နှစ်လုံးကြားထဲဝင်၍ ထမ်းတပိုးကို ထမ်းကာဈေးသည်ကြီးအား သူ့နောက်လိုက်ပါစေလေတော့သည် ။

*အခန်း-၄

မောင်ဘိုးထင်သည် ရှေ့မှ ဈေးတောင်း နှစ်‌ောတာင်းကို ချိုထမ်းပြီး နောက်တွင်‌ေတာ့ ဈေးသည်ဦးပွကြီးမှာ ပတ်တီးကြီးနှင့် ဖြစ်သည်၊ မောင်ဘိုးထင်၏ ပုဆိုးအောက်အနားစ တော်တော် များများသည်က ရှိမနေတော့ပါ ဈေးသည်ကြီးသည် သွေးပေနေသော သူ၏ ပုဆိုးလေးအား နှမျောနေသဖြင့် မောင်ဘိုးထင်မှ နွမ်းပါသော ဈေးသည်ကြီးဟုထင်ကာ သူ၏ ပုဆိုးကို ဖြဲပြီး ဈေးသည်ကြီး၏ ခေါင်းအား ပတ်တီးစီးပေးထားချင်း ဖြစ်သည် ၊ ဦးအုန်းသည် အိမ်ရှေ့တန်းလျားတွင် ထိုင်နေရင်း အိမ်ဝိုင်းထဲသို့ လူစိမ်း တယောက် ကို ခေါ်လာပြီးး ဈေးတောင်း နှစ်‌ေတာင်းကို ထမ်းလာသော မောင်ဘိုးထင်ကို မြင်သော အခါ
“ကောင်လေး ဘာတွေ ထမ်းလာတာလဲကွ ဧည့်သည်လည်း ပါလာတာကို ”
“ဟုတ်တယ် အဘရေ ရွာထဲက ကမြင်းမလေးတွေ ဈေးသည်ကြီးရဲ့ ကြံပွဝယ်စားပြီး ကြံပွအဖို့ မပေးချင်တာ နဲ့ အိုးခြမ်းပဲ့ နဲ့ ပေါက်လို့ ‌ဈေးသည်ကြီး ခေါင်းကွဲသွားတယ်ဗျ အဲ့ဒါဒီမှာ ခဏ နားဖို့ခေါ်လာတာ ”
“အေးအေး လာလာ ဒီမှာ ထိုင်ကြ ”
“ကျုပ်က မထိုင်‌ေတာ့ဘူး အဘ ဈေးသည် ကြီးကို ထမင်းကျွေးပြီးရင် ဟိုကောင် တွေ ရောက်မှာ နဲ့ အကိုက်ပဲ အဘဘာဟင်းချက်လဲ ဗျ ”
“ကြက်သား ကောင်လေး ထမင်းကတော့ မင်းတယောက်စာပဲ ရှိတော့မယ် ထင်တယ် ”
“ရတယ်အဘ ကျုပ်က ဈေးသည်ကြီးဆီက ကြံပွ စားခဲ့ပြီ ခဏဗျာကျုပ် ဒီတန်းလျားကို ပဲ ထမင်း ယူလာခဲ့မယ် ”
မောင်ဘိုးထင်သည် ထမ်းထားသော ဈေးတောင်းအား အောက်သို့ ချပြီး မီးဖိုချောင်ဘက်အလျှင် အမြန်သွားကာ ထမင်းနှင့် ဟင်းကို ယူပြီး ‌ဈေးသည်ဦးပွကြီးအား ထမင်းစားစေသည် ၊ မကြာသော အချိန် သာအေး နှင့် ပေတူး ရောက်လာသည် မို့ ဦးကြီးအား ကြံပွ ‌ေဈးများကို မေးကာ သုံးယောက်သာ ဈေးတောင်းကို သာအေးကို ထမ်းခိုင်းလိုက်ကာ ဦးအုန်းအိမ်မှ ထွက်သွားကြလေတော့သည် ၊ ကျန်ခဲ့ သော ဦးအုန်းသည် ထမင်း စားနေသော ဈေးသည်ဦးပွကြီးကို သေချာကြည့်ကာ
“အင်းဝိဇ္ဇာ ဘယ်လို ဖြစ်တာလဲဗျ”
ဈေးသည် ဦးပွကြီးသည် ဦးအုန်းစကားကို မည်သည့်ခွန်းတုန်းပြန်မှုမှ မလုပ် ထမင်းကိုသာ အားရပါးရ စားနေပါလေတော့သည် ။

*အခန်း-၅

“ဟေ့ကောင်တွေ ရွာလူကြီးကို အကျိုးအကြောင်း ပြောတာဘယ်လိုလဲ ”
“ရွာလူကြီး မရှိလို့ မပြောခဲ့ရပါဘူးကွာ ”
“အေးကွာ တိုင်မနေတော့ပါနဲ့ ငါ့တို့တိုင်းကူညီလိုက်ကြတာပေါ့”
“ကြံပွသည်ဗျို့ အကြီး တချပ်တကျပ် အသေး တချပ် ပြားငါးဆယ် ”
မောင်ဘိုးထင် ၊ ပေးတူး နှင့် သာအေးတို့ ရွာထဲ လှည့်၍ ‌ကြံပွရောင်းနေလေသည် ၊ ကြံပ‌ွမှာ ရောင်းမကောင်းပေ ထိုချိန် မယ်လှတို့ အိမ်းဝိုင်းအနား ရောက်လာသည် အိမ်ဝိုင်းဝ မှာ ရပ်နေသောမယ်လှ တို့ သုံးယောက်သည် မောင်ဘိုးထင်တို့ကို ခါးထောက်ကြည့်ကာ အသံ ခပ်စာစာ နှင့် အော်ခေါ်နေလေသည်
“ကြံပွသည် လာဦး ”
“ဘာလဲ လူလိမ်မတွေ နင်တို့က ဈေးသည် ကြီး ကို အိုးခြမ်းပဲ့ နဲ့ ပေါက်တာ အားမရလို့ ငါတို့ကို ပါ ပေါက် ဦးမလို့ လား မလာဘူး ”
မောင်ဘိုးထင်တို့သည် မယ်လှတို့ အနား မသွား ပဲ လှည်းလမ်းအတိုင်း သူမတို့အား ကျော်သွားရာ မယ်လှတို့ စိတ်တိုဒေါသ ထွက်ပြီးနောက်မှ ကြိမ်ဆဲ နေလေသည်၊ မောင်ဘိုးထင်တို့ သည် ဈေးဝယ်သူ သိပ်မရှိ၍ အကြံအိုက်နေကြသည် ။
“ဘိုးထင် ဘာလို့ လူတွေကဈေး မဝယ်တာလဲကွာ ”
“မသိဘူးလေ ငွေ မရှိလို့နေမှာပေါ့ ”
“ငွေ မရှိ ဆန်နဲ့ လဲလို့ရတာကို ”
ထို့‌ေနာက် မောင်ဘိုးထင်သည် ခေါင်းကို ညိတ်ကာ
“ငါသိပြီ ရွာထဲက အရီးသောင်း ရဲ့ မုန့်လက်နှိပ် နဲ့ ဒွေးလေးမြိုင်ရဲ့ မုန့်လက်ဆောင်း ကြောင့် မဝယ်တာ ဖြစ်မယ် ”
“အေး ဟုတ်တယ် အဲ့ဒါဆို ငါတို့ ဘယ်လို လုပ်ကြမလဲ ”
“လာ လာ ပေတူး ငါ ပြောပြမယ် ‌ဈေးသည်ကြီးကို တို့ရွာသူတွေက အနိုင်ကျင့်ထားတာ‌ဆိုတော့ ငါတို့ ကူညီမှ ရမယ် ဘာဖြစ်ဖြစ် ဈေးသည်ကြီးရဲ့ ကြံပွတွေ ကုန်ဖို့ အရေးကြီးးတယ် အဲ့‌တော့ ”
မောင်ဘိုး ထင်သည် ပေတူး နှင့် သာအေးအား လမး်လျှောက်ရင်း သူတို့ ပြုလုပ်ရမည် အရာများကို ပြောပြ တိုင်ပင်နေကြပါလေတော့သည် ။

*အခန်း-၆

အရီးသောင်းသည် သူ၏ အိမ်တွင် ထန်းလျက်ရည်ကြိုနေလေသည် အိမ်ရှေ့ စားပွဲတွင်တော့ မုန့်လက်နှိပ် ဗန်းကြီးအား ဝါးအုပ်ဆောင်ဖြစ် အုပ်ထားလေသည် ၊ ‌ေမာင်ဘိုးထင်တို့ သည် အရီးသောင်း အိမ်သို့ ရောက်လာကြပြီး သူတို့၏ ကြံပွတောင်းကြီးအား လမ်းတွင် စုံသော ဖိုးထွေးအား ခဏပေးလိုက်ပြီး ဖိုးထွေအိမ်တွင် သိမ်းထားစေပြီး ခဏ နေမှ လာယူမည်ဟုပြောခဲ့လေသည် ၊ ‌ေမာင်ဘိုးထင်သည် မီးကျင်းလေးတူးထားတဲ့ အထဲတွင် ထန်းလျက်ရည်ကျိုနေသော အရီးသောင်းအနားသွားကာ
“အရီးသောင်း မုန့်သွားရောင်း‌ေတာ့မှာလားဗျ ”
“ဟုတ်တယ်လေ နင်တို့ ဘာလာလုပ်တာလဲ မုန့်ဝယ် မလို့လား ”
“မဟုတ်ပါဘူးဗျာ အရီးသောင်းရဲ့ ထန်လျက်ရည်ကျိုနည်းလေးသိချင်လို့ လာကြည့်တာ ပါ ”
“အေး ထန်းလျက်ရည် ကျိုရင်း ကောင်းတဲ့ ထန်းလျက်သုံးရတယ်”
“ဟုတ်ကဲ့ အရီး ”
“ထန်လျက်ရည် ကို သန့်ရှင်းအောင် ပိတ်စ နဲ့ ခံရသေးတယ် ဟဲ့ ရေစစ် သဘောပေါ့”
မောင်ဘိုးထင်သည် အရီးသောင်းအား သူမသိတာများကို မေး‌မြန်းပြီး နေစဉ် ပေတူး နှင့် သာအေးသည် ဝါးအုပ်ဆောင်း နှင့် အုပ်ထားသော မုန့်လက်နှိပ်ဗန်းကြီးအား လစ်ပြေးသွားပြီဖြစ်သည် ၊ အရီးသောင်းသည်က သူ၏ မုန့်ဗန်းကြီး မရှိ‌ေတာ့သည်ကို မသိ ‌ေမာင်ဘိုးထင်၏ အံဩတကြီး ဖြစ်ပြနေသည်ကို ကျေနပ်ပီတိဖြစ်နေလေသည် ၊ ထို့‌ေနာက် မောင်ဘိုးထင်သည်
“အရီးရဲ့ ထန်းလျက်ရည်ကျိုနည်းကို ကြည့်နေတာနဲ့ အဘခိုင်းထားတဲ့ အလုပ်ကိုတောင် မေ့ကုန်ပြီ ဗျို့ ”
“အော် ဖြစ်ရတယ် ဘိုးထင်ရယ် ”
မောင်ဘိုးထင်သည် အရီးသောင်းအား။ချီးမွန်းစကား။တွင်တွင် ပြောကာ အရီးသောင်းအိမ် မှ ထွက်သွားပါတော့သည် အရီးသောင်းသည်က ထန်လျက်ရည်ကြိုလျက် ကျန်နေပါလေတော့သည်။

*အခန်း-၇

သာအေး နှင့် ပေတူးသည် မုန့်လက်နှိပ်ဗန်းကြီ းကို ကိုင်ရင်း မောင်ဘိုးထင်အား စောင့်နေလေသည် ၊ မကြာသော အချိန်တွင် မောင်ဘိုးထင်သည် သူတို့အနားသို့ရောက်ချိန် ပေတူးမှ စကားဆိုလိုက်သည်
“ဘိုးထင် မုန့်ဗန်းကြီးတော့ ရပြီ ဘယ်သွားထားကြမလဲ ”
“ငါတို့ယူမှန်း သိရင်လည်း တအား အပြစ်မဖြစ်အောင် ရွာထိပ်က နတ်စင် သွားတင်ထားကြရအောင်ကွာ ”
“အေး အကြံကောင်းတယ် လာသွားကြရအောင် ”
မောင်ဘိုးထင်တို့သည် အရီးသောင်း၏ မုန့်လက်နှိပ်ဗန်းကြီးအား ရွာထိပ်ရှိ နတ်စင်တွင် တင်ထားလိုက်လေသည် ၊ ထို့နောက် သူတို့ ခြေဦးလှည့်မည်နေရာသည်က ရွာတောင်ပိုင်း ရှိ ဒွေးလေးမြိုင်၏ အိမ်သို့ ဖြစ်ပါလေတော့သည် ၊

*အခန်း-၈

မု့န်လက်ဆောင်း ဖက်များရေစိမ့နေသော ထေွးလေးမြိုင်အနား သို့ မောင်ဘိုးထင်တို့ ရေအိုး တလုံးထမ်းပြီး ရောက်လာကြသည် ၊ ထို့နောက် ပေတူးသည် ထွေးလေးမြိုင်အား စကားဆိုလေသည်
“ထွေးလေး မုန့်လက်ဆောင်း မရသေးဘူးလား အဘ ကဝယ်ခိုင်းလိုက်လို့ဗျ “,
“အေး ပေတူးရေ ခဏ‌ေစာင့် ဦး ”
“ဒါနဲ့ ဘထွေးလေး ကော မရှိဘူးလား ”
“နင့် ဘထွေးက ဘယ်တုန်းက ရှိဘူးလို့လဲ ”
“ဟုတ်ကဲ့ အဲ့တာ ဆို ကျုပ်တို့ ဟိုနားမှာ စောင့်မယ် နော် ”
“အေးအေး ”
ထွေးလေးမြိုင်သည် ပေးတူးနှင့် ဆွေမျိုးတော်စပ်သူဖြစ်သည် ၊ သူ၏ တူတော်မောင် ပေတူးအား ထန်းလျက်ရည် အိုး နားမှာ သွားစောင့်ဖို့ ခွင့်ပြုလေရာ မောင်ဘိုးထင်တို့ ဝမ်းသာ သွားကြသည် ထို့‌ေနာက် ပေတူးသည် သူတို့ သယ်လာသော ရေအိုးအား ‌‌ေထွးလေးမြိုင်၏ ထန်လျက်ရည်အိုးနေရာတွင် အစားထိုးပြီး ချပေးထားကာ ထန်လျက်ရည်အိုးကို ပက်ထားသော ပုဆိုးအား သူတို့ သယ်လာသော အိုးတွင် ပတ်ပေးလိုက်ပြီး ထန်းလျက်ရည်အိုး ကြီးကို မပြီး ထွေးလေ မြိုင်အိမ်မှ ထွက်သွားပါလေတော့သည်။
ထန်းလျက်ရည်အိုး ထမ်းထားသော ပေတူးသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ဒါကြီးကိုကော ဘယ်နား ထားမလဲ ”
“ထူးပါဘူးကွာ ရွာအဝင် ညောင်ပင်အောက်က ရေအိုးစင် မှာ သွားတင်ထားရအောင်ကွာ ”
“အေး အဲ့တာ ကောင်းတယ် ”
ထို့နောက် စိတ်တူကိုယ်တူ မောင်ဘိုးထင်တို့သည် ထန်းလျက်ရည်အိုးကြီးကို ထမ်းကာ ရွာအဝင်ညောင်ပင်မှ ရေအိုးစင်ပေါ်သို့ တင်ထားရန် ထွက်သွားကြပါလေတော့သည် ။

*အခန်း-၉
မောင်ဘိုးထင်တို့သည် ဖိုးထွေးတို့အိမ်မှ ကြံပွများကို ပြန်ယူကာ ထမ်းပြီး ဈေးပြန်ရောင်းနေပြန်သည် ၊ ကလေးများသည် မုန့်လက်နှိပ်လည်း မရ မုန်းလက်ဆောင်းလည်း မရသဖြင့် ငိုယိုနေလေရာ မောင်ဘိုးထင်တို့ ကြံပွကိုသာ ခေါ်ယူပြီးဝယ်လေရသည့်အတွက် အတော်ကို ဈေးရောင်းကောင်းနေသည် ၊
“ကြံပွသည်ဗျို့ ကုန်တော့မယ် နော် မြန်မြန်ဝယ်မှ ရ‌ေတာ့မယ် မုန့်လက်ဆောင်းလည်း မရဘူး မုန့်လက်နှိပ်လည်း မရဘူးနော် ကြံပွပဲ ရှိတယ် ”
“ဟေ့ကောင် ပေတူး ဘာတွေ လျှောက်အော်နေတာ လဲ ‌တော်ကြာ ငါတို့လုပ်ထားတဲ့ ဟာတွေကို ရိပ်မိသွား ဦးမယ် ”
“အေး မေ့သွားလို့ပါကွာ လာလာ ကြံပွ တွေလည်း ကုန်တော့မယ် ဆို‌ေတာ့ ဈေးသည်ကြီး အချိန်မှီ ပြန်လို့ရအောင် သွားရတော့အောင် ”
“သုံးချပ် ကျန်သေးတယ် ကွ ”
“အဲ့တာက‌ေတာ့ ကိုဖိုးထွေး နဲ့ ကိုသာရကို ဝယ် ခိုင်းရအောင်ဟေ့ ကိုဖိုးထွေးတို့ အိမ်ကို သွားကြ‌ရအောင် အဲ့ မှာ ကိုသာရလည်း ရောက်နေမယ် ထင်တယ် ”
ဤသို့ ဖြစ် မောင်ဘိုးထင်တို့ သုံးယောက်သည် ကျန်သော ကြံပွ သုံးချပ်အား ရောင်းရန် ဖိုးထွေးတို့ အိမ်သို့ ခြေဦးလှည့် လိုက်ကြပါလေတော့သည် ။

*အခန်း-၁၀

မောင်ဘိုးထင်တို့ ရွာလူကြီး အိမ် ဝိုင်ထဲ ဝင်လိုက်ချိန် ရွာလူကြီး နှင့် စကားပြော‌ေန‌ေသာ တွေ့လိုက်ရသည် လူနှစ်ယောက် ကြောင့် နောက်ကြောင်း ပြန်လှည့်မည်ပြုနေစဉ် ရွာလူကြီး၏ အသံဩဩ ကြီးက ‌ထွက်ပေါ်လာလေသည် ၊
“ဟေ့ကောင်တွေ ဘယ်ပြန်လှည့်မလို့လဲ မင်းတို့ကောင်တွေကို ဖိုးထွေးကို ရှာခေါ်ခိုင်းနေတာ အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ငါ့ဆီ ရောက်လာတာပဲ ဟန်ကျတယ်ဟေ့ ဒီကနှစ်ယောက်က ဘယ်သူတွေ လဲလို့ ကြည့်စမ်းပါဦး ကွ”
ရွာလူကြီးသည် သူ၏ မျက်နှာချင်းဆိုင် တန်းလျားတွင် ထိုင်နေသော သူနှစ်ဦးအား မျက်စာ ပစ်ပြပြီး မေးနေလေရာ ဈေးတောင်း နှစ်တောင်းကို ထမ်းပိုး နှင့် ထမ်းထားသော ပေတူးသည်
“ဟို ထွေးလေး မြိုင် နဲ့ အရီးသောင်းပါ ”
“အော် ဟုတ်လား ငါတောင် မင်း‌တို့ပြောမှသိတယ် လာခဲ့ကြ ဟေ့ကောင်တွေ ”
မောင်ဘိုးထင်တို့သည် ကုပ်ကုပ် ကုပ်ကုပ်နှင့် ရွာလူကြီး အနား သွားလိုက်ကာ ပေတူးသည် ရွာလူကြီးကို မျက်နှာချိုသွေး၍
“ဘကြီး ဟို‌ေလ ကြံပွလေး သုံးချပ် ကျန်တာ အားပေးမလို့လား ဟင် ”
“မင်းမေ ကြီးတော်ကို အားပေးမယ် ဘယ်မှာလဲ မသောင်းရဲ့ မုန်လက်နှိပ် ဗန်း နဲ့ မမြိုင်ရဲ့ ထန်းလျက်ရည်အိုး ”
‘ဟာ ကျုပ်တို့က ဘယ်သိမလဲ ဗျ အရီးသောင်း ရဲ့ မုန့်လက်နှိပ်ဗန်းကို ကျုပ်တို့က ရွာထိပ် နတ်စင် တင်စရာလားဗျာ ”
“ဟုတ်တယ် ထွေးလေး မြိုင်ရဲ ထန်းလျက်ရည်အိုးလည်း ကျုပ်တို့က ရွာအဝင် ရေအိုးစင် ထားစရာလားဗျာ “,
ပေတူး နှင့် သာအေး၏ စကားကြောင့် မောင်ဘိုးထင်သည် သူ၏ မျက်နှာ ထားစရာမရှိတော့ပေ ရွာလူကြီး နှင့် အရီးသောင်း အပါ အဝင် ဒွေးလေးမြိုင်သည် ‌သာအေး နှင့် ပေတူးကို စိုက်ကြည့်နေပြီး အရီးသောင်းမှ ခပ်ပြတ်ပြတ် စကားဆိုလိုက်သည်
“အေး ငါလည်း ငါ့မုန့်လက်နှိပ်ဗန်းကြီး ပျောက်လို့ လိုက်ရှာနေတာ အစောကမှ မြကြီး နတ်စင်မှတွေ့တယ် လို့လာပြောတာ ငါ့အိမ်ကို လည်း နင်တို့ပဲ လာတာ အခုလည်း ငါက ဘာမှမမေးရသေးဘူး နတ်စင် တင်ထားတယ်လို့ပြောတယ် နင်တို့ ဘာသဘောလဲ ငါ့စီးပွားရေးကို ဖျက်နေတာလား ”
အရီးသောင်း ပြောစကားများမှာ မောင်ဘိုးထင်တို့ ငြိမ်ကုပ်နေ နေရသည် ‌အရီးသောင်း ၏ တရပ်စပ် စကားလုံးများ ခေတ္တနားချိန်တွင် ထွေးလေးမြိုင် ရဲ့ စကားသံက ပေ‌ါ်လာပြန်သည်
“ငါ့တူလေး တော်‌လှ တော်လှ နဲ့ ငါခဗျ ရေအိုးကြီးကို ခေါင်းပေါ်ရွက် ပြီး မုန့်လက်ဆောင်း ရောင်းနေတာ ဒီနေ့မှ ဘယ်သူမှ သိပ်ဝယ် မသောက်ဘူးတော် နေ ရွာ‌ေနာက်ပိုင်းကို ရောက်မှ မုန့်လက်‌ေဆာင်း ဝယ်လို့ ထန်းလျက်ရည် ခပ်လိုက်ပါတယ် ရေတွေဖြစ်နေရတယ် လို့ ငါ့ထန်းလျက်ရည်အိုးကြီး ကို ဘာလုပ်ဖို့ ရွာအဝင်က ရေအိုးစင် သွားထားရတာလဲ အခု ကလေးတွေက ရွာအဝင်ရေအိုးစင်မှာ ထန်းလျက်ရည်တွေ ဆိုတာ နဲ့ ငါသွားကြည့်တော့ အိုးပဲ ကျန်တော့တယ် နင် အတော်ရက်စက်ပါလား ပေတူးရဲ့ ”
မောင်ဘိုးထင်တို့ အား ရွာလူကြီးမှ ပြောလိုက် အရီးသောင်းမှ ပြောလိုက် ထွေးလေးမြိုင်မှ ဆူ လိုက်နှင့် ခေါင်းလေးများ ငုံ့ပြီး နေရစဉ် မယ်လှတို့ သုံးယောက် နှင့် အတူ မယ်လှ အမေပါ ရွာလူကြီး အိမ် ရောက်လာလေသည် ၊ ရွာလူကြီးသည် ကလမလေး သုံးယောက် နှင့် မမြတို့ သူအိမ်ဝိုင်းထဲ ဝင်သည်ကို တွေ့သောအခါ
“ကဲ မမြ ဘာဖြစ် ပြန်တာလဲ ဒီကောင်လေးတွေ နှောက်ယှက် ပြန်ပြီလား ”
“မဟုတ်ပါဘူး ရွာလူကြီး ကျမ သမီးအစားတောင်းပန်ချင်လို့ပါ ”
“ဟေ့ ဘာကိစ္စလဲ ဟ”
“ဟို ဟိုလေ ကျမ သမီး မယ်လှ နဲ့ သူ့သူငယ်ချင်းတွေက ကြံပွသည်ဆီက ကြံပွဝယ်ပြီး ကြံပွ အဖို့ ‌မပေးနိုင်တာနဲ့ အိုးခြမ်းပဲ့ နဲ့ ပေါက်လို့ ခေါင်းပေါက်သွားပါတယ် အဲ့တာ အခုကျမ ကြံပွသည်ကြီးကို သွားတောင်းပန် ပြီးပါပြီ လမ်းမှာ ဖိုးထွေး နဲ့ တွေ့တော့ ‌ဘိုးထင်တို့ကို ခေါ်ပြီး ဆူမယ် လို့ ပြောလို့ မဆူဖို့ လာတောင်းပန်တာပါ ပြီးတော့ အမသောင်း မုန့်လက်နှိပ် အဖိုး နဲ့ အမမြိုင် ထန်းလျက်ရည်အဖိုး ကျမ ပဲ လျော်ပါမယ် ဘိုးထင်တို့က ကျမ သမီးလေး ကြောင့် ခေါင်း‌ေပါက်သွားတဲ့ ကြံပွသည်ကြီးကို ကူညီပြီး ဈေးရောင်းပေးနေတာ ‌ကြံပွကလည်း ရောင်းမကောင်းတော့ ကြံမိကြံ ရာ ကြံတယ် ထင်ပါတယ် ရွာလူကြီး ”
“ဟုတ်ပါတယ် ကျုပ်တို့ ကြံပွသည်ကြီးကို သနားလို့ ဈေးရောင်းကောင်းစေချင်လို့ လုပ်မိတာပါ ”
ရွာလူကြီးလည်း နှင့် ကျန်သော အရီးသောင်းနှင့် ထေွးလေးမြိုင်သည်လည်း မယ်လှအမေ မမြ ရှင်းပြ မှ သဘောပေါက်ကာ ‌သူတို့ ဆူငေါက်မိသော မောင်ဘိုးထင်တို့ကို သနားသွားကြသည် ထို့နောက် အရီးသောင်းသည် မမြအား
“လျော်စရာ မလိုပါဘူးဟယ် နောက်တခါ မယ်လှကို အဲ့လို့ မလုပ်ဖို့ ဆုံးမထား ကလေးတွေကိုငယ်ငယ် ကတည်းက ကိုယ်ချင်းစာ တက်အောင်သင်ထားရမယ် ”
“ဟုတ်ကဲ့ အမကြီးသောင်း ကျမ လိုတာပါ ဒီကလေးမကို အလို လိုက်မိတာကိုက မှားတာ ဒါပေမဲ့ အခု သူတို့က ကျမတို့ ပြန်လာတော့ သူတို့မှားကြောင်း ငိုပြီးပြောလို့ သိတာပါ ”
“ငါ့ ထန်လျက်ရည် ဖိုးလည်း။လျော်စရာမလိုပါဘူး ဘိုးထင်တို့က မကောင်းတာ လုပ်တာမှ မဟုတ်တာ ”
ဤသို့ နှင့် မောင်ဘိုးထင်တို့အား ချီးမွန်းကာ ကနေကြ‌ေလသည် ။ကျန်သော ကြံပွ သုံးချပ်အား ရွာလူကြီးမှ ဝယ်ပြီး ‌
“ကဲ မင်းတို့ စိတ်ဓတ်ကိုတော့ ချီးကျုးပါတယ် နောက်တခါဆို သူများ ပစ္စည်းတွေတော့ လျှောက် မဖွက် နဲ့ပေါ့ကွာ တခြား နည်းနဲ့ ကူညီနိုင်အောင်ကြိုးစားကွာ မင်းတို့ လုပ်ရပ်က မှန်တယ် ဆိုပေမဲ့ အပြည်အဝ တော့ မမှန်ဘူးကွ မင်းတို့ ကြီးလာမှ သိပါလိမ့်မယ် ကဲ ကဲ ပြန်ကြတော့ မင်းတို့ ကြံပွသည်ကြီးလည်း စောင့်နေကြ‌ေရာပေါ့ ”
ထို့‌ေနာက် မောင်ဘိုးထင်တို့သည် ကြံပွတောင်း အလွတ်များကို ထမ်းကာ ပြုံးပျော်ရွှင်ပြီး အိမ်သို့ ပြန်လိုက်ကြပါလေတော့သည်။

*အခန်း-၁၁

မောင်ဘိုးထင်တို့ ဦးအုန်း အိမ်ရောက်သော အခါ ဈေးသည်ဦးပွကြီးသည် ဦးအုန်း နှင့် စကားပြောနေလေသည် ၊ ဦးအုန်းသည် ဈေးသည်ကြီးအား တရိုတသေ စကားပြောနေလေရာ မောင်ဘိုးထင်တို့ အံ့ဩနေကြရသည် ၊ ထို့နောက် မောင်ဘိုးထင်တို့သည် ကြံပွရောင်းလို့ရသည် ငွေများအား ဈေးသည်ကြီးကို အပ်လိုက်ရာ ဈေးသည်ကြီးမှ မောင်ဘိုးထင်တို့ အား ငွေအချို့ပြန်ပေး ရာ ဘယ်လိုပေးပေး မယူသောကြောင့် ‌‌ေစျးသည်ကြီးသည် သူ၏ ဈေးတောင်း ထဲရှိ ငွေထည့်သော နွယ်အိတ်လေးထဲ မှ ဆီစိမ် စက္ကူ သုံးချပ်ကို ယူပြီး –
“ကဲ ကောင်လေးတွေ ဒီဟာကိုတော့ မင်းတို့ မငြင်းနဲ့ ယူထားကြ ဒီစက္ကူလေးတွေထဲမှ လောင်းကစားနိုင်တဲ့ အင်း ဆွဲထားတယ်

မင်းတို့ကို ပေးခဲ့မယ် ဒီအင်းကို အသက်သွင်း နည်း မင်းအဘ ဦးအုန်းကိုသာမေးကြ‌‌ေတာ့ ကဲ ငါသွားပြီး မင်းတို့ကျေးဇူးငါ မမေ့ဘူး အင်းကို မင်းတို့ အလိုရှိရာ သုံးကြတော့ကောင်လေးတွေ ”
ဈေးသည်ကြီး သည် ထိုသို့ ပြောပြီး အားလုံးကို နုတ်ဆက်လို့ ပြန်သွားပြီဖြစ်သည် ၊ ပေတူး နှင့် သာအေးသည် အင်းများအား မယူ မောင်ဘိုးထင်ကို သာ သိမ်းခိုင်းထားပြီး သူတို့လည်း ပြန်သွားလေသည်၊ ဤသို့ နှင့် မောင်ဘိုးထင်တွင် လောင်းကစားနိုင် အင်းရှိသည်ဆိုသော သတင်းသည်က ပေတူး နှင့် သာအေး ဆီမှ တဆင့် လောင်းကစားကိုအင် မတန် ခုံမင်သည် ရွာ မြောက်ပိုင်းမှ ၊ မလေးရွှေ နှင့် မလေးငွေ ညီမ နှစ်ယောက် ဆီ သို့ ရောက်ရှိသွားရာ ထို ညီမ နှစ်ယောက်သည် မော်ဘိုးထင်အား အကူအညီတောင်းဖို့ ဖြစ်လာပါလေတော့သည် ။

ပြီးပါပြီ။

မောင်တင်ဆန်း

Leave a Comment