ဦးဖိုးဝေ နှင့် ငယ်ဘဝ (၂)

” ဦးဖိုးဝေ နှင့် ငယ်ဘဝ (၂) ”
ရေးသားသူ—မောင်တင်ဆန်း
+++++++++++

*အခန်း-၁
ငကောင်းကံရွာလေး၏ ရွာလူကြီး ဦးသင်္ခအိမ်‌ပေါ်တွင် ဖြစ်သည် ၊ ဦးသင်္ခသည် သူ၏သား မောင်ဖိုးဝေအား အထက်လမ်းဆရာတို့ ပထမ သိသင့်သည့် စမ ကိုစသင်လေသည် ။
“လူလေး မင်း စမ ကိုအရင်သင်ရမယ် စမ မှ စ ဓ ဗ ဝ ဆိုတာရှိတယ် စ ဆိုတဲ့ သဘောက စက္ကုမာစရ မာစိဏ္ဏော=စက္ခုတစ်ထောင်ကို အမြင်ဆောင်တော်မူသောမြတ်စွာဘုရား ၊ဓ ဆိုတာက ဓမ္မညူဓမ္မသာမိကော=တရားအားလုံးကိုသိတော်မူသဖြင့် တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရား၊ ဗ ဆိုတာက ဗလူပေတော ဗလဓရော= အားနှစ်ပါး, အားငါးပါး, အားတော်ဆယ်ပါးဖြင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရား၊ ဝ ဆိုတာကလည်း ဝရဒေါဒေတုမေဝရံ=အောင်ဆုအမျိုးမျိုးကိုပေးတော်မူနိုင်သော အောင်ဆုပိုင်ရှင်မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ရှိခိုးပါ၏-ဘုရား လို့ အဓိပ္ပါယ်ရတယ် အဲ့ ဒီ အက္ခရာ လေးလုံးကို ရေးတဲ့ အခါ အဘ ပြောထားတဲ့ အနက်ကို သိပြီး စိတ်ထဲ မှာ တည်နေရမယ် အဲ့လို စပြီးလေးကျင့်ပါလူလေး ”
“ဟုတ်ကဲ့ ပါ အဘ ”
မောင်ဖိုးဝေသည် ဦးသင်္ခပြောသော စ ဓ ဗ ဝ လေးလုံးသော အက္ခရာတို့၏ ဆိုလို ချက် နှင့် အနက်ကို စိတ်ထဲ တည်အောင် လေးကျင့်နေလေသည် ၊ စ ဒ ဗ ဝ အား စိတ်၌ တည်၍ နေကျင့်ပြီးနောက် အရဟံ ဂုဏ်တော် ပုတီးစိပ် ခိုင်းလေသည် ၊ ဤ သို့သော မြောက်များ လှစွာသော ကျင့် စဉ်အား မောင်ဖိုးဝေ ဆယ်နှစ်သားမှ စပြီးကျင့်ကြံလာရာ အသက် ၁၂ နှစ်မျှရောက်ချိန်တွင် ထူးခြားမှု တခု စဖြစ်ပေါ်လာလေသည် ၊ ထိုထူးခြားမှုသည်ကာ
မောင်ဖိုးဝေသည် အရဟံ ဂုဏ်တော် အား အဓိဌာန်ပုတီးစိပ်နေစဉ် သူ၏ နားထဲ သို့ခေါ်သံ တခုကြားလာရသည် ၊
“မောင်ဖိုးဝေ ”
မောင်ဖိုးဝေသည် ပုတီးကို တပတ်ပြည့်အောင်စိပ် လိုက်ပြီး မျက်လုံးကို ဖြည်းညှင်စွာ ဖွင့်လိုက်ချိန် သူ၏ရှေ့တည့်တည့် တွင် တပုလ္လင်ခွေထိုင်နေသော အဖိုးတ‌ေယာက်အား တွေလိုက်ရသည် ၊ ထိုအဖိုးသည် ခေါင်းပေါင်းအဖြူကို ပေါင်းထားပြီး တိုက်ပုံ အင်းကျီ မှာလည်း အဖြူဖြစ်ကာ ပုဆိုးသည်လည်း အဖြူပဲဖြစ်သည် ၊ ထိုပုဂ္ဂိုလ်သည် ‌ေမာင်ဖိုးဝေကို ပြုံး၍ ကြည့်ပြီး
“ကဲ မောင်ဖိုးဝေ လူလေးရဲ့ ကြင့်ကြံတဲ့ စရဏ အားကြောင့် အဖိုးမင်းကို လက်ဆောင် တခုပေးမဲ့ ကွဲ့ ”
“ဟုတ်ကဲ့ ပါအဖိုး အဖိုးက ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ခင်ဗျ”
“တ‌ေယာက် နဲ့ တယောက် မိတ်ဆက်ချင်းက အဖိုးတို့အတွက် မလို့ပါဘူး အဖိုးမပြောလည်း တနေ့ မင်းသိလာပါလိမ့် အခုတော့ ဟောဟိုက သိံဃလို့ အမည်ရတဲ့ လှံပိုင်က မင်းဆီ တာဝန်ထမ်းဆောင် လိမ့်မယ်ကွဲ့ ”
လှံတို တချောင်းကို ကျောမှာလွယ်ထားကာ ချပ်ဝတ်တန်ဆာကို ဝတ်ထားသော ပုဂိ္ဂုလ်သည် ‌ေမာင်ဖိုး ဝေ နှင့် အဖိုးအား ဦးညွှတ်လိုက်ပြီး
“အဖိုး ကျွန်တော်မျိုး ‌သိံဃ ရောက်တော်မူပါပြီ ”
“အေး သိံဃ မင်းဒီနေ့ကစပြီး ဒီလူလေး မောင်ဖိုးဝေ ဆီမှာ တာဝန်ထမ်းပေတော့ မင်းက အခုချိန်က စပြီး မောင်ဖိုးဝေ ရဲ့ လှံပိုင်ပဲ ”
“အဖိုး အမိန့်တိုင်းပါ ”
ထို့‌ေနာက် သိံဃသည် မောင်ဖိုးဝေကို ဦးညွှတ်လိုက်ပြီး
“ဆရာလေး ကျွန်တော်မျိုး လှံပိုင် သိံဃကို အလိုရှိပါက လှံပိုင် လို့သာ ခေါ်ပြီး ဆရာလေး အလို ရှိရာကို ခိုင်းနိုင်ပါတယ် လောကီ လူသားတွေ ကောင်းကျိုး ပြုဖို့အတွက်ဆို အချိန်မရွေး ကျွန်တော်မျိုးကို ခေါ်လိုက်ပါ ”
“ကောင်ပါပြီ လှံပိုင် ”
ဤသို့ ဖြစ် မောင်ဖိုးဝေသည် အရဟံ အဓိဋ္ဌာန် အောင်မြင်ပြီးနောက် လှံပိုင်သည် သူအား ခစားလာပြီဖြစ်ပါလေတော့သည် ။

*အခန်း-၂

မောင်ဖိုး‌ေဝသည် နောက်ထပ် တနှစ်ထပ်ကြာပြီး အသက် တဆယ့်နှစ် နှစ်အရွယ် တွင် အဓိဋ္ဌာန်များကို အောင်မြင်၍ ဗျဂ္ဃ ဟုအမည်ရသော နတ်ဘီလူး ဓားပိုင် ထို့နောက် ဥဇန ဟုအမည်ရသော ‌မဟူရာရောင် စွယ်စုံ ဆင်ကြီးအ‌ေပါ်တွက် ရှိသော တိတ္ထ ဆိုသည့် ဆင်ပိုင် ၊ ထို့နောက် ရွှေရောင် နန်းကြိုးများကို စလွယ်သိုင်း ထားပြီး သျှောင်တစောင်းကို ထုံးဖွဲ့ထားကာ တောင်ခြေပုဆိုးကို ခါးတောင်းကျိုက်လို့ အပေါ်ပိုင်း ဗလာကျင်း ထားသော သက္ကဆိုသည့် ပုဂ္ဂိုလ်များ မောင်ဖိုးဝေ ထံ ခစားလာကြသည် ၊ မောင်ဖိုးဝေသည် အသက်အား ဖြစ် ကလေးသာသားမှာတင် ဓားပိုင် ဗျဂ္ဃ ၊ လှံပိုင် သိံဃ ၊ ထို့‌ေနာက် ဥဇန ဆင် နှင့် ဆင်ပိုင် တိတ္ထ အပြင် ကြိုးပိုင် သက္က တို့သည် မောင်ဖိုးဝေ ထံတွင် ခစားလာကြကုန်တော့သည်။ ဤသို့ဖြစ် မောင်ဖိုးဝေသည် ငယ်ရွယ် ပျိုပြစ်စဉ် ကတည်းက ပယောဂ ကုချင်းကို ပိုင်နိုင်စွာ ကုသ နိုင်နေလေသည် ၊ သို့ပေမဲ့ မောင်ဖိုးဝေ၏ ရည်မှန်းချက်သည်က ဤ မျှဖြစ်ရပ်မည် မဟုတ်ပေ သူဖြစ် ချင်သော စေတလုံပိုင်ဖြစ်ဖို့ ကြိုးစား ကျင့်ကြံမည်ဟု စိတ်ပိုင်း ဖြတ်ထားပါလေတော့သည် ။

*အခန်း-၃

ငကောင်းကံရွာလေး၏ ရာသီဥတုသည် အုံ့ဆိုင်းနေလေသည် ၊ ထိုချိန် ထိုအခါတွင် ဦးသင်္ခ၏ အိမ်တွင် လူနှစ်ယောက် ရောက်နေလေသည် ၊ ထိုလူနှစ်ယောက်မှာ ပတ္တာ ရွာမှ တ‌ေယာက် ဖြစ်ပြီး ကျန်သောလူတယောက်မှာ သိမ်တော ရွာမှလူတယောက်ဖြစ်သည် ၊ ထိုသူနှစ်ယောက်မှာ ဦးသင်္ခထံ သို့ တိုက်ဆိုင်စွာ ပယောဂ ကုဖို့ လာပင့်ချင်းဖြစ်၏ ၊ ပတ္တာရွာမှ လူက စကားစဆိုလာသည်
“ဆရာကြီး ကျုပ်သမီးလေးကို ကူညီပါဦး ဘယ်သူကမ‌ျား ရက်ရက်စက်စက် ကျုပ်သမီးလေးကို ပြုစားထားတာလဲ မသိပါဘူး။အခုဆို ကျုပ်သမီးပျုိး‌ေလးက ခွေးတကောင်လို အူနေတာ ကျုပ်စိတ် မချမ်းသာ လှပါဘူးဗျာ ”
ပတ္တာရွာသားကြီး မှာ ထိုသို့သော စကားကို ဆိုသောအခါ သိမ်တော ရွာသားသည်လည်း စကားဆိုလာပြန်သည်
“ကျုပ် တူမလေးလည်း အခုဆို တွေ့ကရလူတွေကို သူရူမတ‌ေယာက်လို လိုက်ကိုက်နေလို့ ကျုပ်တို့ ကြိုးနဲ့ ချည်ထားရတယ် ဆရာကြီးမကယ်ရင် ကျုပ်တူမလေး‌ေတာ့ ဒုက္ခ ရောက်ရပါလိမ့်မယ် ကယ်ပါဦး ဗျာ ”
ပတ္တတာရွာ နှင့် သိမ်တော ရွာသည် ဦးသင်္ခ၏ အသိရွာများဖြစ်၍ နှစ်ရွာလုံးကို မလိုက်ရန်က မဖြစ်ပေ ၊ သိုပေမဲ့ နှစ်ရွာလုံးကိုတ‌ေယာက်တည်း သွား၍မဖြစ်ပြန်ပါ ရွာများးသည် တောင် တရွာ မြောက်တရွာဖြစ်နေပြီး ခရီးကလည်း ဝေး၍ တရွာပြီး တရွာသွားလို့မဖြစ်နိုင်ပါ ထို့ကြောင့် ဦးသင်္ခသည် မောင်ဖိုးဝေကို ခေါ်ကာ
“ကဲ လူလေး မင်းက ပတ္တာ ရွာကို လိုက်သွားပေတော့”
“ဆရာကြီး ဒီကလေးနဲ့ ဖြစ်ပါ့မလား ဗျ”
“သမားဆို အိုမှ ကောင်းတယ် ဆိုတဲ့ အတွေးကို ထုတ်လိုက်စမ်းပါ ကျုပ်ရဲ့သားတော်မောင်က ကျုပ်ထက် ပညာအစွမ်းထက်တယ် ကျုပ်မပိုင်သေးတဲ့ ဆင်တောင်ပိုင်နေပြီဗျ”
ယခုနယ်၌ နာမည်ကြီးသော ဦးသင်္ခပါးစပ်မှ ဆိုသော စကားကြောင့် ပတ္တာရွာသား အထွန့်မတက်ရဲတော့ပါ ဤ သို့ ဖြစ် မောင်ဖိုးဝေသည် သူ၏ ပထမ ဆုံးသော ပ‌ယောဂကုရမည့်ပွဲ သည်က ကြုံလာပြီ ဖြစ်သည် ၊ ထို့‌ေနာက် ဦးသင်္ခသည် စိတ်မြန်သူ ဖြစ်သည့် အလျောက် သူတို့အား လာပင့်သောသူများနှင့် အတူ အမြန်ဆုံး လိုက်ပါ၍ သွားကြပါလေတော့သည် ။

*အခန်း-၄

မောင်ဖိုးဝေသည် ပေတ္တာရွာသို့ နှစ်နှစ်ကြာမှ ယခု နောက်တခေါက်ပြန်ရောက်လာပြီဖြစ်သည်။ ယခု အခါတွင်တော့ မောင်ဖိုးဝေသည် ဆရာတဆူအဖြစ် ရောက်လာချင်းဖြစ်သည် ၊ ‌ရောက်ရောက်ချင်း ‌အပြုစားခံနေရသော သူ၏ မိခင်သည် အိမ်ဝိုင်းဝမှကြိုဆိုရင်း၊ သူမ၏ ယောကျာ်ကျားဖြစ်သူအား ဦးသင်္ခမပါလာပဲ ကလေးတ‌ေယာက်သာ ခေါ်လာသော ကြောင့် ကြောင်ငေးနေလေသည် ၊ ထို့နောက့် အိမ်ပေါ်သို့ မောင်ဖိုးဝေ ကို အရင်တက်စေ၍ အိမ်ပေါ်သို့ လိုက်တက်မည့် ဟန်ပြင်သော သူမ၏ ယောက်ျားဖြစ်သူ၏ လက်ကို ဆွဲကာ တိုးတိုး နှင့် မကျေမနပ် စကားဆိုလေတေတာ့သည် ။
“ငကောင်းကံရွာလူကြီး ဦးသင်္ခကို ပင့်ပါဆို တော် ဘယ်ကကလေးကို ခေါ်လာတာလဲ ”
“ငါလည်း ဦးသင်္ခကို သွားပင့်တာပဲ သူကိုပင့်တဲ့သူ နောက် တ‌ေယာက် ရောက်နေလို့ ငါ့ကို သူ့သားထည့်ပေးလိုက်တာ ”
“ဒုက္ခပါပဲ တခြား အထက်လမ်းဆရာတွေတောင် မနိုင်လို့ ထွက်ပြေးနေတာ အခုကလေးကို ဘာမျှော်လင့်လို့ ရမှာလဲတော့ ”
‌”အခုတော့ အိမ်ပေါ်တက်ပါရစေဦး ဒီကလေးလေးက ဦးသင်္ခသား ရေနွေးပွဲလေးဘာလေးပြင်ပြီး လာပို့ ဦး ”
ထိုနောက် ယောကျာ်းဖြစ်သူသည် သူ၏ မိန်းမအား ရေနွေးပွဲပြင်ခိုင်းလိာက်ပြီး သူသည်လည်း အိမ်ပေါ်သို့ တက်လိုက်လေသည်။ ၊ များမကြာသော အချိန် တွင် အိမ်နီးနားချင်းများ နှင့် ပယောဂကုသည်ကို စိတ်ဝင်စားသော ရွာသားများသည် မောင်ဖိုးဝေ ပယောဂကုမည့်အိမ်သို့ တဖြည်းဖြည်း နှင့် ရောက်လာကြပါလေတော့သည် ။

*အခန်း-၅

မောင်ဖိုးဝေသည် ဘုရားကို ဦးချပြီး အိမ်ဦးခန်းတွင် တပလ္လင် ချိတ်လို့ ထိုင်နေပြီး ရေနွေးကြမ်း တခွက်ကို သောက်နေလိုက်သည် ၊ ပထမဆုံး‌ေသာ ပယောဂကုမည်ဖြစ်သော ကြောင့် စိတ်တော့ အနည်းငယ် လှုပ်ရှားမိသည် ၊ သို့ပေမဲ့ ကြောက်စိတ် လန့်စိတ်သည်က စိုးစဉ်မျှ မရှိပေ ထို့‌ေနာက် အိမ်ပေါ်ရှိ အိမ်ခန်းထဲမှ မိန်းကလေးတ‌ေယာက် ခွေးလိုအူသံက စတင်ကြားလာရသည် ၊ ထိုအခါ မောင်ဖိုးဝေသည် ရေနွေးကြမ်းခွက်ကို ချကာ သူ‌၏ ရှေ့ တည့်တည့်မှ လူများကို အတန်အသင့် နေရာဖယ်ခိုင်းလိုက်ပြီး ကြမ်းပြင်ကို လက်နှင့် တချက် ပုတ်လိုက်ကာ –
“ဓားပိုင် အခုချက်ချင်း ကြာသာပတေး သမီးမှာ ပြုစားထားတဲ့ ပညာသည်ကို ကြာသာပတေးသမီးရဲ့ ကိုယ်ခန္ဓာထဲခေါ်သွင်းပြီး ဓားထောက်ပြီးခေါ်ခဲ့ ငြင်းဆန်က လက်ချောင်းတွေကို ဖြတ်ပြစ် ”
မောင်ဖိုးဝေ၏ စကားဆုံးသောအခါ ဓားပိုင် ဗျဂ္ဃသည် မောဖိုးဝေကို ဦးညွှတ်ကာ သူ၏ ကျောတွင် လွယ်ထားသော ဓားအိမ် မှ ဓားကို ထုတ်လိုက်ပြီး အိမ်ခန်းထဲသို့ ဝင်သွားလေသည် ထို့နောက် မိန်းကလေး ကိုယ်ထဲတွင် ရောက်နေသော သူအား သူ၏ ဓားဖြစ်ထောက်ကာ မောင်ဖိုးဝေရှေ့သိူ့ ခေါ်ဆောင်လာ၏၊ ထိုသို့သော မြင်ကွင်းကို မောင်ဖိုးဝေသာ မြင်ရပြီး ကျန်သော သူများသည်က အိမ်ခန်းထဲမှ မိန်းမပျိုလေးသည် သူကိုယ်တိုင် အိမ်ခန်းထဲမှ တ‌ေယာက်တည်းထွက်လာကာ မောင်ဖိုးဝေ ရှေ့သို့ သွားရောက်ထိုင်နေသည်ဟုသာမြင်၏ ၊ သူတို့ သည် မောင်ဖိုးဝေ၏ ဓားပိုင် ဗျဂ္ဃကိုတော့ မြင်နိုင် မစွမး်ပေ၊ ထို့‌ေနာက် ‌မောင်ဖိုးဝေရှေ့တွင် ရောက်နေသော ဝင်ပူးခံ မိန်းမပျိုလေးအား မောင်ဖိုးဝေသေချာကြည့်လိုက်သည် ၊သူ၏ မျက်ကွင်းထဲတွင်တော့ မိန်းကလေး၏ ကိုယ်ခန္ဓာသည် ‌ေနာက်ထပ်တခုသော လူရိပ်လူယောင်သည် မိန်းကလေးကို ပူးကပ်နေလေသည် ဝင်ပူးနေသော ပညာသည် မဲ့က မိန်းမပျိုလေး မဲ့ရ၏ ပြုံးက ပြုံးရ၏ ထို့ကြောင့် မိန်းမပျိုလေးအား ရုပ်သေးရုပ် ပမာ ပြုမူနေနိုင်သည် ၊ ဝင်ရောက်ပူးကပ်နေ ပညာသည်၏ ပုံစံသည် မိန်းကလေးပေါ်တွင် အရိပ်ပမာ ထပ်နေလေ၏ ၊ ထို့နောက် မောင်ဖိုးဝေသည် မိန်းမပျို လေး၏ မျက်နှာကို သေချာကြည့်ကာ
“ကဲ ငါ့ကို ပြောစမး် နင်ဘာကြောင် ဒီကြာသာပတေးသမီး ကို အရှက်ရအောင် လုပ်ရသလဲ ပြောစမး် ”
“ခစ် ခစ် နင်က ဆရာလား အော် ဘယ်သူများလဲ လို့ အခုမှ မှတ်မိတယ် အရင် နှစ်တွေ တုန်းက ဆရာငကြောင် နဲ့ ပါလာတဲ့ ကလေးကို နင် အဘက ငကြောင် ဆို‌ေတာ့ နင်လည်း ငကြောင်ပဲ နေမှာ ”
ဝင်ပူးခံ မိန်းမပျိုလေးသည် ရယ်မောကာ မောင်ဖိုးဝေအား မလေးမခန့် စကားဆိုလေသည် ၊ ထိုအခါ မောင်ဖိုးဝေသည် အရင် နှစ်များက ဒီရွာသို့ လာစဉ် သူ၏ ဖခင်ကို မလေးမခန့်လုပ်သော ပညာသည်ကို အမှတ်ရလာသလို ဒေါသသည်လည်း ထွက် လာလေ၏၊ ထို့နောက် တောက် တချက်ကို ပြင်စွာခေါက်ကာ
“ဪ အခုလည်း နင်တို့ပဲလား နင်တို့က ပေးထားတဲ့ ကတိကို ဖျက်ဝံ့တယ်ပေါ့ ”
“ငါက ဘာကတိမှာ မပေးထားဘူး ”
“တယ် ဒီစုန်းတွေက အတော်ကို မိုက်မဲတာပဲ ပြောစမး် ဒီ ကြာသာပတေး သမီးက နင်တို့ကို ဘာထိခိုက်အောင် လုပ်လို့လဲ ”
“ဒီ ကောင်မက ကွမ်းတောင်ကိုင် ဖြစ်တယ်ဆိုတာနဲ့ မော်ကြွားနေတာ အဲ့တာကို ကြည့်မရလို့ သောက်ရှက်ကွဲအောင် ခွေးလို အူခိုင်းတာ နောက်ဆို ခွေးတွေ ဆီကိုပါ လေးဘက်ထောက် သွားခိုင်ဦးမှာ ”
“တောက် အတော်ကို ယုတ်မာတဲ့ စုန်းမ ငါဘာကောင်လဲဆိုတာ နင်တုိ့သိစေရမယ် ”
မောင်ဖိုးဝေသည် မိန်းမပျိုလေး၏ ကိုယ်ခန္ဓာထဲ ပူးကပ်နေသော စုန်းမား အား အတော်ကို ဒေါသ ထွက်နေပြီဖြစ်သည် ၊ ပယောဂ ကုရမှာ စိတ်ဝင် တစားလာကြည့်နေကြသော လူများသည်လည်း မိန်းမပျိုလေးထံမှ ထွက် ပေါ်လာသော ပြောစကားများကြောင့် အတော်ကို အံဩ တုန်လှုပ်မိလေသည် ၊ထို့နောက် မောင်ဖိုးဝေသည် ကြမ်းပြင်ကို လက်နှင့် ပုတ်လိုက်ကာ
“ကြိုးပိုင် နင် ဒီကောင်မကို အခုထိ ကြိုးမတုပ်သေးဘူး လား ဘာလုပ်နေလဲ အခု ကြိုး နဲ့ တုပ်စမး် ”
မောင်ဖိုးဝေမှ ဒေါသ ဖြစ်လွန်း၍ ကျယ်လောင်သော အသံဖြစ် ကြိုးပိုင်အားအမိန်ပေးလိုက်ရာ ရွှေရောင်နန်းကြိုးကို စလွယ်သိုင်းထားသော သျှောင်တစောင်း နှင့် သက္ကသည် မောင်ဖိုးဝေကို အရိုအသေပေးကာ စလွယ်သိုင်းထားသော ကြိုးကို ဖြုတ်၍ မောင်ဖိုးဝေ ရှေ့တွင် မလေးမခန့်ပြုမူနေသော မိန်းမပျိုလေး၏ ကိုယ်ခန္ဓာထဲမှ ဝင်ပူးနေသော စုန်းမ ထံပစ်လွှတ်လိုက်ရာ စုန်မသည် လက်နောက်ပြန်ကြိူတုပ်ရက်ဖြစ်သွားပြီး ကိုခန္ဓာကိုပါ‌ ရွှေရောင် နန်းကြိုးများသည် ရစ်ပတ်၍ လှုပ်မရ‌ေအာင်ဖြစ်လာ၏ ၊ စုန်းမ လှုပ်မရသည် နှင့် မိန်းမပျိုလေး၏ ကိုယ်ခန္ဓာသည်လည်း လှုပ် မရတော့ပေ ၊ မောင်ဖိုးဝေသည် ဤမျှဖြစ်မကျေနပ်သေး လှံပိုင်ကို ထပ်၍ ဆင့်ခေါ်လိုက်ပြီး
“ဟဲ့ လှံပိုင် အခုချက်ချင်း ဒီ စုန်းမရဲ့ ငယ်ထိပ်ကနေ လှံနဲ့ ထုတ်ချင်းပေါက်‌ထိုးစေ မသေစေနဲ့ ကြားလာ စုနး်မရဲ့ နာမ် နာကျင်ရသလို စုန်းမ ရဲ့ ရုပ်ခန္ဓာလည်း နာကျင်အောင်လုပ် ငါ ဖိုးဝေ အမိန့် အခုချက်ချင်း ထိုး ”
မောင်ဖိုးဝေ စကားဆုံးသည် နှင့် သိံဃ အမည်ရသော လှံပိုင်သည် မောင်ဖိုးဝေကို ဦးညွတ်ကာ
“ဆရာသခင် အပြစ်ပေးတာ ပြင်းထန်လွနး်တယ် လို့ ကျွန်တော်မျိုး ထင်ပါတယ် ဒီစုန်းကဝေကို ဆရာသခင်း စကား နှင့် အရင် ဆုံးမ ”
“တယ် လှံပိုင် ငါစကားကို နားမထောင်ပဲ နေဝံ့လား ”
“တောင်းပန်ပါတယ် ဆရာသခင် ဆရာသခင် အမိန့်တိုင်းပါပဲ ”
မောင်ဖိုးဝေသည် သူ၏ အဘကို မ‌ေလး‌မခန့်ပြောဆိုသည့် စုန်းကဝေအားအရင် နှစ်များထဲမှ အညှိုးထားထားရာ အခုအချိန်တွင်‌ေတာ့ ညှာတာမှု့ကင်းမဲ့ စွာ နှိပ်စက် နေလေသည် ၊ လှံပိုင် သိံဃမှ သတိထားဖို့ ပြောဆိုပေမဲ့ မောင်ဖိုးဝေသည် ငေါက်ငမ်းလိုက်ရာ မည်သိူ့သော စကားမှ‌မဆိုတော့ပဲ ကျောတွင် လွယ်ထားသော လှံတံအား ဖြုတ်ယူလိုက်သည်နှင့် လှံတံသည် သူ၏ လက်ထဲတွင် ရှည်လာပြီး မိန်းမပျိုကိုယ်ခန္ဓာထဲ၌ ရှိသော စုန်းမ၏ ငယ်ထိပ်မှာ ထိုးချလိုက်ရာ စူးဝါးစွာ အော်ဟစ်ပြီး တောင်ပန် နေရှာသည် ထိုသို့သောအသံများကိုတော့ ဝင်ပူးခံ မိန်းမပျိုလေးထံမှ ထွက်ပေါ်လာချင်းဖြစ်၏
“ကြောက်ပါပြီး သေ ပါတော့မယ် လွှတ်ပေးပါတော့ ကြောက်ပါပြီ ”
“ဟဲ့ စုန်းမ ငါ နဲ့ ငါ့အဘကို မလေးမခံပြုဝံ့သေးလား ”
“မ မလုပ်ရဲ‌ေတာ့ပါဘူး ငါကြောက်ပါ ပြီ ”
‌အိမ်လေးပေါ်ရှိ ပယောဂကုရာကို စိတ်ဝင်တစား လာရောက်ကြည့်ရှူသော လူများသည် ‌ေမာင်ဖိုးဝေ၏ ပညာစွမး်ကို အံ့မခန်း ဖြစ်နေကြသည် ၊ ဝင်ပူးခံ မိန်းကလေးအား လက်နဲ့ ပင်မထိပဲ အမိန်ပေးစေခိုင်းနေသော မောင်ဖိုးဝေအား တိုးတိုး။နှင့် ချီးကျူးကြလေသည် ၊ ထို့‌ေနာက် မောင်ဖိုးဝေသည် ထို မျှ နှိပ်စက်ရုံနှင့် မ‌ေကျနပ်သေး
“လှံပိုင် သင်ရဲ့ လှံကို နုတ်လိုက် အခုချက်ချင်း ဆင်ပိုင်က စုန်းမရဲ့ ခေါင်းကို ရှစ်စိတ်ကွဲ အောင်နင်းစမ်း ”
‌ေမာင်ဖိုးဝေ၏ စကားကြားသောအခါ ဝင်ပူးခံ မိန်းကလေးသည် ကြောက်လန့်လွန်းကာ ကျယ်လောင်စွာ ဟစ်အော်နေလေသည် ၊ ရုန်း၍ကလည်း မရ လှုပ်လိုက်သည်နှင့် ရွှေနန်းကြိုးများက ပို၍ ပို၍ ရစ်ပက် နေသောကြောင့်ဖြစ်၏ ၊ဝင်ပူနေသော စုန်းမသည် ကြေညက်လန့်လွန်းကာ မောငဖိုးဝေအား ခေါင်းကို ငုံ့၍ တောင်းပန်နေချာသည် ထိုစဉ် ၊ ဥဇန အမည်ရသော ဆင်ကြီးသည် အိမ်လေးပေါ်ပြည့်ကမန်း ပေါ်လာပြီး ဆင်ကြီး နှင့် ဆင်ထိန်း တိတ္ထတို့သည် မောင်ဖိုးဝေအား ဦးညွှတ်လိုက်ပြီး
“ဆရာသခင် အမိန့်တော်တိုင်းပါ ”
ပယောဂ ကုရာမှာ လာကြည့်သော သူများသည် သူတို့၏ ကိုယ်များပေါ်မှ ဖြတ်လျှောက်လာသော ဆင်ကြီးကို သူတို့ မတွေ့ရပါ ၊ ထို ဥဇနအမည်ရ ဆင်ကြီးကို မောင်ဖိုးဝေ နှင့် ဝင်ပူးနေသော စုန်းမသည်သာ မြင်နေရလေ၏ ၊ထို့‌ေနာက် ဆင်ကြီးသည် တဖြည်းဖြည်းနှင့် ဝင်ပူးနေသော စုန်းမအနား တိုးလာကာ သူ၏ ခြေထောက်ကြီးကို မြှောက်ပြီး နင်းမည့်ဟန်ပြုစဉ် မောင်ဖိုးဝေ၏ နားထဲသို့ အသံတသံက ပေါ်လာလေသည်
“လူလေး စည်းကျော်နေပြီနော် လူလေးရဲ့ ဒေါသတွေကို ထိန်းပါ လူလေးအပြစ်တွေ ကျုးလွန်နေပြီ သတိထားပါ”
သူ့၏ နားထဲတွင် မည်သို့သော အသံကြားစေကာမူ မောင်ဖိုး‌ေဝသည် ပေးထားသော အမိန်းကို ပြန်မသိမ်းပေ ဆင်ပိုင်အား စုန်းမ၏ ဦးခေါင်းကို နင်းဖို့သာ အမိန်ပေးလိုက်မိသည် ၊ ထိုသို့ ဆင်ပိုင်သည် စုန်းမ၏ ဦးခေါင်းကို နင်းလုတွင် အသံ တသံသည် ဆက်ပြီးပေါ်လာ၏ ထိုအသံ၏ ပိုင်ရှင်မှာ သူ့အား တာဝန်တွေ ပေးနေသည့် အဖိုး၏ အသံဖြစ်သည်
“ဟဲ့ ဆင်ပိုင် တိတ္ထ အခုချင်ချင်း နင့်ဆင်ကို ပြန်းထိန်းစမ်း”
အဖိုး၏ အသံကြားလိုက်သည် နှင့် ဆင်ပိုင်သည် စုန်းမအား မနင်းခိုင်း‌ေတာ့ပဲ နောက်သို့ ပြန်ဆုတ်ကာ မောင်ဖိုးဝေကို ဆင်ကော ဆင်ပိုင် ပါ ဦးညွှတ်အရိုသေပေး၍ ပျောက်ကွယ်သွားတော့သည် ၊ ထိုအခါ မှ မိန်းက‌ေလးအား ပြုစားသည့် စုန်းမသည် ကြောက်လန့် တကြားစကားဆိုပြီး
“ကျမ ကျမ ကတိပေးပါတယ် ပညာတွေ နုတ်ယူကာ နုတ်ယူပါ ကျမကို လွှတ်ပေးပါတော့ ဆရာလေး၊ ကျမ ကြောက်ပါပြီ ကျမကို ဒီထက် ပိုပြီး နှိပ်စက်ရင် ကျမရဲ့ အိမ်မှာရှိတဲ့ ကျမရဲ့ ရုပ်ကြီးပါ ခံနိုင်ရည်မရှိပဲ သေရပါတော့မယ် ”
စုန်းမ၏ စကားသံကြောင့် မောင်ဖိုးဝေ သတိပြန်ရကာ ဒေါသကို ထိန်းလိုက်ပြီး သူ၏ မိုက်မဲသော အဖြစ်ကို ပြန်မြင်‌ေယာင်လာသည် ၊ ထို့နောက် မောင်ဖိုးဝေသည် စုနး်မကို သနားသွားမိသည် ၊ ဒေါသ အမှောင်ဖုံးက လူသတ်မိတော့မည် အဖြစ်အား အဖိုး ထားလိုက်လို့သာ မသတ်မိလိုက်ချင်းဖြစ်သည်ကို လည်း သတိပြုလိုက်မိသည် ၊ ထို့‌ေနာက် မောင်ဖိုးဝေသည် ကြိုးပိုင်ကို ကြိုးဖြေပေးစေလိုက်ပြီး
“ကဲ စုနး်မ နင်နောက်တခါ ဒီလို မိုက်မဲမှုမျိုး မလုပ်မိစေတော့နဲ့ ကြားလား ”
“ဟုတ် ဟုတ်ကဲ့ပါ ဆရာလေး ”
“ငါ နင့်ပညာတွေ မနုတ်ပါဘူး နင်မှာ ပညာမဲ့သွားရင် နင် တို့ အသိုင်းအဝိုင်းမှာ နင့်အတွက် မကောင်းဘူးဆိုတာ ငါနားလည်ပါတယ် ကဲ နောက်တခါ မမိုက်တော့နဲ့ ကြာသာပတေး သမီးကို ပြုစားထားတဲ့ နင့်ရဲ့ ပညာတွေကို မြူတမှုန်တောင် မကျန်စေနဲ့ ဟဲ့ ကြားလား ”
“ဟုတ် ဟုတ်ကဲ့ပါ”
ဤသို့ ဖြစ် စုန်းကဝေ ပြုစားထားသည့်ကို ထုတ်သည့်ပွဲက အောင်မြင်စွာပြီး ဆုံးသွားပြီဖြစ်သည် ၊ ထို့‌ေနာက် ပတ္တာရွာသူရွာသားများသည်လည်း မောင်ဖိုးဝေအား အံ့ဩချီးမွန်ကုန်သည် ၊ မောင်ဖိုးဝေလည်း လူနာရှင်၏ ဖခင် ပြန်ပို့မည်ပြောသည်ကို လက်မခံပဲ ငကောင်းကံရွာသို့ တ‌ေယာက်တည်း ပြန်လာလိုက်ပါလေတော့သည် ။

*အခန်း-၆

မောင်ဖိုးဝေသည် ပေတ္တာရွာမှ ထွက်လာရာ င‌ေကာင်းကံ ရွားနားသို့ပင် ရောက်လာပြီဖြစ်သည် ၊ သူသည် ဒေါသကို မထိန်းနိုင်ပဲ စုန်းကဝေ၏ ရုပ်ခန္ဓာကြီးပါသေဆံုးနိုင်သည် အထိ သူနှိပ်စက်မိတော့မလို ဖြစ်သွာမိသည် ၊ ထိုသို့ဖြစ်ခဲ့ပါက သူသည် ငါးပါသီလ ချိုးဖောက်မိသွားပြီ အကျင့်အားဖြစ်တော့ သူ၏ အာဏာစက်သည် ရှိ‌ေနဦးမည်ဖြစ်ပြီး ပညာရင့်သန်နေသော ပညာသည်များနှင့် တွေ့က သစ္စာအဓိဋ္ဌာန်တည်က သီလပျက်ဖူးပြီဖြစ်၍ အခက်အခဲဖြစ်နိုင်သည် ၊ ထိုသို့ မဖြစ်အောင် အဖိုးသည် ဟန်တားပေးချင်းဖြစ်သည်ဟုလည်း သူသဘောပေါက်‌လိုက်မိသည် ၊ ထို့‌ေနာက် မောင်ဖိုးဝေသည် တ‌ေယာက်တည်း အတွေးပေါင်းစုံနှင့် လမ်းလျှောက်နေစဉ် သူ၏ ရှေ့မလှမ်းမကမး်မှ အဖြူရောင် အဝတ်အစား နှင့် အဖြူရောင် ခေါင်းပေါင်းကို ဝတ်ဆင်ထားသော အဖိုးသည် လမ်းလျှောက်၍ လာ‌ေနသည် ၊ မောင်ဖိုးဝေသည် ထို အဖိုးကို မြင်သည် နှင့် ဒူးထောက်ထိုင်ချလိုက်ပြီး ကန်တော့လိုက်ကာ လက်အုပ်ချီလို့ နေလေ၏ ၊ အဖိုးသည် မောင်ဖိုးဝေကို ကြည်ကာ
“လူလေးဖိုးဝေ ဒီနေ့ မင်း အပြစ်လုပ်မိပြီဆိုတာ လက်ခံပါသလား ”
“ဟုတ်ကဲ့ အဖိုး ကျုပ် လက်ခံပါတယ် ”
“ကောင်းပြီ အဲ့‌ေတာ့ မင်းကို အပြစ်ပေးရမယ် ”
“အပြစ်ကို ခံယူပါမယ် ”
“လူလေးက ကလေးတယောက်ဆိုတာ မေ့နေဟန်ရှိတယ် ဒီတော့ ဒီနေ့က စပြီး လူလေးဟာ ယောင်ပေစူး ထားရမယ် ပြီးတော့ ပုဆိုးအပိုကို စလွယ်သိုင်းရမယ် နာမည်ကို ဘယ်သူမေးမေး သစ်ခေါင်းပေါက်ဖိုးဝေ လို့သာ ဖြေရမယ် အဖိုး ပြောတာကြားလား လူလေး ”
“ကြားပါတယ် အဖိုး ကျုပ်ကို အပြစ် ညှာညှာတာတာ ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ”
” လူ‌လေးကို တခုတော့ သတိထားစေချင်တယ် စေတလုံးပိုင် ဖြစ်ဖို့ဆိုရင်တော့ လူလေးရဲ့ ဒေါသတွေကို လျှော့ပါ လူလေး”
“ဟုတ်ကဲ့ အဖိုး ကျုပ် သတိထားပါမယ် ”
ထို‌ေနာက် ‌ေမာင်ဖိုးဝေရှေ့တွင် ရပ်နေသော ‌အဖိုးသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်လို့ သွားပါလေတော့သည် ၊ ထိုအခါမှ မောင်ဖိုးဝေသည် မတ်တတ်ရပ်လို့ သူ၏ရွာ ဖြစ်သော ‌ငကောင်းကံ ရွာသို့ ဆက်ပြီးသွားနေပါလေတော့သည် ။

*အခန်း-၇

မောင်ဖိုးဝေ ပြန်ရောက်သည့် အချိန်တွင် မိုးချုပ်နေပြီဖြစ်သည် ၊ သို့ပေမဲ့ သူ၏အဘ ဦးသင်္ခမှာ ပြန်မရောက်လာသေးပေ သူ၏ အဘသွားသော သိမ်တောရွာသည် သူသွားသော ပေတ္တာ ရွာလောက်သာ ငကောင်းကံရွာ နှင့် ဝေးကွာသည် ၊ အမှန်ဆို သူ၏အဘ ဒီအချိန်ဆို ပြန်ရောက်ဖို့သင့်နေပြီ ဖြစ်၏ ၊ သို့ပေမဲ့ အဘဖြစ်သူက ပြမ်မလာသေးပေ ထို့‌ေနာက် မောင်ဖိုးဝေသည် ညနေစာကို ရေနံဆီ မီးခွက်လေးထွန်းကာ ချက်ပြုတ်နေလိုက် ၏၊ ထမင်း နှင့် ဟင်းကျက်သည့်အချိန် ထိ ‌အဘ ဖြစ်သူ ပြန်မလာသော အခါ မောင်ဖိုးဝေ စိတ်ပူ၍ မီးဖိုချောင် ထဲမှ အိမ်အောက်သို့ ဆင်းလိုက်၏ ၊ အိမ်အောက်ရောက်သော အခါ အိမ်ရှေ့တန်းလျားတွင် ငူငူ ငိုင်ငိုင် ထိုင်နေသော အဘဖြစ်သူ ဦးသင်္ခအား လရောင် ဝိုးတဝါးအောက်တွက် တွေ့ရာ မောင်ဖိုးဝေ အနားသွားလိုက်ပြီး
“အဘ ပြန်ရောက်နေတာတောင် ကျုပ်ကို မပြောဘူး ”
“အေးကွယ် အဘ ဒီမှာ ထိုင်နေတာ နည်းနည်း ကြာပြီ ”
“အဘ ဗိုက်ဆာ ပြီးလား ကျုပ်ထမင်းသွားခူးလိုက်ရမလား ”
“မဆာသေးပါဘူးကွယ် လူလေး ဗိုက်ဆာ ရင် စားနှင့်လေ”
“မဆာပါဘူး ”
ထို့နောက် မောင်ဖိုးဝေသည် ဦးသင်္ခ၏ မျက်နှာချင်းဆိုင် တန်းလျားတွင် ထိုင်လိုက်၏ ၊ သူတန်းလျား တွင် ထိုင်ပြီးသည် နှင့် ဦးသင်္ခမှ စကားဆိုလာသည်
“လူလေး ဒီနေ့ မင်းရဲ့ ပွဲ ဦးထွက် အခြေအနေ ဘယ်လို လဲကွ”
“ကောင်း‌ေတာ့ ကောင်းပါတယ် ဒါပေမဲ့ ”
“ဒါပေမဲ့ ဘာဖြစ်လို့လဲကွ ”
“အဘကို မလေးမခန့် လုပ်တဲ့ စုန်းတွေ နဲ့ ပြန်တွေ့တာအဘ အဲ့တာ ကျုပ်ရဲ့ ဒေါသကို မထိန်းနိုင်ပဲ နှိပ်စက် လိုက်မိတယ် အဖိုးက တားလို့သာ တော်သေးတယ် အဲ့တာ အဖိုးက ကျုပ်ကို အပြစ်ပေးထားတယ် ”
“ဟုတ်တယ် လူလေး ဒေါသကိုက ထိန်းရမယ် အဘ ‌လည်း ပြဿနာ တခု တက်ခဲ့တယ် လူလေး ”
“ဘယ်လို ပြဿနာ လဲအဘ ”
“ဒီနေ စုန်းပြုစားတာကို ထုတ်တာ ပညာသည်ရဲ့ ရုပ်ခန္ဓာကိုပါ အသက်ပျောက်အောင် လုပ်လိုက်မိတယ် အဘသီလ ပျက်ပြီ လူလေး ”
“ဗျာ ”
“အ အဘ မရည်ရွယ်ပါဘူး ပညာသည်က ဝ ကလေးမလေးကို ခွေးရူးဖြစ်အောင်လုပ်ထားတာ အဘလည်း အနိမ့် ဆုံးဇော်ဂနီ အဆင့်လောက် ရှိတဲ့ စုန်း ဆိုပြီး အဆင့်တွေ ကျော်ပြီး ကုမိတယ် ပညာသည်က ဝမ်းတွင် ကဝေ ပေါက်စလေးဆို‌ေတာ့ သူရဲ့ ရုပ်ခန္ဓာက မသန်မာ‌ေသးတော့ ဆုံးသွားတယ် ကွယ် အဘ တကယ် စိတ်မကောင်းပါဘူး”
မောင်ဖိုးဝေသည် ‌လရောင် ဝိုးတဝါးအောက်တွင် မှိုင်တွေ‌ေငး နေသော သူ၏ အဘကို ငေးကြည့်ရင်း မည်သည့်စကားပြောရမည်နည်းဟု တွေးနေမိသည် ၊ ပယောဂကုသည့် အလုပ် လုပ်ရသည့်မှာလည်း လွယ်သည်တော့ မဟုတ်ပေ ၊ သရဲ တစ္ဆေပူးက အားနာစရာမလို သူ့ဘဝ နှင့် သူရှိသည်မို့ တော်သေး၏ ၊ တရဲ တစ္ဆေ များမဟုတ်ပါပဲ စုန်းကဝေ အောက်လမး် ပညာသည်ဖြစ်က အတော်ကို လက်ပေါက်ကပ်သည် ၊ ထိုပညာသည်များသည် သီလ မရှိသူများဖြစ်သည့်အလျောက် လုပ်ချင်တာ လုပ်လို့ရပေမဲ့ အထက်လမ်းဆရာများသည်က အတော်ကို သတိထားရသည် သူတို့ကို ခေါ်သွင်းသောအခါ ပညာသည်မျာသည် သူတို့၏ ရုပ်ကို ထားခဲ့ ပြီး နာမ်နှင့် ပြုစားထားသူ၏ ကိုယ်ခန္ဓာထဲ ကိန်းအောင်ရသည် ၊ ထိုအခါ သူတို့အား လက်လွတ်စပယ် နှိက်စက်မိပြန်ရင်လည်း သူတို့၏ မူလရုပ်သွင်ကြီးသည် နှိပ်စက်ဒဏ်ကို မခံစားနိုင်‌ေတာ့ပဲ သွေးအန်ချင်း နှလုံး ကွဲကြေချင်း ဦးနှောက် ကြေမွ ချင်းတို့ ဖြစ်သေဆံုးနိုင်လေရာ အထက်လမး်ဆရာများသည် အတော်ကို အကြပ်ရိုက်သော ကိစ္စဖြစ်သည်၊ ယခု ဦးသင်္ခသည်လည်း သတိမထားမိလိုက်သောကြောင့် ဝမ်းတွင် ကဝေ ပေါက်လေး တ‌ေယာက်ကို သတ်လိုက်မိသည် ၊ ပညာက မြင့်ပေမဲ့ ခုခံနိုင်မှုမှာ နုနည်သေးသော စုန်းပေါက်စလေးသည် သေဆုံးသွားသောကြောင့် ဦးသင်္ခတ‌ေယာက် အတော်ကို မျက်နှာ ပျက်နေသည် ၊ ထို့‌ေနာက် မောင်ဖိုးဝေ နှင့် ဦးသင်္ခသည် မည်သည့်စကားမှ မပြောပဲ တန်းလျား တယောက် တလုံးတွင် ထိုင်လို့ သာငေးနေလေ၏၊ ကောင်းကင်မှ ထွန်းလင်းနေသော လသည် လည်း သူတို့သားအဖ နှစ်ယောက်အား ထိုက်သင့်သည့် အလေင်းရောင်‌ကို ပေးစွမ်းနေပါလေတော့သည် ။

*အခန်း-၈

ပိန္နဲ ၊သရက် ၊မရမး် နှင့် အခြား နှစ်ရှည်သီးပင်စားပင် ကြီးများ များစွာရှိသော အုံ့ဆိုင်းဆိုင်း ခြံကြီးထဲရှိ အိမ်ထဲတွင်ဖြစ်သည် ၊ အိမ်ကြီးသည် ရေနံချေးများ ဝအောင်သုပ်လိမ်းထားသော ပျဉ်ထောင် ပျဉ်ခင်းအိမ်ကြီးဖြစ်ပြီး တိုင်လုံးများသည်လည်း ကြီးမားကာ ရှေးအိမ်ကြီးတအိမ်ဖြစ်သည် ၊ ထိုအိမ်ကြီး၏ အိမ်နောက်ခန်း တွင် အသက် ၁၂ နှစ်အရွယ် ကလေးမလေးတ‌ေယာက်၏ ရုပ်အလောင်းကို ချထားသည် ၊ ထိုရုပ်အလောင်း၏ ဘေးတွင်တော့ အရွယ်စုံလှသော ‌ေယာက်ျားမိန်းမ ဆယ်ငါး‌ယောက် ကျော်မျှရှိသည် ၊ သူတို့၏ မျက်နှာများသည် ခက်ထန်မာကျောနေပြီး ဝမ်းနည်းနေသည့် အရိပ်အယောင်တော့ မတွေ့ရပေ ၊ ထို ယောကျာ်း မိန်းမ များသည် ကလေးမလေး ၏ ရုပ်အလောင်းကို ကြည့်လိုက် ပြီး‌နောက် အိမ်ဦးခန်းတွင် ဝါးပက်လက်ကလားထိုင် တွင် ထိုင်နေသော အသက် ၇၀ကျော် အမယ်အိုကို ကြည့်လိုက်နှင့် ထိုလူအုပ်ထဲမှ လူကြီးတယောက်မှ စကားဆိုလာသည်
“အမေကြီး ကျုပ်တို့ကတော့ ဒီ အထက်လမ်းဆရာကို မကျေနပ်ဘူး ကျုပ်တို့ရဲ့ မေနွဲ့လေး သေရသလို ဒီဆရာကိုလည်းကျုပ်တို့ အသေ သတ်မယ် ”
ကလေးမလေး၏ အလောင်းဘေးမှ ယောကျာ်းကြီးတ‌ေယာက်သည် ထိုသို့ပြောနေပေမဲ့ ပက်လက် ကုလားထိုင်ပေါ်မှ အ‌မယ်အိုသည့် မည့်သည့်စကားမှ ပြန်မပြောပဲ ထိုင်မြဲထိုင်နေလေရာ
“အမေကြီး ဘာဖြစ်နေတာလဲ အထက်လမး် ဆရာကိုကြောက်နေတာလား အမေကြီး ကြောက်ရင် အမေကြီး ဘာမှ မလုပ် နဲ့ ကျုပ်တို့ပဲ အဲ့‌ေကာင်ကို တိုက်ခိုက်မယ် “,
အမယ်အိုသည် ထိုစကားကို ကြားသောအခါ မှိတ်ထားသောမျက်လုံးကို ဖျက်ခနဲ ဖွင့်လိုက်ပြီး ဖနောင့်ကို တချက်စောင့်လိုက်ရ အမယ်အို၏ ကိုယ်ခန္ဓာကြီးသည် လေပေါ် မြောက်တက်တော့မည့်အလား အေပါ်သို့ တည့်မတ်သွားပြီး မတတ်ရပ်လျက်ရှိနေ‌၏ အမယ်အို ၏ ဆံပင်ဖြူဖြူ တို့သည်လည်း လေမတိုက်ပဲ အ‌ေနာက်သို့ ဝဲနေလေရာ ,၊ ကလေးမလေး အလောင်းဘေးတွင် ရှိနေသော ယောက်ျားမိန်းမများသည့် ချက်ချင်း ဒူးထောက် ထိုင်ချလိုက်သလို အမယ်အိုအား စောဒက တက်နေသော လူကြီးသည် အိမ်ကြမ်းပြင်တွင် သူ၏ မျက်နှာကို အပ်ကာ
“အမေကြီး ကျုပ်ကို ခွှင့်လွှတ်ပါ ကျုပ်က မေနွဲ့လေးအတွက် မခံနိုင်လို့ပြောမိတာပါ”
အမယ်အိုသည် မည်သည့်စကားမမှမပြော မျက်လုံးတို့သည်လည်း မဲ နက်လာသလို အိမ်ကြီးတွင် ပိတ်ထားသော တံခါးပေါက်တို့သည် လည်း မင်းတုန်းမ‌ျားကျိုးပျက်ကုန်ကာ ဖွင့် လိုက်ပိတ်လိုက် နှင့် ဝုံးဒိုင်းကျဲနေတော့သည် ၊ ထို့နောက် အချိန် အတန်ကြာ မှ တဖြည်းဖြည်း ငြိမ်သွားကာ

အမယ်အို၏ ဆံပင် များသည် အနောက်သို့ မလွင့်‌ေတာ့သလို မဲနက်နေသော မျက်လုံးတို့သည်လည်း နဂိုတိုင်းပြန်ဖြစ်သွားပြီး တုန်တုန်ယင်ယင် စကားဆိုလာသည်
“မေနွဲ့လေးက ငါ့မြေး ငါမခံစားရပဲနေမလားအေ ပြီးတော့ အထက်လမ်းဆရာဆိုတဲ့ကောင်ကိုလည်း ငါ စိစိညက်ညက် ခြေပြစ်လိုက်ချင်တာ ဒါပေမဲ့ ဒီကောင်ကို ငါတို့ပညာနဲ့ လုပ်လို့ရမယ်ထင်နေလား ”
“ဘာဖြစ်လို့လဲ အမေကြီး ဒီကောင်က ဘယ်လောက်စွမး်လို့လဲ ”
“ဒီကောင်မှာ အစောင့်တွေ ရှိတယ် ဟဲ့ သူ့ကို ဒုက္ခပေးနိုင်ဖို့ နေနေသာသာ ငါတို့ လို ပညာသည်တွေ သူ့ အနားတောင် မကပ်နိုင်ဘူး”
“အဲ့‌ေတာ့ ကျုပ်တို့က လွှတ်ပေးလိုက်ရမှာလား ”
“အဲ့ကိစ္စ ငါကိစ္စပါ နင်တို့က ငါ့ရဲ့ မြေးလေး ကိုယ် ခန္ဓာ ထဲကို ဖုတ်သ‌ွင်းပေးဖို့ လုပ် ကြားလား ”
“ဟုတ်ကဲ့ ”
ဤသို့ဖြစ် ထိုခြံကြီး၏ အိမ်ထဲတွင်တော့ အမှောင်ပညာသည်များစုရံုး‌ေနပြီး မောင်ဖိုးဝေ၏ အဘ ဦးသင်္ခအား ဒုက္ခပေးဖို့ အတွက်ကို ကြံစည်နေကြပါလေတော့သည်။

ဦးဖိုးဝေ နှင့် ငယ်ဘဝ (၃) ဆက်လက်ဖတ်ရှုပါရန်-

မောင်တင်ဆန်း

Leave a Comment