အောက်လမ်းဘိုးထင် နှင့် ကိုယ်ပြုသည့်ကံ

” အောက်လမ်းဘိုးထင် နှင့် ကိုယ်ပြုသည့်ကံ ”
ရေးသားသူ–မောင်တင်ဆန်း
+++++++++++

*အခန်း-၁

ပေပင်ရွာမှဆန်နှင် ငွေများအား လိမ်သွားသော မိန်းမလျာ နတ်ကတော်ကြီးနှစ်ယောက်အား ရှာပုံတော်ခရီးကို ‌ေမာင်ဘိုးထင်တို့ ဖွင့်လိုက်ကြ‌ေတာ့သည် ၊ လှည်းမောင်သူ နှင့် လှည်းပိုင်ရှင်မှာ သာရဖြစ်ပြီး သာရ ဘေးတွင် လှည်းတလှည့်မောင်းမည့်သူမှာ ဖိုးထွေးဖြစ်သည် ကျန်သော သူများမှာ မောင်ဘိုးထင် ၊ ပေတူးနှင့် သာ‌ေအး တို့ဖြစ်ပြီး အားလုံးပေါင်း ငါးယောက်ဖြစ်၏ ၊ သူတို့သည် သာရ၏ လှည်းလေးကို ပေါင်းမိုး တပ်ဆင်ထားကာ ထမင်းအိုး နှင့် သောက်ရေများ အပြင် ဆန်ဆီ ဆား အစုံတင်လာလေရာ အများသူငါထင်က ဘုရားပွဲသွားမည့် လှည်းနှင့်ပင်တူချေ၏ ၊ သို့ပေမဲ့ ဘုရားပွဲသွားမည့်လှည်းမဟုတ် လူလိမ် နှစ်‌ေယာက်အား ဖမ်းမည် လှည်းဖြစ်၏၊ ပေတူးသည် သူတို့၏ လှည်း‌ေလးကို သဘောကြကာ စကားဆိုလေသည်
‘ဟေ့ကောင်ဘိုးထင် ငါတို့ လှည်းလေးကိုကြည့်စမး် ဘုရားပွဲသွားမဲ့ လှည်းနဲ့ မတူဘူးလား”
“အေး မင်ပြောမှ ပဲ သတိထားမိတယ် တူတယ်ကွ ”
မောင်ဘိုးထင် နှင့် ပေတူး စကားပြောနေသည်ကို ကြားနေရသော လှည်းသမား သာရသည် နွားကို တချက်ငေါက်ငမ်းလိုက်ကာ
“ဟေ့ကောင်တွေ အခု ငါတို့က ဘယ်ကို သွားရမှယလဲ ”
“ရေအိုးစင် ရွာကို သွားမယ် လေဗျာ ”
“အေးပြီးတာပဲ ငါကွာ အခုတလော စိတ်ကြည့်တိုနေတာ ဘာဖြစ်နေမှန်းကို မသိဘူး ”
သာရမှနွားကို ကြိမ်နှင့် တို့ရင်း စကားဆိုလိုက်ရာ သာရဘေးမှ ဖိုးထွေးသည်လည်း ခေါင်းကို ညိတ်ကာ
“‌အေးကွ ငါလည်း မင်းလိုပဲ စိတ်တအားတိုနေတယ် ”
အတိုင်ဖောက်ညီနေသော သာရ နှင့် ဖိုးထွေးကိုကြည့်ကာ မောင်ဘိုးထင်သည် လှည်းနောက်မှ စီးရင် စကားဆိုလိုက်လေသည်
“ခင်ဗျားတို့က ရှက်ရမ်းရမ်းနေတာ ဘာတဲ့ မိန်းမလျာကြီး ရဲ့ ဘေးမှာထိုင်ပြီး သားတော်လေး သားတော်လေးနဲ့ဆို ခင်ဗျားတို့ နှစ်‌ေယာက်နဲ့ ကိုမြကြီးကို ရွာကလူတွေက သိပ်ကြည့်တာ မဟုတ်ဘူးတဲ့ နော် ”
“အေးကွာ ငါလည်း အဲ့တာကိုသိတယ် ပြန်တွေးမိရင် ရှက်လိုက်တာကွာ ငါ့မိဘတွေကိုတောင် သား လို့ ပြောတာ မဟုတ်ဘူး ဒီဟာကြီးတွေ နဲ့ကြမှာပဲကွာ တောက် ”
“ထားပါ ဒါနဲ့ ကျုပ်တို့ ရွာက ဆန် နဲ့ ငွေ ဘယ်လောက်ပါသွားတာလဲ ”
“ငါအထင် ငွေက ၂၀၀ ‌လောက်ရယ် ဆန်က ဆယ်တင်း လောက်ဖြစ်မယ် ”
“ဟာ အဲ့လောက်တောင် များတာလား ဗျ ”
“များတာပေါ့ကွာ ဖယောင်းစက် ချပြလိုက်တဲ့ အချိန်မှာ ပြစ်ယုံတော့တာ ဟေ့ ”
“အေးဗျာ ရွာကလူတွေလည်း အခက်သားဗျ နည်းနည်းထူးဆန်းတာလေး လုပ်ပြရင် ပြစ်ယုံတော့တာပဲ ကဲ ကိုသာရရေ လှည်းကို ရေအိုးစင်ကို မောင်ဗျို့ ”
ဤသို့ဖြစ် မောင်ဘိုးထင်တို့ လှည်းလေးသည် ရေအိုးစင်ရွာသို့ တရွေ့ရွေ့ သွားနေပါလေတော့သည် ။

*အခန်း၂

ရေအိုးစင်ရွာသို့ သာရမောင်းသော နွားလှညး်လေးသည် ရွာအဝင်သို့ ရောက်လာပြီဖြစ်သည် ၊ သူတို့၏ လှည်းကလေးကို မြင်သောအခါ အများသူငါသည် ဘုရားပွဲသွားကြမည်သာထင်‌ေနလေသည် ၊ ထို့ကြောင့် လှည်းမောင်းသူ သာရနှင့် သိကျွမ်းသူများသည် နုတ်ဆက်စကားဆို သည့်အခါ တိုင်း ဘုရားပွဲအကြောင်းသာ ပါနေလေ၏
“ဟေ့ ပင်ပင်ရွာက သာရတို့ပါလားဟေ့ ပေါင်းမိုး လှည်းနဲ့ ဆို‌ေတာ့ ဘယ် ဘုရားပွဲ သွားကြမှာလဲ ကွ ”
“မဟုတ်ပါဘူးဗျာ ဒီရွာမှာ စုံးစမ်းစရာရှိလို့ ဗျ ”
“ဟေ့ အစမ်းပါလားဟ ပြောစမ်းပါ ဦး ဘာအကြောင်းလဲ ”
ပေါက်တူးကို ထမ်းထားပြီး လယ်ထဲသွားမည့်ဟန်ရှိသော လူကြီးသည် မောင်ဘိုးထင်တို့ လှည်းဘေးတွင်ရပ်ပြီးစကားဆိုနေချင်ဖြစ်သည် ၊ ထိုအခါ သာရဘေး တွင် ရှိသော ဖိုးထွေးသည် ပေါက်တူး ထမ်းထားသောလူအား စကားဆိုလိုက်သည်
“ဦးလေးလည်း ကြားမပေါ့ ကျုပ်တို့ရွာကို မိန်းမလျာကြီး နှစ်‌ေယာက်လာလိမ်သွားတာလေ အဲ့တာ လိမ်တဲ့ ဆန်တွေကို လှည်းနဲ့ ကျုပ်တို့ ရွာက ကိုမြကြီး လိုက်ပို့တာ ဒီရွာရောက်တော့ သူတို့တိုင်းသူတို့ လှည်းငှားသွားတယ် ဆို‌လို့ ဘယ်သူလှည်း များ ငှားသွားလဲ သိလားဗျ ”
ဖိုးထွေး၏ အမေးကို ပေါက်တူးထမ်းထားသော လူကြီးသည် ခေါင်းကို တဆက်ဆက် ညိတ်ပြီး နားထောင်ကာ
“သိပြီကော သိပြီ နို့အဲ့တာ လူလိမ်တွေလားဟ ”
“ဟုတ်တာပ ဦးလေးရယ် ကျုပ်တို့ ရွာက ဆန်တွေကော ငွေတွေ ကော လိမ်သွားတာဗျို့ ”
“မင်းတို့ ရွာက ကောင်တွေ ငါနဲ့တွေ့တာတောင် မပြောဘူးကွာ”
“ရှက်လို့နေမှာပေါ့ ကျုပ်တို့ တောင် မခံချင်လို့ အဲ့လူလိမ်တွေကို လိုက်ရှာနေတာ ”
“အေးအေး အဲ့တာဆို ငါကြားတာတော့ ရွာပြင်က ဦးကဲ လိုက်ပို့တာ တဲ့ကွ ”
“ဗျာ ”
သာရာ၊ ဖိုးထွေး နှင့် မောင်ဘိုးထင် တို့သုံးယောက် ဗျာတလိုက်ချင်းပါ ပီယဝိဇ္ဇာငကဲ အိမ်ကို သူတို့ မသွားလိုပေ အဘယ်ကြောင့်ဆိုသော လေးခုလပ် ဒေါ်ဝင်း နှင့် ပေးစားမိခဲ့သည် မဟုတ်ပါလား သူတို့ ညားတာ အတော်ကြာပြီ ဖြစ်၍ ပီယဆေးက ပျယ်နေလောက်ပြီဖြစ်သည် ၊ မကြားသော အချိန် မှ သတင်းသိုးသိုးသန့်သန့် ကြာသည်မှာ ပီယဝိဇ္ဇာ ဦးကဲသည် သူတို့သုံးယောက်အား တွေ့ရာ သင်္ချိုင်း ဓားမဆိုင်း လို့ ကြိမ်းမောင်းနေသည် ဆိုသော သတင်းဖြစ်သည် ၊ ယခုတော့ လူလိမ် မိန်းမလျာနှစ်ဦးကို လိုက်ပို့ သူမှာ ပိယဝိဇ္ဇာ ငကဲ ဖြစ်၏ မောင်ဘိုးထင် သာရ နှက့် ဖိုး‌ေထွးတို့ မသွားရဲ၍ တ‌ေယက်ကို ယောက် ကြည့်နေကြသည် ၊ ထို့နောက့် သူတို့ လှည်းဘေးးမှ ပေါက်တူး ထမ်းလာသော လူကြီးကို နုတ်ဆက်ကာ ရွာထဲသို့ လှည်းမောင်း ထွက်လာလေသည် ၊ ရွာလှည်းလမ်းဘေးရှိ မန်းကျည်း ပင်အရိပ် ရောက်သော အခါ သာရသည် လှည်းကို ရပ်တန့်လိုက်ပြီး သာအေး နှင့် ပေတူးကို ကြည့်ကာ
“ဟေ့ကောင် ပေတူး နဲ့ သာအေး မင်းတို့ ရွာပြင်က ဦးကဲ အိမ်သွားကွာ ”
“ခင် ဗျားတို့က မလိုက်ဘူး လား ”
“ငါတို့က ဒီမှာပဲ စောင့်မယ် ”
“ပြီးတာပဲ အဲ့ကို ကျုပ်တို့က ဘာသွားလုပ်ရမှာလဲ ”
“ငါတို့ရွာကို လိမ်သွားတဲ့ မိန်းမလျာကြီးတွေကို ဘယ်ကို ပို့ခဲ့ လဲဆိုတာကို သေချာမေးခဲ့ ကွာ ”
“အင်းအင်း ကဲ လာသာအေး နဲ့ ဘိုးထင် သွားကြရအောင်”
ပေတူးသည် လှည်းပေါ်မှ ခုန်ဆင်းပြီး သာအေး နှင့် ဘိုးထင်ကို ခေါ်လိုက်ရာ သာအေးသည် ခေါင်းကို ညိတ်လိုက်ကာ လှည်းပေါ်က ဆင်းလိုက်ပေမဲ မောင်ဘိုးထင်သည် ခေါင်းကို ခါယမ်းပြီး
“ဟေ့ကောင်တွေ ငါမလိုက်တော့ဘူး မင်းတို့တိုင်းသွားတော့ ”
“အေး ပြီးတာပဲကွာ သွားပြီ ”
သာအေး နှင့် ပေတူးသည် ပြောပြောဆိုဆို ရွာအပြင် သို့ ပြန်လည် ထွက်ခွာသွားနေပါ‌ေလတော့သည်။

*အခန်း-၃

မောင်ဘိုးထင်တို့သည် မန်းကျည်းပင် ရိပ်တွင် လှည်းမှနွားနှစ်‌ေကာင်ကို ဖြုတ်ပြီး လှည်းဒေါက်ခွဖြစ် လှည်းကိုထောက်ကာ ထာပြီး မန်ကျည်းပင်အရိပ်တွင် ထိုင်ကာ သာအေး နှင့် ပေတူးကို စောင့်ဆိုင်းနေလေသည် ၊ မောင်ဘိုးထင်မှ နွားနှစ်ကောင်ကို ကြည့်ပြီး နွားအကြောင်း ပြောနေသော သာရ နှင့် ဖိုးထေွးကို စကားဆိုလေသည်
“ကို ဖိုးထွေး နဲ့ ကိုသာရ အခုချိန် ကျုပ်တို့ ဦးကဲ အိမ်သွားရင် ဘယ်လို ဖြစ်နေမယ် ထင်လဲ ”
မောင်ဘိုးထင်၏ အမေးကို ဖိုးထွေးသည် ခေတ္တ စဉ်းစားလိုက်ပြီး
“ဓားနဲ့ ခုတ်မှာပေါ့ ကွ တို့ကလည်း အတော်ကိုဆိုးတဲ့ ကိစ္စ လုပ်လိုက်မိတာကို ”
“အေးကွာ အဲ့တုန်းက ဘိုးထင်အဘ ဦးအုန်း ပလီပလာ ပြောလို့ တို့က အဟုတ်ထင်ပြီး လုပ်လိုက်မိတာပါကွာ ”
သာရသည်လည်း မောင်ဘိုးထင်ကို မျက်စာပြစ် ပြကာ ဖိုးထွေးအား စကားဆိုလိုက်ချင်းဖြစ်သည် ၊ ထို့‌ေနာက် သူတို့သုံး‌ေယာက် စပ်မိစပ်ရာ စကားများဆိုနေစဉ် သာအေး နှင့် ပေတူး သူတို့ အနား ရောက်လာကြလေသည် ၊ ထို့‌ေနာက် သူတို့အနားထိုင်ကာ
“ဟေ့လူတွေ ခင်ဗျားတို့ သုံးယောက်ပဲ လာခဲ့ပါတဲ့”
“ဟ ဟေ့ကောင် ငါတို့ပါတာ ဘယ်လိုလုပ်သိသွားတာလဲဟ ”
“ဘယ်လို လုပ်သိရမှာလဲ ကျုပ်ပြောလိုက်တာပေါ့ဗျ ”
“ဟကောင် ပေတူးရ ငါတို့ ပါတာ မသိစေချင်လို့ မင်းတို့ကိုလွှတ်တာလေ အခုတော့ ငါတို့ ပါတယ်ဆိုတာ ပြောဖြစ်အောင်ပြောသေးတယ် ”
“မေးတာကိုဗျာ မင်းတို့ နှစ်‌ေယာက်တည်းလားတဲ့ အဲ့တော့ မဟုတ်ဘူးလို့ ဖြေတာပေါ့ ဘယ်သူ ပါသေးလဲဆိုတော့ ခင်ဗျားတို့ ပါတယ် လို့ ဖြေတာလေ ကျုပ် ဘာမှားလဲ ”
“တောက် ပေတူး မင်းက‌ေတာ့ကွာ နည်းနည်း လေးလိမ်လိုက်လို့ မရဘူးလားကွာ ”
“ရမလား ကိုဖိုးထွေးရ လိမ်တာ မကောင်းဘူးလို့ ရွာဦး ကျောင်းဘုန်းကြီး က ပြောထားတယ် ”
“အခုမှများ အတော် သိတက်နေတယ် ခွီးတယ်မှ ပဲကွာ ”
“ဦးကဲက ခင်ဗျားတို့မလာရင် သူ လာမှာတဲ့‌ေ နာ် သွားလိုက်ကြ ဦး ”
“အေးပါ ကွာ အေးပါ သွားလိုက်ပါမယ် ဟေ့ကောင် ဘိုးထင် နဲ့ သာရ ငါတို့တော့ သေပြီလား မသိပါဘူးကွာ ”
ထို့‌ေနာက် သူတို့ သုံးဦးသည် သာအေး နှင့် ပေတူးတို့ အား။လှည်း အနားချန်ခဲ့ကာ ရွာအပြင် ဦးကဲ အိမ်သို့ သွာလိုက်ကြပါလေတော့သည်။

*အခန်း-၄

မောင်ဘိုးထင်တို့ ‌သုံးယောက် ပိယဝိဇ္ဇာ ဦးကဲ ၏ ခြံပေါက်ဝသို့ ရောက်နေပြီဖြစ်သည် ၊ ခြံ ထဲသို့ ဝင်မည်အချိန် သူအရင် ဝင် ငါအရင်ဝင် နှင့် ဖြစ်နေလေသည် ၊ သူတို့၏ စိတ်ထဲတွင် တော့ အရင်ဝင်တဲ့ ကောင်၏ အခြေအနေကို ကြည့်မည် ဖြစ်ပြီး အခြေနေ မကောင်းက ပြေးမည်ဟုသော အကြံအစည် ရှိထားသူများဖြစ်သည် ၊ သူတို့ သုံးယောက် ငြင်းခုံစကား‌ေပြာနေစဉ် ဦးကဲ ၏ အသံ ကြီးက ပေါ်လလေ၏ ၊ ယခု ဦးကဲ၏ အသံသည် မိုးချုန်းသံ တခုအလား လန့်စရာ ကောင်းနေသည် ဟု သူတိူ့ ထင်လိုက်မိသည်
“ဟေ့ကောင်တွေ ဝင်ခဲ့လေ ဘာဖြစ်နေတာ လဲ ”
ဦးကဲ၏ အသံကြားမှ မောင်ဘိုးထင်တို့ ကုပ်ချောင်းချောင်း နှင့် ဝင်လာခဲ့လေသည် ၊ အိမ်ရှေ့စားပွဲတွင်‌ေတာ့ ဦးကဲ‌တယောက် နုတ်ခမ်းမွှေးစစလည်း မရှိတော့ပါ ပြီးနောက် ဆေးတံနေရာတွင် ဆေးပေါလိပ်ကို သာခဲနေပြီး ခေါင်းပေါင်းသည်လည်း ရှိမနေပြန် ၊ ဦးကဲသည် မောင်ဘိုးထင်တိုအား စူးရဲစွာ ကြည့်ကာ
“အော် ကိုယ်တော်ချောတွေ မတွေ့ရတာတောင် ကြာပါပေါ့လား။မင်းတို့က တော့ သာယာနေတယ် ငါကြ‌တော့ တောက် မင်းတို့ကို လုံးဝ ”
“ကိုကဲ ကလေးတွေကို ဘာတွေလျှောက်ပြောနေတာလဲ ”
“ကျေနပ်တယ် လို ပြောမလို့ပါ အဝင်းရယ် ဟေ့ကောင်တွေ ထိုင်ထိုင် ”
ဦးကဲ၏ မျက်နှာသည် ရုတ်ချည်ပြောင်းလဲသွားပေ၏ ၊ ဒေါ်ဝင်း၏ အာဏာစက်သည်က ဦးကဲ အပေါ်အတော် သက်ရောက် မှုရှိသည် ၊ မကြာသော အချိန်တွင် ဗလ တောင်‌ေတညင် ဒေါ်ဝင်းမှာ ရေနွေးလင်ပန်းကို သယ်လာပြီး မောင်ဘိုးထင်တို့ နှင့် ဦးကဲကြားရှိ‌ စာပွဲ ခုံပေါ်တင် လိုက်ကာ
“နင်တို့ ပါတယ် ဆိုလို့ ငါက ကျေးဇူးဆပ် ချင်လို့ ခေါ်လိုက်တာ ပါဟယ် ”
“ဟုတ်လား တော်သေးတာ ပေါ့ ”
မောင်ဘိုးထင်သည် ဒေါ်ဝင်း၏ ရေနွေးလင်ပန်း ထဲမှ အမြည်းကို လက်လှမ်းလိုက်ရင်း ဦးကဲကို ငဲ့စောင်းကြည့်လိုက်မိသည် ၊ ဦးကဲသည်ဘသူ၏ မိန်းမ ဒေါ်ဝင်းကို မလွန်ဆန် နိုင်လို့သာ ငြိမ်နေရသည် ‌ေမာင်ဘိုးထင်တို့ကို ကျေနပ်ပုံမပေါ်ပေ ၊ ထို့နောက် မောင်ဘိုးထင်သည် ဦးကဲကို ကြည့်ကာ
“ဆရာကြီး ”
“ဘာတုနး်”
“ဆရာကြီးက မိန်းမလျာကြီး နှစ်‌ေယာက်ကို လှည်နဲ့ လိုက်ပို့ပေးလိုက်တာဆို သူတိုကို ဘယ်ပို့လိုက်တာ လဲဗျ”
“ငါတိုင်းငါ ဘယ် ပို့ပို့ မင်းတို့ နဲ့ ဘာဆိုင် ”
“ကိုကဲ နော် ဘယ်လိုတွေ ပြောနေတာလဲ ”
ဒေါ်ဝင်းသည် ဦးကဲကို ကြည့်ကာ သူမ၏ အင်္ကျီလက်မောင်းကို ပင့်တင့် လိုက်ရာ
“အေးအေး ပါကွာ မင်းတို့က ဘာလို့ သိချင်တာလဲ ”
“ကျုပ်တို့ရွာက ဆန်နဲ့ ငွေ တွေ လိမ်သွားလို့ပါ အဲ့တာ သူတိူ့‌ေ နာက်လိုက်နေတာ ”
“ရက်တွေ‌ေတာင် ကြာနေပြီ မင်းတို့ ဘယ်လိုလုပ် မှီမှာ လဲ ”
“ကျုပ်တို့ အထင် တခြားရွာတွေကို လည်း လိမ်မယ် လို့ ထင်နေတာဗျ အဲ့တာကြောင့် သိရင် ပြောပြပါဦး ဆရာကြီးရာ ”
ဦးကဲ ခေတ္တ တွေးလိုက်သည် ၊ ယခုကောင်လေးများသည် လူမှုရေးစိတ်တော့ အပြည့်ရှိသားဟုလည်း စိတ်ထဲ၌ ကြိတ်ချီးကျုးလိုက်မိသည် ထို့‌ေနာက် ဆေးပေါ်လိပ်ကို အားရပါးရ ဖွာရှိုက်ကာ
“အင်း မင်းတို့ လိုက်သွား ချင်သပဆို လိုက်သွားကွာ ငါပို့လိုက်တာကတော့ သဖန်းပို ရွာကိုပဲကွ ”
“သဖန်းပိုရွာ ဟုတ်လား ”
“အေး အတော်ကို လှမ်း‌တယ် ကောင်လေးတွေရ အခု ချိန် မနားမနေသွားရင်‌ေတာင် မနက် ဝေလီဝေလင်းလောက်မှ ရောက်မယ်ထင်တယ် သွားတဲ့ လမ်းကလည်း ရွာဆက်က ပြတ်လိုက်တာ ပြောမနေပါနဲ့ကွာ ”
“ဘယ် ဘက်က နေသွားရတာ လဲ ဆရာကြီး ”
“တို့ရွာ ထိပ်က လမ်းအတိုင်းသာ မောင်းသွား ငါတို့ အနားက ရွာတွေကို ကျော်ရင် ဘာရွာမှာ မရှိတော့ဘူး ချိုတွေ မြောင်တွေ တော့ ဖြတ်ရတယ် လမ်းကတော့ အကြမ်းကြီးရယ် လို့လည်းမဟုတ်ပါဘူး ”
“အေးဗျာ အဲ့တာ ဆို ကျုပ်တို့လိုက်သွားလိုက်ဦးမယ် ရွာနာမည်က ဘာတဲ့ ဆရာကြီး”
“သဖန်းပိုး ရွာကွ”
မောင်ဘိုးထင်တို့ သုံး‌ေယာက်လည်း ‌ဦးကဲ၏ မိန်းမ ဒေါ်ဝင်း၏ ဧည့်ခံသော ရေနွေးကြမ်း နှင့် အမြည်းများကို စားသောက်ပြီး ဦးကဲ နှင့် ဒေါ်ဝင်းကို နုတ်ဆက်လို့ သဖန်းပိုရွာသို့သွားမည့် ခရီးစဉ်အား စလိုက်ကြပါလေတော့သည် ။

*အခန်း-၅

မောင်ဘိုးထင်တို့သည် ရေအိုးစင်ရွာမှ ထွက်ပီ့းရွာစဉ် တလျှောက် လှည်းကိုမောင်းလာရာ တောတက်သော လမး်သို့ ပင်ရောက်လာပြီ ဖြစ်သည် ၊ တဖြည်းဖြည်း နှင့် နေဝင်ရီ‌တရော အချိန်သို့ ရောက်ရှိလာချိန် သူတို့ ၏ လှည်းဘေး တွင် တောကြက် တချို့ ဖြတ်ဖြတ် ပြေးသွားရာ ‌ေမာင်ဘိုးထင်တို့ စိတ်ကြိုက် ဖြစ်နေလေသည် ၊ တချို့ လမ်းများသည် သူတို့၏ ပေါင်းမိုး လှည်းများဖြစ် မလွတ်၍ တချို့သစ်ပင် ကိုင်းများကို ခုတ်လိုက်ကြရသည် ၊ ဤသို့ ခရီးဆက်လာရာ မိုးအတော် ချုပ် ချိန် တွင်‌ေတာ့ မောင်ဘိုးထင်တို့ လှည်းကို ခဏ ရပ်ကာ သာရမှ စကားဆိုလာသည်
“‌ဖိူထွေး ငါတို့ ခရီးဆက် လို့ဖြစ်ပါ့မလား မိုးအတော်ချုပ်လာပြီ ”
“နားလို့ကလည်း မရဘူးကွ ငါတို့ ဘယ်လို လုပ်ကြမလဲ ”
ထို့အချိန် မောင်ဘိုးထင်သည် စောင်ထုပ်ကြီးထဲမှ မိးအိမ်ကိုထုတ်လိုက်ပြီး လှည်း‌ေပါ်ရှိ တောင်းထဲ တွင်ရှိသော ရေနံဆီ မီးခွက်ကို ရေနံဆီ ထည့်ပြီး မီးအိမ်ထဲ ထည့်ကာ မီးထွန်းလိုက်ပြီး လှည်းဆောင်ပန်း နားရှိ ရံတိုင် တွင် ချိတ်လိုက်သည် ထို့နောက် မောင်ဘိုးထင်မှ စကားဆိုလိုက်သည်
“ကဲ ညလည်း ခရီးဆက်ကြစို့ဗျာ ”
“နေဦးဟ ထမင်းလေး ဘာလေး ချက်စားကြ‌ရအောင် ဒီ မှာ ကျုပ် တောကြက် နှစ်‌ေကာင် ရထားတယ် ”
ပေတူးသည် တောကြက်သေ နှစ်ကောင်ကို ပြကာ စကားဆိုလေသည် ထိုအခါ ဖိုးထွေးသည်
“ထမင်းချက်လို့တော့ အဆင်မေပြဘူးဟ ကြက်ပဲ ကင်စားကြရအောင် ”
“အေ အဲ့တာ လည်း အဆင်ပြေတာပဲ ”
ထို့‌ေနာက် မောင်ဘိုးထင်တို့သည် နောက်ထပ် ရေနံဆီ မီးခွက် နှင့် မီးအိမ် ကို ယူကာ လှည်းနားလို့ အဆင်ပြေ မဲ့ နေရာကို ရှာကြည့်လိုက်ရာ ထန်းပင်ကို မြိုနေသော ညောင်ပင် ကြီး၏ အောက်တွင် လှည်းကို ဖြုတ်လို့ ခဏနားလိုက်ပြီး ကြက်ကင်ဖို့ အတွက် ပြင်ဆင် လိုက်ကြပါလေတော့သည် ။

*အခန်း၆

ထန်ပင်ကို မြိုထားသော ညောင်ပင်ကြီး၏ အရိပ်အောက်တွင် ‌ရေနံဆီမီးခွက် အလင်းရောင်လေး ထိန်လင်းနေပေသည် ၊ ထိုမီးရောင်အောက် တွင် လူငယ်လေးငါးယောက် မီးဖို ဘေးတွင် ဝိုင်းဖွဲ့ ထိုင်ပြီး ကင်ထားသော ကြက်ကင်ကို ကျက်အောင် စောင့်နေကြသည် ၊ ထိုကြက်ကင်ကို လှည့်ပေးပြီး အသားလေးကို ဖဲ့ကာ စားနေသူမှာ မောင်ဘိုးထင်ဖြစ်၏ ‌၊ ‌မောင်ဘိုးထင် ကြက်ကင်ကို မြည်းနေသည်ကို မကြည်သော သူသည် ရှိသေး၏ ထိုသူမှာ သာအေးဖြစ်သည် သာအေးသည် မောင်ဘိုးထင်ကို ကြည့်ကာ
“အမှီးကျက် အမှီးစား ခေါင်းကျက် ခေါင်းစားတဲ့ ကောင်တွေက သီးသန့်ကို ရှိတာ ”
မောင်ဘိုးထင်သည် ကြက်ကင်ကို ဖဲ့နေရင်း ထိုသို့သော စကားကို ပြောလာသော သာအေးအား ငဲ့စောင်းကြည့်လိုက်လေသည် ၊ ထို့‌ေနာက် ကြက်ကင်ကို ဖြုတ်လိုက်ကာ
“ကဲ ကဲ ငတ်နေတဲ့ လူတွေ စားလို့ရပြီ မြန်မြန်စား ပြီးရင် ခရီးဆကိရဦးမယ် ”
မောင်ဘိုးထင်၏ စကားကြောင့် ကျန်သော သူများသည် ‌ေမာင်ဘိုးထင်ကို တချက် ကြည့်လိုက်ကာ ကြက်ကင်အား ဝိုင်းဖွဲ့ ၍ စားကြပါလေတော့သည်။
ထို့‌ေနညက် လှည်းကို ပြန်‌ေကာက်လိုက်ပြီး သဖန်းပိုးရွာသို့ ခရီး ဆက်လိုက်ကြလေတော့သည် ။

*အခန်း-၇

သာရသည် လှည်းကို မောင်းနေသည် လမ်းဘေးတွင် ရေအိုင်းလေးတွေ့ရ၍ ဖိုးထွေး နှင့် အတူ လှည်းကို ဖြုတ်ကာ နွားများကို ရေတိုက် လိုက်ပြီး ခဏ အနားပေးကာ ခရီးဆက်ပြန်လေသည် ၊ အချိန်သည်က ညည့်သန်းခေါင် ရောက်နေပြီမို့ ကလေးသာသာ မောင်ဘိုးထင်တို့သည် လှည်းနောက်တွင် အိပ်ပျော် နေပြီဖြစ်သည် သာရ နှင့် ဖိုးထွေးသာ လှည်းကို တလှည့် ဆီမောင်းလိုက် မီးအိမ်ကို ရေနံ ဆီ ဖြည့်လိုက် နှင့် ခရီး ဆက်လာကြသည် ၊ ဤသို့ နှင့် ဖိုးထွေး လှည်းမောင်းသည် အချိန် သို့ရောက်လာ၏ ၊ ထိုအချိန် သူ၏ လ‌ှည်းရှေ့တည့်တည့်တွင် ခါးကုန်းကုန်း နှင့် လူကြီး တယောက် သူ၏ လှည်းရှေ့တွင် ရပ်တန့်နေရာ နွားများ လန့် ၍ နှာများမှုတ်နေကြသည်အိပ်ပျော်နေသော သာရ နိုးလာပြီး နွားကြိုးကို တောင့် ထားသော ဖိုးထွေးအား
“ဖိုးထွေး ဘာဖြစ်တာ လဲ ဟ ”
“‌ငါတို့ ‌လှည်းရှေ့မှာ လူတ‌ေယာက် ရပ်နေလို့”
“ဟာ ဒီ အချိန် ကြီးကွာ ”
သာရသည် ပြောပြောဆိုဆို လှည်းပါ်မှ ဆင်းလိုက်ပြီး ရံတိုင်တွင် ချိတ်ထားသော မီးအိမ်ကို ဖြုတ်ကာ လှည်းရှေ့သွားလိုက်သည် လှည်းရှေ့ရောက်သောအခါ သာရ၏ မီးတိုင်အောက်တွင် ခါးကုန်းနေပြီး နီကျင်သော အသားအရည် ရှိသော လူကြီးတယောက်အားတွေ့ လိုက်ရသည် ထိုလူကြီးသည် သာရကို မြင်သော အခါ
“ငါ့ တူကြီး ဦးကြီးတို့ကို ကယ်ပါဦး ”
“နေပါဦး ဦးကြီးက ဘာဖြစ်လို့ လဲဗျ ”
“ဦးကြီးဗိုက်ဆာနေလို့ပါ ငါတူကြီးမကယ်ရင် ဦးကြီး ”
“ဟေ့ကို သာရ ဘာဖြစ်တာလဲဗျ ”
သာရသည် ရုတ်တရက်ပေါ်လာသော မောင်ဘိုးထင်၏ စကားအား ပြန်ဖြေရန် လှည်း ဘက် လှည့် လိုက်ပြီး
“မသိပါဘူးကွာ ဒီမှာ ခါးကုန်းး ဟ ဘယ်ရောက် သွားတာလဲကွာ ‘
“လာလာ ကိုသာ ရ တောထဲ တောင်ထဲ တောခြောက်တာ နေမှာ ”
“ဟုတ်တယ် သာရ ငါအမြင်မှားတာနေမယ် ”
သာရ မကျေမနပ် သူနှင့် စကားပြောသော ခါးကုန်းကုန်းလူကြီးအား မီးအိမ်လေး နှင့် လိုက်ရှာ ကြည့်နေလေရာ မတွေ့သော အခါမှ လှည်းပေါ်ပြန်တက်လိုက်ပြီး
“ဖိုးထွေး မင်းအမြင်မှားတာ မဟုတ်ဘူးကွ တကယ်ကို ခါးကုန်းကုန်း နဲ့ လူကြီး လှည်းရှေ့ရပ်နေတာ ဘိုးထင် စကားသံကြားမှ ဘယ်ပြေးသွားလဲ မသိပါဘူးကွာ ”
“ထားလိုက်တော့ဗျာ လာသွားကြရအောင်ဗျာ ”
“အေးအေး ”
ထို့‌ေနာက် သာရသည် နွားလှည်းကိုပြန်ပြီး ‌ေမာင်းလိုက် လေသည် ၊ ဤသို့နှင့် စကားတပြောပြော နှင့် နွားလှည်းမောင်းလာရာ အာရုံတက်ချိန်တွင် သင်္ချိုင်းတခုကို တွေ့ရလေသည် ၊ ထိုသင်္ချိုင်းကို ဖြတ်ကျော်ပြီး သွားလိုက်ရာ ရွာလေးတရွာသို့ ရောက်လာပြီဖြစ်သည် ၊ ရွာလေးသို့ ရောက်ချိန် လင်းကြက်မများးတွန်နေပြီး တချို့ အိမ်များသည် မီးခွက်အလင်းရောင် ရနေပြီဖြစ်သလို တချို့သော အိမ်များသည် ကျွဲနွားများကို ငေါက်ငမ်းနေသည့် အသံမ‌ျားကြားရသည် ၊ မောင်ဘိုးထင်တို့ သည်လည်း ရွာဝင်ဝင်ချင်း အိမ်ဝိုင်း တဝိုင်းရှေ့သို့ လှည်းကို ရပ်လိုက်ကာ ရေနံဆီမီးခွက် အလင်းရောင်လေး နှင့် အိုးသံခွက်သံများ ကြားရသော အိမ်လေးအား အိမ်ဝိုင်းပေါက်ဝမှ နေပြီး ဖိုးထွေးမှ လှမ်းအော်လိုက်လေသည်
“ဗျို့ အိမ်ရှင်တို့ ”
“ဟေ့ မနက်စောစော စီးစီး ဘယ်သူလဲ ဟ ”
“ကျုပ်တို့ ဧည့်သည်တွေပါဗျ ”
“ဟေ ဟုတ်လား အဲ့တာဆို ဝင်ခဲ့ဟေ မ မဲ့ ကောင်တွေ လား ချမဲ့ ကောင်တွေလား ကြည့်ကြတာပေါ့”
“အိမ်ထဲမှ လူကြီးအသံ ဆုံးသည် နှင့် ‌ေမာင်ဘိုးထင်တို့သည်လှည်းအား အိမ်ဝိုင်းထဲ မောင်းဝင်လိုက်လေသည် ၊ ထို့‌ေနာက် လှည်းကို ဖြုတ်ပြီး နွားနှစ်ကောင့်ကို လှည်းရံတိုင်တွင်း ချည်ထားလိုက်ပြီး မီးအိမ်‌ေလးကိုဆွဲကာ အိမ်လေးပေါ်သို့ တက်လိုက်သည် ၊ အိမ်လေးပေါ်ရောက်သော အခါ သစ်သားစားပွဲ ဝိုင်းလေးတွင် မနက်စာ စားနေသော လူကြီး မှ အိမ်ပေါ် ရောက်လာသော မောင်ဘိုးထင်တို့ ငါးယောက်ကို တလှည့်ဆီကြည့်ကာ
“ဧည့်သည် ဆို လို့ လူကြီးတွေ မှတ်နေတာ ကောင်လေးတွေပဲ ကဲ ဆိုစမ်း ပါဦး ဘာကိစ္စလဲ ”
“ပြီးခဲ တဲ့ ရက်ပိုင်းလောက်က ဒီရွာကို ဆန်တွေ တင်ပြီး ရောက်လာတဲ့ မိန်းမလျာကြီး နှစ်ယောက် လာသေးတယ်ဆို လို့လိုက်လာတာ “,
“နေစမး်ပါ ဦး မင်းတို့နဲ့ အဲ့ မိန်းမလျာ ကြီးတွေနဲ့ က ဘယ်လို ပတ်သက် လို့လဲ ကောင်လေးရ ”
“ပတ်သက် ရန်ကော ဦးကြီးရယ် သူတို့ သယ်လာတဲ့ ဆန်တွေက ကျုပ်တို့ရွာက ဆန်တွေဗျ ပြီးတော့ ငွေ နှစ်ရာ လည်း အလိမ် ခံ ရသေးတယ် ”
“ကဲ အဲ့တာဆိုရင် ‌ေတာ့ မိုးလင်းရင် မင်းတို့ ရွာသူကြီးအိမ်သွားပြီး မင်းတို့ ရွာက ဆန်နဲ့ ငွေတွေ ပြန်ယူချေတော့”
“ဗျာ ဘယ်လို ”
မောင်ဘိုးထင်တို့ အံဩနေကြလေသည် ၊ သူတို့ အံ့သြနေသည်ကို သိသော အိမ်ရှင်လူကြီးသည် ထမင်းစားပြီးသွား၍ လက်ဆေး ဇလုံထဲကို လက်နှိက်‌ေးဆလိုက်ကာ
“ငါတို့ ရွာကို မင်းတို့ ရွာလိုထင်ပြီး လိမ်မလို့လာတာလေ ခက်တာက ငါတို့ ရွာက တကယ် နတ်ဝင်သည်တွေလေ ပြီးတော့ ငါတို့ရွာက နတ်ဝင်သည်ဆိုပြီး လိမ်တဲ့သူတွေကို အတော်မုန်းတာကွ ရေအိုးစင်က ပီယဝိဇ္ဇာ ငကဲ က အမြင်ကပ်ပြီး တို့ရွာကို ပို့လိုက်တာ ထင်တယ် ကွ ”
ပီယ ဝိဇ္ဇဦးကဲ သည် ထိုလူလိမ် မိန်းမလျာကြီး နှစ်ယောက်အား လူလိမ်မှန်း သိသော‌ေကြာင့် ယခု နတ်ဝင်သည် များ အမှန်တကယ် ရှိသော ရွာကို ပို့ လိုက်ဟန်ရှိသည် ၊ ထို့‌ေနာက် အိမ်ရှင်လူကြီးသည် ‌ေမာင်ဘိုးထင်တို့ကို ကြည့်ကာ
“ကဲ ကောင်လေးတွေ နည်းနည်း အိပ်ရင် အိပ်လိုက်ကြဦး မင်းတို့ ကြည့် ရတာ ပင်ပန်း လာပုံပဲ ကဲ ငါက‌ေတာ့ ထယ်ထိုးသွားလိုက်ဦးမယ် ဟေ့ ”
“နေပါဦး ဦးကြီး ရွာလူကြီး အိမ်ကို ကျုပ်တို့ မှ မသိပဲ ”
“မပူနဲ့ မင်းတို့ နိုးတာနဲ့ ရွာလူကြီးက မင်းတို့ကို လာခေါ်ဖို့ လူ လွှတ်ခေါ်လိမ့်မယ် ”
“ဗျာ ”
အိမ်ရှင်ကြီးသည် မောင်ဘိုးထင်တို့ ကို နုတ်ဆက်ကာ အိမ်အောက်သို့ ဆင်းသွားပြီး နွားတင်းကုတ်မှာ သူ၏ နွားများ အား ဆွဲကာ အိမ်း‌ဝိုင်း အပြင်သို့ ထွက် သွား‌ေလသည် ။
မောင်ဘိုးထင်တို့သည်လည်း အိမ်ပေါ်တွင် ထိုင်နေပြီး ကြောင်ငေးနေကြသည် ၊ သူတိုယူလာသော မီးအိမ် နှင့် အိမ်ပေါ်တွင် ရှိသော ရေနံဆီ မီးခွက်တို့မှာ အလင်းရောင်သည် ကောင်စွာ ရနေ၍ အိမ်ပေါ်တွင် ရှင်းနေစွာ မြင်နေရပေသည် ၊ မောင်ဘိူးထင်တို့ သည် သူတို့ ရောက်ရှိနေသော အိမ်အား ဟိုကြည့် ဒီကြည့် နှင့် တဖြည်းဖြည်း အိပ်ချင်လာကာ ထိုအိမ်ပေါ်တွင် ဖြစ်သလို အိပ်လိုက်ကြပါလေတော့သည်

*အခန်း-၈

နေရောင်သည် ကောင်းမွန်စွာ ရနေပြီ ဖြစ်သည် မောင်ဘိုးထင်တို့သည်လည်း အိပ်ရာမှ နိုးလာကြသည် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ငုတ်တုတ် ထိုင်လိုက်သည် နှင့် ၊ သူတို့အား ထိုင်၍ စောင့်နေဟန်ရှိသော မိန်းမပျိုလေး။နှစ်ယောက်သည် ချက်ချင်စကားဆိုလာလေသည် ။
“ဧည့်သည်တွေ ရွာသူကြီးက အခေါ်လွှတ်လိုက်လို့ ကျမ တို့‌ေနာက်လိုက်ခဲ့ပါ ”
“ဗျာ ဟုတ် ဟုတ်ကဲ့ ”
‌ဖိုးထွေး နှင့် သာရသည် ပုဆိုများကို ကမန်းကတန်း ပြင်ဝတ်နေကြသည် ၊ ထို့နောက် မောင်ဘိုးထင်နားကို တိုးကား တိုးတိုး နှင့် စကားဆိုလေသည်
“ဟေ့ကောင်တွေ ပုဆိုးတွေ ဘာတွေများ လည်ပင်းသိုင်းနေတဲ့ သူရှိလားဟ ရှိရင်တော့ အရှက်ကွဲပါပြီ ကွာ ”
“မရှိလောက်ပါဘူး ဗျာ ဒါပေမဲ့ ခင်ဗျားတို့က တ‌‌ေယာက် ကို တ‌ေယာာက် ဖက်ထားပြီး ပြုံးပြုံး ကြီးတွေ နဲ့ အိပ်နေတာ ကျုပ်က အရင်နိုးတော့ ခင်းဗျားတို့ ပုံစံကို မြင်ရတာ ”
“ဟာကွာ သွားပါ ပြီ အရှက်တော့ကွဲပြီ”
ထို့‌ေနာက် သူတို့ အနားတွင် ရှိနေသော မိန်းမပျိုလေး နှစ်‌ေယာက် သည် သူတို့အား ခေါ်ကာ ရှေ့မှ ဦးဆောင်သွားလေသည်၊ များမကြာသော အချိန် တွင် နှစ်ဆောင်ပြိုင် အိမ်ကြီး တလုံးရှေ့သို့ ရောက်သော အခါ မောင်ဘိုးထင်တို့ များစွာ အံ့ဩရကုန်သည် ၊ သူတို့ ပေပင်ရွာတွင်း‌ေတာင် မရှိသော နှစ်ဆောင်ပြိုင် အိမ်ကြီးမှာ ဟီးထ နေသည်။ အိမ်ကြီးရှေ့တွင် တော့ ကျွန်းသားဖြစ် ပြုလုပ်ထားသော စားပွဲ တန်းလျား ကြီး တစုံ ချထားပြီး ထို စားပွဲတန်းလျာ တွင် မိန်းမပျိုလေး တယောက် ထိုင်နေလေသည် ၊ မိန်းမပျိုလေးသည် ချောမောလှပလွန်းကာ နန်းတွင် သူတ‌ေယာက် ဝတ်ထားသည် ပုံစံမျိုး ဝတ်ဆင်ထားရာ မောင်ဘိုးထင်တို့သည် ဇတ်မင်းသမီးလို ထင်နေမိသည် ၊ ‌ေမာင်ဘိုးထင်တို့ အားလာခေါ်သော မိန်းမပျိုလေးနှစ်‌ေယာက်သည် စာပွဲ တန်းလျား နှင့် မလှမ်းမကမ်း တွင် ရပ်လိုက်သည့်အတွက် မောင်ဘိုးထင်တို့ပါ ရပ်လိုက်ရသည် ၊ ထို့နောက် စားပွဲတန်းလျာစတွင် ထိုင်နေသော မိန်းမချောလေးသည် ‌‌ေမာင်ဘိုးထင်းတို့အား လက်ယက်ခေါ်ကာ
“ဧည့်သည်တွေဒီမှာ ထိုင်ကြပါရှင့် ”
“ဟုတ်ကဲ ဟုတ်ကဲ့ ”
မောင်ဘိုးထင် သာအေး နှင့် ပေတူးသည် မိန်းမပျို လေး၏ မျက်နှာ ချင်းတိုင်တွင် ဝင်ထိုင်လိုက်ရာ နေရာ မရှိတော့သော သာရ နှင့် ဖိုးထွေးမှာ မက်တတ်ရပ်နေရသည် ၊ ထိုအခါ မိန်းမပျိုလေးသည် သူ၏ အနားတွင် လာထိုင်ဖို့ပြောလိုက်ရာ ဖိုးထွေး နှင့် သာရသည် မိန်းမပျိုလေး၏ တဖက် တချက် တွင်ဝင်ထိုင်လိုက်ကာ ပြုံးဖြီးဖြီး နှင့် ပီတိဖြစ်နေကြကုန်သည် ။ထို့‌‌ေနာင် မိန်းမပျိုလေးသည် စကားဆိုလေ၏
“ဧည့်သည် တို့ ဘာကိစ္စကြောင့် ရွာကို ရောက်လာတာလဲ”
မိန်းမပျိုလေး မှ မေးသော အခါ ဖိုးထွေးသည် သူနှင့် အနီးကပ်ရှိသော မိန်းမပျိုးလေးအား ကြည့်ကာ
“အင်းပြောရရင် တော့ အရှည်ကြီးမို့ ရွာသူကြီး လာမှ ပြောပါရစေ‌”
“ရွာသူကြ‌ီးက ကျမ ပါရှင့် ”
“ဗျာ ဇတ် ဇတ်မင်းသမီး မဟုတ်ဘူးလား ”
“မဟုတ်ပါ ဘူး ဒီ သဖန်းပိုး ရွာက ရွာသူကြီး နတ်ဝင်သည် စပါယ်ဖြူပါ”
မိန်းမပျိုးလေးမှ ထိုသို့သော စကားကို ပြောလိုက်သည့်အခါ မောင်ဘိုးထင်တို့ မျာစွာ အံဩကုန်ကြသည် ထို့‌ေနာက် မောင်ဘိုးထင်သည် သဖန်းပိုးရွာသူကြီး စပါယ်ဖြူအား ကြည့်ကာ
“ဒီလို့ပါ ကျုပ်တို့ရွာကနေ နတ်ကတော် ဆိုပြီး လိမ်သွားတဲ့ မိန်းမလျာကြီး နှစ်‌ေယာက် ဒီ ရွာကို လာတယ် ဆိုလို့ လိုက်လာတာပါ ”
“အော် သိပြီးသိပြီ ပီယဝိဇ္ဇာငကဲ လာပို့တဲ့ မိန်းမလျာ ကြီး နှစ်ယောက်လား ”
“ဟုတ်ပါတယ် ဗျ “။
“တိုက် တိုက် ဆိုင်ဆိုင်ပဲ အမတို့က ဒီနေ့ အဲ့လူနှစ်ယောက်ကိုစီရင်ချက်ချမှာ ”
“ဟုတ်လား ပလိပ်တွေ ဘာတွေကို အပ်မှာ လားဗျ”
သာအေးမှ ဝင်ပြောလိုက်သောအခါ စပါယ်ဖြူသည် ပြုံးရယ်ကာ ဖြစ်
“အမတို့ ရွာရဲ့ အာဏာက အမဆီမှာပဲ ရှိတယ် အမရွာရဲ ့ ဥပဒေက ရှင်းတယ် ယောကျာ်း နဲ့ မိန်းမ ရန်ဖြစ်ရင် လက်မပါနဲ့ လက်ပါရင် ယောကျာ်းက တချက်ရိုက်ရင် မိန်းမက နှစ်ချက်ပြန်ရိုက်ရမယ် မိန်းမက နှစ်ချက် အရင် ရိုက်ရင် ယောက်ျားက တချက် ပြန် ရိုက်ရမယ် ”
“မိန်းမက တချက်ပဲ ရိုက်ရင်ကော ‌ေယာကျာ်းက တဝက်ပဲ ပြန်ရိုက်ရမှာလားဗျာ ”
ပေတူး၏ အမေးကို ကျန်သူများတား ချိန်မရလိုက်ပေ ထိုအခါ စပါယ်ဖြူသည် တချက်ရယ်မော လိုက်ပြီး
“‌လင်မယားကိစ္စတွေက လာတိုင်မှပါ တချက် ပဲ ရိုက်ရင်တော့ တချက်တော့ ပြန်ရိုက် ခိုင်းရမှာပေါ့ ပြီးတော့ လူသတ်ရင် သေဒဏ် လက်တချောင်းဆို အတွက်ဆို လက်တချောင်း အစားပြန်ပေးရမယ် ပြီးတော့ ခိုးရင် လက်ဖြတ်မယ် လိမ်လို့ လူမိရင် လျှာဖြတ်တယ် ‘
မောင်ဘိုးထင်တို့ နားထောင်ရင်းကို ကျောထဲ စိမ့်လာလေသည်၊ ထို့‌ေနာက် ‌ေမာင်ဘိုးထင်သည် မရဲတရဲ နှင့် စပါယ်ဖြူအား မေးလိုက်ပြန်၏
“အဲ့ဒါတို မိန်းမလျာကြီးတွေကို လျှာဖြတ်မှာပေါ့ ”
“မဟုတ်ဘူး ခေါင်းဖြတ်မှာ ”
“ဗျာ သူတို့က လိမ်တာ လေ ”
“ငါတို့ နတ်ဝင်သည်တွေကို ခုတုံး လုပ်ပြီး လိမ်တဲ့ သူတွေကို ငါတို့က လျှာဖြတ်ရုံနဲ့ ကျေနပ်မယ် ထင်လား ”
မောင်ဘိုးထင် မည်သည့်စကားမှ ထပ်မပြောရဲတော့ပေ သူနည်းတူ ကျန်သူများလည်း မည်သည့်စကားမှ မပြောရဲပဲ ရှိနေသည် ထိုချိန် ရေနွေးကြမ်းလင်ပန်းကို လာပို့သော လူငယ် လေးတယောက်သည် စပါယ်ဖြူကို ဦးညွှတ် လိုက်ပြီး
“သူကြီး ရေနွေးကြမ်းပွဲရောက်ပါပြီ ဓားပိုင်က မေး‌ေနပါတယ် နတ်ဝင်သည် အတု တွေရဲ့ ဦး‌ေခါင်းကို ဘယ်အချိန် ဖြတ်ရမှာလဲ မေး‌ေနပါတယ်”
“နေရောင် ကွယ်ရင် ရွာသားတွေကို စုပြီးထား ပြီးရင် စီရင်ချက်ချမယ် ပြီး‌ေတာ့ ဘဏ္ဍာထိန်းကို ပြောလိုက်ပါ ငါ့အိမ်မှာ လူလိမ် နတ်ဝင်သည်တွေ လိမ်ထားတဲ့ ဆန်နဲ့ငွေတွေရဲ့ပိုင်ရှင်တွေ ရောက်နေတယ်လို့ သူပါတဲ့ ပစ္စည်း အကုန် ပြင်ဆင်ထားပြီး ရွာအဝင်က မိတ္တ အိမ်ရပ်ထားတဲ့ ဧည့်သည်တွေ လှည်းပေါ်တင်ပေးထားလိုက်ပါလို့ ”
“ဟုတ်ကဲ့ပါ သူကြီး”
“ဒါနဲ့ အချုပ်ပိုင်ကို ရာဇဝတ်သားတွေ ကိုခေါ်ပြီး ငါ့အိမ်လာခဲ့ဖို့ပြောပေးပါ ဒီက ဧည့်သည်တွေကို သိလားလို့ မေးချင်လို့ ”
“ဟုတ်ကဲ့ပါသူကြီး”
လူငယ်‌ေလးသည် စပါယ်ဖြူအား ဦးညွှတ်ကာ ပြန်ထွက်သွားလေသည် ထို့‌ေနာက် စပါယ်ဖြူသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ ပြုံးပြလိုက်ပြီး
“ညနေ မင်းတို့ ရွာကို လိမ်သွားတဲ့ နတ်ဝင်သည် အတုတွေကို ခေါင်းဖြတ် စီရင်မှာ ကြည့်သွားဦးမလား”
“မ မကြည့်တော့ပါဘူး ခရီးကဝေးတယ် ဆိုတော့ ပြန်ရမှာ နောက်ကျမှာဆိုးလို့ပါ ”
“အင်း သဘောပါ အပြန်လမ်းတော့သတိထား အမတို့ ဆီလာတဲ့လမ်း မှာ လူသားစား ခါးကုန်းလေးတွေရှိတယ် သူတို့က အမတို့ ဆီ အလာဆို သိပ်ပြ‌ီး ဒုက္ခ မပေးရဲဘူး အပြန်ဆိုရင်တော့ အမတို့လည်း မပြောတက်ဘူး ဒီထိအောင် ရောက်အောင်လာနိုင်တယ်ဆိုတော့ မင်းတို့ထဲက တယောက်‌ေယာက်က မခေပါဘူး သတိတော့ထားပေါ့”
စပါယ်ဖြူ၏ စကားကြားသောအခါ အားလံုး၏ စိတ်ထဲတွင် ထိတ်လန့် နေလေသည် ၊သူတို့မည်သည့်စကား မှ မပြောပဲ အတွေးကိုယ်စီ ဝင်နေချိန် လက်ပြန်ကြိုးတုပ်ထားသော မိန်းမလျာ နှစ်ယောက်အား သန်မာ ထွားကြိုင်းသော လူကြီး နှစ်ယောက်မှ ခေါ်လာသည် ၊ ထိုလူကြီးနှသ်ယောက်သည် စပါယ်ဖြူကို ဦးညွှတ်လိုက်ကာ
“သူကြီး ရာဇဝတ်သားတွေကို ခေါ်လာပါပြီ ”


“အေးအေး ”
ထို့‌ေနာက် နန်းတွင်းသူလို ဝတ်ဆင်ထားသော စပါယ်ဖြူသည် ထိုင်ရမှ ထလိုက်ရာ ဖိုးထွေးသည် တန်းလျားပေါ်တက်၍ စပါယ်ဖြူအားလမ်းပေးလိုက်သည် ၊ စပါယ်ဖြူသည် ဖိုးထွေးအား ပြုံးပြလိုက်ပြီး မိန်းမလျာကြီး နှစ်ယောက်အနားသွားကာ သူမ၏ လက်နှင့် မိန်းမလျာကြီး နှစ်‌ေယာက်၏ မျက်နှာ အား ပွက်သပ်နေ၏၊ ထိုသို့ မျက်နှာအား ပွက်သပ်ခံနေရာသော မိန်းမလျာကြီးတို့၏ မျက်ဝန်းတွင် ထိတ်လန့် တုန်လှုပ်နေသည်၊ စပါယ်ဖြူ၏ လက်တို့သည် မိန်းမလျာကြီးကို ပွက်သပ်နေရင်းမှ လက်သည်းများ ရှည်ထွက်လာကာ ဓားတချောင်းပမာ ဖြစ်လာပြီး မိန်းမလျာကြီးတို့၏ မျက်နှာတွင် သွေးများ စို့လာသော အစင်းကြောင်းများ ဖြစ်‌ေပါ်ကုန်တော့သည် ၊ စပါယ်ဖြူသည် မောင်ဘိုးထင်တို့ဘက်ကို လက်ညှိုးထိုးပြကာ
“လူလိမ်တွေ ကြည့်စမ်း အဲ့ကလေးတွေကို သိလား နင်တို့ ညာရင် အခုတဘဝတင် မဟုတ်ဘူးနော် ဘဝ ဆက်တိုင်း ငါနှိပ်စက်မှာနော် ”
“သိ သိပါတယ် အဲ့ကောင်လေးတွေက ပေပင်ရွာကပါ ကျမ တို့လိမ်လာတဲ့ ရွာကပါ ”
“အော်အေး အဲ့လိုမှပေါ့ အဲ့တာဆို နင့် တဘဝပဲ ငါသတ်မှာပါ ကဲ အချုပ်ပိုင် ပြန်ခေါ်သွားတော့ ”
“ဟုတ်ကဲ့ သူကြီး”
ထို့နောက် စပါယ်ဖြူသည် မောင်ဘိုထင်တို့ဘက်လှည့်ကာ
“မင်းတို့က ‌ေတာ်‌ေတာ် သတ္တိကောင်းတာပဲ ပီယဝိဇ္ဇာကလည်း ပေါ့ပေါ့ သေးသေးတွေကို အမတို့ ရွာဘယ်လွှတ်မလဲ မင်းတို့က တကယ် အလိမ်ခံရတဲ့ ရွာက လူတွေ‌ဆိုတော့ ပြန်လို့ရပြီ ကဲ သုဝေ နဲ့ သုမေ နင်တို့ ဒီကောင်လေးတွေကို ပြန်လိုက်ပို့လိုက်စမ်း”
“ဟုတ်ကဲ့ သူကြီး ”
ဤသို့ဖြစ် မောင်ဘိုးထင်တို့သည်လည်း သဖန်းပိုး ရွာသူကြီး စပါယ်ဖြူကို နုတ်ဆက်ကာ သူတို့၏ လှည်းလေးရှိရာအိမ်သို့ ပြန်ပြီး ပေပင်ရွာသို့ ပြန်ရန် နှစ်ဆောင်ပြိုင်အိမ်ကြီးအား ကျောခိုင်းကာ သုဝေ နှင့် သုမေဟု အမည်ရသော မိန်းမပျိုလေး နှစ်ယောက်၏ နောက်မှ လိုက်ပါသွားလေတော့သည်။

ပြီးပါပြီ။
မောင်တင်ဆန်း

Leave a Comment