ဦးဖိုးဝေ နှင့် စေတလုံးပိုင် ခရီး

” ဦးဖိုးဝေ နှင့် စေတလုံးပိုင် ခရီး ”
ရေးသားသူ–မောင်တင်ဆန်း
+++++++++++

*အခန်း-၁

ဦးဖိုးဝေ နှင့် သူရိယသည် ရွာစဉ်တလျှောက် လမ်းလျှောက်လာရာ နေအတန်သင့် ပူသော အချိန်တွင် တောကျသော ရွာလေး တရွာသို့ရောက်လာသည် ၊ ထို့နောက် ထိုရွာလေးထဲတွင် ထမင်းရောင်းသည့် နေရာ စုံစမ်းမေးမြန်းရာ ရောင်းသူ မရှိပေ သို့ပေမဲ့ ရွာထဲရှိအိမ်တလုံးမှ အလှူ လုပ်နေသည့်နှင့် ကြုံကြိုက်သောကြောင့် ဦးဖိုးဝေတို့အား ခေါ်၍ ထမင်း ကျွေးလေသည် အလှူရှင်မိသားစုသည် အတော်ကို သဘောကောင်းသူများဖြစ်ကြ၏ နေပူ‌ေနသောကြောင့် နေအေးမှ ခရီးဆက်ရန် တတွက်တွက် ပြောနေလေရာ ဦးဖိုးဝေ နှင့် သူရိယသည်လည်း ရေနွေးလင်ပန်း နှင့် အိမ်ပေါ်တွင် ဧည့်သည် လုပ်နေကြသည် ၊ အိမ်ပေါ်တွင် ဧည့်များရှင်းနေသည်မို့ သူရိယသည် ဦးဖိုးဝေကို ကြည်ကာ
“အဘ လမး်မှာ ပြောထားတဲ့ ဆရာတော်ဆီ ရောက်တော့ ဘာဆက်ဖြစ်တယ် ဆိုတာ ပြောမယ်ဆို ”
“အေးပါ လူလေးရယ် ပြောပါမယ် ”
ထို့နောက် ဦးဖိုးဝေသည် ရေနွေးကြမ်း တခွက်ကို သောက်လိုက်ပြီး သူရိယကို ကြည့်ကာ သူငယ်စဥ်ကအ‌ေကြာင်းများကို နောက်ထပ် ပြောပြလိုက်ပါ‌ေလတော့သည်။

*အခန်း-၂

မောင်ဖိုးဝေသည် သူ၏ မျက်လုံးများမှ ဝင်းဝါသော အလင်းရောင်ကို ကြည့်နိုင် မစွမး်၍ မျက်လုံးကို မှိတ်ပြီး ဆရာတော် နောက် လိုက်လာခဲ့သည် ၊ ရင်ထဲတွင် သိမ့်ခနဲ တချက်ဖြစ်သွားပြီးနောက် ဆရာတော်၏ စကားသံကပေါ်လာသည်
“ကဲ မောင်ဖိုးဝေ မျက်လုံးဖွင့်လို့ရပြီ ”
“တင်ပါ့”
မောင်ဖိုးဝေ မျက်လုံးဖွင့်လိုက်သောအခါ သစ်ပင်များအုံ့ဆိုင်းနေသည် တောထဲ ရောက်နေသည် ၊ ထို့နောက် သက်ကယ်မိုး ထရံကာ ကျောင်းသင်္ခန်း လေး နှစ်လုံး ရှိနေပြီး ဝါးထရံကာ ဝါးကြမ်းခင်း နှင့် ဖြစ်၏၊ ဆရာတော်သည် မောင်ဖိုးဝေအား တပါးကျောင်း သင်္ခန်းလေးအား ညွှန့်ပြကာ
“ဒကာလေးက ဟိုက ကျောင်းမှာနေရမယ် ဘုန်းကြီးကတော့ ဒီကျောင်းမှာနေတယ် မနက် အာရုံတက်တာနဲ့ ဆွမ်းခံရမယ် အခုချိန်က စပြီး ပုဆိုးကို စလွယ်သိုင်းစရာမလိုတော့ဘူး”
“ဖြစ်ပါ့မလားဆရာတော် တပည်တော်ကို အဖိုးက အပြစ်ပြောနေပါဦးမယ် ”
“‌‌ဒကာ‌ေလးရဲ့ အဖိုးကို ဘုန်းကြီး ‌မိန့်ပြီးပါပြီ ကဲ ဒီနေ့ကစပြီး ‌ဘုန်းကြီးပေးတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံရမယ် ဒကာလေး ဖြစ်ချင်တဲ့ စေတလုံးပိုင်ဖြစ်ဖို့ ခရီးက အခုစပြီ ”
“တင်ပ တပည်တော် ကြိုးစား ကျင့်ကြံပါမယ် ဘုရား ”
“ကဲ ကဲ ဒီနေ့တော့ ‌ဒကာလေး နားလိုက်ဦး ‌ဒကာလေးအတွက် သင့်တင့်တဲ့ အဝတ်အစားတွေ ဘုန်းကြီး ရှာပေးထားတယ် ဘုနး်ကြီးလည်း တရားရှုမှတ်လိုက်ဦးမယ် ”
ဆရာတော်သည် မောင်ဖိုးဝေအား မှာကြားစရာ များရှိသည်ကို မှာကြားပြီး သစ်တောအုပ်ထဲ ကြွချီသွား၏ ၊မောင်ဖိုးဝေသည် သူနေရမည် တ‌ပါးကျောင်းသေးသေး လေးထဲကို မသွားသေးပဲ ကျောင်းလေး ဝန်းကျင်ကို လိုက်ကြည့်‌လိုက်ရာ တောင်ထိပ် တခုဖြစ်နေမှန်းသိရပြီး ၊ တောင်အောက်ဆင်းရန် အတွက် အတော် မက်စောင့်သော လမ်းလေးတခုသာ တွေ့လလိုက်ရပါလေတော့သည် ။

*အခန်း-၃

နံနက် အာရုံတက်ချိန်တွင် သပိတ်ပိုက်ပြီး သင်္ကန်းကို ကျနစွာရုံထား‌ေသာ ဘုန်းတော်ကြီးတပါးနှင့် အတူ ဘုန်းတော်ကြီး၏ နောက်တွင် ဘုန်းကြီးကျောင်းသားလေး တ‌ယောက် ဆွမ်းဟင်းချိုင့် အဖြူရောင်ကို ဆွဲကာ တောင်ပေါ်မှာဆင်းလာလေသည်၊ သူတို့ တောင်ခြေကို ရောက်သောအခါ နေ၏ အလင်းရောင် ကောင်းစွာ ရနေပြီဖြစ်သည် ၊ အတန်ကြာ လမ်း လျှောက်သောအခါ တောင်ယာ‌တဲလေးများမှ ဆွမ်းလောင်းလှူကြသည် ၊ ဘုန်းတော်ကြီး၏ သပိတ်ထဲသို့ ဆွမ်း‌များလောင်းလှူပြီး ကျောင်းသားလေး၏ ဆွမ်းဟင်း ချိုင့်ထဲ သို့ ဆွမ်း ဟင်းများ လောင်းလှူ‌ေလသည် ၊ ဆွမ်းဟင်းများထဲမှ အသားအချို့ ပါသောအခါ ဆရာတော်သည် လှူတန်းသူအား မေးမြန်းလေသည်
“ဒကာမကြီး ”
“ဘုရား ”
“ဒကာမကြီး လှူတဲ့ အသား ဆွမ်းဟင်းက ဘယ်လို ရလာပါလဲ ”
“တပည်တော် တို့ထံကို လာရောင်းတာပါဘုရား တပည်တော် မတို့ မိသားစု စားဖို့ဝယ်ရင်း အရှင်ဘုရားကို လောင်းလှူချင်းပါ ”
“သာဓု သာဓု သာဓု ”
ထို့နောက် ဆရာတော်အား ဆွမ်း ဒကာမကြီး ဦးချ ကန်တော့ပြီးချိန် ဆရာတော်သည် နောက်ထပ် ဆွပ်း ရပ်ရန် ကြွ ချီသွားလေ၏ ဆရာတော် ၏ နောက်တွင် မောင်ကျောင်းသားလေးသည် ဆွမ်းချိုင့်ကို ဆွဲ ရင်း လိုက်ပါသွားလေ၏ ၊ ထိုမောင်ကျောင်းသားလေး မှာ မောင်ဖိုးဝေ ဖြစ်သည် ၊ မောင်ဖိုးဝေသည် ဆရာတော် နှင့် ဆွမ်း ခံလိုက်ရင်း ဆရာတော်အား အတော်တော့ အံ့ဩမိသည် ၊ ဆရာတော်သည် သက်သက်လွတ် စားသူမဟုတ် အသားငါးများကိုလည်း ဒကာ ဒကာမ များ‌ေလာင်းလှူရင် လက်ခံသည် ၊ ဆရာတော်သည် အသားလောင်းလှူသော အခါ သူ့အတွက် လှူဖို့ သတ်ဖြတ်သော အသားများကို တော့ အလှူမခံပေ ဒကာ ဒကာမများသည်လည်း အမြဲဆွမ်းခံသော ဆရာတော် အကြောင်းကို သိထားသူများဖြစ်တာကြောင့် အကြောင်းသင့်၍ ရသော အသားဟင်းများကို သာ လောင်းလှူကြသည် ၊ ထိုနောက် ဆရာတော်သည် သပိတ် တလုံး ဆွမ်း ပြည့်‌ေသာအခါ သပိတ်အဖုံးကို ဖုံးလိုက်ပြီး တောင်ပေါ်သို့ ပြန်ကြွရာ မောင်ဖိုးဝေသည်လည်း ဆရာတော်အနောက်မှ‌ေန လိုက်၍သွားပါလေတော့သည် ။

*အခန်း-၄

ဆရာတော်သည် ကျောင်းပြန်ရောက်သောအခါ သင်္ကန်းရုံထားသည်ကို ဖြည်လိုက်ပြီး သင်္ကန်းရမ်းလိုက်ရင်း မောင်ဖိုးဝေအား စကားဆိုလေသည် ၊
“ဒကာလေး မောင်ဖိုးဝေ”
“ဘုရား ”
“ဘုန်းကြီး သပိတ်ထဲက ဆွမ်းကို ‌‌ဒကာလေး ကုန်သ၍ ခွဲထားပါ ”
“မသင့်ပါဘူး ဘုရား ဆရာတော် မဘုန်းရသေးပဲ တပည်တော် မခွဲ ဝံ့ပါဘူး ”
“အော် အဲ့တာတွေခက်တာပဲ ဘုန်းကြီး ဝတ်တယ်ဆိုတာ ကီလေသာ တဏှာကို ကင်းအောင် ကြိုးစားဖို့ ဆိုပြီး ဝတ်ကြတာ ဘာမှ မဟုတ်တဲ့ စားဦးစားဖျားဆိုတဲ့ အတ္တကို ရှေတန်း တင်မှတော့ ဘယ်က တရားထူးက ရနိုင်မလဲ ကဲကဲ ခွဲ သာ ခွဲထားလိုက်ပါ ဆွမ်းစားပြီး ရင် ဒကာလေးကို ကျင့်ကြံနည်းပေးမယ်”
“တင်ပ ဘုရား တပည်တော် လိုက်နာပါ့မယ် ”
ထို့နောက် မောင်ဖိုးဝေသည် ဆရာတော် ပြောသည် အတိုင်း ဆွမ်း များကို သူ၏ ကျောင်းထဲ ရှိ ပန်းကန်လုံးထဲ ခွဲထည့်ထားလိုက်သည် ၊ ထို့နောက် ဆရာတော် အား ဆွမး် ဘုနး်ပေးရန်ပြင်ဆင် ပေးပြီးနောက် သူပါ ထမင်းစားလိုက်ပါလေတော့သည် ။

*အခန်း-၅

ဆရာတော်သည် သစ်ပင်အရိပ်အောက်တွင် တပလ္လင်ခွေ ထိုင်ပြီး သီးတင်းသုံးနေသည် ၊ မောင်ဖိုးဝေသည်က ဆရာတော်၏ ရှေ့တွင် ငုတ်တုတ်ထိုင်ပြီး လက်အုပ်ချီထားသည် ထို့‌ေနာက် မောင်ဖိုးဝေသည် ဆရာတော်အား မေးခွန်း တချို့ တင်လျှောက်လေသည်။
“ဆရာတော်ဘုရား တပည်တော် မသိတာလေးတွေ မေး‌ေလျှာက်ပါရစေ ”
“မေးပါ ဒကာလေး ”
“တပည်တော်တို့ အခုရောက်နေတဲ့ နေရာက ဘယ်ဒေသ ဘယ်နေရာလဲ ဆိုတာ မိန့်လို့ရမလား ဘုရား”
“ရပါတယ် ဒီတောနာမည်က မဟာမြိုင်တော လို့ခေါ်တယ် ”
“မဟာမြိုင်တော ဆိုတော့ ဟို တပည်တော်အဘ ပြောဖူးတဲ့ ဝိဇ္ဇာ ဇော်ဂျီ တပဿီတွေ နေတဲ့ နေရာလား ဘုးရား ”
“အဲ့တာတော့ ဘုန်းကြီး လည်း မသိဘူး ဒီတော့က လူ့ဘုံက တောကြီးပါ တောကကြီးတယ်ဆိုတော့ တခြား ထူးခြားတဲ့ ပုဂ္ဂိုလ် တွေ ရှိနိုင်ပါတယ် တပဿီ ဆိုတဲ့ ကိလေသာတွေ နည်းပါးအောင် အကျင့် ကျင့် တဲ့ သူတွေ ရှိနိုင်တာပေါ့ အင်း ဘုန်းကြီးဆီလည်း တခါလေ တချို့ ပုဂ္ဂုလ်တွေလာပါတယ် သူတို့က ဘယ်လို ပုဂ္ဂိုလ်တွေဆိုတာ ဘုန်းကြီးနဲ့ မဆိုင်တာ မို့ မေးမနေပါဘူး ဘုန်းကြီးတို့ ရဲ့ အလုပ်ဖြစ်တဲ့ တရာ အားထုတ်တာ ပဲ လုပ်ဖြစ်ပါတယ် ”
“မှန်ပါ့ ဘုရား”
“ကဲ ဒကာလေး ဘုန်းကြီး တခုမေးမယ် ”
“တင်ပါ့ဘုရား မိန့်‌ေတာ်မူပါဘုရား”
“သံသရာက လွတ်ကြောင်းကို အားထုတ်မလား ဒကာလေး ဖြစ်ချင်တဲ့ စေတလုံးပိုင် ဖြစ်ဖို့ ကျင့်ကြံမလား ဆရာတော်ကတော့ သံသရာက လွှတ်ကြောင်းကို ကျင့်ကြံနေပါတယ် လောကီအတက်တွေလည်း တက်မြောက်ထားတယ်ဆို‌ေတာ့ ဒကာလေးကို လမ်းညွှန့်နိုင်ပါတယ် ဘုန်းကြီးကိုယ်တိုင်က တော့ သံသရာက လွတ်ကြောင်းကို ပဲ ကျင့်ကြံနေတယ် ဘုန်းကြီးက လမ်းပဲ ညွှန်ပေးမှာဆို‌တော့ ဒကာလေး ကြိုက်တဲ့ လမ်းကို ရွေးချယ်ပါ”
မောင်ဖိုးဝေသည် ဆရာတော် မိန့်တော်မူသည့် စကားများကို လေးနက်စွာနားထောင်ပြီး တွေးတောနေ၏၊ ငယ်ငယ်ကတည်းက ထိုက်သင့်သော ကျင့်ကြံမှုများကြောင့် မောင်ဖိုးဝေသည် အရွယ်ငယ်သောလည်း စဉ်းစားတွေးတော နိုင်မှုက သာမာန်လူထက် ပိုနေပြီဖြစ်သည် ၊ သံသရာမှ လွတ်ကြောင်းတရာသည် ကိုယ့်အတွက် အကောင်းဆုံးဆိုတာ သိပေမဲ့ သံသရာ ဝဲဂယက် မှ ရုန်းမထွက်နိုင်သေးသော လူသားတွေ အတွက် ကောင်းကျိုး ပြုပေးနိုင်သည် လောကီ ပညာကို သာ မောင်ဖိုးဝေ ရွေးမည်ဟု စိတ်ပိုင်း ဖြတ်လိုက်ကာ
“သံသရာမှ လွတ်မြောက်ကြောင်း တရားက မြတ်စွာဘုရားရဲ့ အဆုံးမ ဖြစ်တဲ့ အတွက် အနိုင်းမဲ့ ဆိုတာ တပည်တော် နားလည်ပါတယ်ဘုရား သို့ပေမဲ့လည်း လောကီ လူသားတွေကို ကောင်းကျိုးပြု နိုင်မဲ့ လောကီ ပညာသင်ချင်ပါတယ် ဘုရား ”
“ဒကာလေးရဲ့ ဆုံးဖြတ်ချက် အတိုင်းပါပဲ ဒီကို‌ေရာက်‌‌ေနတော့ ဒကာလေးစိတ်ထဲ ဘယ်လို ဖြစ်နေလဲဆိုတာ ပြောပြစမ်းပါဦး”
“တင်ပ ဘုရား တပည်တော် တွေးနေတာဘုရား ဒီကို ရောက်လာတော့ တပည်တော် ရဲ့ စုန်းမ တွေ အပေါ်ထားတဲ့ ဒေါသ ကင်းသွားသလိုပဲ ဘုရား ”
“အသဝေါ တရား မကုန်ခမ်း သ‌၍ ဒေါသက မကင်းနိုင်ပါဘူး ဘုန်းကြီးတောင် လောဘ ဒေါသ မောဟ ကင်းကြောင်းတရားကို ကြိုးစားနေတုန်းပါ ဘယ်လောက် လောကီ ပညာတွေမှ ဝိဇ္ဇဓိုရ် ဖြစ်နေပါစေ နိဗ္ဗာရောက်ကြောင်း တရားအားထုတ်နိုင် ဖို့ ဆိုတာ အတော်ကို မလွယ်တဲ့ ကိစ္စပါ ”
“မှန်ပ ဘုရား တပည်တော် မှတ်သားထားပါမယ် ”
“ကဲ အဲ့တာဆို ဘုန်းကြီး ပြောတာ မှတ်ထားကွဲ့ ”
“တင်ပါ့ဘုရား ”
“သမထ အမျိုးလေးဆယ်ထဲမှာ ဒကာလေး နဲ့ သင်တော်မယ် ထင်တဲ့ သမထ ကျင့်စဉ်ကို ပေးမယ် အဲ့ ကျင့်စဉ်က မခက်ခဲပါဘူး သမာဓိ ကိုတည်အောင် ကျင့်ရမဲ့ အကျင့်ပါ ပဲ ”
“တင်ပ ဘုရား ”
“သင့်တင့်တဲ့ နေရာမှာ တပလ္လင်ခွေထိုင်ပါ လက်နှစ်ဖက်ကို ထပ်ထားပြီး လက်မချင်းထိထားရမယ် နောက်ပြီး စိတ်ကို နှာသီးဝ ဒါမှဟုတ် ဒကာလေး မှတ်လို့ လွယ်မဲ့ နေရာမှာထားပါ ဥပမာ ဝမ်းဗိုက်မှာ ထားလည်း ရပါတယ် ပြီးတော့ နှာသီးဝ မှာ အသက်ရှူလို့ ဝင်လာတဲ့လေကို ဝင်လေ အသက်ရှူပြီး ပြန်ထုတ်လိုက်တဲ့ လေကို ထွက်လေ လို့ မှတ်ရမယ် ၊ နှာသီး ဝ မှာ သမာဓိ မတည်နိုင်ခဲ့ရင် ဝမ်းဗိုက်မှာ တည်ပါ နှာသီးဝ က ရှုသွင်းတဲ့ အခါ ဝမ်းဗိုက်က ဖောင်းလာရင် ဖောင်းတယ် နှားသီးဝ ကနေ လေကို ရှုပြီး ပြန်ထုတ်လိုက်တဲ့ အချိန် ဝမ်းဗိုက်က ပိန်သွားရင် ပိန်တယ်လို့ မှတ်ပါ ဒကာလေးစိတ်ရဲ့ အားသာချက်မှာ သမာဓိ တည်ပါ ‌ဘုနး်ကြီးပြောတဲ့ အရာတွေက ဒကာလေးအတွက် မခဲယဉ်းပါဘူး”
“မှန်ပ တပည်တော် ကြိုးစားကျင့်ကြံပါ့မယ် ဘုရား”
ဆရာ‌ေတာ်သည် ထို့မျှသာ မိန့်တော်မူပြီး မျက်လုံးကို မှိတ်လို့ တရားကျင့်ကြံနေရာ မောင်ဖိုးဝေလည်း ဆရာတော်အား ဦးချ ကန်တော့ပြီး သူကျင့်ကြံမည့်နေရာအားလိုက်ရှာလိုက်သည် ၊ မကြာသော အချိန်တွင် တောင်အစွနး် ရှိ အင်ကြင်းပင်ကြီးအောက် ကျောက်ဖျာကြီးပေါ်တွင် ဆရာတော်စွန့်သော နေကထိုင် ကိုခင်း၍ စတင်ပြီး သမာဓိတည်နေလိုက်ပါလေတော့သည် ။

*အခန်း-၆

မောင်ဖိုးဝေသည် ဝင်လေထွက်လေးကို နှာသီးဝတွင် တည်ပြီးမှတ်လိုက်၏ အကျင့်မဖြစ်သေး၍လားမသိပေ အသက်ရှူလို့ အဆင်မပြေ ဖြစ်လာ၍ ဝမ်းဗိုက်တွင် အမှတ်ကို ပြုလိုက်မှ အဆင်ပြေသွားသည် ၊ သူသမာဓိ ထူနေရင်း ငှက်ကလေးများ အော်သံကြားသောအခါ ထိုငှက်များ မည်သို့ပြုမူနေမလဲဆိုတာ ကို စိတ်က ရောက်သွား၍ အမှတ်သည် ဝမ်းဗိုက်တွင် မထားနိုင်တော့ပေ၊ ထို့‌ေနညက် သတိကို ကပ်လို့ ဝမ်းဗိုက်တွင် ဖောင်းတယ် ပိန်တယ် သမာဓိ ဆက်ပြီး တည်လိုက်သည် အတန်ကြာ စိတ်တည်ငြိမ်၍ ထိုင်လို့ကောင်းနေစဉ် သူ၏ အဘ ဦးသင်္ခ နှင့် အတူတူ စကားပြောနေသည်ဟု စိတ်က ရောက်သွားပြန်သည် သူ၏ စိတ်ထဲ တွင် ဦးသင်္ခသည် သူအား ပြုံးကြည့်ပြီး စကားတွေ ဆိုနေသည် ၊ ထိုအခါ တပလ္လင်ခေွထိုင်ကာ မျက်စိမှိတ်ထားသော သူ၏ မျက်ဝန်းမှ မျက်ရည်များစီးကျလာသည် ၊ထို့နောက် သူ၏ နားထဲ သို့ ဆရာတော်၏ စကားသံက ပေါ်လာ၏
“ဒကာလေးမောင်ဖိုးဝေ စိတ်စေခိုင်းရာနောက်ကို မလိုက်ပါနဲ့ စိတ်ကို သာ ကိုယ်က ခိုင်းနိုင်အောင်ကြိုစားရမှာ သတိကပ်ပါ ”
ဆရာတော်၏ မိန့်မှာသော စကားကြားမှ သူ၏ အဖေဆီသို့ ရောက်နေသော စိတ်အား ဝမ်းဗိုက်တွင် တည်လိုက်ပြီးး စိတ်တပါးကို အခြားမလွင့်အောင် ကြိုးစားမှတ်ရှု နေပါလေတော့သည် ။

*အခန်း-၇

မောင်ဖိုးဝေသည် ဆရာတော်နှင့် ဆွမ်းလိုက်ခံချိန်မှ အပ နေကော ညပါ သမာဓိတည်လေသည် ၊ ဆရာတော်သည် လည်း ဆွမ်းစားချိန် နှင့် ကျိန်းချိန်သာ အချိန် ပေးပြီး။ကျန်သော အချိန်များတွင် တရား အားထုတ် ချင်းနှင့်သာ ကုန်ဆုံးစေသည် ၊ မောင်ဖိုးဝေသည် ဆရာတော်ထံ ရောက်သည်မှာ တလ နီးပါ ပြည့်ခါနီး နေပေမဲ့ ဆရာတော်အား ဘုန်းကြီးတပါးဟုသာ သိသည် ဆရာတော်၏ ဘွဲ့အမည်နာမကိုတောင် မသိပေ ၊ သို့ပေမဲ့ သူ့အားကယ် ထုတ်လာသော ဆရာတော်မှာ သာမာန် ဘုနး်တော် ကြီးတပါးတော့ မဖြစ်နိုင်ပေ ၊မောင်ဖိုးဝေသည်လည်း အမည်နာမတို့သည် အရေးမကြီးသည်မို့ သမထကိုသာ ကောင်းမွန်အောင်ကျင့်ကြံလေသည် ၊ ယခုနောက်ပိုင်း သမာဓိ ထူထောင်ရာမှာ များစွာတိုးတက်မှု များရှိလာသည် ၊သူ၏ စိတ်သည် တခြားနေရာသို့ မရောက်တော့ပေ သို့ပေမဲ တခါခါ အမှတ် ပျောက်ပျောက်‌ေနသည် ၊ အမှတ်ပျောက်သည်ဆိုရာမှာ တခြားမဟုတ် သူ သမာဓိ တည်နေသော ဝမ်းဗိုက် ၏ ဖောင်းသည် ပိန်သည်ကို လည်း အမှတ်မရောက် တခြား မည်သည့်နေရာကိုမှလည်း စိတ်က မရောက် ငုတ်တုတ်ကြီးသာ ထိုင်နေပေမဲ့ စိတ်က ပျောက်သလိုဖြစ်နေ၏ ထိုအခါ မည်မျှ ကြာအောင် ထိုင်နေမိမှန်း မသိ ဆရာတော် အသံပေးမှ ဆရာတော်ဆီ စိတ်က ချက်ချင်းရောက်သွားတာမျိုး ဖြစ်ဖြစ်နေသည် ၊ ထို့ကြောင့် မောင်ဖိုးဝေသည် ဆရာတော်အား။လျှောက်တင်လေ၏။
“အရှင်ဘုရား တပည်တော် သမာဓိ ထူထောင်ရာမှာ မျာစွာတိုးတက်ပေမယ် အမှတ်တွေ ပျောက်နေပါတယ် ဘုရား စိတ်က ဖောင်းတယ် ပိန်တယ်ဆိုတဲ့ အမှတ်မှာလည်းမရှိ တခြား ဘယ်မှ လည်း မရောက်ဘူးဘုရား လေဟာပြင်ကြီးလို ဖြစ်ပြီး အကြာကြီး ထိုင်နေတာကိုပင် မသိ ဖြစ်နေပါတယ် ဘုရား ”
“အင်း ဒကာလေးရဲ့ သမာဓိက အတော်ကို တိုးတက်လာပြီပဲ အဲ့တာဆို နောက်ထပ် တခုထပ်တိုးမှတ်ပေတော့ ”
“တင်ပ ဘုရား ”
“ဒကာလေးရဲ့ ဝမ်းဗိုက်မှာ သမာဓိ ထူထောင်နေတာမဟုတ်လား ”
“မှန်ပါတယ် ဘုရား ”
“အဲ့တာဆို ဖောင်းတယ် ပိန်တယ် မှတ်ပြီးရင် ထိတယ် တယ် ထိတယ် ဆိုတာ တိုး မှတ် ဒကာလေး နောက်ထပ် အဲ့အမှတ်မှာ စိတ်က တည်ငြိမ်နေတယ်ဆိုရင် ဒကာလေး ထိုင်နေတဲ့ ပုံစံကို စိတ်မျက်လုံးနဲ့ မြင်အောင်ကြည့်ပါ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် ဘယ်တင်ပါးထိတယ် ညာတင်ပါထိတယ် လက်ချင်းထိတယ် ဆိုတဲ့ အမှတ်တွေကို မှတ်ရင် ဒကာလေး ထိုင်နေတဲ့ ရုပ်သွင်ကြီးကို စိတ်ထဲ မှာ ပေါ်လာလိမ့်မယ်”
“မှန်ပါ့ ဘုရား ”
“အဲ့လို မှတ်တဲ့ အချိန် ခန္ဓာကိုယ်က နေလို့ကောင်းလာတာ တွေရှိမယ် ပြီးတော့ လေပေါ်မြောက် သလို ဖြစ်နေတာရှိမယ် ‌ အရောင် အဝါတွေ ထွက်နေတာ ရှိမယ် အဲ့တာတွေကို စိတ်မရောက်ပဲ မှတ်မြဲ အမှတ်ကို သာမှတ်ပါ ဒကာလေး ”
“တင်ပ ဘုရား တပည်တော် အကောင်းဆုံးကြိုးစားပါမယ် ဘုရား ”
ထို့နောက် မောင်ဖိုးဝေသည် ဆရာတော် မိန့်မှာသည့် နည်းလမ်းများအတိုင်း သမာဓိလမ်းစဉ်ကို ဆက်လက် အားထုတ်နေပါလေတော့သည်။

*အခန်း-၈

ဤသို့ နှင့် မောင်ဖိုးဝေသည် ဆရာတော်သင်ပြသော ထိုင်နေသည့် သူ၏ ရုပ်သွင်ကို ပေါ်ရန် အမှတ်များအား လုံးကို အစဉ်တိုင်း မှတ်နေသည် ၊ ဖောင်းတယ် ပိန်တယ် တွင် စိတ်တည်သော အခါ ထိုင်တယ် ထိတယ်ကို ဆက်ပြီး မှတ်လိုက်၏။ ထို့နောက် နေကထိုင်မှာ ထိုင်နေသည်ကို စိတ်ရောက်သွားသည် ထို့နောက် ထိုင်တယ် ထိတယ်ကို စိတ်တည် နိုင်သောအခါ ဘယ်တင်ပါး ထိတယ် ညာတင်ပါး ထိတယ် ဟု ဆက်မှတ်လိုက်ပြီး နောက်ဆုံး လက်မချင်း ထိထားသော သူ၏ လက်အား လက်ချင်းထိသည်ဟု မှတ်လိုက်ရာ ထိုင်နေသော သူ၏ ပုံစံက ဝိုးတဝါးပေါ်လာလေသည် ဆက်ပြီး မှတ်လိုက်သောအခါ သူ၏ ကိုယ်ခန္ဓာသည် အေးမြလာသလို အရောင်အဝါများ ထွက်နေသည်ဟု ထင်နေမိသည် ၊ ထို့နောက် ထိုင်နေသော နေရာနှင့် မထိတော့ပဲ တတောင်မျှမြောက်တက်သွားသည်ဟု ထင်ကာ ထို့သို့ ဖြစ်သည်ကိုပင် သဘောကျပြီး အမှတ်များကို မေ့နေသည် ၊ ထိုအခါ သူ၏နားထဲတွင် ဆရာတော်၏ ဩဝါဒ စကားသံသည် ပေါ်လာ၏၊
“ဒကာလေး သမာဓိဆိုတာ ကို့ရဲ့ အမှတ်မှာ ပဲတည်ပါစေ ချမ်းသာချင်း သုခ နှင့် ဆင်းရဲချင်း ဒုက္ခကို စိတ်မရောက်ပဲ ကိုရဲ့ အမှတ်ကိုသာတည်ပါစေ သံသရာမှ လွတ်မြောက်တရား ရှူ ချင်ရင်တော့ ဖြစ်ပျက်ကို ရှူမှတ်ပါ သမထ နှင့် လောကီပညာရပ် များအတွက်တော့ သမာဓိတည်စေတဲ့ ထိုင်နေတဲ့ ရုပ်သဏ္ဍန်ကို ပေါ်အောင်ရှူမှတ်ပါ ဒကာလေး”
မောင်ဖိုးဝေသည် ဆရာတော်၏ ဩဝါဒ ဆုံးသောအခါ စိတ်ထံတွင် အတွေး တစ ဝင်လာသည်။ ဖြစ်ပျက်ကို ရှူမည်လော သမထ ကို အားထုတ်မည်လော ဟူသော လမ်းနှစ်ခွ တွင် မည်သည့် လမး်ကို လိုက်ရမလဲဟု အနည်းငယ်တွေ ဝေနေမိသည် ထို့နောက် ဖြစ်ပျက်ကို မရှူတော့ပဲ လောကီပညာရပ်များ အတွက် အားထားရာ သမာဓိကိုသာ ပို၍ တည်လိုက်ပါလေတော့သည် ။

*အခန်း-၉

မောင်ဖိုးဝေသည် ဆရာတော်၏ လမ်းညွှန်မှု့ ဖြစ် ကျင့်ကြံနေထိုင်လာရာ နှစ်နှစ်မျှ ကြာသွားပြီဖြစ်သည် ၊ ထိုကုန် လွန်သွားသော နှစ်နှစ်တွင် သူ၏ သမာဓိသည် အတော်ကို အားကောင်းလာ၏ ၊ မြင်အပ် မမြင်အပ်များကို အရင်က အရိပ် သဏ္ဌန်သာ မြင်နိုင်စွမ်းရာ ယခုဆို ရုပ်ဆင်းအင်္ဂါကို ကောင်းစွာ မြင်နိုင်စွမး်နေပီ့ဖြစ်သည် ၊ သူ၏ အသားအရည်သည်လည်း ကြည်လင်လာသလို ရောဂါ ဘယ များတခါ မျှ ဖြစ်ချင်းမရှိပါ ဖျားနာချင်းဟူ၍ မရှိ ဝမ်းချုပ်သည်သာ ရှိသည် ထို ဝမ်းချုပ်ချင်းအတွက် ဆရာတော် ဖော်စပ်ထားသော မန်‌ကျည်းမှည့် နှင့် ပွေးကိုင်း ဝမ်းနုတ်ဆေး အမဲ လံုးများကို သာ မှီဝဲလေသည် ၊ ဆရာတော်သည်လည်း ရဟန်းကိစ္စပြီးမြောက် ပြီလား မပြီးမြောက်သေးဘူးလားဆိုတာ မောင်ဖိုးဝေမသိပါ ၊ ထိုကိစ္စများသည် တ‌ေယာက်ကို တ‌ေယာက် ကြွားလုံးထုတ်ရမည် အရာများမဟုတ်ဘူးဆိုတာ မောင်ဖိုးဝေ နားလည်ထားသောကြောင့် ဆရာတော်အား သမာဓိ ကျင့် စဉ်က လွဲ၍ ယခု အချိန်ထိ ဘွဲ့နာမည်တောင် မမေးပါ ၊ ထိုကြောင့်လည်း ဆရာတော်သည် မောင်ဖိုးဝေအား သဘောကျသည်။ ကိုယ် နှင့် ဆိုင်သည့် ကိစ္စသည်သာ ကိုယ်လုပ်ပြီး ကိုယ် နှင့် မဆိုင်သော ကိစ္စများမှည စကားပင်မပြောချေ ၊ ဤသို့ နှင့် မောင်ဖိုးဝေသည် နှစ်နှစ်မြောက်သော နေ့တွင် သမာဓိကို ညကတည်းမှ ကျက့်ကြံ‌ေနလေရာ မိုးလင်းသည် အထိ တပလ္လင်ခွေမဖြည်သေးသောကြောင့် ဆရာတော်သည် ဆွမး်ခံချင်းအမှုကို တပါးတည်သာ ကြွသွားလေသည် ၊ထို့‌ေနာက် တောင်ထိပ်ပေါ်တွင် မောင်ဖိုးဝေ တ‌ေယာက်တည်း ည‌လုံးပေါက် ကျင့်ကြံနေစဉ် သူ၏ အမည်နာမကို ခေါ်သော မိန်းမပျိုတ‌ေယာက်၏ အသံသည်က ပေါ်လာ၏
“မောင်လေး ငယ်ငယ်ရွယ်ရွယ် နဲ့ သမထ တွေ ကျင့်ကြံမနေပါနဲ့ အမ နဲ့ အတူလာပျော်ပါးလေ’
မောင်ဖိုးဝေသည် အသံကို ကြားသော လည်း။မျက်လုံးအား ဖွင့်မကြည့်ပါပဲ ထိုင်မြဲ ထိုင်နေ၏ ၊ထိုအခါ အစိမ်းရောင် အကြေးခွံများရှိပြီး ဆံကေသာတို့သည် ခြေတကောက်‌ေကွးလောက်ရှိပြီး ခန္ဓာကိုယ်ရှိ အရှက်တရားများကိုသာ သစ်ခက်များနှင့် ဖုံးထားသော မိန်းမတ‌ေယာက်သည် မောင်ဖိုးဝေ အနားတွင် ရှေ့ လျှောက် နောက်လျှောက် နှင့် စကားများ တတွက်တွက် ပြောနေလေသည် ။
“မောင်လေးရယ် သမထ ဆိုတာ ဘယ်အချိန် ကျင့်ကျင့် ရပါတယ် ကာမကို တခါမှ မခံစားဖူးပဲ ဘာမှကျင့် ကြံ မနေနဲ့ မောင်လေးရဲ့ ဆရာ ဘုနး်ကြီးတောင် လူ့ဘဝမှာ ကာမကိုခံစားဖူးပြီးမှ တရားလာကျင့်နေတာ မောင်လေးက အခုအချိန်ထိ ကာမဂုဏ်ငါးပါးကို ကောင်းကောင်း မခံစားဖူးသေးဘူး အမ နဲ့လိုက်ခဲ့ ပြီး ကာမဂုဏ် ငါးပါး ခံစားပြီးမှာ သမထ ကိုပြန်ကျင့်ပါလားကွယ် ”
မောင်ဖိုးဝေသည် ထိုအစိမး်ရောင် အ‌ေကြးအခွံများရှိသော မိန်းမမှ မည်သိူ့သော စကားများပြောနေပါစေ ၊ သူ၏ အမှတ်ကို မဖျောက်ပဲ ဆက်ပြီးကျင့် ကြံနေလေသည် ၊ မောင်ဖိုးဝေသည် မျက်လုံးသာ မှိတ်ထားသောလည်း စိတ်ညွှတ်လိုက်သည် နှင့် မျက်လုံးမှိတ်ထားသောလည်း မြင်နေရ၏ ၊သူ၏ အနားတွင် ‌လမ်းလျှောက်နေပြီး သူကို ကြည့်ရင်း စကားဆိုနေသော အစိမ်းးရောင် အကြေးအခွံရှိသော မိန်းမကိုလည်း သူ၏ စိတ်မြင်ကွင်းဖြစ်ကောင်းစွာမြင်နေရလေသည် ၊ထို့နောက် သူ၏ စိတ်ထဲမှ ထို မိန်းမကို ထုတ်လိုက်ပြီး တပလ္လင် ထိုင်နေသည့် သူ၏ ရုပ်သွင်အား မြင်အောင် မှတ်လိုက်ရာ သူ့ကိုယ်သူ မှန်ကြည့်နေရသလိုကို ပြန်မြင်နေရသည် ,ထူးဆန်းလွန်းပေသည် ၊ သူထိုင်နေသော အင်ကြင်း ပင်ကြီးပင်စီ နှင့် ထိုင်နေသည် သူ၏ ရူပ်သွင်က မှန်ထဲ တွင် ပြန်ကြည့်သလိုကို ရှင်းလင်းလှပေသည် ၊ ထိုစဉ် သူ၏ နားထဲသို့ အစိမ်းရောင် အကြေးအခွံရှိသော မိန်းမအား အော်ငေါက်သော အသံ တသံက ပေါ်လာလေသည် ၊ ထိုအသံကို စိတ်ညွတ် လိုက်ရာ အသံပိုင်ရှင်သည် အဖြူရောင် ခေါင်းပေါင်းကို ပေါင်းထားပြီး တိုက်ပုံအဖြူ ပုဆိုးအဖြူ နှင့် ဥပဓိရုပ်ခန့်ညားသော လူကြီး တယောက်ဖြစ်သည် ထိုလူကြီး၏ လက်ထဲတွက်လည်း တောင်ဝှေးတချောင်းကိုင်ထားပြီး ထိုတောင်ဝှေးကြီး နှင့် အစိမ်းရောင် အကြေးအခွံရှိသော မိန်းမကို ခပ်လှမ်းလှမ်း မှ လှမ်း ပစ်လိုက်ပြီး
“,ဟဲ့ ပေတ ဘီလူးမ နင် အဆင့် နဲ့ ဒီက ပုဂ္ဂိုလ်လေးကို နှောက်ယှက် ဝံ့နေတယ် ပေါ ့ ”
“တောင်ပို ဘိုးဘိုး ကျွန်တော် မျိုးမ နှောက်ယှက်တာ မဟုတ်ပါဘူး ဒီက လူသားလေးကို ချစ်ခင်စုံမက် လို့ပါ”
“တယ် ဒီဘီလူးမ အရှက်နည်း လှချည်လား ”
ထို့‌ေနာက် တောင်ပိုင်ဘိုးဘိုးသည် လက်ကို့ ဆန့်တန်းလိုက်ရာ အစိမ်းရောင် အကြေးခွံရှိ ဘီလူးမထံ ပစ်လွှတ်လိုက်သော တောင်ဝှေးက သူလက်ထဲသို့ ပြန်ရောက်လာလေသည် ၊ ထို့နောက် ဘီလူးမသည် စိတ်ဆိုးနေသော တောင်ပိုင် ဘိုးဘိုးကြီးနှင့် မလှမး် မကမး်တွင် ဒူးထောက် ထိုင်လိုက်ပြီး
“ကျွန်တော်မျိုးမမှားပါတယ် ဘိုးဘိုး ၊ ကျွန်တော်မျိုးမကို ခွှင့်လွတ်ပါ ”
“ရှိစေတော့ နင်နောက်တခါ နှောက်ယှက်ရင် မလွယ်ဘူးနော် ဆရာတော်လည်း လာတော့မှာမို့ ကို့နေရာကိုယ်ပြန်စမး် ”
ထို့နောက် ဘီးလူးမသည်လည်း တောထဲ ဝင်ရောက်ပျောက်ကွယ် သွားသလို တောင်‌ပိုင် ဘိုးဘိုးသည်လည်း မောင်ဖိုးဝေကို ကြည့်ကာ ခေါင်းကို ညိတ်လို့ ပြုံးနေပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည် ၊ မကြာသောအချိန် တွင် ဆရာတော် တောင်ပေါ် ကြွချီနေသည်ကို သိနေသော ကြောင့် သမာဓိ အားထုတ်ရာကို ဖြုတ်လိုက်ပါလေတော့သည် ။

*အခန်း-၁၀
မောင်ဖိုးဝေသည် ဆရာတော် ဆွမ်းစားပြီးသော အခါ ဆရာတော် အနားသွား၍ ထိုင်လိုက်ပြီး
“အရှင်ဘုရား တပည်တော် ကျင့်စဉ် အောင်မြင် ပြီလို့ ထင်ပါတယ် ဘုရား ”
“အောင်မြင် တယ်ဆိုတာ ဘယ်အရာ ကို ကြည့်ပြီးပြောတာလဲ ဒကာလေး ”
“,တပည်တော် တချို့ အရာတွေကို မျက်လုံးက မကြည့်ပဲ စိတ်ညွတ် လိုက်တာ နဲ့ မျက်လုံးက မြင်သလို မြင်နေရပါတယ် ပြီးတော့ လှူပ်ရှားတာ မြန်တယ် ဆိုတဲ့ သိမ်းငှက်ရဲ့ အလျင်ကိုတောင် တပြည်တော် မျက်လုံးထဲ မှာ ‌နှေးကွေးနေ‌သလို မြင်‌ေနနိုင်ပါတယ် ဘုရား”,
“အင်း အဲ့ လိုတွေက အချိန်တိုင်း မြင်နေရတာလား သမာဓိ တည်ပြီး စိတ်ကို တည်ငြိမ်အောင်လုပ်မှာ မြင်နိုင်စွမ်းတာလား ဒကာလေး”
“တပည်တော် သမာဓိတည်မှ မြင်နိုင်တာပါဘုရား ”
“အတော်ကို ခရီး ပေါက်နေပြီပဲ သို့ပေမဲ့ စေတလုံးပိုင် ဖြစ်ဖို့ အတွက် လမ်းစ လေးတော့ ပေါက်ပြီ ထင်တယ် ဒကာလေး”
“တင်ပါ ဘုရား တပည်တော် ဘယ်လို ထပ်ကျင့် ကြံရဦးမှာလဲ ဘုရား ”
“နေပါဦး ဒကာလေး ၊ ဘုန်းကြီး ဒကာလေးကို ကိစ္စ တခု ခိုင်းဦးမယ် ”
“မိန့်တော် မူပါဘုရား ”
“ဒကာလေး ဘုန်းကြီး‌တို့ ကျောင်းသင်္ကန်းရဲ့ ဝန်းကျင်မှာ ဘယ်လို ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုတာ လိုက်ကြည့်ပြီး ဘုနး်ကြီးကို လျှောက်တင်ပါ”
“မှန်ပ ဘုရား တပည်တော် အခုပဲ သွားကြည့်လိုက်ပါမယ် ဘုရား”
မောင်ဖိုးဝေသည် ဆရာတော်အား ဦးချ ရှင်ခိုးကာ ကျောင်းဝန်းကျင်သို့ ထွက်သွားပါလေတော့သည် ။

*အခန်း-၁၁

မောင်ဖိုးဝေသည် ကျောင်းသင်္ခန်း တောင်ကုန်းဝန်းကျင် ရှိသစ်ပင်များအနားသွားကာ သမာဓိကို တည်ပြီး ကြည့်လိုက်သည် ၊ သူမြင်ရသည်များမှာ အမျိုးစုံလှသော တခြားဘံုဘဝ မှာ ပုဂ္ဂိုလ်များဖြစ်သည် ၊ ထို့နောက် ဘယ် အပင်တွင် ဘယ်လိုပုံစံ နှင့် သူရှိသည်ကို မှတ်သား ထားလိုက်သည် ၊ သူမြင်ရသော တခြားဘုံဘဝ မှ သူများသည် သူအား ဂရုမပြုပေ မောင်ဖိုး‌ေဝသည် သူတို့အား မမြင်နိုင်ဘူးဟု ထင်နေသည်လည်း ဖြစ်နိုင်၏ ၊ ထိုသို့ ဖြစ် ညောင်ပင်ကြီး တပင်အနား ရောက်သောအခါ သူ့အား ပြံုးကြည့်နေသော တောင်ပိုင် ဘိုးဘိုး ကြီးကို တွေ့လိုက်ရသည် ၊ ထိုအခါါ မောင်ဖိုးဝေသည် တောင်ပိုင် ဘိုးဘိုး ကြီး အနားသွားလိုက်ပြီး
“ကျန်မာရဲ့လား ဘိုးဘိုး ”
“ဆရာလေးက ကျုပ်ကို မြင်နိုင်နေပြီလား ကျုပ်ကိုယ်ထင် မပြပဲနဲ့တောင် ဆရာလေး မြင်နိုင်နေပြီဆိုတော့ မောင်ရင်ရဲ့သမာဓိက အရင်ကထက် ပိုကောင်းလာပြီ ထင်တယ် ”
“ဟုတ်မယ် ထင်တယ် ဘိုးဘိုး ”
“အဲ့တာဆို ဆရာလေး အောက်ဘုံက အဆင်နိမ့် ရုက္ခစိုး တွေကို မြင်နိုင်စွမး် ပြီပေါ့ အထက် ဘုံက နတ်ဒေဝါတွေကို မြင်နိုင်စွမး် ဖို့က ဆက်ပြီး ကျင့်ကြံရဦးမယ် ထင်တယ် ”
“ဒါနဲ့ ဆရာတော် အကြောင်းကို သိလား ဘိုးဘိုး ”
“ဆရာလေးက နှစ်တွေ အကြာကြီး ဆရာတော် နဲ့ တူတူရှိခဲ့တာ ဆရာ‌‌ေတာ် အကြောင်း မသိဘူးလား ”
“,ဆရာတော်ကို ကျုပ်က မမေးဝံ့ပါဘူးဗျာ “,
“အင်း ကျုပ်သိထားတာတော့ ဆရာတော်က လောကီပညာမှ ဝိဇ္ဇာတပါးပဲ ကွဲ့ အခုတော့ လောကီကို စိတ်ကုနိပြီး သံသရာက အမှန်တကယ် လွတ်ကြောင်းတရားကို ကျင့်ကြံနေတယ် လေ “,
“ဟုတ်ကဲ့ပါ ဒါနဲ့ ဘိုးဘိုး ဟိုနေ့က ဘီလူးမကြီးကော မ‌ေတွ့ပါလား ”
“သူက ဒီတောင်မှာနေတာ မဟုတ်ဘူး မဟာမြိုင်တော ဆိုတာ တောတွေ တောင်တွေ ပေါ်တယ်လေ ”
“ကဲ ဘိုးဘိုး ရေ ကျုပ်လည်း ဆရာတော် လိုက်ကြည့်ခိုင်းထားတာလေးတွေ ရှိလို့ ဆက်သွားလိုက်ဦးမယ်ဗျာ ”
“ဟုတ်ကဲ့ပါ ဆရာလေး ကျုပ်ကို လိုအပ်ရင် တောင်ပိုင် ဘိုးဘိုးလို့သာခေါ်လိုက်ပါ ကျုပ်အထင်‌ေဝာာ့ ဆရာလေး ဒီမှာ တော်တော် ကြာ ဦးမယ် ထင်ပါတယ် ”
“ဆရာတော် နေခိုင်းသလောက်တော့ နေရမှာပေါ့ဗျာ ”
‌ထို့နောက် မောင်ဖိုးဝေသည် တောင်ပိုင်ဘိုးဘိုးအား နောက်တခါ ထပ်ပြီး နုတ်ဆက်ပြီးနောက် တခြားသစ်ပင် များဆီသိူ့ သွားကာ သမာဓိကို တည်ပြီး မြင်အပ် မမြင်အပ်များကို ကြည့်ကာ မှတ်သားနေပါလေတော့သည် ။

*အခန်း-၁၂

မောင်ဖိုးဝေသည် ကျောင်တောင်ကုန်းဝန်းကျင်ရှိ မြင်အပ် မမြင်အပ်များကို မှတ်သား လိုက်ပြီး ဆရာတော်အနား ရောက်လာသည် ၊ ဆရာတော်သည် မောင်ဖိုးဝေ ရောက်လာသည် နှင့် တရားရှူမှတ်နေရာမှ မျက်လုံးကို ဖွင့်ကာ
“ဒကာလေး ပြန်ရောက်လာပြီလား”,
“ရောက်လာပါပြီး ဘုရား။အရှင်ဘုရား ကြည့်ခိုင်းတဲ့ အရာတွေ တပည်တော် အကုန်မြင်ပါတယ် ”
“ဘာတွေ မြင်ခဲ့ လဲ လျှောက်ပါဦး ဒကာလေး ”


မောင်ဖိုးဝေသည် ဆရာတော်အား လက်အုပ်ချီလျက် သူတွေ မြင်ရသည်များကို ပြန်လည်း တင်လျှောက်လေသည် ၊ ဆရာတော်သည် မောင်ဖိုးဝေ တင်လျှောက် သည်များကို နားထောင်ပြီး ပြုံးလေသည် ။ ထို့နောက် မောင်ဖိုးဝေအား ဩဝါဒ စကားး မိန့်ကြားလေသည် ။
“ဒကာလေး ဘုန်းကြီး ပြောတာကို မှတ်သားထားပါ ငါးပါးသီလကို မြဲအောင်စောင့် ထိန်းပါ ဒကာလေးရဲ့ သမထ အားက ငါးပါးသီလ ဖောက်ဖျက်ရင်တောင် လောကီ ပညာမို့ အစွမ်း ထက်ပါတယ် သို့ပေမဲ တကယ်အရေးကြီးတဲ့ အချိန်မှာ သီလလုံ သူနဲ့ မလုံသူ သိသာပါလိမ့်မယ် ၊ တခြားလောကီ အတက်ကို ကျင့်ကြံသော သူများဟာ အစွမ်း ထက်ပေမဲ့ သူတို့ ရဲ့ သီလကို မစောင့်ထိန်းနိုင်ဘူး အဲ့ဒါ‌ေကြာင့် သေလွန်ရင် ငရဲ ကို အချိန်မရွေးကျနိုင်တယ် ဒကာလေး အဲ့တော့ သတိထားပါ ကို့ကိုယ်ကို နှိမ့်ချပါ မာန် မတက်ပါစေနဲ့ ”
“တင်ပ ဘုရား တပည်တော် လိုက်နာပါ့မယ် ဘုရား”
“ဒကာလေးက သမာဓိ အတော် အားကောင်းလာပြီဆိုတော့ လောကီ ပညာရှင် တွေ တက်သင့်တဲ့ ကသိုဏ်း ကို နောက်ထပ် လေးကျင့်ကွဲ့ အဲ့တော့ နောက်နေ့က စပြီး ဒကာလေး လေကသိုဏ်းကို စပြီး ကျင့်ကြံပေတော့”
“တင်ပါ့ဘုရား ဆရာတော် ရဲ့ လမ်းညွှန်မှု့ အတိုင်း ကျင့်ကြံပါ့မယ် ဘုရား ”
ဤသို့ဖြစ်‌ေ မာင်ဖိုးဝေသည် ကသိုဏ်း ကျင့် ဖို့ ပြင်ဆင်လိုက်ပါလေတော့သည် ။

ပြီးပါပြီ။

မောင်တင်ဆန်း

Leave a Comment