အောင်မြတ်သာနှင့်အိမ်မက်တစ္ဆေ

” အောင်မြတ်သာနှင့်အိမ်မက်တစ္ဆေ ”
+++++++++++++++++++++

အောင်မြတ်သာနှင့်သက်ခိုင်တို့ ဆရာတပည့် နှစ်ဦးသား ငှက်ပျောတောရွာကနေ ထွက်လာခဲ့ပြီး နောက်ပိုင်း
မြန်မာပြည်အောက်ပိုင်း ထားဝယ် ဘက်သို့ခြေဆန့်ခဲ့ပြန်တယ်။မော်လမြိုင်-မုဒုံ- သံဖြူ ဇရပ်-ရေးကိုဖြတ်ပြီး
တနင်္သာရီတိုင်းအစ မလွှဲတောင်နားရောက်တော့ ကားလမ်းပေါ်မြေတွေပြို ကျ လို့ လမ်းပိတ်ပါလေရော ။

သက်ခိုင်ရေ– တို့တွေအတွက် ဒီနေရာက ခရီးစဉ်တစ်ထောက်ဆုံးပီထင်တယ်ကွာ ။
ကဲ– ဒီအနီးအနားမှာတော့ ရွာတွေရှိမှာပဲ
တွေ့တဲ့နေရာ ဝင်နားရတာပေါ့ဆိုပြီး ကားလမ်းဘေးက လှည်းလမ်းလေးအတိုင်း.ဖြတ်လျောက်လာခဲ့လိုက်သည်။

စိမ်းလန်းစိုပြေနေတဲ့ ရာဘာပင်တွေက အစီအရီ ညီညာနေသကဲ့သို့ ရာဘာပင်ဖျားထက်ကနေ တိုက်ခတ်လာတဲ့
လေနုအေးတွေက မောပန်းမှုတွေကို ဘယ်ရောက်ကုန်မှန်း မသိအောင် ပပျောက်စေတယ်။

စကားလေးတစ်ပြောပြောနဲ့ လျောက်လာလိုက်တာ ခရီးဘယ်လောက်ပေါက်လို့ ပေါက်မှန်း မသိလိုက်ဘူး ။
ဂလောက် ဂလောက်ဆိုတဲ့ နွားလှည်းသံကြားလို့ လှည့်ကြည့်တော့မှ ရာဘာစေးတွေက ပေါင်းခံပြီး နွားလှည်းပေါ်တင်လာတဲ့ လင်မယားနှစ်ယောက် –

ဒီက မိတ်ဆွေတွေက ခရီးသွားတွေလား–
လမ်းမှာ မြေတွေပြိုလို့ လမ်းပိတ်နေတာတွေ့လို့

ဟုတ်ပါတယ် ကျွန်တော်တို့က ခရီးသွားတွေပါ ။
ကားလမ်းပိတ်နေလို့ ရွာတစ်ရွာများ တွေ့လိုတွေ့ငြား ထွကိလာတာ။
ဒါဆို.ကျွန်တော်တို့ရွာလိုက်တည်းပါလား
အခက်အခဲ ဖြစ်နေတဲ့သူတွေကို ကူညီရတာ မင်္ဂလာတစ်ပါးပါဗျ ။

ရိုးသားဖော်ရွေတဲ့ တောသူတောငိသားတွေရဲ့ စကားကိုကြားလိုက်တော့ အောင်မြတ်သာ ပြုံးလိုက်မိတယ် ။

လူးကာလိမ့်ကာ မောင်းလာတဲ့ လှည်းအနောက်မှာ ထိုင်လိုကိလာရင်း
အိမ်ခြေ ၇၀လောက်ရှိတဲ့ ရွာငယ်လေးတစ်ရွာကို ရောက်ခဲ့တယ်။

အိမ်တွေက တစ်နိုင်တစ်ပိုင်ဆောက်ထားတာ.ဆိုပေမယ့် မြင်ရတာ သပ်သပ်ရပ်ရပ်လေးနဲ့ နေချင်စရာလေးတွေ ။

ထွန်းအောင် လှည်းပေါ်မှာ ဧည့်သည်တွေလားဟေ့–
ဟုတ်တယ် အရီးလေးရေ.
ဒီတစ်ည အိမ်မှာတည်းမလို့.
အေးအေး— ညကျမှ ဧည့်သည်တွေအတွက် စားစရာလာပို့ပေးတော့မယ် ။
ငါလဲ.ညဉ်းတို့ လင်မယားကို ပြောစရာရှိတယ်။
ခုတော့ လယ်ထဲခဏသွားလိုက်ဦးမယ်ဆိုပြီး
ရွာအနောက်ဘက် လယ်ကွင်းတွေရှိရာဘက်ကို ထွက်သွားလိုက်တယ် ။

ညဘက်ရောက်တော့ အိမ်ရှင်တွေ ကျွေးတဲ့ ငပိရည်တို့စရာအစုံနဲ့ ကြက်သားကာလသားချက်လေးက ထမင်းစားမြိန်လိုက်တာဗျာ-။
တော်ရုံ မစားတဲ့ ကျွန်တော်တောင် ၂ပန်းကန် စားလိုက်တယ်။

ထမင်းစားပြီးတော့ —
ထွန်းအောင်ရေ ဧည့်သည်တွေအတွက် အသီးအနှံတွေယူလာတယ်။
သက်ခိုင် ကြည့်လိုက်တော့ ဒူးရင်းသီးနဲ့ ဖရဲသီးတွေ ။
အရီးလေး ပေးပေး ..
မိန်းမရေ ဒါတွေခွဲလိုက်ပါဦး ။
အရီးလေး ပြောစရာရှိတယ်ဆို —
အေး– ရွာလယ်က ဒေါ်လှကြည်သမီးလေ–
ဘယ်သူလဲ အရီးလေး..
နှင်းနှင်း လား–
အေး– ဟုတ်တယ် —
ဘာဖြစ်လို့လဲ အရီးလေး–
ညညဆို အိပ်လိုက်ရင် အိမ်မက်ထဲကို မကောင်းဆိုးဝါးကောင်တွေ လာလာပြီး သူ့ကို လာလာခေါ်လို့တဲ့ ။

ဟင်–
ဟုတ်တယ် အဲဒီကလေးမလေး ညညဆို မအိပ်ရတာ ခုဆို ၃ညလောက်ရှိပြီ
အိပ်ပျော်တာနဲ့ လာခေါ်တာပဲတဲ့ ။
ကောင်မလေးခဗျာ သနားပါတယ်ဟယ်
ခုဆို ရုပ်တောင်မရှိတော့ဘူး
မျက်လုံးက အိပ်ရေးမရှိတော့ ညိုပြီး မဲချိုင့်နေတာ

သက်ခိုင်လဲ သူတို့ပြောတာနားထောင်ရင်း ဆရာအောင်မြတ်သာကို လှည့်ကြည့်လိုက်တယ် ။
အောင်မြတ်သာက ခေါင်းအသာလေး ဆတ်ပြတယ် ။

သက်ခိုင်လဲ ဆက်နားထောင်နေလိုက်တယ် ။
ဒီကောင်မလေး ဘာအမှားလုပ်မိလို့လဲမှမသိတာ
ဆရာကောင်း သမားကောင်းတွေနဲ့ မပြဘူးလား
သူတို့လဲ ဘာလုပ်လို့ လုပ်ရမလဲမသိဘူး ဖြစ်နေတယ် ။
ဆေးခန်းပြတော့လဲ သည်းခြေလေဟပ်တာလို့ ပြောတယ်။
အိပ်ဆေးတွေလဲပေးတာပဲ
ခုဆို ကောင်မလေးခဗျာ မျက်လုံးတောင် မမှိတ်ရဲအောင် ဖြစ်နေတယ် ။

ဒေါ်လေး — ကျွန်တော်တို့က ပယောဂ ကုတဲ့ သူတွေပါ ။
အခုပြောတာ နားထောင်ရတာ ပယောဂနဲ့များ ဆိုင်နေမလားလို့ ။
အဲဒီကောင်မလေးနဲ့ ပေးတွေ့လို့ရရင် သူခံစားနေရတာ ပျောက်အောင်ကုပေးနိုင်ပါတယ် ဆိုပြီး သက်ခိုင်ကပြောတော့–
ဒါဆို အဆင်ပြေတာပေါ့ —
လိုက်ခဲ့လေ–
ထွန်းအောင်လဲ လိုက်ခဲ့ ဆိုပြီး ရွာအလယ်က မိန်းကလေးအိမ်ဘက်ကို ထွက်လာလိုက်တယ် ။

ဖယောင်းတိုင်မီးလေးတွေ ကိုယ်စီထွန်းထားတဲ့ အိမ်လေးတွေကနေ အလင်းရောင်တွေ ဖြာထွက်နေတာ လမ်းတစ်ခုလုံး သဲသဲကွဲကွဲ မြင်နေရတယ် ။

လမ်းလျောက်နေရင်း အောင်မြတ်သာ ရွာလမ်း တစ်လျောက်ကို–
ကြည့်လိုက်တယ် ။
ပြီးတော့ သက်ခိုငိကို လှည့်ကြည့်လိုက်တယ် ။
အကင်းပါးတဲ့သက်ခိုင်က –
ဆရာ ဘာမြင်လို့လဲ —
ဒီရွာထဲကို နယ်ကျော်လာတဲ့ နာနာဘာဝတွေရောက်နေတယ် ။
ဟိုးသရက်ပင်ပေါ် ကြည့်ကြည့် —
သက်ခိုင်လဲ သရက်ပင်ပေါ်ကြည့်လိုက်တာ သရက်ပင်ခွကြားမှာ ငုတ်တုတ်ထိုင်နေတဲ့ အကောင်တစ်ကောင်။
သေချာကြည့်လိုက်တော့ တစ်ကိုယ်လုံး အမဲရောင်အမွှေးတွေဖုံးနေပြီး အမွှေးတွေက အပ်တွေလို ချွန်ထက်နေတယ်။
ပါးစပ်ထဲကနေလဲ သွားရည်တွေ တစ်တောက်တောက် ကျနေပြီး မျက်လုံးနှစ်လုံးကလဲ မီးကျီခဲလို နီတောက်နေတယ် ။

သရက်ပင်အောက်ကို.ကြည့်လိုက်တော့
မိန်းကလေးတစ်ယောက် ဆံပင်ကုတ်ဝဲလေးချပြီး သစ်ပင်ပေါ်က အကောင်ကို တစ်စုံတစ်ခုအသနားခံပြီး ပြောနေတဲ့ပုံစံ မြင်နေရတယ် ။

သက်ခိုင်လဲ ဘေးက အရီးကို လှမ်းမေးလိုက်တယ်
အရီးတို့ရွာမှာ မကြာသေးခင်က ဆုံးသွားတဲ့ အသက် ၂၅အရွယ်လောက်မိန်းကလေး တစ်ယောက်ရှိလား ။

ဟင်– ဘလိုသိတာလဲ
ရှိတာပေါ့ လွန်ခဲ့တဲ့ လက ပိုးထိလို့ ဆုံးသွားတဲ့ လှရီဆိုတဲ့ မိန်းကလေးရှိတယ်။
ဘာဖြစ်လို့မေးတာလဲ ။
ဟိုရောက်ရင် ကျွန်တော်ပြောပြပါ့မယ် ဆိုပြီး နှင်းနှင်း အိမ်ရှိရာကို ဆက်ထွက်လာလိုက်တယ် ။

ဒေါ်စမ်းမြ – ဒေါ်စမ်းမြ –
ဒီမှာဧည့်သည်တွေပါတယ် ။

လာကြ -လာကြ –
ထိုင်ကြပါဦး-
ရေနွေးသွားယူလိုက်ဦးမယ်ဆိုပြီး အိမ်နောက်ဖေး ဝင်သွားလိုက်သည် ။
အောင်မြတ်သာလဲ ဘုရားစင်ရှေ့ထိုင်ပြီး
အခု ဖြစ်နေတာ ဟိုကောင်မလေးလားဆိုပြီး အိမ်ရှေ့မှာ ငုတ်လေးထိုင်နေတဲ့ မိန်းကလေး တစ်ယောက်ကို လက်ညိုးထိုးလိုက်တယ် ။

နှင်းနှင်း လာလေ
အရီးလေးခေါ်တော့ ကောင်မလေးက အောင်မြတ်သာအရှေ့ တုပ်တုပ်လေး လာထိုင်လိုက်တယ် ။

ရေနွေးကြမ်းနဲ့ လက်ဖက်လေး သုံးဆောင်ပါဦး.
ဒေါ်စမ်း ဒါက ထွန်းအောင် အသိတွေ
နှင်းနှင်းရောဂါကို – ကုပေးချင်လို့
ဝမ်းသာလိုက်တာ ဆရာတို့ရယ်
ကျွန်မလဲ ဒီစိတ်နဲ့ ဘာမှကို မလုပ်နိုင်ဘူး
ဆရာတို့ ကယ်တင်ပေးပါဦး–

ညီမလေး ဆရာတို့ မေးတာမှန်မှန်ဖြေနော်
လှရီ ဆိုတဲ့ ကောင်မလေးနဲ့ ညီမလေးက သူငယ်ချင်းတွေလား ။
ဘယ်လို ဘယ်လိုသိတာလဲဟင်
လှရီက သမီးအချစ်ဆုံး သူငယ်ချင်းပါ

သူပိုးထိတော့ ညီမရှိနေတယ်မလား
ဟုတ် ရှိပါတယ် ။
သမီးနဲ့တူတူသွားရင်း ပိုးထိတာပါ ။
ဟိုဘက်ရွာကို သွားရင်း ပိုးထိတာမလား ။
အောင်မြတ်သာက အဲလိုမေးတော့ ကောင်မလေးက အံ့သြတဲ့အကြည့်နဲ့ လှမ်းကြည့်တယ် ။

သမီး မလိမ်တော့ပါဘူး အမှန်တိုင်းပြောပါ့မယ် ။
သမီးက လှရီနဲ့ အဖော်လိုက်သွားတာပါ ။
သူကောင်လေးက ဟိုဘက်ရွာမှာနေတယ် ။
သမီးတို့သွားရင်းနဲ့ လယ်ပိုင်ရှင်ဆိုတဲ့ လယ်ကွက်နား ရောက်ခဲ့တယ် ။

လယ်ပိုင်ရှင်ဆိုတာက–
လယ်ပိုင်ရှငိဆိုတာက ဘယ်သူမှစပါးစိုက်မရအောင် အရမ်းကြမ်းတဲ့ နေရာပါ ဆရာ ။
လှရီက အယုံအကြည်မရှိဘူးဆရာ ။
သမီးက မသွားဖို့ပြောတယ် ။
သူက.သူကောင်လေးနဲ့ အဲဒီလယ်ကွင်းထဲမှာ ချိန်းတွေ့ကြတယ် ။
သမီးက လယ်ကွင်းဘေးမှာ လျောက်သွားနေရင်း လယ်ကွင်းအစပ်မှာ အရုပ်လေးတစ်ရုပ်တွေ့လို့ ကောက်လိုက်တယ် ။

အရုပ်ပုံစံက ဘီလူးတစ်ကောင်လို အရမ်းကြောက်ဖို့ကောင်းတယ်ဆရာ
သမီးလဲ အဲဒီအရုပ်ကို ကြောက်ကြောက်နဲ့ တစ်ခြားလယ်ကွင်းထဲ ပစ်ထုတ်လိုက်တယ် ။

အဲဒီကနေ ပြန်လာတော့ လှရီ ပိုးထိတာပဲဆရာ ။
သမီးလဲ ဆူခံထိမှာစိုးလို့ အမေကို မပြောပြခဲ့ဘူး။

အဲဒီလို လှရီဆုံးပြီးတော့ ညဖက်တွေဆို သမီး အိမ်မက်ထဲ အရမ်းကြောက်ဖို့ေကောင်းတဲ့ မကောင်းဆိုးဝါးတွေ ပေါ်ပေါ်လာတယ် ။
သမီးကို လာလာခေါ်တယ် ။
ခုနောက်ပိုင်း ပိုဆိုးလာတယ် ။
အဲဒီလယ်ကွင်းဆီ လာဖို့ခေါ်နေတယ် ။

ရပြီ— အရီးလေးတို့.စိတ်အေးအေးထားတော့.
ကျွန်တော်ကို လယ်ကွင်းနေရာ လမ်းညွှန်ပေးပါ
ပြန်လာရင်.ညီမလေး အကောင်းပကတိ ဖြစ်စေရမယ် ။

အောင်မြတ်သာတို့လဲ ညွှန်ပြတဲ့အတိုင်း ထွက်လာခဲ့လိုက်တယ် ။
လယ်ကွင်းအစပ်နားရောက်တော့
နှုတ်ခေါင်းထဲ အပုတ်နံ့က ထောင်းခနဲ ဝင်လာခဲ့တယ် ။

ဟိုကောင်က ရွာထဲကနေ တို့အနောက်လိုက်လာပီ သက်ခိုင်လဲ လယ်ကွင်းထိပ်အရောက်
ဝုန်း—
လယ်ကွင်းအစပ် အုန်းနှဲပင်ကြီးပေါ်ကနေ ခုန်ချလာတာ ။
သက်ခိုင်တောင် ကြက်သီးမွေးညင်းတွေ ထလာတယ် ။
တော်ရုံလူတွေ့လို့ကတော့ လန့်ပြာလွင့်သွား နိုင်တယ် ။
ထောင်နေတဲ့ နားရွက်နှစ်ဖက်ကအနောက်ကို လန်ကျနေတယ် ။
နှာခေါင်းနေရာက ဘာမှမရှိ
ပါးစပ်တစ်ဝိုက်က လင်ပန်းတစ်ချပ်စာလောက် ပြဲနေပြီး အထဲကနေ အပုတ်ရည်တွေ စီးကျနေတာ

အောင်မြတ်သာကို လယ်ကွင်းထဲကနေ ထွက်သွားဖို့ လက်ဟန်ခြေဟန်နဲ့..
လုပ်ပြနေတယ် ။
အောင်မြတ်သာက ဂရုမစိုက်ပဲ –
သက်ခိုင် ဒီအင်းချပ်ကို ငုံပြီး သူပုံတူကို လိုက်ရှာ တွေ့တာနဲ့ ငုံထားတဲ့ အင်းချပ်နဲ့ ပတ်လိုက်ဆိုပြီး အင်းချပ်တစ်ချပ် ထုတ်ပေးတယ် ။

သက်ခိုင်လဲ အင်းချပ်ကို ငုံလိုက်တယ် ဆိုရင်ဖြင့်
မျက်လုံးထဲကနေ အလင်းရောင်တန်းက ဓါတ်မီးတစ်လက်လို စူးစူးရှရှ ထွက်လာတယ် ။

အောင်မြတ်သာက လယ်ကွင်းထဲက မထွက်မှန်း သိကော–
လက်နှစ်ဖက်ကို ဆန့်ပြီး လည်ပင်းချိုးဖို့ ဒုန်းဆိုင်း – ပြေးလာတာ–
အောင်မြတ်သာက အရှေ့က မြေကြီးပေါ် စည်းလေးတားလိုက်ရုံရှိသေး.
စည်းနားလဲရောက်ကော တားထားတဲ့ စည်းထဲက မီးတောက်မီးလျှံတွေ ထတောက်တာ —
သကောင့်သားခမျာ မြေကြီးပေါ် လိမ့်နေအောင် ဝူးဝူးဝါးဝါးနဲ့အော်ပါလေရော ။

ဒါပေမယ့် ဇွဲက မလျော့ဘူး
ဲပြန်ကုန်းအထ အောင်မြတ်သာက လေထဲကနေ ပတ်ပတ်လည် စည်းလှမ်းတားလိုက်တာ
မီးတောက်တွေက ပတ်လည်တောက်လောက် ပါလေရော ။

မီးတောက်တွေထဲရောက်ရော အထဲက ကောင်က လှုပ်မရတော့ဘူး.။
ခဏနေတော့ သက်ခိုက်ရောက်လာပြီး –
အင်းချပ်နဲ့ပတ်ထားတဲ့ အရုပ်လေးတစ်ခုလာပေးတယ် ။
အောင်မြတ်သာက ကြည့်ပြီး သစ်ဘီလူးနဲ့ထုထားတာပဲ ဆိုပြီး ခုနက တောက်နေတဲ့ မီးတောက်ထဲ
ပစ်ထည့်လိုက်တယ် မီးတောက်လဲငြိမ်း အထဲမှာဘာမှမရှိတော့ဘူး ။

အောင်မြတ်သာတို့လဲ ရွာထဲပြန်ရောက်တော့
ခုနက သရက်ပင်ပေါ်မှာ ဆံပင်ကုတ်ဝဲလေးနဲ့ ကောင်မလေးပြန်ရောက်နေပီ ။
အောင်မြတ်သာကိုလဲ တွေ့ကော
သူသွားတော့မယ်ဆိုတဲ့အကြောင်း လာပြောလေရဲ့ ။

နှင်းနှင်းတို့ အိမ်လဲရောက်ကော ရေတစ်ခွက်ကို မန်းပြီး တိုက်ချလိုက်တာ—
သောက်ပြီးတယ်ဆိုတာနဲ့ အိပ်ချင်တယ်ဆိုပြီး အိပ်လိုက်တာ —
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ် ။
အောင်မြတ်သာလဲ ထွန်းအောင်တို့အိမ်ပြန်လာပြီး
ကိုထွန်းအောင် —
လယ်ပိုင်ရှင်ဆိုတဲ့ လယ်ကို ဝယ်လိုက်တော့ ။
ဒီလယ်မှာ မကောင်းတဲ့အရာမှန်သမျှ မရှိတော့ဘူး
ခုချိန်ဆို ဈေးပေါပေါနဲ့ရလိမ့်မယ် ။
ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားပေးပါ ။

ထွန်းအောင်လဲ ဝမ်းသာပြီး မနက်ဖြန် သွားဝယ်မယ် ။
စေတနာအကျိုးပေါ့ဗျာ ။
ဆရာလေးတို့လဲ နားလိုက်ပါဦး ဆိုပြီး ရေနံဆီမီးအိမ်လေးကို မီးရောင်လေးလျော့လိုက်တယ် ။
တစ်ချက် တစ်ချက် အော်မြည်တဲ့ ပိုးကောင်လေး တွေရဲ့အသံကို နားထောင်ရင်း
အောင်မြတ်သာ တစ်ယောက် မျက်လုံးလေးမှိတ်လိုက်မိတယ် ။
လေးစားစွာဖြင့်

ဆရာ ဇေယန ( ရာမည )

Leave a Comment