ဝက်တစ္ဆေ

* ဝက်တစ္ဆေ * (စ/ဆုံး)
+++++++++
— ဖြစ်စဉ်က ၂၀၁၀ ခန့်ကဖြစ်သည်။

— မန္တလေးတိုင်း၊တံတားဦးမြို့နယ်၊ သဲမောင်းကန် ဆိုတဲ့ရွာလေးမှာပေါ့…မန္တလေး လေဆိပ်ကြီးရဲ့အနောက်ဘက် ၁မိုင်အကွာခန့်မှာ အဲ့ရွာ ရှိသတဲ့ —

” ရာဇဝင်မှာ စုံတ– သဲမောင်းကန်မှာ ကျော်လှ–တဲ့” ဝက်နဲ့ပတ်သပ်ရင် ကျန်းကုန်အောင်သိတဲ့လူတွေပေါ့…ဝက်ကိုဘယ်လိုဖြစ်ထွန်းအောင်မွေးရမယ်၊
ဝက်ပေါ်ရင်လဲ ဘယ်လိုနည်းနဲ့ ဘယ်လိုအချိန်ကိုက်အောင်ပေါ်ရမယ်ဆိုတာကို ဆရာမကူသရံပူဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူတဲ့ ပုဂ္ဂိုလ်ထူးကြီးတွေဆိုရင်လဲ မမှားချေ။
”အားလုံးလဲကြားဖူးကျမှာပါ….ဘုရားလက်ထပ်က ရာဇဂြိုလ်မှာ `စုံတ´ ဆိုတဲ့ဝက်သက်သမားတဦးရှိခဲ့ဖူးတယ်။
…..ဝက်မွေးတဲ့နေရာမှာ ဆရာတဆူတဲ့….ဝက်လဲမွေးတယ်၊ ဝက်လဲပေါ်ရောင်းတယ်…..ဝက်မွေးတာကျွမ်းတော့ သူမွေးတဲ့ဝက်တွေဟာ ရာဝန်အိုးခန့်ပင်ကြီးမားထွားကျိုင်းကျသည်။
ဝက်ပေါ်တဲ့နေ့ကိုရောက်ရင် မိုးပြဲဒယ်ကြီး၁၀လုံးလောက်ကိုရေပွက်ပွက်ဆူတဲ့ထိတည်ထားပါတယ်။
ပြီးတော့ ပေါ်ရန်သတ်မှတ်ထားသောဝက်တွေကို ငုတ်တိုင်ကြီးတွေမှာဖတ်ခိုင်းပြီး ခြေရောလက်ပါကြိုးတုတ်လိုက်တယ်။ ကြိုးတုတ်ပြီးရင်တော့ တင်းပုတ်ကြီးတခုနဲ့
ဝက်တွေရဲ့တကိုယ်လုံးကို ဖူးထစ် ယောင်ကိုင်းနေတဲ့ထိ အဆက်မပျက်ထုပါသတဲ့….အဲ့လိုအထုခံရတဲ့ဝက်ကြီးတွေဟာ အသားတွေနာပြီး မူလအနေအထားထက်
ယောင်ကိုင်း ကြီးမားလာပါတယ်။ သူ့ စိတ်ကြိုက်အနေအထားကိုရောက်ရင် ထုတာကိုရပ်ပြီး ဒယ်အိုးထဲမှ ပွက်ပွက်ဆူနေသော ရေနွေးကို အုန်းမုတ်ခွက်ဖြင့်ခက်ပြီး
ဝက်တွေရဲ့ပါးစပ်ထဲကို အတင်းလောင်းထဲ့ပါတယ်…ဒီတော့ ဝက်တွေရဲ့အတွင်းကလီစာတွေဟာ ရေနွေးလောင်ပြီး ယောင်ကိုင်းလာပြန်ပါတယ်….ထိုကဲ့သို့ ရေနွေးလောင်းပြီးခါမှ
ဧရာမတူကြီးနဲ့ ဝက်တွေရဲ့ထိတ်ကို ထုသက်ပါသတဲ့လေ….
—စုံတသေတော့ ၇ရက်၇လီ ဝက်တွေခံရသလိုခံစားပြီးမှ အဝီစိကိုဆင်းသွားရပါတယ်။

—ဒါကတော့ ဘုရားလက်ထက်က ဝက်သမား စုံတအကြောင်းပေါ့…

— အခုဆက်လက်ပြီး ကျော်လှရဲ့အကြောင်းလေးကိုဆက်ရအောင်။

” သဲမောင်းကန်ဂေါစကံမှာ `ဝက်ကျော်လှ´ဆိုရင် ခလေးကအစခွေးအဆုံး အကုန်သိကျတယ်။ ဝက်ပေါ်လိုင်စင်ရထားသူတဦးဖြစ်တာကြောင့် သူ့အပိုင်ထဲကဝက်တွေကို
သူမသိပဲ၊သူ့ရဲ့ခွင့်ပြုချက်မရပဲ လုံးဝပေါ်ခွင်မရှိပါဘူး– . ခိုးပေါ်လို့ ကျော်လှသိသွားရင် သူ့မှာ တရားစွဲပိုင်ခွင့်ရှိပါတယ်။ ရောင်းတာကိုတော့ ကြိုက်တဲ့နေရာမှာရောင်းပေါ့လေ….
…..ကျော်လှဟာ ဝက်ပေါ်ရောင်းယုံမက ဝက်လဲကိုယ်ပိုင်မွေးပါတယ်။ တဧကခန့်ကျယ်တဲ့သူ့အိမ်ဝန်းထဲမှာ ပေ၄၀ခန့်ရှိသော ဝက်ခြံကြီးနှစ်ခုကို မျက်နှာချင်းဆိုင်ဆောက်ထားပါတယ်…ဝက်ခြံတခြံကို အကောင်၂၀ကျော်မွေးထားသဖြင့် ၂ခြံပေါင်း ဝက်အကောင်၅၀ခန့်ရှိလေ၏။ ကျော်လှမှာ မဲကြီး၊လှမိုးနဲ့ ဩကြီးဆိုတဲ့ တပည့်တွေရှိတယ်။ အားလုံး လက်ရဲဇာတ်ရဲတွေ….
ကျော်လှခိုင်းရင် အဝီစိတောင် ဆင်းမဲ့ကောင်တွေပေါ့….ကျော်လှမှာ မသန်းနုဆိုတဲ့ဇနီးတယောက်ရှိတယ်…သားထောက်သမီးခံတော့ မရှိဘူး…
အကုသိုလ်နဲ့အကျိုးပေးတယ်ပဲပြောရမလား…..ကျော်လှရဲ့ဝက်သက်တဲ့အလုပ်ဟာ တနေ့တခြားအောင်မြင်လာပြီး မန္တလေး မြို့မဈေးကြီးအထိ ခြေဆန့်နိုင်ခဲ့သည်။
ဝယ်လိုအားမြင့်တက်လာမှုကိုဖြည့်ဆည်းနိုင်ရန် နေ့ရှိသ၍ ဝက်အဝယ်ထွက်ရသည်။ ကျော်လှဝက်အဝယ်ထွက်ရင် တပည့်၃ဦးလိုက်ပါပြီး ကိုယ်ပိုင်ထော်လာဂျီနဲ့
နယ်အနှံ့ထွက်သည်။ သူ့စိတ်ကြိုက်ဝက်ကိုတွေ့ရင် မတဲ့ တည့်အောင် ဈေးငြှိပြီးရအောင်ဝယ်သည်။
ဝယ်လို့ရတဲ့ဝက်တွေကို ချက်ချင်းမပေါ်သေးပဲ မိမိခြံထဲမှာ ၂ပတ်ခန့် ဆေးကောင်းဝါးကောင်း၊အစာကောင်းများဖြင့် ဝက်လုံးလှအောင်စနစ်တကျ မွေးမြူသည်။
တန်းဝင်သော အဆီ၊အသား ပြည့်ပြီဆိုမှ တသုတ်ချင်းဆီ ပေါ်ဖို့လုပ်တယ်။

ရာဇဝင်မှာ စုံတ….သဲမောင်းကန်မှာ ကျော်လှ ဆိုတာ အပြောမဟုတ် လက်တွေကျကျ ကြည့်လိုက်ကျစို့.

” ကျော်လှဟာ ဝက်တခါပေါ်ရင် အနဲဆုံး၆ကောင်မှ အများဆုံး၁၀ကောင်အထိ ပေါ်လေ့ရှိပါသည်။ ဝယ်လိုအားအပေါ်မူတည်ပြီး အတိုး အဆုတ် တော့ရှိတာပေါ့…..
ဝက်ပေါ်တော့မယ်ဆိုရင် ပေါ်မဲ့ဝက်တွေကို မူးရစ်ထုံထိုင်းဆေးတမျိုးကို အစာထဲမှာထဲ့ကျွေးလိုက်တယ်…..ဆေးအရှိန်ကြောင့် ဝက်တွေလဲ ရုန်းခြင်းကန်ခြင်းသိပ်မလုပ်နိုင်တော့ဘူး…..
ထို့နောက် သစ်သားမျောစင်ကြီးတခုပေါ် တကောင်ချင်းစီဆွဲတင်သွားတယ်….သစ်သားမျောစင်ရဲ့အောက်မှာ မီးအားပြင်းပြင်းနဲ့ရေနွေးတည်ထားတဲ့
အလျား၁၀ပေ အနံ၈ပေ၊ ဇောက်၊ ၆ပေရှိသော လေးထောင့်သံမဏိ ရေနွေးကန်ကြီးရှိပါတယ်။
ကျော်လှရဲ့ အယုတ်မာဆုံးအချက်က ထိုကန်ထဲသို့ဝက်တွေကိုပစ်မချင် ဝက်အမြီးတွေကို အရှင်လက်လက် ဖြတ်ယူလိုက်ခြင်းဖြစ်သည်။
ထိုအမြီးတွေကို အရက်နဲ့မြည်းဘို့အတွက် တမင်ဖြတ်ယူထားခြင်းဖြစ်သည်။ အဲ့လို အမြီးတွေဖြတ်ပြီးခါမှ ရေနွေးကန်ထဲကို တကောင်ချင်း ကန်ချလိုက်တယ်။
ရေနွေးကန်ထဲကိုကျသွားတဲ့ဝက်တွေဟာ ငရဲဒယ်အိုးကြီးထဲက ငရဲသားတွေလို အော်ဟစ်ရုန်းကန်ရင်း ရေနွေးအောက်ကိုမြုတ်လိုက်၊ပြန်ပေါ်လိုက်၊အော်တဲ့အခါ
ရေနွေးတွေက ပါးစပ်မှတဆင့် ဝင်းခေါင်းထဲကိုဒလဟော ဝင်လိုက်ဖြင့် ဘဝတပါးကိုကူးပြောင်းသွားရပါတယ်။
…ဝက်အားလုံးငြိမ်သွားမှ ရေထုတ်ပေါက်ကိုဖွင့်ပြီးရေနွေးတွေကိုထုတ်လိုက်ပါတယ်။
….ရေနွေးတွေကုန်သွားတော့ သံမဏိကန်ကြီးကို ချိန်းဗလောက်နဲ့မပြီးအသားဖြတ်မဲ့နေရာမှာ မှောက်ချလိုက်ပါတယ်။ ရေနွေးဝနေသောဝက်တွေဟာ
ရိုးရိုးပိုက်နဲ့ထိုးထားသော ရေထိုးဝက်တွေထက်ပင် အချိန်ပိုစီး နေကျတော့သည်။

“ကိုင်း….ဒီလောက်ဆိုရင် ရာဇဝင်က စုံတနဲ့ သဲမောင်းကန်ကကျော်လှ ဘယ်သူပိုကြမ်းသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။

“ ဒီလိုဒီလို့အချက်တွေကြောင့် ကျော်လှဆိုတဲ့ငနဲကြီးကို အကုသိုလ်ကောင်ကြီး၊လူယုတ်မာကြီး၊ လူ့တရိစ္ဆာန်ကြီး ဆိုပြီး မြင်ကျ၊ပြောကျ၊ကျိန်ကျ၊ဆဲကျမည်မှာမလွဲပေ…
—.ဒါပေသိ ခတ္တခဏလောက်သီးခံပြီး ကျုပ်စကားလေးကိုဆုံးအောင်နားထောင်ကျပါဦး ကျော်လှနဲ့ပတ်သပ်ပြီး ကျုပ်ရဲ့စကားမဆုံးသေးဘူး။

“ ဝက်ကျော်လှဟာ ဝက်ပေါ်တဲ့နေရာမှာ ကမ်းကုန်အောင်ရက်စက်ပေမဲ့ ဘုရားဒါကာ၊ကျောင်းဒါကာ၊ရဟန်းဒါကာ၊သိမ်ဒါကာ၊ကထိန်ဒါကာတဦးပါလို့ဆိုလိုက်ရင်
အားလုံး စိတ်ကသိကအောက်ဖြစ်သွားကျမည်မှာမလွဲပေ။
…ကျော်လှဟာ ဝက်လုပ်ငန်းနဲ့ စီးပွားအတော်တက်လာခဲ့တယ် လူမသိသူမသိပိုင်ဆိုင်မှုဟာ အဝေးပြေးကားလိုင်းတခုထောင်မယ်ဆိုထောင်လို့ရတယ်။
ဒါပေမဲ့ ကျွမ်းကျင်ရာလိမ္မာရာဆိုသလို မိမိကျွမ်းကျင်တဲ့ဝက်လုပ်ငန်းကိုမစွန့်လွှတ်နိုင်ခဲ့ဘူး။ သားထောက်သမီးခံမရှိတဲ့ ကျော်လှတို့လင်မယားအတွက်
ဒီပိုင်ဆိုင်မှုကို ဘယ်လိုအကျိုးရှိအောင်သုံးမလဲ?…
…..ဒီအချက်ကို ကျော်လှစဉ်းစားမိလာတယ်….မိမိလုပ်တဲ့အလုပ်ဟာ အကုသိုလ်အလုပ်လေ…မကောင်းမှန်းတော့သိသားပဲ…သို့သော်
အတိတ်ကံကမကုန်သေးတော့ ဆက်လုပ်နေရတုန်း…….ဒီတော့ မိမိသေတဲ့အခါ ထိုအကုသိုလ်ကြီးကို အထိုက်အလျောက်ကုစားပေးနိုင်မဲ့
ကုသိုလ်အလုပ်တွေကိုလဲ လက်မနှေးတမ်း ကျော်လှလုပ်ဖြစ်ခဲ့ပါတယ်။

” ဘုရားတည်ဘို့ အလှူငွေထဲ့ပါဦးကိုကျော်လှ””….
.”.အေး…ဘယ်လောက်ကုန်မလဲ.””
…..
—သိန်း၂၀လောက်…..

…ရော့ဟာ ၁၀သိန်း….
…ကဗျဉ်းမှာ ငါ့နာမည်မထဲ့နဲ့….ငါ့အလှူငါသိတယ်…

—- ကိုကျော်လှရေ…ဘယ်စာသင်တိုက်က ဘယ်ကိုရင်ကြီးတွေတော့ ပဇင်းတက်ဘို့ရဟန်းဒါကာလုနေတယ်..

….ဘယ်နှစ်ပါးလဲ…..

..၅ပါး…

…ရော့….တပါးကို ဘယ်လောက်နှုံး…လိုတာရှိရင် ငါ့အိမ်ကို အချိန်မရွေးကြွပြီးအလှူခံပါလို့လျှောက်လိုက်…

….မောင်ကျော်လှရေ..အဘတို့ကျောင်းတော့ ဒီနှစ်ကထိန်ဒါကာမပေါ်ဘူးကွဲ့…
….မပူနဲ့အဘသောင်း….ဒါကာပေါ်ပြီသာမှတ်လိုက်….ရော့ ငွေ၈သိန်း…လိုတာတွေကြိုဝယ်ထား…အလှူအမှီ ကျုပ်တို့လင်မယားလာခဲ့မယ်..

…. .တူကြီးကျော်လှရေ…မင်းအဖေခေါင်းချသွားတဲ့ ငါတို့ရွာက ဘုန်းကြီးကျောင်းမှာ သိမ်ပြန်ပြင်ကျမလို့ကွဲ…အဲ့ဒါ….ငွေကြေးမပြည့်စံဘူးဖြစ်နေတယ်…

….အို…ဘယ်လောက်မှန်းထားလဲ ဦးကြီး..
ပန်းရံဆရာကိုတခါထဲခေါ်ခဲ့…. အကုန်ပြီးအောင်ကျုပ်လူမယ်ဗျာ…..

–.အဲ့လို…အဲ့လို သဒ္ဒါတရားထက်ထက်သန်သန်နဲ့လှူတဲ့လူကြီးဗျ…သူ့မယားဆိုတာကလဲ သူပြီးရင်ပြီးတယ်။ ဒါ့ကြောင့်လဲ ကျော်လှဆိုတဲ့ လူကြီးကို အရပ်တကာက ချစ်ကြောက်ရိုသေကျလေသည်။

….ဒီနေရာမှာ တခုဖြတ်ပြောချင်တာက….

…အလှူတွေဒီလောက်လှူပြီး ဘာသာရေးအသိစိတ်ဓာတ်ရှိတဲ့လူက ဘာ့ကြောင့် အကုသိုလ်အလုပ်ကြီးကို ရက်ရက်စက်စက်ကြူးလွန်ပြီး စီးပွားရာနေပါသလဲ?

–.ထိုကဲ့သို့မေးလာခဲ့သည်ရှိသော်…..

…အတိတ်ကံ၏ အကုသိုလ်အရှိန် မကုန်သေးသောကြောင့်ဟု ဖြေမယ်ဆိုဖြေလို့ရပါသည်။

— ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အင်္ဂုဠိမာလ ဆိုတဲ့ ရဟန္တာကြီးဟာ လူ့အသက်ပေါင်းများစွာကိုသက်ဖြတ်ဖူးပြီး အကုသိုလ်အရှိန်ကုန်တော့
ဘုရားရှင်နဲ့တွေ့ကာ ကျွတ်တန်းဝင်ခဲ့ပါတယ်။
တဖန် ဘုရှားရှင် ပရိနိဗ္ဗန်ပြုပြီးနောက် သာသနာမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ရှင်ဥပဂုတ္တမထေရ်ကြီးဟာ ရဟန္တာမဖြစ်ခင်က ငှက်ပစ်မုဆိုးကြီးတဦးပါ….
အတိတ်ဘဝက အကုသိုလ်အရှိန်ကုန်လာတော့ နတ်ရေကန်ထဲပစ်ချခံရပြီး ပြန်ပေါ်လာတဲ့အခါ ပရိက္ခရာ၈ပါးအပြည့်အစုံနဲ့ ရဟန္တာအသွင်ကူးပြောင်းသွားခဲ့ပါတယ်။
ဒီလို ရဟန္တာကြီးတွေအပေါ် လက်ရှိဘဝမှာပြုခဲ့ဖူးတဲ့ အကုသိုလ်ကံတွေဟာ ဆက်လက်အကျိုးမပေးနိုင်တော့ဘူးလား?
….ဟုတ်ကဲ့….လက်ရှိဘဝမှာပဲ အသဝေါကုန်ခမ်းတဲ့ ရဟန္တာ အရိယာကြီးတွေဖြစ်သွားလို့ အကုသိုလ်ကံဟာ ဆက်လက်အကျိုးပေးခွင့်မသာပဲ အဟောတိကံဖြစ်သွားရပါတယ်ခင်ဗျာ။

—ဒါဆို …..ယခုမျက်မှောက်မှာ ဝက်ကျော်လှကိုရော သူလုပ်နေတဲ့ အကုသိုလ်ကြီးက အကျိုးမပေးသေးဘူးလား…?

….ဟုတ်ကဲ့…..အကျိုးပေးပါတော့မယ်…
–..အဲ့နေ့က တန်ဆောင်မုန်းလ္ဆန်း၈ရက်နေ့….

…..သူ အမတည်ပြီးခင်းခဲ့သော ကထိန်အလှူကနေပြန်လာချိန်ပေါ့….

….ညဘက်မှာ ဝက်၅ကောင်ပေါ်ရမယ်….
….သီလယူထားသဖြင့် ဝက်ပေါ်ခြင်းကို တပည့်၃ယောက်နဲ့လွဲထားလိုက်တယ်။

….အဲ့ဒါ…ဝက်ပေါ်ချိန်ရောက်တော့..တပည့် သြကြီးက ကျော်လှဆီပြေးလာတယ်..

….ဆရာလှ…..ဗျို့…ဆရာလှ..

…ဟေ…..
…သြကြီး….ဘာလဲဟာ…..

….ဟို…ဟို….ကုန်းပါတ်ကျားကြီးကို မျော်ပေါ်ဆွဲတာ ဘယ်လိုမှဆွဲမရလို့ဗျ…
…ကျုပ်တို့၃ယောက်ဆွဲတာလဲ မနိုင်ဘူး…
…အဲ့ဒါ ဆရာလိုက်ခဲ့မှဖြစ်မယ်….

….ဝက်နဲ့ပတ်သပ်ရင် ကျော်လှခေါင်းထဲမှာ ကျန်တာသတိမရနိုင်တော့ပေ…

–.တောက်…ခွီးမှပဲ….
…၃ယောက်ရှိတာတောင်ဒီဝက်တကောင်ကိုမနိုင်ဘူး….သောက်သုံးမကျတဲ့ကောင်တွေ…..ဟူးးး

….ကျော်လှဟာ ပါးစပ်က ဗျစ်တောက်ဗျစ်တောက်ပြောရင်း ဝက်ပေါ်တဲ့နေရာကိုလိုက်သွားသည်။

….ဟိုရောက်တော့ ဩကြီးပြောတာ မလွန်မှန်းသိလိုက်ရသည်။ မှန်ပြေကုန်းရွာက အကြွေးဖြင့်သိမ်းလာသော ကုန်းပါတ်ကျားဝက်ကြီးက
ဇောင်းမွှေးများထောင်ပြီး လှမိုးနဲ့မဲကြီးကို ကြိုးတန်းလန်းနှင့် လိုက်ပတ်နေသည်။
….ခန်းမှန်း အချိန်၁ဝဝကျော်ခန့်ဖြစ်၍ လွယ်လင့်တကူ မျော်ပေါ်ဆွဲမရချေ။
တောက်….
….ကျော်လှကိုပညာစမ်းတဲ့ဝက်…သိကျရောပေါ့…..

….ကိုင်း…လာလေရော့….

….ဖြော….ဗြော…..ဖြောင်းး…

…ဂှီ….ဂူးးးအူးး

…ကျော်လှဟာ လေးနှစ်ပိုင်းတချောင်းကိုကောက်ပြီး ဝက်ကြီးရဲ့ ရှေ့လက်၂ချောင်းကိုဖြတ်ရိုက်လိုက်ရာ…ဝက်ကြီး ရှေ့သို့ဦးစိုက်သွားလေသည်။

…ဟေ့ မဲကြီး လည်ပင်းကြိုးစွတ်စမ်း…
…လှမိုးနဲ့ဩကြီးက ရှေ့လက်နှစ်ချောင်းကို ကြိုးချည်…..ငါက နောက်ကနေ ခရင်းနဲ့ဆွပေးမယ်…

…ဟုတ်ကဲ့ ဆရာလှ….
….
…ဂြီ…ဂြီ….အူးးဝူးး
…ဆွဲကျစမ်း…..
…ဖြော….ဖရော……..
…ဟဲ့ဝက် သွားစမ်း….ဇွပ်…..
…ဂါးးကြီးးးဂြီးး
….ဆွဲဟ….ရောက်တော့မယ်……..

…ဖရော….ဖြော…ဗြော…..

….မျောထိတ်ကိုရောက်တော့ ဝက်ကြီးဟာ ဦးစိုက်နေရာမှ ကျုံးထပြီး စင်အောက်မှ ရေနွေးကန်ကြီးကိုကြည့်လိုက်သည်။
သယ်……
…ဆင်းစရာရှိဆင်းတာမဟုတ်ဘူး ..
….နင်မဆင်းရင် ငါကန်ချပေးမယ် လာလေရော့…..
…ဖြော….အုန်း….
…ဟာ……
….အမလေး……..
…အုန်း….ဗွမ်း…..
….အား ပူတယ်
…ကယ်ကြပါ…..အားးး
+++++

…ဝက်ကြီးကိုကန်ချရန်အရှိန်ဖြင့်လာသော ကျော်လှရဲ့ခြေထောက်မရောက်ခင်မှာ ဝက်ကြီးက ကိုယ်တပါတ်လှည့် ရှောင်လိုက်ပြီး ဝင်လာသောကျော်လှကို
ရေနွေးကန်ထဲသို့ ပက်ချလိုက်လေသည်။

……တပည့်လုပ်သူတွေလဲ ထင်မှတ်မထားသည့်အဖြစ်အပျက်ကြောင့် ကျက်သေသေပြီး ကြောင်ကြည့်နေကျသည်။

…..ကျော်လှဟာ ပွက်ပွက်ဆူနေသောရေနွေးကန်ကြီးထဲမှာ ရုန်းကန်အော်ဟစ်ရင်းဖြင့်… တဖြေးဖြေးငြိမ်သပ်သွားလေတော့သည်။

….ကျော်လှရဲ့နာရေးကိုလာကျသောသူများဟာ ကျော်လှ၏အလောင်းကိုကြည့်ပြီး တုန်လှတ်ခြောက်ခြားသွားကျသည်။
..အဘယ်ကြောင့်ဆိုသော် တရက်သာသာခန့်သာရှိသေးတဲ့ကျော်လှရဲ့အလောင်းဟာ မချိမဆန့် ဖောင်းကားလာသဖြင့် အလောင်းထဲ့ထားသောအခေါင်းပင် ပွင့်ထွက်လုနီးပါး ပြဲကားလာသည်။
ထို့ကြောင့်၃ရက်ပြည့်အောင်မထားတော့ပဲ ရွာအနောက်သုသာန်မှာ အမြန်ဆုံး ဂူသွင်းမြှုတ်နှံလိုက်ကျလေတော့သည်။

….ထိုရက်အတောအတွင်း ညဘက်ရောက်ရင် သဲမောင်းကန်တရွာလုံး မည်သူမှအိမ်ပြင်မထွက်ရဲကျပေ။
…တစ္ဆေကျော်လှဟုယူဆရသော မဲမဲကောင်ကြီးက ဝက်တကောင်လိုအော်သံဖြင့် ရွာအထဲ/အပြင်မှာ ပါတ်သွားနေတာကို မြင်တဲ့သူ၊ကြားတဲ့သူဟာ သဲမောင်းကန်တရွာလုံးနီးပါးဖြစ်သည်။

” ဒါကတော့ သဲမောင်းကန်ဝက်ကျော်လှ၏ စ၊လည်၊ဆုံး ဘဝဇတ်ကြောင်းလေးပေါ့….

….အခုဆက်ပြီးတင်ပြမှာက ကျော်လှ ရက်လည်တဲ့ညမှာ ချစ်သူနဲ့ချိန်းတွေ့ဘို့သွားရင်း ရွာအနောက်ဘက်သုသာန်မှာ တစ္ဆေကျော်လှနဲ့တွေ့ခဲ့တဲ့
စစ်ကိုင်းသား ရှိုင်းထက်နဲ့သူ့သူငယ်ချင်း မင်းမင်းရဲ့ ဖြစ်စဉ်လေးပါ။

…..ရှိုင်းထက်ရဲ့ ငယ်ချစ်ဦးဟာ သဲမောင်းကန်ရွာသူတဦးပါ…..ရှိုင်းထက်ဟာ အရင်တုန်းက သဲမောင်းကန်ရွာသားတဦးဖြစ်ပါတယ်…မိသားစုစီးပွားရေးကြောင့်
စစ်ကိုင်းကို ပြောင်းနေရင်း ငယ်ရည်းစားမိနှင်းနဲ့အလှမ်းကွာခဲ့ရသူပါ…
…..ရှိုင်းထက်ဟာ စစ်ကိုင်းမှာနေရင်း ငယ်ရီးစားကို လူယုံသူငယ်ချင်းတဦးကတဆင့် အဆက်အသွယ်လုပ်ပါတယ်။
ခါတ်လူငယ်ပေမဲ့ ကိုယ်ခံပညာတတ်တယ်…သူလို့ပဲ သူငယ်ချင်းမင်းမင်းလဲ မြန်မာ့သိုင်းပြောင်းပြန်ပညာကို အခြေခံ ..ပယ်၊ခုတ်၊မ၊ခွဲ..
မှစလို့ ပြိုက်ဘက်ကို “၂ချက်ထိုး တချက်ကန် အသိမပြန်” တဲ့ထိ တိုက်ခိုက်နိုင်ပါတယ်။

မှတ်မှတ်ရရဆို အဲ့နေ့က တန်ဆောင်မုန်းလပြည့်ည……ချစ်သူနဲ့ ည၁၀နာရီမှာတွေ့ဖို့ချိန်းထားသဖြင့် ရှိုင်းထက်ဟာ သဲမောင်းကန်သို့ ညနေစောစောထွက်လာခဲ့ရာ
သူငယ်ချင်းမင်းမင်းရဲ့အိမ်ကို ည၈နာရီမှာရောက်ပါတယ်။

” ငမင်း….ဒီည မင်းတို့ရွာ ငြိမ်လှချေလားဟ…သခိုးကြီးညမှာ ဘာမှ မလုပ်ကျဘူးလား…
ဟ…လုပ်ချင်သပ ရှိုင်းထက်ရယ်…မလုပ်ရဲကျလို့ ငြိမ်နေကျတာ…..တောက်….ဒီညကျမှ တိုက်တိုက်ဆိုင်ဆိုင် လာတိုးနေတယ်….ဟူးးး

….ဟေ….ဘာတွေတိုက်ဆိုင်နေလို့လဲ?
….ဘယ်သူ့ကိုကြောက်နေရလို့လဲ….

…..ဟင်းးး
….ဒီညဟာ ကျော်လှကြီး ၇ရက်လည်တဲ့ညကွ….ခြောက်လိုက်တာလဲ သောက်ရမ်းပဲ…..

…..ဘာ….ကျော်လှဆိုတာ…..ဟို….ဝက်ပေါ်တဲ့ ဦးကျော်လှ လား ငမင်း…

….အေး…ဟုတ်တယ်…..သူပေါ်မဲ့ဝက်က သူ့ကို ရေနွေးကန်ထဲပက်ချလိုက်တာ…တခါထဲ ကိစ္စပြတ်ရောပဲ မောင်…

….ဟေ…..ဖြစ်ရလေကွာ……
…သြော်….အကုသိုလ်.. ……အကုသိုလ်..
…ဝဋ်ဆိုတာ ဒါမျိုးထင်တယ်….

….မှန်တယ် ရှိုင်းထက်….
…အခုလဲ ဝက်သရဲဘဝနဲ့ တရွာလုံးကိုပါတ်ခြောက်နေတာ…
…ဒါ့ကြောင့် ညဘက် ဘယ်သူမှ လမ်းမသလားရဲကျဘူး….

….အခု…မိနင်းအိမ်ကိုသွားရမှာက ရွာအနောက်ကပါတ်ပြီး လှည့်ဝင်ရမှာ…သချိုင်းကိုတော့ ကျိန်းသေဖြတ်ရမယ်…မိနှင်းအိမ်ကရွာအစွန်မှာဆိုတော့
အဲ့လမ်းကြောင်းတခုပဲရှိတယ်….ဘယ်လိုလဲရှိုင်းထက်……

….ဟီးဟီး……
….ချစ်သူနဲ့တွေ့ချင်လို့စစ်ကိုင်းကတောင်ရောက်အောင်လာခဲ့သေးတာပဲ…
…လေကြီးတိုက်ပစေ
..မိုးကြီးပဲရွာစေ
..ကျော်လှကြီးပဲခြောက်ဦးတော့…ငါကတော့ ရောက်အောင်သွားမှာပဲ….

…ဟင်း….ဒါမျိုးဆို..သောက်ခွက်က အောင်နက်ကြီး ချေးပုံတွေ့သလို ပြုံးလို့..

…အန်….
…ကလနာ…. ငါ့ကိုခွေးနဲ့နိုင်းတယ်ပေါ့..
….. သတောင်းစား…မြေပွေးကိုက်..

..တော်တော့…မြွေပွေးကိုက်တာမကိုက်တာနောက်ထား.. ၉နာရီထိုးနေပြီ..လစ်ကျစို့….

….အေး…..

…♬ …ဟေ့..ချစ်သူလာသောညကရွှေလသာပါတယ်.♪ ..ချစ်သူမလာသောည♬ ….ငွေလ…★ ..ဘယ်ကိုပျောက်နေလဲကွယ်….တုနယ်..တုနယ်…..♬

…..ငမင်းနဲ့ရှိုင်းထက်ဟာ တုတ်တချောင်းဆီကိုင်ပြီး ရွာအနောက်ဘက်ကနေ မိနင်းတို့အိမ်ရှိရာ ရွာအစွန်ဘက်သို့ ပါတ်သွားပါတယ်……

“” သင်္ချိုင်းကုန်းရှေ့ရောက်တော့…

…ဂြီ….ဂြီ….ဟဲ…..ဟဲ…ရွဲ…ရွဲ

…အသံကြားသဖြင့် သင်္ချိုင်းဘက်သို့လှည့်ကြည့်လိုက်ရာ အသစ်ဆက်ဆက်ကျော်လှကြီးရဲ့အုတ်ဂူပေါ်မှာ ဆောင့်ညှောင့်ထိုင်နေသော ဖြူဖြူကောင်ကြီး….

….နှစ်ယောက်လုံးမြင်သော်လဲ မျက်နှာလွှဲခါ မိနှင်းအိမ်သို့သုတ်ခြေတင်လိုက်ကျသည်။

…..အိမ်အနောက်ကိုရောက်တော့ သတ်မှတ်ထားတဲ့နေရာမှာ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး မိနင်းအလာကိုစိတ်ရှည်ရှည်ဖြင့်စောင့်နေလိုက်ကျသည်။
….၁၀နာရီထိုးသော်လဲ….ဆင်းမလာ
…၁၁နာရီထိုးသော်လဲ…..မထူးခြား….
…၁၂ထိုးပြန်သော်လဲ…အရိပ်အရောင်မပြ…
…..ထိုအချိန်မှာ….မိနှင်းတို့အိမ်ဘေးက စိတ်မနှံသူ ဦးသာဂူးက သခိုးထဟစ်သဖြင့်…ဆက်နေရန်မဖြစ်တော့ပဲ လာလမ်းအတိုင်း တပ်ခေါက်ပြီးပြန်လာထဲ့ကျသည်။

……ချစ်သူနဲ့မတွေ့ရလို့ မချင့်မရဲဖြစ်နေတဲ့ ရှိုင်းထက်ဟာ မိနှင်းအကြောင်းကိုစဉ်းစားရင်း ငမင်းနောက်ကပြန်လိုက်လာခဲ့သည်။

….သင်္ချိုင်းကိုရောက်ဖို့ ဝါး၂ပြန်အလိုတွင်

…ဖြော…ဗြော….ဖရော….

…ဟ….ဘာကောင်တုန်းဟ.. .

..နှစ်ယောက်သားမြင်လိုက်ရသည်က သင်္ချိုင်းထဲမှထွက်လာသောဖြူဖြူကောင်ကြီးတကောင်….လမ်းပေါ်ရောက်တော့ လေးဘက်ထောက်နေရာမှ
မတ်တပ်ရပ်ပြီး သူတို့ကိုကျောခိုင်းလိုက်သည်။…

….ဖြစ်…ဖြစ်ပါ့မလား ငမင်း…..
….လူ…လူမဟုတ်ဘူးထ်တယ်….

…အေးကွ….သတိတော့ထားရမယ်….

……နှစ်ယောက်လုံး ပါလာသောတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကျောပေးရပ်နေသော ဖြူဖြူကောင်ကြီးနားသို့လျှောက်သွားလေသည်။ မသွားလို့လဲမရ သွားဖို့က ဒီတလမ်းသာရှိသည်။

…အနားရောက်တော့ ငမင်းက…

…ဒီက မိတ်ဆွေက ဘယ်သူလဲခင်ဗျ….

….ငမင်းရဲ့အသံကြားတော့ ဖြူဖြူကောင်ကြီးက ဖြေးဖြေးချင်း လှည့်လာသည်။

….အားးးးးး
…ဘာ…ဘာကြီးလဲဟ….
…ဟီးဟီး ဟားးး
….ဝုန်း….ဖြော…ဖရော….
…ဂွီ…..ကွီးးအစ်အစ်….
….အား……..ရှိုင်းထက်…..လုပ်ပါဦး……

…လှည့်ကြည့်လာတော့ မျက်နှာတခုလုံးဟာ…နှာခေါင်း၊မျက်စိ၊နှုတ်ခမ်း မေးစေ….စတာတွေတခုမှမပါပဲ မျက်နှာဂျပ်ပိန်းကြီးနဲ့ကောင်ကြီးက
ငမင်းကိုဖက်လှဲပြီး နပမ်းသက်လေသည်။

….အူးးးဈ…ဟူးးး
…ဗြုံး…ဝုန်း….ကဲကွာ…
..ဖုန်း…ဖောင်း…..ဖြောင်းး…..

…ရှိုင်းထက်လဲ ဗြုံးခနဲမို့ကြောင်ကြည့်နေမိသည်…သူ့မျက်စိထဲမှာ ဖြူဖြူကောင်ကြီးဟာ ဝက်တကောင်နှင့်ပိုတူနေသည်။

….ဟေ့ကောင် ရှိုင်းထက်…ဘာကြည့်နေတာ…ဒီကောင်ကြီးကို တုတ်နဲ့ရိုက်စမ်း…..

…အာ…အေး….လာပြီဟေ့….

…ကျားးး
..ဖုန်း….ဖုန်း…..
…ဂြီ…ဂြီ….
….ဂါးးး
…ဟင်…… အမလေး…….

….ဖြူဖြူကောင်ဝက်တစ္ဆေကြီးဟာ ငမင်းကိုလွှတ်ပြီး ရှိုင်းထက်ကို နပမ်းပြန်သက်သည်……
….ဒီတော့ လွတ်သွားတဲ့ ငမင်းက ဝက်တစ္ဆေ ကြီးကို တုတ်ဖြင့်ဖိရိုက်ပြန်သည်။

….သည်လိုနှင့် ဝက်တစ္ဆေကြီးဟာ ငမင်းနဲ့ရှိုင်းထက်ကို တလဲစီ နပမ်းသက်ရင်း ည၁နာရီကျော်ကျော်သို့ရောက်လာခဲ့သည်။
….ဒီအချိန်မှာ….
… မောလာသူက ငမင်းနဲ့ရှိုင်းထက်….ဝက်တစ္ဆေကြီးကတော့ အသက်ပင်ပြင်းပြင်းမရှူသေး….

……ဒီတိုင်းဆို ကြာရင်မလွယ်တော့….

….ရှိုင်းထက်…. တော်တော့……..
…..ပြေး…ပြေးကျစို့……….

…အေး….ပြေးတာအကောင်းဆုံးပဲ…လာဟေ့….

……ဖြော…ဗြော……ဖရော……
…အမလေး…….
…..ကြောက်ပါပြီ…ဟောဟဲ….ဟောဟဲ…..အားး

…အီးးဟီးးဟီးး
…ဟားးဟားး
….ငကြောက်တွေ……..အူးးဝူးး ဟားးဟားး
…ပြေးစမ်း…လွတ်အောင်ပြေး…..
…ကျော်လှလက်က လွတ်မယ်ထင်ရင် ပြေးကျစမ်း….ဟားးဟားး

…လိုက်…လိုက်…လာနေပြီ…ပြေး…ပြေး….

…..ငမင်းနဲ့ ရှိုင်းထက်လဲ…ကျန်ရှိတဲ့အားနဲ့ ခြေကုန်သုတ်ထွက်ပြေးကျရင်း ရွာထိတ်ရောက်တော့ ကြက်ဖို့ခိုးထွက်လာတဲ့ ကာလသားအုပ်နှင့်တွေ့သဖြင့် ကံကောင်းသွားလေတော့သည် ….

….ဒါတောင် ငမင်းရော ရှိုင်းထက်ပါ ၇ရက်လောက် ဖျားသွားတယ်…..နေကောင်းသွားပြန်တော့ စိတ်ကရောင်ခြောက်ခြားဖြစ်နေလို့ ဆရာပေါင်းစုံနဲ့ကုလိုက်ရသေးတယ်။

….သူတို့ပြောချေအရ ဝက်တစ္ဆေကြီးကျော်လှ နဲ့ နပမ်းသက်ခဲ့ကျတာတဲ့လေ….

…ဒါ့ကြောင့် ကျန်ရစ်သူမသန်းနုက ကျော်လှကိုရည်စူးပြီး သင်္ချိုင်းကုန်းမှာ သံဃာ၅ပါးပင့်ပြီးဆွမ်းကျွေး၊ သပိတ်သွတ်ပေးခဲ့တယ်…..
….တရားနာရင်း ကျော်လှမသေခင်က သူ လှူခဲ့သမျှကို စရင်းနဲ့တကွ ဖတ်ကြားကြေငြာပြီး ရေစက်ချအမျှဝေပေးခဲ့ပါတယ်။
အဲ့ဒီနောက်တော့ တရွာလုံးကိုပါတ်ခြောက်နေသော ဝက်တစ္ဆေကြီးကျော်လှဟာ မည်သူ့ကိုမျှ ခြေါက်လှန့်ခြင်းမရှိတော့ပဲ ပျောက်ခြင်းမလှ ပျောက်သွားပါတော့သည်ခင်ဗျာ…………..

….အထက်ပဲတက်သွားသလား……
….အောက်ပဲဆင်းသွားသလားဆိုတာကိုတော့…..စာရေးသူကိုယ်တိုင်လဲ မဝေခွဲတတ်တော့ပါ တကား —–

( ပြီးပါပြီ)

Leave a Comment