အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း
” အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း ” စာရေးသူ — ဇေယန(ရာမည) +++++++++++ “ရွှေညောင်ပင်မြို့မှကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခေတ္တအနားယူခဲ့ကြတယ်။ အုပ်ဆိုင်းမှိုင်းညို့နေတဲ့ ညောင်ပင်တွေ မြို့အဝင်ဝမှာတန်းစီပေါက်ရောက်နေတာမို့ ရွှေညောင်ပင်မြို့ဆိုပြီးနာမည်တွင်တယ်လို့ ပြောကြသလို၊ ဒီမြို့ကို စတင်တည်ထောင်ခဲ့တဲ့ ဟိန္ဒူလူမျိုးတစ်ဦးက သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညောင်ပင်တွေအောက်မှာမြုပ်နှံသွားရာကနေ ရွှေညောင်ပင်မြို့ဆိုပြီး အမည်တွင်လာတယ်လို့လဲဆိုစမှတ်ရှိခဲ့ကြတယ်။ ရွှေညောင်ပင်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံစုဝေးနေထိုင်ကြပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလဲမရှိသလောက်ရှားပါးခဲ့တယ်။ သီတင်းကျွတ်ပွဲတော်၊ ဒီပါဝလီပွဲတော်အစရှိတဲ့ ဘာသာရေးပွဲတော်များကျင်းပတဲ့အခါမှာလဲ သူ့ဘာသာ ကိုယ့်လူမျိုးခွဲခြားမှုမရှိပဲ တွေ့သမျှလူအားလုံးပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲလေ့ရှိကြတယ်။ ယခုလဲ အောင်မြတ်သာတို့ရောက်နေတဲ့ အချိန်က ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပနေတဲ့အချိန်ဖြစ်တာနဲ့အညီ မြို့ထဲမှာရှိတဲ့ ဗုဒ္ဓဘာသာလူမျိုးတွေကတော့ ရေအိုးလေးတွေကိုယ်စီရွက်ရင်း ညောင်ရေသွန်းမယ့်နေရာဆီသွားနေကြသလို အခြား ဘာသာခြားလူမျိုးတွေကလဲ သွားလာနေကြတဲ့သူတွေကို ရင်းရင်းနှီးနှီး စကားပြောဆိုနှုတ်ဆက်နေပုံလေးက မြင်ရသူအဖို့စိတ်ကြည်နူးစရာဖြစ်ခဲ့ရတယ်။ ” ဟေ့ ကူးမာရ် — နင်က အဝတ်အစားသစ်တွေ ဝတ်ပြီးဘယ်သွားမလို့လဲ” … Read more