မျောက်တစ်ရာရွာ

” မျောက်တစ်ရာရွာ “(စ- ဆုံး) ရေးသားသူ—နောင်ရိုး(ဆေးတပ်) +++++++++++ မျောက်တစ်ရာရွာတဲ့။ ရွာနာမည်က အလွန်ထူးဆန်းလွန်းလှတယ်။ နာမည်နဲ့ ထပ်တူကျအောင်ပဲ သိပ်ကို စိတ်၀င်စားစရာကောင်းတဲ့ ရွာတစ်ရွာ။ အဲ့ဒီ့ရွာမှာ လူသားတွေ မရှိဘူး။ မျောက်တွေချည်းနေတယ်။ တည်နေရာကတော့ ပဲခူးရိုးမ အလယ် နက်ရှိုင်းလှတဲ့ တောထဲမှာ ရှိနေတယ်။ အဲ့ဒီ့ကို လူတွေ ရောက်ရှိဖို့ မလွယ်ဘူး။ ဒါပေမယ့် ရှားရှားပါးပါး ရောက်ခဲ့ဖူးသူတစ်ယောက်တော့ ရှိခဲ့တယ်။ သူ့ကြောင့်ပဲ မျောက်တစ်ရာရွာဆိုတာ ရိုးမထဲမှာ ရှိတယ်ဆိုတာကို သိခဲ့ရတယ်။ သူ့နာမည်က ဦးဘိုးမှတ်တဲ့။ သူရောက်ခဲ့တာက ငယ်ရွယ်စဉ်အချိန် အသက်နှစ်ဆယ်၀န်းကျင်က ရောက်ဖူးခဲ့တာ။ ဦးဘိုးမှတ်က အခုတော့ အသက်ကိုးဆယ်အရွယ်ရှိနေခဲ့ပြီဖြစ်ပြီး ပဲခူးမြို့ပေါ်မှာ သက်ရှိထင်ရှား နေထိုင်နေပါတယ်။ +++++++++ အချိန်က နယ်ချဲ့ကိုလိုနီတို့ အုပ်စိုးနေဆဲအချိန်။ မြယာတောရွာဆိုတာက အိမ်ခြေကလေး … Read more

မှန်ထဲက သရဲမ

” မှန်ထဲက သရဲမ “(စ/ဆုံး) ရေးသားသူ—တာတေ +++++++++++ ကိုဘပွား ဆုံးသွားတဲ့နောက်မှာတာတေဆိုတဲ့ ကျုပ်လည်း တော်တော်ခြေငြိမ်သွားတယ်ဗျို့— ခေါင်းကလေးတောင် မပါဘဲမြေကျင်းထဲမှာ ဒီအတိုင်း မြှုပ်ခဲ့ရတဲ့ ကိုဘပွားကို ကျုပ် ခဏခဏ သတိရနေတာဗျ။ သတ္တိကလည်း ကောင်းလိုက်ပါဘိတော့ဗျာ။ မဖဲဝါကြီးကို မကြောက်မရွံ့ ဂေါ်ပြားနဲ့လိုက်ခုတ်ရဲတဲ့ လူဗျ။ သင်္ချိုင်းကုန်းတစ်ခုရဲ့ ဂူတစ်လုံးထဲမှာ အလဟသ ဖြစ်နေတဲ့ ရတနာတွေအကြောင်းတွေးမိတိုင်း ပွဲစားကြီးရဲ့ဂူကို သွားပြီး ကိုဘပွားကိုဖောက်လိုက်ချင်တာဗျို့။ ဒါပေမဲ့ရက်ရက်စက်စက် ရိုက်သတ်လိုက်တဲ့မဖဲဝါကြီးကို အခုထိ ကျုပ်မျက်စိထဲမှာ မြင်နေတုန်းဗျ။ တွေးမိတိုင်းလည်း ကြက်သီးတွေ တဖျန်းဖျန်းထနေတာပါပဲဗျာ။ သူ့ညီ ကိုလှပွားကတော့ ဘယ်လိုရှိမယ် မသိဘူး။ ကျုပ်ကတော့ ကိုဘပွားကို မေ့ပစ်လို့ကို မရတာဗျို့။ မန်ကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မှာ ဝါးပိုးခြမ်းကလေး ခေါင်းအုံးပြီး ဒီအကြောင်းတွေကို ကျုပ်တွေးနေတာဗျ။ ထမင်းစားပြီး … Read more

အောင်မြတ်သာနှင့်သိုက်တူးသောလူခြောက်ကလေး

” အောင်မြတ်သာနှင့်သိုက်တူးသောလူခြောက်ကလေး ” စာရေးဆရာ—ဇေယန(ရာမည) +++++++++++ မှန်စီရွှေချထားတဲ့ တစ်တောင်သာသာ သေတ္တာလေးတစ်လုံးဘေးမှာတော့ လူအချို့ငြိမ်သက်စွာဒူးထောက်ထိုင်နေကြတယ်။ သူတို့ရဲ့မျက်နှာတွေက တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေသလို မျှော်လင့်ချက်တွေနဲ့ပြည့်နေကြတယ်။ မကြာခင် ပြူတင်းပေါက်မှာတပ်ထားတဲ့ခန်းဆီးလိပ်ကာက လေမတိုက်ပဲ တဖျတ်ဖျတ်လှုပ်ခါလာချိန်မှာတော့ တိုက်ပုံအနက်ကိုဝတ်ဆင်ထားတဲ့လူကြီးက သေတ္တာနားကိုကပ်သွားပြီး တစ်ယောက်ထဲ စကားစမြည်ပြောဆိုနေခဲ့တယ်။ အတန်ကြာပြောဆိုပြီးချိန်မှာတော့ အနောက်မှာရှိတဲ့သူတွေဘက်ကိုလှည့်ပြီး ” ရွှေမင်းသားက အုတ်ဖိုတောင်ကြောမှာရှိတဲ့ သိုက်တစ်ခုကိုညွှန်ပြနေတယ်၊ လာမယ့် လကွယ်ညမှာ သိုက်စောင့်အကြီးအကဲတွေနဲ့ သိုက်ချုပ်တွေတွေ့မှာမို့ အဲဒီညမှာ သိုက်ကိုတူးရင်အောင်မြင်မယ်လို့ နမိတ်စကားဆိုလာတယ်၊ ဒါ​ကြောင့် လိုအပ်တာတွေပြင်ဆင်ထားကြပေတော့” လို့ပြောကာ ကျောက်စီထားတဲ့ဆေးတံကို ကောက်ယူဖွာရှိုက်နေလိုက်တယ်။ အနားမှာရှိနေကြတဲ့တပည့်တပန်းတွေကတော့ သတင်းစကားကြားရပီမို့ လိုအပ်တဲ့အစီအရင်အဆောင်တွေလုပ်ဖို့အတွက် ဧည့်ဆောင်ကနေ အလျှိုလျှိုပြန်ထွက်သွားခဲ့ကြတယ်။ – – – – – – – – – အချိန်ကား လကွယ်ည ၁၂နာရီ … Read more

ဘွားမယ်စိန်နှင့် သရဲကြီးဖိုးနီ

“”ဘွားမယ်စိန်နှင့် သရဲကြီးဖိုးနီ””(စ/ဆုံး) ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ အချိန်သည်က— ညသန်းခေါင်ကျော်သို့ရောက်တော့ပေမည်။ ထိုအချိန်ကြီး၌ နွားလှည်းတစ်စီးသည် တိတ်ဆိတ်၍ အိပ်မောကျနေသော ရွာတစ်ရွာဆီိသို့ မောင်းနှင်လာခဲ့၏။ လှည်းအထက်၌လည်း ယောကျာ်းကြီးတစ်ဦးနဲ့ မိန်းမကြီးတစ်ဦးတို့အပြင် မိန်းမငယ်လေးတစ်ဦးလည်း အတူပါရှိလေသည်။ “တော့်ကိုပြောပါတယ် ကိုဘိုကျော်ရယ်— စိတ်ကိုထိန်းပါဆိုတာ… အခုတော့ဘယ်နဲ့ညသန်းခေါင်အချိန်ရောက်မှ ရွာပြန်ရတယ်လို့တော်…” “ဟ—မင်းအစ်ကိုတွေလုပ်ပုံက ဟုတ်မှမဟုတ်တာ–မိညွှန့်ရဲ့—” ဦးဘိုကျော်နဲ့ဒေါ်ညွှန့်တို့မိသားစုသည် မိမိတို့နေထိုင်ရာ သလွန်ရွာမှ ဒေါ်ညွှန့်အစ်ကိုများရှိရာရွာဆီသို့ လွန်ခဲ့သောနှစ်ရက်ခန့်က ခရီးထွက်လာခဲ့ကြသည်။ ယခုလည်းဥိးဘိုကျော်နဲ့ဒေါ်ညွှန့်အစ်ကိုများ စကားခွန်းကြီး၊ခွန်းငယ်များကြရာမှ ဦးဘိုကျော်သည်မယားနဲ့သမီးကိုခေါ်ကာ လှည်းမောင်း၍ ရွာသို့ညတွင်းချင်းပြန်လာခဲ့ခြင်းဖြစ်သည်။ “ကိုဘိုကျော်…ဖြစ်ပါ့မလား… ရွာထိပ် ထနောင်းပင်က ကြမ်းပါဘိနဲ့…” “ဖြစ်ပါတယ်ကွာ…ငါ့သမီးကိုသာမင်းကြည့်ထား… ဘာမှစိတ်မပူကြနဲ့…” သလွန်ရွာထိပ်၌ ထနောင်းပင်ကြီးတစ်ပင်ရှိသည်။ ထိုထနောင်းပင်သည် သရဲအလွန်ခြောက်သည်ဟု သတင်းများကပျံ့လွင့်နေခဲ့သည်မှာနှစ်အတော်ကြာလေပြီ။ ညနေမိုးချုပ်သည်နှင့်ထိုထနောင်းပင်အောက်မှ အသား၊ငါးများကိုင်ကာဖြတ်လျှောက်သွားပါက လိုက်၍လုတတ်သည်။ တစ်ခါတစ်ရံလည်းအပင်ကြီးအပေါ်မှဇောက်ထိုးကြီး ဆင်းလာကာခြောက်လန့်တတ်၏။ ဒါကြောင့်လည်းဒေါ်ညွှန့်က စိတ်ပူ၍မေးလိုက်ခြင်းပင်။ ဦးဘိုကျော်ကတော့ဂရုစိုက်ပုံမရဘဲ နွားလှည်းကိုသာအသောနင်နေခဲ့သည်။ … Read more

တစ္ဆေတွေနေတဲ့အိမ်

” တစ္ဆေတွေနေတဲ့အိမ်  “(စ/ဆုံး) ရေးသားသူ—တာတေ +++++++++++ ကိုဘထွန်း ခေါ်လို့ ကျုပ် လိုက်သွားတာဗျို့။ ထီးဂလိုင်ဆိုတဲ့ရွာက ကျုပ်တို့ ထနောင်းကုန်း နဲ့တော့ အတော်ကလေး လှမ်းသားဗျ။ ထီးက လိုင်က ကိုဘထွန်းတို့အမျိုးတွေ ရှင်ပြုဖိတ်လို့ သွားတာပါဗျာ။ အသွားကတော့ ဟုတ်သားဗျ။ ထီးဂလိုင်မှာနေတဲ့ ကိုဘထွန်းတို့ ဘထွေးက လှည်းနဲ့ လာခေါ်တာလေ။ ကဆုန်လဆိုတော့လည်း ရာသီဥတုက ပူပေါ့ ဗျာ။ ကျုပ်တို့ အညာသားတွေ ပြောလေ့ရှိတာ ပဲဗျာ။ တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန် ဆိုတာ လေ။ တကယ်ကို ဆွေ့ဆွေ့ခုန်ရတော့တာပါ ဗျာ။ ပူချက်ကတော့ ကမ်းကုန်ရောဗျို့။ ယင်း ချောင်းတွေမှာလည်း ရေကို ခန်းရောဗျ။ကျုပ် တို့ အသွားမှာ ထီးဂလိုင်မရောက်ခင် ယင်း ချောင်းတစ်ချောင်းကို ဖြတ်ရတာဗျ။ … Read more

ဦးဖိုးဝေ နှင့် ငယ်ဘဝ(၁)

” ဦးဖိုးဝေ နှင့် ငယ်ဘဝ (၁) ” ရေးသားသူ–မောင်တင်ဆန်း +++++++++++ *အခန်း-၁ ရိုးမတောင်တန်းကြီး ၏ တောင်ခြေတွင် ရွာလေးတရွာတည် ရှိ‌ေလသည်၊ ထိုရွာလေး၏ အမည်မှာ ငကောင်းကံ ရွာဖြစ်သည် ၊ နာမည်ဆန်းဆန်း နှင့် ထိုရွာသည် ရွာနီးချုပ်စပ်တွင်တော့ နာမည်ကြီးရွာလေးဖြစ်သည် ၊ အခြားရွာများမှာ စုန်းကဝေ အောက်လမ်းများ ပေါများပေမဲ့ ယခု ငကောင်းကံရွာတွင်တော့ အထက်လမ်းဆရာများနှင့် သမထကို ကျင့်ကြံသော လူများများပေသည် ၊ငကောင်းကံရွာလေး၏ ရွာလူကြီးမှာ ဦးသင်္ခဖြစ်ပြီး လူပျိုကြီးတ‌ေယာက်ဖြစ်၏ ၊ ဦးသင်္ခသည် ရပ်ရွာနေပြည်သူများအား ကျောသားရင်သား မခွဲခြာပဲကောင်းမွန်စွာ အုပ်ချုပ် ချင်းကြောင့် ထိုရွာလေးတွင်‌ေတာ့ ဦးသင်္ခဆို ကြောက်ရွံ့ရိုသေကြလေသည် ၊ တနေ့သ၌ ဦးသင်္ခနှင့် အတူ သူ၏တပည်ကျော် ငအုပ် … Read more

နာရီပြန်တစ်ချက်တီး

နာရီပြန်တစ်ချက်တီး (ဖြစ်ရပ်မှန်) ရေးသားသူ–ဆရာအဂ္ဂဇော် +++++++++++ (၁)- “ဖိုးမောင်ရေ ဒီညတော့မင်းဂျူတီကျတယ်ဟေ့” အလုပ်သမားလိုင်းခန်းလေးအတွင်း ဦးလေးသောင်က ပြောရင်း လိုင်းခန်းအတွင်းသို့ဝင်လာလေသည်။ အိမ်ရှေ့တွင် မဂ္ဂဇင်းတစ်အုပ်နှင့် နှပ်နေသော ဖိုးမောင်မှာ ဦးလေးသောင်ကိုလှမ်းကြည့်လိုက်လေသည်။ ဦးလေးသောင်က ဖိုးမောင်တို့အိမ်ရှေ့အရောက်တွင် ရပ်သွားလေသည်။ “မင်းဒီညမောင်မျိုးနဲ့စောင့်ရမှာကွ . . ဒါပေမယ့် မောင်မျိုးက မစောင့်ဘူးဆိုပြီး မင်းအတွက် ၁၀၀ ထည့်ပေးလိုက်တယ်” ဖိုးမောင်က ပြုံးရင်း ထို၁၀၀ တန်ကို ယူလိုက်တော့သည်။ ထို့နောက် နွမ်းဖတ်နေသည့် သူ့အကျီအိတ်ကပ်ထဲသို့ ထည့်လိုက်တော့သည်။ ခေတ်ကာလအခြေအနေအရသော်လည်းကောင်း၊ ရာသီဥတုအခြေအနေရသော်လည်းကောင်း မီးကင်းစောင့်ရသည့်ခေတ်ဖြစ်သည်။ သူတို့လမ်းထိပ်တွင် အစိုးရစက်ရုံတစ်ရုံရှိပြီးနောက် ထိုစက်ရုံအုတ်တံတိုင်းဘေး ကားလမ်းမအနားတွင်သစ်သားဖြင့် ခြေတံရှည်ဆောက်လုပ်ထားသည့် မီးကင်းတဲကလေးရှိသည်။ မီးကင်းစောင့်ရသည့်ကာလတွင် လမ်းထဲ ရပ်ကွက်ထဲမှလူများ အလျှိုလျိုတာဝန်များခွဲဝေပေးထားသော်လည်း အများစုကတော့ မီးကင်းလိုက်မစောင့်ကြဘဲ ကင်းကြေးသာ ပေးကြသည်များသည်။ ထိုအခါ … Read more

ကိုယ်ပွားလိုက်ခြင်း

” ကိုယ်ပွားလိုက်ခြင်း ” (စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲ ပြီးသွားတာ တစ်ပတ်ပဲ ရှိသေးတာဗျ။ ထုံးစံအတိုင်းပေါ့ဗျာ။ ဘုရားပွဲပြီးသွားတဲ့အချိန်ကျရင် ကျုပ်တို့ရွာသားတွေ ခြေပစ်လက်ပစ်ကို ဖြစ်ကြတာဗျို့။ တာတေတို့ ကာလသားပိုင်းကတော့ ပိုစိုးတာပေါ့ဗျာ။ ဘုရားပွဲကိစ္စအကုန်လုံးမှာ ပါရတာမို့လား။ ဘုရားပွဲအပြီးမှာ ရွာထဲ တိတ်ကိုနေတာဗျ။ ခါတိုင်းလို ရွာထဲမှာ လတ်လျားလတ်လျား သွားနေတဲ့ကောင်တွေတောင် ပျောက်သွားတာဗျို့။ ကျုပ်လည်း ဒီအတိုင်းပါပဲဗျာ။ ရွှေတောင်ဦးဘုရားပွဲပြီးရင် တစ်ပတ်လောက်ကို အိမ်ထဲအောင်းနေတာဗျ။ ဒီလိုရက်မျိုးဆိုရင် ကျုပ်အမေကလည်း ကျုပ်ကို သေသေချာချာကို ချက်ကျွေးတာဗျ။ ဟင်းစားကို မရရအောင်ရှာတယ်။ ကျုပ်ကလည်း အမေချက်တဲ့ ထမင်းဟင်းကို ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်တော့တာပေါ့ဗျာ။ အိပ်ရေးပျက်တဲ့ညတွေက များခဲ့တော့ အိပ်ပျော်သွားရင်လည်း ခေါင်းကိုမထူနိုင်တော့ဘူးဗျာ။ နွေလေဗျာ။ အညာနွေလေ။ ပူချက်ကတော့ … Read more

အောက်လမ်းဘိုးထင် နှင့် နတ်ကလိမ်

” အောက်လမ်းဘိုးထင် နှင့် နတ်ကလိမ် ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ ပေပင်ရွာ၏ ရွာအဝင်လမ်းတွင် လူနှစ်‌ေယာက် လမ်း လျှောက်နေသည် ၊ သူတို့၏ ဦးခေါင်းပေါ်တွင် ဆန်ကောများကို ထပ်ပြီး ရွက်ထားကြ၏ ၊ သူတို့၏ သွားပုံလာပုံအား ကြည့်ချင်းဖြစ် မိန်းမလျာနှစ်‌ေယာက်ဆိုတာ သိသာလွန်းလှ၏ ၊ ထိုသူ နှစ်‌ေယာက်သည် ရွာအဝင်တွင် လမ်းလျှောက်နေရင်း သူတို့၏ မျက်နှာချင်းဆိုင်တွင် လမ်းလျှောက်လာသော လူတ‌ေယာက်အား စကားဆိုလိုက်လေသည် ။ “ဟို အကိုကြီး ခဏ ခဏ” “ကျုပ်ကို ခေါ်တာလား ” “ဟုတ်တယ်လေ အကိုကြီးကို ခေါ်တာ ” “ဟာဗျာ ခင်ဗျားတုိ့ကလည်း ကျုပ်ကအခုမှ အသက်ငယ်ငယ် ပဲ ရှိပါသေးတယ် ” “အဲ့တာ‌ဆိုလည်း … Read more

အောင်မြတ်သာနှင့်သစ်စုန်းအတိုက်

” အောင်မြတ်သာနှင့်သစ်စုန်းအတိုက် ” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – လမိုက်ညဖြစ်တဲ့အတွက် တောဇလပ်ရွာလေးတစ်ခုလုံးအမှောင်ချထားသလိုဖြစ်နေတဲ့အချိန် ရွာအလယ်ကင်းတဲလေးမှာတော့ ဖယောင်းတိုင်မီးအလင်းရောင်မှိန်ပြပြလေးကိုမြင်လိုက်ရတယ်။ ဝါဆိုဖယောင်းတိုင်ရဲ့အလင်းရောင်ကြောင့် ကင်းတဲတစ်ခုလုံးကောင်းမွန်စွာမြင်နေသလို ကင်းတဲအတွင်းမှာတော့ တောအရက်သုံးလုံး၊ ပဲခြမ်းသုပ်ပန်းကန်နဲ့ ဇရက်မင်းစည်းစိမ်ခံနေကြတဲ့သူတွေလဲရှိနေခဲ့တယ်။ “အေ့ ငထွန်း အမြည်းကုန်တော့မယ် မင်းအိမ်မှာဘာကျန်သေးလဲ” ” အရက်ကကျန်သေးတယ် အမြည်းကကုန်တော့မယ် မင်းတို့ဟာက အရက်သမားမပီသလိုက်တာ” ” ခွေးမသား စောက်စကားကရှည်နေတယ် အမြည်း‌ရှိရင်သွားယူပေးဦး ” ” အိမ်မှာတော့ မနက်ကကျန်တဲ့ ခရမ်းချဉ်သီးငါးပ်ချက်ပဲရှိတယ် မင်းတို့စားမလား” ” အကုန်ယူခဲ့ကွာ ငါတို့က ရေဆိုသင်္ဘော ကုန်းဆို ကုတင်ပဲရှောင်ဝာာ ဟဲဟဲ” ” အဲဒါဆိုခဏစောင့် မင်းတစ်ယောက်ထဲဖြစ်ပါ့မလား” “သာဂေါင်ပါကွ … Read more