တစ္ဆေတွေ လာတဲ့ည

” တစ္ဆေတွေ လာတဲ့ည “(စ/ဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++ ဘယ်သူက စခဲ့တဲ့ အစဉ်အလာတာတော့ တာတေ မသိဘူးဗျ၊ တာတေတို့နေတဲ့ ထနောင်းကုန်းနားက မီးလောင်ကုန်းမှာ ဘုရားပွဲ ပြီးလို့ တစ်ပတ်ဆိုရင် ဒီပွဲက စတာဗျ။ အကျွတ်အလွတ်ပွဲတဲ့ဗျာ—။ မီးလောင်ကုန်းသင်္ချိုင်းတောင်ဘက်က ဘိုးရုံထောင်ရဲ့ ယာတောထဲမယ် မ။ဏ္ဍပ်ထိုးပြီး လုပ်တာဗျ၊ စီစဉ်တာကတော့ မီးလောင်ကုန်းက ကာလသားတွေလူကြီးတွေပေါ့ဗျာ။ ရြာကေတာ့သူတို့ရွာက လုပ်တဲ့ပွဲမှာ ဝိုင်းဝန်းပြီး ချက်ကြ၊ ပြုတ်ကြရတာပေါ့ ။ ဒီပွဲကို ရောက်လာမယ့် သရဲတွေ ၊ တစ္ဆေတွေ စားဖို့လေဗျာ။ ပဲရယ် အာလူးရယ်၊ အမဲသား၊ ကြက်သား အကုန်ပေါင်းပြီး အိုးကြီးနဲ့ ချက်ရတာဗျို့။ အကျွတ်အလွတ်ပွဲ မစခင် သုံးရက်လောက် ကတည်းက အနီးအနားက ရွာသင်္ချိုင်းတွေမှာဗျို့ဟစ်ထားရတာဗျ။ “ဒီသင်္ချိုင်းမြေအတွင်း မှီတင်းနေထိုင်ကြတဲ့ … Read more

အဖွားအိုတစ်ယောက်ရဲ့ကျိန်စာ

” အဖွားအိုတစ်ယောက်ရဲ့ကျိန်စာ”(စ/ဆုံး) +++++++++++ မန္တလေးမြို့ မြောက်ပြင်ဟု အလွယ် ခေါ်ကြသော မန္တလေး ဘီယာချက်စက်ရုံ မြောက်ဘက်ရှိ၊ ××× ရပ်ကွက်တခု အတွင်းသို့ အိမ်စီးကား တစီးနှင့် ကုန်တင်ကားကြီး တစီး ရှေ့ဆင့်နောက်ဆင့် ဝင်လာကြသည်။ ကားနှစ်စီးသည် ဆိတ်ငြိမ်သော ခြံဝင်းတခု အရှေ့တွင် ရပ်သွား၏။ရှေ့က အိမ်စီးကားပေါ်မှ လူ သုံးဦး ဆင်းလာကြသည်။ တိတိပပ ဆိုရသော ၄ဦး ဖြစ်၏။ ထိုလူများမှာ အသက် ၆၀အရွယ် ယောက်ကျားကြီးတဦး၊ အသက် ၃၀အရွယ် လူလတ်ပိုင်း အမျိုးသားတဦး နှင့် ၇နှစ်အရွယ် သမီးလေးကို ချီပိုးထားသော အသက် ၂၅နှစ်ဝန်းကျင် အမျိုးသမီးတဦးတို့ ဖြစ်ကြသည်။ ကလေးပါ ရေတွက်လျင် ၄ယောက်ဖြစ်၏။ ” ဟယ် ခြံကြီးက အကျယ်ကြီးနော် … Read more

အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ်

” အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ် ” ရေးသားသူ—ဇေယန(ရာမည) +++++++++++ ကညင်တိုင်ဆီမီးတွေ ထိန်လင်းအောင်ထွန်းထားတဲ့ နန်းရင်ပြင်ထက်မှာတော့ ဓါးကိုင်လှံကိုင်အစောင့်ရဲမက်တွေ ခြေကျင်းလိမ်မျှ လှုပ်ရှားသွားလာနေခဲ့ကြတယ်။ ဒီလိုအစောင့်အကြပ်ထူထပ်လှတဲ့ နန်းတော်ဧရိယာထဲမှာတော့ မျက်လုံးနှစ်လုံးကိုသာ ပေါ်အောင်လှပ်ထားတဲ့ လူတစ်ယောက်က လျှင်မြန်တဲ့လှုပ်ရှားမှုမျိုးနဲ့ အမှောင်ထဲကနေ ရွေ့လျားသွားလာနေခဲ့တယ်။ ” တုံ တုံ တုံ…” ကင်းလဲချိန်အချက်ပေးအသံကြောင့် အစောင့်ရဲမက်တွေအချိန်းအပြောင်းလုပ်နေခဲ့ချိန်အတွင်း ၀တ်စုံအနက်ရောင်၀တ်ဆင်ထားတဲ့ လူက ကြောင်တစ်ကောင်လို ပေါ့ပါးသွက်လက်စွာဖြင့် နန်းတော်ခေါင်မိုးပေါ်ကို ကုတ်တွယ်တက်သွားခဲ့တယ်။ သူ့ရဲ့ခြေလှမ်းတွေက ကြောင်တစ်ကောင်လို ညှင်သာပြီး ကိုယ်ခန္ဓာက ဝါဂွမ်းစတစ်စလိုပေါ့ပါးနေခဲ့တယ်။ ” ဟေ့ … မင်းတို့က အထက်ရွှေတိုက်တော်ကို စောင့်မယ့်သူတွေလား” မျက်နှာမှာ ကြောက်ပေါက်မာအပြည့်နဲ့ တပ်မှူးတစ်ယောက်က မာထန်ထန်အသံနဲ့လှမ်းမေးလိုက်ရာ လှံကိုင်ထားတဲ့အစောင့်နှစ်ယောက်က ပြာပြာသလဲလဲနဲ့ အရိုသေပေးပြီး ” ဟုတ်ပါတယ် တပ်မှူး… ငဗျက်စတို့ တာ၀န်ချိန်ပြီးသွားတာမို့ ကျွန်တော်မျိုးတို့အလှည့်ရောက်လာတာပါ” … Read more

နတ်ဖွက်ထားတဲ့ရွာ

” နတ်ဖွက်ထားတဲ့ရွာ ” ဧကရီ(မနောမြေ) +++++++++++ ကချင်ပြည်နယ် အင်းတော်ဒေသ။ ဆင်ခေါင်းတောင်ခြေအနီးတွင် ယာသမားတစု နေထိုင်ကြပါသည်။ ရှေးဟောင်းဘုရားတစ်ဆူကို အစွဲပြု၍ ထိုယာသမားတို့စု​ဝေးနေထိုင်ရာ အရပ်ကို ဘုရားကုန်းရွာဟု ခေါ်ဝေါ်ကြသည်။ ဆင်းရဲနွမ်းပါးသူများမို့ ဘယ်သူမှအဖက်မလုပ်ကြသောရွာငယ်လေးလည်းဖြစ်ပါသည်။ “အောင်မော်ရေ အောင်မော် ဝေး….” “အေး ငါဒီမှာဟေ့ ဒီမှာဟ “ ပြန်ထူးလာသံနှင့်အတူ တဒုတ်ဒုတ်နှင့် အသံကို ကြားကြရသောအခါ လာခေါ်သူလူနှစ်ယောက်သည် အသံကြားရာဆီ ဝင်လာခဲ့ကြပါသည်။ အောင်မော်နေထိုင်ရာ တဲကလေးရဲ့နောက်တွင် မန်ကျည်းပင်ကြီးရှိနေရာ အသံမှာ ထိုမန်ကျည်းပင်အောက်မှ ပေါ် ထွက်လာနေခြင်းပင်ဖြစ်သည်။ “ဟေ့ကောင်အောင်မော် ဒါကဘာလုပ်နေတာလဲ ဟိုမှာဦးဘသာက ငါတို့ကို ထင်းခုတ်ခိုင်းနေပြီ သွားရအောင်” “မင်းကလဲကွာ…ငါကဂျင်ပေါက်သွားမလို့ဟာကို…” “မင်းကိုယ်မင်းလဲ ပြန်ကြည့်အုန်းအောင်မော် ဂျင် ပေါက်ရမဲ့အရွယ် မဟုတ်တော့ဘူးကွ” အောင်မော်သည် ဆယ့်ခြောက်နှစ်အရွယ် လူပျိုပေါက်လေးဖြစ်ပြီး ကလေးစိတ်မကုန်သေးသူဖြစ်သည်။ … Read more

ကတ်ကဘိုင်ရွာက ဆရာမအိတုံ

ကတ်ကဘိုင်ရွာက ဆရာမအိတုံ (ဖြစ်ရပ်မှန်တစ်ခုအားပြန်လည်ရေးသားထားပါသည်) ရေးသားသူ—အဂ္ဂဇော် +++++++++++ (က) အချိန်ကာလာအားဖြင့် ၂၀၁၂ ခုနှစ်ခန့်ကဖြစ်သည်။ ဖျာပုံခရိုင်အတွင်းရှိ ကတ်ကဘိုင်ဟု အမည်ရသည့် တောရွာကလေးတွင် မူလတန်းကျောင်းကလေးတစ်ကျောင်းရှိသည်။ ဆရာ သိန်းထိုက်စိုးက ထိုကျောင်းကလေးတွင် ကျောင်းအုပ်တာဝန်ဖြင့် ယခုနှစ်တွင် ပြောင်းရွှေ့တာဝန်ပေးခံရသည်။ မူလတန်းကျောင်းကလေးမို့ တစ်ထပ်သစ်သားကျောင်းဆောင်ရှည်ကလေးဖြစ်ပြီး ကျောင်းဆရာမများ ၆ ယောက်ခန့်သာရှိသည်။ ယောက်ျားလေးဆရာလဲ သူတစ်ယောက်တည်းဖြစ်၏။ ကျောင်းလေးနှင့်မလှမ်းမကမ်းတွင် ကျောင်းဆရာများနေနိုင်ရန်အတွက် ရွာမှ သစ်သားအိမ်တန်းကလေးဆောက်လုပ်ပေးထားပြီး ထိုအိမ်ကလေးများမှာလဲ ဆရာမများနေထိုင်လျှက်ရှိရာ နေရာလွတ်လဲမရှိတော့ပေ။ ရွာလူကြီးများက နေထိုင်ရန်စီစဉ်ပေးမည်ဟုဆိုသော်လည်း ဆရာသိန်းက ငြင်းဆန်လိုက်တော့သည်။ “ရပါတယ်ဗျာ၊ ကျွန်တော်ကယောက်ျားလေးပဲ၊ ကလေးတွေပြန်သွားတဲ့အခါ ကျောင်းကခုံတွေကိုစီပြီး ကျောင်းထဲမှာပဲ အိပ်လိုက်ပါ့မယ်” သို့နှင့် ဆရာသိန်းအတွက် နေရေးထိုင်ရေးအဆင်ပြေသွားတော့သည်။ ကျောင်းဆင်းပြီး ကျောင်းသားများပြန်သွားသည့်အခါ ကျောင်းအနီးရှိရေတွင်းတွင် ရေမိုးချိုး အဝတ်အစားလဲပြီး ရွာထိပ်သို့ထွက်ခဲ့သည်။ ရွာထိပ်တွင်ရှိသည့် ထမင်းဆိုင်တွင် … Read more

အောင်မြတ်သာနှင့်ကျွန်းပြန်ကြီးရွှေမှိုင်း

” အောင်မြတ်သာနှင့်ကျွန်းပြန်ကြီးရွှေမှိုင်း ” ရေးသားသူ–ဇေယန(ရာမည) +++++++++++ နေပျောက်မထိုးလောက်အောင် ယှက်ထိုးကြီးထွားနေကြတဲ့ သစ်ပင်ကြီးငယ်တို့ရဲ့အရိပ် အောက်မှာ ဟောင်သဇာတောကြီးက အေးချမ်းကာတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ တောကောင် ငယ်လေးတွေရဲ့ အော်မြည်သံ၊ တောကောင်ကြီးတို့ရဲ့ မာန်ဖီသံတွေအပြင် သဘာဝ အတိုင်းအော်မြည်နေကြတဲ့ ကျေးငှက်သာရကာတို့ရဲ့အသံတွေ ကြီးစိုးနေတဲ့ ဟောင်သဇာတော ထဲမှာတော့ တစ်ကိုယ်လုံးညစ်ပတ်ပေရေနေတဲ့ လူသားနှစ်ဦးရောက်ရှိနေခဲ့ကြတယ်။ သူတို့နှစ်ဦးကတော့ ဒီတောက သူတို့နေတဲ့နေရာ၊ ဒီတောမှာပဲ သူတို့ကြီးပြင်းခဲ့ကြတယ်ဆိုပြီး တွေးထင်နေခဲ့ကြတယ်။ တောထဲမှာ အလေ့ကျပေါက်ရောက်နေတဲ့ သစ်သီးသစ်ဖုတွေကို ရှာ‌ဖွေ စားသောက်ပြီး လအတန်ကြာနေလာခဲ့ရတော့ မညှပ်မပြုပဲထားထားတဲ့ ဆံပင်တွေက ကျောလယ် လောက်ကိုရှည်ကျနေပြီး ချေးအထပ်ထပ်ဖြစ်နေတဲ့ လက်သည်းခြေသည်းတွေနဲ့ လူနှစ်ယောက်ကို သာမန်သူတွေမြင်ရင် သရဲတစ္ဆေတွေလို့ထင်မိပြီး ထွက်ပြေးကြမှာ အသေအချာပါပဲ။ တောထဲမှာ နေထိုင်ကြတဲ့ နာနာဘာဝတွေနဲ့ အခြားနတ်ဆိုးတွေကတော့ ဘယ်ကမှန်းမသိပဲ ရုတ်တရက်ရောက်လာကြတဲ့ လူနှစ်ယောက်ကို သူတို့ပိုင်နက်ထဲကနေ … Read more

ကဝေချွတ်ပွဲ

” ကဝေချွတ်ပွဲ “(စ/ဆုံး) မူရင်းရေးသားသူ — ကောင်းစံဟိန်း(ဖန်နေဝန်း) +++++++++++ မောင်လှသိန်းတို့ လယ်ကွင်းမှာ ရွာအနောက်ဘက်ဖျားနှင့် ကိုက်သုံးရာကျော်ခန့်သာ ဝေးသည်။ မနက်ဖြန် တပို့တွဲလပြည့်နေ့ဖြစ်သဖြင့် မိဘနှစ်ပါးစလုံး ဥပုဒ်စောင့်သွားရန် ပြင်ဆင်နေကြသဖြင့် တလင်းနယ်ရာသို့ မလာအားကြ။သို့ကြောင့်လည်း မောင်လှသိန်းတစ်ယောက်မှာ တလင်းနယ်ခြင်း ကောက်ဆွခြင်း နွားများကို ရေတိုက်ခြင်း စသည့်အလုပ်များကို ဇယ်ဆက်သလို အပြေးအလွှား လုပ်ကိုင်နေရသည်- ယခုလည်း တလင်းနယ်ပြီးသွားသဖြင့် နွားများ ညနေစောင်း အစာအစားရန် ရိုးပြတ်ကွင်းသို့ လွှတ်ချထားပြီး နယ်ပြီးသား ကောက်ပြန့်များကို ကောက်ဆွဖြင့် ထိုးဆွမွှေနှောက် ပေးလျက် ရှိနေလေသည်။ ထိုကဲ့သို့ အလုပ်ကို အားကြိုးမာန်တက် လုပ်နေရင်းမှာပင် အချိန်က တဖြည်းဖြည်း ကုန်လွန်လာသည်။နေမင်းကြီးမှာလည်း အနောက်ဘက် ဆင်သေတောင်ပေါ်တွင် ငုပ်လျှိုးပျောက်စပြုနေသလို အရှေ့ဘက်လေသာ တောင်ထိပ်မှ လဆန်းဆယ်လေးရက် လဝန်းကြီး … Read more

စက်ကြိုးဆွဲ မဖဲဝါ

“စက်ကြိုးဆွဲ မဖဲဝါ “(စ/ဆုံး) ရေးသားသူ–ဆရာတာတေ +++++++++++ အဲဒီနေ့က ဆရာတော့်ကျောင်းမှာ အလှူ ရှိတာဗျို့။ ကျုပ်တို့ထနောင်းကုန်းသူကြီးရဲ့ တူကလေးနှစ်ယောက် ရှင်ပြုတာလေ။ ကျုပ်တို့ တောရွာတွေမှာက သူကြီးမပြော နဲ့၊ သူကြီးအမျိုးတွေလည်း ဂုဏ်ရှိတာဗျ။ သူကြီးတူရဲ့ အလှူဆိုတော့ လွှတ်စည် တာပေါ့ဗျာ။ ကျွေးတာကလည်း ဝက် သား၊ ကြက်သားဗျ။ ဝက်မစားရင်ကြက် ပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့ရွာသားတွေက ဝက်ရော၊ ကြက်ရော၊ နွားရော အကုန် စားကြတာ များပါတယ်။ သူကြီးတူက အိမ်ထောင်ကျတော့ မီး လောင်ကုန်းက မလုံးကြည်နဲ့ အိမ် ထောင်ကျတာဗျ။ ဒီတော့ ထနောင်း ကုန်းအလှူသာဆိုတယ်၊ မီးလောင် ကုန်းသားတွေရော၊ ဘန့်ဘွေးကုန်း သားတွေရော အကုန်ဆုံကြတော့ တာပေါ့ဗျာ။ ဝက်သားများ ချက် ထားလိုက်တာ … Read more

အောင်မြတ်သာနှင့်တောင်သခင်မ

” အောင်မြတ်သာနှင့်တောင်သခင်မ “(စ/ဆုံး) ရေးသားသူ—ဇေယန(ရာမည) +++++++++++ နေပျောက်မထိုးအောင်သစ်ရိပ်ဝါးရိပ်တွေကြီးစိုးနေတဲ့ ကုလားမတောင်တန်းကြီးရဲ့အပေါ်ကို အောင်မြတ်သာတို့ဆရာတပည့်တွေတစ်ရွေ့ရွေ့နဲ့တက်လာခဲ့ကြတယ်။ တောင်ပေါ်ကိုစတက်တဲ့အချိန် ရုတ်တရက်ဖြတ်ပြေးသွားကြတဲ့ တောကြက်တစ်ကောင်စနှစ်ကောင်စကလွဲပြီး အခုချိန်ထိ သက်ရှိတစ်ကောင်တစ်လေကိုမှမတွေ့ရသေးပေ။ တစ်ခါတစ်လေအဝေးကနေ ကြားရတဲ့ မျောက်အော်သံ ချေဟောက်သံတွေက သဘာဝရဲ့သဘောတရားကိုဖော်ဆောင်နေလေရဲ့။ အချိန်အတန်ကြာခရီးဆက်ပြီးတဲ့အချိန်မှာတော့ တောင်ရဲ့လေညာဘက်ကနေ အလွန်တရာမွှေးပျံ့တဲ့ရနံ့တွေလွင့်ပြန့်လာခဲ့တယ်။ အမွှေးနံ့ရတာနဲ့ အောင်မြတ်သာက နှာခေါင်းကိုလက်နဲ့ပိတ်လိုက်တယ်။ သက်ခိုင်နဲ့တောက်ရကလဲ အောင်မြတ်သာနည်းတူနှာခေါင်းကိုပိတ်ထားလိုက်ကြတယ်။ အမွှေးနံ့တွေပျောက်တဲ့အချိန်ရောက်မှ အောင်မြတ်သာက လက်ကိုဖယ်လိုက်ပြီး – ” ဒီတောင်ရဲ့အစောင့်တွေက တို့ကိုစပြီးစမ်းသပ်ပြီဟေ့” ” ခုနကရတဲ့အမွှေးနံ့တွေကဘာတွေလဲဆရာ” ” အဲဒီအမွှေးနံ့တွေကိုရှုမိရင် မိနစ်ပိုင်းအတွင်း မူးမေ့သွားတတ်တယ် ဒီနေရာကစပြီး သတိထားကြတော့ ငါ့အခွင့်မရပဲဘာမှမလုပ်မိကြစေနဲ့ ” အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရကို သတိပေးပြီး တောင်ခါးပန်းပေါ်ကိုစတက်ခဲ့ကြတယ်။ တောင်ခါးပန်းပေါ်ရောက်တော့ မြောက်ဘက်ကိုထိုးထွက်နေတဲ့ကမူလေးဘေးကနေ အဝါရောင်ခေါင်းပေါင်းပေါင်းထားပြီး ဓါးကောက်ကိုကိုင်ထားတဲ့လူတစ်ယောက်ထွက်လာခဲ့တယ်။ ထိုလူက အောင်မြတ်သာတို့ကိုမြင်တော့ – ” … Read more

တစ္ဆေလေးနေတဲ့အိမ်

” တစ္ဆေလေးနေတဲ့အိမ် “(စ/ဆုံး) မူရင်းရေးသားသူ—ဆရာတာတေ +++++++++++ နွေဦးပေါက်ကလေးတစ်ချက်တော့ကျုပ်တို့ အညာက နေလို့ကောင်းသားဗျ၊အပူဓါတ်ကလည်း သိပ်မရှိသေးဘူး။ အအေးဓါတ်ကလည်း မကုန်သေးဘူးဗျ။ ဒီလိုအချိန်ဆိုရင် လေကတော့ လေရူးတိုက်တဲ့အချိန်ဗျ။ လေရူးဆိုတာက လေကြောင်း အမှန်မတိုက်ဘဲ မြောက်ဘက်က တိုက်လိုက် တောင်ဘက်က တိုက်လိုက် တိုက်တာကိုပြောတာလေဗျာ။ ဒီနေ့တော့ ကျုပ် ဘယ်မှမရောက်ဘူးဗျ။ မန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ပေါ်မှာထိုင်ပြီး နှီးထိုးနေတာဗျ။ ကျုပ် အဘ ခိုင်းထားတာလေဗျာ။ အဘက ကျုပ်ကို ခဏ ခဏ ဆုံးမတာ တစ်ခု ရှိတယ်ဗျ။ လူဆိုတာ အလကားထိုင်မနေရဘူး။ တစ်ခုမဟုတ် တစ်ခုကို လုပ်နေရမယ်တဲ့ဗျို့။ အခုလည်း အဘက ကျုပ်ကို မေးတယ်။ “တာတေ ဘယ်သွားဦးမှာတုံး” “မသွားဘူး အဘ၊ အဘ ဘာခိုင်းမလို့တုံး” “ဘယ်မှမသွားရင် အအားမနေနဲ့ … Read more