အောက်လမ်းဘိုးထင် နှင့် အင်းဝိဇ္ဇာ

” အောက်လမ်းဘိုးထင် နှင့် အင်းဝိဇ္ဇာ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ နွားပွဲဈေးသို့ မကြီး မလေး ညီအမ နှစ်ယောက်နှင့်အတူသွားသော မောင်ဘိုးထင်တို့ ယခု အင်းဝိဇ္ဇာ၏ အကူအညီဖြစ် ပေပင်ရွာသို့ ပြန်လာပြီဖြစ်သည် ၊ မောင်ဘိုးထင်တို့သည် ဦးအုန်း၏ အိမ်ရောက်သည့်တိုင် မကြီး နှင့် မလေးအား စိတ်ပူနေသေးသည် ၊ ထို့ကြောင့် ဦးအုန်းသည် မကြီး မလေးတို့၏ မိခင်ကြီးအား အကျိုးအကြောင်း သွားပြောမည်ဖြစ်ပြီး ကျန်သူများသည် လည်း သူတို့၏ အိမ်သို့ ပြန်တော့မည်ဖြစ်သည် ၊ ဦးအုန်း၏ အိမ်တွင်တော့ အင်းဝိဇ္ဇာပွကြီး နှင့် မောင်ဘိုးထင်သာ ကျန်တော့သည်၊ မောင်ဘိုးထင်သည် ကြံပွသည် မှ နွားပွဲစား ဖြစ်နေသော အင်းဝိဇ္ဇာ ပွကြီးကို ကြည့်ကာ … Read more

အငြိုး

” အငြိုး “(စ/ဆုံး) +++++++++ (၁) တစ်ဖွဲဖွဲရွာနေသောမိုးက သည်းသည်းထန်ထန်ကြီးမဟုတ်ပဲတစ်နေကုန်စွေနေမယ့်သဘောရှိသည်။ ဒီလိုအချိန်မျိုးအပြင်ထွက်ဖို့မပြောနဲ့ ထပင်မထချင်စောင်လေးခြုံပြီးကွေးနေတာ အကောင်းဆုံး။ စိတ်ကူးနဲ့ ကွေးကောင်းနေတုန်း “သာမောင် ရေ သား ထထ” မေမေ့အော်သံကြောင့် စိတ်အတော်ညစ်သွားရသည်။ ကွေးကောင်းတုန်းကို။ “ဘာဖြစ်တာလဲဗျ” “”အေးမှုံ …အေးမှုံရယ် လေ ကလေးမမွေးနိုင်ပဲ မီးတွင်းထဲ ဆုံးပြီတဲ့”” “”ဗျာ…မေမေ..ဟုတ်လားဗျာ မေမေနောက်နေတာမှလား ဗျာ” “ဒါနောက်စရာလားသားရယ် ကလေးမလေးသနားပါတယ်ကွယ်” — သူမဝေးလှသောအတိတ်ဆီအတွေးရောက်သွားရသည်။ အေးမှုံ.. ရွာရဲ့အလှလေး…ခြူချင်သူတွေဝိုင်းဝိုင်းလည်နေတဲ့ထဲမှာမှ သူ့လိုအညတရကောင်ကိုရွေးချယ်ခဲ့သည်။ အစထဲက မယုံမရဲ ရှိခဲ့တာပါ။ နောက်တော့လည်း တကယ်ပင် ဒီရွာရဲ့ တောသူဌေး “အောင်ဘ”ကိုရွေးချယ်သွားခဲ့သည်။ သူ၀မ်းသာပေးခဲ့ပါတယ်။ ချစ်သူဘဝကောင်းစားတာပဲ့လေ။ ချစ်သူပျော်ရင်ပျော်ပေးပြီးဝေးဝေးက ကျေနပ်ခဲ့ပါတယ်။ အေးမှုံကို စချစ်ကတည်းက ပိုင်ဆိုင်လိုမှုဆိုတဲ့ လောဘနဲ့ မဟုတ်ခဲ့ပါ။ ခုတော့…ခုတော့… “အေးမှုံ.. … Read more

လူစားသည့်ချောင်း

* လူစားသည့်ချောင်း *(စ/ဆုံး) ရေးသားသူ—အောင်ဓူဝံ +++++++++++ ရွာနာမည်သည်ကားဇရပ်အိုရွာဟု အမည်တွင်လေသည်။ အိမ်ခြေတစ်ရာကျော်ရှိသည့် ရွာတစ်ရွာလည်းဖြစ်သည်။ လယ်ယာမြေစိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားပြီးလုပ်ကိုင်သည့် ရွာလည်းဖြစ်သည်။ ဇရပ်အိုရွာအားအုပ်ချုပ်သည့် သူကြီးနာမည်မှာဦးညီပုဖြစ်သည်။ သဘောလည်းကောင်း အပြောလည်းကောင်းသလောက် စေတနာသိပ်ကောင်းသည့်သူကြီးတစ်ဦး ဖြစ်သည်။ ရွာသူရွာသားများအပေါ်တန်းတူညီမျှ ထားကာဆက်ဆံတတ်လေသည်။ ထို့ကြောင့်သူကြီးဦးညီပုအား ဇရပ်အိုရွာမှရွာသူရွာသားများက ချစ်ကြောက်ရိုသေကြလေသည်။ ဇရပ်အိုရွာ၏မြောက်ဘက်တွင်တော့ တသွင်သွင်စီးဆင်းနေသည့်ချောင်း တစ်ခုလည်းရှိလေသည်။ ဇရပ်အိုချောင်းဟုအများကခေါ်ဆိုကြ လေသည်။ နှစ်စဉ်ဝါဆိုလရောက်တိုင်းဇရပ်အိုချောင်းထဲမှာလူတစ်ယောက်အမြဲရေနစ်သေဆုံးတတ်လေသည်။ မိဘများလည်းဝါဆိုလရောက်တိုင်း သားသမီးများအားဇရပ်အိုချောင်းသို့ မသွားရန်လူငယ်များအားအမြဲသတိပေး ကြလေသည်။ လူကြီးများသတိပေးနေသည့် ကြားကပင် ဝါဆိုလရောက်တိုင်း ဇရပ်အိုချောင်းထဲ၌လူတစ်ယောက် အမြဲရေနစ်သေဆုံးကြပြန်သည်။ ဝါဆိုလရောက်တိုင်းလူစားတတ်သည့် ဇရပ်အိုချောင်းကြီးထဲ၌ သေဆုံးသွား သည့်ဝိညာဉ်များမည်မျှအထိ ရှိလိမ့်မည်မသိနိုင်ချေ။ ဒေါ်စိန်ပုနှင့်ဦးခင်အေးတို့လင်မယား သားဖြစ်သူကျော်ကျော်အား ရှင်ပြုပေး ရန်အတွက်အလုပ်ရှုပ်နေကြလေသည်။ ချက်ရေးပြုတ်ရေးအတွက်စီမံရ အိမ်ကိုလာသည့်ဆွေမျိုးများကိုလည်း ဧည့်ခံရ၊လိုအပ်သည့်ပစ္စည်းများအား ထွက်ဝယ်ရဖြင့် မအားလပ်နိုင်ကြပေ။ “သားကျော်ကျော်…” “ဗျာအမေ” “လာပါဦး … Read more

ပဉ္ဇ္စလက်မှော်

” ပဉ္ဇ္စလက်မှော် “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ ဘိုးလူပေ လာခေါ်လို့ ကျုပ်လိုက်ခဲ့တာဗျ။ မြစ်ဝကျွန်းပေါ်က မြို့ကလေးတစ်မြို့ကို ကျုပ်ဒို့ ရောက်လာခဲ့တယ်။ဧရာဝတီသင်္ဘောကြီးစီးပြီး ရန်ကုန်ကတစ်ဆင့် လာခဲ့တာဗျ။ ဘိုးလူပေကို လာပင့်တာက အဲဒီမြို့ကလေးမှာနေတဲ့ ဘိုးလူပေရဲ့ မိတ်ဆွေ ဦးဘဝင်းတဲ့ဗျ။ ဦးဘဝင်းကလည်း ဆရာပဲဗျ။ဘိုးလူပေကို မွေးစားတဲ့ ပထမံဆရာပွါးကြီး ထွက်ရပ်မကြွခင်တုန်းက ဆရာပွားကြီးဆီမှာ တပည့်ခံခဲ့တဲ့သူတဲ့ဗျ။ ဒီနယ်မှာတော့ ဆရာဦးဘဝင်းကလည်း လွှတ်ကျော်ကြားတဲ့ဆရာပဲဗျ။ဘိုးလူပေက ဆရာဦးဘဝင်းကို အစ်ကိုလို့ ခေါ်တာဗျ။ ဒါပေမယ့် အခုကြုံရတဲ့ ပြသာနာကို ဆရာဦးဘဝင်း ဘယ်လိုမှ မရှင်းနိုင်ဘူးတဲ့ဗျို့။ သူ့ဆရာ ပထမံ ဆရာပွါးကြီးကို ပွဲပေးပြီး လျှောက်ထားတော့ အိပ်မက်ထဲမှာ ဆရာပွါးကြီး ကြွလာသတဲ့ဗျ။ “မောင်ဘဝင်း ဒီကိစ္စကို မင်းမနိုင်ဘူး မင်းမလုပ်နိုင်နဲ့ ငါ့သားမောင်လူပေကို တွေ့အောင်ရှာပြီးပင့်ပေတော့” … Read more

အောက်လမ်းဘိုးထင် နှင့် လောင်းကစားအင်း

” အောက်လမ်းဘိုးထင် နှင့် လောင်းကစားအင်း ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း-၁ လောင်းကစားပြုလုပ်ချင်းသည် မကောင်းဟု လူကြီးသူမများ၏ ဆိုရိုးစကားရှိခဲ့ကြသည်၊ လောင်းကစား အနည်းငယ် ဝါသနာပါသူများသည် နည်းနည်းလောင်းက ကောင်း၏ များများလောင်းက မကောင်းဟု တမျိုးတမည် ဆိုကြပြန်သည် ၊ လောင်းကစားအား အတော်ကို ဝါသနာထုံသူများသည် များများလောင်းက သူဌေးဖြစ်ဟု မှတ်ယူကြပြီး ခွေးဖြစ်မည်ကို မေ့ထားကြသည် ၊ တချို့ မိုက်မဲသောသူများသည်က သူဌေးမဖြစ် ခွေးသာဖြစ်ကုန်၏၊ လောင်းကစားဟူသည် ယောကျာ်းသားများသာ ဝါသနာထံုလေ ရှိသည်တော့ မဟုတ်‌ပြန်ပေ မိန်းမသားများသည်လည်း ဝါသနာထုံကြပေသည် ၊ ယခုပေပင် ရွာတွင်တော့ အသက် ငါးဆယ်ကျော် အပျိုကြီးနှစ်ယောက် ဖြစ်သည် မလေးရွှေ နှင့် မလေးငွေသည် ထူးထူးရှားရှား လောင်းကစား … Read more

အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်

” အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင် ” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – မုဆိုးထိုင်စေတီထီးတင်ပွဲအပြီးမှာတော့ အောင်မြတ်သာတစ်ယောက် အဓိဌာန်ဝင်ဖို့အတွက် တစ်ယောက်ထဲခရီးထွက်လာခဲ့တယ်။သက်ခိုင်တို့နဲ့ပြန်တွေ့ဖို့ကလဲ သုံးလလောက်လိုသေးတယ်မဟုတ်လား။ ခရီးထွက်လာရင်း တိတ်ဆိတ်ငြိမ်သက်တဲ့ တောင်တန်းလေးတစ်ခုဆီကိုရောက်လာခဲ့တယ်။ လမ်းတစ်လျောက်လုံး ထင်းခွေထွက်လာတဲ့ လူတစ်ယောက်စ နှစ်ယောက်စလောက်ကိုသာ တွေ့ရပြီး ကျန်တဲ့သက်ရှိတစ်ကောင်တစ်မြှီးမှမတွေ့ရ။ အနည်းငယ်မတ်စောက်တဲ့တောင်ကုန်းလေးကို တက်လာတော့ လတ်ဆတ်တဲ့လေနုအေးရဲ့ အရသာကို အောင်မြတ်သာ ခံစားလိုက်ရတယ်။ “ဒီနေရာက အဓိဌာန်ဝင်ဖို့အကောင်းဆုံးနေရာပဲ လူသူအရောက်အပေါက်လဲနည်းတော့ အရှုပ်အရှင်းလဲမရှိတော့ဘူး”ဆိုပြီး တစ်ယောက်ထဲရေရွတ်နေတဲ့အချိန် – “ဒေါက် ဒေါက် ဒေါက်”ဆိုတဲ့အသံနဲ့အတူ တောင်ကုန်းလေးရဲ့မျက်ကွယ်ကွေ့ကနေ တောင်ဝှေးကိုထောက်ကာ လျောက်လာတဲ့ အဖိုးအိုတစ်ယောက်ကို အောင်မြတ်သာမြင်လိုက်ရတယ်။ ထိုလူက အောင်မြတ်သာကိုကြည့်ပြီး “ဒီနေရာက အဓိဌာန်ဝင်လို့ကောင်းတဲ့နေရာမဟုတ်ဘူး နေရာအရမ်းကြမ်းလို့ ဘယ်သူမှမလာတာကိုပဲကြည့်” … Read more

ရွာတော်စောင့်သရဲ

” ရွာတော်စောင့်သရဲ “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ “ဟဲ့နွား ဘယ်ကို ဆွဲနေတုံး” “တောက် —– အော်” “ဟဲ့နွား အဖြောင့်ဆွဲလေ – ဟာ- ဖြန်း” “နွားဖြူကြီး ရုန်းဟ” ကျုပ်ကို ကျုပ်သူငယ်ချင်း လာခေါ်တာဗျ။မြို့ကျောင်းမှာ တက်တုန်းက ဒီကောင်နဲ့ တစ်ခန်းတည်းလေဗျာ။ ဒီကောင်နာမည်က”စံဘော်တဲ့”လူပုံက ညိုညိုတုတ်တုတ်၊ဂင်တိုတိုဗျ။ဒီကောင်က ကျောင်းတည်းက ကျုပ်နဲ့ လွှတ်ခင်တဲ့ အကောင်။ဘချစ်ရယ်၊ဒီကောင်ရယ်၊ ကျုပ်ရယ်၊တတွဲတွဲ နေခဲ့တာဗျ။ဘချစ်က သုဿာန်ကျောင်းကိုယ်တော်ရဲ့ မွေးစားသားလေ ဗျာ။ကျုပ်က ထနောင်းကုန်းသား၊စံဘော်ကရွာတော်ကြီးသားဗျ။ ရွာတော်ကြီးဆိုတာ ထီးဂလိုင်ဘက်မှာဗျ။ထီးဂလိုင်ဘက်ကိုသွားရင် တောင်က ချောင်းတစ်ချောင်းကို ကူးရသေးတယ်ဗျ။ အဲဒီချောင်းရဲ့ ဒီဘက်က ရွာက ရွာတော်ကြီးပဲ။ချောင်းက နွေမှာတောင် ရေ ရှိတဲ့ ချောင်းလေဗျာ။ဒါပေမယ့် နွေဆိုရင် လှည်းဖြတ်မောင်းလို့ရတယ်။ရွာတော်ကြီးက ချောင်းနဲ့အနီးလေးဗျ။ ကျုပ်ဆီကို … Read more

အောက်လမ်းဘိုးထင် နှင့် ကြံပွသည်အမှု

” အောက်လမ်းဘိုးထင် နှင့် ကြံပွသည်အမှု ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ မြေလတ်ဒေသ၏ နေပူပူကို ဖြတ်လို့ ရွာထဲသို့ဝင်လိုက်ကာမှ မန်ကျည်း သရက် အုန်းပင်တို့၏ အရိပ်များကြောင့် နေပူပူ မှ  ဖြတ်လာရသော မောပန်းမှုသည်က အနည်းငယ် ပြောလျော့သွားသည်ဟုထင်မိ၏၊ ထိုသို့ တွေးနေသူမှာ ရွာစဉ်လှည့်၍ ကြံပွ ရောင်းသော ကိုပွကြီးဟု အမည်ရသော ဈေးသည်ကြီး၏ အတွေးဖြစ်သည် ၊ ဈေးသည်ကြီးသည် အသက်ငါးဆယ် အရွယ် ဖြစ်ကာ တဘက်တထည်ကို ခေါင်းမှာပေါင်းထားပြီး ပုဆိုး အပိုတထည်ကို ပုခုံးနေရာ တွင် စလွယ်သိုင်း စည်းထားပြီး တောင်း နှစ်လုံးကို ရှေ့တတောင်း နောက်တတောင်း ၊ထမ်းတပိုးဖြစ် ထမ်းကာ ဈေးလှည့်ရောင်းနေသော လူကြီးဖြစ်သည် ။ သူသည် ယခု … Read more

အောင်မြတ်သာနှင့်ဆေးကဝေ

” အောင်မြတ်သာနှင့်ဆေးကဝေ “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာဇေယန(ရာမည) +++++++++++++++++++++ ညောင်ကုန်းရွာရှိ ပြဿ နာကိုဖြေရှင်းပြီးတဲ့နောက် ဘေးကပ်လျက်ရှိသော ထန်းပင်ကုန်းရွာသို့ အောင်မြတ်သာနဲ့သက်ခိုင်တို့နှစ်ဦးသားထွက်လာခဲ့လိုက်သည်။ ရွာအဝင် ထန်းပင်ကုန်းရွာဆိုတဲ့ ဆိုင်းဘုတ်အရှေ့ရောက်တော့ အောင်မြတ်သာခြေလှမ်းတွေ တုံ ့ခနဲ ဖြစ်သွားတယ်။ အနောက်က တစ်ယောက်ယောက်က တားလိုက်သလို ခံစားရတဲ့အတွက် ဘေးဘီဝဲယာသို့ ဝေ့ကြည့်လိုက်တော့ ရွာအပြင် ညောင်ပင်ကြီးပေါ်မှာ မျက်နှာမကြည်မသာနဲ့ ထိုင်နေသော အဖိုးအို တစ်ယောက်ကို တွေ့လိုက်တယ်။ အောင်မြတ်သာလဲ ညောင်ပင်အောက် သွားပြီး အဖိုး ဘာလုပ်နေတာလဲ ဟာ– ဆရာလေးပါလား အတော်ပဲဆရာလေးရေ ဒီရွာတော့ မကြာခင်ဒုက္ခရောက်တော့မယ် ကျုပ်တောင် ရွာပြင်မောင်းထုတ်ခံထားရတယ် ရွာကိုပိုင်တဲ့ ရွာတော်ရှင်တောင် ရွာပြင်မောင်းထုတ် ခံရတယ်ဆိုတော့ ဒီရွာက ပညာသည်က တော်ရုံအဆင့်မဟုတ်ဘူး။ ကဲ ဆိုစမ်းပါဦး ဘယ်လိုဖြစ်လို့ … Read more

ဘွားမယ်စိန်နှင့် ကျိန်စာသင့်စေတီ

” ဘွားမယ်စိန်နှင့် ကျိန်စာသင့်စေတီ “(စ/ဆုံး) ရေးသားသူ— ယဉ်မင်း(ကန့်ဘလူ) +++++++++++ “သူကြီး–သူကြီး–” “မောင်ကျော် ဘာဖြစ်လာတာလဲကွ” “ဟိုတောလမ်းကနေ …. ပုလိပ်တွေလာနေကြတယ်ဗျ…” “ဟေ…ဟုတ်လား” မောင်ကျော်ဆိုသောရွာသားကပုဆိုးကို ခါတောင်းကျိုက်လျှက်အပြေးရောက်လာခြင်းဖြစ်သည်။ ပြေးလွှားကာလာရ၍အတော်လေးလည်း မောပန်းနေရှာသည်။ သူကြီးဦးနောင်ချိုကလည်း မောင်ကျော် စကားကြောင့်မျက်လုံးပြူးသွားခဲ့ရှာသည်။ ထိုင်နေသောခုံအထက်မှဆင်း၍ ခါးကြီးကိုထောက်ကာ… “အင်း…ကြည့်ရတာ တို့ရွာကိုလာပုံရတယ်ကွ” ဟုပြောတော့သူကြီးဘေးထိုင်နေသောမောင်အုန်းက… “သူတို့လာတာကို ကျုပ်ဖြင့် မကြောက်ပါဘူးဗျာ… ကျုပ်တို့နယ်တစ်ဝိုက်ကတော့ အသံလုံပါတယ်ဗျ…” “ဟကောင်ရဲ့…မင်းပထွေးတွေက အနံ့ရလို့အုံလိုက်လာကြတာနေမှာပေါ့… နေပါဦးကွာ…မင်းအခုရွာထဲကိုသွားသတိပေးလိုက်… ဖုံးဖုံးဖိဖိနေကြလို့လည်းပြောခဲ့ဦး…” “ဟုတ်ကဲ့သူကြီး” မောင်အုန်းလည်းသူကြီးအရှေ့မှ ခပ်မြန်မြန်ပြေးထွက်သွားတော့သည်။ သောင်ထွန်းနယ်တစ်ဝိုက်၌ နယ်ချဲ့တော်လှန်ရေးကို ဖုံးဖုံးဖိဖိလှုပ်ရှားပါဝင်နေကြသူများလည်းရှိ၏။ ဒါကိုလည်းသူကြီးတင်မက တစ်ရွာလုံးလည်းသိထားကြပေသည်။ မောင်အုန်းကရွာထဲလှည့်သတိပေးနေစဥ် ရွာသူကြီး ဦးနောင်ချိုအိမ်သို့ပုလိပ်များ အုပ်စုလိုက်ရောက်လာခဲကြတော့သည်။ “ဟာ…အရာရှိမင်းတို့ပါလား… ကြွကြပါခင်ဗျာ…ကြွကြပါ…” “သူကြီး…နေကောင်းတယ်နော်…” “ကောင်းပါတယ်ခင်ဗျာ… ဟေ့…လာကြဦးဟေ့…အရာရှိမင်းတို့အတွက် ဆိတ်သားခြောက်ဖုတ်လေးနဲ့အကြမ်းရည်အိုးလေး လာချပေးကြပါဦး…” သူကြီးကလည်းအရာရှိမင်းကိုမျက်နှာချိုသွေးပြီး … Read more