ဘိုးတော်ပေ နှင့် ရောင်းမှားဝယ်မှား

” ဘိုးတော်ပေ နှင့် ရောင်းမှားဝယ်မှား ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း (၁) ကတ္တရာလမ်းလေးပေါ်တွင် မြင်းလှည်းလေးတစီး စည်းချက်မှန်စွာ ပြေးလွှားနေသည်။တခါတခါ ဖြတ်သန်းသွားသော ကားအိုကြီးများကြောင့် မြင်းလှည်းမောင်းသူသည် သူ၏မြင်းအား မကြောက်လန့်ရန် အသံပေးနေရသည်၊၊မြင်းလှည်းဆရာသည် မြင်းလှည်းမောင်းနေရင်းမှ သူ၏ မြင်းလှည်းပေါ်တွင် လိုက် ပါလာသော လူနှစ်ယောက်အား လှည့်ကြည့်၍ စကားစလိုက်လေသည်။ “ဆရာကြီး အခုတလော မြိုင်တောကို မသွားတာကြာပေါ့ ” “အေး ငြိမ်း‌ေမာင်ရေ အခု လာပင့်လို့ သွားရမှာ ” “ဆရာကြီးက မြိုင်တောအထိတောင် နာမည်ပေါက်တာပဲကိုး ဒါနဲ့ ဟိုကောင်လေးက ဘယ်သူတုန်း ကျုပ်လည်း မမြင်ဘူးပါလား ” “အေး ဟုတ်တယ် ဒီကောင်လေးက ငါ့ တပည့်လေးလေကွာ ” မြင်းလှည်းသမား ကိုငြိမ်းမောင်သည် … Read more

အောက်လမ်းဘိုးထင် နှင့် စနေဂိုဏ်း

” အောက်လမ်းဘိုးထင် နှင့် စနေဂိုဏ်း ” ရေးသားသူ—မောင်တင်ဆန်း +++++++++ *အခန်း (၁) တောတောင်များ အုံ့ဆိုင်းနေပြီး နေရောင်မထိုးဖောက်နိုင်သည့် တောကြီးမျက်မဲထဲတွင် လူတယောက် လမ်းလျှောက်နေသည်။ထိုသူမှာ အခြားသူမဟုတ် ‌မြကေသီအား ဓားနှင့် ထိုးသတ်ခဲ့သည့် စနေမည်သော ပညာသည် လူကြီးဖြစ်သည်။သူသည် တောထဲတွင် အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်နေစဉ် သူ၏ နောက်မှလူများပြေးလိုက်လာသည့်အသံကို ကြားလိုက်ရ၍ ရပ်တန့်လိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။လိုက်လာသောသူများမှာ မြကေသီ၏ တပည့်များဖြစ်ပြီး စန်းကြည်အမည်ရသော မိန်းကလေးမှာ ဦးဆောင်လာသည်။သူမသည် စနေကိုတွေ့သည် နှင့် နာနာကြည်းကြည်း ကြည့်လိုက်ကာ “လူယုတ်မာ စနေ နင်ဘယ်ပြေးမလို့လဲ ” “ငါက ဘယ်မှမပြေးဘူး နင်တို့က ဘာလုပ်တာလဲ ပြောစမ်း ” “နင့်ကို သတ်မလို့ လိုက်လာတာ စနေ ” … Read more

ဘွားမယ်စိန်နှင့်စုန်းအိုမ၏အဆုံးသတ်

” ဘွားမယ်စိန်နှင့်စုန်းအိုမ၏အဆုံးသတ် ” ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ “ကိုစံဖေ…ခင်ဗျားကြားပြီးပြီလား…” “ဘာများတုန်း ကိုမြသောင်းရဲ…ဘာသတင်းထူးလို့တုန်း” “အိုဗျာ…တောင်ဘက်ပိုင်းက သူဌေးကြီးဦးရွှေရဲ့သမီးလေး ပျောက်သွားတယ်ဆိုတာလေ…….” “အင်းဗျာ…ကျုပ်ဖြင့် အဲ့သတင်း ကျုပ်ကြားပြီးတော့စိတ်မကောင်းဖြစ်နေမိတာ… သူဌေးကြီးဦးတင်ရွှေခမျာလည်း ဒီသမီးလေးပဲရှိပေတာ… ကလေးမလေး မအေ မရှိတော့ကတည်းက သူ့ခမျာဒီကလေးကိုပဲ အချစ်ပိုနေရှာတာမလား……” “ဟုတ်ပါ့ဗျာ……” ​ခင်တန်းကုန်းရွာသည် နေထိုင်သူလူဦးရေများရုံသာမက စည်ကားလှသော ရွာကြီးတစ်ရွာပင်ဖြစ်သည်။ ခင်တန်းကုန်းရွာ၏သူကြီးအမည်မှာကား ဦးရှည်ကြီးဟုအမည်ရ၏။ သူ​ကြီးသည် အရပ်အမောင်းကောင်းလှပြီး မျက်နှာအေးပြီး လူချစ်လူခင်ပေါသော သူတစ်ယောက်ပင်ဖြစ်သည်။ “တောက်…ငါ့ရွာကျမှ ပျောက်ရတယ်လို့ကွာ…..” “ကောင်မလေးပျောက်တာ…နှစ်ရက်ရှိပြီသူကြီးရဲ့…. ဒီကလေးမက အခုရှိလ ဆယ့်ငါးနှစ်သာသာပဲ… ရည်းစားဘာညာလည်းရှိပုံမရ…ကျုပ်တော့ စဥ်းစားမရပါဘူးဗျာ…..” “အေး…မောင်ရင်တို့စဥ်းစားမရတာထက် ငါကပိုတယ်ကွဲ့… သူ့အဖေကြီးကနေ့တိုင်းလာလာပြီးငိုလိုက်ရယ်လိုက် သမီးပျောက်ရှာနေတော့… တို့တွေလည်းနေရာစုံလိုက်ရှာဖွေနေတာပဲ…ဒီထက်တော့ ဘယ်တတ်နိုင်မလဲကွာ……” “ဟုတ်ပါ့ဗျာ…ကျုပ်တော့ခေါင်းခြောက်ပါရဲ့” ခင်တန်းကုန်းသူကြီးနှင့် ရွာကာလသားများ အစည်းအဝေးလုပ်နေကြခြင်းဖြစ်ပေသည်။ ရွာ​တောင်ပိုင်းရှိသူဌေးကြီးဦးရွှေ၏ သမီးဖြစ်သူပျောက်ဆုံးခြင်းကို အားလုံးက အဖြေရှာမရကြသေး။ … Read more

ဦးဖိုးဝေ နှင့် သံဓာတ်လုံးရှင်

” ဦးဖိုးဝေ နှင့် သံဓာတ်လုံးရှင် “(စ/ဆုံး) ရေးသားသူ–မောင်တင်ဆန်း +++++++++++ *အခန်း (၁) နေလုံးနီနီကြီးသည် အနောက်ရပ်တောင်စွယ်များအကြားငုတ်လျှိုးပျောက်ကွယ်သွားခြင်းကို နေဝင်သည်ဟု ခေါ်ကြလေသည် ၊ယခု တည်ရှိနေသော ရွာလေး၏အနောက်ဘက်တွင် တောင် တန်းပြာပြာကြီးများသည် စီတန်းတည်ရှိနေလေ၏။ထိုတောင်တန်းပြာပြာကြီးများ၏အမည်အား တောင်နှစ်လုံး ယှဉ်တွဲလျက်ရှိသောကြောင့် တောင်ညီနောင်ဟု အလွယ်ခေါ်ကြသည်။ထိုတောင်ညီနောင်၏ ဘေးကပ်လျက်တွင်တော့ ဗိုလ်စောင့်တောင်အမည်ရှိ‌ တောင်တလုံးရှိပြီး ထိုအရပ် ထိုဒေသတွင် နာမည်ကြီးသော တောင်အဖြစ် တည်ရှိနေသည်။ဗိုလ်စောင့်တောင်အား သစ်ခုတ်ဝါးခုတ် နှင့် တောလည်အမဲပစ်သော သူများရှောင်ကြလေသည်။အဘယ့်ကြောင့်ဆိုသော် ဗိုလ်စောင့်တောင်သည် ဝိဇ္ဇာဇော်ဂျီ၊တပဿီများ နေကြသည်ဟု သတင်းကြီးသောကြောင့် ဖြစ်သည်။ထိုတောင်များနှင့် အနီးဆုံးရှိသော ရွာလေး၏ နာမည်သည် မြောက်တဲစုရွာ ဖြစ်၏။ ယခု ထိုမြောက်တဲစုရွာလေးထဲသို့ အသက်ကြီးကြီး လူကြီးတယောက် နှင့် လူငယ်လေးတယောက်တို့ လမ်းလျှောက်ကာ ရောက်ရှိလာလေသည်။နေဝင်ရီတရောအချိန်မို့ နွား‌ေကျာင်းရာမှ ပြန်လာကြသော … Read more

အောင်မြတ်သာနှင့်ငါ့အရိုးပြန်ပေး

” အောင်မြတ်သာနှင့်ငါ့အရိုးပြန်ပေး ” ရေးသားသူ—ဇေယန(ရာမည) +++++++++ ကျေးငှက်သာရကာတွေရဲ့ ချိုသာလှတဲ့အော်မြည်သံကလွဲပြီးမဟာမြိုင်တောတစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ အလွန်မွှေးပျံ့တဲ့ပန်းပေါင်းရနံ့တွေထုံသင်းနေတဲ့ ပန်းပင်‌တွေပတ်ပတ်လည်ပေါက်နေတဲ့ ကျောင်းသင်္ခန်းအတွင်းမှာတော့ ဖန်ရည်ဆိုးသင်္ကန်းဝတ်ထားတဲ့ရဟန်းတော်လေးပါးအပြင် အခြားလူပုဂ္ဂိုလ်ဆယ်ဦးနီးပါးခန့် ရှိနေခဲ့ကြတယ်။ အပြင်ကနေကြည့်ရင် ဆယ်ပေသာသာခန့်သာရှိတယ်ထင်ရပေမယ့် အတွင်းမှာတော့ ခန်းမတစ်ခုစာလောက်ကြီးမားနေတဲ့အတွက် သာမန်လူတစ်ယောက်သာမြင်မယ်ဆိုရင် ကိုယ့်မျက်လုံးကိုယ်ယုံနိုင်ဖွယ်ရှိမယ်မထင်။ “ အခုလိုဂိုဏ်းစုံညီအစည်းအဝေးကိုတက်ရောက် လာကြတဲ့သူတွေအားလုံးကို လုပ်ဆောင်ရမယ့်တာဝန်တွေပြောပြီးပြီဖြစ်လို့ မိမိတို့နေထိုင်ရာအရပ်ဆီကို ပြန်လို့ရပါပြီ” အောင်မြင်လှတဲ့အသံနဲ့မိန့်လိုက်တာကြောင့် ထိုင်နေကြတဲ့သူတွေအားလုံး ဖျောက်ခနဲ ဖျောက်ခနဲ ပျောက်ကွယ်သွားခဲ့ကြတယ်။ “ အောင်မြတ်သာရှိနေသေးလား” “ ရှိပါတယ်ဘုရား” “ လူလေးကတော့ ဒီအရပ်မှာအချိန်တစ်ခုထိနေဖို့ ဘဘုန်းမေတ္တာရပ်ခံချင်တယ်” “ တင်ပါဘုရား… တပည့်တော်ကို အခုလိုနေဖို့ပြောတယ်ဆိုထဲက အကြောင်းတစ်ခုခုများရှိနေမယ်ထင်ပါတယ်” “ ဟုတ်တယ် လူလေး… အခုမြို့ရွာမှာကျန်ခဲ့တဲ့ ဒကာလေးနှစ်ယောက်နဲ့ပတ်သတ်ပြီး ပြောချင်တာတွေရှိတယ်” “ တင်ပါဘုရား… မိန့်တော်မူပါဘုရား” “ ဒီလူငယ်လေးနှစ်ယောက်က … Read more

စုန်းထီးကြီး ဦးဘသာနှင့် မယဉ်နဲ့ကိုဘအေး

” စုန်းထီးကြီး ဦးဘသာနှင့် မယဉ်နဲ့ကိုဘအေး ” ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) ဒီနေ့ကတော့ မယဉ်အကြောင်းပြောမယ့်နေ့ပေါ့ဗျာ၊ မယဉ်ရဲ့အကို လူမိုက်ကြီး သရဲပြေးဘအေးတစ်ယောက် သူသေပြီးတဲ့အခါ မကျွတ်ဘူးတဲ့ဗျ၊ ဘာလို့သိသလဲဆိုရင်တော့ ကျုပ်တို့ကိုယ်တွေ့ပဲပေါ့ဗျာ၊ ကျုပ်တို့ရွာမှာ ကိုဘအေးမရှိတော့ အမဲသား၊ ဝက်သား ရှားသွားတယ်ဗျ၊ ဆိတ်သားတောင်မှ ပေတောရွာက ကုလားလေးညီအကိုလာတော့မှ စားရတာ၊ ဒါတောင် အလုအယက်ဝယ်စားရတာမျိုးမဟုတ်လား၊ ပြီးတော့ ကိုဘအေးနေရာကိုဆက်ခံမယ့် သားသတ်သမားမရှိတော့ အမဲသားဆိုတာ ရခဲသွားတာပေါ့ဗျာ၊ တခြားရွာကနေ ခေါင်းရွက်ဗျက်ထိုးလာရောင်းကြတဲ့ အသားသည်တွေဆီကနေပဲ ဝယ်ပြီးစားရတာဗျ၊ ဝယ်စားတဲ့အသားက ဈေးလည်းကြီးတယ်၊ တစ်နေ့လုံးပတ်ရောင်းပြီး ကျုပ်တို့ရွာကို ညနေခင်းလောက်မှရောင်းတော့ ယင်ကောင်တဝီဝီနဲ့ အသားတွေက အူချင်နေပြီပေါ့ဗျာ၊ မလတ်ဆတ်တော့ စားမကောင်းဘူးပေါ့။ တစ်ရက်တော့ ကာလသားကိုမြင့်နဲ့ ကိုကျွဲနဲ့ အိမ်ကိုရောက်လာပါရောဗျာ၊ ကိုကျွဲက ဦးဘဖြူသမီး မညိုရဲ့ယောက်ျားပေါ့၊ … Read more

စုန်းထီးကြီး ဦးဘသာနှင့် သရဲမွေးတဲ့ ကိုဘအေး

” စုန်းထီးကြီး ဦးဘသာနှင့် သရဲမွေးတဲ့ ကိုဘအေး ” ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) ဟိုနေ့က ခင်ဗျားတို့ကို မယဉ်အကြောင်းပြောပြမယ်ဆိုပြီး ပြောဖူးတယ်မဟုတ်လားဗျ၊ ဒါပေမယ့် မယဉ်အကြောင်းမပြောခင်မှာ ကိုဘအေးဆိုတဲ့လူအကြောင်း အရင်ပြောမှ ခင်ဗျားတို့ဇာတ်ရည်လယ်မှာဗျို့၊ ကိုဘအေးဆိုတဲ့လူက မယဉ်ရဲ့အကိုပေါ့ဗျာ၊ ကျုပ်တို့တော့ မမှီလိုက်ပါဘူး၊ ကျုပ်တို့ ခပ်ငယ်ငယ်မှာပဲ ကိုဘအေးက သေသွားခဲ့ပါပြီ၊ ဒီအကြောင်းတွေကတော့ အဖေပြောဖူးတာတွေ၊ အမေပြောဖူးတဲ့အကြောင်းတွေကို ကျုပ်ကပြန်ပြောပြတာပါ။ ကျုပ်တို့ရွာအရှေ့ပိုင်းမှာ ကိုဘအေးနဲ့ မယဉ်ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်ဗျ၊ သူတို့မိဘတွေက ကိုဘအေးတို့ အသက်ဆယ်နှစ်လောက်ကတည်းက မြိုင်သာကို ပဲရောင်းသွားကြပြီး ငွေတွေရလာလို့အပြန်၊ လမ်းမှာ ဓါးပြတိုက်ခံရပြီးတော့ ဓါးပြတွေသတ်လို့ သေပါရောလားဗျာ၊ အဲဒီတော့ ကိုဘအေးနဲ့ မယဉ်နဲ့ မောင်နှမနှစ်ယောက်ပဲ ကျန်ခဲ့တာပေါ့ဗျာ။ ဖြစ်ချင်တော့ ကိုဘအေးတို့ရဲ့ယာခင်းတွေကို ဘုရားဒကာကြီး ဦးဘဖြူဆီမှာ အပေါင်ထားတာဆိုပဲတဲ့ဗျာ၊ … Read more

အောက်လမ်းဘိုးထင် နှင့် လူယုတ်မာများ

” အောက်လမ်းဘိုးထင် နှင့် လူယုတ်မာများ ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) သနပ်ပင်ရွာလေး၏ အနောက်ဘက်တောအုပ်တခုအတွင်းရှိ အင်တောထဲမှ တဲလေးတလုံးပေါ်တွင် ဖြစ်သည်။ထိုတဲလေး ပေါ်တွင်တော့ တဲပိုင်ရှင်များဖြစ်ကြသော သာတင်နှင့် မိန်းမဖြစ်သူမိတင် ထို့‌‌ေနာက် ၊ရှစ်နှစ်အရွယ် သူတို့၏သမီးလေးတယောက်အပြင် မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသော မောင်ဘိုးထင်၊ပေတူး သာအေး နှင့် ဆရာကြီးဩတို့ ဖြစ်သည်။သာတင်၏ မိန်းမဖြစ်သူမှာ ဦးဩကို ကြည့်ကာ “ကျမ ဒီအကြောင်းတွေကို တကယ် မသိတာပါရှင် သိခဲ့ရင်တော့ ကျမ မလုပ်ခိုင်းပါဘူး တကယ်ပါ ဆရာကြီးရယ် ” “ရှိစေတာ့ မိတင် နင်တို့ သားအမိမှာ ဘာအပြစ်မှမရှိပါဘူး ငါ သာတင်ကိုပဲ မေးချင်တယ် ကဲ သာတင် ဘာတွေဘယ်လိုဖြစ်ပြီး ငါ့ မြေးလေးကို ပြုစားဖို့ … Read more

ဘွားမယ်စိန်နှင့် အရူးတင်မောင်

” ဘွားမယ်စိန်နှင့် အရူးတင်မောင် ” (စ/ဆုံး) ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ “အရီးရေ—ဘွားရှိလားဗျ—” “ရှိတယ်လေ မောင်တိုးရဲ့ နင့်ရဲ့ဘွားက အိမ်နောက်ဖေးမှာ လမ်းလျောက်နေလေရဲ့” “ဟုတ်—ဟုတ်—။ရော့ အရီး–တောမှိုရလို့လာပေးတာ–” “ဟဲ့…မှိုတွေများလှပါလား…နင်တို့ရော စားဖို့ရှိသေးရဲ့လား မောင်တိုးရဲ” “ရှိပါ့ဗျာ…ကျုပ် သွားနှုတ်တာလေ အများကြီးရလာလို့ ဘွားတို့အရီးတို့စားဖို့လာပေးတာ” “သြော်…ကိုကြီးတိုးက ကျုပ်အတွက်မပါဘူးလား” ကွပ်ပျစ်၌ထိုင်နေသော ဒေါ်ဝင်းနှင့်မောင်တိုးတို့စကားပြောနေကြသည်။ ထိုချိန် နန်းကြိုင် အိမ်ထဲမှထွက်လာခဲ့ပြီး မောင်တိုးကိုပြောလေရာ… “ဟာ…ငါ့နှမက အတော်နောက်တာပဲ…ကိုကြီးတိုးက ဒီတစ်အိမ်လုံးစာအတွက်ပေးတာဆိုတော့ ငါ့နှမအတွက်လည်းပါတာပေါ့—–” “ဟီး…နန်းကြိုင်က စတာပါတော်…သိပါတယ်—” “သြော်…ဘယ်သူများလဲလို့…မောင်တိုးရောက်နေတာကိုး” “ဟုတ်တယ်ဘွား…ကျုပ်တောထဲက ရလာတဲ့မှိုလေးလာပေးတာပါ” “အေးကွယ်…တောထဲသွားရင် သတိလေးထားသွားနော်—” “ဟုတ်ကဲ့ဘွား—” ဘွားမယ်စိန်သည် အိိမ်နောက်ဖေးမှ မောင်တိုးတို့ရှိရာကွပ်ပျစ်ဆီသို့ရောက်လာခဲ့၏။ “မောင်တိုး…ထမင်းစားပြီးပြီလားဟဲ့” “ကျုပ်လား ဒီကပြန်မှစားမှာအရီး… တောကအစောကမှပြန်ရောက်တာလေ…။ ဒါမို့အရီးတို့ဆီ အရင် မှိုလာပေးတာ” “ဒါဖြင့်စားသွားလေ…အရီး ငါးပိရည်ဖျော်အတို့အမြုပ် ချက်ထားတာ…တော်နေဆို … Read more

ဦးဖိုးဝေ နှင့် ကဝေမြောက်စုန်း မယ်တင်

” ဦးဖိုးဝေ နှင့် ကဝေမြောက်စုန်း မယ်တင် “(စ/ဆုံး) ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) တောင်ပြာပြာများနှင့် မလှမ်းမကမ်းရှိ ‌အတော်အတန်မြင့်သော တောင်ကြီးများ၏ အခြေတွင် ရွာတရွာရှိပြီး ထိုရွာလေး၏ အမည်သည်က တာပိုးရွာ ဖြစ်သည်။တာပိုးရွာသည် နတ်ကိုးကွယ်မှုများပြီး တရွာလုံးနီးပါးလောက် နတ်ကိုးကွယ်ကြသည်။သူတို့သည် ကြက်၊ဆိတ်များ ခေါင်းဖြတ်ကာ ယဇ်ပူဇော်ခြင်းအား လပြည့်လကွယ် နေ့တိုင်းကျင်းပကြသည်။ ထိုရွာသားများသည် သူတို့အထင် ‌ကဝေမြောက်စုန်းမယ်တင်အား နတ်ဘုရားဟု အထင်ရှိကာ သက်ရှိနတ်ဘုရားအဖြစ်မှတ်ယူကာ ကိုးကွယ်ကြသည်။ရွာထဲတွင် ပိုးထိကာသေဆုံး သို့မဟုတ် ခိုက်ရန်ဖြစ်ပွားပြီး ဆုံးပါးသူ အလွယ်နည်းနှင့်ပြောက အစိမ်းသေ သေသူများအား ကဝေမြောက်စုန်းမယ်တင် ထံသို့ အလောင်းအား ဆက်ရသည်။ထိုသို့အယူလွဲနေသော တာပိုးရွာ၏ အိမ်လေးတအိမ်အောက်တွင် ‌ဦးဖိုးဝေ နှင့် သူရိယမှာ အိမ်တိုင်ဖြင့်ပူးပြီး ကြိုးချည်ကာ အဖမ်းခံထားရသည်။သူတို့ … Read more