အောင်မြတ်သာနှင့်နဂါးသိုက်နန်း

” အောင်မြတ်သာနှင့်နဂါးသိုက်နန်း ” မူရင်းရေးသားသူ — ဆရာဇေယန(ရာမည) +++++++++++ “ရွှမ်း–ရွှမ်း–ရွှမ်း–” “အမလေး နာလှချည်ရဲ့ နှိပ်စက်တာတွေရပ်ပါတော့” “နှိပ်စက်တာရပ်ချင်ရင် သိုက်တံခါးကိုဖွင့်စမ်း” “အမတော် မဖွင့်ပေးနဲ့ သေရင်သေပါစေ ဒီပစ္စည်းတွေက နောင်ပွင့်မယ့်ဘုရားအတွက် ရည်စူးထားတာ ငါတို့ဆိုထားတဲ့ သစ္စာကို မဖောက်နဲ့” “ဟဲ့ ဒီကောင်မ စကားတော်တော်များပါလား ကဲဟာ— ကဲဟာ— ရွှမ်း- ရွှမ်း -” ကြိမ်နဲ့ရိုက်သံတွေ အော်ဟစ်ညဉ်းညူသံတွေက အိပ်တန်းတက်နေတဲ့ ငှက်တွေကိုတောင် လန့်ပျံစေခဲ့သည်။ “နင်တို့ ခေါင်းမာနိုင်မလား ငါကပဲ ရိုက်နိုင်မလား ကြည့်ရသေးတာပေါ့” လာဘ ဆိုတဲ့လူက လွယ်အိတ်ထဲက ချည်မန်းကွင်းကိုထုတ်ကာ သိုက်တံခါး အဝမှာ ပိတ်ထားတဲ့ အမျိုးသမီးငယ်ခေါင်းမှာစွပ်လိုက်သည်။ “အား ပူတယ် ပူတယ် လှုပ်လို့လဲမရတော့ဘူး အဘိုးကလဲ ဘယ်ရောက်နေလဲမသိဘူး” သိုက်တံခါး … Read more

ကဝေပုရပိုက်

” ကဝေပုရပိုက် ” [စ-ဆုံး] မူရင်းရေးသားသူ — ဆရာတာတေ +++++++++++++++++++++ ကျုပ်တို့ အညာနွေ ဆိုတာက လွှတ်ပူတာဗျ၊ တာတေဆိုတဲ့ ကျုပ်လည်း အိမ်မြဲတာဆိုလို့ ဒီရာသီပဲရှိတာ၊ ရပ်ရေးရွာရေး ရှိရင်တောင် ကျုပ်က မနက်စောစော သွားပြီး နေမမြင့်ခင် အိမ်အရောက်ပြန်တာဗျ၊ ဒီနေ့လည်း ပုဗ္ဗာရုံ ဆရာတော် မှာလို့ ကျုပ် သွားလိုက်သေးတယ်။ ဆရာတော် ခိုင်းတာလေးတွေ လုပ်ကိုင်ပေးပြီးတော့ အိမ်ကို နေမပူခင် ပြန်လာခဲ့တာဗျို့။ “ဟဲ့ တာတေ- နင် ဆရာတော့်ကျောင်း သွားမယ်ဆို ခုထိ မသွားသေးဘူးလား ” လို့ ကျုပ်အမေက ပြောတယ်၊ အမေက အိမ်နောက်ဘက်မှာ ချက်ရင်းပြုတ်ရင်းနဲ့ ကျုပ်ကို လှမ်းပြောတာဗျ။ “ကျုပ်ကဖြင့် ပြန်တောင်ပြန်လာပြီဗျ” “ဟေ မြန်လှချည်လား၊ … Read more

အင်ကု မှင်စာ-အပိုင်း(၈)

အင်ကု မှင်စာ-အပိုင်း(၈) ရေးသားသူ— ပီပီ(မန္တလေး) +++++++++++ အခန်း-၁၅ ချောင်းရေအလျင်သည် တဝေါဝေါနဲ့ အရှိန်အဟုန် ပြင်းပြင်း စီးဆင်းနေပါ၏။ ပရံနဝါချောင်းသည် လူသားကို စားလိုသလော မပြောတတ်။ ရေစီးသံကပင် ချောက်ချားစဖွယ် ကောင်းလှချေ၏။ ချောင်းရိုးတလျောက်တွင် နိမ့်သော ရေဝင် သဲသောင်ပြင် ရှိသလို မြင့်သော ချောက်ကမ်းပါး အမြင့်တွေလည်း ရှိပါ၏။ ထိုချောင်းရိုးရှိ ကမ်းပါးအမြင့်တခုကို မိညိုကမ်းပါးဟု ခေါ်ကြသည်။ လွန်ခဲ့သော နှစ်များစွာက ထိုကမ်းပါးတွင် တဆယ့်နှစ်ကြိုးသော စုန်းပညာရပ်ကို တဖက် ကမ်းခတ် တတ်မြောက်သည့် စုန်းမတဦး ရှိဖူးသည်ဟု လူကြီးသူမများက ပြောဆိုကြလေ၏။ ထိုစုန်းမသည် မသင့်သော အကြံကို ကြံစည်လေသောကြောင့် အနီးအပါးရွာများက လူအများစုဝေး၍ သူမ၏ စုန်းကဝေ ပညာရပ်တခု ဖြစ်သော ခန္ဓာကိုယ်မှာ စိတ်စေတသိတ်ကို … Read more

အောင်မြတ်သာနှင့်ဆံဖြူကဝေမ

” အောင်မြတ်သာနှင့်ဆံဖြူကဝေမ “(စ/ဆုံး) မူရင်းရေးသားသူ — ဇေယန(ရာမည) +++++++++++ အရီးထွေး — လုပ်ပါဦး သာဂိ ဘာဖြစ်လဲမသိဘူး ပါးစပ်ထဲကအမြုပ်တွေထွက်ပြီး မျက်ဖြူ စိုက်နေပီ။ ဘယ်လိုဖြစ်တာလဲဟယ် နေ့လည်ကတောင် အကောင်းကြီး – မသိဘူး ပါးစပ်ကလဲ အမွှေးစုတ်ဖွားနဲ့ကောင် ငါ့နားမလာနဲ့ဆိုပြီး ကယောင်ကတမ်းတွေ အော်နေတယ် – အေး အေး ငါလာခဲ့မယ်ဆိုပြီး သာဂိအိမ်ကို ထွက်လာတော့ လူတွေအုံကျင်းနေတာပဲ လူတွေ ဖယ်ကြ ဖယ်ကြ– သာဂိကိုကြည့်တော့ တစ်စုံတစ်ခုကို ထိန့်လန့်နေသလိုလို – ကြောက်တယ် ကြောက်တယ် — သူတို့ လာခေါ်နေတယ် သူတို့အနားရောက်နေပီ ငပျော့ ဘုရားစင်က ပရိတ်ရေနဲ့ပရိတ်ကြိုးယူပေးစမ်း ဟုတ် ဟုတ်ကဲ့ အရီးထွေး ငပျော့ ယူလာတဲ့ ပရိတ်ရေကို သာဂိမျက်နှာသို့ … Read more

မြွေမှော်

” မြွေမှော် ” ( စ – ဆုံး ) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ ဘိုးစော်ကဲ က ကျုပ်တို့ထနောင်းကုန်းသားဗျ ၊ ယာတွေပိုင်တယ် ၊ တောင်သူပဲလုပ်တာ ၊ ဒါပေမဲ့ အနီးအနား ရွာတွေအားလုံးက ဘိုးစော်ကဲကို သိကြတယ် ၊ သိရုံတင်မဟုတ်ဘူး ၊ မြွေနဲ့ပက်သက်လာရင် ဘိုးစော်ကဲ ကို လွှတ်အားကိုးကြတာ။ ဘိုးစော်ကဲကလည်း မြွေနဲ့ ပက်သက်လို့ကတော့ ပိုင်ချက်ဗျာ ။ ပိုးထိတဲ့သူများ သူ့ဆီခေါ်သာလာခဲ့ အသက်သာ ပါခဲ့ပါစေ – သေကို မသေစေရဘူးဗျ ။ ဒါ့ကြောင့်လည်း ဘိုးစော်ကဲ ကိုအားကိုးကြတာပေ့ါဗျာ ဘိုးစော်ကဲနဲ့ ပက်သက်လို့ ကျုပ်ကိုယ်တွေ့လေးတွေ ပြောရဦးမယ်ဗျ ။ ဘိုးစော်ကဲက ကျုပ်တို့ရွာတောင်ပိုင်းမှာ … Read more

အောက်လမ်းဘိုးထင် နှင့် ထူးဆန်းသော ဓားပြများ

” အောက်လမ်းဘိုးထင် နှင့် ထူးဆန်းသော ဓားပြများ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++++++++++++ *အခန်း-၁ ဖိုးထွေးတို့ နွားကျောင်းသွားရာနောက်သို့ မောင်ဘိုးထင် လိုက်လာသည် ၊ မောင်ဘိုးထင်သည် သရဲကိုပြုံး သူတို့အားမှာကြားခဲ့ သည် များကို ဖိုးထွေး အားပြောပြနေလေသည် ၊ “ကိုဖိုးထွေး ကိုပြုံးနောက်ဆုံးပြောပုံအရ ရွာကို ထူးဆန်းတဲ့ ဓားပြတွေ လာလိမ့်မယ် တဲ့ဗျ အဲ့တာ ကိုဖိုးထွေး အဘကို ကျုပ်တို့ပြောထားသင့်တယ် ” “ပြောတာ တော့ ဟုတ်ပါပြီ ငါ့ကောင်တွေရာ ငါ့အဘက ငါ့ပြောစကားဆို တစက်ကလေးမှ မယုံတာ ခက်တယ် ” “အဲ့တာဆို လည်း ကိုဖိုးထွေး အဘကို ကျုပ်တို့ပါလိုက်ပြောပြရင်ကော ” မောင်ဘိုးထင်၏ စကားကို ဖိုးထွေးနားထောင်ပြီး တွေးနေလေသည် ၊ထိုအခါ … Read more

အောင်မြတ်သာနှင့်ညောင်ပင်ထက်ကအဖိုးအို

” အောင်မြတ်သာနှင့်ညောင်ပင်ထက်ကအဖိုးအို ” စာရေးဆရာ —ဇေယန(ရာမည) +++++++++++ ” ချွတ် ချွတ် ဂျွတ်” ကောက်လှိုင်းတွေကို နင်းလို့ထွက်လာတဲ့အသံကြောင့် မြတ်သူ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထိုင်ရာကနေထကာကြည့်ကာ – ” ဆုဝေရယ် ကို စောင့်နေတာကြာပြီ.. ဘာလို့အခုမှထွက်လာတာလဲ” ” အို — အဘက ဒီနေ့မှ မအိပ်ပဲ စကားတွေထိုင်ပြောနေလို့ ထွက်မရဖြစ်နေတာ၊ ဘာလဲ အခုထဲက ညိုငြင်နေပြီလား” ” ဟား ငြိုငြင်စရာလားကွာ… ကို့ ချစ်သူက အရုဏ်တက်မှလာလဲ စောင့်နေမှာ” မြတ်သူက ဆုဝေရဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲပွေ့ပြီး အနမ်းမိုးတွေရွာချပစ်လိုက်တယ်။ ” ဟိုးထားဆရာ — အရှိန်တွေလွန်ကုန်မယ်” ” အာ ဆုဝေကလဲ တစ်ခါတစ်လေမှ တွေ့ရတာကို ဒီလောက်လေးတော့ နမ်းမှာပေါ့” … Read more

ကျွဲလူးအိုင်သရဲ

” ကျွဲလူးအိုင်သရဲ ” (စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ အောက်ပြည်ကို တာတေ ရောက်တုန်းကဗျ။ ကျုပ်တို့ထနောင်းကုန်းက ကိုညွန့်မောင်နဲ့လိုက်သွားတာလေ။ ကိုညွန့်မောင်က တစ်နှစ်ကို တစ်ခါ အောက်ပြည်သွားပြီး ငါးသလောက် ငပိကောင် ဝယ်တာလေဗျာ။ ရာဇူဒိုင်ငသလောက်ဆိုတာ လွှတ်နာမည်ကြီးတာဗျ။ ရာဇူဒိုင်ဆိုတာ မော်ကျွန်းအထက်ဘက်က မြစ်ကြီးလေဗျာ။ မြစ်ကြီးအကျယ် ကြီးထဲမှာ ငသလောက် ပိုက်ချတဲ့လှေတွေမှ အများကြီးဗျ။ ကျုပ်က အညာသားဆိုပေ မယ့် ပင်လယ်ဘက်လည်း ရောက်ဖူးတယ်။ ကျုပ်တို့ရွာက ကိုဆိတ်ဖွားနဲ့ ဘိတ်ဘက် လိုက်သွားတဲ့အကြောင်းကို ကျုပ် ရေးခဲ့တဲ့ ‘ပင်လယ်စုန်း ‘ ဝတ္ထုထဲမှာ ဖတ်ကြည့်ပေါ့ဗျာ။ အခုတော့ ကိုညွန့်မောင် ငါးသလောက်ငပိကောင် ဝယ်တဲ့ဆီကို ကျုပ်ရောက်လာတာဗျ။ ရာဇူဒိုင်ရွာမှာက ကျုပ်တို့တည်းကြတာဗျ။ အောက်ပြည်ဓလေ့က ကျုပ်တို့အညာဓလေ့နဲ့တော့ မတူဘူးပေါ့ဗျာ။ကျုပ်တို့ဆီမှာက … Read more

အင်ကု မှင်စာ —အပိုင်း(၇)

အင်ကု မှင်စာ —အပိုင်း(၇) ရေးသားသူ—ပီပီ(မန္တလေး) +++++++++++ အခန်း၁၃- ” သူ ပါးစပ်က လှုပ်နေတာကိုပဲ ရိပ်ဖမ်းသံဖမ်း ဘာသာပြန်လို့ရမယ် ကံဆောင် — ။ ဒီကောင် သက်တမ်းရင့် မိစ္ဆာအကြီးစားကွ ။ တို့ဆီမှာဆို အဲ့ဒီလို မကောင်းဆိုးဝါးကောင်ကို နတ်ဆိုးလို့ပဲ ခေါ်ကြတယ်။ သူတို့က လူ့အသက်ကို ဖမ်းစားပြီး သူတို့ရဲ့ စွမ်းအင်ကို အားကြီးအောင် လုပ်ယူလေ့ရှိကြတယ်ကွ ။ ” အင်ကု မှင်စာထံမှ အသံတိုးတိုးလေး ကြားလိုက်ရခြင်း ဖြစ်သည်။ ” သူ ဘာပြောနေတာလဲ အင်ကု ” ” သတ်ပစ်လိုက် သတ်ပစ်လိုက်တဲ့ သူတို့ ၂ယောက်စလုံးကို သတ်ပစ်တဲ့ … အဲ့ဒါ မင်းအဖေ မဟုတ်ဘူး ၊ မင်းအဖေ … Read more

အောင်မြတ်သာနှင့်အောက်လမ်းဆရာဘမှန်

” အောင်မြတ်သာနှင့်အောက်လမ်းဆရာဘမှန် ” မူရင်းရေးသားသူ — ဇေယန(ရာမည) +++++++++++ အောင်မြတ်သာတို့ဆရာတပည့်နှစ်ဦးသည် အထက်ဆရာကြီးများ၏ တာဝန်ပေးချက်များကို ထမ်းဆောင်ရင်း မြန်မာနိုင်ငံအနှံ့သို့ ရောက်ရှိခဲ့ကြသည်။ တစ်ချို့ဒေသတွေကား အောက်လမ်းအတတ်ပညာ အရမ်းကျွမ်းကျင်ကြသည်။ ဒါပေမယ့် သူတို့ရဲ့အောက်လမ်း ပညာကို လူတစ်ဖက်သားကို တမင်တကာ ရည်ရွယ်၍ မပြုစားတတ်ကြပေ။ သူတို့အပေါ် မျက်ရည်ပေါက် ကြီးငယ်ကျရောက်စေတဲ့ သူတွေအပေါ်မှသာ အငြိုးဖြင့် ပြုစားတတ်သည်။ ထိုသို့ပြုစားရင်လဲ အသက်ရှင်ဖွယ်ရာလမ်းမရှိ။ တော်ရုံ ပညာစွမ်းနဲ့ဆရာများ ကုသနိုင်စွမ်းမရှိပေ။ တစ်ချို့သောအောက်လမ်းဆရာများကတော့ အခငွေယူကာ တစ်စုံတစ်ယောက်၏ စေခိုင်းချက်အရ လူတစ်ဖက်သားကို ပြုစားတတ်ကြသည်။ အောက်လမ်းဆရာလို့ဆိုလိုက်လျှင်ဖြင့် တော်တော်များများက ကြောက်ရွ့ံထိတ်လန့်ကြသည်။ တစ်ချို့သောအောက်လမ်းဆရာများက ကိုယ်တိုင်မပြုစားပဲ သူ့လက်အောက်မှာမွေးထားသော စုန်းများကို ခိုင်းစေ၍ ပြုစားတတ်သည်။ တစ်ညမှာ အောင်မြတ်သာက – “သက်ခိုင် ငါတို့မနက်ဖြန် ထန်းလုံးပင်ရွာကို … Read more