အောင်မြတ်သာနှင့်လူခြောက်အတိုက်

” အောင်မြတ်သာနှင့်လူခြောက်အတိုက် ” +++++++++++++++++++++ “ သန်းရှင်- ဟေ့ သန်းရှင် “ ကုန်ခြောက်ဆိုင်ပိတ်ခါနီး အိမ်ထဲကနေ လှမ်းအော်နေတဲ့ ခင်ပွန်းဖြစ်သူအသံကြောင့် ဆန်ထည့်ထားတဲ့ပုံးကို ပစ်ချလိုက်ပြီး “ ဘာတုန်းအေ ဒီမှာဆိုင်သိမ်းနေတာ မမြင်ဘူးလား” “ ဆိုင်သိမ်းတာအသာထား မနေ့က မြတ်တဲ့အမြတ်ငွေတွေဗီရိုထဲထည့်ထားတာ မရှိတော့ဘူးဟ” “ ရှိပါမှာတော် အထားမှားတာနေမှာပါ- သေချာရှာကြည့်ပါဦး” “ ရှာပြီးပြီ မင်းများ နေရာပြောင်းလိုက်သလားလို့လေ” “ ကြံကြီးစည်ရာတော် ကျုပ်က ဘာလို့နေရာပြောင်းရမှာလဲ မနက်ဖြန်စျေးရင်းဖို့ငွေက တစ်ထပ်၊ အမြတ်ငွေကတစ်ထပ် သေချာထားထားတာလေ” “ အေး ဟုတ်တယ် – အခုက စျေးရင်းဖို့ငွေပဲကျန်တော့လို့ပေါ့ဟ” ခင်ပွန်းဖြစ်သူစကားကြောင့် အိမ်ရှေ့ဆိုင်တံခါးကို ကပြာကယာပိတ်လိုက်ပြီး အထဲဝင်ကြည့်လိုက်ရာ စျေးရင်းငွေတစ်ခုသာ ပိုက်ဆံပုံးထဲကျန်နေတာမြင်လိုက်ရတယ်။ “ ကိုသာမောင် အိမ််ကိုသူခိုးများကပ်လေသလား” … Read more

စုန်းရွာကြီး

” စုန်းရွာကြီး ” (စ/ဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++ ဆရာတော့်ကျောင်းက ကျောင်းသားလေး တောကျော် လာခေါ်တာဗျို့။ “ကိုကြီးတာတေကို ဆရာတော် ခေါ်ခိုင်းလို့ဗျ” “ဟေ — ဟုတ်လားကွ တောကျော်၊ အေး အေး ငါလာခဲ့မယ် မင်းပြန်နှင့်တော့” “ဟာ မဟုတ်ဘူးဗျ၊ ကိုကြီးတာတေကို တစ်ပါ တည်း ခေါ်ခဲ့ရမယ်လို့ ဆရာတော်က မှာလိုက် တာ” “ဟ — ဒီလိုလားကွ၊ တောကျော်ရ၊ ကဲ ဒါဆိုရင် ခုပဲ သွားကြတာပေါ့ကွာ” ဟုတ်တယ်ဗျ၊ ကျုပ်ဆရာတော်အကြောင်း ကျုပ် က သိပြီးသားပါဗျာ။ ဆရာတော်က တော်တော် ကြာတို့၊ နောက်မှတို့ ဆိုတာတွေ နည်းနည်းမှ ကြိုက်တာ မဟုတ်ဘူးဗျ။ တောကျော်ပြောတာ ဟုတ်တယ်။ အသားမည်းမည်း၊ အရပ်ပုပု၊ … Read more

ဦးဖိုးဝေ နှင့် ကံဆိုးသူများ ရွာအဝင်

” ဦးဖိုးဝေ နှင့် ကံဆိုးသူများ ရွာအဝင် ” +++++++++++++++++++++ အခန်း-၁ ဦးဖိုးဝေ နှင့် သူရိယသည် သူတို့၏ ရှေ့မှရွာထဲဝင်သွားသော ဆရာမနှစ်ယောက်အား ဦးဖိုးဝေမှ လှမ်းခေါ်လိုက်သည်။ ဦးဖိုးဝေ၏အသံကိုကြားသော ဆရာမများသည် ယဉ်ကျေးသိမ့်မွေ့သောစကားဖြစ် ခွန်းတုန့်ပြန်လေသည်။ “ဆရာမလေးတို့ ခဏနေပါဦးကွယ် ” “ဟုတ်ကဲ့ ဦးကြီးရှင့်” ဆရာမနှစ်ယောက်သည် ဦးဖိုးဝေအလာကို ရွာအဝင်ဝတွင် ရပ်ပြီးစောင့်နေသည် ၊ ဦးဖိုးဝေ နှင့် သူရိယလည်း ရပ်စောင့်နေသော ဆရာမများဆီသို့ သုတ်ခြေတင်းလိုက်ပြီး အနားရောက်သောအခါ ဦးဖိုးဝေမှ စကားဆိုလိုက်သည်။ “ဆရာမလေးတို့ ကျုပ်နာမည်က ဖိုးဝေပါ ဒီက ကျုပ်မြေး သူရိယတဲ့ ” “ဟုတ်ကဲ့ ဦးရီး ကျမတို့နာမည်က လှလှဝင်းလို့ခေါ်ပါတယ် ဒီဘက်က ဆရာမနာမည်ကတော့ သင်းသင်း လို့ခေါ်ပါတယ် ” … Read more

အောင်မြတ်သာနှင့်ကြောင်တစ်ရာစေတီ

” အောင်မြတ်သာနှင့်ကြောင်တစ်ရာစေတီ ” +++++++++++++++++++++ ညမိုက်ညဖြစ်တဲ့အတွက် ထုံးမန်းရွာတစ်ရွာလုံး အမှောင်ထုကြီးစိုးကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့‌ပေမယ့်ရွာရဲ့အလယ်မှာပေါက်ရောက်နေတဲ့ ကုက္ကိုပင်ကြီးရဲ့အပေါ်မှာတော့ ပတ္တမြားရောင်ကဲ့သို့ နီရဲနေတဲ့ အလုံးနှစ်လုံးရှိနေခဲ့တယ်။ မကြာခင် ကုက္ကိုပင်ပေါ်ကနေ ဘုတ်ခနဲ ခုန်ချလာတဲ့ အသံနဲ့အတူ နီရဲတောက်နေတဲ့အလုံးနှစ်လုံးက မြေပြင်ပေါ်ကို ရောက်လာခဲ့တယ်။ ထိုစဉ် ” ဟေး—– လိုက်ဟ ဖမ်းဟ မလွတ်စေနဲ့ ” “ဒေါင် ဒေါင် ဒေါင် ဒေါင်” ညာ‌သံပေးအော်ဟစ်သံ၊ သံချောင်းခေါက်သံတွေက ငြိမ်သက်နေတဲ့တစ်ရွာလုံးလန့်နိုးစေတဲ့ထိ ဆူညံလာခဲ့တယ်။ ပတ်ပတ်လည် ဝိုင်းထားတဲ့ လူအုပ်ကြီးရဲ့အလယ်မှာတော့ တစ်ကိုယ်လုံးမဲနက်နေတဲ့ ကြောင်နက်တစ်ကောင်က အကြောက်အလန့်မရှိ မတုန်မလှုပ်ငြိမ်သက်လျက်ရှိနေခဲ့တယ်။ လူအုပ်ကြီးက အော်ဟစ်ခြောက်လှန့်ရင်း အလယ်ကိုတစ်ဖြေးဖြေးဝိုင်းလာခဲ့ရာ ကြောင်နက်ရဲ့အနီးကို တစ်ရွေ့ရွေ့ရောက်ရှိလာခဲ့ကြတယ်။ လူတွေအနားရောက်လာတဲ့အချိန်မှာပဲ ငြိမ်သက်နေတဲ့ ကြောင်နက်က ခွီးးး ဆိုပြီး အော်ကာ လေးဘက်လေးတန် ဝိုင်းထားတဲ့လူတွေရဲ့ခေါင်းပေါ်ကို … Read more

တိုက်မြွေ

” တိုက်မြွေ ” (စ/ဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++++++++++++ ဘိုးစော်ကဲက ကျုပ်တို့ ထနောင်းကုန်းသားဗျ။ ယာတွေ ပိုင်တယ်။ တောင်သူပဲလုပ်တာ။ ဒါပေမဲ့ အနီးအနားရွာတွေ အားလုံးက ဘိုး စော်ကဲကို သိကြတယ်။ သိရုံတင် မကဘူးဗျ၊ မြွေနဲ့ ပတ်သက်လာရင် ဘိုးစော်ကဲကို လွှတ် အားကိုးကြတာ။ ဘိုးစော်ကဲကလည်း မြွေနဲ့ ပတ်သက်လို့ကတော့ ပိုင်ချက်ဗျာ။ ပိုးထိတဲ့လူများ သူ့ဆီ ခေါ်သာခေါ်လာခဲ့။ အသက်သာပါခဲ့ပစေ၊ သေကို မသေရဘူးဗျ။ ဒါကြောင့်လည်း ဘိုးစော်ကဲကို အားကိုးကြ တာပေါ့ဗျာ။ ဘိုးစော်ကဲနဲ့ ပတ်သတ်လို့ ကျုပ် ကိုယ်တွေ့လေးတွေ ပြောပြရဦးမယ်ဗျ။ ဘိုးစော်ကဲတို့က ကျုပ်တို့ရွာတောင်ပိုင်းမှာ နေတာဗျ။ ဝိုင်းကလည်း အကျယ်ကြီးဗျ။ ဝိုင်းထဲမှာလည်း သစ်ပင်တွေက စုံလို့ဗျာ။ မရမ်းပင်၊ မာလာကာပင်၊ ဂွေးချိုပင်၊ … Read more

အောက်လမ်းဘိုးထင် နှင့် အမေတစ္ဆေ

” အောက်လမ်းဘိုးထင် နှင့် အမေတစ္ဆေ ” +++++++++++++++++++++ အခန်း-၁ ဦးအုန်းသည် မောင်ဘိုးထင်အား ဆေးမှင်ကြောင်ပေါက်နည်း မန္တန်ဖြစ် အောက်လမ်းမှော်သွင်းချင်းများကို အခြေခံမှ သင်ကြားပေးနေသည် ၊မောင်ဘိုးထင်အား ညပိုင်းသာ သင်ပြပြီး နေ့ခင်းဘက်တွင်တော့ မောင်ဘိုးထင်အားနေသည် ၊ အားနေသော မောင်ဘိုးထင်သည် ညနေစာအတွက် နေ့လယ်ကတည်းက ချက်ပြုတ်ပြီး ရွာထဲမှ ဖိုးထွေးတို့ နွားကျောင်းရာသို့ လွယ် အိတ်တလုံး နှင့် လိုက်မြဲဖြစ်သည် ၊ ယခုလည်း ဖိုးထွေးလို လူပျိုပေါက်စ များ မောင်ဘိုးထင်လို ကလေးသားသားများ နှင့် ကျွဲနွားများကျောင်းနေကြသည် ၊ သူတို့သည် အရိပ်ကောင်းသော သစ်ပင်အောက်တွင် ထိုင်နေကြ၏၊ မောင်ဘိုးထင်သည် ဖိုးထွေး၏ နွားပြားနီ နွားသိုးအားကြည့်ကာ – “ဟေ့ကောင်တွေ ကြည့်စမ်း ကိုဖိုးထွေးနွား နဲ့ … Read more

အောင်မြတ်သာနှင့်သွေးဆာနေသောနာရီ

” အောင်မြတ်သာနှင့်သွေးဆာနေသောနာရီ ” +++++++++++++++++++++ “ညိုစံရေ ဒီအပင်ဖြတ်ပြီးရင် ထမင်းစားရအောင်ကွာ” ချိန်းဆောကိုဆီဖြည့်ရင်းလှမ်းပြောလိုက်တဲ့ သာအောင်စကားကြောင့် ကျွန်းပင်ထဲကို စို့ရိုက်သွင်းနေတဲ့ ညိုစံက ဗိုက်ကိုလက်နဲ့ပွတ်ပြီး – ” အေး မင်းပြောမှပဲ ဗိုက်ကပိုဆာလာသလိုပဲ” ညိုစံနဲ့ သာအောင်က သစ်ခိုးထုတ်တဲ့အဖွဲ့ကဖြစ်ပြီး သစ်တောဝန်ထောက်တွေကို နှာတစ်ဖျားသာအောင် လှည့်စားတဲ့နေရာမှာ ပြောစမှတ်တွင်လောက်တဲ့အထိ ပါးနပ်ခဲ့ကြတယ်။ အခုလဲ အောက်လက်ငယ်သားအချို့နဲ့ သစ်ခိုးထုတ်ရင်း ပဲခူးရိုးမတောထဲကိုရောက်ရှိနေခဲ့ကြတယ်။ လသူအရောက်ပေါက်နည်းတဲ့ တောနက်ထဲမှာဖြစ်လို့ သစ်ကောင်းဝါးကောင်းတွေက ကြီးချင်တိုင်းကြီး ထွားချင်တိုင်းထွားနေခဲ့ကြတယ်။ နေ့လည်စာစားပြီးတော့ ပြတ်လုဆဲဆဲဖြစ်နေတဲ့ ပျဉ်းကတိုးပင်ကို ကြိုးနဲ့ဆွဲချလိုက်တဲ့အချိန် – ” ဝုန်း” ဆိုတဲ့အသံနဲ့အတူလူတစ်ဖက်ခန့်ရှိတဲ့ အပင်ကြီးက ခန့်မှန်းထားတဲ့ဘက်ကို မပြိုကျပဲ အခြားတစ်ဖက်ကိုလည်ဆင်းပြီး နွယ်ကြိုးတွေနဲ့ချိတ်ကာ ပုခက်လွှဲနေသလိုဖြစ်နေခဲ့တယ်။ ” ဟေ့ကောင်တွေ အားလုံး လွတ်ရာကိုပြေးစမ်း ဒါ သစ်ပုခက်လို့ခေါ်တယ် … Read more

စုန်းကိုး မှော်ကိုး ကဝေကိုး

” စုန်းကိုး မှော်ကိုး ကဝေကိုး ” မူရင်းရေးသားသူ — ဆရာတာတေ +++++++++++++++++++++ ပုဗ္ဗာရုံကျောင်း ကထိန်မှာဗျာ။ပုဗ္ဗာရုံဆိုတာက ကျုပ်ဆရာတော်ရဲ့ကျောင်း လေဗျာ။ခင်ဗျားမှတ်မိတယ်မို့လား။ ဦးဂုဏလေ။ ကျုပ်တို့ရွာမှာက ဘုန်းကြီးကျောင်း သုံးကျောင်း ရှိတာဗျ။ရွာဦးကျောင်း၊ ပုဗ္ဗာရုံကျောင်း၊ ပြီးတော့ ဒဏ္ခိဏာရုံကျောင်းဗျ။ကထိန်ခင်းပြီဆိုရင် ဒီကျောင်းသုံးကျောင်းစလုံး လွှတ်စည်တာဗျို့။ ကျောင်းသုံးကျောင်းစလုံးရဲ့ ဘောစကံက ကျယ်သားဗျ။ ကျုပ်တို့ရွာ ထနောင်းကုန်းတင်မဟုတ်ဘူး၊ အနီးအနားက ဘန့်ဘွေးကုန်း၊မီးလောင်ကုန်း၊ငွေတွင်းကုန်း၊ဆပ်သမြောင်၊သံခနောက်၊ ကျားကုန်း၊ ထိန်ကုန်း၊ကပ္ပလီစု၊ ညောင်ဝိုင်းတို့၊ ဗိုလ်ကုန်းတို့ပါ ကိုးကွယ်ကြတာ။ဆရာတော် သုံးပါးစလုံးကလည်း ပညာတတ်တွေချည်းပဲဗျ။ သုံးပါးလုံး စာချတန်းအောင်ပြီးသား၊ဓမ္မာစရိယကိုယ်တော်ကြီးတွေဗျို့။ ဒီအထဲမှာမှ ကျုပ်ဆရာတော် ဦးဂုဏက လောကီကြောင်းရော၊ လော ကုတ္တရာကြောင်းရော ဝါသနာရှိတာဗျ။ ပုဗ္ဗာရုံကျောင်း ကထိန်ဆိုရင် ကျုပ်တို့ရွာက လူကြီးတွေနဲ့ တခြားရွာက လူကြီးတွေ ဆုံကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ၊သူတို့ … Read more

ဆယ့်နှစ်ကြိုးခင်သုန် (ဇာတ်သိမ်းပိုင်း)

” ဆယ့်နှစ်ကြိုးခင်သုန် ” (ဇာတ်သိမ်းပိုင်း) +++++++++++++++++++++ (၇) “ဘယ်လိုပြောလိုက်တာလဲ ခက်ဇော်ရယ်… စုန်းပညာ ဆိုတာ အပါယ်လားဖို့ ကျိန်းသေအာမခံထားတဲ့ ပညာရပ်ပါလို့ မမ ခုနက ပြောခဲ့ရဲ့သားနဲ့….မင်းက ဘာလို့သင်ချင်ရတာလဲ” “မဟုတ်ဘူး–မမ–ကျွန်တော်ဒီကိုလာတဲ့ရည်ရွယ်ချက် နံပါတ်(၁)က အဲ့ဒီ စုန်းပညာကိုသင်ချင်လို့ပဲ– နံပါတ်(၂)ကတော့ မမခင်သုန် ကို တွေ့ချင်လို့ပဲ–မမ–ကျွန်တော့်ကို စုန်းပညာ သင်ပေးလို့ရလား–မမ” “မမ— မင်းကို လုံး၀ မသင်ပေးနိုင်ဘူး —ခက်ဇော်— ဒီအကြောင်း မင်းဆက်ပြောမယ်ဆိုရင် မမ အိမ် မင်းဘယ်တော့မှ မလာနဲ့တော့….ဒါ….မမ မင်းကို သံယောဇဉ်ရှိလွန်းလို့ ပြောရတာပါ…သိလား” “ကျွန်တော်က စုန်းပညာကို စိတ်ဝင်စားတယ်…ပြီးတော့…အဝိစိ ဆိုလည်း ဘာဖြစ်လဲ..မမသုန် ပါတာပဲ…နှစ်ယောက်အတူတူ သွားကြတာပေါ့ဗျာ……မမသုန်ပါရင် ကျွန်တော် အဝီစိလည်း မကြောက်ဘူး” ခက်ဇော် ၏ စကားလုံးတွေကြောင့် ခင်သုန်တစ်ကိုယ်လုံး … Read more

အောင်မြတ်သာနှင့်ကျောက်စိမ်းကြေးမုံ

” အောင်မြတ်သာနှင့်ကျောက်စိမ်းကြေးမုံ ” +++++++++++++++++++++ ညကနက်သထက်နက်လာတာနဲ့အမျှ ပိုးကောင်ငယ်လေးတွေရဲ့အော်မြည်သံက တစ်ဖြေးဖြေးကျယ်လောင်လာခဲ့တယ်။ တစ်ခါတစ်ရံ လေတိုက်လို့ သစ်ကိုင်းချင်းပွတ်တိုက်သံ၊ သစ်ရွက်လေချွန်သံတွေက တိတ်ဆိတ်နေတဲ့ညရဲ့ အဓိပ္ပါယ်ကိုပိုမိုပေါ်လွင်စေခဲ့တယ်။ အဲဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့ ညသန်းခေါင်အချိန်မှာတော့ လူသူအရောက်ပေါက်နည်းတဲ့ စေတီပျက်တစ်ဆူပေါ်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေရဲ့ဝင်လေထွက်လေရှုရှိုက်နေတဲ့အသံအချို့က စည်းချက်ညီစွာထွက်ပေါ်လာခဲ့တယ်။ သမာဓိအားကို ခိုင်မာအောင်တည်ဆောက်ပြီး ရှုမှတ်နေတဲ့အတွက် သမထက ပိုမိုအားကောင်းလာခဲ့တယ်။ နှာခေါင်းထိပ်ကနေရှုသွင်းလိုက်တဲ့လေကြောင့် မွှေးညှင်းနုလေးတွေ လှုပ်ခတ်သွားပုံ၊ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် အေးမြတဲ့လေဝင်ရောက်သွားပုံတွေကို ရုပ်ရှင်ပြသလို တစ်ဆင့်ချင်းမြင်ယောင်လာခဲ့တယ်။ အဲဒီအချိန် မျက်လုံးထဲမှာ စကားလုံးနဲ့ဖော်ပြလို့မရတဲ့ အလင်းတန်းအချို့ကို စူးရှစွာမြင်လိုက်ရတဲ့အတွက် အောင်မြတ်သာရဲ့မျက်ခုံးတွေ မသိမသာကျုံ့သွားခဲ့တယ်။ အလင်းရောင်တန်းတွေပျောက်သွားတဲ့အချိန်မှာတော့ ကြေးလင်ဗန်းနဲ့ပြင်ထားတဲ့ ကန်တော့ပွဲငါးပွဲရဲ့အရှေ့မှာ တင်ပလ္လင်ခွေထိုင်ပြီး ဂါထာတစ်ပုဒ်ကို တစ်တွတ်တွတ်ရွတ်ဆိုနေတဲ့ မိန်းမတစ်ယောက်ကို ဖျတ်ခနဲမြင်တွေ့လိုက်ရတယ်။ သူ့ရဲ့အရှေ့မှာတော့ သွေးသံတရဲရဲဖြစ်နေတဲ့ လက်ချောင်းတွေအပြင် တစ်ဆတ်ဆတ်ခုန်နေတဲ့ ကိုယ်တွင်းကလီစာအချို့ကိုမြင်လိုက်ရတယ်။ အဲဒီမြင်ကွင်းပြီးတာနဲ့ ပုံရိပ်တွေဖျတ်ခနဲပျောက်သွားပြီး မျက်နှာကိုအဝတ်နဲ့ဖုံးထားတဲ့လူတစ်ယောက်က ကန်တော့ပွဲတွေအရှေ့မှာတင်ထားတဲ့ … Read more