မြေကြမ်း
* မြေကြမ်း *(စ/ဆုံး) +++++++++++ ဦးဘမြိုင် အလွန်ပျော်နေသည်။ ကားလမ်း ဘေး မြေနှစ်ဧက အကျယ်ရှိ ခြံကွက်လပ် ကြီးကို အောက်ဈေးနှင့်ရလိုက်သည်။ ထို နေရာက ကားလမ်းဆုံနှင့်လည်း နီးသည်။ အဓိကလမ်းမကို မျက်နှာစာပြု၍ စီးပွား ရေးလုပ်လျှင် အလွန်ကောင်းနိုင်သည်ဟု တွက်မိ၍ မြေလွတ်ကြီးကို စုံစမ်းပြီး ရောင်း မည်ဆိုသဖြင့် ဝယ်လိုက်ခြင်းဖြစ်သည်။ ငွေချေမည့်နေ့က အရောင်းအဝယ်တာဝန်ယူ ထားရသည့်လူကြီးများ၊ ရပ်ရွာလူကြီးများနှင့် ရွာ၏ရုံးမှာ ဆုံကြသည်။ ထိုအထဲမှ အသက် ခုနှစ်ဆယ်ခန့်ရှိသော ဦးပြုံးဆိုသည့်လူကြီး က ဦးဘမြိုင်အား— “ငါ့တူက ဦးလေးတို့ရွာမှာ စီးပွားရေးလာလုပ် မယ်ဆိုလို့ ဝမ်းသာပါတယ်။ ရွာနဲ့ကားလမ်း ဘေးမှာ ဆိုင်ကြီးကန္နားကြီး မရှိတော့ ရွာမ စည်ဘူးပေါ့၊ အခုလို ဆိုင်ကြီးလာဖွင့်မယ်ဆို ရင် ရွာလည်း … Read more