အင်းကြီးတစ္ဆေ

အင်းကြီးတစ္ဆေ (စ-ဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++ ကျုပ်တို့အညာမှာတော့ အင်းမရှိဘူးပေါ့ဗျာ။ အဲ– မန္တလေးမှာတော့ တက်သေးအင်းတို့ တောင်သမန်အင်း တို့ရှိတာပေါ့ဗျ။တာတေ အောက်ပြည်ကအင်းတွေရှိတဲ့ ဒေသကိုသွားတုန်းကပေါ့။ ကျုပ်က ကိုဆိပ်ဖွားနဲ့လိုက် သွားတာဗျ။လေးလေးဆိတ်ဖွားအကြောင်းကို ကျုပ် ရေးခဲ့တဲ့ ပင်လယ်စုန်းဝတ္ထုမှာ ဖတ်ကြည့်ရင် သိမှာပါ။ လေးလေးဆိပ်ဖွားက အောက်ပြည်က ငပိ ငါးခြောက် တွေယူပြီး ကျုပ်တို့ဘက်က အညာရွာတွေမှာရောင်းတာ လေဗျာ။ငပိဖိုး ငါးခြောက်ဖိုးတွေကို အောက်ပြည်ဆင်း ခါနီးတော့မှာလိုက်သိမ်းတာဗျ။ဒီတော့လည်း လူတိုင်းက ဝယ်ကြတာပေါ့။တချို့ကလည်းလက်ငင်းပေးကြတာပါ။ လေးလေးဆိပ်ဖွားက ငပိ ငါးခြောက်အဝယ်သွားတော့ ကျုပ်ကလိုက်သွားတာဗျ။ရွာနာမည်ကိုက အင်းရွာကြီး တဲ့ဗျ။ရွာလည်မှာ လယ်လုပ်သူတွေက များပါတယ်။ ဒါပေမယ့် အင်းကြီးတွေ ငါးအင်း ခြောက်အင်းရှိတယ်ဗျ ဗျက်ကြီးအင်း ကုလားပုအင်း ရိုးကြီးအင်း ရေပြန်အင်း ဇောင်းတလားအင်း ခေါင်းပြတ်အင်းတဲ့ဗျို့။ အင်းတအင်းစီမှာ အင်းသူကြီး တစ်ယောက်ဆီရှိတာပေါ့ … Read more

ဝက်တစ္ဆေ

* ဝက်တစ္ဆေ * (စ/ဆုံး) +++++++++ — ဖြစ်စဉ်က ၂၀၁၀ ခန့်ကဖြစ်သည်။ — မန္တလေးတိုင်း၊တံတားဦးမြို့နယ်၊ သဲမောင်းကန် ဆိုတဲ့ရွာလေးမှာပေါ့…မန္တလေး လေဆိပ်ကြီးရဲ့အနောက်ဘက် ၁မိုင်အကွာခန့်မှာ အဲ့ရွာ ရှိသတဲ့ — ” ရာဇဝင်မှာ စုံတ– သဲမောင်းကန်မှာ ကျော်လှ–တဲ့” ဝက်နဲ့ပတ်သပ်ရင် ကျန်းကုန်အောင်သိတဲ့လူတွေပေါ့…ဝက်ကိုဘယ်လိုဖြစ်ထွန်းအောင်မွေးရမယ်၊ ဝက်ပေါ်ရင်လဲ ဘယ်လိုနည်းနဲ့ ဘယ်လိုအချိန်ကိုက်အောင်ပေါ်ရမယ်ဆိုတာကို ဆရာမကူသရံပူဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူတဲ့ ပုဂ္ဂိုလ်ထူးကြီးတွေဆိုရင်လဲ မမှားချေ။ ”အားလုံးလဲကြားဖူးကျမှာပါ….ဘုရားလက်ထပ်က ရာဇဂြိုလ်မှာ `စုံတ´ ဆိုတဲ့ဝက်သက်သမားတဦးရှိခဲ့ဖူးတယ်။ …..ဝက်မွေးတဲ့နေရာမှာ ဆရာတဆူတဲ့….ဝက်လဲမွေးတယ်၊ ဝက်လဲပေါ်ရောင်းတယ်…..ဝက်မွေးတာကျွမ်းတော့ သူမွေးတဲ့ဝက်တွေဟာ ရာဝန်အိုးခန့်ပင်ကြီးမားထွားကျိုင်းကျသည်။ ဝက်ပေါ်တဲ့နေ့ကိုရောက်ရင် မိုးပြဲဒယ်ကြီး၁၀လုံးလောက်ကိုရေပွက်ပွက်ဆူတဲ့ထိတည်ထားပါတယ်။ ပြီးတော့ ပေါ်ရန်သတ်မှတ်ထားသောဝက်တွေကို ငုတ်တိုင်ကြီးတွေမှာဖတ်ခိုင်းပြီး ခြေရောလက်ပါကြိုးတုတ်လိုက်တယ်။ ကြိုးတုတ်ပြီးရင်တော့ တင်းပုတ်ကြီးတခုနဲ့ ဝက်တွေရဲ့တကိုယ်လုံးကို ဖူးထစ် ယောင်ကိုင်းနေတဲ့ထိ အဆက်မပျက်ထုပါသတဲ့….အဲ့လိုအထုခံရတဲ့ဝက်ကြီးတွေဟာ အသားတွေနာပြီး မူလအနေအထားထက် … Read more

အောင်မြတ်သာနှင့်အိမ်မက်တစ္ဆေ

” အောင်မြတ်သာနှင့်အိမ်မက်တစ္ဆေ ” +++++++++++++++++++++ အောင်မြတ်သာနှင့်သက်ခိုင်တို့ ဆရာတပည့် နှစ်ဦးသား ငှက်ပျောတောရွာကနေ ထွက်လာခဲ့ပြီး နောက်ပိုင်း မြန်မာပြည်အောက်ပိုင်း ထားဝယ် ဘက်သို့ခြေဆန့်ခဲ့ပြန်တယ်။မော်လမြိုင်-မုဒုံ- သံဖြူ ဇရပ်-ရေးကိုဖြတ်ပြီး တနင်္သာရီတိုင်းအစ မလွှဲတောင်နားရောက်တော့ ကားလမ်းပေါ်မြေတွေပြို ကျ လို့ လမ်းပိတ်ပါလေရော ။ သက်ခိုင်ရေ– တို့တွေအတွက် ဒီနေရာက ခရီးစဉ်တစ်ထောက်ဆုံးပီထင်တယ်ကွာ ။ ကဲ– ဒီအနီးအနားမှာတော့ ရွာတွေရှိမှာပဲ တွေ့တဲ့နေရာ ဝင်နားရတာပေါ့ဆိုပြီး ကားလမ်းဘေးက လှည်းလမ်းလေးအတိုင်း.ဖြတ်လျောက်လာခဲ့လိုက်သည်။ စိမ်းလန်းစိုပြေနေတဲ့ ရာဘာပင်တွေက အစီအရီ ညီညာနေသကဲ့သို့ ရာဘာပင်ဖျားထက်ကနေ တိုက်ခတ်လာတဲ့ လေနုအေးတွေက မောပန်းမှုတွေကို ဘယ်ရောက်ကုန်မှန်း မသိအောင် ပပျောက်စေတယ်။ စကားလေးတစ်ပြောပြောနဲ့ လျောက်လာလိုက်တာ ခရီးဘယ်လောက်ပေါက်လို့ ပေါက်မှန်း မသိလိုက်ဘူး ။ ဂလောက် ဂလောက်ဆိုတဲ့ နွားလှည်းသံကြားလို့ လှည့်ကြည့်တော့မှ … Read more

မျက်ကွင်းဆေး

” မျက်ကွင်းဆေး “(စ/ဆုံး) ရေးသားသူ…တာတေ +++++++++++++++++++++ သူ့ကိုတွေ့တွေ့ချင်း တာတေစိတ်ဝင်စား သွားတယ်။ပုဗ္ဗာရုံကျောင်းမှာ ရှမ်းဆရာ တစ်ယောက် ရောက်နေတယ်ဆိုတာ ကိုတော့ ရွာထဲမှာ အရီးမသိန်းလှတို့ ပြောနေကြတာ၊ တာတေကြားပါတယ်၊ သွားမယ် သွားမယ်နဲ့ တစ်ခါမှတော့ မသွားဖြစ်ဘူးဗျ။ ဒီနေ့တော့ ထူးထူးဆန်းဆန်းပဲဗျာ။ ပုဗ္ဗာရုံ ဆရာတော်က ကျုပ်ကို ခေါ်ခိုင်းလို့တဲ့။ ဘုန်းကြီးကျောင်းသားနှစ်ယောက် ကျုပ်ဆီကို ရောက်လာတယ်။ “ဟဲ့ တာတေ ဒီမှာဘုန်းကြီးကျောင်းသားတွေ ရောက်နေတယ် ဆရာတော် လွှတ်လိုက်လို့တဲ့” ကျုပ်က နွာစားစဉ်းနေတာဗျ။ အိမ်အနောက် ဖက်ရောက်နေတာ။ အမေလှမ်းခေါ်မှ ကျုပ် သိတာ။ ကျုပ်လည်း လုပ်လက်စ အလုပ်ကို ခဏရပ်ထားပြီး အိမ်ပေါ်တက်လာခဲ့ရတာပေါ့။ “ကိုကြီးတာတေကို ဘုန်းကြီးခေါ်ခိုင်း လိုက်လို့ဗျ” “ဟေ့ ဘာကိစ္စတုံးကွ၊ တောကျော်ရ” ဘုန်းကြီးကျောင်းသားလေးရဲ့ နာမည်က … Read more

ထမင်းလုံးအပင်း

” ထမင်းလုံးအပင်း ” (စ/ဆုံး) +++++++++++ ကျွန်တော်တို့ရွာမှာဗျာ အပင်းသွင်းတယ်ဆိုပြီး ပြောလေ့ရှိခဲ့ပေမယ့် ကြားဖူးနားဝဇာတ်လမ်းထက်မပိုခဲ့ဘူး။ အခုကျွန်တော်အလုပ်လုပ်နေတဲ့ နယ်စပ်မြို့လေးမှာတော့ ဒီအပင်းသွင်းတဲ့ကိစ္စကို ကြုံတွေ့ရတော့တာပဲဗျ။ ဖြစ်ပုံကဒီလို။ ကျွန်တော့အလုပ်ရှင်လင်မယားက တရုတ်မြန်မာ ကပြား။ ယောကျာ်းနာမည်က ကိုဟုတ်စိန်၊ မိန်းမနာမည်ကမအေးမြင့်တဲ့။ သူတို့လင်မယားက တစ်ဖက်နိုင်ငံက မွေ့ရာ၊စောင်၊အိပ်ရာခင်း စတာတွေကို မြန်မာပြည်ထဲပြန် ဖြန့်ချီတဲ့အလုပ်လုပ်တယ်။ကျွန်တော်ကတော့အလုပ်ကြမ်းသမားပေါ့။ တစ်ဖက်ကနေကုန်တင် ကားကြီးနဲ့ပစ္စည်းတွေရောက်လာတိုင်း ပစ္စည်းတွေချ၊ ဂိုဒေါင်ထဲပို့ပေါ့ဗျာ။ ပြီးရင် အနယ်နယ်အရပ်ရပ်ကဖောက်သည်ဆိုင်ကြီးတွေဆီပို့တော့လည်း ဂို ဒေါင်ထဲကပြန်ထုတ်၊ ကားဂိတ်သွားတင်ပေးရတဲ့အလုပ်လို့ဆိုပါတော့။ ဒီလိုနဲ့ တစ်ရက်ကြတော့ကိုဟုတ်စိန်ကနေမကောင်းဘူးဆိုပြီး အိမ်ထဲကအပြင်မထွက်တော့ဘူး။ ဒီနေရာမှာပြောချင်တာက အလုပ်ရှင်အိမ်နဲ့ ဂိုဒေါင်ဟာ တဝင်းထဲတခြံထဲ။ ခြံဝိုင်းကအတော်ကျယ်တယ်။တ ခြားအလုပ်သမားတွေကအလုပ်ဂိုဒေါင်ဘေးမှာနေကြပေမယ့် ကျွန်တော်ကတော့ မနေဖြစ်ခဲ့ဘူး။ ကျွန်တော့မိန်းမနဲ့ကလေးတွေလည်းရှိလို့ တခြားမှာငှါးနေတာပေါ့။ ကဲဆက်ပြောရရင်တော့ ကိုဟုတ်စိန်ကို မတွေ့မမြင်ရတာ တစ်လလောက်ကြာသွားခဲ့တယ်။ သူ့မိန်းမကလည်း မျက်နှာသိပ်မကောင်းလို့ ဘာမှမမေးမိဘူးပေါ့ဗျာ။ … Read more

အောင်မြတ်သာနှင့်ရုပ်သေးခေါ်သံ

အောင်မြတ်သာနှင့်ရုပ်သေးခေါ်သံ ********************* ” ကျွီ—– ” ဆိုင်ရှေ့ကို ထိုးဆိုက်လာတဲ့ ကုန်ကားသံကြောင့် ကောင်တာခုံမှာထိုင်နေတဲ့ ကိုသန်းကျော်တစ်ယောက် ပြာပြာသလဲလဲနဲ့အပြင်ကိုပြေးထွက်သွားခဲ့တယ်။ ” ဗျို့ ကားဆရာ— ကျုပ်အတွက်ပို့လာတဲ့ပစ္စည်းတွေပါတယ်မဟုတ်လား” ” ပါလို့ ဆိုင်ရှေ့ထိရောက်လာပေါ့ဗျ— ကိုသန်းကျော်ပစ္စည်းက အထဲရောက်နေတာမို့ အေးဆေးထိုင်ပါဦးဗျာ” ” ရပါတယ် အေးဆေးလုပ်ကြ— ကားဆရာလဲ ဆိုင်ထဲ၀င်ထိုင်ပါဦး…” ကိုသန်းကျော်စကားကြောင့် ကားဆရာလဲ ဆိုင်ထဲကို၀င်လာခဲ့လိုက်တယ်။ ” ကိုသန်းကျော် ဆိုင်က ပစ္စည်းတွေအတော်စုံလှချည်လား— ဒါနဲ့ ဒီကိန္နရီ ကိန္နရာအရုပ်က လက်ရာအတော်မြောက်တာပဲနော်” ” လက်ရာမြောက်ဆို… ဒီအရုပ်က မန္တလေးဘက်ကိုသွားတုန်းရလာတာလေ… ထုလုပ်တဲ့သူက နန်းတွင်းပန်းပုဆရာမျိုးရိုးလို့ပြောတာပဲ” ” ခင်ဗျားကတော့လေ ဒီလိုလက်ရာကောင်းတဲ့ပစ္စည်းတွေရှာတဲ့နေရာမှာ နံပါတ်တစ်ပဲဗျို့—” ” ဟဲဟဲ… စီးပွားရေးသမားဆိုတော့လဲ သတင်းအစနရတာနဲ့ လိုက်ရတာပေါ့ဗျာ… ကဲဗျာ လက်ဖက်ရည်အရင်သောက်ပါဦး ပြီးမှလိုက်ကြည့်လဲရပါတယ်” … Read more

တစ်ပွဲစားသရဲ

တစ်ပွဲစားသရဲ(စ/ဆုံး) +++++++++++ ရေးသားသူ— တာတေ အောက်ပြည်အောက်ရွာမှာတော့ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ပေါ့ဗျာ။ကျုပ်တို့အညာမှာတော့ နှမ်းနှုတ်ကောင်းတဲ့ အချိန်ဗျ။ တန်ခူး ကဆုန်မှာ စိုက်ထားပြီး ကျဲထားတဲ့ နှမ်းတွေကို ဒီအချိန်မှာ နှုတ်တာပေါ့ဗျာ။ နှမ်းနှုတ်၊ နှမ်းထောင်း၊ နှမ်းပုတ်၊ နှမ်းထောင်စောင့်နဲ့ တာတေလည်း နေ့ရော ညရော မအားဘူးရတဲ့ အချိန်ပေါ့ဗျာ။ ဝါခေါင်လပြည့်လောက်ကျမှ အလုပ်တွေ အားလုံး ပြီးလို့ တာတေတို့ နားကြရတော့တာပေါ့ဗျာ။ ကျုပ်အမေအကြောင်းလည်း ခင်ဗျား သိပါတယ်လေ။ ကျုပ်နဲ့အဘ အလုပ်တွေ တအားပင်ပန်းပြီးလို့ နားတဲ့အချိန် ရောက်ပြီဆိုရင် ထမင်းကောင်း ဟင်းကောင်း ချက်ကျွေးတတ်တာလေဗျာ။ ဒီအချိန်မျိုးမှာ ဝက်ဆုံသားတို့ ၊ အမဲဆုံသားတို့ ကလည်း သိပ်မပြတ်လှဘူးဗျ။ ကျုပ်တို့ အညာရွာတွေမှာ နှမ်းပေါ်ချိန်လေဗျာ ငွေရွှင်တဲ့အချိန်ပေါ့။ အမေက ဝက်သားကို ပုန်းရည်ကြီးနဲ့ … Read more

အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ

” အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ ” ++++++++++++++++++++++++++++++++ (၂) ▪️အခန်း-၁ အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များအောက်ရှိ လှည်းလမ်းလေးဘေးမှ လူသွားလမ်းလေးတွင် လူနှစ်ယောက်လမ်းလျှောက်နေသည် ၊ အရွယ်ရောက်‌လုလု လူငယ်လေး မောင်ဘိုးထင်နှင့် အသက် ၃၀ ကျော် လူရွယ်တဦးတို့ဖြစ်သည် ၊ မောင်ဘိုးထင်သည် လွယ်အိတ်ကို လွယ်ထားပြီး ပုဆိုးဖြစ်ထုပ်ထား‌ေသာ အဝတ်အစား ထုပ်ကိုလက်မှဆွဲလို့ လမ်းလျှောက်နေရင်း – “ခင်ဗျားတို့ရွာကလည်း မရောက်သေးဘူးလားဗျာ နေတောင်မွန်းတည့်နေပြီ ဘာမှလည်းမစားရသေးဘူး ” “ငါ့ကောင် စိတ်ညစ်မနေနဲ့ ညနေဆို ရောက်ပါတယ် မင်းဗိုက်ဆာနေရင် လမ်းမှတွေ့တဲ့ အသီးခူးစားကြတာပေါ့ကွာ ” “ဝေးရင် ဝေးတယ် မပြောဘူးဗျာ ကျုပ်ထမင်းထုပ်ခဲ့ပါတယ် ” “မင်းကကော မေးလို့လား ငါက လာခေါ်ချင်တာမဟုတ်ဘူးဆရာကြီးက သွားခေါ်ဆိုလို့ လာခေါ်ရတာ မင်းလို … Read more

အောင်မြတ်သာနှင့် မိတ္တစိတ္တ

အောင်မြတ်သာနှင့်မိတ္တစိတ္တ ********************* “ သူဌေးဦးဘောဂအိမ်က ဒီအိမ်လား” မာထန်ထန်လေသံနဲ့မေးလိုက်တာကြောင့် အိမ်ပေါက်ဝမှာရပ်နေတဲ့ ခပ်နွမ်းနွမ်းလူကြီးက – “ ဟုတ်ပါတယ် ဟုတ်ပါတယ် ဘယ်လိုအရေးကိစ္စများရှိလို့ပါလဲ” “ ဦးဘောဂရဲ့သားနှစ်ယောက်ဖြစ်တဲ့ မိတ္တနဲ့စိတ္တကို မေးမြန်းစရာရှိလို့လာခေါ်တာပါ” မောက်တိုကိုဆောင်းထားတဲ့ရဲမက်တွေစကားကြောင့် ခြံစောင့်ဖြစ်သူ ဦးသာရဲ့ပါးစပ်တွေအဟောင်းသားဖြစ်သွားခဲ့တယ်။ ခဏနေတော့ အိမ်ထဲကနေ ပိုးချိတ်လုံချည်ကိုကျနစွာဝတ်ဆင်ထားပြီး ခေါင်းပေါင်းပေါင်းထားတဲ့ လူကြီး တစ်ယောက်ထွက်လာပြီး – “ သင်တို့က မြို့စားနန္ဒကျော်သူရဲ့ ရဲမက်တွေထင်တယ်– “ “ ဟုတ်တယ် ကျုပ်တို့က မြို့စားနန္ဒကျော်သူရဲ့ ရဲမက်တွေပါ” “ ဒါဆိုရင် ကျုပ်သားနှစ်ယောက်ကို ဘာအရေးကိစ္စနဲ့ မေးမြန်းချင်တယ်ဆိုတာ အရင်ပြောပြနိုင်မလား” အင်းသာမြို့ရဲ့မျက်နှာဖုံး သူဌေးကြီးဦးဘောဂရဲ့စကားကြောင့် ရဲမက်တွေအချင်းချင်းပြန်ကြည့်လိုက်ပြီး “ သင်တို့သားနှစ်ယောက်က ပုန်ကန်မှုကိုလှုံဆော်နေတယ်ဆိုပြီးသတင်းအတိအကျရထားလို့ လာခေါ်တာပါ” ရဲမက်တွေရဲ့စကားကြောင့် ဦးဘောဂ ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး “ သင်တို့ရဲ့စကားက … Read more

ချစ်ကလဲ့စား

” ချစ်ကလဲ့စား “(စ/ဆုံး) ရေးသားသူ…တာတေ +++++++++++ ကျုပ် မနေ့က ရွာကို ပြန်ရောက်တာဗျ။ ဆရာမနိုင်ရွာမှာနေတဲ့ ကိုဂျာအေး ဆိုတဲ့လူပေါ့ဗျာ။ ဒီမှာနေတုန်းကတော့ လက်သမားလုပ်တာဗျ။ အိမ်တွေ ဘာတွေဆောက်ရင် သူက လက်ထောက်လက်သမားပေါ့ဗျာ။ ဘီရိုတို့၊ ကြောင်အိမ်တို့လည်း စပ်တယ်ဗျ။ လက်ရာမဆိုးပါဘူး။ နောက်တော့ ဆရာမနိုင်ကနေ ထွက်သွားတယ် ကြားတာပဲ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့ ကျုပ်ဆီကို တန်းတန်းမတ်မတ်ကို ရောက်လာတာဗျို့။ တွေ့စကတော့ ကိုဂျာအေးကို ကျုပ်ဖြင့် မှတ်ကို မမှတ်မိတာဗျ။ ဒီမှာနေတုန်းက အရပ်ရှည်ရှည် ပိန်ပိန်ကိုင်းကိုင်းကြီးဗျ။ အခုတွေ့တော့ အသားတွေကလည်း လတ်လို့၊ ဝလည်း တော်တော် ဝလာတာဗျ။ နှုတ်ခမ်းမွေးကြီးကလည်း ရှိနေတော့ ကျုပ်က သူ့ကို တွေ့တွေ့ချင်း ဘယ်မှတ်မိမှာတုံးဗျ။ “ဟေ့ကောင် တာတေ၊ ငါပါကွ၊ ကိုကြီးဂျာအေးပါဟ” … Read more