နှစ်တစ်ရာကျိန်စာ

“နှစ်တစ်ရာကျိန်စာ”(စ/ဆုံး) ——————————— ဒီနေ့သုံးဖန်လှရွာ တွင် ဘုရားတည်ရန်ပန္နက်ချမည်။ ကာလသားများမှာမြေတူးမြေသယ်သကဲ့သို့ ကျေးရွာသူပျိုဖြူကာလသမီးများကလည်းတစ်တပ်တစ်အား တစ်ဖက်တစ်လှမ်းမှကူညီအားဖြည့်ကြသည်။ ထိုအထဲတွင် သူကြီးဦးငွေဆောင် ကအတက်ကြွဆုံး။ ဒီရွာကြီးက ရှေးအရင်တည်းကရှိခဲ့သောရွာကြီးဟုလူတိုင်းကပြောကြသည်။ ရွာနဲ့ပတ်သက်၍လည်းတစ်ထောက်တစ်ညပုံပြင်တွေအများကြီးရှိသည်။ ဦးငွေဆောင်မှာ အသက်ငါးဆယ်နားနီးသော်လည်း အသားဖြူဖြူအရပ်မြင့်မြင့်နှင့်ခန့်တုန်းသန့်တုန်းလူပျိုကြီးဆိုလည်းမမှားပေ။ မစွံလို့လူပျိုကြီးဖြစ်နေတာတော့မဟုတ်ပေ။ စွံတော့စွံသည်။တစ်ဦးတည်းသောသားမို့ သူကိုတိုင်ကစိတ်မပါသည့်တိုင် မိဘစကားနားထောင်ကာ အိမ်ထောင်ပြုရန်အကြိမ်ကြိမ်ကြိုးစားဖူးသည်။ ဒါပေမယ့် သူနှင့်ပတ်သက်သမျှသော သူတို့သမီးလောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသူတွေနှင့် တစ်ချို့ဆိုရူးသွားကြသည်။ နောက်တော့သူကလူကြမ်းတစ်ယောက်ဖြစ်ကာ ဘယ်သမီးရှင်မှ မစပ်ဟပ်ရဲတော့ပေ။ ဦးငွေဆောင်ဧ။်မိဘဖြစ်သူ ဦးငွေရှင်နှင့် ဒေါ်ခင်ဆောင်းတို့မှာ ပစ္စည်းဉစ္စာလည်းကုံလုံ သားချောသားလှတစ်ယောက်မွေးထားပါသော်လည်း သားဖြစ်သူ၏အတိတ်ကံကြောင့် ရှေ့ရေးမလှမှာကိုရတက်မအေးရှာပဲ သားစိတ်နှင့်ပင်ရှေ့ဆက်နောက်ဆက်ကွယ်လွန်သွားကြသည်။ ခုတော့ဦးငွေဆောင်မှာသူ၏တပည့်လေးများနှင့်နေထိုင်လေသည်။ လွန်ခဲ့သော သုံးလခန့်က ဦးငွေဆောင်၏နေအိမ်သို့ သူတော်စင်တစ်ပါးရောက်လာခဲ့သည်။ သူတော်စင်ကြှီးမှာ မုတ်ဆိတ်ကျင်စွယ်တွေနှင့် အသက်ရွယ်ကြီးရင့်လှသောပုံစံရှိသော်လည်း စူးရှတောက်ပသောမျက်ဝန်းနှင့် ဖျတ်လတ်သောအမူရာက သူတော်စင်ကြီး၏သီလနှင့်သမာဓိကိုဖော်ပြနေလေသည်။ သူတော်စင်ကြီးက သူ့ဘဝအတိတ်ကံနှင့်ပတ်သက်၍ တစ်စွန်းတစ်စဟောကြားလာခဲ့သည်။ “”လူလေးအနေနဲ့ အခုဘဝမမဟုတ်ဘူး အရင့်အရင် … Read more