အသူရကယ်ဘုံ

အသူရကယ်ဘုံ(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ ဒီဘိုးတော်ကြီးနာမည်က ဦးစုံတဲ့ဗျ။ ကျုပ်တို့ကတော့ ဘိုးစုံလို့ခေါ်ကြတယ်။ အသက်အရွယ်က ရှစ်ဆယ်ကျော်ပြီ။ လူကတော့ သန်သန်မာမာပဲ ရှိသေးတာဗျ။ အခုအရွယ်အထိ နွားနောက်ကပြေးလိုက်တုံး ရှိသေးတာ။မန်ကျည်းရွက်ခူးတာတို့ မန်ကျည်းသီး ဆွတ်တာတို့ဆိုရင် ဘိုးစုံက ဘယ်သူ့ကိုခိုင်းတာမဟုတ်ဘူးဗျ သူကိုယ်တိုင်အပင်တက်တာ။ ဟိုတလောကလည်း အုန်းသီးတက်ခူးလို့ သူ့သားတွေက မနည်းကို ပြောထားရတာ။ အသက်ငါးဆယ်ကျော် ခြောက်ဆယ်ကျော်ရှိနေတဲံ့ သူ့သားတွေကမှ အိုစာကြသေးတယ်။ ဘိုးစုံကကြည့်လိုက်ရင် အသက်ငါးဆယ်ကျော်လောက်ပဲ ရှိသေးတယ်လို့ ထင်ရတာ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဘိုးစုံကို ကာလသားတွေက မခံချင်အောင် စကြတာဗျ ဒါနဲ့ဘိုးစုံက ကာလသားတွေကို စိန်ခေါ်လိုက်သဗျ။ “ဟေ့ကောင်သာညို မင်းတို့ကြိုက်တဲ့မြင်းတစ်ကောင်ရှာလိုက် ပြီးတော့ မြင်းစီးကောင်းတဲ့ကောင်လည်းခေါ်လာခဲ့ ငါအဲဒီမြင်းနဲ့ ပြိုင်ပြေးမယ် ။ငွေငါးရာကြေး အေး တစ်ခုတော့ ရှိတယ် ငွေတော့ … Read more

ဦးဖိုးဝေ နှင့် ကသိုဏ်း

” ဦးဖိုးဝေ နှင့် ကသိုဏ်း ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း(၁) သစ်ရိပ် သစ်ခက်များ နှင့် မြက်ပင် ရှည်များလှုပ်ရှားနေသော နေရာတွင် မောင်ဖိုးဝေ တင်ပလ္လင်ခွေထိုင်နေသည် ၊ ထို့နောက် လေတိုက်၍ မြက်ပင် အဖျားလေးများလှုပ်ရှားနေသည်ကို စူးစိုက်ကြည့်ကာ လေ လေဟု မှတ်နေသည် ထိုသည်က လေကသိုဏ်း တနည်း ဝါယော ကသိုဏ်း ရှူနည်းဖြစ်၏၊ မောင်ဖိုး‌ဝေ သည် ဆရာတော်ပေးသော နည်းအတိုင်း သူ၏ ရှေ့တွင် ရှိနေသော မြက်ပင်လေးများလေတိုက်၍ ယိမ်းနွဲ့နေသည်ကို ကြည့်ကာ လေ‌ လေ ဟု မှတ် နေရာ လပေါင်းအတော်ကြာပြီသည် ။သမာဓိ အစကတည်းက ကောင်းပြီးသားဖြစ်နေသော မောင်ဖိုးဝေသည် ပြောစရာမရှိအောင်ကို တိုးတက်နေပြီဖြစ်သည် ။လေ … Read more

အောင်မြတ်သာနှင့်ကိုယ်ပျောက်မှင်စာ

” အောင်မြတ်သာနှင့်ကိုယ်ပျောက်မှင်စာ ” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – အောင်မြတ်သာတို့ဆရာတပည့်တွေ ကေသလာတောင်ကနေထွက်လာခဲ့ပြီးနောက်ပိုင်း ကိုယ်ပျောက်ပဝါကို ယူသွားခဲ့တဲ့ မှင်စာနေထိုင်ရာ ထုံးကျောက်တောင်ရှိရာဘက်ကို ခြေဦးလှည့်ခဲ့ကြတယ်။ ထုံးကျောက်တောင်ဆိုတာက အလွန်မတ်စောက်ပြီး မြင့်မားတဲ့အတွက် ဘယ်သူမှအပေါ်ကိုမရောက်ဖူးကြဘူး။ ဒေသခံတွေရဲ့ပြောစကားအရ ထုံးကျောက်တောင်မှာ မှင်စာသိုက်ရှိတယ်လို့ကြားသိခဲ့ရတယ်။ မှင်စာသေးသေးလေးတွေက လပြည့်လကွယ်နေ့တွေဆိုရင် ထုံးကျောက်တောင်ပေါ်ကနေ တန်းစီပြီးဆင်းလာပြီး တောင်ခြေမှာ ခုန်ပေါက်ဆော့ကစားတတ်တယ်လို့လဲ ပြောစမှတ်ရှိခဲ့ကြတယ်။ အောင်မြတ်သာတို့ထုံးကျောက်တောင်ခြေနားကိုရောက်တော့ ညနေစောင်းနေပြီမို့ ‌ထင်းခုတ်သမားတွေဆောက်ထားတဲ့ဝါးတဲလေးမှာ ညအိပ်အခြေပြုခဲ့ကြတယ်။ မနက်အာရုံတက်ချိန်မှာတော့ အောင်မြတ်သာက ” သက်ခိုင်နဲ့ တောက်ရ ထစမ်း ငါတို့အနားမှာ မှင်စာနှစ်ကောင်ရောက်နေပြီ ” အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရကပျာကယာလူးလဲထလိုက်ပြီး ” ဆရာစကားအရဆိုရင် ဒီကောင်တွေ … Read more

အောက်လမ်းဘိုးထင် နှင့် အသုဘ

” အောက်လမ်းဘိုးထင် နှင့် အသုဘ ” ရေးသားသူ —မောင်တင်ဆန်း +++++++++++ *အခန်း-၁ မောင်ဘိုးထင်တယောက် ရွာ၏ မြောက်ဘက်ရှိ ချောင်း‌ရိုးလေးဘေးတွင်ထိုင်နေသည်၊ သူ၏ဖခင်း ဆုံးတာ သိပေမဲ့ ချက်ချင်းလိုက်သွားဖို့ကအဆင်မပြေ ဦးအုန်းလည်းလိုက်မည်ဖြစ်ရာ မနက်အစောထသွားမည်ဟုသာ ဆုံးဖြတ်လိုက်ပြီး ရိုးလေးဘေးတွင် တယောက် တည်း ထိုင်နေချင်းဖြစ်သည် ၊သူရွာကို နောက်ဆုံးတခေါက် သွားတုန်းက အပြောင်းလဲကြီး ပြောင်းလဲနေသော ဖခင်သည် ၊ ယခုသူရွာသို့ပြန်‌ေရာက်ချိန်တွင်တော့ မည်သည့်စကားမျှ ပြောနိုင်မည်မဟုတ် အိမ်၏ နောက်ခန်းတွင် ပန်းအိုတလုံး ထဲ ရွက်လှပန်းပင်များထည့်ပြီး သူ၏ဖခင်ခေါင်းရင်တွင်ထားထားကာ ပက်လက်လန် အနေထားနှင့် သေဆုံးနေသော ဖခင်၏ အလောင်းကို သာ တွေ့ရမည်မဟုတ်ပါလား ၊ ဦးအုန်းပြောပြသော ကောင်လေးရေ လွမ်းလာရင် အနာနဲ့ မေ့ဆိုသည့်စကားကို လက်ကိုင်ထားမည်ဆို‌ပြန်သော ဖခင်၏ … Read more

အောင်မြတ်သာနှင့်ရေသရဲ

” အောင်မြတ်သာနှင့်ရေသရဲ ” ရေးသားသူ — ဇေယန(ရာမည) – – – – – – – – – – – အောင်မြတ်သာတို့ဆရာတပည့်တွေ ခြေဦးတည့်ရာလျောက်သွားရင်း ဧရာဝတီတိုင်းထဲက လမုတန်းဆိုတဲ့ရွာလေးကို ရောက်ရှိလို့လာခဲ့တယ်။ တစ်ရွာလုံး တံငါအလုပ်ကိုသာ လုပ်ကိုင်ကြပြီး ဘာသာရေးအားနည်းတာကို အောင်မြတ်သာတို့ သတိထားမိခဲ့ကြတယ်။ . တစ်ရွာလုံးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းပဲရှိပြီးတော့ ဘုန်းကြီးကျောင်းမှာသံဃာလုံးဝမရှိတာပဲ။ နေ့စဉ်ရက်ဆက် အကုသို်လ်အလုပ်ဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့သာ အချိန်ကုန်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေကြတာမြင်တော့ အောင်မြတ်သာ သက်ပြင်းအရှည်တစ်ချက် ချလိုက်မိတယ်။ အောင်မြတ်သာတို့လည်း ဘုန်းကြီးကျောင်းအဟောင်းမှာ တည်းရင်း ရွာခံတစ်ယောက်နှစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ကြတယ်။ ရွာခံတွေနဲ့စကားပြောရင်း သက်ခိုင်က “ဒီဒေသမှာ ချောင်းတွေမြောင်းတွေ ပေါများပါလျက်နဲ့ ဘာလို့ဒီရွာက ဆင်းရဲနေကြတာလဲ”လို့မေးတော့ ရွာခံတစ်ယောက်က “ဟုတ်တယ်ဗျ အရင်ကဆို … Read more

မဖဲဝါ မဝင်ရ

” မဖဲဝါ မဝင်ရ ” { စ / ဆုံး } ရေးသားသူ—ဆရာတာတေ +++++++++++ ဒီတုန်းက တာတေ မြို့မှာ ကျောင်းနေတုန်းဗျ။ ရှစ်တန်းလောက်ထင်တာပဲ။ကျုပ်က မြို့ကျောင်း တက်တုန်းက အမေ့ရဲ့အစ်ကို ဘကြီးရဲ့အိမ်မှာ နေရတာလေဗျာ။ ဘကြီးက အမေ့ရဲ့အစ်ကို လို့ မပြောရဘူးဗျ။ ကျုပ်အမေလိုပဲ ဝက်သား ချက် လွှတ်ကောင်းတာ။ကျုပ် ဝက်သားကြိုက် မှန်းသိလို့ထင်တယ် ဘကြီးက ကျုပ်ကို ဝက် သား မကြာ မကြာ ချက်ကျွေးတာဗျ။ ဘကြီး ချက်တဲ့ ဝက်သနီချက်က လွှတ်ကောင်းတာ ဗျို့။ ဘကြီးက လူပျိုကြီးဆိုတော့ အိမ်မှာ သူ့ ဟာသူပဲ ချက်တာလေဗျာ။ လျှော်တာ ဖွပ်တာကတော့ နာမိုးနီးလို့ခေါ်တဲ့ ကုလားမတစ်ယောက် ခေါ်ထားတယ်ဗျ။ ဘ … Read more

အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်း

” အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်း ” ရေးသားသူ— ဇေယန(ရာမည) – – – – – – – – – – – လအလင်းရောင်က မှိန်ပျပျသာကျနေတဲ့ အုတ်နီကန်သင်္ချိုင်းအနီးတစ်ဝိုက်မှာတော့ လင်းကောင်ပိုးငှက်(ခေါ်)ငှက်ဆိုးရဲ့အော်သံ‌တွေအပြင် အလောင်းကောင်တွေကို လာရောက်တူးဖော်စားသောက်နေကြတဲ့ တောခွေးတွေရဲ့ အစာလုမာန်ဖီသံကလဲ တစ်ခါတစ်ရံ သင်္ချိုင်းအပြင်ဘက်ကို လျှံပြီးထွက်လာခဲ့တယ်။ ညနေကမှ မီးရှို့ထားတဲ့ အလောင်းကောင်ရဲ့ဗိုက်အဆီမှာလောင်ကျွမ်းနေဆဲဖြစ်တဲ့ မီးစမီးပွှားလေးတွေက လေအဝှေ့မှာ ရဲခနဲ ရဲခနဲနဲ့ ထတောက်လာတတ်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် အုတ်နီကန်သင်္ချိုင်းရဲ့ ပုံပန်းသဏ္ဍာန်က ထိတ်လန့်ကြောက်မက်ဖွယ် အတော်ကောင်းလှတယ်။ ဒီလိုအမင်္ဂလာမြင်ကွင်းတွေနဲ့ပြည့်နှက်နေတဲ့ သင်္ချိုင်းထဲကိုတော့ တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့အတူလူသုံးယောက်ဝင်လာခဲ့ကြတယ်။ ဝင်လာကြတဲ့လူသုံးယောက်ရဲ့မျက်ဝန်းတွေက ကြောက်ရွံ့မှုမရှိ၊ ထိတ်လန့်မှုမရှိတဲ့အပြင် လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာလဲ ရဲရင့်မှုဆိုတဲ့အမှတ်အသားတွေကပ်ပါနေရလောက်အောင် တက်ကြွနေခဲ့တယ်။ သင်္ချိုင်းထဲဝင်လာတဲ့လူသုံးယောက်ရဲ့ခြေလှမ်းတွေက သေဆုံးသူတွေကို သရဏဂုံတင်ပေးနေကြဖြစ်တဲ့ ဇရပ်အိုလေးပေါ်ကိုဦးတည်ခဲ့ကြတယ်။ ဇရပ်ပေါ်ရောက်တော့ … Read more

တစ္ဆေဆေးမြစ်

” တစ္ဆေဆေးမြစ် ” ရေးသားသူ—အလင်းရောင် +++++++++++ အော်— သူမထင်သလို ဖြစ်မလာခဲ့ပါ။ ကလေးနှစ်ယောက် မွေးပြီးနောက်ပိုင်းမှာတော့ ဖခင်မပီသစွာဖြင့် သားနှင့် မယားကို ထားသွားပြီး ကိုယ်လွတ်ရုန်း သွားခဲ့လေသည်။ ခုလည်း ကလေးနှစ်ယောက်နှင့် ငွေတာရီလည်း အတော်လေးဒုက္ခ ပင်လယ် ရောက်ခဲ့ရလေသည်။ ဇရပ်ပေါ်ရောက်တော့လည်း နေရာအလွတ်က ထောင့်တစ်နေရာက ကြမ်းခင်း အဆွေးလေးဘေးနားမှာ သားနဲ့သမီးအားခေါ်ပြီး အနားယူအိပ်စက်ဖို့–နေရာထိုင်ခင်း ရေးပြုလုပ်လိုက်သည်။ တစ်နေ့တာ ပင်ပန်းမူဒဏ်တွေကြောင့် တစ်ခါတည်း ကလေးနှစ် ယောက် ကြားထဲမှာပဲ နှစ်နှစ်ခြိုက်ခြိုက် သူမလည်းအိပ်ပျော်သွားခဲ့လေတော့သည်။ မနက်မိုးသောက်မလင်းခင် ငွေတာရီက အစောဆုံး အိပ်ရာကထလိုက်ပြီး သားနဲ့သမီးအားနိုးကာ စောဦးစွာ ထွက်လာခဲ့သည်။ အစားပေါကြွယ်လှတဲ့ ရွာဦးကျောင်းဘက်သို့ ထွက်လာသော်လည်း သူ့မထက်အရင်ရောက်နေကြတဲ့ သူတွေ အများကြီးတွေ့ရတော့ ငွေတာရီလည်းမျက်မှောက်ကြုတ်လိုက်ပြီး– ” ကဲ..သားနဲ့သမီး.လာလာ…. ဟို … Read more

တစ္ဆေဆေးမြစ်

” တစ္ဆေဆေးမြစ် ” ရေးသားသူ—အလင်းရောင် +++++++++++ အော်— သူမထင်သလို ဖြစ်မလာခဲ့ပါ။ ကလေးနှစ်ယောက် မွေးပြီးနောက်ပိုင်းမှာတော့ ဖခင်မပီသစွာဖြင့် သားနှင့် မယားကို ထားသွားပြီး ကိုယ်လွတ်ရုန်း သွားခဲ့လေသည်။ ခုလည်း ကလေးနှစ်ယောက်နှင့် ငွေတာရီလည်း အတော်လေးဒုက္ခ ပင်လယ် ရောက်ခဲ့ရလေသည်။ ဇရပ်ပေါ်ရောက်တော့လည်း နေရာအလွတ်က ထောင့်တစ်နေရာက ကြမ်းခင်း အဆွေးလေးဘေးနားမှာ သားနဲ့သမီးအားခေါ်ပြီး အနားယူအိပ်စက်ဖို့ နေရာထိုင်ခင်း ရေးပြုလုပ်လိုက်သည်။ တစ်နေ့တာ ပင်ပန်းမူဒဏ်တွေကြောင့် တစ်ခါတည်း ကလေးနှစ် ယောက် ကြားထဲမှာပဲ နှစ်နှစ်ခြိုက်ခြိုက် သူမလည်းအိပ်ပျော်သွားခဲ့လေတော့သည်။ မနက်မိုးသောက်မလင်းခင် ငွေတာရီက အစောဆုံး အိပ်ရာကထလိုက်ပြီး သားနဲ့သမီးအားနိုးကာ စောဦးစွာ ထွက်လာခဲ့သည်။ အစားပေါကြွယ်လှတဲ့ ရွာဦးကျောင်းဘက်သို့ ထွက်လာသော်လည်း သူ့မထက်အရင်ရောက်နေကြတဲ့ သူတွေ အများကြီးတွေ့ရတော့ ငွေတာရီလည်းမျက်မှောက်ကြုတ်လိုက်ပြီး– ” ကဲ– … Read more

မှန်ထောင်ကဝေမ

” မှန်ထောင်ကဝေမ “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ တာတေ ရွာပြန်တယ်။ဒါပေမဲ့ မကြာပါဘူး ။ ဆရာကြီးနဲ့ ဆရာနွံဖက အမြန်ပြန်ခဲ့ဖို့မှာလိုက်တာနဲ့ တာတေ တစ်လတောင် မပြည့်ခင် ရန်ကုန်ကိုပြန်ရောက်လာခဲ့တယ်။ ရောက်မဆိုက်ပါပဲဗျာ။ “မောင်တာတေရေ မင်းပြန်ရောက်လာတာနဲ့ အတော်ပဲဟေ့” လို့ ဆရာကြီးက ဆီးကြိုပြောတယ်ဗျ။ ဆရာနွံဖကလည်း ပြုံးပြီး ကြည့်နေတယ် “ဧကန္တတော့ ကဝေ လိုက်ရဦးမယ် ထင်တယ်” လို့ တာတေက ပြန်ပြီးပြောလိုက်တော့ ဆရာကြီးက ပြုံးပြီး တာတေ့ကို ပြောတယ်ဗျ။ “မောင်တာတေကလည်း ပါရမီအခံ တယ်ကောင်းသကိုးကွဲ့။ တွေးလိုက်ရင် တန်းသိနေတော့တာပဲကိုး” ကျုပ်ကတော့ ဘာမှပြန်မပြောဘဲ ပြုံးရုံပဲ ပြုံးနေတော့တာပေါ့ဗျာ။ “ဟုတ်တယ် မောင်တာတေရေ ။ ခရမ်းသုံးခွဘက်မှ အထူးအဆန်းတွေ ဖြစ်နေပါရောလား” ဆရာနွံဖက … Read more