အောက်လမ်းဘိုးထင် နှင့် နယ်ပိုင်ကဝေ

” အောက်လမ်းဘိုးထင် နှင့် နယ်ပိုင်ကဝေ ” ရေးသားသူ–မောင်တင်ဆန်း +++++++++++ *အခန်း-၁ မောင်ဘိုးထင်တို့သည် ပေပင်ရွာသို့ ပြန်ရောက်ရောက်ချင်း သူ၏ တောင်ဝှေးကို ခိုးထားသော မကြီး နှင့် မလေးအိမ်သို့လှည်းကို တန်းပြီး မောင်းဝင်သွားလိုက်သည်၊ အိမ်ဝိုင်းထဲသို့လှည်းရောက်သည်နှင့် မောင်ဘိုးထင်သည် လှည်းပါ်မှ ခုန်ချကာ အိမ်ထဲသို့ မဝင်ခင်အထိ မကြီး နှင့် မလေးအား တကြော်ကြော် အော်ကာ အိမ်ထဲဝင်သွားလေသည်။ “လေးမကြီး လေးမလေး ” “ဟဲ့ ဘိုးထင် လူစုံတက်စုံ ပါလား ဘာများဖြစ်လို့လဲ ကွဲ့” “ဘာဖြစ်ရမှာလဲ အရီးရွှေမိရယ် အရီးရဲ့ သမီးနှစ်ယောက်က ကျုပ်ရဲ့ တောင်ဝှေးကြီးကို ခိုးသွားလို့ ဗျ” “ကဲ ဒီ အရူးမ နှစ်‌ေယာက်က နင့် တောင်ဝှေးခိုးပြီး ဘာလုပ်တာတုန်း … Read more

အောင်မြတ်သာနှင့်ကြက်တူရွေးစိန်အရှုပ်တော်ပုံ

” အောင်မြတ်သာနှင့်ကြက်တူရွေးစိန်အရှုပ်တော်ပုံ ” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – အလောင်းမင်းတရားတည်ထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးမင်းတစ်ပါးဖြစ်တဲ့ သီပေါဘုရင်ပါတော်မူပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာတိုင်းတစ်ပါးသားမျက်နှာဖြူတွေရဲ့လက်အောက်ကိုရောက်ရှိခဲ့တယ်။ မြန်နာလူမျိုးတွေပိုင်တဲ့ ရေမြေတောတောင်သယံဇာတပစ္စည်းအများစုကိုလည်း နယ်ချဲ့မျက်နှာဖြူတွေကသာ လက်ဝါးကြီးအုပ်အမြတ်ထုတ်ခဲ့ကြတယ်။ မြန်မာနန်းစဉ်ရတနာတွေအပြင် ရှေးမြန်မာသူဌေးသူကြွယ်တွေပိုင်ဆိုင်ခဲ့ကြတဲ့ ရတနာပစ္စည်းပေါင်းများစွာဟာလည်း မျက်နှာဖြူနယ်ချဲ့တွေရဲ့လက်ထဲကိုရောက်ရှိခဲ့တယ်။ အဲဒီထဲမှာ ကြက်တူရွေးနှုတ်သီးလို ကောက်နေတဲ့ စိန်တစ်လုံးလဲပါဝင်ခဲ့တယ်။ အရည်အသွေးပြည့်ဝတဲ့စိန်တစ်လုံးဖြစ်တဲ့အတွက် တန်ဖိုးအနဂ္ဂဘယ်လောက်တန်တယ်ဆိုတာကိုတော့ မည်သူမှမတွက်ချက်နိုင်ခဲ့ဘူး။ ကြက်တူရွေးစိန်ကိုရလာတဲ့အဖြစ်အပျက်ကလဲ ထူးဆန်းနေပြန်တယ်။ မြန်မာနိုင်ငံ သူ့ကျွန်ဘဝမရောက်ခင်က မန္တလေးနေပြည်တော်မှာ ဦးဘိုးသာဆိုတဲ့သူဌေးတစ်ဦးရှိခဲ့ဖူးတယ်။ ဦးဘိုးသာက နိုင်ငံရပ်ခြားကနေ မြန်မာနိုင်ငံကို ကုန်သွယ်နေတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ ချိတ်ဆက်မိရင်း ခင်မင်ရင်းနှီးခဲ့တယ်။ တစ်ယောက်အကျိုးစီးပွား တစ်ယောက်ကူညီကြတဲ့အခြေအနေတွေကြောင့် ဦးဘိုးသာရဲ့စီးပွားရေးကလဲ ယခင်ကထက် ပိုအဆင်ပြေလာခဲ့တယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ အင်္ဂလိပ်ကုန်သည်က မြန်မာနိုင်ငံကိုမလာဖြစ်တော့ပဲ … Read more

ဘွားမယ်စိန်နှင့် သင်္ချိုင်းထိပ်ကလူ

” ဘွားမယ်စိန်နှင့် သင်္ချိုင်းထိပ်ကလူ ” ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ တစ်နေ့သ၌ ဘွားမယ်စိန်၏နေအိမ်ဆီသို့ မောင်တိုးနဲ့​မောင်အုန်းတို့အတူတူရောက်လာခဲ့ကြသည်။ “ဟဲ့နှစ်ယောက် အဝတ်အစားတွေဘာတွေနဲ့ ဘယ်သွားကြမလို့တုန်း” ဟုဒေါ်ဝင်းကသူတို့နှစ်ယောက်ကိုမေးငေါ့ကာမေးတော့ ထန်းလျက်ခုံ၌ဝင်ထိုင်ဖို့ပြင်နေသောမောင်တိုးသည်… “ဟာဗျာ…အရီးပြောပုံကြီးကလည်း… ကျုပ်တို့ကအဝတ်အစားမဝတ်တဲ့ကောင်ကြီးတွေကျလို့ဗျာ” ဟု…ဆူပုတ်ပုတ်မျက်နှာထားဖြင့်ပြောတော့ ဒေါ်ဝင်းကသဘောကျစွာဖြင့်တဟားဟားဖြင့် ရယ်မောတော့သည်။ ရယ်မောလို့ဝလေမှ— “မဟုတ်ရပါဘူးဟယ်…နင်တို့က ခါတိုင်းထက်ထူးနေလို့ပါ— ခါတိုင်းဆိုရင်…စွပ်ကျယ်အပြဲနဲ့နေ နေကြတဲ့ ကောင်တွေကအခုကျသန့်လို့ပြန့်လို့ဆိုတော့ ဘယ်ကိုများသွားမလို့တုန်းလို့ မေးတာပါဟဲ့…” “ဟဲ…ဟုတ်တော့ဟုတ်သားဗျ… ကျုပ်တို့ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ဖိတ်ထားလို့သွားကြမလို့ပါ အရီးရာ—” “မင်္ဂလာဆောင်ကဘယ်မှာတုန်းဟဲ့” “အင်တိုင်းရွာမှာဗျ…” “ဟော…ဒါဆိုဘယ်နရက်ကြာကြမှာလဲ” “မကြာပါဘူးအရီးရာ ပွဲပြီးတာနဲ့ပြန်ခဲ့ကြမှာပါ… အဲ့တာဘွားကိုအကျိုးအကြောင်းလာပြောပြထားတာ တော်နေ ကျုပ်တို့ကိုလိုက်ရှာနေမှာဆိုးလို့ပါဗျ” “အေးပါကွယ်…သွားစရာရှိတာသွားကြပါ… ဒီရက်ပိုင်းထဲခရီးထွက်စရာမရှိသေးပါဘူးကွဲ့” “ဟုတ်ကဲ့ဘွား…ဒါဆိုကျုပ်တို့သွားတော့မယ်ဗျ… တော်နေဆိုနေကပိုပူလာတော့မှာ…” “အေး—အေး—အေး—အေး—” “ဟဲ့နှစ်ကောင်သေအောင်သောက်မနေကြနဲ့ဦးနော်… ရွာလည်းသေချာပြန်လာခဲ့ကြ” “စိတ်ချပါအရီး…” မောင်တိုးနဲ့မောင်အုန်းတို့ ဘွားမယ်စိန်တို့ကိုနှုတ်ဆက်ပြီး ခြံဝိုင်းထဲမှထွက်သွားကြတော့သည်။ မောင်တိုးမောင်းသောလှည်းဖြင့် အင်တိုင်းရွာသို့ ထွက်လာခဲ့ကြသည်။ အင်တိုင်းရွာ၏မင်္ဂလာဆောင်သို့ရောက်တော့… … Read more

ဦးသူတော်

” ဦးသူတော် ” မူရင်းရေးသားသူ—ဆရာတာတေ +++++++++++ ကျုပ်တို့ရွာ ထနောင်းကုန်းမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိတာ ဗျ၊ နှစ်ကျောင်းစလုံးက ရွာအရှေ့ပိုင်းမှာချည်းရှိတာ။ ဒါကြောင့်လည်း ကျုပ်ဆရာတော်ရဲ့ကျောင်းက ပုဗ္ဗာရုံလို့ နာမည်တပ်တာပေါ့ဗျာ။ နောက် တစ်ကျောင်းကတော့ ရွာဦးကျောင်းဗျ။ ရွာထဲကိုဝင်ဝင်ခြင်းတွေ့တဲ့ကျောင်း လေဗျာ။ ရွှေတောင်ကုန်း ဘုရားလည်းရှိတယ်။ ကျုပ်တို့ ရွာဘုရားပွဲ နှစ်စဉ်ကျင်းပတဲ့ ဘုရားလေဗျာ၊ ဘုန်းကြီးကျောင်းနဲ့ ဆိုရင်တော့ နည်းနည်းလေး လှမ်းပါသေးတယ်။ တောင်ကုန်းလေးပေါ်မှာ တည်ထား တော့ ရွှေတောင်ကုန်းဘုရားက လွှတ်သပ္ပါယ်တာဗျ ။ တစ်ခါတလေ ဘုရားပေါ်တက်ရတာ သိပ်လွမ်းတာဗျ။ လှယဉ်နဲ့ ကျုပ်နဲ့ အတူတူထိုင်ခဲ့တဲ့ နေရာလေးတွေကိုတွေ့ရင် လှယဉ်ကို လွမ်းမိတာ ပေါ့ဗျာ။ တကယ်တော့ ရွာဦးကျောင်းက ဝိသုဒ္ဓါရုံ ဆိုတဲ့နာမည်ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ ဝိသုဒ္ဓါရုံကျောင်းလို့ မခေါ်ပါဘူးဗျာ … Read more

အရူးသူတော်နှင့် ကြောင်တစ္ဆေအတိုက်

အရူးသူတော်နှင့် ကြောင်တစ္ဆေအတိုက် ရေးသားသူ—နောင်ရိုး(ဆေးတပ်) +++++++++++ ပရဝတ္ထုတို ( စ၊ ဆုံး) ” ဒုတ်—ဒုတ်—ဒုတ်—” ညသန်းခေါင်ယံ သုသာန်ဝင်းအတွင်း၌ လူတစ်ယောက်သည် မြေပုံတစ်ခုအား တူးဆွနေ၏။ အတန်ကြာတူးပြီးသော် အထဲမှ အခေါင်းတစ်လုံးပေါ်လာ၏။ အခေါင်းအား ဖွင့်သော် အထဲမှအသက်ဆယ့်လေးနှစ်အရွယ် မိန်းကလေးတစ်ဦး၏ အလောင်းထွက်ပေါ်လာသည်။ ထိုသူသည် မိန်းကလေးအလောင်းအား ဖက်၍ ရှိုက်ကြီးတငင်ငိုကြွေးသည်။ အားရအောင် ငိုပြီးသောအခါ အံကိုတင်းတင်းကြိတ်လိုက်ပြီး ကျောက်ချောင်းရွာဆီကို တစ်ချက်လှမ်းကြည့်သည်။ ပြီးနောက် အလောင်းဆီ ပြန်ကြည့်ကာ လက်ထဲမှ ဓားသေးသေးတစ်ချောင်းဖြင့် ရင်ဘတ်အား ခွဲလေပြီး နှလုံးအား ထုတ်ယူကာ နံဘေး၌ ချထားလိုက်သည်။ ပြီးလျင် သူ့နံဘေးရှိ ပီနံအိတ်အဖြူအား ယူကာ အထဲမှ ကြောင်အရှင်တစ်ကောင်အား ထုတ်ယူပြီး အလောင်း၏ အပေါ်မှ ခုနှစ်ခါကျော်စေ၏။ ပြီးနောက် အရှင်လတ်လတ်ပင် … Read more

စုန်းထီးကြီးဦးဘသာ နှင့် ရွာဦးကျောင်းက အုန်းမောင်းသံ

” စုန်းထီးကြီးဦးဘသာ နှင့် ရွာဦးကျောင်းက အုန်းမောင်းသံ ” ရေးသားသူ—အဂ္ဂဇော် +++++++++++ အတွဲ(၅) စာစဉ်(၁) ပန်ကြားချက်။ ယခုဖော်ပြပါ ဦးဘသာအတွဲ(၅)တွင် ဦးဘသာ၏ ရှုထောင့်မှတင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ (၁) ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူးဗျာ၊ ကျုပ်နာမည်သာဒင်ပါ၊ လူတွေကတော့ ဘသာလို့ပဲခေါ်ကြတယ်၊ အသက်ကြီးပြီဆိုတော့ ဦးတပ်ပြီးတော့ ဦးဘသာပဲခေါ်ကြတယ်ဆိုပါတော့ဗျာ၊ အခုတလော ကျုပ်နေလို့ထိုင်လို့သိပ်မကောင်းဘူးဗျာ၊ နေလို့မကောင်းတာကလည်း ဘာရောဂါကြောင့်ရယ်လို့တော့မဟုတ်ပါဘူးဗျာ၊ အဓိကကတော့ စိတ်ကြောင့်ပါ၊ စိတ်ကြောင့်လို့ပြောရအောင်လည်း ကျုပ်ကစိတ်ရောဂါဖြစ်နေတာမဟုတ်ဘူးရယ်ဗျ။ ကျုပ်အိမ်ကိုဝင်ထွက်သွားလာနေတဲ့ ကျုပ်တူသားတစ်ယောက်လိုခင်မင်ရတဲ့ ခင်မောင်ဆိုတဲ့ကောင်လေးကြောင့်ပေါ့ဗျာ။ သင်္ကြန်ကျအပြီး သူ့ချစ်သူသေဆုံးသွားကတည်းက ရွာမှာမနေချင်တော့ဘူးဆိုပြီးထွက်သွားတဲ့ဒီကောင်လေးက အခုဆိုတစ်လနီးပါးတောင်ရှိတော့မယ် စာမလာသတင်းမကြားနဲ့ဗျ။ အတူရှိချိန်တုန်းကတော့ ဒီကောင်လေးဟာ ငမွှေလေး၊ ငရှုပ်လေးဆိုပြီး စိတ်ပျက်မိတာတော့အမှန်ပါပဲဗျာ၊ ဒါပေမယ့် သူမရှိတော့လည်း ကျုပ်ဘဝကြီးက ပျင်းခြောက်ခြောက်ကြီးဗျ၊ တစ်နေကုန်မနက်အိပ်ရာထ နွားထွက်ကျောင်း၊ ရွာကိုပြန်ဝင် ဒါနဲ့ပဲနှစ်ပါးသွားနေရတော့တာဗျ။ ဒီနေ့လည်း ကျုပ်နွားတွေကိုဆွဲပြီး ရွာပြင်ကိုထွက်လာခဲ့တယ်၊ … Read more

မဆစ်ဆီ ပီယဆေး

” မဆစ်ဆီ ပီယဆေး “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++++++++++++ ဒီတုန်းက ကျုပ်အသက် ဆယ့်နှစ်နှစ်လောက်ပဲ ရှိသေးတာဗျ။ ကိုကြက်တောဆိုတာ ကျုပ် တိုရွာရဲ့ ကာလသားခေါင်းပေါ့ ဗျာ။လူကအရပ်ရှည်ရှည် ပိန်ပိန်ဗျ။ခါးကလည်း နည်းနည်းကိုင်း သေးတယ်။မျက်လုံးကလည်းခပ်ပြုးပြူးဗျို့။ ဒါ့ကြောင့်လည်း ကျုပ်တို့ ရွာကလူတွေက ပြောကြတာ။ ” ကြက်တောရာ မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ဘာများဖြစ်လာ တာတုံး ” ” ဟာ….ဘာမှမဖြစ်ပါဘူးဗျ။ ဘိုးညီလေးရဲ့ ကျုပ်ကမွေးက တည်းက ပြူးနေတဲ့ဟာ ဘာတတ်နိုင်မှာတုံး ” လို့ကိုကြက်တောကြီးက ပြန်ပြောသဗျ။ကိုကြက်တောကြီးက လမ်းလျောက်ရင်လည်း ခြေလှမ်းကျဲကြီးနဲ့ဗျ။ ” ကိုကြက်တောတို့များလမ်းလျောက်ရင် ငှက်ကြီးဝန်ပို တွေ လမ်းလျောက်တဲ့ အတိုင်းပဲဗျာ ” လို့ ပြောပြောပြီး ရယ်နေကြတာဗျ။ တရက်ကျတော့ … Read more

အောက်လမ်းဘိုးထင် နှင့် သူခိုး

” အောက်လမ်းဘိုးထင် နှင့် သူခိုး ” ရေးသားသူ— မောင်တင်ဆန်း +++++++++++++++++++++ *အခန်း-၁ မောင်ဘိုးထင်တို့သည် ကန်ပေါက်ရွာမှ လူပုခါးကုန်းလေးများ၏ ကျိန်စာကို ဖျက်ပေးပြီးလောက် အတော်ကို ပင်ပန်းနေကြပြီး ဖြစ်၊ ကလေးသာသာ မောင်ဘိုးထင်တို့ သုံးယောက်မှာ ပြေးရလွှားရ နှင့် အတော်ကို ဒုက္ခများခဲ့ရာ မောင်ဘိုးထင်သည် လှည်းပေါ်တွင် အိပ်ပျော်နေကြ၍ မိုးကြိုးစက်တောင်ဝှေးကြီး အား အိပ်ချင်မူးတူးဖြစ် လင်းတများပျံလာသည်ကို သူ့အားမိုးကြိုးစက်တောင်ဝှေးလာပေးသည့် လင်းတ ကြီးများထင်ကာ ဖိုးထွေးအားပေးခိုင်းလိုက်ချင်းဖြစ်သည် ၊ ဦးအုနး်မှ စိတ်အသံ လွှင့်၍ သူအားပြောပေမဲ့ အိပ်ချင်စိတ်ကာ ကြီးဆိုးကာ အိပ်ပျော်‌သွားချင်းဖြစ်သည် ၊ ဤသို့ ဖြစ် မောင်ဘိုးထင်တို့ အပြခရီးတွင် လှည်း တချက်အစောင့် မှာ မောင်ဘိုးထင် နိုးလာသည် ၊ နိုးလာသည် … Read more

အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျို

” အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျို ” ရေးသားသူ— ဇေယန(ရာမည) +++++++++++++++++++++ ကောင်းကင်တစ်ခုလုံး တိမ်သားတွေကင်းစင်နေပြီး ပြာလဲ့လဲအရောင်သန်းနေတဲ့ နံနက်ခင်း အချိန်ကာလမှာ ရွှေရောင်တစ်လက်လက်ထနေတဲ့ ကိုးတောင်ပြည့်စေတီထီးတော်တင်ပွဲကို အောင်မြတ်သာတို့ဆရာတပည့်တွေ မထင်မရှားဟန်နဲ့ ရောက်ရှိခဲ့ကြတယ်။ စေတီအဝင်ဝ မုဒ်ဦးမှာတော့ လက်ရာ မြောက်စွာထုဆစ်ထားတဲ့ ဂဠုန်ငှက်ရုပ်ထုကြီးကလဲ ရောက်လာသူ အပေါင်းကို တစ်မျိုးတစ်ဖုံ စွဲဆောင်နေခဲ့တယ်။ ထီးတော်တင်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ မုဒ်ဦးအဝင်ဝမှာ ထိုင်ပြီး ငိုယိုနေတဲ့ ယောင်္ကျား တစ်ယောက်အမှတ်မထင်မြင်တွေ့လိုက်ရတယ်။ ဘုရားထီးတင်ပွဲလာကြတဲ့ပရိတ်သတ်တွေကတော့ မုဒ်ဦးဝမှာထိုင်ငိုနေတဲ့လူကို သတိမမူမိကြပဲ မိမိတို့သွားလိုရာခရီးလမ်းကို ဖြောင့်တန်းစွာ သွားလာ နေကြတာမြင်လိုက်ရတဲ့ အောင်မြတ်သာက “သက်ခိုင် မုဒ်ဦးဝမှာ ယောင်္ကျားတစ်ယောက်ထိုင်ငိုနေတာ မြင်ရလား” လို့မေးလိုက်တော့ သက်ခိုင်က အောင်မြတ်သာကြည့်တဲ့ဘက်ကို လှည့်ကြည့်လိုက်ပြီး “မြင်ရတယ်ဆရာ သူ့မှာဘာအပူပင်တွေများရှိလို့ အခုလိုကုသိုလ်ရေးလုပ်တဲ့အချိန်မှာ ငိုကြွေးနေရတာလဲမသိဘူးနော်” “ မဟုတ်ဘူးသက်ခိုင် သူထိုင်ငိုနေတာကို ဖြတ်သွားဖြတ်လာလူတွေ … Read more

တာတေအညာသား

” တာတေအညာသား “(စဆုံး) ရေးသားသူ–ဆရာတာတေ +++++++++++ တစ်ခါတလေတော့လည်း လူဆိုတာ ကိုယ့်အကြောင်းကို ကိုယ် ပြန်တွေး တတ်တာပေါ့ဗျာ။ ကျုပ်လည်း ကျုပ်အကြောင်းတွေကို ပြန်တွေးမိ တဲ့အခါတွေ ရှိတာပေါ့လေ။ အထူးသဖြင့်တော့ အခုလို ဆောင်းညတွေမှာ ပိုပြီးတွေးမိတတ် တယ်။ ကျုပ်တို့ အညာဆောင်းဆိုတာ အေးပြီဆိုရင် အရိုးထဲကကို အေးနေ သလား မှတ်ရတာဗျ။ စောင်ခြုံလို့တောင်နွေး တာမဟုတ်ဘူးဗျို့။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မပျော်တဲ့ ဒီလိုညမျိုးတွေဆိုရင် ကျုပ်အကြောင်းတွေကို ပြန်တွေးမိတော့တာပါပဲဗျာ။ တာတေဆိုတဲ့ ကျုပ်က ငယ်ငယ်လေးကတည်းက စပ်စပ်စုစု စွန့်စွန့်စားစား သိပ်လုပ်တဲ့ကောင်လေဗျာ။ အဲဒီလိုပြန်တွေးမိတဲ့အခါတိုင်း ကျုပ်မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်ပေါ်လာတာက ကိုပေသီးပဲဗျ။ ကိုပေသီး သင်္ချိုင်းထဲမှာ ပီယဆေးဖော်တော့ ကျုပ်လိုက်သွားတာလေဗျာ။ တနင်္ဂနွေဆန်းတဲ့လမှာ တနင်္ဂနွေနေ့ အစိမ်းသေ သေတဲ့ တနင်္ဂနွေ … Read more