စုန်းထီး
” စုန်းထီး “(စဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++ ဆရာအို ပယောဂကုတဲ့ဆီကို ကျုပ် လိုက်သွားတာဗျ။ဘိုးညိုက သူလှည်းနဲ့ နွားနှစ်ကောင် တပ်ပေးလိုက်တာသူ့မှာ နွားကောင်းချည်းပဲ နှစ်ရှဉ်းရှိတာဗျို့။ နွားတစ်ရှဉ်းဆိုတာ နှစ်ကောင်ကို ခေါ်တာဗျ။ သူတို့မှာ နွားနှစ်ရှဉ်းရှိတယ်ဆိုတော နွားလေးကောင်လေဗျာ။ဘိုးညိုရဲ့နွားကြီးတွေက တကယ်နွားသန့် နွားချောကြီးတွေဗျ။လှည်းကလည်းအမြဲတမ်း တိုက်ချွတ်ပြီး ဆီမှန်မှန်ထိုးထားတော့သန့်ပြန့်ပြီးချောနေတာပါဗျာ။ရောဂါသည်က မိန်းမဗျ။သိပ်ငယ်ငယ်တော့ မဟုတ်ပါဘူး။အသက်သုံးဆယ်ကျော်လောက်ရှိမယ်။ဆရာအိုက ထုံးစံအတိုင်း ရောဂါစစ်တာပေါ့ဗျာ။ “ကလေးမဗိုက်အောင့်တာ ဘယ်အချိန်အောင့်တတ်တုံး” “ညနေ တစ်ခါအောင့်တယ် ညသန်းခေါင်လောက်မှာ တစ်ခါအောင့်တယ်ဆရာကြီး” “ဒီအချိန်တွေက ပုံမှန်ဖြစ်နေကျပဲလားကွဲ့” “ဟုတ်ကဲ့ ဆရာကြီး ပုံမှန်ပဲတော့” “ဘယ်တုန်းကစပြီး ဖြစ်တာတုံး ကလေးမရဲ့” လူနာမိန်းမကပြန်စဉ်းစားတယ်။ဒီမိန်းမကအညာတောသူ ဆိုပေမယ့် ရုပ်ရည်တော်တော်ချောမောတဲ့မိန်းမဗျ။ အိမ်ထောင်မရှိဘူး။အပျို။ “ဟိုတလောက ကျမတို့ရွာကို ဆရာတယောက် ရောက် လာတယ်” “ဒီသံခနောက်ကို ရောက်လာတာလား” “ဟုတ်ပါတယ် ဆရာ။သူများတွေ … Read more