” လောဘနိဂုံး ” ရေးသားသူ–D Moe Moe +++++++++++ ဒီတခါတော့အိမ်ကဖြစ်ရပ်မှန်ကိုယ်တွေ့ကိုတင်ပါမယ် လောကမှာလူအမျိူ းမျိူ းစိတ်အဖုံဖုံဖြစ်ပျက်ပြောင်းလဲနေကြတဲ့အတွက်သံဝေဂရစရာအကြောင်းတွေအပုံအပင်ရှိနေမှာပါ သူတပါးပစ္စည်းအချောင်လိုချင်သူတွေရဲ့့နောက်ဆုံးသွားရတဲ့လမ်းကမသာယာပါဘူး လူတိုင်းစိတ်ကောင်းထားနိုင်စေရန်တင်ပြပါသည် +++++++++ +++++++++ တခါသော်အိမ်ကကိုးကွယ်သောဆရာတော်ကြီးအိမ်ကိုကြွလာတုန်းဆရာတော်ကြီးအား အဖေကစီးပွားရေးလုပ်ရန်ဘာလုပ်ငန်းများလုပ်ရင်ကောင်းမည်လဲဟုမေးကာလျှောက်ထားပါသည်။ ထိုအချိန်ကကိုယ်တို့မောင်နှမများအားလုံးကျောင်းတက်ကာပညာသင်နေသောအချိန်ဖြစ်ပါသည်။ ထိုအခါဆရာတော်ကြီးကိုလာဖူးသောတကာဦးသိန်းဆိုသောလူတစ်ယောက်ကဆရာတော်ကြီးအားအကြံပေးသည်။ ” အရှင်ဘုရား—-တပည့်တော်ကလဲပိုက်ဆံမရှိ၍စီးပွားရေးမလုပ်နိုင်ပါ—-ဒီမိသားစုနှင့်ပေါင်းလုပ်ချင်ပါသည်—–တပည့်တော်ကလူစိုက်ပညာစိုက်ကာ—–သူတို့ကငွေစိုက်လျှင်နှစ်ဦးနှစ်ဘက်အဆင်ပြေမည်ဖြစ်ပါတယ်ဘုရား— ” ဒီအခါဆရာတော်ကြီးကအဖေသည်ပညာတတ်၍အစိုးရရုံးမှအရာရှိကြီးတစ်ဦးဖြစ်ကာဘာစီးပွားရေးမှနားမလည်တာသိထားသည်။ လက်ဝေခံစားလုပ်ကာလုပ်ငန်းနားလည်သောဦးသိန်းဆိုသူနှင့်လုပ်ရန်ခွင့်ပြုလိုက်သည်။ ထိုဦးသိန်းဆိုသူသည်နဖူးပြောင်ပြောင်နှင့်ဝဝတုတ်တုတ်ဖြစ်ကာဖိုးဝရုပ်နှင့်တူသည်။ ယေဘူယျအားဖြင့်သဘောကောင်းသည်ဟုထင်ကြပါသည်သို့ပေမဲ့လူ့စိတ်ဆိုတာခန့်မှန်းရအခက်ဆုံးပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းစတင်ထူထောင်ရာတွင်အိမ်ကငွေစိုက်ကာဦးသိန်းကလူနှင့်ပညာစိုက်ကာလုပ်ကြသည်။ ဆရာတော်ကြီးကလဲလုပ်ငန်းအဆင်ပြေအောင်သူ့အစွမ်းဖြင့်အကုန်စီရင်ပေးကာ လုပ်ငန်းအသစ်ဖွင့်ပွဲသို့သူကိုယ်တိုင်တက်ရောက်ကာချီးမြင့်ပေးပါသည်။ အလုပ်လုပ်မည့်သူများအားအရင်ဆုံးအနေဖြင့်ဆုံးမစကားဟောပါသည်။ ” ကဲဒီလုပ်ငန်းကအောင်မြင်မှာပါကွာ—-တခုရှိတာကဒီလုပ်ငန်းမှာတဦးနှင့်တစ်ဦးမှန်မှန်ကန်ကန်သစ္စာရှိရှိလုပ်ကြဘိုပဲလိုပါတယ်—-ဒီလုပ်ငန်းကိုအထက်ပုဂ္ဂိုလိတွေကိုအပ်ပေးထားတဲ့အတွက်—–မမှန်တဲ့သူဟာအကုသိုလ်အကျိူးးချက်ချင်းပေးမှာဖြစ်တယ်——-မလိမ်မညာဘဲအမှန်အကန်လုပ်ပါ——” ဆရာတော်ကြီးစကားကိုအဖေနဲ့အမေရောဦးသိန်းပါကတိပြု၍လုပ်ငန်းစကြလေသည်။ လုပ်ငန်းစလုပ်တော့အဖေကရုံးအလုပ်များနှင့်မအားသဖြင့်အမေကသာဦးဆောင်လုပ်ရသည်။ ကိုယ်တို့မောင်နှမများကတော့ရန်ဖန်ရန်ခါအမေ့အားကူပေမဲ့ကျောင်းတဖက်မို့သိပ်မကူအားပါ အဖေနဲ့အမေကတော့ဆရာတော်ကြီးထူထောင်ပေးသောလုပ်ငန်းမို့အောင်မြင်မည်တွေးကာတက်ကြွနေကြသည်။ သိုပေမဲ့ထိုလုပ်ငန်းသည်အစပိုင်းလောက်သာအဆင်ပြေကာနောက်ပိုင်းတွင်အရှုံးကြီးပြလာသည်။ ခက်သည်ကဦးသိန်းကကုန်သည်များဖြင့်တွေ့ရသူဖြစ်ကာအမေကကုန်ချောထွက်ရန်ကြီးကြပ်ပေးရ၍ စျေးကွက်စီးပွားရေးကောင်းစွာမသိသေးသောအချိန်ဖြစ်သည်အလုပ်ကကောင်းနေပါလျှက်အရှုံးပေါ်နေခြင်းကို အမေကဘဝင်မကျပေမဲ့ရိုးသား၍သူတပါးအပေါ်အကောင်မြင်စိတ်ရှိသောအဖေကလဲသံသယမရှိပါ တနေ့တွင်အမေ့ထံသိုလုပ်ငန်းတူလုပ်နေသောမိန်းမတစ်ယောက်ရောက်လာကာစကားစမြည်ပြောရင်း ” အမတို့ပစ္စည်းတွေစျေးကွက်မှာအတော်နံမည်ရလာပြီနော်—–လူကြိုက်များနေပြီကုန်သည်တွေက——–သဘောကျနေကြတယ် ” အမေကထိုမိန်းမပြောသောစကားများကြောင့်စိတ်ထဲဇဝေဇဝါဖြစ်သွားကာဦးသိန်းအားမေးမိသည်။ ” ဦးသိန်းရေကျွန်မတို့ပစ္စည်းတွေကစျေးကွက်မှာနံမည်ရတယ်ဆိုပြီး—–ဘာလိုအရှုံးပေါ်နေရတာလဲ—– ” ” ဟုတ်တယ်လေ—-အသစ်ဆိုတော့သူများဟာထက်စျေးလျှော့ပေးရတယ်လေ—–ဒါမှမိတ်ရလာမှာပေါ့ ” အမေကဦးသိန်းရဲ့မူမမှန်တာကိုအကဲခတ်မိ၍ဦးသိန်းအားလေ့လာစုံစမ်းမိသောအခါ – အံ့သြစရာအဖြစ်ကိုသိရလေသည်မူလကပျဉ်ထောင်အိမ်ကလေးဖြစ်သောဦးသိန်းအိမ်သည်။ နေ့ချင်းညချင်းတိုက်အိမ်ဖြစ်သွားကာဘာမှမရှိသောဦးသိန်းထံတွင်ဆိုင်ကယ်များစက်ဘီးများရှိလာသည်။ … Read more