ပုဂ္ဂိုလ်ထူး

“ပုဂ္ဂိုလ်ထူး”(စ/ဆုံး) ရေးသားသူ—အဂ္ဂဇော် +++++++++++++++++++++ (၁) ရာသက်ပန်ရွာ။ ရွာနာမည်ကဆန်းသော်လည်း ရွာကလေးကတော့ သမားရိုးကျရွာကလေး တစ်ရွာဖြစ်သည်။ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသတွင်တည်ရှိပြီး ရွာသူရွာသားများမှာ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း စိုက်ပျိုးကာအသက်မွေးကြသည်။ ရွာကလေးက အနည်းငယ်ခေါင်လံပြီး အေးချမ်းပြီးဆိတ်ငြိမ်သည့်ရွာကလေးဖြစ်သည်။ ရွာတွင် သတင်းနှင့်ပြန်ကြားရေးဟု အမည်ပေးထားခံရသည့် အရီးမှုံက ယခုမနက်ယာခင်းထဲသို့အလာ၊ ရွာထိပ်ရှိဇရပ်ကလေးတွင် လူကြီးတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ရွာနှင့် အနီးအပါးရွာများတွင် အရီးမှုံမသိ မကျွမ်းသည့်လူဟူ၍မရှိ။ သို့သော် ထိုလူကြီးကိုတော့ အရီးမှုံ တစ်ခါမှ မတွေ့ဖူးသေးပေ၊ ခရီးသွားတစ်ယောက်ဖြစ်မည်ဟုထင်ပြီး အရီးမှုံလည်း မစပ်စုတော့ဘဲ ယာခင်းထဲသို့လာခဲ့သည်။ နေ့လည်ထမင်းစားနားချိန်ပြီးသည့်အခါ အရီးမှုံပြန်လာခဲ့သည်။ အရီးမှုံက အသက်ကြီးပြီမို့ နေ့တစ်ပိုင်းသာယာခင်းထဲတွင် လုပ်သည်။ ကျန်သည့်အလုပ်များကို အိမ်မှလူငယ်များနှင့်ချန်ထားခဲ့ပြီး တောင်းကလေးတစ်ခုရွက်ကာ ရွာသို့ပြန်လာခဲ့သည်။ ဇရပ်ကလေးပေါ်ကြည့်မိလိုက်သည့်အခါ မနက်ကတွေ့ခဲ့သည့် ထိုလူကြီးသည် တစ်ကိုယ်လုံး … Read more

လူသတ်ကုန်းက မဖဲဝါ

လူသတ်ကုန်းက မဖဲဝါ { စ / ဆုံး } ရေးသားသူ—ဆရာတာတေ +++++++++++ ကျုပ်ကို မီးလောင်ကုန်းက ကျုပ်သူငယ်ချင်း ချစ်ညိုလာခေါ်တာဗျ။ချစ်ညိုနဲ့ ကျုပ်နဲ့က မြို့ ကျောင်းတက်တုန်းကအတူတူလေဗျာ။ဒီတုန်း က ဘန့်ဘွေးကုန်းက သိန်းဇော်ရယ်၊ ချစ်ညို ရယ်၊ ဘထစ်လို့ခေါ် ကျုပ်တို့ခေါ်တဲ့ ဘချစ် ရယ်၊ ကျုပ်ရယ်က တွဲဘက်တွေပေါ့။ ဒီထဲမှာ ကျုပ်နဲ့ ဘချစ်ကတော့ ပိုပြီးတွဲဖြစ်တာပေါ့ဗျာ။ “တာတေရေ၊ တာတေ” ကျုပ်က ဝိုင်းထဲက သရက်ပင်ကြီးပေါ်တက်ပြီး သရက်သီး ခူးနေတာဗျ။အမှည့်အုပ်ဖို့ဆိုတော့ သရက်သီးခူးတဲ့ခြင်းတံချူနဲ့ ခူးနေတာလေဗျာ၊ ဝိုင်းဝက ခေါ်သံကြားလို့ ကျုပ်က သရက်ပင် ပေါ်ကနေ ငုံ့ကြည့်လိုက်တော့ မီးလောင်ကုန်း က ချစ်ညိုကို သွားတွေ့တာဗျ။ “ဟေ့ကောင် ချစ်ညို၊ ငါ ဒီမှာကွ၊ အဘ … Read more

သင်္ချိုင်းထဲကကြက်

သင်္ချိုင်းထဲကကြက်(စ/ဆုံး) ကိုဟန်လင်း +++++++++++ “ကျွန်တော့နာမည်က မျိူးနိုင် “ အလုပ်အကိုင်က အလယ်တန်းပြကျောင်းဆရာ။လူပျို အသက် က၂၈။ ကျောင်းဆရာဆိုလို့ ရုပ်ရှင်တွေထဲကလို ကိုယ်ကျင့်တရားကခြောက်ပြစ်ကင်း စိတ်သဘောဖြူစင်ပြီး ကျောင်းဝတ်စုံကော်လံကတုန်းလက်ရှည်ဖြူတိုက်ပုံအင်္ကျီ ကိုလက်မောင်းတစ်ဖက်ပေါ်တင် ကျန်လက်တစ်ဖက်ကစာအုပ်ကိုပိုက်ပြီးဖြည်းညင်းညင်သာစမါတ်ကျသည့်ဒီဇိုင်းမျိုးမဟုတ်။ ကိုယ်ကလူငယ်အလျှောက်ထိုက်သင့်သော အပျော်အပါးတော့ရှိသည်။ ပါတ်ဝန်းကျင်နှင့်ဝင်ဆန့်အောင် လူ့သဘောလူ့မနောညီမျှအောင် သီလကိုအတင်းစင်ကြယ်အောင်မနေ ။အရက်ဆိုလည်းသိပ်မလင်း ထန်းရည်ဆိုလည်းသိပ်မငြင်း ဒါပေမဲ့ကို့ရဲ့ဂုဏ်သိက္ခာကိုတော့မကျဆင်းအောင်ထိန်းသည်။ နေစရာလည်းပူစရာမလို တနယ်တစ်ကျေးကလာသောသူ့အတွက် ရာအိမ်မှူးဦးညွန့်မောင်အိမ်တွင်စိတ်ကြိုက်နေခွင့်စားခွင့်စရိတ်ငြိမ်း။ဦးညွန့်မောင်ကမိသားစုများများမရှိ။သူတို့လင်မယားနှစ်ယောက် နှင့်သားတစ်ယောက်သမီးတစ်ယောက်ရှိသည်။သားကအငယ် အခုတော့မိန်းမရပြီးအိမ်ခွဲနေသည်။သမီးမဝေကအကြီး အသက်က၃၃နှစ်။သူ့ထက်ငါးနှစ်ကြီးသဖြင့် သူ့မောင်လေးခေါ်သည့်အတိုင်းမမဝေဟုပဲခေါ်သည်။ ကိုမျိုးမှာကျောင်းဆရာဖြစ်ပေမဲ့သူ့ကိုယ်သူပညာတတ်ဟုဘယ်တော့မှမခံယူ။ဤအလုပ်ကိုနဂိုထဲကမှဝါသနာပါလှသည်မဟုတ် သို့ပေမဲ့ဘဝပေးအခြေအနေအရအလုပ်နှင့်လူတစ်သားတည်းကျသွားချိန်တွင်အရာရာကိုစိတ်နှစ်၍လုပ်ဖြစ်လာသည်။ ယခုလဲနွေရာသီကျောင်းပိတ်ရက်ဖြစ်သော်လည်းအိမ်မှာပြန်မနေပဲ တာဝန်ကျရာထိန်ပင်သို့လာ၍မိမိလက်လှမ်းမှီသမျှ ကလေးတွေအား အခမဲ့ပညာဒါနပြုသောအားဖြင့်လုပ်အားပေးလျှက်ရှိ၏။ ယခုလဲကျောင်းမှပြန်အလာခြံဝိုင်းထဲဝင်လိုက်သည်နှင့် အိမ်ရှင်ဦးညွန့်မောင် အိမ်နီးချင်းကိုလှသိန်းအပါအဝင် အရပ်ထဲမှလူလတ်ပိုင်းအရွယ်ခြောက်ယောက်ခန့်စကားဝိုင်းဖွဲ့ပြောနေကြ၏။ ထိုစဉ်ဦးညွန့်မောင်မှာ ဆရာမျိုးအဝတ် အစားလဲပြီးရင်ဒီကိုခဏလာပါအုံးဗျ ထိုစဉ်မမဝေမှ မောင်မျိုးရေဝိုင်းထဲသိပ်ကြာအောင်မထိုင်နဲ့ ပြီးရင်ထမင်းစား ဒီနေ့ကိုလှသိန်းကကြက်တစ်ကောင်လာပေးလို့ဟင်း ချက်ထားတယ် ဟုတ်မမဝေခဏလေးပါပဲ အေးခဏလေးကလဲညလုံးပေါက် မောင်မျိုးအဝတ်အစားလဲပြီးဝိုင်းထဲဝင်ထိုင်လိုက်သည်နှင့်ဦးညွန့်မောင်မှ ကဲကျောင်းဆရာရေ ဒီနေ့ဒီကောင်တွေ … Read more

သရဲပေးသောအိမ်မက်

* သရဲပေးသောအိမ်မက် * ရေးသားသူ–ယဉ်မင်း(ကန့်ဘလူ) +++++++++++++++++++++ စ—ဆုံး “နင်ဘယ်ကိုသွားမှာလဲ မေ—” ကားနောက်ခန်းအတွင်းထိုင်နေကြသူများ နှစ်ယောက်အနက်မှ ကြည်လဲ့က မေးလိုက်လေတော့ မေတစ်ယောက်ကားမောင်းနေရင်း— “နင်တို့အရမ်းတွေ့ချင်နေတဲ့ နွေး အိမ်ကိုသွားမလို့လေ—” “ဘယ်လို နွေးရဲ့အိမ်…ဒါဆို နွေးက သူ့အိမ်ပြန်ရောက်နေပြီပေါ့ ဟုတ်လားမေ—” ဒီတစ်ခါမှာဖြင့် ဖူးစုံက တအံ့တသြပြောလိုက်လေရာ မေ ခေါင်းလေးအသာငြိမ့်ပြလိုက်ပြီး— “ဟုတ်တယ် သူပြန်ရောက်နေပြီ—ငါမနေ့က သူ့အိမ်နားက ဖြတ်သွားတော့ သူ့ကို အိမ်ဝရံတာမှာရပ်နေတာမြင်လိုက်တယ်—ငါလည်းဟာ အချိန်မရတာနဲ့ မဝင်ဖြစ်လိုက်တာ—” သူတို့သူငယ်ချင်းတစ်စုသည် ငယ်စဉ်ကတည်းက ကျောင်းအတူတက် ဘွဲ့အတူယူခဲ့ကြသည့် အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြ၏။ သူတို့အမည်အပြည့်အစုံက မေယွန်း၊နွေးနွေးလှိုင်၊ကြည့်လဲ့ခင်၊ဖူးစုံ တို့ပင်ဖြစ်ကြသည်။ ထိုထဲမှ နွေးနွေးလှိုင်ဆိုသည့် သူတို့အဖျားစွပ့်ခေါ်လေ့ရှိသော နွေးတစ်ယောက်က အခြားနယ်တစ်ခုတွင် အလုပ်လျှောက်ရင်း သူတို့နှင့်ခွဲထွက်သွားခဲ့၏။ ကျန်သူများကတော့ မြို့လေးတွင်ကျန်ရစ်ခဲ့ကြပြီး အလုပ်ကိုယ်စီလုပ်ကိုင်နေကြ ပြီဖြစ်သည်။ သူတို့အားလုံး မတွေ့ရသည်မှာဖြင့် … Read more

ခွေးနက်ကြီးရဲ့အူသံ

” ခွေးနက်ကြီးရဲ့အူသံ” (စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++++++++++++ “အ…ဝူး…- ဝူး…- ဝူး…- ဝူး…” “အ…ဝူး_ ဝူး…_ ဝူး…” ရာသီက နွေဗျ။ ကျုပ်တို့ အညာနွေဆိုတာ လွှတ် ပူတာဗျ။ ယာတွေထဲများ သွားကြည့်လိုက်ရင် တံ လျပ်တွေ ထနေလိုက်တာ တကယ့်ရေပြင်ကြီးကျနေတာပဲဗျာ။ ညဘက်ဆိုရင် ကျုပ်တို့ဘယ်မှာ ကောင်းကောင်း အိပ်နိုင်မှာတုန်းဗျာ။ တစ်ရေးနိုးလာရင်လည်း လည်ပင်းအောက်မှာ ချွေးတွေ ရွှဲနေပြီး ဟိုလှိမ့်၊ ဒီလှိမ့်နဲ့ပဲ မိုးလင်းရ တာ။ မနက်လင်းအားကြီး တစ်ချက်ကျတော့ ပြန်အိပ်ပျော်သွားတတ်တယ်ဗျ။ အခုလည်း လူကြီးတွေက အိပ်မပျော်ကြတော့ အိပ်ရာထဲမှာ တလူးလူး တလိမ့်လိမ့် ဖြစ်နေတာပေါ့ဗျာ။ “အ…ဝူး…ဝူး…ဝူး” “ဘယ်သူ့အိမ်က ခွေးက ဒီလောက်နင်းအော် နေတုန်းဟယ်၊ ခွေးရှင်ကလည်း နည်းနည်းပါး … Read more

ခွေးနက်ကြီးရဲ့အူသံ

” ခွေးနက်ကြီးရဲ့အူသံ “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++++++++++++ “အ…ဝူး…- ဝူး…- ဝူး…- ဝူး…” “အ…ဝူး- ဝူး…- ဝူး…” ရာသီက နွေဗျ။ ကျုပ်တို့ အညာနွေဆိုတာ လွှတ် ပူတာဗျ။ ယာတွေထဲများ သွားကြည့်လိုက်ရင် တံ လျပ်တွေ ထနေလိုက်တာ တကယ့်ရေပြင်ကြီးကျနေတာပဲဗျာ။ ညဘက်ဆိုရင် ကျုပ်တို့ဘယ်မှာ ကောင်းကောင်း အိပ်နိုင်မှာတုန်းဗျာ။ တစ်ရေးနိုးလာရင်လည်း လည်ပင်းအောက်မှာ ချွေးတွေ ရွှဲနေပြီး ဟိုလှိမ့်၊ ဒီလှိမ့်နဲ့ပဲ မိုးလင်းရ တာ။ မနက်လင်းအားကြီး တစ်ချက်ကျတော့ ပြန်အိပ်ပျော်သွားတတ်တယ်ဗျ။ အခုလည်း လူကြီးတွေက အိပ်မပျော်ကြတော့ အိပ်ရာထဲမှာ တလူးလူး တလိမ့်လိမ့် ဖြစ်နေတာပေါ့ဗျာ။ “အ…ဝူး…ဝူး…ဝူး” “ဘယ်သူ့အိမ်က ခွေးက ဒီလောက်နင်းအော် နေတုန်းဟယ်၊ ခွေးရှင်ကလည်း နည်းနည်းပါး … Read more

ဦးဖိုးဝေ နှင့် ငယ်ဘဝ (၄)

“ဦးဖိုးဝေ နှင့် ငယ်ဘဝ (၄) ” ရေးသားသူ—မောင်တင်ဆန်း *အခန်း-၁ လူလောကသည် ရှုပ်ထွေးလှ၏ လောဘ မောဟ ဒေါသ တို့ဖြစ် ပြည့်နှက် နေသည် ၊ ယခုလည်း အများသူငါကို ကယ်တင်ရမည်ဟုသော ရည်ရွယ်ချက်ဖြစ် ၊ လောကီ ပညာသင်ယူထားသော မောင်ဖိုးဝေ တ‌ေယာက် အဘ ဖြစ်သူအား မသမာသော စုန်းကဝေ များ၏ အကောက်ကြံချင်းကြောင့် အသက်ဆုံးခဲ့ရ၍ ဒေါသမီးသည် သူအားတောက်လောင်စေသည် ၊ အေးငြိမ်သည် မေတ္တာတွေ ပေးခဲ့သော အဘ မရှိတော့၍ သူ့အား ထိန်းသိမ်းနိုင်သည့် သူမှာ မရှိနိုင်တော့ပေ သူသည် စားရေးသောက်ရေး နေရေးထိုင်ရေး မပူရ မပင်ရသောကြောင့် စုန်းကဝေ ပြုစားခံထားရသူများအား အခကြေးငွေမယူပဲ အလကား လိုက်လံကုသပေးနေသည်၊ ကုသ … Read more

အောင်မြတ်သာနှင့် မြင်းဖြူကတဲ့ယာဉ်

အောင်မြတ်သာနှင့် မြင်းဖြူကတဲ့ယာဉ် စာရေးဆရာ —ဇေယန(ရာမည) +++++++++++ တပေါင်းလပြည့်နေ့ဖြစ်တဲ့အတွက် တိမ်သားကင်းစင်ပြီး ကြည်လင်တောက်ပနေတဲ့ သော်တာလမင်းကြီးရဲ့ အလင်းဓါတ်တွေက ဇလုပ်မြို့‌ပေါ်ကို ယိုဖိတ်ကျလျက်ရှိနေခဲ့တယ်။ အေးမြတဲ့လရောင်အောက်မှာတော့ ဇလုပ်မြို့သူ မြို့သားတွေက ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီး မြို့ဦးစေတီဘက်ကို ပျော်ရွှင်စွာ သွားလာနေကြတယ်။ အချို့ယောင်္ကျားလေးတွေကတော့ လမ်းမှာတွေ့တဲ့ မိန်းမပျိုလေးတွေကို ယဉ်ကျေးတဲ့အမူအယာနဲ့စနောက်ကြ ရယ်မောကြနဲ့ သွားလာနေကြသလို အချို့ကြတော့လဲ ကြင်သူရဲ့လက်ကိုဆွဲကိုင်ကာ နှစ်ယောက်တစ်ကမ္ဘာထင်ပြီး သွားလာနေကြတယ်။ များမကြာမီ မြို့ဦးစေတီရင်ပြင်တစ်ဝိုက်မှာ ဘုရားလာဖူးသူတွေပြည့်သွားခဲ့တယ်။ အချို့ တွေက အိမ်ကနေယူလာတဲ့ ဆီမီးတွေ၊ ပန်းတွေကို သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ပူဇော်နေကြ တယ်။ ညရှစ်နာရီထိုးတော့ ရင်ပြင်တော်မှာရှိတဲ့ ဓမ္မာရုံကနေ အချက်ပေးခေါင်းလောင်းသံ တစ်ခု ထွက်ပေါ်လာခဲ့တယ်။ မြို့သူမြို့သားတွေလဲ ခေါင်းလောင်းသံကြားတာနဲ့ ရောက်တဲ့နေရာကနေ ဓမ္မာရုံရှိရာဘက်ကို စုပြုံတိုးဝှေ့လာခဲ့ကြတယ်။ ဓမ္မာရုံထဲမှာတော့ ဆန်အိမ်ပေါင်းများစွာကို ကျကျနနစီထားပြီး ဆန်အိတ်တွေအရှေ့မှာတော့ … Read more

သရဲဝှက်ခံရသူ

” သရဲဝှက်ခံရသူ ” (စ/ဆုံး) ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ “အမေ…” “ဟေ— ငါ့သား– ပြောလေ—” မြေပဲတောင့်များခွဲနေသော ဒေါ်အုန်းကြည်ကို နွားများဆွဲကာခြံဝိုင်းထဲဝင်လာသော သားဖြစ်သူ ဖိုးမောင်က — “ကျုပ်…ငပြုံးတို့နဲ့ တောလိုက်သွားဦးမယ်” “ဟဲ့…နင်ကတောကိုဘာလိုက်လုပ်မလို့တုန်း…” “အမေကလည်းဗျာ…ကျုပ်လည်းတောတက်တဲ့ အတွေ့အကြုံလိုချင်လို့ပါ…ဟော…လိုက်ဖူးသွားတော့ လုပ်တတ်သွားရင် ကျုပ်တို့ဝင်ငွေလေးလည်း ပိုရတာပေါ့ဗျ…” “ငါ့သားရယ်…အခုလည်းလယ်တောအလုပ်နဲ့ အမေတို့စားဖို့သောက်ဖို့လုံလောက်နေတာပဲလေ… ဘာလို့များ ဒီတောတက်တဲ့အလုပ်ကို လုပ်ချင်နေရတာတုန်း…” “အမေမသိပါဘူးဗျာ… လယ်အလုပ်က ကျုပ်တို့စားဖို့ရတာတော့မှန်ပါတယ်… ဒါပေမယ့် ကျုပ်ရည်းစားမြခင်အဖေက နောက်နှစ်ကျရင်သူ့သမီးကိုလာတောင်းစေချင်ပြီဗျ… တောင်းဖို့ငွေကလည်းကျုပ်ကစုရဦးမှာလေအမေရဲ့… ဒါကြောင့်မို့ကျုပ်…ငပြုံးတို့နဲ့ တောထဲလိုက်ပြီးသစ်ခုတ်ချင်တယ်ဗျာ…” “အင်း…အေးလေ… ငါ့သားသဘောပါပဲ… အမေကတော့ စိတ်မကောင်းဘူးသားရယ်… ငါ့သားလေးပင်ပန်းတော့မှာပဲ…” “မပင်ပန်းပါဘူးအမေရယ်… ကျုပ်ကြိုးစားမှာပါ…” ဒေါ်အုန်းကြည်လည်းသားဖြစ်သူဖိုးမောင်အတွက် စိတ်မကောင်းဖြစ်နေခဲ့ရှာသည်။ ယောကျာ်းဖြစ်သူဆုံးပါးသွားချိန်၌ ဆွေမျိုးများကအဖက်မလုပ်ကြ၍ သူတို့သားအမိနှစ်ယောက်မှာနွားတစ်ရှဉ်းနဲ့ လယ်တစ်ကွက်ကို ကိုယ်တိုင်စိုက်ပျိုးလုပ်ကိုင်ကြရင်း ဝမ်းရေးအတွက်ဖြေရှင်းခဲ့ကြရသည်။ ဒေါ်အုန်းကြည်ယောက်ျား ဦးညိုရဲ့ဆွေမျိုးများက … Read more

ရွာမှောက်ခြင်း

ရွာမှောက်ခြင်း ရေးသားသူ—ဆရာတာတေ +++++++++++ တန်ခူး ကဆုန်မှာ ကြဲတဲ့နှမ်းက ဝါဆို ဝါခေါင်မှာ နှုတ်ရတယ်ဗျ။ ဝါဆို ဝါခေါင်မှာ ပြန်စိုက်တဲ့ နှမ်းတွေ ပဲတွေက တန်ဆောင်မုန်း နတ်တော်မှာ နှုတ်ရတာပေါ့ဗျာ။ ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုတာ အောက်ပြည် အောက်ရွာကို ပြောတာပေါ့ဗျာ။ တာတေက အညာသားဆိုပေမဲ့ အောက်ပြည်အောက်ရွာ အကြောင်းလည်း သိပါတယ်ဗျ။ မိုးရွာလို့ ရေတွေနောက်နေတဲ့ ချောင်းရိုးမှာ လှေလှော်တဲ့အခါ နီညိုရောင် သပြေသီးမှည့်တွေ ရေထဲမှာ မျောလာတာ တာတေ လှေပေါ်ကနေ ကောက်ခဲ့ဖူးတယ်။ ကြည့်ရင်တော့ စားချင်စရာဗျ။ စားကြည့်တော့ ချဉ်စုပ်နေတာဗျို့။ တာတေတို့ အညာမှာတော့ ဝါဆို ဝါခေါင်မှာလည်း မိုးက သဲသဲ မဲမဲရွာတာ မရှိပါဘူးဗျာ။ ဖြိုးဖြိုးဖျောက်ဖျောက်လောက်ပါပဲ။ ဒီလောက်ရွာ ရင်ပဲ ကျုပ်တို့အညာသားတွေက … Read more