စုန်းထီးကြီးဦးဘသာနှင့် ကဝေရှင်ဘသောင်း

” စုန်းထီးကြီးဦးဘသာနှင့် ကဝေရှင်ဘသောင်း ” ရေးသားသူ—အဂ္ဂဇော် +++++++++++ (၁) “ဦးဘသာ ကဝေရှင်ကို ဘယ်မှာသွားရှာကြမှာလဲဗျ” ချောချောပုံစံနဲ့ ဦးဘသာကို ကျုပ်ကမေးလိုက်တယ်၊ ဦးဘသာ လမ်းလျှောက်တာကိုရပ်လိုက်ပြီးတော့ “ကဝေရှင်ဆိုတာ သိုသိုသိပ်သိပ်နေတတ်တဲ့လူတွေကွ၊ သူတို့က လူမသိအောင်နေတယ်၊ လူမသိသူမသိလည်းလှုပ်ရှားတတ်တယ်ကွ၊ စုန်းကဝေတွေကို ဖမ်းဆီးတဲ့လူဆိုတော့ စုန်းကဝေတွေတောင်မှ ကဝေရှင်ဘယ်သူလဲဆိုတာ မသိကြဘူး” “ဟောဗျာ၊ ဒါဆိုရင်ကျုပ်တို့ဘယ်လိုသွားရှာမလဲဗျ၊ ဟောဒီရန်ကုန်မှာ လူတွေကလည်းအများကြီးမဟုတ်လား ဒီလူတွေထဲကမှ ကဝေရှင်ဘယ်သူလဲဆိုတာကို လိုက်ရှာရရင်ဖြင့် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာထက်တောင် ဆိုးနေအုံးမယ်ဗျာ” ဦးဘသာက ပြုံးရင်း “သိပ်လည်းမစိုးရိမ်ပါနဲ့ကွ၊ ငါ့မှာနည်းလမ်းရှိပါတယ်” “ဘယ်လိုနည်းလဲဗျာ” “စောင့်ကြည့်ပေါ့ကွာ၊ လာဟေ့ ဒီအချိန်ဆိုရင် သူတို့ထွက်နေလောက်ပြီကွ” ဦးဘသာနဲ့ကျုပ်လည်း ကားလမ်းအတိုင်းဆက်လျှောက်လာခဲ့ကြတယ်၊ မြို့နဲ့တဖြည်းဖြည်းလှမ်းလာတဲ့အခါ ကားလမ်းမကြီးမှာ မီးတိုင်တွေက ခပ်ကျဲကျဲပဲရှိတော့တယ်ဗျ၊ ကားလမ်းပေါ်မှာလည်း ကျုပ်နဲ့ဦးဘသာပဲ ရှိတော့တာ၊ ကုန်တင်ကားကြီးတွေကတော့ တစ်ချက်တစ်ချက် … Read more

အောက်လမ်းဘိုးထင်နှင့်မသေဆေး

” အောက်လမ်းဘိုးထင်နှင့်မသေဆေး “(စ/ဆုံး) ရေးသားသူ— မောင်တင်ဆန်း +++++++++++ မောင်ဘိုးထင်တယောက် မိကျော့တို့ နှင့် အတူ အရီးပျို၏ အိမ်သို့ ဟင်းပို့လိုက်သွား၏၊ အရီးပျို၏ အိမ်ထဲ ရောက်သည် အထိ အမြဲ တစာစာညံစီနေတတ်သော အရီးပျို၏ အသံသည်က မကြားရချေ။ မိကျော့သည် အိမ်အောက်ရောက်သည့်တိုင် လူရိပ်လူရောင် မတွေ့သောအခါ “အရီးပျို အရီးပျို ” “အေး မိကျော့ အမေက နေမကောင်းလို့ လှဲနေတယ် အိမ်ပေါ်တက်ခဲ့ ” “‌ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုကြီးမင်းနောင် ” အရီးပျို၏သား ပေပင်ရွာလေး၏ ပြဇာတ်မင်းသားဖြစ်သူ မင်းနောင်၏ စကားသံကြောင့် မိကျော့၊လှရင်၊ မယ်လှ နှင့် မောင်ဘိုးထင် တို့ အိမ်ပေါ်သို့ တက်လိုက်ကြသည် ။ အိမ်ပေါ်သို့ ရောက်သောအခါ … Read more

ဘွားမယ်စိန်နှင့် အစွဲ

” ဘွားမယ်စိန်နှင့် အစွဲ ” ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ ရွာအမည်က ဆိတ်ဖလူးကုန်းဖြစ်သည်။ “အရီးအုန်းကြည်..ဗျို့…အရီးအုန်းကြည်…” “ဟဲ့…ဘယ်သူတုန်း အိမ်ရှေ့က…” “ကျုပ် မြင့်မောင်ပါ—” အရီးအုန်းကြည်သည် မီးဖိုချောင်မှထွက်လာခဲ့ပြီး မြင့်မောင်ဆိုသူကို… “အေး…မြင့်မောင်…ဘာအကြောင်းများရှိလို့လဲ…” မြင့်မောင်ဆိုသူသည် ဒေါသအတန်ငယ်ထွက်နေပုံရ၏။ “ဟူးးးး…အရီးသားပေါ့ဗျာ……” မြင့်မောင်သည်စကားကိုလေသံမာမာဖြင့်ပြောလေတော့ ဒေါ်အုန်းကြည်မျက်ခုံးလှုပ်လာကာ… “ဟဲ့…ငါ့သား…ဘာလုပ်ပြန်တာလဲမြင့်မောင်ရဲ့ ပြောစမ်းပါအရီးကို…” “အရီးသားပေါ့ဗျာ…ကျုပ်တိုက်ကြက်ဖကြီးကိုခိုးပြီး တစ်ဖက်ရွာကိုသွားရောင်းစားပစ်လိုက်တယ်လေ… တောက်…ကျုပ်ဒီကောင်ကိုလိုက်ရှာနေတာ ဘယ်မှာမှရှာမတွေ့လို့နောက်ဆုံးအရီးဆီကိုလာခဲ့တာ” “ဟင်…ဒီကောင်လေးလုပ်ပြန်ပြီလားဟယ်… မြင့်မောင်ရေ တစ်ရွာလုံးလည်းဒင်းမခိုးမဝှက်ဖူးတဲ့ အိမ်ဆိုတာတကယ်ကိုမရှိတော့တာပါဟယ်… ငါ့မှာသူခိုးခဲ့သမျှဒိုင်ခံလျော်ပေးနေရတာ……. အခုဆိုငါလည်းတော်တော်အသက်ကြီးနေပါပြီ… ငါ့ကိုလည်းဒင်းမသနားပါလားဟယ်………” “ကျုပ်ကတော့ကြက်ဖိုးအရှုံးမခံနိုင်ဘူးဗျို့… ဒါကြောင့်ကျုပ်ကြက်ဖိုးတော့အရီးဘက်ကလျော်ပေးရမှာပဲ တကယ်လို့အရီးမလျော်ဘူးဆိုရင်ကျုပ်အရီးသားကို သူကြီးဆီသွားတိုင်ရလိမ့်မယ်” “ဟင်း……….အေးပါကွယ်…အေးပါ… ဒီမအေကြီးကပဲလျော်ပေးပါ့မယ်…. ဒီမအေကြီးကပဲလျော်ပေးလိုက်ပါ့မယ်….” ဒေါ်အုန်းကြည်သည်စိတ်မချမ်းသာစွာဖြင့် မြင့်မောင်၏ကြက်ဖိုးကိုလျော်ပေးလိုက်ရသည်။ ဒေါ်အုန်းကြည်သည်ယောကျာ်းဖြစ်သူဆုံးပါးသွားသည်မှာ ခြောက်နှစ်ကျော်…ခုနှစ်နှစ်နီးပါးရှိချေပြီ။ ဖခင်ရှိစဥ်ကတကည်းကအလိုလိုက်ခံရသော သားဖြစ်သူ ရွှေအိုးသည် ငယ်စဥ်ကတည်းကပါလာသော အကျင့်ဆိုးတစ်ခုရှိ၏။ ထိုသည်က ခိုးဝှက်တတ်သောအကျင့်ပင်။ မိဘများကမည်သို့ပင်သွန်သင်ပါသော်လည်း ရွှေအိုးမှာ … Read more

အောင်မြတ်သာနှင့် ကံ ကံ၏အကျိုး

” အောင်မြတ်သာနှင့် ကံ ကံ၏အကျိုး ” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – “ ခင်ဗျား ဘာလို့ တစ်မိသားစုလုံးကို သတ်ပစ်ခဲ့တာလဲ” ဟိန်းခနဲထွက်လာတဲ့အသံကြောင့် ‌ဒေါ်ရှာဘီ တစ်ယောက် ခြေတွေလက်တွေ တုန်ရီလာပြီး “ ကျွန်မရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး… ဒီလိုဖြစ်မယ်မှန်းလဲတကယ်မသိခဲ့ပါဘူး ဆရာရယ်” “ ခင်ဗျား ဘာတွေလုပ်ခဲ့လဲ အမှန်တိုင်းပြောပါ… တစ်ခုခုထိန်ချန်ထားတယ်ဆိုရင်တော့ တစ်သက်လုံး‌ ထောင်ထဲကနေ ထွက်မရအောင် လုပ်ပစ်မယ်” “ မညာရဲပါဘူး အမှန်တိုင်းပြောပါ့မယ်… ကျွန်မက ကိုကျော်စွာတို့အိမ်ကို တစ်ပတ်တစ်ခါ သွားပြီး လျော်ဖွတ်ရမယ့် အဝတ်တွေကိုယူရပါတယ်၊ သူတို့က လူစိမ်းတွေအပေါ် ဆက်ဆံတာ အေးစက်စက်နိုင်တာလေးတစ်ခုပဲ မကောင်းတာပါ၊ ကျန်တဲ့ကိစ္စတွေမှာတော့ … Read more

အောက်လမ်းဘိုးထင် နှင့် နှလုံးသားကြီးသူများ

” အောက်လမ်းဘိုးထင် နှင့် နှလုံးသားကြီးသူများ ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) ရွာလူကြီး၏ အိမ်တွင် ဆေးဆရာကြီး အလုပ်ရှုပ်နေ၏၊ အကြောင်းမှာ ရွာလူကြီး၏ သားဖြစ်သူ ‌ဖိုးထွေးမှာ ‌ခြေထောက်ကို မှိန်းထိုးမိသော ကြောင့် ဖြစ်သည်၊၊ ဖိုးထွေးသည် ယခုအချိန်တွင်တော့ အိပ်ယာထဲ တွင် လဲကာ အပျင်းဖျားနေသည် ၊၊ မြို့ဆေးရုံကို တင်မည်ဟု ရွာသူကြီးက ပြောသောအခါ ဖိုးထွေးသည် အကြောက် အကန်ငြင်းနေလေသည်၊၊ “မြို့ဆေးရုံတော့ မသွားဘူး အဘ ကျုပ်ကို ဆေးရုံခေါ်သွားရင် ကျုပ် အိမ်က ထွက်ပြေးမှာနော် ” “ခက်ပြီကွာ မင်းဒဏ်ရာက ပြင်းတယ်ကွ ဆေးရုံသွားမှ ဖြစ်မယ်ထင်တယ် ” ဖိုးထွေး၏ အဘ ရွာလူကြီးမှ ထိုသို့ပြောသောအခါ … Read more

ဦးဖိုးဝေ နှင့် အောက်လမ်းဆရာ

” ဦးဖိုးဝေ နှင့် အောက်လမ်းဆရာ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း (၁) ဦးဖိုးဝေ ၊ သူရိယ နှင့် ‌ဘိုးတော်ပေတို့သည် သတိပဋ္ဌာန်ကျောင်းတိုက် မှ ထွက်လာကာ ရိုးမတောတွင်း ရှိ ကျားဆိုးရွာသို့ သွားကြမည်ဖြစ်သည်။ဘိုးတော်ပေမှ လမ်းခရီးတလျှောက် သူခေတ္တ ရောက်ဖူးသော ကျားဆိုးရွာ အကြောင်းအား ဦးဖိုးဝေ အားပြောပြနေသည် ။ “ဦးဖိုးဝေရေ ကျားဆိုးရွာက ရွာလူကြီးကို ကျုပ် ငယ်ငယ် ကတည်းက မြင်ဖူးတာ အခုထိ မေ့မ‌ရဘူးဗျို့ ” “ဘာလို့ လဲ ဘိုးတော်ပေရ ” ဦးဖိုးဝေသည် ဘိုးတော်ပေအား ပြုံး၍သာကြည့်လိုက်၏ ။ သူရိယသည်က ဘိုးတော်ပေအား မေးမြန်းလိုက် ခြင်းဖြစ်ရာ ဘိုးတော်ပေသည် သူရိယအား ကြည့်ကာ “ရွာလူကြီးရဲ့ … Read more

အောက်လမ်းဘိုးထင် နှင့် ဝိညာဉ်ထောင်

“အောက်လမ်းဘိုးထင် နှင့် ဝိညာဉ်ထောင် ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း (၁) မောင်ဘိုးထင်တို့သည် ကြေကွဲဝမ်းနည်းနေသော ပေတူးအား နွားကျောင်းရင်း နှစ်သိမ့်ပေးနေ၏၊ “ပေတူး လောကမှာ လူဆိုတာ မွေးပြီးသေမယ်ဆိုတာ သဘာဝကွ” “အဲ့တာဆို မင်းသေကြည့်ပါလား” “အဲ့လိုလည်း မဟုတ်ဘူးလေ မင်းသိပါတယ် ငါပြောတာက သေခြင်းတရားဆိုတာ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူးလို့ ရွာဦးဘုန်းကြီးက ဟောတယ် မဟုတ်လား ကိုယ့်ထက်ကြီးသူ ကိုယ့်‌ေအာက်လူ သေသူတွေလည်းများလှပြီလို့ လေ အဲ့လင်္ကာ‌ေတွတောင် ငါတို့ အလွတ်ရပြီလေ‌ေနပြီ‌ေလကွာ” သာအေးသည် ပေတူးအား တရားနှင့်ဖြေဟု သဘောရသော စကားများအား တည်ငြိမ်စွာ ပြောပြနေလေရာ ကျန်သော သူများပင် အမြင်ကပ်လာသည့် အထိဖြစ်ရသည် ။ပေတူးအား တရားဟောရသည် မှာ မောလာဟန် ရှိသော သာအေး … Read more

ဘွားမယ်စိန်နှင့်သွေးကြွေးတောင်းသည့်ည

” ဘွားမယ်စိန်နှင့်သွေးကြွေးတောင်းသည့်ည “(စဆုံး) ရေးသားသူ— ယဉ်မင်း(ကန့်ဘလူ) +++++++++++ တစ်နေ့သ၌ဘွားမယ်စိန်၏နေအိမ်ဆီကို ဧည့်သည်များရောက်လာခဲ့သည်။ ထိုဧည့်သည်များကိုမောင်တိုးကိုယ်တိုင်လိုက်ပို့ခြင်းဖြစ်၏။ ကွပ်ပျစ်ခင်း၌ ဧည့်သည်များကိုထိုင်စေပြီး မောင်တိုးနဲ့ဒေါ်ဝင်းကတော့ထန်းလက်ခုံ၌ထိုင်နေခဲ့ကြသည်။ ဧည့်သည်မှာအမျိုးသားသုံးဦးဖြစ်ပြီး ထိုအထဲမှတစ်ဦးသည် အသက်ငါးဆယ်အရွယ်လူကြီးတစ် ယောက်ဖြစ်ပေသည်။ ကျန်နှစ်ယောက်သည်ကမောင်တိုးနှင့် မတိမ်းမယိမ်းအရွယ်များသာဖြစ်ကြ၏။ “ကဲ— ဆိုစမ်းပါဦးကွယ်— မောင်ရင်တို့က— ဘယ်ကနေများရောက်လာကြတာလဲကွဲ့…” ဟုဘွားမယ်စိန်ကမေးတော့ အသက်ငါးဆယ်အရွယ်လူကြီးမှ… “ဟုတ်ကဲ့…ကျုပ်တို့က ထန်းစုရွာကပါအမေကြီး… ကျုပ်ကတော့ထန်းစုရွာသူကြီး ဘိုးထင်ပါ…” “​သြော်…အေးကွယ်… ဘွားဆီကိုရောက်လာကြတာဆိုတော့ ဘာများ အရေးတကြီးကိစ္စရှိနေလို့လဲကွဲ့…” ဘွားမယ်စိန်အမေးကြောင့် ထန်းစုရွာသူကြီးဦးဘိုးထင်က သက်ပြင်းတစ်ချက်ချသည်။ မျက်နှာကလည်း အတော်လေးစိတ်ညစ်နေပုံရ၏။ သို့သော်ဘွားမယ်စိန်ကိုအားကိုးတကြီးဖြင့်… “ကျုပ်တို့ထန်းစုရွာဒုက္ခရောက်နေလို့ပါအမေကြီး” “ဟေ…တစ်ရွာလုံးဒုက္ခရောက်နေတာလား… ဘာများဖြစ်ကြလို့လဲကွဲ့” ဘွားမယ်စိန်သည် ရွာသူကြီးဦးဘိုးထင်ကို သေချာစိုက်ကြည့်နေခဲ့သည်။ မောင်တိုနှင့်ဒေါ်ဝင်းတို့ကလည်းသိချင်နေကြ၍ ရွာသူကြီးဦးဘိုးထင်၏မျက်နှာကိုသာကြည့်နေခဲ့ကြ၏။ “ဘယ်ကနေစပြောရမလဲကိုမသိပါဘူးအမေကြီးရယ်… ကျုပ်တို့ရွာမှာတစ်ခါမှမဖြစ်ဖူးတဲ့အဖြစ်အပျက်ကြီးပါဗျာ…” ဟု…သူကြီးဦးဘိုးထင်က ပြန်ပြောရမှာကိုပင် စိတ်မသက်မသာဖြစ်နေပုံရသည်။ သို့သော်ပြောမှသိကြမည်ဖြစ်တာကြောင့်ပြောပြတော့၏။ အချိန်ကညသန်းခေါင်ရောက်လေပြီ… တိတ်ဆိတ်နေသောညသန်းခေါင်ယံတွင်ခွေးအူသံများက ထွက်ပေါ်လာခဲ့၏။ … Read more

အောင်မြတ်သာနှင့်ရက်ကိုးဆယ်အဓိဌာန်

အောင်မြတ်သာနှင့်ရက်ကိုးဆယ်အဓိဌာန် ရေးသားသူ — ဇေယန(ရာမည) – – – – – – – – – – – ” ချွင် ချလွင် ချလွင်” လေအဝှေ့မှာ ထီးတော်ထက်ချိတ်ဆွဲထားတဲ့ ဆည်းလည်းတွေ တစ်ခုခုတစ်ခုရိုက်ခတ်ပြီးထွက်ပေါ်လာတဲ့အသံနဲ့အတူ ဘုရားရင်ပြင်ပေါ်ကို အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက်ဖြေးညှင်းစွာတက်လာခဲ့တယ်။ ရယ်ခြင်းပြုံးခြင်းအလျဉ်းမရှိတဲ့မျက်နှာနဲ့ တက်လာတဲ့လူနှစ်ဦးရဲ့ခြေသံကိုကြားတော့ ရင်ပြင်ပေါ်မှာအိပ်ပျော်နေတဲ့ ခွေးလေးကောင်က ခေါင်းကိုဆတ်ခနဲ့မော့ကြည့်ကာ ထရပ်ပြီး ဧည့်သည်နှစ်ဦးကို ပွတ်သီးပွတ်ကာလုပ်ပါလေရော။ ” ငါ့ကောင်တွေ ဗိုက်ဆာနေကြတယ်ထင်တယ် သက်ခိုင်ရေ လွယ်အိတ်ထဲက ငှက်ပျောသီး‌တွေ အခွံနွှာပြီး ကျွေးလိုက်ဦး” အောင်မြတ်သာစကားကြောင့် သက်ခိုင်က လွယ်အိတ်ထဲမှာရှိတဲ့ ရွှေငှက်ပျောသီး‌လေးလုံးကိုအခွံနွှာကာ အနားမှာရှိနေတဲ့ ခွေးလေးကောင်ကို ချကျွေးလိုက်တယ်။ နှစ်ပေါင်းများစွာ မပြုပြင်ပဲထားခဲ့တဲ့ အကျိုးဆက်ကြောင့် ရင်ပြင်ပတ်ဝန်းကျင်တစ်ဝိုက်မှာ ဘိစပ်ပင်များ၊ ခြုံနွယ်များနဲ့ပြည့်နှက်နေပြီး ယခင်ကသံဃာတော်တွေ … Read more

ဦးဖိုးဝေ နှင့် မိတ်ဆွေကောင်းများ

” ဦးဖိုးဝေ နှင့် မိတ်ဆွေကောင်းများ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း (၁) ဦးဖိုးဝေ၊သူရိယ နှင့် ဘိုးတော်ပေတို့သည် သတိပဋ္ဌာန် ကျောင်းတိုက်သို့ သွားနေကြသည်။လမ်းတလျှောက်တွင် စကားများများ အတော်ပြောဖြစ်ကြသည် ။ ဘိုးတော်ပေသည် သူရိယအား အတော်ကို သဘောကျနေ ပြီး နှုတ်မှ လည်း ချီးမွမ်းခန်း ဖွင့်နေလေသည်။ ‘ဦးဖိုးဝေ ခင်ဗျားကတော့ တပည့်ကောင်းတယောက် ရထားတာပဲ ဒီ အသက် ဒီ အရွယ်နဲ့ အထက်လမ်း ပညာတွေကို တတ် မြောက်ဖို့ ဆိုတာ တော်တော် မလွယ်တာ ပဲဗျ” “သူက သတိပဋ္ဌာန် ဆရာတော် နဲ့ အနီးကပ် နေခဲ့ ရတာကိုးဗျ ကျောက်ကောင်းတပွင့် ရထားတယ်ဆိုပါတော့ဗျာ ဒါနဲ့ ဘိုးတော်ပေ တို့ … Read more