အောက်လမ်းဘိုးထင် နှင့် ကြီးမားသော ဆုံးရှုံးမှု

” အောက်လမ်းဘိုးထင် နှင့် ကြီးမားသော ဆုံးရှုံးမှု ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း (၁) မောင်ဘိုးထင်သည် ပေတူးအိမ်တွင် နေ့တိုင်း ထမင်းစားနေရသည်မှာ တပတ်ကျော်ပြီ ဖြစ်သည်။ နေ့လယ်စာ ထမင်းစားချိန်တိုင်း ပေတူး လာ လာ ခေါ်နေရသောကြောင့် ပေတူးသည်ပင် စိတ်မရှည်ဖြစ်ကာ “ဟေ့ကောင် ဘိုးထင် နေ့လယ်စာ ထမင်းစားချိန် ဆို လာခဲ့ ကွာ မင်းကို လာခေါ်နေရတာကို က အလုပ်တခု ဖြစ်နေပြီ ငါ့ အဘက လည်း ဘာဖြစ်နေမှန်းမသိဘူး မင်းမှ မင်းပဲ ဖြစ်နေတယ် ငါ့စိတ်ထင် ငါတို့ မသိခင် ငါ့အဖေ မင်းတို့ သစ်စိမ့် ရွာက အိမ်ကိုများ အလည်လာဘူးသလားတောင် ထင်ရတယ် ” “ဟေ့ … Read more

ပေါရိသာဒမှော်

” ပေါရိသာဒမှော် ” ရေးသားသူ—ဆရာတာတေ +++++++++++ ဒီတုန်းက ရန်ကုန်ထောင်ကြီး ရှိသေးတယ်ဗျ။ အဲ့ဒီ့မှာ ထောင် မှူးကြီးက တာတေတို့ ရွာသား ဗျ။ ဦးအောင်စိန်တဲ့ ။ ထောင်မှူ းကြီး အောင်စိန် ဆိုရင် လူတိုင်းသိကြတာပေါ့ဗျာ။ ထောင်မှူး ကြီးအောင်စိန် ဆိုတာကို ရွာက ကထိန်မှာ လာ သွားတာတော့ ကျုပ် တစ်ခါ မြင်ဖူးလိုက်တယ်။ ကျုပ်ကိုလာခေါ် တာ သူဗျ။ ကျုပ်အကြောင်းကို ရွာက လူတွေ ပြောတာ ရှိမှာ ပေါ့ဗျာ။ သူတို့ ထောင်ကြီးထဲမှာ သရဲတစ်ကောင် တော်တော် သောင်းကျန်း နေတာတဲ့ဗျ ၊ ဒီသရဲက ဟိုတုန်းကတည်းကရှိ တာ တဲ့ ။ ဦးအောင်စိန် သိတာကတော့ အင်္ဂလိပ်ခေတ်ကတည်းက … Read more

ဘွားမယ်စိန်နှင့်လူသားစားသူ

“”ဘွားမယ်စိန်နှင့်လူသားစားသူ “”(စ/ဆုံး) ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ ယနေ့ ဘွားမယ်စိန်၏အိမ်ဝိုင်းအတွင်း ရွာမှလူများ ဝိုင်းဖွဲ့နေကြသည်။ ခြံဝိုင်းအတွင်း ဖျာကြမ်းများခင်းကျင်းထားပြီး စားပွဲဝိုင်းအပုလေးများကိုထားရှိထား၏။ ထိုစားပွဲဝိုင်းများ၌ ထိုင်နေကြသော ရွာသူ၊ရွာသားများအား ကာလသားအဖွဲ့များက ကြာဆံဟင်းခါးများ ပြင်ဆင်ကာချပေးနေကြလေသည်။ အမှန်မှာ ဘွားမယ်စိန်၏သမီးဒေါ်ဝင်းမှ ကြာဆံဟင်းခါးချက်၍ အလှူပြုနေခြင်းပင်။ ဘွားမယ်စိန်မှာတော့ ကွပ်ပျစ်၌ သောင်ထွန်းရွာသူကြီးတို့ဖြင့် စကားကျနေခဲ့လေသည်။ စားသူကလည်းမြိန်ရှက်စွာစားနေသကဲ့သို့ ဒေါ်ဝင်းတို့ နန်းကြိုင်လေးတို့သည်လည်း တပြုံးပြုံးဖြင့်ကျေနပ်နေကြရှာသည်။ စားသောက်ပြီး၍ အားလုံးပြန်သွားကြချိန်၌ သောင်ထွန်းရွာသူကြီးဦးနောင်ချို…ဦးဘစီ…မောင်တိုး… မောင်အုန်းတို့ သာကျန်ရစ်ခဲ့ကြလေသည်။ ထိုအချိန်၌… “ဘွားရေ… ကျုပ်ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်ဘူးဖြစ်နေတယ်ဗျ” ဟု…သူကြီးဦးနောင်ချိုက အစပျိုးကာပြောလိုက်လေသည်။ “ဘာများတုန်း သူကြီးရဲ့…” “ဒီလိုဗျ…ကျုပ်ကြားမိနေတဲ့သတင်းတစ်ခု….” သူကြီးဦးနောင်ချို၏သတင်းဆိုတာကိုအားလုံး စိတ်ဝင်စားကုန်ကြသည်။ “သာယာကုန်းဆိုတာ ကျုပ်တို့ နဲ့တော့လှမ်းသားဗျ… အခုပြောချင်တာ အဲ့ရွာမှာလူတွေမကြာခဏပျောက်ပျောက်သွားတယ်ဆိုပဲ…ဒီသတင်းကြောင့် ကျုပ်တို့ရွာသူကြီးတွေကို မြို့က အစည်းအဝေးခေါ်သတိပေးသဗျာ…” “နေပါဦးကွယ့်…လူတွေက … Read more

အောင်မြတ်သာနှင့်နေဓါးလဓား

“အောင်မြတ်သာနှင့်နေဓါးလဓား ” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – အချိန်ကာလကား မင်းတုန်းမင်းတရားကြီးနဲ့ ညီတော်ကနောင်မင်းတို့မှ လူသူလက်နက်စုဆောင်းပြီး နေပြည်တော်ကိုပြန်လည်ရယူဖို့ကြိုးစားနေသလို မင်းနေပြည်တော်မှာလဲ မင်းတုန်းမင်းကိုနန်းတင်ချင်တဲ့သူနဲ့ လက်ရှိဘုရင် ပုဂံမင်းကိုထောက်ခံသူတွေအကြား ပဋိပက္ခတွေ ဖြစ်နေကြတဲ့အချိန် နေပြည်တော်အတွင်းမှာရှိတဲ့ ပန်းပဲဆရာတွေထဲကမှ မင်းတုန်းမင်းတရားကြီးကိုထောက်ခံတဲ့ ပန်းပဲဆရာတစ်ယောက်ရှိခဲ့တယ်။ သူ့နာမည်က မင်းလှသူရ ၊ နေပြည်တော်တစ်ခွင်မှာ မင်းလှသူရထုလုပ်တဲ့ ဓါးလှံလက်နက်တွေက အရည်အသွေးကောင်းလွန်းလို့ နယ်မြေရပ်ခြားတွေက ကုန်သည်တွေ စော်ဘွားတွေကအစ လာရောက်ဝယ်ယူကြရတယ်။ ဒါပေမယ့် သူက မင်းတုန်းမင်းနဲ့ ညီတော်ကနောင်မင်းကိုထောက်ခံသူဖြစ်တဲ့အတွက် စီးပွားရေးနောက်ကိုမလိုက်ပဲ မင်းတုန်းမင်းနဲ့ညီတော်ကနောင်မင်းတို့ရဲ့အနောက်တော်ပါးကိုသစ္စာရှိစွာလိုက်ရင်း လိုအပ်တဲ့လက်နက်တွေကိုထုလုပ်ပေးခဲ့တယ်။ မင်းတုန်းမင်းနဲ့ညီတော်ကနောင်မင်း နေပြည်တော်ကိုရတော့ မင်းလှသူရကို လက်ထောက်ပန်းပဲဝန်အဖြစ်ခန့်အပ်ခဲ့တယ်။ ဘွဲ့တော်ကိုလဲ နေမျိုးမင်းလှသူရဆိုပြီးချီးမြှင့်ခဲ့တယ်။ မင်းလှသူရလဲ မင်းတုန်းမင်းရဲ့လက်နက်တိုက်မှာအလုပ်လုပ်ရင်း … Read more

အောက်လမ်းဘိုးထင် နှင့် ပေတူးအဘ

” အောက်လမ်းဘိုးထင် နှင့် ပေတူးအဘ ” ရေးသားသူ– မောင်တင်ဆန်း +++++++++++ *အခန်း(၁) ‌ ပေတူး၏ မကြီးကျယ် မခမ်းနားလှသော အိမ်လေးတွင် မောင်ဘိုးထင်တို့ အပါအဝင် ရွာမှ ရပ်မိရပ်ဖများသည် ပေတူး၏အဘ ဦးသန်းလှိုင် အနားတွင် ထိုင်ပြီး လူနာမေးနေကြသည်။မောင်ဘိုးထင်တို့သည် လည်း မည်သို့ပြုလုပ်ရမည် မှန်း မသိ အောင်ဖြစ်နေပြီး ပေတူးအနားတွင်သာ နေပေးနေရသည်။ ပေတူးသည် သူ၏ မိခင်ဖြစ်သူကို ‌အသံတိုးတိုး နှင့် မေးနေ၏ “အမေ အဘက ဘယ်လိုဖြစ်ရတာလဲ ဗျာ ကျုပ်ကို သေချာ ပြောစမ်းပါဦး” “မသိပါဘူး ပေတူးရယ် နင်အဘ နှမ်းထယ်ရေးသွားထိုးတာ ပြန်လာတော့ အကောင်းကြီးပဲ ညနေပိုင်းရောက်တော့ အိပ်ချင်တယ်ဆို ပြီး အိပ်ယာထဲ ကနေ မထတော့ပါပဲ … Read more

အောင်မြတ်သာနှင့်မီးစတစ်ဖက်ရေမှုတ်တစ်ဖက်

” အောင်မြတ်သာနှင့်မီးစတစ်ဖက်ရေမှုတ်တစ်ဖက် ” ရေးသားသူ—ဇေယန(ရာမည) +++++++++++ “နတ်သူငယ်ဆေးလိပ်ခုံ” သံပြားအောက်ခံပေါ်မှာ ပျယ်လွင့်လွင့် သင်္ဘောဆေးနဲ့ ရေးထားခဲ့တဲ့ ဆိုင်းဘုတ်ကို လူတစ်ယောက် အတန်ကြာ ရပ်ကြည့်နေတာကို အနားပတ်ဝန်းကျင်ကလူတွေ သတိထားမိခဲ့ကြတယ်။ ” ဘစံ ဟိုမှာရပ်နေတဲ့လူကိုသတိထားမိလား” ” ဆေးလိပ်ခုံအဟောင်းရှေ့ရပ်နေတဲ့လူကိုပြောတာလား” ” အေး ငါကြည့်နေတာ အတော်ကြာပြီ သူဘာတွေ စိတ်ဝင်စားနေလဲမသိဘူး ” ” မဟုတ်မှလွဲရော ဒီဆေးလိပ်ခုံပိုင်ရှင်တွေရဲ့ ဆွေမျိုးတွေ များလား” ” ဟုတ်ချင်လဲဟုတ်မှာပေါ့ လာကွာ စကားနည်းနည်းသွား တောက်ကြည့်ရအောင်” ဆေးလိပ်ခုံနဲ့မလှမ်းမကမ်းမှာရှိတဲ့မြင်းလှည်းဂိတ်မှာထိုင် နေတဲ့ လူနှစ်ယောက်ထဲက ဘစံဆိုတဲ့လူက ထာလာခဲ့ပြီး ” ကိုယ့်လူ ဘာတွေစိတ်ဝင်တစားကြည့်နေတာလဲ ” ဘစံရဲ့စကားကြောင့် ဆိုင်းဘုတ်ကိုငေးမောကြည့်နေတဲ့ လူငယ်က သတိဝင်လာပြီး ” ဒီဆေးလိပ်ခုံရဲ့ အောင်မြင်မှုအငွေ့အသက်တွေကိုခံစားနေ တာပါ” … Read more

မဖဲဝါကိုဖမ်းမယ့် ကဝေ

” မဖဲဝါကိုဖမ်းမယ့် ကဝေ ” (စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ ကျုပ်တို့ တောင်သူအလုပ်ဆိုတာ အားတယ်လို့ မရှိဘူးဗျာ။ နွားစာကုန်လို့စဉ်းရ။ရေကုန်လို့ ရေစည်တိုက်ရ။ ယာထဲပြေးဆင်းရ။နှမ်းထောင်စောင့်ရ။ ပဲနှုတ်တဲ့အခါ နှုတ်ရ။မြေပဲခွဲ။ဆီကြိတ် အဲဒီလို မအားလပ်တဲ့ကြားထဲကပဲ ရပ်ရေးရွာရေး သာရေးနာရေးတွေမှာလည်း မလွတ်အောင် ပါကြ လုပ်ကြနဲ့ ပင်ပန်းတယ်လို့ မရှိဘဲ။ ပျော်တပြုံးပြုံးနဲ့ နေကြတာပါပဲဗျာ။ ဒီနေတော့ မနက်မိုးလင်းကတည်းက တာတေ ဆီကြိတ်နေတာဗျို့။ ညနေရောက်လို့နေတောင် တော်တော်စောင်းနေပြီ။ အခုထိ တာတေ ဝိုင်းအပြင်ကို တစ်ခေါက် မရောက်သေဘူးဗျ။ မြေပဲကို ဆီကြိတ်တယ်ဆိုတာကလည်း ပြောတော့သာ လွယ်တာဗျ။လက်ကတော့ အတော်ဝင်တာ။ပထမဆုံး ပဲထွတ်ရတယ်။ အဲဒီထွတ်ပြီးသားပဲကို ခြောက်အောင် နေလှန်းရတယ်။ ပြီးတော့ ကြိတ်ဆုံထဲ မထည့်ခင် ပူအောင်လှော်ထားရတာဗျ။ ပူမှ ဆီပိုကျတာ … Read more

အောင်မြတ်သာနှင့်သွေးသောက်ဓါး

“အောင်မြတ်သာနှင့်သွေးသောက်ဓါး” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – မြန်မာနိုင်ငံအောက်ပိုင်း မြို့လေးတစ်မြို့မှာ ရှေးခေတ်အင်္ဂလိပ်အရာရှိတွေ နေထိုင်ခဲ့တဲ့ အိမ်ဟောင်းတစ်လုံးရှိခဲ့တယ်။ တစ်မြို့လုံးမှာရှိတဲ့ လူတွေက အဲဒီအိမ်ကြီးကို စိတ်ချောက်ချားစရာတွေနဲ့ပြည့်နှက်နေတဲ့အိမ်ကြီးလို့ သတ်မှတ်ထားကြတယ်။ ဘယ်သူမှမဝယ်ပဲ ပစ်ထားခဲ့တဲ့ အိမ်အိုကြီးကို သူဌေးဦးကောင်းက ဝယ်လိုက်တယ်ဆိုတဲ့သတင်းက တစ်မြို့လုံးပျံ့သွားခဲ့တယ်။ ဦးကောင်းဆိုတာက ဒီဇာတိမဟုတ် တစ်နယ်တစ်ကျေးကနေ အလုပ်လာလုပ်ပြီး ကြီးပွားလာသူတစ်ယောက်။ သူရဲ့ဝါသနာက ရှေးဟောင်းပစ္စည်းတွေကို ဝယ်တယ် ကြိုက်ဈေးတွေ့ရင် ပြန်ရောင်းတယ်။ အခုလဲအိမ်အိုကြီးကိုဝယ်လိုက်ပြန်တယ်။ ဘယ်သူမှမဝယ်ပဲပစ်ထားတဲ့ အိမ်ကိုဝယ်လိုက်တယ်ဆိုထဲက ဦးကောင်းမှာ အကြံအစည်တစ်ခု ရှိကြလိမ့်မယ်ဆိုပြီး မြို့ခံတွေကပြောကြတယ်။ အိမ်အိုကြီးဆီကိုစတင်ပြောင်းရွှေ့ပြီး ပြင်သင့်တာတွေပြင် လဲသင့်တာတွေ လဲနေတဲ့အချိန် အိမ်အောက်ခြေမှာ လျှို့ဝှက်ဆောက်လုပ်ထားတဲ့ စတိုခန်းတစ်ခုကို ဦးကောင်းရဲ့တပည့်တစ်ယောက်က တွေ့သွားရာကနေ … Read more

ဗိုလ်တစ္ဆေရဲ့ တပ်မှူးကြီး

” ဗိုလ်တစ္ဆေရဲ့ တပ်မှူးကြီး ” ရေးသားသူ — ဆရာတာတေ +++++++++++ ညက မိုးလေး ဖျိုးဖျိုးဖျောက်ဖျောက်ရွာပြီး အအေးဓာတ်ကလေး ဝင်လာလို့ ထင်တယ်ဗျ။ အိပ်လို့ကောင်းလိုက်တာဗျာ။ ကျုပ်နိုးတော့ပဲ မိုးက စင်စင်လင်းနေပြီ။ မနေ့ကပဲ နှမ်းကြဲတဲ့ကိစ္စ ပြီးသွားလို့ စိတ်လျှော့ ချလိုက်တာလည်း ပါမယ်ဗျ။ ကျုပ်တို့ အညာသားတွေဆိုတာက တစ်ခုခု လုပ်စရာရှိလို့ကတော့ ညကို ဖြောင့်ဖြောင့်အိပ်လို့ ရကြတာမဟုတ်ဘူးဗျ။ အစောကြီးကို နိုးနေကြတာ။ အလုပ်ပြီးလို့ စိတ်လျှော့လိုက်ပြီဆိုရင်တော့ အိပ်လိုက်တာနဲ့ တုံးကနဲပဲဗျ။ အခုလည်း ကျုပ်နိုးတော့ နေတောင်မြင့်နေပြီဗျ။ အဘတို့ အမေတို့ ကလည်း ကျုပ်ကို ခါတိုင်းလို မနှိုးကြဘူးဗျ။ အလုပ်ပြီးသွားရင် ဒီလိုပဲ အိပ်ကြတယ်ဆိုတာ သိနေကြတာလေဗျာ။ “ကိုကြီးတာတေ နိုးပြီလားဗျ၊ အိပ်မက်ထဲမှာ နှမ်းတွေကြဲတုန်းပဲလား” ကျောက်ခဲအသံဗျ။ … Read more

စုန်းထီးကြီးဦးဘသာနှင့် ကိုယ်တိုင်ဖော်တဲ့ဆေး

” စုန်းထီးကြီးဦးဘသာနှင့် ကိုယ်တိုင်ဖော်တဲ့ဆေး ” ရေးသားသူ — အဂ္ဂဇော် +++++++++++ (၁) “အလတ်ကောင် —  အလတ်ကောင်” ကျုပ်အော်ပြီး ငေါက်ခနဲထထိုင်လိုက်မိတယ်ဗျ၊ ကျုပ်ခေါင်းတွေဆို ကျိန်းနေတာပဲဗျာ၊ ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ အိမ်တစ်လုံးထဲကိုရောက်နေတာဗျ၊ ဒါနဲ့ကျုပ်လည်း ဘေးဘီကိုပတ်ကြည့်နေတုန်း မိသက်က ကျုပ်အနားကိုပြေးလာတယ်။ “ဘဘကြီးနိုးလာပြီလား” “အေးအေး၊ ဒါနဲ့ ဒါဘယ်နေရာကိုရောက်နေတာလဲ” ဒီအချိန်မှာပဲ အောင်ရှိန်နဲ့ဘသိုက်တို့က အိမ်ထဲကိုဝင်လာကြတယ်၊ ညကြီးမိုးချုပ်ပဲရှိပါသေးတယ်ဗျာ၊ အိမ်ထဲမှာတော့ ရေနံဆီမီးခွက်ကလေးတွေ ထွန်းထားတယ်ဗျ။ သူတို့နှစ်ယောက်က ကျုပ်အနားကိုလာထိုင်တယ်။ “အောင်ရှိန်၊ မင်း — မင်းက ခါးပိုက်နှိုက်ဘသိုက်မဟုတ်လား” “ဟုတ်ပါတယ်အဘကြီး” “ငါ — ငါကဘယ်လိုဖြစ်ပြီးတော့ ဒီကိုရောက်နေတာလဲ” အောင်ရှိန်က ဘာမှမပြောဘဲ ဘသိုက်ကထပြောတယ်ဗျ။ “ဒီလိုပါအဘကြီးရာ၊ ကျုပ်တို့လမ်းလျှောက်လာရင်း အဘကြီးကိုသူတို့တွေသယ်လာတာတွေ့တာနဲ့ ကျွန်တော်တို့လည်းခေါ်လာခဲ့လိုက်တာ” “မင်းတို့ကဘယ်လိုလုပ်ပြီးအဲဒီကိုရောက်လာခဲ့ကြတာလဲကွ” ဘသိုက်က ခေါင်းကုပ်ရင်း … Read more