အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း

” အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း ” စာရေးသူ — ဇေယန(ရာမည) +++++++++++ “ရွှေညောင်ပင်မြို့မှကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခေတ္တအနားယူခဲ့ကြတယ်။ အုပ်ဆိုင်းမှိုင်းညို့နေတဲ့ ညောင်ပင်တွေ မြို့အဝင်ဝမှာတန်းစီပေါက်ရောက်နေတာမို့ ရွှေညောင်ပင်မြို့ဆိုပြီးနာမည်တွင်တယ်လို့ ပြောကြသလို၊ ဒီမြို့ကို စတင်တည်ထောင်ခဲ့တဲ့ ဟိန္ဒူလူမျိုးတစ်ဦးက သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညောင်ပင်တွေအောက်မှာ​မြုပ်နှံသွားရာကနေ ရွှေညောင်ပင်မြို့ဆိုပြီး အမည်တွင်လာတယ်လို့လဲဆိုစမှတ်ရှိခဲ့ကြတယ်။ ရွှေညောင်ပင်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံစုဝေးနေထိုင်ကြပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလဲမရှိသလောက်ရှားပါးခဲ့တယ်။ သီတင်းကျွတ်ပွဲတော်၊ ဒီပါဝလီပွဲတော်အစရှိတဲ့ ဘာသာရေးပွဲတော်များကျင်းပတဲ့အခါမှာလဲ သူ့ဘာသာ ကိုယ့်လူမျိုးခွဲခြားမှုမရှိပဲ တွေ့သမျှလူအားလုံးပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲလေ့ရှိကြတယ်။ ယခုလဲ အောင်​မြတ်သာတို့ရောက်နေတဲ့ အချိန်က ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပနေတဲ့အချိန်ဖြစ်တာနဲ့အညီ မြို့ထဲမှာရှိတဲ့ ဗုဒ္ဓဘာသာလူမျိုးတွေကတော့ ရေအိုးလေးတွေကိုယ်စီရွက်ရင်း ညောင်ရေသွန်းမယ့်နေရာဆီသွားနေကြသလို အခြား ဘာသာခြားလူမျိုးတွေကလဲ သွားလာနေကြတဲ့သူတွေကို ရင်းရင်းနှီးနှီး စကားပြောဆိုနှုတ်ဆက်နေပုံလေးက မြင်ရသူအဖို့စိတ်ကြည်နူးစရာဖြစ်ခဲ့ရတယ်။ ” ဟေ့ ကူးမာရ် —  နင်က အဝတ်အစားသစ်တွေ ဝတ်ပြီးဘယ်သွားမလို့လဲ” … Read more

သာဒင်ကိုဘာထင်နေသလဲ

” သာဒင်ကိုဘာထင်နေသလဲ ” ရေးသားသူ–ဆရာလွင်ဦးဟန် +++++++++++ အချိန်ကား ၁၉၈၁ ခုနှစ် ။ သူ့နာမည်က ကိုသာဒင် ။ ရေနံချောင်းဇာတိ ။ ကိုသာဒင်၏ညီ ကိုကျော်ထင်က တပ်မတော် ထောက်ပံ့ရေးတပ်တွင်တာဝန်ထမ်းဆောင်ပြီး အိမ်ထောင်သည်လိုင်းခန်းတွင် ဇနီးသည်နှင့်အတူ သားတစ်ယောက်နှင့်နေထိုင်နေသူ ။ မိဘများမရှိတော့သဖြင့် လူပျိုလူလွတ်ဖြစ်သော ကိုသာဒင်မှာ ညီဖြစ်သူနှင့်အတူ လိုင်းခန်းတွင်နေထိုင်ရင်း ရန်ကုန်မြို့ လမ်းမတော်တစ်ဝိုက်တွင် ဝက်သားတုတ်ထိုးရောင်းချကာ စီးပွားရှာဖွေလေသည် ။ ထိုစဉ်က ထောက်ပံ့ရေးတပ်မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်အခြမ်း ဦးဝိစာရလမ်း နှင့် အလုံလမ်းထောင့် ယခု ပြည်သူ့ရင်ပြင်တည်ရှိရာနေရာတွင် ရှိခဲ့လေသည် ။ သံဈေးတွင် ဝက်သားထုတ်ထိုးရောင်းချနေသော ကိုသာဒင်မှာ နေ့တဓူဝဆိုသလို ဆိုင်းထမ်းကိုထမ်းကာ သံဈေးနှင့် ထောက်ပံ့ရေးတပ်ကို မမောနိုင် မပမ်းနိုင် ခြေလျင်သွားလာနေခဲ့လေသည် ။ မနက်ဆိုလျှင် … Read more

အောင်မြတ်သာနှင့်ကျောက်တိုင်စောင့်မိရွှေအ

” အောင်မြတ်သာနှင့်ကျောက်တိုင်စောင့်မိရွှေအ ” ရေးသားသူ—ဇေယန(ရာမည) +++++++++++ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ ရွှေမြိုင်မြို့လေးမှာတော့ အခြားအရပ်ဒေသအသီးသီးက လာရောက်ကုန်သွယ်ကြတဲ့ ကုန်သည်ပွဲစားတွေ၊ မှောင်ခိုသမားတွေနဲ့ အမြဲတစ်စေ စည်ကားလျက် ရှိနေကြတယ်။ မြို့ရဲ့အလယ်ခေါင်ကုန်းမြင့်တစ်ခုအပေါ်မှာတော့ ရှေးပဝေသဏီဘုရင်တွေ လက်ထက်ထဲက တည်ထားခဲ့တဲ့ စေတီတစ်ဆူရှိခဲ့တယ်။ စေတီက မြို့အလယ်မှာရှိလင့်ကစား မြို့သူ မြို့သားတွေအားလုံး တစ်လနေလို့ တစ်ခေါက်မဖူးမျှော်နိုင်တဲ့အတွက် မူရင်းဘွဲ့တော်ပျောက်ပြီး ကပ်ကျော်စေတီလို့သာ သိထားခဲ့လေတယ်။ စေတီရဲ့ပတ်လည်မှာတော့ လူနေအိမ်ခြေများ၊ ဆံပင်ညှပ်ဆိုင်များ၊ အရက််ဖြူရောင်းချတဲ့ ဆိုင်များနဲ့စည်ကားနေပေမယ့် စေတီတည်ထားရာရင်ပြင်ပေါ်မှာတော့ ဘိစပ်ခြုံတွေ၊ ဇရပ်အိုဇရပ် ပျက်တွေ၊ အမှိုက်သရိုက်တွေနဲ့ပြည့်နှက်နေခဲ့တယ်။ စေတီဲရဲ့တောင်ဘက်မှာတော့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်ရှိနေပြီး စေတီဲရဲ့အနောက်တောင်ဘက်မှာတော့ စေတီ စတည်စဉ်က ထွင်းထုထားတဲ့ ကျောက်စာတိုင်တစ်တိုင်တည်ရှိနေခဲ့တယ်။ အနီးနားပတ်ဝန်းကျင်မှာနေတဲ့ ကလေးသူငယ်အချို့ကတော့ နေ့လည်နေ့ခင်းဆိုရင် အရိပ် ရတဲ့ စေတီရင်ပြင်ပေါ်မှာ လိုက်တမ်းပြေးတမ်းကစားလိုက်၊ တူတူပုန်းတမ်းကစားလိုက်နဲ့ ကလေး … Read more

အောက်လမ်းဘိုးထင် နှင့် ကျိန်စာ

” အောက်လမ်းဘိုးထင် နှင့် ကျိန်စာ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ မောင်ဘိုးထင်တို့သည် ခုတ္တက၏ နေအိမ်တွင် ဆန်များ ဆီများကို လှည်းပေါ်မှ ချကာ ချက်ချင်းသဖန်းပိုးရွာသို့သွားလိုက်လေ၊ မောင်ဖိုးထင်တို့သည် သူတို့ နောက်မှ ခါးကုန်း လူပုလေးများ လိုက်လာမလားဟု စိတ်ထဲ တထင့်ထင့် နှင့် ထွက်လာရာ သဖန်းပိုး ရွာ သင်္ချိုင်းလားသို့ ရောက်လာကြသည် ၊ ထို့‌ေနာက် သာအေးသည် သဖန်းပိုရွာသင်္ချိုင်းကို ကြည့်ကာ “ဟေ့လူတွေ ကျုပ်တို့ ပြန်တုန်းကတွေ့ ရတဲ့ နတ်ရုပ်ကြီး မတွေ့တော့ပါလား ” “ဟုတ်တယ် ဟ ” သာရသည် လှည်းမောင်းနေရင်း လှည်းကို ရပ်လိုက်ကာ “‌ဟေ့ကောင်တွေ ငါတို့ အခုချိန်ဝင်လို့ မသင့်ဘူးထင်တယ် နေထွက် မှ … Read more

ဘွားမယ်စိန်နှင့် စုန်းမရင်သွေး

” ဘွားမယ်စိန်နှင့် စုန်းမရင်သွေး “(စ/ဆုံး) ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ မိုးကအတော်သည်းထန်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်းမိုးသည်းနေခြင်းကြောင့် အမှောင်ကျနေခဲ့သည်။ ထိုသို့မိုးသည်းထန်နေသည့်အချိန်၌ ညောင်ကုန်းရွာ၏သင်္ချိုင်းထဲရှိဇရပ်ပေါ်တွင် မီးအလင်းရောင်များရှိနေခဲ့၏။ ထိုသင်္ချိုင်းအတွင်းရှိဇရပ်အပေါ်၌ သုဘရာဇာကြီးဦးသောင်းအပြင်တိုက်ပုံအနီဖြင့် ဘိုးတော်ကြီးတစ်ယောက်လည်းရှိနေခဲ့သည်။ “ဆရာကြီး—ကျူပ်ဘာလုပ်ပေးရဦးမလဲ” “ရပြီ—ကလေးအတွက်ရွာထဲသွားပြီး ဆိတ်နို့ရှာပေးတာနဲ့တင်ခင်ဗျားကိုကျေးဇူးတင်နေပြီ” “ဟုတ်ကဲ့ဆရာကြီး—တစ်ခုခုလိုရင် ကျူပ်တဲထဲမှာရှိနေပါ့မယ်—လှမ်းခေါ်လိုက်ပါ” “ဟုတ်ပြီ—” သုဘရာဇာကြီးက ဝါးလုံးတိုလေးကို တောင်ဝှေးသဖွယ်သုံးပြီး ဇရပ်ဘေးရှိ တဲလေးထဲသို့ ဝင်သွားတော့သည်။ တိုက်ပုံနီဖြင့် ဘိုးတော်ကြီးကတော့ သုဘရာဇာကြီးကို တစ်ချက်လှမ်းကြည့်ပြီးပြုံးသည်။ ပြီးနောက်သူ၏အရှေ့၌ရှိနေသာ ကလေးငယ်လေးကို လေးနက်သောဟန်ဖြင့်စိုက်ကြည့်နေခဲ့သည်။ ကလေးကလည်း တစ်နှစ်ကျော်နှစ်နှစ်သားအရွယ်လေးပင်။ စောင်လေးအတွင်း၌ အိပ်ပျော်နေရှာ၏။ အချိန်အားဖြင့် ညသန်းခေါင်ကျော်လေပြီ။ “ဝူး—အူး—အူ–” ဆွဲဆွဲငယ်ငယ်အူလိုက်သော ခွေးအူသံများကြောင့် ဘိုးတော်ကြီးကသူ၏နဖူးကြောများကိုကျုံ့၍ အလိုမကျဟန်ဖြင့် ဇရပ်အပြင်ကိုကြည့်သည်။ ဘိုးတော်ကြီးကအသက်အားဖြင့်၇၀ ကျော်ဟုထင်ရပေမည်။ ရှည်လျားသောဆံပင်ဖြူကြီးကိုသျှောင်ထုံးထုံးဖွဲ့လို့ထားပြီး မုတ်ဆိတ်များကလည်းဖြူကာဖွေးလို့နေခဲ့၏။ သို့သော် သူ၏ရုပ်သွင်သည်အပြစ်ကင်းစင်သူပမာ ရှင်းလင်းလို့နေပြီးတည်ကြည်လေးနက်သူတစ်ယောက်ဟု မှတ်ချက်ပြုရပေမည်။ အသားအရည်မှာလည်းဖြူသည်လည်းမဟုတ်…. … Read more

ကျောက်တလားချောင်း

” ကျောက်တလားချောင်း ” (စ/ဆုံး) မူရင်းရေးသူ—ဆရာတာတေ +++++++++++ ကျောက်တလားချောင်းတဲ့ဗျား။ ကျုပ်တို့ရွာ နဲ့တော့ လှမ်းပါသေးတယ်။ဂုံးတောတို့၊ ယုံလွတ်တို့၊ မြောက်ရိုးတို့ဘက်မှာဗျ။ ဘာကြောင့် ဒီနာမည်ခေါ်တယ်ဆိုတာတော့ ကျုပ်လည်း သေသေချာချာ မသိပါဘူးဗျာ။ တစ်ချို့က ပြောတာတော့ လပြည့်ညဆိုရင် ချောင်းထဲမှာ ကျောက်တလားကြီးတစ်လုံးပေါ်နေတယ်တဲ့ဗျ။ အဲဒီ့ ကျောက်တလား ကြီးထဲမှာ ရွှေ၊ ငွေ၊ ရတနာတွေ အပြည့်ရှိ တယ်ဆိုပဲ။ အဲဒါ ကျောက်တလားသိုက်က ဥစ္စာစောင့်တွေ စောင့်နေကြတဲ့ သိုက်လို့ပြောတယ်ဗျ။ တာတေကလည်း ကျောက်တလားချောင်းကိုလပြည့်ညတွေဖြတ်ကူးဖူးပါတယ်။ သူတို့ပြောတဲ့ ကျောက်တလားကြီးတော့ တစ်ခါမှ မတွေ့ ပါဘူးဗျာ။ တစ်ချို့ကလည်း ပြောကြသေးတယ်ဗျ။ညနေမိုးချုပ်စဆိုရင် ကျောက်တလားချောင်းထဲမှာ ကြေးစည်သံတွေ ခေါင်းလောင်းသံတွေ ကြားရတယ်ဆိုပဲ။ ချောင်းကလည်း နွေမှာပါ ရေရှိတဲ့ချောင်းဗျ။ နွေဘက်ဖြတ်ကူးရင်တောင်ရေကဒူးဆစ်လောက်တော့ မြုပ်သေးတာ။ ရေခန်းချောင်း မဟုတ်ဘူး။ … Read more

ဦးဖိုးဝေ နှင့် ငယ်ဘဝ(၃)

” ဦးဖိုးဝေ နှင့် ငယ်ဘဝ(၃) ” ရေးသားသူ–မောင်တင်ဆန်း +++++++++++ *အခန်း-၁ မောင်ဖိုးဝေ၏အဘ ဦးသင်္ခသည် ဝမ်းတွင်းစုန်းမက‌ေလးကို အသက်သေလွန်‌ေအာင် လက်လွန်သည့်နေ့မှ စ ၍ တမှိုင်မှိုင် တတွေတွေဖြစ်နေလေ၏၊၊ မောင်ဖိုးဝေသည်လည်း သူ၏ အဘ ကို ကောင်စွာဂရုစိုက်‌ေပး‌ေနသည် ၊ ထမင်းစားချိန် ထမင်း ‌ရေနွေးကြမ်းသောက်ချင်က ရေနွေးကြမ်း အသင့်ဖြစ်အောင် လုပ်ပေးထားသာ်၊ ယခုတွင်တော့ မောင်ဖိုးဝေသည် ယောက်ပေစူးလေးနှင့် ဖြစ်နေပြီ ဖြစ်သည် ၊ တနေ့ တနေ့ အိမ်ရှေ့တန်းလျားတွင် မှိုင်ငေးနေသော အဘဖြစ်သူအား။မောင်ဖိုးဝေသည် ရေနွေး လင်ပန်းကို ချပေးလိုက်ပြီး သူပါ တန်းလျားတွင် ထိုင်ကာ စကားဆိုလိုက်လေ၏ “အဘ အဘကို ကြည့်ရတာ တနေ့တနေ့ ပိုပို မှိုင်နေသလိုပဲ ‌ဗျာ အဘစိတ်ထဲမှာ … Read more

အောင်မြတ်သာနှင့်ထီးဖြူစောင့်နတ်သမီး

” အောင်မြတ်သာနှင့်ထီးဖြူစောင့်နတ်သမီး ” ရေးသားသူ—ဇေယန(ရာမည) +++++++++++ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းမန်တွေအစီအရီပေါက်ရောက်နေတဲ့ တောလမ်းလေးက အလှအပခံစားတတ်သူတွေနဲ့ သဘာဝအလှကိုရေးစပ်သီကုံးမယ့်သူတွေအတွက်ကတော့ အရာရာ ပြည့်စုံတဲ့ကဗျာတစ်ပုဒ်ကိုရရှိမှာမလွဲဧကန်ဖြစ်ပေမယ့် သက်ခိုင်တို့ကတော့ အလှအပကိုခံစားဖို့ နေနေသာသာ အရှေ့ကနေ ဖြေးဖြေးမှန်မှန်သွားနေတဲ့ အောင်မြတ်သာရဲ့ခြေလှမ်းတွေကို အမှီလိုက် ရန်အသဲအသန်ကြိုးစားနေခဲ့ရတယ်။ ခွေျးတစ်လုံးမှမထွက်တဲ့အပြင် မောပန်းနွမ်းနယ်ခြင်းအလျဉ်းမရှိတဲ့ပုံစံနဲ့ သွားလာနေတဲ့ အောင်မြတ်သာကတော့ အနောက်ကိုစိုးစဉ်းမျှစိုးရိမ်ပူပန်ခြင်းမရှိပဲ လိုရာခရီးရောက်ဖို့အတွက်သာ စိတ်အားထက်သန်နေခဲ့တယ်။ နှစ်နာရီခန့်သွားပြီးတဲ့အချိန်မှာတော့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့ ခြေထောက်တွေမှာ ခဲတွေဆွဲထားသလိုလေးလံလာတဲ့အတွက် ဆက်မလျောက်နိုင်တော့ပဲ ခေတ္တရပ် လိုက်တဲ့အချိန် အရှေ့မှာသွားနေတဲ့ အောင်မြတ်သာက အနောက်ကိုပြန်လှည့်လာပြီး “ဘယ်လိုလဲ ပင်ပန်းနေကြပြီလား အခုငါတို့သွားနေတဲ့ခရီးကို အချိန်မှီမရောက်နိုင်ရင် အဓမ္မဝါဒီသမားက အရာရာကိုကြီးစိုးသွားလိမ့်မယ်” “ဟုတ်ကဲ့ဆရာ ကျွန်တော်တို့ကြိုးစားပြီး လိုက်ခဲ့ပါမယ်” သက်ခိုင်နဲ့တောက်ရက စိတ်ကိုတင်းကာပြောလိုက်တဲ့အချိန် အောင်မြတ်သာက လက်မှာ ပတ်ထားတဲ့ပုတီးထဲမှာပါတဲ့ သင်္ဘောကူးပုတီကိုခေါင်းကနေ ဖွင့်လိုက်ရာ ပုတီးလုံးထဲမှာ … Read more

ဝါးဘီလူးတောင်

” ဝါးဘီလူးတောင် ” (စ/ဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++ တာတေတို့အညာသားတွေ မကင်း နိုင်ကြတဲ့ အရာကတော့’ထန်းကျပင် ရည်’ပေါ့ဗျာ။ ထန်းရည်နဲ့ အညာသား၊ အညာသားနဲ့ ထန်းရည် ခွဲလို့မရနိုင် တာဟာ ကျုပ်တို့ အညာဓလေ့တစ် ခုပဲဗျ။ ကျုပ်တို့ရွာရဲ့ မြောက်ဘက် မှာရှိတဲ့ ဘိုးညီလေးထန်းတောဟာ ထနောင်းကုန်းသားတွေနဲ့ ဘန့်ဘွေး ကုန်းသားတွေရဲ့ ဆုံမှတ်တစ်ခုပေါ့ ဗျာ။ အခုလို နွေဦးကာလ မြူထချိန် ဆိုရင် ထန်းတက်သမားတွေ မနား တမ်း ထန်းတက်ရတဲ့ အချိန်ပေါ့ဗျာ။ အမြည်းကတော့ ငွေရွှင်ရင် မြင်းသား ခြောက်၊အမဲခြောက်၊ဆတ်သားခြောက် ပေါ့ဗျာ။ ကျက်နေအောင် မီးဖုတ်ပြီး မွ နေအောင်ကို ထုထားတာဗျ။ ဆီရွှဲရွှဲနဲ့ စိမ်ပြီး မြည်းရတာ လွှတ်ကောင်းပေါ့ ဗျာ။ငွေမရွှင်တော့လည်း ထုံးစံအတိုင်း ပဲကြီးလှော်ပေါ့ဗျာ။ ပဲကြီးလှော်ကြားထဲညပ်တဲ့ … Read more

အောက်လမ်းဘိုးထင် နှင့် လူသားစားရွာ

” အောက်လမ်းဘိုးထင် နှင့် လူသားစားရွာ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ မောင်ဘိုးထင်တို့သည် သူတို့လှည်းထားခဲ့သည့် သဖန်းပိုးရွာအဝင်ရှိ မိတ္တဟု အမည်ရသော သူ၏ အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည် ၊ အိမ်ပြန်ရောက်ချိန်တွင်တော့ သာရ၏ နွားနှစ်ကောင်အား စားကျင်းတွင် ပြောင်းရွေပေးထားပြီး ရေ နှင့် အစာများကို ကျွေးမွေးပေးထား၏ ၊ လှည်းပေါ်တွင်လည်း ရွာမှ ဆန်များ ဆီများကို လှည်းပေါ်တင်ပေးထားသည် ၊ ထို့‌ောနက် လူကြီးတ‌ေယာက်သည် သူတို့အနားလာကာ “ဧည့်သည်တွေ ဒီမှာ ဧည့်သည်တို့ရွာကနေ လိမ်သွားတဲ့ ငွေသား နှစ်ရာပါ ” “ဟုတ်ကဲ့ ” ဖိုးထွေးသည် သဖန်းပိုး ရွာသားကြီးပေးသော ငွေသားကိုယူလိုက်ပြီး။ လွယ်အိတ်ထဲ ထည့်လိုက်သည် ၊ ထို့နောက် နွားလှည်းကို … Read more