စုန်းထီးကြီးဦးဘသာနှင့် ကိုပေါက်ချွန်း

” စုန်းထီးကြီးဦးဘသာနှင့် ကိုပေါက်ချွန်း ” ရေးသားသူ—အဂ္ဂဇော် +++++++++++ (၁) “ကဲ ဖမ်းပြီဟေ့- ဖွင့်စမ်းကွာ” ကျုပ်လည်း ဖျာပေါ်ဆောင့်ကြောင့်ထိုင်လိုက်ပြီးတော့ ပြုံးဖြီးဖြီးနဲ့ လက်ထဲက ဖဲချပ်သုံးချပ်ကို ဖျာပေါ်ကိုပစ်ချလိုက်တော့တယ်။ “ရော့ဗျာ၊ ဒီတစ်ခါတော့ ဘူမဟုတ်တော့ဘူး၊ ရှစ်ဗျ၊ ရှစ်” ကိုပေါက်ချွန်းက တစ်ဝိုင်းလုံးကိုဆက်ဖမ်းတယ်ဗျ၊ တစ်ဝိုင်းလုံးက နှစ်ပေါက်ကျတဲ့လူနဲ့ ငါးပေါက်ကျတဲ့လူနဲ့ပေါ့ဗျာ၊ ပြီးတော့သူက ကျုပ်အရှေ့မှာပုံထားတဲ့ ပိုက်ဆံတွေကိုလှမ်းယူဖို့လုပ်ပါရောဗျာ၊ ကျုပ်ကလည်း ကိုပေါက်ချွန်းလက်ကိုပုတ်ချလိုက်ပြီးတော့ “အောင်မာ၊ ခင်ဗျားကတ်တောင်မလှန်ဘဲနဲ့ စားချင်လို့ရမလားဗျ၊ ကျုပ်ကတ်က ရှစ်နော်ဗျ၊ ခင်ဗျား” ဒီတော့မှာ ကိုပေါက်ချွန်းက ပြုံးရင်း “အေးကွာ၊ ငါလောသွားတယ်” သူကပြောပြီးတော့ သူ့ကတ်နှစ်ကတ်ကိုလှန်လိုက်တယ်ဗျ၊ သူ့ကတ်က ခုနစ်နဲ့ အေဗျာ၊ ခုနစ်တောင်မှ ပေါက်ချွန်းခုနစ်နဲ့ပေါက်ချွန်းအေဗျ။ ကျုပ်ဖြင့် သူ့ကတ်ကိုမြင်တော့ နိုင်ပြီလို့တွေးပြီး ဆောင့်ကြောင့်ထိုင်ထားရာကနေ ဖင်ထိုင်ကျသွားတော့တယ်ဗျာ၊ ကိုပေါက်ချွန်းက … Read more

အောင်မြတ်သာနှင့်ဂဠုန်နဂါးရေမှာနား

” အောင်မြတ်သာနှင့်ဂဠုန်နဂါးရေမှာနား ” ရေးသားသူ— ဇေယန(ရာမည) +++++++++++ အဆုံးအစမရှိကျယ်ပြန့်နေတဲ့ပင်လယ်ပြင်ကနေ တိုက်ခတ်လာတဲ့ လေပြင်းတွေကနေ တစ်ဆင့် ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးကြီးငယ်တွေက ကမ်းခြေအစပ်မှာ သဘာဝအလျောက် ဖြစ်တည် နေတဲ့ ကျောက်ကမူလေးကို အရှိန်အဟုန်ပြင်းစွာဖြင့် လာရောက်ရိုက်ပုတ်တဲ့အသံက တိတ်ဆိတ် နေတဲ့ညချမ်းအချိန်အခါကို ကျော်လွန်ပြီးထွက်လာခဲ့တယ်။ “ ဝုန်း ဝုန်း ဝုန်း” “ ဖြောင်း ဂလုန်း ဂလုန်း” ဒေါသကြီးစွာရိုင်းခတ်နေတဲ့ လှိုင်းရိုက်သံတွေနဲ့အတူ “ ဒေါက် ဒေါက် ဒေါက်” ဆိုတဲ့ အသံတစ်ခုက စည်းချက်ညီစွာ ထွက်ပေါ်လာခဲ့တယ်။ “ ဆရာကြီး ဒီနေရာက မုန္ဒနဂါးမင်းနေထိုင်တဲ့ သိုက်နန်းဆိုတာသေချာရဲ့လား” ယောဂီဝတ်စုံဝတ်ထားပြီး ပုတီးတစ်ကုံးကို လက်မှာပတ်ထားတဲ့ သက်လတ်ပိုင်း လူတစ်ယောက်ရဲ့မေးသံကြောင့် တစ်ခေါင်းလုံးဖြူဖွေးနေတဲ့လူက လက်ထဲမှာကိုင်ထားတဲ့ တောင်ဝှေးကို ကျောက်ကမူပေါ်ကို ဆောင့်ချရင်း … Read more

အင်ကု မှင်စာ အပိုင်း(၁၆)ဇာတ်သိမ်း

အင်ကု မှင်စာ အပိုင်း(၁၆)ဇာတ်သိမ်း ရေးသားသူ— ပီပီ(မန္တလေး) +++++++++++ အခန်း၃၆- အင်းကုန်းရွာပြင်၊ ပရံနဝါချောင်းနံဘေးရှိ အင်ကု နတ်နန်းငယ်တွင် အင်ကု မှင်စာသည် နေမထိထိုင်မသာ ဖြစ်နေပါ၏။ သခင့် အသံကြားသော်လည်း သူ့ခမျာ နတ်နန်းမှ မထွက်ခွါသာ။ ပြသနာ တခုကို ဖြေ ရှင်းနေရပါ၏။ အင်ကု၏ နတ်နန်းသို့ ယနေ့ညတွင် 神 အို နို ကာနိ(Oဲ no kami ) ဆိုသည့် နတ်သူငယ်မှင်စာတို့၏ အချုပ် နတ်မင်းကြီးသည် နောက်ပါ အခြွေအရံ ဘော်ဒီဂတ်တို့ဖြင့် အပူတပြင်း ရောက်လာပါ၏။ မှင်စာငယ် အင်ကုခမျာ နတ်မင်းကြီးအရှေ့က မြေပြင်မှာနှောင်ကြိုးတည်းခံထားရပြီး ပြားပြားဝပ်လျက် ကြောက်ရွံတုန်လှုပ်စွာ ခစားလျက်ရှိပါသည်။ မကြောက်ပဲလားလေ။နတ်မင်းကြီး၏ မျက်နှာက ဒေါသဖြင့် ရဲရဲနီလျက် ရှိသည်မဟုတ်ပါလား။ … Read more

လူသားစား ဘီလူး

” လူသားစား ဘီလူး ” (စ/ဆုံး) မူရင်းရေးသားသူ-ဆရာတာတေ +++++++++++ ခင်ဗျား လူခြောက် မြင်ဖူးလား၊တချို့က တော့ လူခြောက်ကို သားခြောက်လို့လည်း ခေါ်တယ်လေဗျာ။ ကျုပ်ကတော့ မြင်ဖူး တာပေါ့ဗျာ။တာတေဆိုတဲ့ ကျုပ်ကလွှတ်စပ် စုတဲ့ကောင်ပဲဗျာမြင်ဖူးတာပေါ့။ ဒီအကြောင်း ပြောရရင်တော့ကျုပ်တို့ရွာမှာတင် တစ် ယောက်ရှိတာဗျ။ ကိုကြီးသိန်းညိုနှင့် မဝိုင်းစိန်တို့ရဲ့သားလေ ဗျာ။ ကိုကြီးသိန်းညိုတို့ အိမ်ထောင်ကျပြီး ဦးဆုံးမွေးတဲ့ကလေးပေါ့ဗျာ။ ယောင်္ကျား လေးဗျ။ ပထမတော့ ကလေးလျောမွေး လို့ ထင်တယ်ဗျို့။ နောက်မှ ကျုပ်တို့ရွာ က အရီးဘုမ လိုက်ကြည့်ပေးရတာ။ “ဟဲ့ သိန်းညိုရဲ့၊ နင့်မိန်းမ ဝိုင်းစိန်က ကလေးမီးဖွားတာ လပြည့်လို့လား” “ဟာ အရီးကလည်း ဝိုင်းစိန်က လပြည့်မှ မွေးတာပါဗျ။ ဝိုင်းစိန် မှတ်ထားတာနဲ့ဆိုရင် ရက်တောင်ကျော်နေပြီတဲ့ဗျ” “ဟေ … Read more

အောင်မြတ်သာနှင့်ထူးဆန်းသောဘုရားငုတ်တို

” အောင်မြတ်သာနှင့်ထူးဆန်းသောဘုရားငုတ်တို ” စာရေးဆရာ—ဇေယန (ရာမည) +++++++++++ “” ရွှေပေါ်ကျွန်းမြို့မှ ကြိုဆိုပါ၏ “” ဆိုတဲ့ဆေးရောင်မှန်ဖျော့နေတဲ့ဆိုင်းဘုတ်အောက်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက် ခေတ္တအနားယူနေခဲ့ကြတယ်။ ရွှေပေါ်ကျွန်းမြို့လို့ဆိုပေမယ့် တကယ်တော့ ရွာကြီးတစ်ခုသာသာပဲရှိနေသလို မြိုအ၀င်လမ်းမကြီးကလဲ သွားလာသူကျိုးတိုးကျဲတဲနဲ့ အနည်းငယ်ခြောက်ကပ်နေခဲ့တယ်။ မြို့ရဲ့အရှေ့ဘက်မှာတော့ မှိုင်းညို့နေတဲ့ တောင်တန်းတစ်ခုတည်ရှိပြီး အနောက်ဘက်မှာတော့ ငလျင်ဒဏ်ကြောင့်ပြိုပျက်ခဲ့ဖူးတဲ့ စေတီပုထိုးတွေထိုးထိုးထောင်ထောင်နဲ့တည်ရှိနေခဲ့တယ်။ လမ်းမကြီးကတော့ မြိုရဲ့ တောင်နဲ့မြောက်ကို ဖြတ်ပြီးတည်ဆောက်ထားတဲ့အတွက် မြို့ခံအိမ်တွေကတော့လမ်းမကြီးရဲ့ ဘေးဘယ်ညာဘက်ခြမ်းတွေမှာရှိနေခဲ့ကြတယ်။ ရွှေပေါ်ကျွန်းမြို့သူမြိုသားတွေကတော့ ခြံလုပ်ငန်းလုပ်ကိုင်သူတွေများကြပြီး အချို့ကတော့ မိရိုးဖလာလယ်လုပ်ငန်းကိုလဲလုပ်ကိုင်ခဲ့ကြတယ်။ စီးပွားရေးအတန်သင့်ပြေလည်ပြီး ဘာသာရေးကိုင်းရှိုင်းကြတဲ့ ရွှေပေါ်ကျွန်းမြို့လေးကို မယောင်မလည်တဲ့ရောက်လာတဲ့ အောင်မြတ်သာတို့ကတော့ မြို့အ၀င်ဇရပ်လေးမှာခေတ္တအနားယူပြီး မြို့ထဲ၀င်လာတဲ့အချိန်မှာတော့ ချေးအထပ်ထပ်တက်နေတဲ့ သက္ကလပ်ကုတ်အင်္ကျီနဲ့ ကာကီဘောင်းဘီကို၀တ်ဆင်ထားတဲ့ အသက်၃၀အရွယ်လူတစ်ယောက်က လမ်း‌ဘေးမှာထိုင်ပြီးကျွတ်ကျွတ်အိတ်နဲ့ထုပ်ထားတဲ့အရာတစ်ခုကို ပလုပ်ပလောင်းစားနေတာကိုမြင်လိုက်ရတယ်။ ” ဟေ့လူတွေ ငါ့ကိုဘာလို့ကြည့်နေတာလဲ—  ငါ့မှာရှိတာတွေကိုတော့ လာမလုနဲ့နော်— ငါ့ဆီကလုရင် နင်တို့ကို … Read more

အင်ကု မှင်စာ- အပိုင်း(၁၅)

အင်ကု မှင်စာ- အပိုင်း(၁၅) ရေးသားသူ—ပီပီ(မန္တလေး) +++++++++++ အခန်း၃၃။ ကံဆောင် ရွှေဘုံသာဘုရားမှာ နှင်းနုကို စောင့်မျှော်နေ၏။ ဒီကနေ့မှ ကံဆောင်သည် နက်ပြာရောင်ရှမ်းဘောင်းဘီ ခပ်ပွပွကို အဖြူရောင် တီရှပ်အင်္ကျီနှင့် တွဲဝတ်ထားသည်။ ဆံကေသာကို သပ်ရပ်စွာ ဆီလိမ်းဖီးသင်ထား၏။ နှင်းနုဆီက ချစ်ပါတယ်ဟု အဖြေရမည့်နေ့ဆိုတော့ သူ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ ညနေ ၅နာရီခွဲတွင် လာခဲ့မည်ဟု နှင်းနု ဆက်ဆက် ကတိပေးသွားခဲ့ပေမယ့် ယခု ၆နာရီထိုးပြီးလို့ ၁၀မိနစ်ပင် စွန်းသွားလေပြီ။ စောင့်မျှော်ရသူ အတွက် ကြာတောင့်ကြာရှည်နိုင်လွန်းလှသည်။ မကြာခဏ ဘုရားပေါ်တက်သည့် အုတ်လှေကားကို လှမ်းမျှော်ကြည့်ရသည်မှာ အမောသား။ ဟင်! ဖိုးလှ ၊ ဘာလာလုပ်တာပါလိမ့် သူ မျှော်ကြည့်နေတဲ့ အုတ်လှေကားပေါ်ကို လှေကားထစ်တွေ ကျော်ခွ၍ ရေကြီးသုတ်ပြာ တက်လာသူက ဖိုးလှ။ … Read more

ဂဝံမျက်နှာဖုံး

” ဂဝံမျက်နှာဖုံး “( စ / ဆုံး) မူရင်းရေးသူ—ဆရာတာတေ +++++++++++ တာတေတို့ အညာရွာတွေမှ နွေဦးပေါက်တာနဲ့ မီးကင်းစောင့်ကြရတာဗျ။ အရှေ့ပိုင်းကင်း ။ အနောက်ပိုင်းကင်း ။ တောင်ပိုင်းကင်း။ မြောက်ပိုင်းကင်း။ ဗဟိုကင်းဆိုပြီး ကင်းတဲတွေ ဆောက်ထားကြရတယ်။ အပိုင်းကင်းတဲတွေမှာတော့ တစ်ကင်း နှစ်ယောက်ပဲ ချတာဗျ။ ဗဟိုကင်းမှာတော့ လူကြီးပိုင်းတွေ ထိုင်တယ်။ တစ်ညလေးယောက် စောင့်ရတယ်။ အသက် (၆၀ )ကျော်ရင်တော့ ကင်းလွတ်တယ်ဗျ။ ကင်းမစောင့်ရတော့ဘူး။ ဒီစနစ်ကလေးကတော့ တာတေတို့ရွာရဲ့ ကင်းတွဲတဲ့ စနစ်ပေါ့ဗျာ။ တခြားရွာတွေမှာလည်း သူ့ဓလေ့နဲ့သူ ရှိကြမှာပေါ့လေ။ နွေဆိုရင်တော့ ကင်းတဲတွေမှာ နှစ်ယောက် စောင့်တယ် ဆိုပေမယ့် အိုက်လို့ ပူလို့ အိပ်မရတဲ့သူတွေလည်း ကင်းတဲမှာသွားထိုင်ပြီး စကားပြောကြနဲ့ ကင်းတဲလေးတွေဟာ ကျုပ်တို့အညာသားတွေရဲ့ ဗဟုသုတ … Read more

ဦးဖိုးဝေ နှင့် မိစ္ဆာကင်းချိန်

” ဦးဖိုးဝေ နှင့် မိစ္ဆာကင်းချိန် ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ မီးပူရွာသည် ရွာနာမည် နှင့် လိုက်ဖက်စွာ အတော်ပင်ပူပြင်းလွန်းလှသည်၊ ဦးဖိုးဝေ နှင့် သူရိယသည် ဦးစံတင်၏ တပည်များကို ခေါ်သွာသော လှည်းသမားအား မီးပူရွာသို့ သွာရသည့် လမ်းအား မေးထားခဲ့၍ အခက်အခဲ မရှိ မီးပူ ရွာ အနားသို့ရောက်လာပြီဖြစ်သည် ၊ မီးပူရွာ သည် အခြား ကျေးရွာများလို သစ်ပင်များ အုံ့ဆိုင်း နေပေမဲ့ ထို အပင်များသည် စိမ်းဆိုချင်းမရှိ အပင်သေများသာ ဖြစ်နေလေရာ မီးပူရွာသည် အတော်ကို ထူးဆန်းနေပေသည်၊ ရွာထဲ၌ ရှိသော အပင်များသာ သေနေပြီး ရွာအပြင်တွင်တော့ စိမ်းဆိုနေလေရာ ဦးဖိုးဝေ နှင့် သူရိယ ယခု … Read more

အင်ကု မှင်စာ အပိုင်း(၁၄)

အင်ကု မှင်စာ အပိုင်း(၁၄) ရေးသားသူ-ပီပီ(မန္တလေး) +++++++++++ အခန်း ၃၁။ インクリングの呪い (မှင်စာတကောင်ရဲ့ကျိန်စာ) တာကာရှီနို(高篠) သည် အင်ကုရဲ့ အသက်သွင်းကျိန်စာကြောင့် မွေးဖွားလာခြင်း ဖြစ်ပေမယ့် အင်ကုရဲ့ သွေးတို့ စီးဆင်းနေသော အငှါးရုပ်ခန္ဓာသာ ဖြစ်သည်။ ထို့ကြောင့် ဒုတိယ အင်ကုသာဖြစ်၏။ ဤနေရာ၌ ဒုတိယရုပ်ခန္ဓာ၏ သဘောကို အနည်းငယ် ရှင်းပြလို၏။ ဗမာတို့၏ နာနာရုပ် အသက်သွင်းအတတ်ပညာနှင့် တူသည့်နေရာ ရှိသလို မတူကွဲပြားသည်လည်း ရှိ၏။ အင်ကု မှင်စာသည် မမိန်းကလေးက ဆိတ်တကောင်နှင့် အကြီးစား ယဇ်ပူဇော်မှုကြောင့် ၊ တန်ခိုးပါဝါ အလွန်ကြီးထွားလာပြီ ဖြစ်သည်။ ထို့ကြောင့် မမိန်းကလေး၏ ဆန္ဒကို သူ တတ်စွမ်းသော တန်ခိုးစွမ်းအင်နှင့် ဖြည့်ဆည်းပေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် … Read more

ခေါင်းရိုက်သံ

ခေါင်းရိုက်သံ(စ/ဆုံး) ရေးသားသူ—တာတေ +++++++++++ တပို့တွဲလဆိုရင် တာတေတို့ရွာမှာ ထမနဲပွဲ ရှိ တယ်ဗျ။ ထမနဲပွဲမှ တစ်ပွဲမဟုတ်ဘူးဗျို့။ တစ် ရွာလုံးမှာ အနည်းဆုံး ဆယ်ပွဲ၊ ဆယ့်ငါးပွဲ လောက်ကို ရှိတာ။ ထမနဲထိုးတဲ့ ရက်တွေဆို ရင် တာတေတို့ ကာလသားတွေ မနက်လင်း အားကြီးမှပဲ အိမ်ပြန်ကြရတာဗျ။ တစ်အိမ်၊တစ် အိမ်ကို အနည်းဆုံးတော့ ဆယ်ဒယ်လောက် ထိုးကြတာ။ ဘုန်းကြီးကျောင်းတွေပို့၊ အိမ်တွေလိုက်ဝေ၊ အ နီးအနားရွာတွေ ပို့သဗျာ။ကျုပ်တို့ရွာမှာကလည်း ထမနဲပွဲဆိုတာ ညရောက်မှ ထိုးကြတာဗျ။ နေ့ ခင်းဘက်ကျတော့ ယာထဲဆင်းတဲ့ လူကဆင်း၊ တောထဲ တောင်ထဲသွားတဲ့လူက သွားနဲ့ဆိုတော့ ရွာမှာ လူမစုံဘူးလေ၊ ညရောက်မှ အားလုံးပြန် ဆုံကြတာဗျ။ ဒီတော့မှ ဝိုင်းထဲမှာ မီးဖိုတွေဖိုကြ၊ အောက်လင်း ဓါတ်မီးတွေ … Read more