အောက်လမ်းဘိုးထင် နှင့် စုန်းရွာ

” အောက်လမ်းဘိုးထင် နှင့် စုန်းရွာ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ ပေပင်ရွာကို ဓားပြတိုက်မိသော မောင်ဘိုးထင်တို့ ထိတ်တုံးမှ လွတ်လာပြီဖြစ်သည် ၊ ယခု ဦးအုန်း၏ အိမ်တွင် မောင်ဘိုးထင် အပါအဝင် သာရ နှင့် ဖိုးထွေးတို့ ထိုင်နေကြသည် ၊ ဦးအုန်း မှ လက်နောက်ပြစ်ပြီး သူတို့၏ ရှေ့တွင် ဩဝါဒချွေနေလေသည် ၊ ရှေ့ လျှောက်လိုက် နောက်လျှောက်လိုက် တရပ်စပ် စကားပြောနေသော ဦးအုန်းအား‌ မောင်ဘိုးထင်တို့ စောဒက မတက်ရဲ ငြိမ်၍သာ နေ‌ေနရသည်၊ “မင်းတို့ကို ငါပြောပါတယ် လူဆိုတာ ရှေ့ကြည့်နောက်ကြည့် လုပ်ရတယ် ကွ ” “အဘ ဘာတွေ ပြောနေတာလဲ ဗျာ သူများတွေကြားရင် အဘ … Read more

အောင်မြတ်သာနှင့်ဖိုးရွှေမှုန်

” အောင်မြတ်သာနှင့်ဖိုးရွှေမှုန် ” ရေးသားသူ — ဇေယန(ရာမည) +++++++++++ ” ဖြောင်း— ဖြောင်း—ဖြောင်း” ညသန်းခေါင်အချိန် ကျယ်လောင်စွာထွက်ပေါ်လာတဲ့ လက်ခမောင်းခတ်သံကြောင့် အောင်မြတ်သာအပါအ၀င် တပည့်နှစ်ယောက်လုံး ခေါင်းထောင်လာခဲ့ကြတယ်။ ” ဆရာ ကြားလိုက်လား— လူတစ်ယောက် လက်ခမောင်းခတ်နေတဲ့အသံလိုပဲဗျ” ခွန်းလှစကားကြောင့် အောင်မြတ်သာက အသံကြားရာဘက်ကို နားစွင့်လိုက်တဲ့အချိန် ဒုတိယအကြိမ်လက်ခမောင်းခတ်သံတစ်ချက်ထွက်ပေါ်လာခဲ့တယ်။ ” ဒီအနီးအနားမှာ ငါတို့မသိသေးတဲ့ပုဂ္ဂိုလ်တစ်ဦးရှိနေသေးတဲ့ပုံပဲ—” ” အခုကြားတဲ့အသံက ကျွန်တော်တို့ကိုသိစေချင်လို့ အသံပေးတာများလား” မောင်ကောင်းစကားကြောင့် ခွန်းလှက လွယ်အိတ်ကိုဆတ်ခနဲကောက်ကိုင်ကာ မြောက်ဘက်မုဒ်ဘက်ကိုထသွားခဲ့တယ်။ ” မောင်ကောင်း လိုက်သွားလိုက်—  ခွန်းလှက သူ့အပေါင်းအသင်းတွေကိုသတင်းမေးဖို့သွားတာဖြစ်မယ်” အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ခွန်းလှအနောက်ကိုလိုက်သွားခဲ့ရာ လှေကားအတက်ဆင်းနားရောက်တော့ – ” ခွန်းလှ— မင်းတစ်ယောက်ထဲ ဘယ်ထွက်သွားတာလဲ– ငါ့လဲစောင့်ပါဦးဟ”လို့ပြောလိုက်တော့မှ – ” ဟီး— … Read more

မဖဲဝါ အသက် (၄၄)နှစ်

” မဖဲဝါ အသက် (၄၄)နှစ် ” ရေးသားသူ—ဆရာတာတေ +++++++++++ အညာမိုးလေဗျာ။ ဖွားကနဲရွာလိုက် နေပူလိုက် သည်းကနဲရွာလိုက်နေပူလိုက်ပေါ့။ တန်ခူး ကဆုန်မှာကြဲတဲ့ နှမ်းကဝါဆို ဝါခေါင်မှာ နှုတ်ရတယ်။ ကျုပ်တို့အညာကတောင်သူဆိုတာ ရင်တမမနဲ့ စိုက်ကြပျိုးကြရတာဗျ။ မိုးကလိုသလောက်မရရင်လည်း သီးနှံကမအောင်ဘူးဗျ။ လိုတာထက်ပိုသွားရင်လည်း သီးနှံကပျက်ရောဗျ။ ဒါပေမဲ့ ဘာတတ်နိုင်မှာတုံးဗျာ။တာတေက အညာသားလေ။ တောင်သူရဲ့ သားလေဗျာ။ဒီလိုပဲ မိရိုးဖလာ လုပ်လာတဲ့ နှမ်းစိုက် ပဲစိုက်အလုပ် ကိုလုပ်ရတော့တာလေ။ တပင်တပန်း စိုက်ကြပျိုးကြ ပြီးရင်ရင်တမမနဲ့ ဘုရားတပြီး သီးနှံအောင်ဖို့ ဆုတောင်းကြရတာဗျ။ဒီနှစ်တော့ တာတေတို့ မဆိုးဘူးဗျ။ နှမ်းနှုတ် ၊ နှမ်းထောင် ၊နှမ်းပုတ်ပြီးတော့ အတော်လေးရလိုက်တယ်ဗျို့။ အဘရောအမေရော တပြုံးပြူံးနဲ့ ဗျ။ “ဂွပ် ၊ ဂွပ် ၊ ဂွပ် ၊ … Read more

စုန်းမကြီး ဒေါ်ထွေးရင်

” စုန်းမကြီး ဒေါ်ထွေးရင် ” စာရေးသူ — အဂ္ဂဇော် +++++++++++ (၁) လပြည့်ကျော် နှစ်ရက်နေ့ရောက်တာနဲ့ ကျုပ်လည်း မောက်ရွာကိုလာခဲ့တာပေါ့ဗျာ၊ မောက်ရွာက ဆရာကြီးဦးဖိုးစီရဲ့အိမ်ကိုရောက်တော့ ဆရာကြီးက အိမ်ရှေ့မှာထိုင်နေသဗျ။ “မင်းတောင်ရောက်ပြီလားကွ” “လာရမှာပေါ့ဆရာကြီးရာ၊ ဆရာကြီး ကျုပ်အဖေကို ကူညီပေးမယ်မဟုတ်လား” “ငါက မင်းကိုစောင့်နေတာတောင်ကြာပြီ၊ လာကွာ၊ သွားကြစို့” ဦးဖိုးစီက ဒီအတိုင်းထိုင်နေရင်းကနေ မတ်တပ်ထရပ်လိုက်တယ်။ ကျုပ်လည်း အံ့သြသွားတာနဲ့ “ဆရာကြီး၊ ဒီအတိုင်းလိုက်မှာလား၊ အထုပ်အပိုးတွေဘာတွေ မယူတော့ဘူးလားဆရာကြီးရဲ့” “သြော်၊ အင်းအင်း၊ ယူရမှာပေါ့ကွ” ဦးဖိုးစီက အိမ်ပေါ်ကိုကြည့်ပြီးတော့ “ကဲ-  ငါခရီးသွားမယ်ဟေ့၊ ငါ့အတွက် လွယ်အိတ်နဲ့ အဝတ်အစားတစ်ထည်နှစ်ထည်လောက် ထည့်ပြီး ယူလာပေးစမ်းပါကွာ” ဦးဖိုးစီက အိမ်ကိုလှမ်းကြည့်ပြီးအော်ပြောတယ်၊ သိပ်မကြာပါဘူးဗျာ၊ အိမ်ပေါ်ထပ်ပြတင်းပေါက်ကနေ လွယ်အိတ်အနီစင်းတစ်လံုံးက လွင့်ကျလာတာဗျ၊ ဦးဖိုးစီက အဲဒီလွယ်အိတ်ကို … Read more

အောင်မြတ်သာနှင့်သေသူစီးသည့်ဆင်

” အောင်မြတ်သာနှင့်သေသူစီးသည့်ဆင် ” ရေးသားသူ— ဇေယန(ရာမည) +++++++++++ “တုံ တုံ တုံ တုံ ” ဆိုပြီးစည်းချက်ညီစွာထွက်ပေါ်လာတဲ့ နေ့ဆွမ်းစားအုန်းမောင်းခေါက်သံအဆုံးမှာ ဆွမ်းစားကျောင်းဆောင်ပေါ်ကို သံဃာတော်များစီရီစွာကြွလာခဲ့တယ်။ နေ့ဆွမ်းဘုန်းပြီးလို့ ကျောင်းအောက်ကိုပြန်ဆင်းလာတဲ့အချိန်မှာတော့ ဆွမ်းစားကျောင်းဆောင်အရှေ့က မရမ်းပင်အောက်မှာ ရွာထဲက ကလေးတွေစုပြီးထိုင်နေကြတာကို ဦးဇင်းကြီးနှစ်ပါးမြင်လိုက်ရတယ်။ ” ကလေးတွေ ဘယ်အချိန်ထဲက ရောက်နေကြတာလဲ” သင်္ကန်းပြင်ဝတ်ရင်းမေးလိုက်တဲ့ ဦးဇင်းကြီးတေဇနိယစကားကြောင့် ကတုံးဆံပင်ပေါက်နဲ့ ကလေးက ” ဦးဇင်းကြီးတို့ ဆွမ်းဘုန်းနေတဲ့အချိန် ရောက်လာကြတာပါ ဒီနေ့ သားတို့ကို ပုံပြင်ပြောပြမယ်ဆို”လို့ပြောလိုက်တော့ ဦးဇင်းကြီးက ” အေး ပြောပြမှာပေါ့ ဒါပေမယ့် ခဏစောင့်ဦး သင်္ကန်းလေးပြန်လဲပါရစေ”ဆိုပြီးပြောလိုက်ရာ ကလေးတွေအားလုံး ပြုံးစိစိဖြစ်သွားကြတယ်။ ဦးဇင်းကြီးလဲ သင်္ကန်းပြန်လဲဝတ်ပြီး မရမ်းပင်အောက်ကိုပြန်ရောက်လာခဲ့တယ်။ ” မင်းတို့ကို ပြောပြမယ့် အကြောင်းအရာက တကယ်ဖြစ်ရပ်မှန်နော် စိတ်ကူးနဲ့လျောက်ပြောတဲ့ပုံပြင်မဟုတ်ဘူး … Read more

အင်ကု မှင်စာ – အပိုင်း(၁၃)

” အင်ကု မှင်စာ “- အပိုင်း(၁၃) ရေးသားသူ— ပီပီ(မန္တလေး) ++++++++++ အခန်း ၂၈။ ထိသိ မှတ်နေရာမှ အတင်း လှုပ်နှိုးခြင်း ခံရသူပမာ ကံဆောင်၏ နားထဲသို့ လှုပ်ရှားသံအချို့ ဆူညံလာ၏။မျက်လုံးအစုံကို မှိတ်ထားသော်လည်း သူ၏ ဆဌမအာရုံ၌ မကောင်းသည့် အငွေ့အသက်တို့ ထင်ဟပ်လာ၏။ အသံသည် သူ ထိုင်နေရာ လူသေတွေ မြုပ်နှံထားသော မြေပုံများ အကြားမှ လှုပ်လှုပ်ရွရွ ထွက်ပေါ်လာခြင်း ဖြစ်၏။ ” ဖလော ဖလော — ” မြေပြင်ပေါ်သို့ တရွတ်တိုက် ဆွဲယူခံရသည့် အသံ။မည်သို့သော် အရာကို ဆွဲယူလာသည်မသိ။ တဖြည်းဖြည်းနှင့် ထိုအသံသည် ဝေးရာမှ နီးလာ၏။ ကံဆောင် စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် သတိချပ်လိုက်သည်။ မျက်စိမှာ … Read more

ဘွားမယ်စိန်နှင့် မအိုးစည်

” ဘွားမယ်စိန်နှင့် မအိုးစည် ” ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ သောင်ထွန်းရွာသားဖြစ်သည့် ကိုလှထွန်းတစ်ယောက်ဘွားမယ်စိန်၏နေအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာခဲ့သည်။ “ဟယ်– လှထွန်း– ရွာကိုဘယ်တုန်းကရောက်နေတာလဲဟဲ့” ဒေါ်ဝင်းက ဆွေမျိုးမကင်းလှသောကိုလှထွန်းကို ဝမ်းသာအားရမေးလိုက်သည်။ “တစ်နေ့ကပဲရောက်တယ်အစ်မ… နေကောင်းကြတယ်နော်…” “ကောင်းပါ့…ကောင်းပါ့…” “လာထိုင်ကွဲ့…” “ဟုတ်ကဲ့…” ကိုလှထွန်းက ကွပ်ပျစ်ခင်း၌ဝင်ထိုင်သည်။ “ထိုင်ဦး..လှထွန်း… ငါလက်ဖက်လေးသွားသုပ်လိုက်ဦးမယ်” “ဟာ…နေပါအစ်မရာ… ကျုပ်ကဧည့်သည်မဟုတ်ပါဘူးဗျ” “အမယ်လေး…ခဏတင်ပါဟယ်… ထိုင်ဦးနော်…” “ကဲ…ပြောမရလည်းအစ်မသဘောပါပဲဗျာ…” ဒေါ်ဝင်းကမီးဖိုထဲဝင်သွားလေသည်။ ကိုလှထွန်းကိုဘွားမယ်စိန်ကငှဲ့ထားသောအကြမ်းရေခွက်ကို ကိုင်ကာလှမ်းပေးလေတော့ ကိုလှထွန်းကရိုရိုသေသေလေးယူရှာသည်။ “မောင်ရင်ရွာမလာတာကြာပြီမဟုတ်လား…” “ဟုတ်တယ်ဘွား…ကျုပ်လည်းဆရာနောက်လိုက်ရတာနဲ့ ခရီးရှည်သွားတယ်လေ… အခုတောင် ရွာဘုရားပွဲနီးလို့ဆရာဆီခွင့်တောင်းပြီး ပြန်လာခဲ့ရတာဗျ” “သြော်…အေး…အဆင်ကောပြောကြရဲ့လား” “ပြေတော့ပြေပါတယ်ဘွားရယ်…” ကိုလှထွန်းရဲ့လေသံက ပျော့သွားလေတော့ ဘွားမယ်စ်ိန်က… “ပြေတယ်သာဆိုတာ မောင်ရင့်အသံကပျော့လှပါလားကွဲ့” “ပြေတယ်ဆို…တလောကမှ ကျုပ်မိန်းမ မအိုးစည်လည်းဆုံးသွားရှာတာဘွားရဲ့.. ကျုပ်မှာသူဆုံးတာတောင်မမီလိုက်ရပါဘူးဗျာ…” “အလို…ဖြစ်မှဖြစ်ရပါ့ကွယ်…” ကိုလှထွန်းကသူ့ဆရာဦးကျော်သန်းနဲ့အတူတူ ရွာစဥ်လှည့်ကာ မြွေအလိမ္မာပြစားကြသူများဖြစ်သည်။ သူတို့တစ်ခါတစ်ခါခရီးထွက်လျှင်လနဲ့ချီကာကြာတတ်၏။ … Read more

အောင်မြတ်သာနှင့် အာခံတွင်းကဝင်းဝင်းတောက်တဲ့နဂါးစက်

” အောင်မြတ်သာနှင့် အာခံတွင်းကဝင်းဝင်းတောက်တဲ့နဂါးစက် ” (စ/ဆုံး) မူရင်းရေးသားသူ — ဇေယန (ရာမည) +++++++++++ သာလှနှင့် တက်ပု မြန်မြန်လုပ်ကြပါဟ – နင်တို့နောက်ကျနေပုံနဲ့ တောထဲကထင်းတွေ သူများကောက်လို့ကုန်သွားပါဦးမယ်။ လာပီဟေ့ လာပီ ထမင်းမကျက်သေးလို့ စောင့်နေတာပါဟ။ ကဲ သွားကြရအောင် — ဓားတွေ၊ ကြိုးတွေရော ပါပီလား၊ ပါတယ်ဟေ့ ပါတယ် လေကြောရှည်နေတယ် သူ့တို့ညီအကို ကိုပဲစောင့်နေရတယ်။ ငပုတောရွာကလေးမှာ နေထိုင်တဲ့ ရွာသူရွာသား အများစုကတော့ ဒီလိုပဲတောထဲသွား၊ ထင်းခွေပြီး ပြန်ရောင်းတဲ့အလုပ်နဲ့ အသက်မွေးမှုပြုကြတယ်။ တစ်ဖြေးဖြေးနဲ့ တောထဲတက်လာခဲ့ရာ အတန်တောနက်သည့် နေရာသို့ရောက်လာခဲ့တယ်။ အောင်ကြီးရေ ဒီနေရာလောက်ဆို အတော်ပဲကွ ရွာနဲ့လဲသိပ်မဝေးတော့ သယ်ရတာလဲ အဆင်ပြေတယ်။ ဒီအနီးအနားမှာပဲ ထင်းရှာကြတာပေါ့ဆိုပြီး နှစ်ယောက်တစ်တွဲဖြင့် တောထဲဝင်ခဲ့ကြတယ်။ သာလှနဲ့ … Read more

အင်ကု မှင်စာ – အပိုင်း(၁၂)

အင်ကု မှင်စာ – အပိုင်း(၁၂) ရေးသားသူ— ပီပီ(မန္တလေး) +++++++++++ အခန်း ၂၆။ နတ်ကတော် ဒေါ်မိန်းကလေးသည် အချဉ်မဟုတ်။ နတ်နဲ့ ပတ်သက်ရင် အတွင်း၃၇မင်း အပြင် ၃၇မင်းတို့ နတ်သမိုင်းများသာမက ၊ တခြားသောအထင်ကရမဟုတ်သည့် တိုလီမုတ်ဆ နတ်သေးနတ်မွှားကြောင်းကစ မကျန်စေရ အတွင်းသိ အစင်းသိဖြစ်၏။ သဘောကတော့ သူ့အသက်မွေးဝမ်းကျောင်း နတ်အဟောပညာတွင် တတ်သိကျေပွန်သူဖြစ်၏။ သို့ပေမဲ့- ယခုလောလောဆယ် သူမ၏ ရွာအတွင်း ပေါ်ပြူလာဖြစ်နေသော အင်ကု နတ်သူငယ်၏အကြောင်းကိုတော့ တလုံးတပါဒမျှ ရင်းနီးကျွမ်းဝင်ခြင်း မရှိသေးပေ။ အဲ့ဒီတော့ အင်ကုအကြောင်း သူမ သိထားမှ ဖြစ်လိမ့်မည်။ တလောကပင် သူမ၏ နတ်မေး ဖေါက်သည်များက အင်ကုအကြောင်း သူတို့သိထားသမျှ သူ့ရှေ့ ဖေါက်သည်ချပြောဆိုနေကြပြီ။ သု့ခမျာ တခွန်းမျှ ဝင်မပြောနိုင်ခဲ့ချေ။ … Read more

သုသာန်ကျောင်းက မောင်ဘထစ်

” သုသာန်ကျောင်းက မောင်ဘထစ် “(စ/ဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++ ဒီတုန်းက တာတေ ခုနှစ်တန်းဗျ။ မြို့ကျောင်း မှာ တက်နေတာ။ ကျုပ်တို့ အတန်းပိုင်ဆရာ က ဦးထွန်းလေ။ သင်္ချာ (၂)ဆရာဗျ။ ဂျော် မက်ထရီဆို လွှတ်ပိုင်တဲ့ ဆရာပေါ့ဗျာ။ စည်းကမ်းကလည်း တော်တော်ကြီးသားဗျ။ တာတေတို့အုပ်စုကလည်း မျောက်ရှုံးအောင် ဆော့တဲ့ကောင်တွေ မဟုတ်လား။ ခဏ ခဏ အပြစ်ပေးခံရသပေါ့ဗျာ။ တာတေတို့အုပ်စု ဆိုတာက တာတေရယ်၊ အောင်သိန်းရယ်၊ မျက်မှေးရယ်၊ တက်ခါးရယ်၊ ဘထစ်ရယ်ဗျ။ အဲဒီထဲမှာ အမွှေဆုံးကောင်ကတော့ ဘထစ် ပဲဗျ။ နေတာက သုသာန်ကျောင်းမှာ။ သုသာန်ကျောင်းကိုယ်တော် မွေးစားထားတာ လို့ ပြောတာပဲ။ သူ့နာမည်ရင်းက ဘချစ်တဲ့ဗျ။ ဒါပေမဲ့ စကားပြောရင် လွှတ်ထစ်တဲ့ကောင်။ ဒါကြောင့် တစ်ကျောင်းလုံးက … Read more