အောင်မြတ်သာနှင့်ရေကန်စောင့်မောင်နှမ
” အောင်မြတ်သာနှင့်ရေကန်စောင့်မောင်နှမ ” မူရင်းရေးသားသူ — ဆရာဇေယန(ရာမည) +++++++++++ ဆရာနဲ့ကျွန်တော် ထန်းခေါက်ကုန်းရွာကိုစဝင်တော့ – ရွာအဝမှာ ရေကန်ကြီးတစ်ကန်ကို အရင်တွေ့လိုက်ရတယ်။ ကန်ရဲ့ဘေးမှာတော့ ထုံးဖြူ နဲ့ရေးထားတဲ့ “ရေဆင်းမကူးရ အန္တရာယ်ရှိသည်”တဲ့ ။ ရေကန်ရဲ့ဘေးမှာတော့ တစ်ပိုင်းတစ်စ စေတီလေးတစ်ဆူကိုဖူးမြင်လိုက်ရတယ်။ တစ်ပိုင်းတစ်စနဲ့တည်ထားတာတော်တော်ကြာနေပီဆိုတာ အောက်ခြေကရေညှိတွေကိုကြည့်ပြီး သိလိုက်ရတယ်။ ရွာကလူတွေကိုမေးကြည့်တော့ – “ဒီစေတီတည်တော့ ရေကန်ကအစောင့်တွေမကြိုက်ဘူး – ရေကန်ကလဲနှစ်တိုင်းလူသေတယ်။ တစ်နှစ်တစ်ယောက်ပုံမှန်ရေနစ်သေတယ်။ ရွာကလူတွေရေထဲမဆင်းရင်တောင် စိတ်မမှန်တဲ့သူတွေ၊ ဝက်ရူးပြန်တဲ့လူတွေက အလိုလိုရေထဲခုန်ချပြီးသေကြတာ၊ ဒီစေတီတည်တော့လဲ အနှောင့်အယှက်တွေပေးကြတယ်၊ ဘယ်သူမှမတည်ရဲကြတော့ဘူး”လို့ပြောတာကိုကြားခဲ့ရတယ်။ ဒီလိုနဲ့ကျွန်တော်တို့လဲ ရွာမှာတစ်ညတာ အိပ်စက်အနားယူဖြစ်ခဲ့တယ်။ မလင်းမမှိန်ထွန်းလင်းနေတဲ့ လရောင်အောက်မှာ ထန်းခေါက်ကုန်းရွာလေးက ငြိမ်သက်တိတ်ဆိတ်နေသလို တစ်ခါတစ်ရံ မြည်တွန်နေတဲ့ ကျေးငှက်တွေရဲ့အသံကလဲ ညချမ်းအချိန်အခါလေးကို ပို၍အဓိပ္ပါယ်ပြည့်စုံစေခဲ့သည်။ ထိုအချိန်မှာပဲ– “လုပ်ကြပါဦး ကိုထွန်းမောင် ဘာဖြစ်လဲမသိဘူး … Read more