ရွာသူ ကလဲ့စား

“ရွာသူ ကလဲ့စား” +++++++++++ သိန်းတန် တစ်တစ်ယောက် အပျော်လွန်၍ ခြေဖဝါး နှင့်မြေကြီးက လွှတ်ချင်နေသည်။ သူပျော်မည်ဆိုကလည်း ပျော်သင့်၏။ သိန်းတန် ကား အသက် ၂၅ ၀န်းကျင် အမျိုးသား တစ်ယောက်ဖြစ်၏။ အသား ခပ်လတ်လတ် အရပ်ကထောင်ထောင် မောင်းမောင်း။ ရုပ်ရည်မှာ အချောကြီး မဟုတ်သော်လည်း ယောကျာ်း တစ်ယောက်၏ ကြည့်ကောင်းသော မျက်နှာထားရှိ၏။ မိဘများကလည်း လယ်ဧက မြောက်များစွာ ပိုင်ဆိုင်မှုရှိသလို ပစ္စည်းဂုဏ်မောက် ငွေဂုဏ်မောက်တတ်သည့် လူစားမဟုတ်တော့ ရွာထဲကလူများက သူ့အား ချစ်ခင်လေးစားကြပြန်သည်။ ယခုလည်း ပျော်စရာ ရင်ခုန်စရာ ကိစ္စလေး တစ်ခု အပြီးမှာတော့ သူ၏ သူငယ်ချင်းများ ရှိရာ မငွေခင် အရက်ဆိုင်သို့ သူလာနေခြင်းဖြစ်၏။ အရက်သမားလုံးလုံးမဟုတ်သော်လည်း ယောကျာ်း တို့သဘာ၀ အတိုင်း … Read more

အောင်မြတ်သာနှင့်မဟာမြိုင်တောသို့အလည်တစ်ခေါက်

” အောင်မြတ်သာနှင့်မဟာမြိုင်တောသို့အလည်တစ်ခေါက် ” (စ/ဆုံး) မူရင်းရေးသားသူ — ဇေယန (ရာမည) +++++++++++ အောင်မြတ်သာလည်းသူဌေးကုန်းရွာကနေ ထွက်လာပြီးနောက်မှာ မြို့အထွက်စေတီလေးမှာ ခဏ နားရင်း မိမိလုပ်နေကျဖြစ်တဲ့ တရားထိုင်ခြင်း လုပ်ငန်းကို ပြုလုပ်နေသကဲ့သို့သက်ခိုင်သည်လည်း မိမိ၏ အလုပ်ဖြစ်တဲ့ အင်းကွက်ရေးဆွဲခြင်း အလုပ်ကို စိတ်နှစ်ကာ ရေးဆွဲနေချိန်— “ဖတ် ဖတ် ဖတ် ဖတ်” ဝါးလုံးနဲ့တစ်စုံတစ်ရာကို.ရိုက်ခတ်သံကြားလိုက် ရတယ်။ သက်ခိုင်စိတ်မပျံ့လွင့်အောင် ချုပ်ထိန်းရင်း မိမိရေးဆွဲရမည့် အလုပ်ကို ပြီးပြတ်အောင် ရေးဆွဲနေ လိုက်တယ်။ သက်ခိုင် အင်းကွက်ရေးဆွဲပြီးချိန်မှာပဲ အောင်မြတ်သာ တရားဖြုတ်လိုက်တယ်။ ထိုစဉ်— “ဖတ် ဖတ် ဖတ်” ဝါးလုံးရိုက်သံက ကြားလာရပြန်ရော…အသံက စေတီအနောက် ဝါးရုံတောထဲက ကြားရတာ— “ဆရာ ကြားလား” “အိမ်း ငါတို့ကို စောင့်ကြည့်နေတာဖြစ်မယ်” … Read more

မဖဲဝါရဲ့အိမ်

” မဖဲဝါရဲ့အိမ် “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++++++++++++ နွေတော့ရောက်ပြီ ။ ဒါပေမဲ့ ကျုပ်တို့အညာမှာကအအေးဓာတ် လေးမကုန်သေးဘူးဗျ ။ နေ့ပူလို့ ညချမ်း ဆိုတဲ့တပေါင်းလလေဗျာ – လွှတ်ပြီးအေးတာတော့လည်း မဟုတ်တော့ဘူးဗျ ။ နေလို့ကောင်းယုံပေါ့ ညဆို ကျုပ်တို့ ရွာသားတွေတော်တော်နဲ့ မအိပ်ဖြစ်ကြဘူးဗျ – ကျုပ်ဆီကို တယောက်မဟုတ်တယောက် လာလည်ကြတာ။ တခါတလေတော့လည်း စကားကောင်းပြီး လုလင်ပြန်ကြက်တွန်သံကြားမှ ထပြန်ကြရောဗျို့ ။ တချို့ကျတော့ သက်ကြီးခေါင်းချ ကြက်တွန်ချိန်ဆိုရင် ပြန်တာပါပဲ – ဧည့်သည်ပြန်တော့ ကျုပ်လည်း ဝိုင်းတံခါးပိတ်ပြီး အိပ်ယာဝင်တော့တာပေါ့ဗျာညောင်ကုန်းဆိုတာက ဘန့်ဘွေးကုန်းရဲ့ မြောက်ဘက်ကျတယ် ။ ဘန့်ဘွေးကုန်းကနေ တစ်နာရီလောက်လျှောက်ရသေးတယ်ဗျ။ လျှောက်ရင်းနဲ့ ဘန့်ဘွေးကုန်းကို လှမ်းမြင်နေရပြီ ၊ မှောင်စလည်းပျိုးပြီ ။ ကျုပ်က … Read more

အောက်လမ်းဘိုးထင် နှင့် သရဲကိုပြုံး

” အောက်လမ်းဘိုးထင် နှင့် သရဲကိုပြုံး ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ ရွာ၏ တောင်ဘက် ပင်း ဟု အများခေါ်ကြသော ရေနစ်သည် ချောင်းထဲတွင် လူများစုရုံးနေလေသည် ၊ ရေငုပ်သူငုပ် ပွဲပေးသူပေးနှင့် အလုပ်ရှုပ်နေစဉ် ချောင်း ကမ်းပါးပေါ်တွင်တော့ အရွယ်စုံလှသော လူအုပ်ကြီးသည် တစုံတခုကို မျှော်လင့်စောင့်စားနေကြသည် ၊ ရွာလူကြီး သည်လည်း ချောင်းတ‌ေလျာက် ရေငုတ်နေကြသော လူရွယ်များအား မေမြန်းနေလေသည်။ “ဟေ့ကောင်တွေ တွေ့လား” “မတွေ့ဘူး ရွာလူကြီး – ကျုပ်တို့အထင် ချောင်းအတိုင်းများ မျောပါသွားလား မသိဘူး” “အေးကွ – လိုက်ရှာကြဟေ့ ” ရွာသားများ ရင်တမမ နှင့် တစုံတခုကို ရှာဖွေ နေစဉ် ချောင်းကံပါးတွင်‌‌ေတာ့ ပြုံးရယ်နေသော အမျိုးသမီးကြီးတယောက်မှ … Read more

 ဆရာပြန်ပြေး ဘုရားကလေး

* ဆရာပြန်ပြေး ဘုရားကလေး  * ( စ / ဆုံး ) မူရင်းရေးသားသူ—ဆရာတာတေ +++++++++++++++++++++ တာတေတို့ရွာနဲ့တော့ ဆယ်တိုင်လောက်ဝေးတာပေါ့။ ဆယ်တိုင်ဆိုတာ မိုင်နှစ်ဆယ်ကိုပြောတာဗျ။ ရွာနာမည်က ဘုရားကလေးတဲ့။ ရွာဦးမှာ ထုံးဖြူဖြူနဲ့ ရှေးဟောင်းစေတီတစ်ဆူ ရှိတယ်ဗျ။စေတီကတော့ ကိုးထောင်ပြည့်စေတီပါ။လက်ရာက မြင်တာနဲ့ကို သိတယ်ဗျ။ တော်တော်ကို ရှေးကျတဲ့လက်ရာပါ။ အဲဒီမှာ ဘုရားလေးကို အစွဲပြုပြီး ဒီရွာကိုလည်း ဘုရားလေး ရွာပဲခေါ်ကြတာဗျ။ ဘုရာလေးရွာက ရွာဝင်လမ်း တောင်ဘက် ကုန်းမြင့်လေးပေါ်မှာ တည်ထားတာဗျ။ တစ်ချို့ကတော့ ဘုရားလေးကုန်းမြင့်လို့ ခေါ်ကြတယ်။ဒါပေမဲ့ ရွာခံလူတွေ ခေါ်တာကတော့  “ဆရာပြေးကုန်း”လို့ခေါ်တယ်။ အဲဒီကုန်းပေါ်တက်ပြီး အဓိဋ္ဌာန်ဝင်တဲ့ ဆရာတွေ အစီရင်လုပ်တဲ့ ဆရာတွေ ဒီကုန်းပေါ်က ရုပ်ပျက်ဆင်းပျက် ဆင်းပြေးရတာတဲ့ ဗျို့။ပြေးရပြီဆိုရင်လည်း နောက်ကိုတောင် တစ်ချက်လှည့် မကြည့်ရဲဘူးဆိုပဲ။ … Read more

အသေဖြောင့်သူ

” အသေဖြောင့်သူ “(စ/ဆုံး) +++++++++++ “ကိုတင်ပိုင်_ကိုတင်ပိုင် _ ခဏနေဦး_ ခဏနေဦး” စက်လှေပေါ်သို့တင်ပိုင်ကခြေတစ်ဖက်တင်ပြီးနေပြီ။အထက် ပါအတိုင်းလှမ်းအော်လိုက်သံကြောင့်ခြေကိုပြန်ရုပ်ပြီးနောက်လှည့် ကြည့်လိုက်သည်။ ထိုအခါ သူ့ထံသို့ဦးတည်ပြီး ပြေးလာနေသော သူ့မိန်းမ မတင်မြကို တွေ့လိုက်ရသည်။ သည်မိန်းမပုံစံက ပျာယီး ပျာယာနိုင်လှသည်။ တစ်ခုခုတော့ထူးနေပြီဟု ထိတ်ခနဲဖြစ်သွား မိသည်။ ထင်သည့်အတိုင်းပင် .. “ကိုတင်ပိုင်..ရှင့်အဖေ..ရှင့်အဖေ လေဖြတ်လို့တဲ့။ ဆေးရုံ တင်ထားရတယ်တဲ့” “ဟင်—” အနီးရောက်ရောက်ချင်း ဗလုံးဗထွေး ပြောလာသောမိန်းမ လုပ်သူ၏စကားက တင်ပိုင့်ရင်အစုံကိုရုတ်ခြည်းပြောင်းဆန်သွား စေသည်။ လူကိုပါပျာယာခတ်သွားစေသည်။ “ဖိုးကိုရေ. ငါမလိုက်တော့ဘူးဟေ့။ ငါ့စပါးအိတ်တွေကို ဟို ရောက်ရင် မင်းပဲ အလုပ်သမားငှားပြီး ဆက်လုပ်ပေးလိုက်စမ်းပါ “ကောင်းပြီ. ကောင်းပြီ။စိတ်ချ. စိတ်ရ စက်လှေသမားကပြန်အော်ပြီးစက်ကိုနှိုးသည်။ကမ်းမှခွာ၍လည်းမောင်းထွက် သွားသည်။ လင်မယားနှစ်ယောက် ကမ်းခြေမှ ခပ်သုတ်သုတ်လျှောက်လာခဲ့ကြ သည်။တာပေါင်ပေါ်ရောက်သော် . … Read more

အောင်မြတ်သာနှင့်ကတ္တီပါစံအိမ်

” အောင်မြတ်သာနှင့်ကတ္တီပါစံအိမ် ” – – – – – – – – – – – သီပေါမင်းပါတော်မူပြီးနောက်ပိုင်း မြန်မာနန်းတွင်းသွေးပါသူအများစုက အင်္ဂလိပ်နယ်ချဲ့တွေကို ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ တစ်ချို့တွေကတော့ အင်္ဂလိပ်လက်အောက်ကို ခိုလှုံပြီး မျက်နှာဖြူ နယ်ချဲ့အစိုးရရဲ့ပေးစာကမ်းစာကိုယူကာ ဘဝကိုဖြစ်သလို ဖြတ်သန်းခဲ့ကြတယ်။ အဲဒီထဲကမှ သီပေါဘုရင်ရဲ့ ကိုယ်ရံတော်အဖွဲ့ထဲက မောင်မှတ်ဆိုသူက ဘုရင့်ဘဏ္ဍာတိုက်ထဲက ရွှေငွေလက်ဝတ်ရတနာအမြောက်အများကို ခိုးယူပြီး မတ္တရာနယ်မြေအတွင်းမှာ နောက်ကြောင်းဖျောက်ကာ သာမန်အရပ်သားအဖြစ် ဇာတ်မြုပ်နေခဲ့တယ်။ သီပေါဘုရင်ပါတော်မူပြီးနောက်ပိုင်း အုံကြွလာတဲ့ ပုန်ကန်မှုတွေကို ဗြိတိသျှနယ်ချဲ့အစိုးရက ပြတ်ပြတ်သားသားအရေးယူနေတဲ့အချိန် မောင်မှတ်ကတော့ အင်္ဂလိပ်နယ်ချဲ့နဲ့ပူးပေါင်းကာ မိမိစားခွက်မပျောက်ရေးလမ်းစဉ်ကို ကျင့်သုံးခဲ့တယ်။ လူရည်လည်တဲ့မောင်မှတ်ရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် အင်္ဂလိပ်အစိုးရရဲ့ သူကောင်းပြုခြင်းကို ခံခဲ့ရတယ်။ နယ်ချဲ့အစိုးရခေတ်မှာ နန်းတော်ထဲက ရလာတဲ့ ရတနာအချို့ကို … Read more

ဓားစကြာ

” ဓားစကြာ ” (စ/ဆုံး) မူရင်း-ဆရာတာတေ +++++++++++ တာတေလည်း သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ကောင်ပဲ ဗျာ။ ဒါပေမဲ့ တစ်ခုတော့ ခက်သားဗျ။ ကျုပ်ဆိုတဲ့ကောင်က မဖြစ်ရင်သာ မဖြစ်တာဗျ။ ဖြစ်ပြီဆိုရင်တော့ မချိမဆံ့ချည်းပဲဗျို့။ ကျုပ် ဆယ်နှစ်သားလောက်ကလည်း ဝမ်းလျှောလို့ မြို့က ဆေးရုံ မှာ သုံးရက်သွားပြီးတက်ခဲ့ရသေးတယ်။ အခုလည်း ကျုပ် မြို့က ဆေးရုံမှာ တက်နေရတာဗျ။ ဒီတစ်ခါတော့ ဝမ်းလျှော့တာ မဟုတ်ဘူးဗျို့၊ ဖျားတာ။ တိုက်ဖွိုက် လို့ပြောတယ်။ လူလည်း အရိုးနဲ့ အရေခွံပဲ ကျန်တော့တယ်။ အမေနဲ့ တိုးလှတို့၊ သိန်းဇော်တို့ လိုက်လာပြီး ကျုပ်ကို ပြုစုကြရ တာပေါ့ဗျာ။ အခုတော့ ကျုပ် ကောင်းနေပါပြီ။ အဖျားမတက်တာ သုံးရက်တောင် ရှိပြီ။ ဒါပေမဲ့ အရည်ပဲ … Read more

dar sat kyar testing

တာတေလည်း သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ကောင်ပဲ ဗျာ။ ဒါပေမဲ့ တစ်ခုတော့ ခက်သားဗျ။ ကျုပ်ဆိုတဲ့ကောင်က မဖြစ်ရင်သာ မဖြစ်တာဗျ။ ဖြစ်ပြီဆိုရင်တော့ မချိမဆံ့ချည်းပဲဗျို့။ ကျုပ် ဆယ်နှစ်သားလောက်ကလည်း ဝမ်းလျှောလို့ မြို့က ဆေးရုံ မှာ သုံးရက်သွားပြီးတက်ခဲ့ရသေးတယ်။ အခုလည်း ကျုပ် မြို့က ဆေးရုံမှာ တက်နေရတာဗျ။ ဒီတစ်ခါတော့ ဝမ်းလျှော့တာ မဟုတ်ဘူးဗျို့၊ ဖျားတာ။ တိုက်ဖွိုက် လို့ပြောတယ်။ လူလည်း အရိုးနဲ့ အရေခွံပဲ ကျန်တော့တယ်။ အမေနဲ့ တိုးလှတို့၊ သိန်းဇော်တို့ လိုက်လာပြီး ကျုပ်ကို ပြုစုကြရ တာပေါ့ဗျာ။ အခုတော့ ကျုပ် ကောင်းနေပါပြီ။ အဖျားမတက်တာ သုံးရက်တောင် ရှိပြီ။ ဒါပေမဲ့ အရည်ပဲ သောက်ရသေးတာပေါ့ ဗျာ။ ကျုပ် ဆေးရုံတက်တဲ့အချိန်မှာ မြို့က ဆေးရုံကြီးမှာ … Read more

” ဓားစကြာ ” (စ/ဆုံး) ++++++++ မူရင်း-ဆရာတာတေ

တာတေလည်း သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ကောင်ပဲ ဗျာ။ ဒါပေမဲ့ တစ်ခုတော့ ခက်သားဗျ။ ကျုပ်ဆိုတဲ့ကောင်က မဖြစ်ရင်သာ မဖြစ်တာဗျ။ ဖြစ်ပြီဆိုရင်တော့ မချိမဆံ့ချည်းပဲဗျို့။ ကျုပ် ဆယ်နှစ်သားလောက်ကလည်း ဝမ်းလျှောလို့ မြို့က ဆေးရုံ မှာ သုံးရက်သွားပြီးတက်ခဲ့ရသေးတယ်။ အခုလည်း ကျုပ် မြို့က ဆေးရုံမှာ တက်နေရတာဗျ။ ဒီတစ်ခါတော့ ဝမ်းလျှော့တာ မဟုတ်ဘူးဗျို့၊ ဖျားတာ။ တိုက်ဖွိုက် လို့ပြောတယ်။ လူလည်း အရိုးနဲ့ အရေခွံပဲ ကျန်တော့တယ်။ အမေနဲ့ တိုးလှတို့၊ သိန်းဇော်တို့ လိုက်လာပြီး ကျုပ်ကို ပြုစုကြရ တာပေါ့ဗျာ။ အခုတော့ ကျုပ် ကောင်းနေပါပြီ။ အဖျားမတက်တာ သုံးရက်တောင် ရှိပြီ။ ဒါပေမဲ့ အရည်ပဲ သောက်ရသေးတာပေါ့ ဗျာ။ ကျုပ် ဆေးရုံတက်တဲ့အချိန်မှာ မြို့က ဆေးရုံကြီးမှာ … Read more