” အောင်မြတ်သာနှင့်နန်းစဉ်သခင်မြနန်းရှင် ” မိုးသားတိမ်လိပ်တွေဖုံးအုပ်နေတဲ့ လမိုက်ညတစ်ညမှာတော့ နန်းစဉ်ရွာအစွန်မှာရှိတဲ့ အိမ်တစ်လုံးကနေ တီးတိုးစကားပြောသံအချို့ထွက်လာခဲ့တယ်။ ရေနံဆီမီးအိမ်မှိန်ပြပြထွန်းထားတဲ့ အခန်းအတွင်းမှာတော့ နက်မှောင်သန်စွမ်းတဲ့ဆံပင်အုံကြီးကို တစ်ပတ်လျှိုထုံးထားတဲ့ မိန်းမငယ်တစ်ယောက်က ဒူးတစ်ဖက်ထောင်ကာဆေးပြင်းလိပ်ခဲနေတဲ့ ရုပ်ထုရှေ့မှာ ထိုင်ပြီး – “ ကျွန်တော်မျိုးမတို့ ဒီအချိန်ကိုစောင့်ဆိုင်းနေတာ နှစ်တွေလတွေကြာညောင်းခဲ့ပါပြီ။ ကျွန်တော်မျိုးမလက်ထက်မှာမှ သခင်မကြီးလွတ်မြောက်လာတဲ့အတွက် မျက်ရည်မဆည်နိုင်အောင်ဝမ်းသာပီတိဖြစ်မိပါတယ်။ အမေကြီးရဲ့ ကျေးတော်ရင်း ကျွန်တော်ရင်းတွေကလဲ မြွက်ကြားလာမယ့် အမိန့်တော်ကို မျှော်လင့်စောင့်စားနေပါတယ်” လို့ပြောလိုက်တဲ့အချိန် ဆေးပြင်းလိပ်ခဲနေတဲ့ ရုပ်ထုကြီးက အသက်ဝင်လာတဲ့အလား လှုပ်ရမ်းလာခဲ့တယ်။ “ အမေကြီးက သူရွေးချယ်မယ့်သူကို အိမ်မက်ပေးလိမ့်မယ်ထင်တယ်… သူ့အနေနဲ့ အဘိုးတို့ထဲက ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လေ” ပါးရေနားရေတွေတွဲကျပြီး ဆံပင်တွေဖြူဆွတ်နေတဲ့ အဖိုးညိုမောင်ရဲ့စကားကြောင့် အိမ်ထဲမှာရှိနေကြတဲ့လူတွေအားလုံး ခေါင်းတညိမ့်ညိမ့်လုပ်ကာ အမေကြီးရုပ်ထုကို ဦးချကန်တော့လိုက်တယ်။ အဖိုးညိုမောင်တို့မျိုးရိုးက အမေကြီးရဲ့လူယုံတွေဖြစ်ခဲ့သလို နန်းစဉ်ရွာစတည်စဉ်ကနေ အခုထိ အမေကြီးအပေါ်သစ္စာရှိတဲ့လူတွေဖြစ်ခဲ့ကြတယ်။ … Read more