ကိုးသင်္ချိုင်းပုဆိန်

” ကိုးသင်္ချိုင်းပုဆိန် ” (စ / ဆုံး) မူရင်းရေးသားသူ— ဆရာတာတေ +++++++++++++++++++++ အဲ့ဒီတုန်းကတာတေနွားစာစဉ်းနေတာဗျာ။ အဘရဲ့ နွားညိုကြီးနှစ်ကောင်ကအစားအသောက် ဂရုစိုက်ကျွေးမွေးတာရယ်။ အနေအထိုင်ကောင်းတာရယ်ကြောင့်ဝဝဖြိုးဖြိုးနဲ တကယ်နွားချောကြီးတွေဖြစ်လာတယ်ဗျ။ သူတိုတွေကိုဂရုစိုက်တော့လည်း သူတို့ကလည်းပြန်ပြီးဂရုစိုက်တော့တာပေါ့ဗျာ။ ကျူ ပ်တိုနွားကြီးတွေက လွှတ်လိမ္မာတာဗျ။ တကယ်ကိုကြိမ်လွတ်တဲကောင်တွေဗျ။ ကြိမ်လုံးနဲရိုက်ဖို့ဝေးရောတို့တောင်မတို့ရပါဘူး ဗျာ။နွားစာစဉ်းတယ်ဆိုတာ အာရုံငြိမ်ဖို့တော့လိုသားဗျ။ခြေထောက်ကလည်း ချက်မှန်မှန်နင်းရတယ်။ လက်ကလည်းပြောင်ဖူးရိုးတွေကိုမပြတ်ထိုးပေ ရတာမို့လားကျူပ်ကလည်းပြောင်းရိုး တွေတောင်းတစ်လုံးပြည့်တော့ရပ်လိုက်တယ်။ ဒါတွေကိုနွားစာခွက်မှာပြန်ထည့်ပေး ရမှာလေ။နွားစာတောင်းကို မ မ လိုလုပ်နေတုန်း ———– “အရီး တာတေရော” “ဟဲ သာဆန်းပါလား တာတေရှိတယ် နွားစာစဉ်းနေတယ်ဟဲ့ နင်ကဘယ်ကလှည့်လာတာတုံး” “ဒီကိုပဲအရီးရဲ့ တာတေ့ဆီလာတာ” ” ကိစ္စရှိလို့လား သာဆန်းရဲ့။ နင့်ကြည့်ရတာ အရေးတကြီး ဖြစ်နေပုံပါလား ပုဆိုးကြီးကလည်း တိုတိုကြီးဝတ်လို့ဘာဖြစ်လာတာတုံးဟဲ့” ” ကျူပ်တို့မြောက်ဘက်ဝိုင်းကဖိုးထောင်ရဲ့ မိန်းမ မိညုက်ကိုသရဲ … Read more

ဆယ့်နှစ်ကြိုးခင်သုန် (အပိုင်း-၂-)

” ဆယ့်နှစ်ကြိုးခင်သုန် “(အပိုင်း-၂-) +++++++++++++++++++++ ( ၄) “ဆယ်ရက်မြောက်တော့မမ ခင်သုန်ပြန်ထွက်လာလား” “ဟိုကောင်ဟိုကောင်ခင်မောင်ကျော် ရော ဘာဖြစ်သွားလဲ” ရဲဖြိုး နှင့် အာကာ၏ အမေးကို ဝင်းထိုက်က လက်ကာပြပြီး ဝီစကီ ပုလင်းကိုခွက်ထဲငှဲ့ထည့်လိုက်သည်။ “ဆက်ပြောမယ်—– ခဏလေးပါဟ— ငါလခွီး— ချီးမှပဲ” ဝင်းထိုက်က သူတို့ရွာက ဆယ့်နှစ်ကြိုးစုန်းမ မမခင်သုန်အကြောင်းဟု အစချီ ကာ အရက်ဝိုင်းတွင်ပြောပြနေသည်ကိုရဲဖြိုး နှင့် အာကာ က စိတ်ဝင်စားနေ သလို…..ခုတင်ပေါ်တွင်စာဖတ်နေ သော ခက်ဇော် ကပါ စိတ်ဝင်တစားလာ နားထောင်သည်—။ “အေး……….(၁၀)ရက်မြောက်နေ့မှာ မမခင်သုန်ပြန်ထွက်လာပြီးသူ့အမေရဲ့ ဂူကိုသွားတယ်ကွ…..ရွာဦးကျောင်း ဘုန်းကြီး ဦးဝါယမ နဲ့ ရွာလူကြီးတွေက မမခင်သုန်ကိုသင်းချိုင်းအထိလိုက်လာ ပြီးရက်လည်လုပ်ပေးဖို့ပြောတယ်…..မမခင်သုန်က ဘာမှမပြောဘူး…… ဆရာတော်ကိုတောင် ခပ်စိမ်းစိမ်းတစ် ချက်ကြည့်ပြီးပြန်လှည့်ထွက်သွားတော့ တာပါပဲကွာ” “ခင်မောင်ကျော်ကတော့ … Read more

အောင်မြတ်သာနှင့်သန္ဓေသားစားချင်သောသရဲမ

” အောင်မြတ်သာနှင့်သန္ဓေသားစားချင်သောသရဲမ ” စာရေးဆရာ -ဇေယန(ရာမည) +++++++++++++++++++++ “အား — ကျွတ် – ကျွတ်- ကျွတ်” ထမင်းအိုးငှဲ့နေရင်း ညဉ်းညူလိုက်တဲ့နှင်းမှုံရဲ့အသံ‌ကြောင့် လယ်ထဲဆင်းဖို့ပြင်နေတဲ့ စန်းယုတစ်ယောက် ခမောက်ကိုပစ်ချကာ အိမ်နောက်ဘေးကိုပြေး၀င်လာခဲ့လိုက်တယ်။ ” နှင်းမှုံ—- ဘာဖြစ်တာလဲ…” ” ခါးကနည်းနည်းမျက်သလိုဖြစ်သွားတာပါ– ဘာမှမဖြစ်ပါဘူး” ” အာ— မဖြစ်စရာလား— ကိုယ်၀န်အရင့်မာကြီးနဲ့ ဒါမျိုးတွေလုပ်ရင် သတိထားရမှာပေါ့ကွယ်— လာလာ အကိုလုပ်လိုက်မယ်” စန်းယုက နှင်းမှုံရဲ့ သွယ်လျနေတဲ့ လက်မောင်းတွေကိုဆုပ်ကိုင်ရင်း‌ အနားယူစေကာ ထမင်းအိုးကိုဆတ်ခနဲဆွဲယူပြီး ကျွမ်းကျင်စွာငှဲ့နေလိုက်တယ်။ ” အကို အဆင်ပြေရဲ့လား” ” ဒီအလုပ်တွေက ငယ်ငယ်ထဲက လုပ်လာတာပါ နှင်းမှုံရယ်… ဒီလောက်ကတော့ စာမဖွဲ့ပါဘူး” စန်းယုက ထမင်းအိုးငှဲ့ နေရင်း မိန်းမဖြစ်သူကို ပြုံးပြုံးကြီးစိုက်ကြည့်လိုက်တော့ နှင်းမှုံတစ်ယောက် … Read more

မှန်ထဲက တာတေ

” မှန်ထဲက တာတေ ” (စ/ဆုံး) မူရင်းရေးသူ— ဆရာတာတေ +++++++++++ တာတေတို့နေတဲ့ ထနောင်းကုန်းကနေ ဆရာမနိုင်ကို သွားတဲ့အခါ လှည်းလမ်းကြောင်းမှာ ကုက္ကိုခွတို့ ၊ သစ်ရာတောတို့ သီးတောတို့၊ ထိန်ကုန်းတို့ ၊ ညံတောတို့ဆိုတဲ့ ရွာတွေကို ဖြတ်သွားရတာဗျ။ ညံတောဆိုတာ ရှေးရွာဟောင်းကြီးဗျ။ ဘယ်လောက်တောင် ရှေးကျတယ်တော့ အတိအကျ မပြောတတ်ဘူးဗျ။ ဒါပေမဲ့အဲဒီဘက်က ယာတောတွေထဲမှာ ရှေးခေတ်က အုတ်ခဲအကြီးကြီးတွေနဲ့ တည်ထားတဲ့ ဘုရားပျက်တွေ အတော်များများ ရှိတယ်၊ အဲဒီက ယာတောတွေကိုခေါ်တာတောင် ဘုရားငုတ်တိုအကွက်တို့၊ဘုရားပျက်ကုန်းတို့ ၊ ဘုရားအိုယာကွက်တို့၊ ဥစ္စာသိုက်ကုန်းတို့ ခေါ်တာဗျ။ ညံတောမှာ ယာထွန်ရင်း ရှေးဟောင်းဒင်္ဂါးတွေရဖူးတဲ့ သူတွေ ရှိတယ်။ ရှေးခေတ်က အိုးတွေ၊ခွက်တွေကတော့ ခဏ ခဏကို တွေ့ကြတာဗျ။ ရွာထဲမှာ ဆိုရင်လည်း … Read more

ဆယ့်နှစ်ကြိုးခင်သုန် 

” ဆယ့်နှစ်ကြိုးခင်သုန် “ +++++++++++ (၁)- “သေချင်ရင် အဆိပ်မစားနဲ့ ဒေါ်ဖွားအိ ဆီ သွား” သည်နယ်တဝိုက်တွင်တော့ ထိုစကားက အခုတလောခေတ်စားသည်။ ဘာပဲဖြစ်ဖြစ်ဒေါ်ဖွားအိရဲ့ သမီးများဖြစ်သည့် ခင်မှုံနဲ့ ခင်သုန်တို့ရဲ့ အလှအပ စွဲဆောင်မှုအားကိုတော့..ထိုစကားလုံးများဖြင့်မတားဆီးနိုင်သည်က သေချာပါသည်။ ဒေါ်ဖွားအိ..။ စုန်း ၊အောက်လမ်း၊ မှော်ပညာရှင် များပေါသည်ဟု နာမည်ကြီးသည့် သည်နယ်တစ်ကြော ဒေါ်ဖွားအိ ဆိုသည့်နာမည်ကိုကြားလျှင် တော်ရုံလောကီပညာတတ်ပါသည် ဆိုသည့်ပညာရှင်များပင် ဖြုံသွားတတ်ကြသည်တဲ့။ ရွာသူအဆင့် ချီးစားစုန်း မှစပြီး စုန်းမျိုး (၆)မျိုး၊ ကဝေ‌မြောက်စုန်း၊ အိမ်တလိမ့်စုန်း၊ ဟဲဘူးစုန်း၊ စုန်းဘီလူး၊ မှောင်နှာခေါင်းစုန်း၊ နောက်သိုးစုန်း အဆင့်လောက်တော့ ဒေါ်ဖွားအိကို သွားမယှဥ်နှင့်။ ဒေါ်ဖွားအိက တိမ်ညွန့်စားသည့် ဆယ့်နှစ်ကြိုးအဆင့်ဟု ရွာနီးချုပ်စပ်တွင် နာမည်ကြီးသည်–။ ထိုပြင် ‌ဒေါ်ဖွားအိသည် မွေးကတည်းက လျှာတွင်အနီစက်များပါသည်တဲ့..လျှာစက်အာစက်လို့ … Read more

အောင်မြတ်သာနှင့်လောင်မီးကျိန်စာ

” အောင်မြတ်သာနှင့်လောင်မီးကျိန်စာ ” +++++++++++++++++++++ အောင်မြတ်သာလည်း အဖွားစိမ်းတို့ရွာကနေ ညဘက်သန်းခေါင်အချိန်ထွက်လာခဲ့ပြီး ခရီးဆက်ခဲ့တယ်။ ခရီးဆက်လာရင်း အချိန်အတန်ကြာတော့ မလှမ်းမကမ်းမှာ မီးရောင်ပြပြလေးတစ်ခုကိုတွေ့လိုက်ရတယ်။ ထိုမီးရောင်လာတဲ့နေရာကိုဆက်လျောက်သွားလိုက်တော့ ယာတဲလေးဘေးမှာ မီးလှုံနေတဲ့ အသက်ခြောက်အရွယ်အဖိုးအဖွားလင်မယားကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း ယာတဲလေးဘေးမှာ ခဏဝင်ထိုင်လိုက်တဲ့အချိန် အဖိုးအိုက “လူလေး ညဘက်သန်းခေါင် ဘယ်သွားမလို့လဲ” “အရှေ့ဘက်ကရွာသွားမလို့ပါအဘ မီးရောင်လေးတွေ့တာနဲ့ ခဏဝင်လာတာပါ” “အေး အေး ညဘက်ကအေးတော့ ရေနွေးလေးသောက်လိုက်ဦး ပြီးမှ ခရီးဆက်ပေါ့ ” အောင်မြတ်သာလည်း အဖိုးအိုကမ်းပေးတဲ့ရေနွေးခွက်ကိုယူပြီး တစ်ကျိုက်မော့လိုက်တယ် – “ငါ့တူက ဘယ်ကနေလာတာလဲ” “ဟိုဖက်ရွာကပါ အဖိုး” “ကန်စွန်းရိုးရွာကလား အဲဒီရွာဆိုအဖိုးသိတာပေါ့ ငယ်ငယ်က အဲဒီရွာမှာ သူရင်းငှားလုပ်ခဲ့တာလေ သူရင်းငှားလုပ်ရင်း ဒီအမယ်အိုနဲ့ ဖူးစာပါခဲ့တာ” “ဒါဆို ကန်စွန်းရိုးရွာအကြောင်း အဖိုးကပိုသိမှာပေါ့” “သိပ်သိတာပေါ့ကွယ် ငါ့တူက ဘာကိစ္စသိချင်လို့လဲ” … Read more

လူနီကလေး

* လူနီကလေး *( အစ / အဆုံး ) ရေးသားသူ—ဆရာ တာတေ +++++++++++++++++++++ ကျုပ်အဘပိုင်တဲ့ယာကွက်တွေထဲမှာမှ သမုန်း ပင်တွေခြောက်ပင်ခုနှစ်ပင်လာက်ပေါက်နေတဲ့ အကွက်ကို သမုန်းတောယာလို့ကျုပ်တို့ရွာသားတွေခေါ်ကြတယ်ဗျ။ အဘပိုင်တဲ့ ယာတွေထဲမှာ အဲဒီအကွက်က မြောက်ဘက်အကျဆုံးပဲဗျ။ ဒီမနက် ကျုပ် တစ်ယောက်တည်း သမုန်းတောယာမှာ ယာထွန်းနေတာဗျ။ ပြီးတော့ ထွန်တဲ့လူကတည်း လက်ကြောတင်ဦးမှဖြစ်တာ။ နက်နက်ထွန်နိုင်မှ မြေဆီပေါ်တာဗျ အပေါ်ယံ ရှပ်ထွန်နေလို့ကတော့ အလကားပဲဗျို့။ မြေဆီပေါ်မှ သီးနံအောင်တာလေဗျာ။ ကျုပ်ဖြင့် ခိုက်ခိုက် တုန်အောင် ချမ်းနေတဲ့ အချိန်မှာကိုပဲ ချွေးသီးချွေးပေါက်ကျနေတော့တာဗျို့ ။ ဒီတစ်တစ်စပ် ထွန်ပြီးရင်တော့ ခဏနားဦးမှလို့ ကျုပ်တွေးနေတာ နွားလည်းနား လူလည်းနားပေါ့ဗျာ ။ “တာတေ လုပ်လှချည်လားကွာ၊ တစ်ယောက်တည်းကို နင်းတွယ်နေတော့တာပဲကွာ” ကျုပ်ကိုခေါ်သံကြားလို့နောက်ကို လှည့်ကြည့်လိုက်တယ်။ သမုန်းပင်တွေအောက်မှာ … Read more

အသက်ဝင်တဲ့ ဋ္ဌာပနာ

” အသက်ဝင်တဲ့ ဋ္ဌာပနာ ” +++++++++++ လက်ခုပ်ကုန်းရွာ— ရွာလူကြီးဦးပန်ရဲ့ အိမ်ဆီကို ရွာသူရွာသားတို့ စုဝေးကာ ခပ်သုတ်သုတ် သွားလာနေကြတယ်။ တအောင့်အကြာမှာတော့ ရွာသူရွာသားတို့ ဦးပန်ရဲ့ အိမ်ရှေ့ဆီဝယ် စုဝေးရောက်ရှိကြပြီး စုံလင်သလောက်လည်း ဖြစ်လာခဲ့တယ်။ ဦးပန်က အားလုံးရဲ့ အရှေ့ဆီက ခုံမှာ ထိုင်နေရင်းက မတ်တပ်ရပ်လိုက်ပြီး ရောက်ရှိနေတဲ့ လူသူတို့ကို ဝေ့ကြည့်လို့—။ ” ကဲ…ရွာသူရွာသားအပေါင်းတို့၊ီူလေုက်ဆိုရင်တော့ ရွာထဲက လူတွေ စုံပြီလို့ထင်မိတယ်။ ဒီတော့ ကျပြ် ဘာကြောင့် အခုလို စည်းဝေးရသလဲဆိုတာကို ပြောပြမယ်…” ဦးပန်က စကားကို ခဏရပ်ပြီး အားလုံးကို တစ်ချက် ဝေ့ကြည့်ပြန်တယ်။ ရွာသူရွာသားတို့က သူ့စကားကို စိတ်ဝင်တစား နားစွင့်နေကြတာမို့ ဦးပန်က ဆက်လက်ပြီး…။ ” အားလုံးပဲ သိကြတဲ့အတိုင်းပဲ၊ ကျုပ်တို့ရဲ့ … Read more

အောင်မြတ်သာနှင့်လက်ခမောင်းဘကျော်

” အောင်မြတ်သာနှင့်လက်ခမောင်းဘကျော် ” ——————— အောင်မြတ်သာလည်း သက်ခိုင်တို့နဲ့ချိန်းထားတဲ့ အချိန်က ပြည့်တော့မှာမို့လို့ မုဆိုးထိုင်စေတီရှိရာကို ပြန်ထွက်လာခဲ့လိုက်တယ်။ ခြေဖဝါးသုံးတောင်ကိုဆုံးမယ့်အချိန်မှာ သက်ခိုင်တို့ကိုမခေါ်ခဲ့တာကလည်း စဉ်းစားစရာအကြောင်းအရာတစ်ခုဖြစ်နေခဲ့တယ်။ ခရီးဆက်လာရင်း တစ်နေရာရောက်မှာတော့ လူတွေဝိုင်းအုံနေတဲ့နေရာတစ်ခုကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း မိမိဦးတည်ရာကိုသာ သွားဖို့ဆုံးဖြတ်ရင်း ဆက်လျောက်လာခဲ့ရာ လူအုပ်ကြီးအကျော်ကိုလဲရောက်ရော အနောက်ကနေ တစ်စုံတစ်ယောက်က လွယ်အိတ်ကို လှမ်းဆွဲလိုက်သလိုဖြစ်လို့ လှည့်ကြည့်လိုက်ရာ ဆံပင်စုတ်ဖွားနဲ့အမယ်အိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။ အမယ်အိုကိုမြင်တော့ အောင်မြတ်သာက ” ကျုပ်လွယ်အိတ်ကို ဘာကြောင့်မို့ဆွဲထားရတာလဲ” “ဆရာလေးဒီအတိုင်းတော့ ထွက်မသွားပါနဲ့ဦး ဒီနေရာမှာဖြစ်နေတဲ့အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးသွားလို့ တောင်းဆိုချင်ပါတယ်” “ဒီနေရာမှာက ဘယ်လိုအခက်အခဲတွေဖြစ်နေလို့လဲ” ” အရင်က ဒီရွာမှာ အခုလိုအဖြစ်တွေမကြုံခဲ့ဘူး လွန်ခဲ့တဲ့သုံးလလောက်မှာ ဟိုဘက်ရွာကို ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အသစ်ပြောင်းလာတယ် အသစ်ရောက်လာတဲ့ဘုန်းကြီးက မနက်တိုင်း ညတိုင်း ပဌာန်းအကျယ်ကို အသံချဲ့စက်ကြီးနဲ့ရွတ်ဖတ်ပါတယ် ဒါက ကောင်းတဲ့အလုပ်ဖြစ်ပေမယ့် ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ … Read more

မဖဲဝါစီးတဲ့ကျား

” မဖဲဝါစီးတဲ့ကျား “(စ/ဆုံး) မူရင်းရေးသူ—ဆရာတာတေ +++++++++++ ခင်ဗျားတို့ကို ကျုပ်မပြောဘူးတဲ့ အကြောင်းတစ်ခုတော့ ပြောရဦးမယ်ဗျ။ကျုပ်ဆရာတော် ဦးဂုဏအကြောင်းကတော့ မကြာမကြာ ပြောနေကျဆိုတော့ ခင်ဗျားသိနေလောက်ပြီပေါ့ဗျာ။ ဆရာတော်က ကျုပ်ဆိုရင် လွှတ်အားကိုးတာဗျ။ဘာ ကိစ္စလေးရှိရှိ တာတေ့ကို ခေါ်နေကျဗျ။ တာတေဆိုတဲ့ ကျုပ်ကလည်း ရွာတော် တော် များများကို ဆရာတော်နဲ့ လိုက်ဖူးသွားဖူးနေတာဗျ။ အလှူတို့၊ ကထိန်တို့လေဗျာ။ ကုန်ကုန်ပြောရရင် အကျွတ်အလွတ်ပွဲ တို့၊ ဘေးမဲ့ပွဲတို့တောင် ဆရာတော်ကကျုပ်ကို ခေါ်တာဗျ။ ကျုပ်က အလုပ်ရှိရင်သာ ဆရာတော်ကို လျှောက်ပြီး နေ ခဲ့ရတာ။ ခင်ဗျားကို ကျုပ်ပြောမယ်ဆိုတာက တခြားမဟုတ်ဘူးဗျ။ ကျုပ်ဆရာတော် ဦးဂုဏက အဂ္ဂိရတ်ပညာ အားကြီးဝါသနာပါတာ။ အဂ္ဂိရတ်ဆိုတာ ဖိုထိုးတာကို ပြောတာလေဗျာ။ ဆရာတော်ရဲ့ ဖိုရုံထဲမှာ တာတေဖိုဆွဲနေကျပေါ့ဗျာ။ တစ်ခါတစ်လေတော့လည်း ဆရာတော်က … Read more