မြေကြမ်း

* မြေကြမ်း *(စ/ဆုံး) +++++++++++ ဦးဘမြိုင် အလွန်ပျော်နေသည်။ ကားလမ်း ဘေး မြေနှစ်ဧက အကျယ်ရှိ ခြံကွက်လပ် ကြီးကို အောက်ဈေးနှင့်ရလိုက်သည်။ ထို နေရာက ကားလမ်းဆုံနှင့်လည်း နီးသည်။ အဓိကလမ်းမကို မျက်နှာစာပြု၍ စီးပွား ရေးလုပ်လျှင် အလွန်ကောင်းနိုင်သည်ဟု တွက်မိ၍ မြေလွတ်ကြီးကို စုံစမ်းပြီး ရောင်း မည်ဆိုသဖြင့် ဝယ်လိုက်ခြင်းဖြစ်သည်။ ငွေချေမည့်နေ့က အရောင်းအဝယ်တာဝန်ယူ ထားရသည့်လူကြီးများ၊ ရပ်ရွာလူကြီးများနှင့် ရွာ၏ရုံးမှာ ဆုံကြသည်။ ထိုအထဲမှ အသက် ခုနှစ်ဆယ်ခန့်ရှိသော ဦးပြုံးဆိုသည့်လူကြီး က ဦးဘမြိုင်အား— “ငါ့တူက ဦးလေးတို့ရွာမှာ စီးပွားရေးလာလုပ် မယ်ဆိုလို့ ဝမ်းသာပါတယ်။ ရွာနဲ့ကားလမ်း ဘေးမှာ ဆိုင်ကြီးကန္နားကြီး မရှိတော့ ရွာမ စည်ဘူးပေါ့၊ အခုလို ဆိုင်ကြီးလာဖွင့်မယ်ဆို ရင် ရွာလည်း … Read more

အောင်မြတ်သာနှင့်ကိုးမြို့ရှင်အတိုက်

” အောင်မြတ်သာနှင့်ကိုးမြို့ရှင်အတိုက် ” +++++++++++++++++++++ နေပျောက်မထိုးအောင် ပိတ်ဖုံးနေတဲ့ သစ်ပင်ကြီးငယ်တွေက ကမ္ဘာပျက်မတတ်ဆူညံနေတဲ့ အသံတွေကိုအပြင်ကိုမရောက်အောင် ကာကွယ်ပေးနေသယောင်။ “ ဒီတစ်ပင်လှဲပြီးရင် တော်ပီဟေ့…. သစ်လုံးတွေကားပေါ်တင်ဖို့လုပ်ကြတော့” သစ်ပွဲစားကိုသစ်ဆန်းစကားကြောင့် ပျဉ်းကတိုးပင်ကို ချိန်းဆောနဲ့ဖြတ်နေကြတဲ့အလုပ်သမားတွေ နဖူးပြင်ပေါ်မှာသီးနေတဲ့ ချွေးစက်တွေကိုသုတ်ကာ ပြတ်လုပြတ်ခင်ဖြစ်နေတဲ့ ပင်စည်ကိုဖြတ်ချလိုက်တယ်။ “ ဝေါ ဝ ရော— ဝုန်း” အရှိန်နဲ့ပြိုလဲကျသွားတဲ့ အပင်ကြောင့် အနီးနားမှာရှိနေတဲ့ ငှက်တွေနဲ့တောကောင်ငယ်လေးတွေ ခြေဦးတည့်ရာထွက်ပြေးသွားခဲ့ကြတယ်။ အလုပ်သမားတွေလဲ ခုတ်ပြီးသားအပင်တွေကို ကားပေါ်တင်ပြီးထွက်ဖို့အလုပ် တောစီးဖိနပ်သံ တစ်ဂွက်ဂွက်ကြားလို့ကြည့်လိုက်ရာ ဟိုဘက်အကွက်မှာ လုပ်နေတဲ့ မြင့်ထွန်းဖြစ်နေခဲ့တယ်။ “ ကိုသစ်ဆန်း ပြန်ထွက်တော့မလို့လား… ဒီတောင်အဆင်းမှာ သစ်တောကအဖွဲ့တွေ ရှောင်တခင်စစ်မယ်လို့ကြားတယ်နော်” “ ဟေ ဟုတ်လား… မင်းတို့ရော ဘယ်လိုလုပ်ကြမလဲ” “ ကျွန်တော်တို့ကမနက်ဖြန်မှဆင်းတော့မယ်…. ကိုသစ်ဆန်းတို့လမ်းမှာသတိထားရအောင် လာပြောတာ” “ … Read more

တစ္ဆေကျောင်းတဲ့နွား

” တစ္ဆေကျောင်းတဲ့နွား ” (စ/ဆုံး) မူရင်းရေးသားသူ – ဆရာတာတေ +++++++++++++++++++++ နွေခေါင်ခေါင်မှာ မိုးတွေရွာလို့ဗျာ။ တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲပဲဗျို့။ ကျုပ်တို့အညာမှာ မိုးတွင်းတောင် မိုးသိပ်ရွာတာ မဟုတ်ဘူးဗျ။ အ ခုလို နွေခေါင်ခေါင်ကြီးမှာ မိုးတွေ သဲကြီးမဲကြီး ရွာချတော့ အားလုံး အံ့အားသင့်နေကြတာပေါ့ ဗျာ။ ကျုပ်က နွားစာကျွေးရင်းနဲ့ မိုးတွေသဲကြီး မဲကြီး ရွာချနေတဲ့ ကောင်းကင်မဲမဲကြီးကို မော့ ကြည့်နေမိတယ်။ ကောင်းကင်ကြီးကို မော့ကြည့်နေရင်းကနေ ကျုပ်သူငယ်ချင်းတစ်ယောက်ကို ချက်ချင်း သတိရသွားတယ်ဗျာ။ ဒီကောင့်နာမည်က နွေမိုးတဲ့ဗျ။ အခုလို နွေ ခေါင်ခေါင်မှာ မိုးတွေ သဲကြီးမဲကြီး ရွာချနေ့မှာ ဒီကောင့်ကို မွေးတာတဲ့ဗျ။ ဒါကြောင့် သူ့အမေ က သူ့ကို နွေမိုးလို့ နာမည်ပေးလိုက်တာတဲ့ဗျို့။ ကျုပ်တို့ကတော့ … Read more

 အလယ်အင်းရွာက ဘီလူးလေး မွေးဖွားသူ

” အလယ်အင်းရွာက ဘီလူးလေး မွေးဖွားသူ ” +++++++++++++++++++++ အလယ်အင်းရွာရဲ့ မနက်ခင်းအစောပိုင်း အချိန်တစ်ခု—။ ရွာလည်ပိုင်းမှာနေတဲ့ ကိုလှထွေးရဲ့ မိန်းမ မတင်မေရယ်က အိမ်ရှေ့ဆီမှာ ဆောင့်ကြောင့်ထိုင်ရင်း အံတကြိတ်ကြိတ်နဲ့ တစ်စုံတစ်ရာကို အလေးအနက်တွေးတောနေလေတယ်။ တကယ်တော့ မတင်မေတွေးနေမိတာက ညက အိပ်မက်အကြောင်းရယ်။ သူ အိပ်မက်မက်ပုံက…။ ညသန်းခေါင်ယံအချိန်…။ ရွာအပြင်က ဇရပ်ထဲမှာ သူနဲ့အတူ သွေးသံတရဲရဲနဲ့ သေနေတဲ့ လူသေအလောင်းကြီးရှိနေပြီး သူက လူသေရဲ့ ဗိုက်ကိုဖွင့်လို့ အထဲက ကလီစာတွေကို မြိန်ရေယှက်ရေနဲ့ အစိမ်းလိုက် စားသောက်နေရတယ်ဆိုပြီး မက်တာရယ်။ အိပ်မက်က တကယ်တမ်းတွေးကြည့်မယ်ဆိုရင် ကြက်သီးတဖြန်းဖြန်းထပြီး ထိတ်လန့်စရာ ကောင်းနေတာ။ ဒါပေမယ့် မတင်မေစိတ်ထဲတော့ ထူးထူးဆန်းဆန်းကိုပဲ အဲ့ဒီ့အထဲကလို သွေးစိမ်းရှင်ရှင်နဲ့အသားကို စားသောက်ချင်တဲ့ အာသီသစိတ်တွေ ပြင်းပြနေရတယ်။ ” ဟင်း…ငါဘာတွေ … Read more

အောင်မြတ်သာနှင့်မှော်ကျောက်လက်ဝါး

* အောင်မြတ်သာနှင့်မှော်ကျောက်လက်ဝါး * (စ/ဆုံး) +++++++++++++++++++++ ” ဝုန်း ဗွမ်း ဗွမ်း” လူတစ်ရပ်လောက်မြင့်တဲ့ သဖန်းကိုင်းပေါ်ကနေ ရေထဲကိုခုန်ချလိုက်တဲ့အသံကြောင့် ရေကူးနေတဲ့သူတွေ လန့်သွားပြီး “ ဟာ ဒီခွေးကောင်ကတော့ ဖြေးဖြေးသာသာမလုပ်ဘူး” “ ဟေ့ကောင် ထွန်းကျော် အောက်မှာလူတွေရှိတယ်ကွ — မင်းမေကလွှားမို့ အရှိန်နဲ့ခုန်ချတာလား” ရေကူးနေတဲ့သူတွေရဲ့မေတ္တာပို့သံကို ထွန်းကျော်က မကြားချင်ယောင်ဆောင်ပြီး စပ်ဖြဲဖြဲမျက်နှာနဲ့ အထက်ဘက်ကို ကူးတက်သွားခဲ့တယ်။ “ ဒီဘက်မှာ ရေပိုကြည်တဲ့ဟေ့ … ဘာကြည့်ဦး” “ မင်းဘာသာတစ်ယောက်ထဲကူး … ငါတို့တော့အောက်မှာပဲကူးမယ်” ထွန်းကျော်လဲ သူခေါ်တဲ့နောက်ကို ဘယ်သူမှမလာတဲ့အတွက် တစ်ယောက်ထဲ ကူးတက်လာခဲ့တာ ကျောက်ဆောင်တွေရှိတဲ့ဘက်ကိုရောက်လာခဲ့တယ်။ “ ဒီနေရာက မဆိုးဘူး သန့်လဲသန့်တယ်… နောက်နေ့ အရက်ပုလင်းယူလာပြီး လာသောက်ရမယ်” တစ်ယောက်ထဲစိတ်ကူးယဉ်နေတုန်း ကျောကုန်းကို … Read more

ငနက်ကြီးရဲ့ဆရာ

” ငနက်ကြီးရဲ့ဆရာ “(စ/ဆုံး) +++++++++++ တာတေဆိုတဲ့ ကျုပ်က အင်မတန်မှ နှုတ်လုံတဲ့ကောင်ဗျ။ ဒါကြောင့်လည်း လူမသိအောင် လုပ်ရတဲ့အလုပ်တို့၊ စွန့်စွန့်စားစား လုပ်ရမယ့်အလုပ်တို့၊ အခြေအနေမဟန်ရင် အသက်ကို ဖက်ကလေးနဲ့ ထုပ်ပြီး ပြေးရမယ့် အလုပ်ဆိုရင် ကျုပ်ကိုလာလာပြီး အဖော် ခေါ်တတ်ကြတယ်ဗျ။ ခင်ဗျားတို့လည်း သိပါတယ်ဗျာ၊ တာတေတစ်ယောက် ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးခဲ့ရတဲ့ အကြိမ်တွေ မနည်းတော့ပါဘူးဗျာ။ အခုလည်း တာတေကိုယ်တိုင် ပါဝင်ပတ်သတ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်လို့ဗျ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲဗျာ။ ကျုပ်တို့အညာဒေသဆိုတာက ပူပြီဆိုရင် လွှတ်ပူတာလေ၊ အေးပြီဆိုရင်လည်း မေးရိုက်အောင်ကို အေးတာဗျ။ ဒီနေ့လည်း ပူလွန်းလို့ တာတေ ဘယ်မှကို မသွားတာဗျ။ ကျုပ် ထုံးစံအတိုင်းပေါ့ဗျာ။ ကျုပ်တို့ဝိုင်းထဲက မန်ကျည်းပင်ကြီးအောက်က သစ်သားကွပ်ပျစ်ပေါ်မှာပဲ ဝါးပိုးခြမ်းကလေး … Read more

အတိတ်ကံထူး ထိုအရူး

အတိတ်ကံထူး ထိုအရူး(စ/ဆုံး) +++++++++++++++++++++ ပျဉ်းမပင်ရွာဆီမှာ အရူးယောက်ရှိတယ်။ နာမည်က ကံကောင်းတဲ့—။ သူ့အသက်က ၂၀ ကျော်ကျော်—။ လူပုံက ပိန်ရှည်ရှည်၊ ခါးကိုင်းကိုင်းနဲ့။ ရုပ်သွင်ကတော့ ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ခေါင်းကတော့ အမြဲတမ်းကတုံးပြောင်နေအောင် တုံးထားတတ်တာ။ သူရဲ့ အတိတ်အကြောင်းကို ဘယ်သူမှ ရေရေရာရာတော့ မသိကြဘူး။ သိမှီသမျှကို ပြောရရင်တော့ ကံကောင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ပျဉ်းမပင်ရွာကို သူ့အဖေနဲ့အတူ ရောက်လာတာ။ သူတို့ သားအဖနှစ်ယောက်က ခရီးသွားတွေဖြစ်ဟန်တူပြီး အထုပ်အပိုးတွေလည်း ပါရဲ့။ ပျဉ်းမပင်ရွာကို ရောက်တော့ သားအဖနှစ်ယောက် ရွာထိပ်က စေတီကလေးဆီမှာ ခဏတာ၀င်နားရင်း ဖခင်ဖြစ်သူက အသက်မီးစာကုန်ခမ်းခဲ့ရလေတယ်။ ဒီတော့ ရပ်ရွာက မနေသာဘဲ ကံကောင်းရဲ့ ဖခင်ကြီး နာရေးကိစ္စစီမံဆောင်ရွက်ပေး။ ပြီးတော့ လူမမယ်အရွယ်၊ အဲ့ဒီ့တုန်းကတည်းက စိတ်မနှံ့သူ ကောင်လေးကိုလည်း … Read more

အောင်မြတ်သာနှင့်ဖိုဝင်ဇော်ဂျီ

” အောင်မြတ်သာနှင့်ဖိုဝင်ဇော်ဂျီ ” ——————— လူသူအရောက်ပေါက်နည်းတဲ့ မဟာဝန်တောကြီးထဲမှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကြီး၊ သစ်ပင်ငယ်တွေက စိတ်ထင်တိုင်းကြီးမားနေကြတယ်။ တစ်ချက်တစ်ချက် တောကောင်ကြီးများရဲ့ ဟိန်းဟောက်သံ၊ တောကောင်ငယ်လေးများရဲ့ မြည်တွန်သံတွေက မဟာဝန်တောကြီးထဲက ထွက်ပေါ်လာခဲ့တယ်။ တောတွင်းတစ်နေရာမှာတော့ တောင်ဝှေးတစ်ချောင်းနဲ့ နေရာအမှတ်အသားတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိနေတယ်ဆိုတာ သာမန်လူတွေဘယ်လိုမှ မသိရှိနိုင်ခဲ့ဘူး။ ဧကထောင်ပေါင်းများစွာကျယ်ဝန်းတဲ့ မဟာဝန်တောကြီးထဲမှာ စိတ်ဝင်စားဖွယ်ရာကောင်းလှတဲ့ သဘာဝဖြစ်ရပ်ဆန်းတွေများစွာဖြစ်ခဲ့ဖူးတယ်။ ရှေးအစဉ်အဆက် ဖိုဝင်ခဲ့ကြတဲ့ ဇော်ဂျီတွေရဲ့ အောင်မြင်ခြင်းအမှတ်အသား ကျောက်တုံးတွေ၊ စေတီတွေ၊ ရုပ်ထုတွေက သာမန်သူတွေမရောက်နိုင်တဲ့ တောရဲ့အလယ်ဗဟိုတည့်တည့်မှာ အစီအရီ ထုလုပ်ပူဇော်ခဲ့ကြတယ်။ အခုလဲ ထိုနေရာမှာ ဖိုဝင်ဖို့အတွက် ပြင်ဆင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ တစ်စုံတစ်ယောက်ကို စောင့်မျှော်ရင်း မိမိလုပ်ရမယ့် အမှုကိစ္စတွေကို ဆောင်ရွက်နေခဲ့တယ်။ မြေပြန့်တဲ့နေရာတစ်ခုမှာ လက်ငါးလုံးလောက်ရှိတဲ့ မြောင်းလေးတစ်မြောင်းကို တူးရင်း တောရဲ့ဘေးဘီဝဲယာကို လိုက်ကြည့်နေခဲ့တယ်။ မြောင်းတူးပြီးတာနဲ့ … Read more

သေမင်းနေတဲ့ရွာ

” သေမင်းနေတဲ့ရွာ “(စ/ဆုံး) ရေးသားသူ-ဆရာတာတေ +++++++++++ အညာဆောင်းဗျ။ နေ့ရော ညရော အေးနေတော့တာဗျို့။ အညာ စောင်ကြမ်း ထူထူကြီးတွေအောက်မှာ  ဂုန်နီ အိတ်ဖျင်ကပ်ပြီး ခြုံရတာဗျ။ ဒါမှ နွေးနေတာ။ ဒါတောင် ညဦးပိုင်းမှာ မီးလှုံကြသေးတာ။ မီး လှုံမှ အိပ်လို့ရတာဗျ။ သိပ်အေးတဲ့ရက်တွေဆိုရင် ကိုယ်ခြုံမယ့်စောင် ကို နေလှမ်းထားရတယ်။ နေမဝင်ခင် စောင်ကို ရုတ်ပြီး ခေါက်ထားရတယ်။ ဒါမှ ညဆိုရင် နွေး နေတာ။ ဒီလို ဆောင်းညတွေမှာ  ဟိုဝိုင်း ဒီဝိုင်း သွားပြီး မီးလှုံရင်း  လက်ဖက်ရည်ဝိုင်းဖွဲ့ရတာ လည်း တော်တော်  ပျော်စရာကောင်းတာဗျ။ နေ့လယ်တည်းက ကျောက်ခဲက ကျုပ်ကို ချိန်း ထားတာဗျို့။ “ကိုကြီးတာတေ၊ ဒီည ဘိုးပုတို့ဝိုင်းမှာ လူစုံမယ် ဗျ။ … Read more

တစ်နှစ်တစ်ယောက်စားမယ်

* တစ်နှစ်တစ်ယောက်စားမယ် *(စ/ဆုံး) ——————— “ဗွမ်း— ” ကန်ထောင့်မှာ ကျယ်လောင်သော အသံကြီး ကြားလိုက်သဖြင့် ကန်၏ အပြင် ဘေးစောင်းမှာ ရေချိုးရင်း အဝတ်လျှော်နေသော မမြရင်တို့ ထိုင်ရာမှ ထပြီး ကြည့်လိုက်သည်။ “ဗွမ်း— ဗွမ်း” “ဟဲ့- ဟဲ့ -ကန်ထဲမှာ လူကျလို့ လာကြပါဦး ” မမြရင်နှင့် ဒေါ်အေးကျင်တို့ သံကုန်အော်တော့သည်။ ကန်ဘောင်နှင့် ဝါးတစ်ပြန် အနေအထားလောက်မှာ မိန်းမလား ယောင်္ကျားလား မသိ၊ လက်နှစ်ဖက် ယက်ကန်ယက်ကန် ပေါ်လိုက်၊ မြုပ်လိုက် ဖြစ်နေသည်ကို တွေ့ရသည်။ “လာကြပါဦး -ရေကန်ထဲမှာ ရေနစ်နေလို့ -သေတော့မယ် ” နေ့လယ်ပိုင်းဖြစ်၍ နေပူရှိန်ကြောင့် အပြင်မှာ လူမရှိသလောက် ဖြစ်နေသည်။ ထိုစဉ် ယောင်္ကျား မိန်းမ … Read more