အောင်မြတ်သာနှင့်မှော်နက်ရှင်

” အောင်မြတ်သာနှင့်မှော်နက်ရှင် ” ********************* ” အောင်ပြီကွ– အောင်မြင်ခဲ့ပြီ– ဟားဟားဟား– ဒီနယ်တစ်ခွင်– ငါ့ကိုယှဉ်နိုင်သူရှိပါ့မလား အဟီးအဟီ; ဟက်ဟက်” ညသန်းခေါင် ထွက်ပေါ်လာတဲ့အသံနက်ကြီးကို ကျွန်းလှမြို့အနောက်ပိုင်းမှာနေတဲ့သူတွေအကုန်ကြားလိုက်ရတယ်။ ဒါပေမယ့် ဒီအသံက ဘယ်ကနေထွက်လာတာလဲ၊ ဘယ်သူအော်တဲ့အသံလဲဆိုတာတော့ အတိအကျမသိခဲ့ရပေ။ အချို့က ရွှေညောင်ပင်ဘုန်းကြီးကျောင်းဝင်းထဲကနေထွက်လာတယ်လို့ပြောကြသလို၊ အချို့ကျတော့လဲ ဘာဘူတိုက်ပျက်ထဲကနေထွက်လာတဲ့အသံလို့ပြောခဲ့ကြပေမယ့် ဘယ်သူမှသွားမကြည့်ရဲခဲ့ကြဘူး။ ” ဆရာတွေပြေး ညောင်ပင်ဘေး၊ ဆရာတွေရူး ဘာဘူဘီလူး”ဆိုတဲ့စကားကလဲ ကျွန်းလှမြို့မှာရှိတဲ့သူတိုင်းရွတ်ဆိုခဲ့ဖူးတယ်။ ရွှေညောင်ပင်ဘုန်းကြီးကျောင်းဆိုတာက ကုန်းဘောင်နောက်ဆုံးမင်းဆက်လက်ထက်ထဲက အခိုင်အမာတည်ရှိခဲ့ပြီး ကိုလိုနီနယ်ချဲ့ခေတ်မှာတော့ ကျောင်းထိုင်ဘုန်းကြီးလေးပါးဆက်တိုက်ပျံလွန်တော်မူရာကနေ စပြီးဘယ်သူမှမနေရဲတဲ့ထိ အခြောက်အလှန့်တွေကြမ်းလာခဲ့တယ်။ စွမ်းပေ့ထက်ပေ့ဆရာတွေကိုယ်တိုင် ဆေးလွယ်အိတ်မနိုင် ပုဆိုးမနိုင်ပဲပြေးခဲ့ရတဲ့ ရွှေညောင်ပင်ဘုန်းကြီးကျောင်းဝင်းထဲမှာတော့ ရှေးဟောင်းလက်ရာအုတ်ကျောင်းကြီးတွေက ခြုံနွယ်ပိတ်ပေါင်းတွေကြားထဲမှာ တစ္ဆေတစ်ကောင်ငုတ်တုပ်ထိုင်နေသလို ချောက်ချားဖွယ်ကောင်းစေခဲ့တယ်။ အလားတူ စိန်သူဌေးဘာဘူကုလားတစ်ယောက်ပိုင်တဲ့တိုက်ပျက်ကြီးကလဲ မြိုခံတွေကို အနားပင်မကပ်ရဲအောင် ခြောက်လှန့်နေခဲ့တယ်။ အင်္ဂလိပ်ခေတ်မှာ ဓါးမြတွေသတ်လို့သေခဲ့တဲ့ ဘာဘူကြီးက မကျွတ်လွတ်ပဲ … Read more

တန်ပြန်ဖယောင်းတိုင်

” တန်ပြန်ဖယောင်းတိုင် “(စ/ဆုံး) မူရင်းရေးသားသူ __ ဆရာတာတေ +++++++++++++++++++++ ကျုပ်ဆရာအိုနဲ့ လိုက်နေတုန်းကဗျ။ ဆရာအိုလုပ်ခဲ့တာကို ကျုပ်ကိုယ်တိုင် သေသေချာချာမြင်ခဲ့တာ။ ဒီတော့မှ ကျုပ်လည်းသိခဲ့တော့တာဗျို့။ လောကကြီးမှာကောင်းတာလုပ်တိုင်း အဆင်ပြေတာ မဟုတ်ဘူးဗျာ။ ဘုရားရှိခိုး မေတ္တာပို့၊ ကြေးစည်လေး တနောင်နောင်ထု၊ ဒါ့ထက်ကောင်းတာရှိဦးမလားဗျာ။ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်တွေကို မေတ္တာပို့တော့ အိမ်နီးချင်း တွေက မေတ္တာရကြလို့ ဝမ်းသာကြမှာပဲလို့မထင်နဲ့ဗျို့။ ဆရာအိုနဲ့ကျုပ်လိုက်သွားလို့သာအဘဇံကိုတွေ့ဖူးတာဗျ။ အဘဇံဆိုတဲ့ ဘိုးတော်ကြီးက အသက်ခုနှစ်ဆယ်ကျော်ပြီ။ အဲဒီ့မြို့လေးကလည်း ငယ်ငယ်လေးပါဗျာ။ ရပ်ကွက်ခုနှစ်ခုပဲရှိတာ။အဘဇံက အောင်တော်မူ ရပ်ကွက်ကသုံးလမ်းမှာနေတာ။ တစ်ယောက်တည်း သမားဗျ။ ပျဉ်ထောင်သွပ်မိုးတစ်ထပ်အိမ်ကလေးနဲ့နေတာ။ ဇနီးက ဆုံးသွားပြီး သားသမီးတွေကလည်းအဝေးမှာ။ တစ်မြို့တည်းနေတဲ့ တူတစ်ယောက် ကတော့ သူ့ကိုစောင့်ရှောက်တယ်ဆိုပဲ။ အဘဇံကလည်း သန်သန်မာမာကြီးဗျ။ သူထမင်းဟင်းကို သူ့ဟာသူချက်စားတဲ့အဘိုးကြီးဗျို့။ ဘယ်သူ့ကိုမှ … Read more

အကျဥ်းစံဝိဉာဥ်

” အကျဥ်းစံဝိဉာဥ် ” +++++++++++ အပေါ် ထပ်ခိုးက ပစ္စည်းအဟောင်းတွေ ထားသိုတဲ့ အခန်းထဲက ဆက်တိုက် ထွက်ပေါ်လာတဲ့ ထူးဆန်းတဲ့ အသံကြောင့် ခင်မမ အိပ်ပျော်နေရာက ဆတ်ခနဲ နိုးလာသည်။ အသံက မိန်းမတယောက်ရဲ့ ငိုငြီးနေတဲ့အသံ။ ” အင်း — ဟင်း — ဟင်း — ” ” အင်း — ဟင်း — ဟင်း — ” ကျယ်ကျယ်လောင်လောင်ကြီး မဟုတ်ပါ။ ညဥ့် ၁၂နာရီသာသာလောက်ဆိုတော့ ခပ်တိုးတိုးအသံဆိုငြား ပီသစွာ ထွက်ပေါ်နေခြင်းသာ ဖြစ်ပါသည်။ အိပ်ရာနံဘေးက ၅နှစ်အရွယ် သားငယ် ထူးခန့်ကတော့ ခြေကားယားလက်ကားယားနဲ့ နှစ်ခြိုက်စွာ အိပ်နေ၏။ ခြေရင်းဘက်အခန်းမှာ အိမ်အကူ ဂျမ်းတော ရှိ၏။ … Read more

အောင်မြတ်သာနှင့်အပင်းတိုက်သူ

” အောင်မြတ်သာနှင့်အပင်းတိုက်သူ “(စ/ဆုံး) ********************* မုတ်သုန်မိုးက အဆက်မပြတ်ရွာသွန်းနေသည့် အတွက် အောင်မြတ်သာနှင့်သက်ခိုင်တို့ ဆရာတပည့် နှစ်ဦးလည်း ရှေ့ဆက်ခရီးမထွက်နိုင်ပဲ ထန်းတစ်ပင်ရွာ၏ အရှေ့ဘက်ဇရပ်လေးမှာ နားခိုဖြစ်ခဲ့သည်။ မိုးကလဲ သည်း၊ လေကလဲထန်နေချိန် ဓာတ်မီးကိုယ်စီနဲ့ လူ၃ယောက် မိုးလေကို အံတုကာ ဇရပ်ထဲသို့ဝင်လာနေတာကို တွေ့လိုက်ရသည်။ ” ဒီက မိတ်ဆွေတို့ကဒီရွာကမဟုတ်ဘူးထင်တယ်” “ဟုတ်ပါတယ်” “ကျုပ်တို့နှစ်ယောက်က ခရီးသွားတွေပါ” “မိုးမစဲသေးလို့ ဒီဇရပ်မှာ ခေတ္တနားနေတာပါ” “ဒီကနောင်ကြီးတို့ကရော” “ကျုပ်တို့က ဟိုဘက်ရွာကပါ” “ကျုပ်ညီမလေး ဗိုက်အောင့်လို့ ထန်းတစ်ပင်ရွာက ဆေးမှူးကို လာပင့်တာပါ” “ခုကမိုးအရမ်းသည်းလာလို့ ဇရပ်မှာ ခဏဝင်နားတာ” ခဏနေ မိုးအတန်သင့်စဲချိန်မှာ ထိုလူသုံးယောက် ရွာထဲဘက်ကို ထွက်သွားလေတော့သည်။ များမကြာမီ – ဆေးမှူးဆိုသူနှင့်ရွာသား၃ယောက် ခပ်သုတ်သုတ်ပြန်ထွက်သွားတာကို တွေ့လိုက်ရသည်။ နောက်နေ့ရောက်တော့ မိုးကအတန်သင့်တိတ်သွားသည့်အတွက် … Read more

ကပ္ပလီကဝေမ

” ကပ္ပလီကဝေမ ” (စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ တင်ရသ၍တင်မှာပဲကျုပ်က ဒီလောကကို တာတေ ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ ခင်ဗျားတို့ သိထားတဲ့အတိုင်း ကျုပ်က ထူးထူးဆန်းဆန်း ကိစ္စဆိုရင် လွှတ်သိချင်တာဗျ။ အဲဒီဝါသနာကြောင့်လည်း အသက် လုပြီး ပြေးခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ တာတေဆိုတဲ့ကောင်က နောင်ကျဉ်သွားသလားဆိုတော့ဝေးပဗျာ။ ကျုပ်ရင်ထဲက မွေးရာပါ စူးစမ်းချင်တဲ့စိတ်က ပိုတောင် ဆိုးလာသေးတယ်။ ခင်ဗျား မှတ်မိသေးလား။ တာတေ့ကို နာနာဘာ ဝမြင်နိုင်တဲ့’မျက်ကွင်းဆေး’ပေးခဲ့တဲ့ ဆရာကြီး လေဗျာ။ ဆရာကြီး စိုင်းနွံဖလေ။ အဲဒီဆရာကြီး ကြောင့် တာတေ ဒီလောကထဲကို ကျွံမှန်းမသိ ကျွံဝင်ခဲ့တာဗျို့။ ကျုပ်က ဆရာနွံဖကို အားကြီး လေးစားတာဗျ။ဆရာနွံဖ ကျုပ်တို့ ထနောင်းကုန်း ကို တစ်ခေါက်ပြန်ရောက်လာတာကနေ … Read more

ဝိဉာဉ်လဲသောကာမကဝေ

” ဝိဉာဉ်လဲသောကာမကဝေ ” +++++++++++ ” အောက်—အီး—အီ—အွတ်—” အာရုံခင်ကျင်းလို့ လင်းကြက်တွန်ပြီဆိုတာနဲ့ ကိုဆုံတစ်ယောက် တောသူတောင်သားတို့ သဘာ၀ လယ်ယာလုပ်ငန်းခွင်ဆီကို ဝင်ရောက်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။ ” ကိုဆုံ…ထမင်းကြမ်းစားလို့ရပြီနော်…” ဇနီးသည် အေးလှ ပြင်ပေးတဲ့ မနက်စာကို စားပြီးတော့ ကိုဆုံ ယာထဲကို ထွက်လာခဲ့တယ်။ ယာထဲရောက်တော့ စားပင်တွေကို ပေါင်းနှုတ်တန်နှုတ်၊ မြေတောင်မြှောက်တန်မြှောက်နဲ့ ကိုဆုံတစ်ယောက် ဇယ်ဆက်သလို မနားရဘူး။ ဆွမ်းခံဝင်ချိန်ရောက်လို့ ရွာဘက်ကနေ အေးလှတစ်ယောက် ထမင်းတောင်းနဲ့ လှမ်းလာနေတာကို မြင်တော့မှ ကိုဆုံ အခင်းထဲကနေ တက်ခဲ့ပြီး မြေစိုက်တဲကလေးဆီမှာ ချွေးသိပ်လို့ ဝင်နားလိုက်တယ်။ ” ဗျို့—ဒီက တဲရှင် ကျုပ် ခင်ဗျားတဲဆီမှာ ခဏဝင်နားချင်လို့ ရမလား…” အသံကြောင့် ကိုဆုံ ကြည့်မိတော့ အစက်ငါးဆယ်အရွယ် လူကြီးတစ်ယောက်။ … Read more

အောင်မြတ်သာနှင့်လက်ဝဲမှော်ဂိုဏ်း

” အောင်မြတ်သာနှင့်လက်ဝဲမှော်ဂိုဏ်း ” +++++++++++++++++++++ ညအချိန်ကား နက်သထက်နက်လာတာနဲ့အမျှ အမှောင်ထုကပိုမိုကြီးစိုးလာခဲ့တယ်။ အဲဒီအချိန် ဒင်္ဂါးရွာရဲ့ လမ်းဆုံလမ်းလေးခွနေရာအသီးသီးမှာ လူငယ်လေးယောက်က ပုတီးကိုယ်စီနဲ့ တင်ပလ္လင်ခွေချိတ်လျက်အနေအထား နေရာယူထားခဲ့တယ်။မကြာခင်လူလေးယောက် ပုတီးထိုင်စိပ်နေတဲ့အသံက တိတ်ဆိတ်နေတဲ့ ဒင်္ဂါးရွာအတွင်း စည်းချက်ညီစွာထွက်လာခဲ့တယ်။ တစ်နာရီလောက်ကြာတော့ လမ်းဆုံလမ်းခွမှာ ထိုင်နေတဲ့လူလေးယောက်က ပုတီးဖြုတ်လိုက်ပြီး ချောင်းမဟန့် ၊ နောက်လှည့်မကြည့်ပဲ ခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားခဲ့ကြတယ်။ လမ်းသွားလမ်းလာလူတွေနားနေဖို့ဆောက်လုပ်ထားတဲ့ ဇရပ်တစ်ခုအရှေ့ရောက်တော့ “ ပေါ်ထွန်း ဒီည မင်းစိပ်ရတာ မိစ္ဆာခေါ်ပုတီးမဟုတ်လား” အတန်သင့်ကြီးမားတဲ့ပုတီးကို လည်ပင်းမှာဆွဲထားတဲ့ သောင်းဒင်ရဲ့စကားကြောင့် ပေါ်ထွန်းက – “ ဟုတ်တယ်ကွ ငါပုတီးစိပ်တုန်း ကလေးငိုသံကြားလိုက် ၊ မိန်းမတွေရယ်သံကြားလိုက်၊ ဒီကြားထဲ ခြေသံတွေက ငါ့အနားမှာ တစ်ဝဲဝဲလည်လည်ဖြစ်နေတာ စိတ်ငြိမ်အောင်မနည်းထိန်းထားရတယ်” “ မှော်စဉ်တက်ဖို့ဆိုရင် ဒီလောက်ကတော့ လုပ်ရမှာပဲလေ၊ ငါကဒီည မိစ္ဆာနှင်ပုတီးစိပ်ရတာ၊ … Read more

မဖဲဝါ မွေးတဲ့သား

” မဖဲဝါ မွေးတဲ့သား ” {စ/ဆုံး} မူရင်းရေးသားသူ _ ဆရာတာတေ +++++++++++ တပို့တွဲဆိုတာ ကျုပ်တို့အညာမှ ာ အေးတုန်းဗျ။ တပို့တွဲ ပေါက်လဲရယ်က ငုံစီစီ’ဆိုတဲ့အတိုင်းပေါက်ဖူးတဲ့ ရာသီပေါ့ဗျာ။ ‘နှာရည်ယိုရွှဲ တပို့တွဲ’ဆိုတဲ့အတိုင်း အပူတစ်ဝက် အအေးတစ်ဝက် ဆိုတော့ နှာရည်ကလည်း တရွှဲရွှဲဗျ။ နှမ်းမနဲလို့ခေါ်တဲ့ ထမနဲပွဲကလည်း ရွာတိုင်း ရွာတိုင်းမှာ တပျော်တပါး နွှဲကြလို့ဗျို့။ တာတေတို့ ထနောင်းကုန်းမှာတော့ သူကြီးဝိုင်းထဲမှာ ထိုးတဲ့ ထမနဲပွဲက အကြီးဆုံးပေါ့ဗျာ။ ဒယ်မှ ငါးဆယ် ခြောက်ဆယ် ထိုးရတာဗျ။ ကျုပ်တို့တစ်ရွာလုံးမှာရှိတဲ့ ကာလသားတွေ တစ်ယောက်မကျန် ခါးတောင်းကျိုက်ပြီးချွေးတလုံးလုံးနဲ့ ထိုးရတဲ့ပွဲပေါ့ဗျာ။ အခုလည်း တာတေ သူကြီးဝိုင်းထဲက ထမနဲပွဲမှာဗျ။ “ကဲ တာတေတို့အဆိုင်း ခဏနားကြဦး လာ ဘိုးထင်ဒို့ အတွဲ … Read more

မြေအောင်းဖုတ်တစ္ဆေ

” မြေအောင်းဖုတ်တစ္ဆေ “(စ/ဆုံး) +++++++++++++++++++++ မူရင်းရေးသူ ဆရာ ဧကန်မင်း ‘ကျခတ်တော’ ရွာ အစွန်တောင်ပိုင်းမှာ လူတစ်စု ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ စပီကာမှ သရဏဂုံတင်နေသော ရွာဦးကျောင်းဆရာတော်၏ တရားသံက ပီသစွာ ထွက်ပေါ်နေသည်။ တရားပြီးဆုံးသဖြင့် ရေစက်ချ အမျှဝေသံပါ တစ်ပါတည်း ပေါ်ထွက်လာသည် ။ အမျှဝေ သာဓုခေါ်သံပြီးဆုံးသည်နှင့် စပီကာမှ ခင်ခင်ညွှန့်၏ သီချင်းသံ ထွက်ပေါ်လာသည်။ ကာယကံရှင်မိသားစုတို့၏ အော်ဟစ်ငိုယိုသံက ဆူညံစွာ ပေါ်ထွက်လာသည်။ ဇနီးဖြစ်သူ မအုံးမြင့်မှာ တက်မတတ် ချက်မတတ် ငိုယိုနေသည်။ ယောင်္ကျားဖြစ်သူ၏ အခေါင်းကို အတင်းဖက်ထား သဖြင့် ဆွဲမရ ခေါ်မရဖြစ်နေသည်။ သေဆုံးသူက သောင်းညွှန့်ဖြစ်သည်။ ကိုင်းရှင်းရင်း မြွေဆိုးအပေါက်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ယနေ့ အသုဘမြေချမည်ဖြစ်၍ အသုဘအလောင်းစင် … Read more

အောင်မြတ်သာနှင့်ရွာလုံးကျွတ်အတိုက်

“အောင်မြတ်သာနှင့်ရွာလုံးကျွတ်အတိုက် ” +++++++++++++++++++++ “အတော်ပူတဲ့အညာနွေကွာ – ယပ်ခပ်ရတာနဲ့တင် လက်အံသေတော့မယ်” တောက်ရရဲ့စိတ်မရှည်တဲ့လေသံကြောင့် အင်ရွက်နှစ်ရွက်ကိုထပ်ပြီး ယပ်ခပ်နေတဲ့ သက်ခိုင်က သဘောကျစွာရယ်လိုက်ပြီး “ ငါတို့ကသာ ပူနေတာ တို့ဆရာကတော့ သွပ်အမိုးဇရပ်အောက်မှာ တရားထိုင်နေတာ လှုပ်တောင်မလှုပ်ဘူး” “ ဆရာရဲ့ သထမအား အရမ်းကောင်းတာကြောင့်ဖြစ်မယ်။ အော် ဒါနဲ့ ဒီဇရပ်မှာနေတာ တစ်ပတ်ပြည့်တော့မယ်နော်” “ အချိန်မသင့်သေးလို့ဖြစ်မှာပေါ့ကွာ ” သက်ခိုင်က စကားကိုလိုတိုရှင်းပြောပြီး မနက်ကခပ်ထားတဲ့သောက်ရေနဲ့မျက်နှာကိုပွတ်ကာ ပူလောင်မှုဒဏ်ကို အကာအကွယ်ယူနေလိုက်တယ်။ အတန်ကြာတော့ ဇရပ်ပေါ်ကနေ အရပ်ဆယ်မျက်နှာကိုမေတ္တာပို့အမျှဝေသံကြားလို့ခေါင်းထောင်ကြည့်လိုက်ရာ တရားဖြုတ်နေပြီဖြစ်တဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။ “ တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေကြပါလား” “ ဟုတ်ပါ့ဆရာရယ် – ဒီနှစ်အညာနွေအပူက အတော်ကိုစိုးလွန်းပါတယ်ဗျာ” “ အင်း ငါတို့လဲ ဒီနေရာမှာ ဆက်နေရဦးမယ်နဲ့တူပါတယ်” “ ဘာဖြစ်လို့လဲဆရာ … Read more