ဦးဖိုးဝေ နှင့် ငရဲထိန်း

” ဦးဖိုးဝေ နှင့် ငရဲထိန်း ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း (၁) လရောင်မရှိသော်လည်း လရောင်ထက်ပိုအေးမြပြီးပိုလင်းသော အလင်းတိုင်များကြားတွင် မေနန်းမှဦးဆောင်ပြီး ဦးဖိုးဝေတို့ လမ်း လျှောက်နေကြသည်။မေနန်းသည် သူမတို့ ဘုံဘ၀ အကြောင်းကို ရှင်းပြရင်း သွားနေရာ မကြာသောအချိန်တွင် ဆယ့်ရှစ်ပေခန့် မြင့်မားသောတံခါးကြီးတခု၏ အနီးသို့ ရောက် လာလေသည် ။ ထိုတံခါးကြီးသည် ထုထည်ကြီးမားခိုင်ခန့်သလို ကနုတ်များဖြင့်လည်း အလှဆင်ထားသေးသည်။မေနန်းသည် ထိုတံခါးကြီးအနားရောက်သောအခါ ဦးဖိုးဝေတို့ဘက်မျက်နှာမူလိုက်ပြီး စကားဆိုလေသည် ။ “ဆရာကြီး အခု တံခါးကြီးကို ဖြတ်ပြီးရင် ကျမတို့ တာဝန် ကျတဲ့နေရာ အလုပ် လုပ်ရတဲ့ နေရာကို ရောက်ပါပြီ ” “အော် ဟုတ်လား ” “ဒီတံခါးမှာ အစောင့်တွေ ရှိတယ်။ဆရာကြီးတို့ မနက်ဖြန်ကိုယ့်အစွမ်း … Read more

စုန်းထီးကြီးဦးဘသာနှင့် ကားပေါ်ပြိုင်တဲ့ ပွဲ

” စုန်းထီးကြီးဦးဘသာနှင့် ကားပေါ်ပြိုင်တဲ့ ပွဲ ” ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) ကျုပ်တို့စီးလာတဲ့ကားကြီးက မြိုင်သာမြို့ကနေထွက်လာခဲ့ပြီဆိုတာနဲ့ ကျုပ်ရင်ထဲတစ်မျိုးကြီးခံစားရပြီး တစ်ဆို့ဆို့ကြီးဖြစ်လာတာဗျ၊ ဘာကြောင့်ဖြစ်လာသလဲဆိုရင်တော့ ကျုပ်လည်းမပြောပြတတ်ဘူး၊ မွေးရပ်မြေနဲ့ ခွဲခဲ့ရပြီဆိုတဲ့ အသိကြောင့်လဲဖြစ်မှာပေါ့ဗျာ၊ ကျုပ်ကလည်း ကျုပ်တို့ရွာရယ်၊ မြိုင်သာမြို့ရယ် အနားကရွာတွေရယ်ကလွဲရင် ဝေးဝေးလံလံသွားဖူးတာမှမဟုတ်တာဗျ။ နေကလည်းအတော်ပူတာဗျ၊ လမ်းဘေးကိုကြည့်လိုက်တော့ အညာရှုခင်းက ခြောက်သွေ့နေတဲ့သစ်ပင်တွေ၊ ချုံနွယ်တွေ၊ အိမ်ကလေးတွေ၊ ထန်းပင်တွေနဲ့ ခြောက်သယောင်းနေတာပေါ့ဗျာ။ ကားကြီးက အိပဲ့အိပဲ့နဲ့သွားနေရင်း လမ်းကရွာစဉ်တွေမှာရပ်တာပေါ့ဗျာ၊ အဲဒီရွာတွေမှာကလည်း ကျုပ်တို့လိုခရီးသွားတွေက တက်လိုက်ဆင်းလိုက်နဲ့ပေါ့။ ကားစီးရင်းနေ့လည်လောက်ရောက်တော့ ကျုပ်ဗိုက်ဆာလာတယ်ဗျ။ ဦးဘသာကြီးက ကျုပ်အဖြစ်ကိုသိတဲ့ပုံပါပဲ။ “ဗိုက်ဆာနေပြီလားကွ၊ ခဏအောင့်ထားစမ်းပါအုံးကွာ၊ ရှေ့နားကျ ဒွေးလမ်းရောက်ရင် ထမင်းဆင်းစားကြတာပေါ့” ကျုပ်လည်း ဗိုက်ကဆာ၊ အိမ်ကိုလည်းလွမ်းနဲ့ ပိုပြီးနေရထိုင်ရခက်နေတာပေါ့ဗျာ၊ ဒီအချိန်ဆို အိမ်မှာထမင်းစားနေလောက်ပြီဗျ၊ ကျုပ်ဖြင့် အိမ်နဲ့ခွဲတာ နေ့တစ်ပိုင်းလောက်ပဲရှိသေးတာ … Read more

ဦးဖိုးဝေ နှင့် ဝေမာနိက

” ဦးဖိုးဝေ နှင့် ဝေမာနိက ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) ဦးဖိုးဝေသည် သူတို့စီစဉ်ထားသည့် အစီအစဉ်များအား ဦးစံပေါကို ရှင်းပြနေသည်။ဦးဖိုးဝေပြောပြသော အရာများသည် ထူးဆန်းအံ့ဩစရာများမို့ ဦးစံပေါမှာ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေလေသည် ။ “ဦးစံပေါရေ ကျုပ်တို့ သွားရမဲ့နေရာက လူ့ဘဝ မဟုတ်ပေတော့ လူ့ဘဝက အချိန်တွေနဲ့ တွက်လို့မရဘူး အဲ့တော့ ကျုပ်တို့ ဟိုမှာနေတာ သိပ်မကြာပေမဲ့ လူ့ဘဝမှာတော့ ရက်အတော် အတန်ကြာရင် ကြာနေမှာ ဦးစံပေါက ဘာမှစိတ်မပူပါနဲ့လို့ ပြောချင်တယ်ဗျာ ” “ဆရာကြီးပါတယ်ဆိုတော့ ကျုပ်က စိတ်ချပါတယ်ဗျာ ” “ဝေမာနိကဆိုတာ လူ့ပြည်နဲ့ အနီးစပ်ဆုံးဘုံလို့ ဆိုရမယ်ဗျ ” ဦးစံပေါသည် ဦးဖိုးဝေပြောပြသော ဝေမာနိကဘုံအကြောင်းအားစိတ်ပါဝင်စားစွာနားထောင်နေသည်။ထို့နောက် သားဖြစ်သူအား ဂရုစိုက်ဖို့ကိုလည်း … Read more

အောင်မြတ်သာနှင့်ဖိုးသူတော်သိုက်

” အောင်မြတ်သာနှင့်ဖိုးသူတော်သိုက် ” ရေးသားသူ—ဇေယန(ရာမည) +++++++++++ ” တောင်ကုန်းကျောင်း” နာမည်နဲ့လိုက်အောင် ကုန်းမြင့်တစ်ခုပေါ်မှာတည်ထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်သလို ဘုန်းကြီးကျောင်းအနောက်ဘက်မှာတော့ တောင်ကုန်းစေတီတစ်ဆူတည်ရှိခဲ့တယ်။ ဘုန်းကြီးကျောင်းရဲ့အရှေ့ဘက်မှာတော့ လူနေရပ်ကွက်တစ်ခုရှိပြီး အခြေခံလူတန်းစားတွေအများစုနေထိုင်ခဲ့ကြတယ်။ တောင်ကုန်းဆရာတော်ဥူးဝေပုလ္လလာပြီဟေ့ဆိုရင် ဘယ်လောက်ဆိုးသွမ်းပြီးဆဲဆိုနေတဲ့သူဖြစ်ပါစေ တွေ့ရာချောင်ကို၀င်ပြီးပုန်းပေတော့၊ မပုန်းဘူးဆိုရင် ဆရာတော်ရဲ့လက်စွဲတော်တောင်ဝှေးက ဦးခေါင်းထက်ကို ဒေါက်ခနဲရောက်လာတတ်လို့ပဲ။ အခုလဲ ဆိုးပေတို့ကလေးတစ်စု ဆရာတော်ကျောင်းမှာ မွေးထားတဲ့ ကြက်ကိုခိုးဖို့ ကြခတ်ရုံအောက်မှာ ပုန်းနေခဲ့ကြတယ်။ ဆရာတော်က ညနေဘက်ဆိုရင် လမ်းလျောက်ထွက်တတ်တာမို့ ဆရာတော်လစ်တာကို ခြင်ကိုက်ခံကာစောင့်နေခဲ့ကြတယ်။ ” ဆိုးပေ… ဆရာတော် ကျောင်းအောက်ဆင်းလာပြီကွ” သံဒိုးရဲ့စကားကြောင့် ပါလာတဲ့သူတွေက ကြခတ်ရုံအနောက်မှာ မလှုပ်မယှက်၀ပ်နေလိုက်ကြတယ်။ ဆရာတော် ကျောင်းပြင်ပကိုရောက်ပီဆိုတာနဲ့ ခြုံတွေကိုအကာအကွယ်ယူပြီး ဆရာတော်မွေးထားတဲ့ ကြက်တွေအနားကိုတိုးကပ်လာခဲ့ကြတယ်။ ညနေ နေ၀င်ရီတရောအချိန်ရောက်နေပြီမို့ အိပ်တန်းတက်နေကြတဲ့ ကြက်တွေက မင်းဂွတ်ပင်ပေါ်မှာ အစီအရီ။ သံဒိုးက အိပ်တန်းတက်နေကြတဲ့ … Read more

အင်းအတိုက်

” အင်းအတိုက် ” ရေးသားသူ— သော်တာလမင်းစန္ဒာ +++++++++++ ထိုနေ့က ကိုမျိုးသက်သည် သူ၏အိမ်သို့ညအိပ်ဧည့် သည်တစ်ယောက်ခေါ်လာခဲ့သည်။ ထိုသူအမည်က ကိုမြတင်ဟုခေါ်ပြီး အရပ်ပုပြက်ပြက် အသားခပ် ညိုညိုနှင့် မျက်နှာအနည်းငယ်ခပ်ချွန်ချွန်ရှိ၏။ စကားပြောလျှင် တုံးတိပြောတတ်ပြီး သူ၏မျက်လုံး များက ဂဏှာမငြိမ်တတ်ဘဲ တစ်ခုခုကို ကြံစည်နေ သကဲ့သို့သော ပုံစံကထိန်းထားသည့်ကြားမှ ပေါ်ပေါ်လာတတ်သည်။ ကိုမျိုးသက်က အညာသားြဖစ်ပြီး ကိုမြတင်နှင့် ရပ်ဆွေရပ်မျိုးဟုဆိုရမည်။ ကိုမြတင်ကလည်း အညာဖက်ကပင်ဖြစ်၏။ ကိုမျိုးသက်အိမ်ထောင် ကျသည့်အခါ ဇနီးြဖစ်သူက ကလောမြို့မှ ြဖစ်သဖြင့်ကလောသို့အပြီးပြောင်းလာနေထိုင်ဖြစ်ခဲ့သည်။ထိုအချိန်မှ စပြီး ကိုမြတင်နှင့် မဆုံဖြစ်ကြတော့ချေ။ယခုခေတ်ကာလတွင် မိုဘိုင်းဖုန်းများပေါများလာသည်နှင့် အဆက်အသွယ်ပြန်ရခဲ့ရသည်။ ကိုမြတင်ကလည်း အောင်ပန်းမြို့သို့လာရောက်ရန်ကိစ္စရှိသည်နှင့် ကိုမျိုးသက်နေထိုင်ရာ ကလောသို့ပါ ၀င်လည်မည်ဆိုပြီးရောက်ရှိလာခြင်း ြဖစ်လေတော့သည်။ ” လာ အစ်ကိုမြတင် ဒါ ကျွန်တော့အိမ်ပဲ ကိုယ့်အိမ် ကိုယ့်ယာလိုသဘောထားဗျာ … Read more

ဘွားမယ်စိန်နဲ့ အောက်လမ်းသည်မ မိကြွယ်

” ဘွားမယ်စိန်နဲ့ အောက်လမ်းသည်မ မိကြွယ် “(စ…ဆုံး) ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ နွားရိုင်းသွင်းချိန်သို့ ပင်ရောက်ရှိနေလေပြီ။ ထိုအချိန်၌ ဆော့ကစားရာမှပြန်လာသော ကလေးများထဲတွင် ဖိုးလုံးဟုခေါ်သောကလေးတစ်ယောက်ပါရှိ၏။ သူငယ်ချင်းများနှင့်ဆော့ကစားပြီး၍ ဖိုးလုံးတစ်ယောက် မိမိအိမ်ဆီသို့ပြေးကာလွှားကာ ပြန်လာခဲ့လေသည်။ “ဟဲ့…ဖိုးလုံး သောက်ရေအိုးတွေရေဖြည့်ပါလို့မှာထားရဲ့နဲ့ နင်ဆိုတာလည်း ဆော့ဖို့သာသိပြီး ခိုင်းဖို့ကျမရပါလားဟယ်” “အမေကလည်း… ကျုပ်တို့အဖွဲ့ ဘောလုံးကန်ဖို့ချိန်းထားကြလို့ပါဗျ…” “အေး…အိမ်မှာထမင်းမစားနဲ့ သွား…အဲ့မှာသွားစား” ဖိုးလုံး၏မိခင် ဒေါ်မိတိုးက သားဖြစ်သူအားဆူပူနေလေသည်။ ထိုအခါဒေါ်မိတိုး၏ မိခင်ဖြစ်သူရောက်လာခဲ့ပြီး… “မိတိုး…ညည်းလည်းအေ…ဆူလို့ပူလို့ပြီးပါဦးမလား…။ကလေးပဲဟယ် ဆော့မှာပေါ့” “အမေ…အမေမသိဘူးနော် အမေ့မြေးက ကျုပ်ရေခပ်ခိုင်းတာကို မလုပ်ဘဲ သွားဆော့နေတာ…။မိဘအလုပ်ကိုဒီလောက်လေးတော့ကူညီပေးဦးမှပေါ့တော်” “အေးပါအေ…ငါ့မြေးကလည်း အမေခိုင်းတာလုပ်ပြီးမှသွားဆော့ပေါ့…။အခုတော့ကြည့် ဆူခံရပြီမလား” “ဟုတ်ကဲ့ပါ …ကျုပ် နောက်ခိုင်းတာလုပ်ပြီးမှသွားဆော့ပါ့မယ်” ” တွေ့လား မိတိုး… ငါ့မြေးကပြောစကားနားထောင်ရှာပါတယ်အေ” ဒေါ်မိတိုး ဖိုးလုံးတို့မြေးအဘွားအားကြည့်ကာ ပြုံးလိုက်မိ၏။ စိတ်ထဲမှာ​တော့…”လိုက်လဲလိုက်တဲ့မြေးအဖွား…”ဟု ပြောလိုက်လေ​တော့သည်။ ဒေါ်မိတိုးတို့မိသားစု၌ … Read more

အောက်လမ်းဘိုးထင် နှင့် ကျေးဇူးဆပ်ပါရစေ

” အောက်လမ်းဘိုးထင် နှင့် ကျေးဇူးဆပ်ပါရစေ ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) ဦးအုန်းသည် အိပ်ယာထဲတွင် လဲလျောင်း၍နေ၏။သူ၏ ဘေးတွင် ရွာမှ လူကြီးများနှင့်အတူ မောင်ဘိုးထင် ထိုင်နေ သည်။မောင်ဘိုးထင်သည် ဦးအုန်းကို ကြည့်ကာ “အဘ ဘာဖြစ်တာလဲ ကျုပ်ကို ပြောစမ်းပါ ” “ဘာမှမဖြစ်ပါဘူးကွာ။ကောင်လေး ငါမင်းအတွက် တခုစီစဉ်ထားတယ် ” “အဘသာ နေကောင်းအောင် နေစမ်းပါဦး ကျန်တာတွေ နောက်မှပြောဗျာ” “ကိုမောင်ကြီး ကျုပ်ကောင်လေးအတွက် ကျုပ်စီစဉ်ထားတာတွေ ပြောပေးစမ်းပါဗျာ ” ဦးအုန်းသည် ရွာလူကြီးကို ကြည့်ပြီး စကားဆိုလိုက်ရာ ရွာလူကြီး ‌ဦးမောင်ကြီးသည် “ဘိုးထင် မင်းတို့တွေ အလုပ်များနေတဲ့ အချိန် မင်းအဘက မင်းအတွက်ဆိုပြီး ရွာအစွန်က ခြံကြီးကို ဝယ်ပေးထားတယ် … Read more

ဦးဖိုးဝေ နှင့် မေနန်း

” ဦးဖိုးဝေ နှင့် မေနန်း ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံရမှ နေသာထိုင်သာ ရှိသော သူများမှာ တောသူတောင်သားများဖြစ်သည်ဟု ဆိုလျှင် လွန်မည်ဟု မဆိုသာပေ။ယခုလည်း ဦးဖိုးဝေ နှင့် သူရိယသည် လူသစ်၏ အရေးကို ရှေ့ရှုကာ ဦးစံပေါ၏ အိမ်တွင် ခေတ္တတည်းခိုမည်ဟု ဆုံးဖြတ်လိုက်လေသည်။ထို့အတွက် သူရိယအား ရွာဦးဘုန်းဝောာ်ကြီးကျောင်းသို့ သွားစေကာ ဆရာတော် ဘုရားနှင့် ကပ္ပိယကြီးအား သေချာလျှောက်တင်မှာ ကြား ခိုင်းလိုက်လေသည်။သူရိယ နှင့် အတူ လူသစ်ပါ ပါသွားရာ အိမ်တွင်တော့ အိမ်ရှင် ဦးစံပေါ နှင့် ဦးဖိုးဝေသာ ကျန်ခဲ့လေ၏ ။ “ဦးစံပေါ တခုလောက်မေးစမ်းပါရစေ” “မေးပါ ဆရာကြီး မေးပါ … Read more

စုန်းထီးကြီးဦးဘသာနှင့် နွားထီးကြီး ညိုမောင်

” စုန်းထီးကြီးဦးဘသာနှင့် နွားထီးကြီး ညိုမောင် ” ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) လူတွေပဲ သရဲတစ္ဆေဖြစ်တယ်လို့ကျုပ်အစကထင်ခဲ့ဖူးတယ်ဗျ၊ ဒါပေမယ့် လူတွေတင်မကဘဲ တိရစ္ဆာန်တွေပါ သရဲတစ္ဆေဖြစ်တာကိုကျုပ်ကိုယ်တွေ့ကြုံခဲ့ဖူးတော့မှ သိခဲ့ရတာဗျ၊ “ဦးဘသာကြီး နွားတွေရောင်းတော့မလို့တဲ့အဖေ . . .” ကျုပ်အသံရှည်ကြီးနဲ့အော်ပြီး ခြံဝိုင်းထဲကို ပြေးဝင်လိုက်တော့ အဖေက ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်တယ်ဗျ။ “ဦးဘသာ သူ့နွားသူရောင်းတာ ဘာဆန်းလို့လဲကွာ” “ဟာ၊ အခုရောင်းမှာက တစ်ကောင်နှစ်ကောင်မဟုတ်ဘူးတဲ့ဗျ၊ သူ့ရှိသမျှနွားထီး၊ နွားမတွေအကုန်ရောင်းတော့မှာတဲ့ဗျ” အဖေက မျက်ခုံးတစ်ချက်ပင့်သွားတယ်၊ “ဟေ၊ ဟုတ်သလား ဒီသတင်းဘယ်သူတွေသိပြီးပြီလဲ” ကျုပ်လည်းအမေဖြေလိုက်ပြီးတော့ “ဘယ်သူမှမသိသေးပါဘူးဗျာ၊ အခုမှပြောလိုက်တာပါ” “အေး၊ ဒါဆိုကောင်းသားဟ၊ မင်းကိုအကြီးက ရှေ့နှစ်ဆိုလယ်တွေခွဲစိုက်တော့မယ်ဆိုတော့ အိမ်ကနွားတွေနဲ့ချည်း တစ်လှည့်စီထွန်နေလို့ခရီးမတွင်တော့ဘူးကွ၊ ဒီတော့ သူ့လည်းနွားတစ်ရှည်းလောက်ဝယ်ပေးလိုက်အုံးမှပဲ” “မြန်မြန်သာဝယ်ထားအဖေရာ၊ နောက်ကျရင် သူများယူသွားအုံးမယ်” အဖေနဲ့ကျုပ်နဲ့ ဦးဘသာကြီးအိမ်ကိုထွက်ခဲ့တာပေါ့ဗျာ၊ … Read more

ကြိုးနဲ့ ကာတဲ့ခြံ

” ကြိုးနဲ့ ကာတဲ့ခြံ “(စ/ဆုံး) မူရင်းရေးသားသူ—ဆရာတာတေ +++++++++++ အဘထင်ဆိုတာ ကျုပ်တို့ ထနောင်းကုန်းမှာတော့ အထင်ကရ လူတစ်ယောက်ပေါ့ဗျာ။ ရွာတောင်ပိုင်းမှာ အိမ်ကြီးရခိုင်နဲ့ သပ်သပ်ခတ်ခတ် ကာထားတဲ့ အိမ်ဝိုင်းကြီးနဲ့ဗျ။ ရွာကလူတွေလည်း အဘထင် ဆိုလျှင် အားကြီး ရှိန်ကြတာဗျို့။အဘထင်က ထောင်ထွက်ကြီးလေဗျာ။ ထောင်ကျတော့ တစ်ခါမဟုတ်ဘူးဗျ။ ခဏခဏ ကျတာဆိုပဲ။ထောင်ထဲမှာတောင် ထောင်မင်းသား ဖြစ်နေတာတဲ့ဗျ။ ထောင်မင်းသားဆိုတာ ထောင်ကျလိုက် ပြန်လွတ်လိုက် ပြန်ကျလိုက် ဖြစ်နေတဲ့လူကို ခေါ်တာလေဗျာ။ ထောင်ထဲမှာတော့ အဘထင်က ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးပြီး လူယုံလိုကို ဖြစ်နေတာ ဆိုပဲ။ကျုပ်တို့ရွာကို ရောက်လာပြီး နေတဲ့ အချိန်က စပြီးတော့ အဘထင်က တကယ့်လူကောင်း တစ်ယောက်ပါပဲဗျာ။ အဘထင်က ကျုပ်တို့ရွာသား မဟုတ်ဘူးလေ။ တခြားက ပြောင်းလာပြီးတော့မှ ရွာမှာ ဝိုင်းပယ်ပြီး … Read more