“”ဘွားမယ်စိန်နှင့်လူသားစားသူ “”(စ/ဆုံး) ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ ယနေ့ ဘွားမယ်စိန်၏အိမ်ဝိုင်းအတွင်း ရွာမှလူများ ဝိုင်းဖွဲ့နေကြသည်။ ခြံဝိုင်းအတွင်း ဖျာကြမ်းများခင်းကျင်းထားပြီး စားပွဲဝိုင်းအပုလေးများကိုထားရှိထား၏။ ထိုစားပွဲဝိုင်းများ၌ ထိုင်နေကြသော ရွာသူ၊ရွာသားများအား ကာလသားအဖွဲ့များက ကြာဆံဟင်းခါးများ ပြင်ဆင်ကာချပေးနေကြလေသည်။ အမှန်မှာ ဘွားမယ်စိန်၏သမီးဒေါ်ဝင်းမှ ကြာဆံဟင်းခါးချက်၍ အလှူပြုနေခြင်းပင်။ ဘွားမယ်စိန်မှာတော့ ကွပ်ပျစ်၌ သောင်ထွန်းရွာသူကြီးတို့ဖြင့် စကားကျနေခဲ့လေသည်။ စားသူကလည်းမြိန်ရှက်စွာစားနေသကဲ့သို့ ဒေါ်ဝင်းတို့ နန်းကြိုင်လေးတို့သည်လည်း တပြုံးပြုံးဖြင့်ကျေနပ်နေကြရှာသည်။ စားသောက်ပြီး၍ အားလုံးပြန်သွားကြချိန်၌ သောင်ထွန်းရွာသူကြီးဦးနောင်ချို…ဦးဘစီ…မောင်တိုး… မောင်အုန်းတို့ သာကျန်ရစ်ခဲ့ကြလေသည်။ ထိုအချိန်၌… “ဘွားရေ… ကျုပ်ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်ဘူးဖြစ်နေတယ်ဗျ” ဟု…သူကြီးဦးနောင်ချိုက အစပျိုးကာပြောလိုက်လေသည်။ “ဘာများတုန်း သူကြီးရဲ့…” “ဒီလိုဗျ…ကျုပ်ကြားမိနေတဲ့သတင်းတစ်ခု….” သူကြီးဦးနောင်ချို၏သတင်းဆိုတာကိုအားလုံး စိတ်ဝင်စားကုန်ကြသည်။ “သာယာကုန်းဆိုတာ ကျုပ်တို့ နဲ့တော့လှမ်းသားဗျ… အခုပြောချင်တာ အဲ့ရွာမှာလူတွေမကြာခဏပျောက်ပျောက်သွားတယ်ဆိုပဲ…ဒီသတင်းကြောင့် ကျုပ်တို့ရွာသူကြီးတွေကို မြို့က အစည်းအဝေးခေါ်သတိပေးသဗျာ…” “နေပါဦးကွယ့်…လူတွေက … Read more