” ဘွားမယ်စိန်နှင့် သင်္ချိုင်းထိပ်ကလူ ” ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ တစ်နေ့သ၌ ဘွားမယ်စိန်၏နေအိမ်ဆီသို့ မောင်တိုးနဲ့မောင်အုန်းတို့အတူတူရောက်လာခဲ့ကြသည်။ “ဟဲ့နှစ်ယောက် အဝတ်အစားတွေဘာတွေနဲ့ ဘယ်သွားကြမလို့တုန်း” ဟုဒေါ်ဝင်းကသူတို့နှစ်ယောက်ကိုမေးငေါ့ကာမေးတော့ ထန်းလျက်ခုံ၌ဝင်ထိုင်ဖို့ပြင်နေသောမောင်တိုးသည်… “ဟာဗျာ…အရီးပြောပုံကြီးကလည်း… ကျုပ်တို့ကအဝတ်အစားမဝတ်တဲ့ကောင်ကြီးတွေကျလို့ဗျာ” ဟု…ဆူပုတ်ပုတ်မျက်နှာထားဖြင့်ပြောတော့ ဒေါ်ဝင်းကသဘောကျစွာဖြင့်တဟားဟားဖြင့် ရယ်မောတော့သည်။ ရယ်မောလို့ဝလေမှ— “မဟုတ်ရပါဘူးဟယ်…နင်တို့က ခါတိုင်းထက်ထူးနေလို့ပါ— ခါတိုင်းဆိုရင်…စွပ်ကျယ်အပြဲနဲ့နေ နေကြတဲ့ ကောင်တွေကအခုကျသန့်လို့ပြန့်လို့ဆိုတော့ ဘယ်ကိုများသွားမလို့တုန်းလို့ မေးတာပါဟဲ့…” “ဟဲ…ဟုတ်တော့ဟုတ်သားဗျ… ကျုပ်တို့ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ဖိတ်ထားလို့သွားကြမလို့ပါ အရီးရာ—” “မင်္ဂလာဆောင်ကဘယ်မှာတုန်းဟဲ့” “အင်တိုင်းရွာမှာဗျ…” “ဟော…ဒါဆိုဘယ်နရက်ကြာကြမှာလဲ” “မကြာပါဘူးအရီးရာ ပွဲပြီးတာနဲ့ပြန်ခဲ့ကြမှာပါ… အဲ့တာဘွားကိုအကျိုးအကြောင်းလာပြောပြထားတာ တော်နေ ကျုပ်တို့ကိုလိုက်ရှာနေမှာဆိုးလို့ပါဗျ” “အေးပါကွယ်…သွားစရာရှိတာသွားကြပါ… ဒီရက်ပိုင်းထဲခရီးထွက်စရာမရှိသေးပါဘူးကွဲ့” “ဟုတ်ကဲ့ဘွား…ဒါဆိုကျုပ်တို့သွားတော့မယ်ဗျ… တော်နေဆိုနေကပိုပူလာတော့မှာ…” “အေး—အေး—အေး—အေး—” “ဟဲ့နှစ်ကောင်သေအောင်သောက်မနေကြနဲ့ဦးနော်… ရွာလည်းသေချာပြန်လာခဲ့ကြ” “စိတ်ချပါအရီး…” မောင်တိုးနဲ့မောင်အုန်းတို့ ဘွားမယ်စိန်တို့ကိုနှုတ်ဆက်ပြီး ခြံဝိုင်းထဲမှထွက်သွားကြတော့သည်။ မောင်တိုးမောင်းသောလှည်းဖြင့် အင်တိုင်းရွာသို့ ထွက်လာခဲ့ကြသည်။ အင်တိုင်းရွာ၏မင်္ဂလာဆောင်သို့ရောက်တော့… … Read more