စုန်းထီး

” စုန်းထီး “(စဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++ ဆရာအို ပယောဂကုတဲ့ဆီကို ကျုပ် လိုက်သွားတာဗျ။ဘိုးညိုက သူလှည်းနဲ့ နွားနှစ်ကောင် တပ်ပေးလိုက်တာသူ့မှာ နွားကောင်းချည်းပဲ နှစ်ရှဉ်းရှိတာဗျို့။ နွားတစ်ရှဉ်းဆိုတာ နှစ်ကောင်ကို ခေါ်တာဗျ။ သူတို့မှာ နွားနှစ်ရှဉ်းရှိတယ်ဆိုတော နွားလေးကောင်လေဗျာ။ဘိုးညိုရဲ့နွားကြီးတွေက တကယ်နွားသန့် နွားချောကြီးတွေဗျ။လှည်းကလည်းအမြဲတမ်း တိုက်ချွတ်ပြီး ဆီမှန်မှန်ထိုးထားတော့သန့်ပြန့်ပြီးချောနေတာပါဗျာ။ရောဂါသည်က မိန်းမဗျ။သိပ်ငယ်ငယ်တော့ မဟုတ်ပါဘူး။အသက်သုံးဆယ်ကျော်လောက်ရှိမယ်။ဆရာအိုက ထုံးစံအတိုင်း ရောဂါစစ်တာပေါ့ဗျာ။ “ကလေးမဗိုက်အောင့်တာ ဘယ်အချိန်အောင့်တတ်တုံး” “ညနေ တစ်ခါအောင့်တယ် ညသန်းခေါင်လောက်မှာ တစ်ခါအောင့်တယ်ဆရာကြီး” “ဒီအချိန်တွေက ပုံမှန်ဖြစ်နေကျပဲလားကွဲ့” “ဟုတ်ကဲ့ ဆရာကြီး ပုံမှန်ပဲတော့” “ဘယ်တုန်းကစပြီး ဖြစ်တာတုံး ကလေးမရဲ့” လူနာမိန်းမကပြန်စဉ်းစားတယ်။ဒီမိန်းမကအညာတောသူ ဆိုပေမယ့် ရုပ်ရည်တော်တော်ချောမောတဲ့မိန်းမဗျ။ အိမ်ထောင်မရှိဘူး။အပျို။ “ဟိုတလောက ကျမတို့ရွာကို ဆရာတယောက် ရောက် လာတယ်” “ဒီသံခနောက်ကို ရောက်လာတာလား” “ဟုတ်ပါတယ် ဆရာ။သူများတွေ … Read more

မဆစ်ဆီ ပီယဆေး

” မဆစ်ဆီ ပီယဆေး “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++++++++++++ ဒီတုန်းက ကျုပ်အသက် ဆယ့်နှစ်နှစ်လောက်ပဲ ရှိသေးတာဗျ။ ကိုကြက်တောဆိုတာ ကျုပ် တိုရွာရဲ့ ကာလသားခေါင်းပေါ့ ဗျာ။လူကအရပ်ရှည်ရှည် ပိန်ပိန်ဗျ။ခါးကလည်း နည်းနည်းကိုင်း သေးတယ်။မျက်လုံးကလည်းခပ်ပြုးပြူးဗျို့။ ဒါ့ကြောင့်လည်း ကျုပ်တို့ ရွာကလူတွေက ပြောကြတာ။ ” ကြက်တောရာ မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ဘာများဖြစ်လာ တာတုံး ” ” ဟာ….ဘာမှမဖြစ်ပါဘူးဗျ။ ဘိုးညီလေးရဲ့ ကျုပ်ကမွေးက တည်းက ပြူးနေတဲ့ဟာ ဘာတတ်နိုင်မှာတုံး ” လို့ကိုကြက်တောကြီးက ပြန်ပြောသဗျ။ကိုကြက်တောကြီးက လမ်းလျောက်ရင်လည်း ခြေလှမ်းကျဲကြီးနဲ့ဗျ။ ” ကိုကြက်တောတို့များလမ်းလျောက်ရင် ငှက်ကြီးဝန်ပို တွေ လမ်းလျောက်တဲ့ အတိုင်းပဲဗျာ ” လို့ ပြောပြောပြီး ရယ်နေကြတာဗျ။ တရက်ကျတော့ … Read more

ရွာမှောက်ခြင်း

ရွာမှောက်ခြင်း ရေးသားသူ—ဆရာတာတေ +++++++++++ တန်ခူး ကဆုန်မှာ ကြဲတဲ့နှမ်းက ဝါဆို ဝါခေါင်မှာ နှုတ်ရတယ်ဗျ။ ဝါဆို ဝါခေါင်မှာ ပြန်စိုက်တဲ့ နှမ်းတွေ ပဲတွေက တန်ဆောင်မုန်း နတ်တော်မှာ နှုတ်ရတာပေါ့ဗျာ။ ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုတာ အောက်ပြည် အောက်ရွာကို ပြောတာပေါ့ဗျာ။ တာတေက အညာသားဆိုပေမဲ့ အောက်ပြည်အောက်ရွာ အကြောင်းလည်း သိပါတယ်ဗျ။ မိုးရွာလို့ ရေတွေနောက်နေတဲ့ ချောင်းရိုးမှာ လှေလှော်တဲ့အခါ နီညိုရောင် သပြေသီးမှည့်တွေ ရေထဲမှာ မျောလာတာ တာတေ လှေပေါ်ကနေ ကောက်ခဲ့ဖူးတယ်။ ကြည့်ရင်တော့ စားချင်စရာဗျ။ စားကြည့်တော့ ချဉ်စုပ်နေတာဗျို့။ တာတေတို့ အညာမှာတော့ ဝါဆို ဝါခေါင်မှာလည်း မိုးက သဲသဲ မဲမဲရွာတာ မရှိပါဘူးဗျာ။ ဖြိုးဖြိုးဖျောက်ဖျောက်လောက်ပါပဲ။ ဒီလောက်ရွာ ရင်ပဲ ကျုပ်တို့အညာသားတွေက … Read more

စုန်းကြောက်တဲ့ဗုံ

” စုန်းကြောက်တဲ့ဗုံ ” (စ/ဆုံး) မူရင်းရေးသူ_ဆရာတာတေ +++++++++++ ဆရာကြီး ဦးမင်းအောင်နဲ့ ဆရာနွံဖတို့နောက်ကို ကျုပ်လျှောက်လိုက်နေတုန်းကဗျ။ ကျုပ်ကိုယ်တိုင် ကြုံခဲ့တဲ့ ဖြစ်ရပ် ကလေးတစ်ခုပေါ့ဗျာ။ ရှမ်းပြည်ဘက်မှာ ရောက်နေတဲ့ ကဝေပျံတစ်ယောက်ကို ဆရာကြီး ဦးမင်းအောင် နှိမ်နင်းလိုက်ပြီးလို့ ကျုပ်တို့ ပြန်အလာမှာလမ်းရွာကလေး တစ်ရွာကို ဝင်ပြီး နေ့လယ်စာ ထမင်းစားကြတယ်။ အဲဒီရွာမှာက ဆရာနွံဖရဲ့ တပည့်တစ်ယောက် ရှိတာကိုးဗျ။ ဆရာကြီးနှစ်ယောက်နဲ့ ကျုပ်နဲ့ ထမင်းစားသောက်ပြီးတဲ့အချိန်မှာ ရွာသူကြီး ရောက်လာပြီး ဆရာတွေကို ဖမ်းတော့တာဗျို့။ “သူကြီး ဘာကိစ္စများ ရှိလို့တုံးဗျ” ဆရာနွံဖက မေးသဗျ။ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ သူကြီးက ပြောတယ်- “ဒီလိုပါ ဆရာကြီးတို့၊ ကျုပ် အုပ်ချုပ်ရတဲ့ဒီရွာမှာ ကလေးမလေးတွေ နှစ်ယောက်သုံးယောက် ရှိပြီဗျ၊ အကောင်းသားကနေမူးကြ၊ ဝေကြ၊ … Read more

သရဲပေတိုး

” သရဲပေတိုး ” (စ/ဆုံး) မူရင်းရေးသူ- – – ဆရာတာတေ +++++++++++ ကျုပ်တို့ရွာက ထနောင်းကုန်းလေ။ အရှေ့မြောက်ဘက်မှာ ငွေသားကုန်း၊ဘန့်ဘွေးကုန်းဝက်စု၊ ငွေတွင်းကုန်းဆိုတဲ့ ရွာရှိတယ် ။ အရှေ့ဘက်မှာတော့ ကျားဟုန်းရွာရှိတယ် ။ အနောက်ဘက်မှာတော့ ရွာသစ်တို့ ဆရာမနိုင်တို့ရှိတယ် ။ ကျုပ်တို့ ထနောင်းကုန်းသူကြီးက လွှတ်စိတ်တိုတဲ့သူကြီးပါ ဗျာ။ ကျုပ်တောင်တခါက ထိပ်တုံးခတ်ခဲ့ရသေးတယ်ဗျ ။ ခိုင်းစရာများရှိရင်တော့လူလွှတ်ပြီး မတွေ့တွေ့အောက်ရှာခိုင်း တက်ပါ့ဗျ ။အခုတလော ကျုပ်ဘယ်မှသိပ်မသွားဖြစ်ဘူး အိမ်မှာ ပဲခြေငြိမ်နေတယ်။ နေကလဲပူပါ့ဗျာ အောက်ပြည်မှာမိုးရွာပေမဲ့ ကျုပ်တို့အညာဘက်ကို မိုးဖွဲလေး တခါနှစ်ခါလောက်ပဲရောက် သေးတယ်ဗျ ။ ကျုပ်လဲထမင်းစားပြီးထဲက ဝိုင်းထဲက မန်းကျည်းပင်ကြီး အောက်ခင်းထားတဲ့သစ်သားကွပ်ပျစ်ပေါ်မှာ ဝါပိုးခြမ်းကလေး ခေါင်းအုန်းပြီး အိပ်နေတာဗျို့ ။ မီးညှိထားတဲ့နဂါးဆေးပေါ့လိတ်ကလေးကို တစ်ဖွာနှစ်ဖွာ ဖွာ … Read more

ကျောက်မျက်လုံးဂူ

” ကျောက်မျက်လုံးဂူ ” +++++++++++ နတ်တော်လလေဗျာ။အေးချက်က လွန် ရော။စောင်ခြုံလို့လည်း မနွေး။ ကွေးလို့ လည်း မလုံ။အိပ်လို့လည်း မပျော်။ နောက်ညတွေဆိုရင်တော့ မီးလှုံရတော့ မယ်ထင်တယ်။ ကျုပ်တောင် အိပ်မပျော် မှတော့ အဘတို့ အမေတို့ဆိုရင် ပိုဆိုး တာပေါ့ဗျာ။ “အုန်း- အုန်း- အုန်း- ဝုန်း” ဘာသံတွေတုံး။ အချိန်က သန်းခေါင် ကျော်ဗျ။ သွပ်မိုးပေါ်ကို တစ်ခုခုကျတဲ့ အသံဗျ။ “ဟဲ့ တာတေ – နင် နိုးနေလား” အမေက ကျုပ်ကို လှမ်းမေးတယ်။ ကျုပ်ကလည်း ဘာသံလဲလို့ နားစွင့် နေရာကနေအမေ့ကိုဖြေလိုက်ရတယ်။ “နိုးတာ မဟုတ်ဘူး အမေရ အိပ်လို့မရတာ၊ အေးချက်ဗျာ” “ဟဲ့ တာတေ၊ နင့်ကို အေးတာပြော မလို့ မဟုတ်ဘူး၊ … Read more