စုန်း

” စုန်း ” ရေးသားသူ–ပီပီ(မန္တလေး) +++++++++++ အခန်း၁။ ၂၀၁၅ခုနှစ် ၊ တပေါင်းလဆန်း ၃ရက်နေ့။ စနေနေ့။ မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊စကားအင်းရွာရှိ မုန့်လက်ဆောင်းရောင်းသော မစန်းဦးနေအိမ်၌ မိန်းမတသိုက် သန်းဥနှိုက်ရင်း စကားတင်းဆိုနေကြ၏။ အိမ်ရှင် မစန်းဦးက မုန့်လက်ဆောင်းကြိုနေ၏။ သူမ အနီးမှာ သန်ဥတုပ်နေသူက မမြတင်။ ဆံပင် သွေ့ခြောက်ခြောက် ဖွာလန်ကျဲ၍ သန်းဥ အနှိုက်ခံသူက ချဲထီ ကော်မရှင်စား ရောင်းသူ မအေးကြည်။ မုန့်လက်ဆောင်းကြိုနေသော မစန်းဦးက … ” ဟဲ့ မြတင်၊ ရွာတောင်ပိုင်းက ကိုသန်းဌေး နွားကို တောင်ရိုးလေးက ဧကရာဇ်ပင်အောက်မှာ ပြန်တွေ့တယ်ဆို ” သန်းဥ နှိုက်နေသော မမြတင်က ခေါင်းကိုင်မပျက် ပြန်ဖြေ၏။ ” တွေ့သပါ့ အစ်မရယ်၊ … Read more

အောင်မြတ်သာနှင့်ငယ်ပေါင်းကိုးဖော်

” အောင်မြတ်သာနှင့်ငယ်ပေါင်းကိုးဖော် ” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – အောင်မြတ်သာတို့တည်းတဲ့ဘုန်းကြီးကျောင်းက တကယ့်နာမည်ကြီး။ ဘာလို့နာမည်ကြီးရလဲဆိုရင် ယခင်ဒီကျောင်းမှာကျောင်းထိုင်ဖို့ ကျောင်းထိုင်ဘုန်းကြီးတွေကို တာဝန်ချခဲ့တယ်။ တာဝန်ချခံရတဲ့ ကျောင်းထိုင်တွေက တစ်လမပြည့်ပဲ ပြေးကြတာများတယ်။ အဓိကကတော့ ညဘက်သန်းခေါင်ချိန်ဆိုရင် ကျောင်းပေါ်မှာ ကလေးတွေ ပြေးလွှားဆော့တဲ့အသံကြားရလို့ပဲ။ ကမ္မဝါဘယ်လိုဖတ်ဖတ်၊ ပဌာန်းဘယ်လိုရွတ်ရွတ်၊ ဒီဆော့ကစားတဲ့ အသံတွေကမပျောက်သွားဘူး။ အဲလိုနဲ့ စာသင်သားကိုယ်တော်တွေရော၊ ကျောင်းထိုင်ဘုန်းကြီးတွေပါ ထွက်ပြေးကြရတယ်။ ယခင်ကျောင်းစဆောက်တုန်းက ထိုင်ခဲ့တဲ့ဆရာတော်ကြီးလက်ထက်ကတော့ ဒါမျိုးတွေမကြုံရဘူး။ ဆရာတော်ကြီးက သီလသမာဓိနဲ့ ပြည့်စုံပြီး လူတွေနဲ့လဲရောရောထွေးထွေးမနေဘူး။ ဆွမ်းစားချိန်လောက်ပဲ အခန်းပြင်ထွက်ပြီး ကျန်တဲ့အချိန်တွေဆိုရင် အခန်းထဲမှာ တရားဘာဝနာပွားများနေတတ်တယ်။ ဆရာတော်ကြီးပျံလွန်တော်မူတော့ ရုပ်ကလပ်ကို ခုနှစ်ရက်ပူဇော်ခံခဲ့တယ်။ ဆရာတော်ကြီးဈာပနကို ကူညီပေးခဲ့တဲ့ … Read more

လောဘနိဂုံး

” လောဘနိဂုံး ” ရေးသားသူ–D Moe Moe +++++++++++ ဒီတခါတော့အိမ်ကဖြစ်ရပ်မှန်ကိုယ်တွေ့ကိုတင်ပါမယ် လောကမှာလူအမျိူ းမျိူ းစိတ်အဖုံဖုံဖြစ်ပျက်ပြောင်းလဲနေကြတဲ့အတွက်သံဝေဂရစရာအကြောင်းတွေအပုံအပင်ရှိနေမှာပါ သူတပါးပစ္စည်းအချောင်လိုချင်သူတွေရဲ့့နောက်ဆုံးသွားရတဲ့လမ်းကမသာယာပါဘူး လူတိုင်းစိတ်ကောင်းထားနိုင်စေရန်တင်ပြပါသည် +++++++++ +++++++++ တခါသော်အိမ်ကကိုးကွယ်သောဆရာတော်ကြီးအိမ်ကိုကြွလာတုန်းဆရာတော်ကြီးအား အဖေကစီးပွားရေးလုပ်ရန်ဘာလုပ်ငန်းများလုပ်ရင်ကောင်းမည်လဲဟုမေးကာလျှောက်ထားပါသည်။ ထိုအချိန်ကကိုယ်တို့မောင်နှမများအားလုံးကျောင်းတက်ကာပညာသင်နေသောအချိန်ဖြစ်ပါသည်။ ထိုအခါဆရာတော်ကြီးကိုလာဖူးသောတကာဦးသိန်းဆိုသောလူတစ်ယောက်ကဆရာတော်ကြီးအားအကြံပေးသည်။ ” အရှင်ဘုရား—-တပည့်တော်ကလဲပိုက်ဆံမရှိ၍စီးပွားရေးမလုပ်နိုင်ပါ—-ဒီမိသားစုနှင့်ပေါင်းလုပ်ချင်ပါသည်—–တပည့်တော်ကလူစိုက်ပညာစိုက်ကာ—–သူတို့ကငွေစိုက်လျှင်နှစ်ဦးနှစ်ဘက်အဆင်ပြေမည်ဖြစ်ပါတယ်ဘုရား— ” ဒီအခါဆရာတော်ကြီးကအဖေသည်ပညာတတ်၍အစိုးရရုံးမှအရာရှိကြီးတစ်ဦးဖြစ်ကာဘာစီးပွားရေးမှနားမလည်တာသိထားသည်။ လက်ဝေခံစားလုပ်ကာလုပ်ငန်းနားလည်သောဦးသိန်းဆိုသူနှင့်လုပ်ရန်ခွင့်ပြုလိုက်သည်။ ထိုဦးသိန်းဆိုသူသည်နဖူးပြောင်ပြောင်နှင့်ဝဝတုတ်တုတ်ဖြစ်ကာဖိုးဝရုပ်နှင့်တူသည်။ ယေဘူယျအားဖြင့်သဘောကောင်းသည်ဟုထင်ကြပါသည်သို့ပေမဲ့လူ့စိတ်ဆိုတာခန့်မှန်းရအခက်ဆုံးပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းစတင်ထူထောင်ရာတွင်အိမ်ကငွေစိုက်ကာဦးသိန်းကလူနှင့်ပညာစိုက်ကာလုပ်ကြသည်။ ဆရာတော်ကြီးကလဲလုပ်ငန်းအဆင်ပြေအောင်သူ့အစွမ်းဖြင့်အကုန်စီရင်ပေးကာ လုပ်ငန်းအသစ်ဖွင့်ပွဲသို့သူကိုယ်တိုင်တက်ရောက်ကာချီးမြင့်ပေးပါသည်။ အလုပ်လုပ်မည့်သူများအားအရင်ဆုံးအနေဖြင့်ဆုံးမစကားဟောပါသည်။ ” ကဲဒီလုပ်ငန်းကအောင်မြင်မှာပါကွာ—-တခုရှိတာကဒီလုပ်ငန်းမှာတဦးနှင့်တစ်ဦးမှန်မှန်ကန်ကန်သစ္စာရှိရှိလုပ်ကြဘိုပဲလိုပါတယ်—-ဒီလုပ်ငန်းကိုအထက်ပုဂ္ဂိုလိတွေကိုအပ်ပေးထားတဲ့အတွက်—–မမှန်တဲ့သူဟာအကုသိုလ်အကျိူးးချက်ချင်းပေးမှာဖြစ်တယ်——-မလိမ်မညာဘဲအမှန်အကန်လုပ်ပါ——” ဆရာတော်ကြီးစကားကိုအဖေနဲ့အမေရောဦးသိန်းပါကတိပြု၍လုပ်ငန်းစကြလေသည်။ လုပ်ငန်းစလုပ်တော့အဖေကရုံးအလုပ်များနှင့်မအားသဖြင့်အမေကသာဦးဆောင်လုပ်ရသည်။ ကိုယ်တို့မောင်နှမများကတော့ရန်ဖန်ရန်ခါအမေ့အားကူပေမဲ့ကျောင်းတဖက်မို့သိပ်မကူအားပါ အဖေနဲ့အမေကတော့ဆရာတော်ကြီးထူထောင်ပေးသောလုပ်ငန်းမို့အောင်မြင်မည်တွေးကာတက်ကြွနေကြသည်။ သိုပေမဲ့ထိုလုပ်ငန်းသည်အစပိုင်းလောက်သာအဆင်ပြေကာနောက်ပိုင်းတွင်အရှုံးကြီးပြလာသည်။ ခက်သည်ကဦးသိန်းကကုန်သည်များဖြင့်တွေ့ရသူဖြစ်ကာအမေကကုန်ချောထွက်ရန်ကြီးကြပ်ပေးရ၍ စျေးကွက်စီးပွားရေးကောင်းစွာမသိသေးသောအချိန်ဖြစ်သည်အလုပ်ကကောင်းနေပါလျှက်အရှုံးပေါ်နေခြင်းကို အမေကဘဝင်မကျပေမဲ့ရိုးသား၍သူတပါးအပေါ်အကောင်မြင်စိတ်ရှိသောအဖေကလဲသံသယမရှိပါ တနေ့တွင်အမေ့ထံသိုလုပ်ငန်းတူလုပ်နေသောမိန်းမတစ်ယောက်ရောက်လာကာစကားစမြည်ပြောရင်း ” အမတို့ပစ္စည်းတွေစျေးကွက်မှာအတော်နံမည်ရလာပြီနော်—–လူကြိုက်များနေပြီကုန်သည်တွေက——–သဘောကျနေကြတယ် ” အမေကထိုမိန်းမပြောသောစကားများကြောင့်စိတ်ထဲဇဝေဇဝါဖြစ်သွားကာဦးသိန်းအားမေးမိသည်။ ” ဦးသိန်းရေကျွန်မတို့ပစ္စည်းတွေကစျေးကွက်မှာနံမည်ရတယ်ဆိုပြီး—–ဘာလိုအရှုံးပေါ်နေရတာလဲ—– ” ” ဟုတ်တယ်လေ—-အသစ်ဆိုတော့သူများဟာထက်စျေးလျှော့ပေးရတယ်လေ—–ဒါမှမိတ်ရလာမှာပေါ့ ” အမေကဦးသိန်းရဲ့မူမမှန်တာကိုအကဲခတ်မိ၍ဦးသိန်းအားလေ့လာစုံစမ်းမိသောအခါ – အံ့သြစရာအဖြစ်ကိုသိရလေသည်မူလကပျဉ်ထောင်အိမ်ကလေးဖြစ်သောဦးသိန်းအိမ်သည်။ နေ့ချင်းညချင်းတိုက်အိမ်ဖြစ်သွားကာဘာမှမရှိသောဦးသိန်းထံတွင်ဆိုင်ကယ်များစက်ဘီးများရှိလာသည်။ … Read more

စုန်းထီးကြီး ဦးဘသာနှင့် ဒွေးချောင်းရွာမှ စုန်းညီအမ

” စုန်းထီးကြီး ဦးဘသာနှင့် ဒွေးချောင်းရွာမှ စုန်းညီအမ ” ရေးသားသူ–အဂ္ဂဇော် +++++++++++++++++++++ (၁) ထပ်ပြောပြရအုံးမယ်၊ ဟိုတစ်နေ့က ပြောခဲ့တဲ့အကြောင်းရဲ့အဆက်လေးပေါ့ဗျာ၊ အဲဒီအကြောင်းမပြောခင် ဦးဘသာကြီးအကြောင်းကိုပြောရအောင်ဗျာ။ သူက အနေအထိုင်ရိုးရိုးအေးအေးပဲနေတယ်ဗျ။ သူ့ကိုကျွန်တော်တို့က စုန်းမှန်းသိပေမယ့် ကြောက်ရမယ့်အစား ခင်တောင်ခင်နေကျတာ။ သူက ကွမ်းတော့တော်တော်ကြိုက်တာဗျ။ လူကလည်း ကရင်စပ်တယ်လိုလို၊ မွန်စပ်တယ်လိုလိုပြောကြတယ်၊ လူကတော့ ခပ်ဖြူဖြူပဲ၊ ကျုပ်တို့အညာသားတွေကတော့ သိတယ်မဟုတ်လား၊ အသားအရည်က ထန်းလျက်ရောင် များတယ်၊ တစ်ချို့နေပူထဲအနေများတဲ့လူကျတော့ ပုန်းရည်ကြီးရောင်ပေါ့၊ အောင်မယ် မိန်းကလေးတွေကျတော့ ပုန်းရည်ကြီးရောင်သွားပြောရင်စိတ်ဆိုးကျတာ၊ မိန်းကလေးတွေကိုကျတော့ အသားကို ကရမက် အရောင်တဲ့လေ။ ကျုပ်တို့ရွာမှာ အသားဖြူတာဆိုလို့ ဦးဘသာရယ်၊ ရွာနောက်ပိုင်းကရင်အစုက ကရင်စပ်တွေရယ်၊ ရွာမှာငွေတိုးချေးစားပြီးတော့ အရက်ဆိုင်ဖွင့်တဲ့ တရုတ်ကြီးရယ် ဒီလောက်ပဲရှိတာဗျ။ ဦးဘသာကြီးအကြောင်းကို ကျုပ်တို့လည်းသိချင်ပေမယ့် ရွာကလူတွေတော်တော်များများက သိပ်မသိကြဘူး၊ ကျုပ်အဖေတောင်မှ … Read more

အောင်မြတ်သာနှင့်ပဌာန်းဆက်ရှာပုံတော်

” အောင်မြတ်သာနှင့်ပဌာန်းဆက်ရှာပုံတော် “(စ/ဆုံး) ရေးသားသူ—ဇေယန(ရာမည) +++++++++++ တပေါင်းလဖြစ်တဲ့အတွက် အပူရှိန်က မန်ကျီးကိုးပင်ရွာထဲကို အတားအဆီးမဲ့စွာကျဆင်းနေခဲ့တယ်။ ဒါပေမယ့် လူတစ်ယောက်ကတော့အရိပ်အာဝါသကောင်းတဲ့မန်ကျီးပင်အောက်က ကွပ်ပြစ်လေးပေါ်မှာ စာအုပ်ထူကြီးတစ်အုပ်ကို စိတ်၀င်တစားဖတ်ရှုနေလေရဲ့။ “ မိုးထက်‌မြင့်ရေ..စာအုပ်ကနောက်မှဖတ်လို့ရတယ် ထမင်းအရင်လာစား” မလှမ်းမကမ်းမှာရှိတဲ့ အိမ်ပေါ်ကနေ လှမ်းအော်လိုက်တဲ့အသံကြောင့် မိုးထက်မြင့်ဆိုတဲ့လူငယ်လေးက ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။ “ စာအုပ်ထဲစိတ်ရောက်နေတာနဲ့ ထမင်းစားဖို့တောင်မေ့နေတာအမေရယ်.. ဒါနဲ့ အမေရောစားပြီးပြီလား” “ မင်းနဲ့တူတူစားဖို့စောင့်နေတာလေ… ကိုယ်တော်ချောက စာအုပ်များဖတ်နေရမယ်ဆို ထမင်းမေ့ဟင်းမေ့ပဲ” မိခင်ဖြစ်သူရဲ့စကားကြောင့် မိုးထက်မြင့်တစ်ယောက် ရယ်ကျဲကျဲလုပ်ပြီး လက်ဆေးရန်အိမ်နောက်ဘေးကိုထွက်သွားခဲ့တယ်။ ထမင်းစားနေရင်း မိခင်ဖြစ်သူက သားဖြစ်သူမျက်နှာကိုငေးကြည့်ရင်း လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကအဖြစ်အပျက်တွေက ခေါင်းထဲကို၀င်လာခဲ့တယ်။ – – – – – – – – – မိုးတွေသည်းကြီးမဲကြီးရွာနေတဲ့ညသန်းခေါင်အချိန် အိမ်ရှေ့ကနေ စူးစူးဝါးဝါးထိုးဟောင်နေတဲ့ … Read more

ဦးဖိုးဝေ နှင့် စေတလုံးပိုင် ခရီး

” ဦးဖိုးဝေ နှင့် စေတလုံးပိုင် ခရီး ” ရေးသားသူ–မောင်တင်ဆန်း +++++++++++ *အခန်း-၁ ဦးဖိုးဝေ နှင့် သူရိယသည် ရွာစဉ်တလျှောက် လမ်းလျှောက်လာရာ နေအတန်သင့် ပူသော အချိန်တွင် တောကျသော ရွာလေး တရွာသို့ရောက်လာသည် ၊ ထို့နောက် ထိုရွာလေးထဲတွင် ထမင်းရောင်းသည့် နေရာ စုံစမ်းမေးမြန်းရာ ရောင်းသူ မရှိပေ သို့ပေမဲ့ ရွာထဲရှိအိမ်တလုံးမှ အလှူ လုပ်နေသည့်နှင့် ကြုံကြိုက်သောကြောင့် ဦးဖိုးဝေတို့အား ခေါ်၍ ထမင်း ကျွေးလေသည် အလှူရှင်မိသားစုသည် အတော်ကို သဘောကောင်းသူများဖြစ်ကြ၏ နေပူ‌ေနသောကြောင့် နေအေးမှ ခရီးဆက်ရန် တတွက်တွက် ပြောနေလေရာ ဦးဖိုးဝေ နှင့် သူရိယသည်လည်း ရေနွေးလင်ပန်း နှင့် အိမ်ပေါ်တွင် ဧည့်သည် လုပ်နေကြသည် ၊ အိမ်ပေါ်တွင် … Read more

ကျီးကန်းမ

” ကျီးကန်းမ ” စ/ဆုံး ရေးသားသူ—ဆရာတာတေ +++++++++++ အညာဆောင်းဗျ အေးချက်ကတော့ ကမ်းကုန် ရောဗျို့။ တာတေတို့ အညာသားလေးတွေဆိုတာ ညရောက်ရင် မီးလှံ ုကြ ၊ ပြီးရင် အိပ်ရာဝင်တာနဲ့ ဂုန်နီအိတ်ကို ချုပ်ထားတဲ့ စောင်တစ်ထပ်အညာစောင်ထူထူတစ်ထပ်ခြုံပြီး ကွေးကြရတာပေါ့ဗျာ။ ဒီညနေထမင်းကလည်း စားကောင်းသဗျ။ ဖရဲကင်းလေးတွေအချိုချက်လို့၊ ချဉ်ပေါင်ဖက် ကို မြေပဲနဲ့ရောထောင်းပြီး ကြက်သွန်နီအကွင်း လိုက်လှီးထားတာလေးနဲ့ မြေပဲဆီမွှေးမွှေးလေး လောင်းပြီးသုတ်ထားတာလေးရယ် ၊ အမဲခြောက်ကို ရေနဲနဲစိမ်ပြီးဖုတ်ထားတာလေးရယ် ပါသဗျ။ ပဲဆီလေးနစ်နေအောင် ဆမ်းပြီးစိမ်ထားတော့ ကောင်းချက်ဗျာ။ ကျုပ်ဖြင့် ထမင်းဘယ်နှပန်းကန်ထည့်မိမှန်းတောင်မသိပါဘူးဗျာ။လကဖြင့် ပြာသိုတောင်ကုန်ခါနီးပေါ့။ အအေးကတော့ နည်းနည်းမှကိုမလျော့သေးပါ ဘူးဗျာ။ နေလုံးပျောက်ပြီး မိုးချုပ်တာနဲ့စိမ့်လာ တော့တာဗျို့။ ကျုပ်လည်းဝိုင်းထဲမှာ စောစော ပဲ မီးဖိုလိုက်တယ်။အဘတို့ အမေတို့ကအသက် ကလေးတွေ ရကုန်ကြပြီလေဗျာ။ … Read more

အောင်မြတ်သာနှင့်ရွှေချည်ငွေချည်တန်းပါလို့

” အောင်မြတ်သာနှင့်ရွှေချည်ငွေချည်တန်းပါလို့ ” ရေးသားသူ—ဇေယန(ရာမည) ——————— “ ဝေါ — ဝေါ– ဒရော–” လေမတိုက်မိုးမရွာပဲ ထွက်ပေါ်လာတဲ့ တော်လဲသံ‌ ကြောင့် ထုံပအိုင်ရွာမှာနေတဲ့သူတွေအားလုံး အလန့်တကြားဖြစ်ကုန်ကြတယ်။ “ ဘာဖြစ်တာလဲ… ဘယ်လိုအသံကြီးလဲဟ” “ ရွာသားတွေအားလုံး ထကြဟေ့… အနောက်ဘက် တောင်ကြောမှာ ဘာဖြစ်နေလဲမသိဘူး” ရွာခံကာလသားတွေရဲ့ ဆော်ဩသံကြောင့် အိမ်ထဲမှာအိပ်နေကြတဲ့သူတွေအကုန် ရွာလမ်းမ ပေါ်ကို ထွက်လာခဲ့ကြတယ်။ “ တောင်ပြိုတာများလား… ဒီလိုဆိုရင် ငါတို့ရွာ မြေကြီးအောက်ရောက်ကုန်တော့မှာပဲ” အသက်ခပ်ကြီးကြီးမိန်းမတစ်ယောက်ရဲ့ အလန့် တကြားအော်ပြောသံကြောင့် ရွာခံလူတွေရဲ့ စိတ်ထဲ ကြောက်လန့်မှုတွေဖြစ်ပေါ်လာပြီး အိမ်ပေါ်ပြန်တက်ကာ တန်ဖိုးကြီးပစ္စည်းတွေ ထည့်လိုထည့်၊ အ၀တ်အစားတွေ ယူလိုယူနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ကြတယ်။ “ ဟိတ်… အားလုံး စိတ်အေးအေးထားကြစမ်း” ပြတ်သားတည်ကြည်တဲ့အသံကြောင့် ရွာလမ်းမပေါ် လှုပ်ရှားနေကြတဲ့သူတွေအကုန် … Read more