မဖဲဝါရဲ့ကျောက်ရုပ်

” မဖဲဝါရဲ့ကျောက်ရုပ် “(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++ အညာမိုးကတော့ ကျိုးတိုးကျဲတဲပါဗျာ။ နှမ်းကြဲတဲ့ အချိန်မှာ မိုးကလေးတဖြိုက်လောက်ရွာရင် ကျုပ်တို့ တောင်သူတွေ လွှတ်ပျော်ကြတာဗျ။ နှမ်းပင်လေးတွေ ထလာတဲ့ အချိန်မှာ မိုးတဖြိုက် နှစ်ဖြိုက် ရွာလို့ကတော့ အညာသား လက်ခမောင်းခတ်တော့တာပေါ့ဗျာ။ ပေါင်းရှင်းကြ နွားချေးပက်ကြ လချေးပက်ကြ မျှော်လင့်ချက်ကိုယ်စီနဲ့ ကျုံးရုန်းလုပ်ကြတာဗျို့။ အညာသားဆိုတော့ နွားနဲ့အတူရုန်းကြတယ်လို့သာ ပြောတာဗျ။ တကယ်တော့ နွား နားသွားလည်း အညာသားက မနားရသေးဘူး။ ပေါင်းနူတ်ရ မြေဆီပတ်ရ ပိုးသတ်ဆေးဖြန်းရနဲ့ ကိုယ့်ယာကို မှန်ကြည့်သလို တစိမ့်စိမ့်ကြည့်နေရတာဗျို့။ တနေကုန် ပင်ပန်းတော့လည်း အိမ်ရောက်ရင် ဘယ်မှမသွား ကြတော့ဘူဗျ။ ငြိမ်ပြီး နားကျတာပေါ့ဗျာ။ ” အမေ အဘရော ဘယ်သွားတုံး” ညနေ အိမ်ရောက်တော့ … Read more

နောက်တစ်ခါ မမှားရဲတော့ပါဘူး

” နောက်တစ်ခါ မမှားရဲတော့ပါဘူး ” ရေးသားသူ— ကိုရင်တာနော(လက်ပံမြေ) +++++++++++ ** ညနေဖက်နေမစောင်းမီအချိန်လေး- ဖိုးထူး နဲ့သူငယ်ချင်းသုံးယောက်လွယ်အိတ်ကိုယ်စီ လေးခွကိုယ်စီနဲ့ ရွာရဲ့ တာရိုးတလျောက် ငှက်ပစ်ထွက်လာခဲ့ကြတယ်-ဒီလိုငှက်ပစ်ထွက်တာမျိုးက နေ့တိုင်းတော့မဟုတ်- ပျင်းပျင်းရှိတဲ့အခါနဲ့စိတ်လိုလက်ရရှိတဲ့အချိန်လေးတွေမှာ ဒီလိုပဲသူငယ်ချင်းတွေစုပြီးအပျော်သဘော ငှက်ပစ်ထွက် လာခြင်းပါ- ငှက်ရတဲ့အခါရှိသလို မရတဲ့အခါလည်းရှိတယ်ပေါ့- တကယ်တော့ မရတဲ့အခါက ပိုများပါတယ်- လေးခွနဲ့ ဟိုပစ် ဒီပစ် ပစ်နေရတာကိုပဲ သဘောကျပြီး ငှက်ပစ်ထွက်တယ်ဆို ထွက်ကြခြင်းပါပဲ- တာရိုးအောက်ဖက် ရိုးပြတ်တောတွေကြားမှာ ပိုးကောင်လေးတွေလိုက်ဖမ်းနေတဲ့ ငှက်ကလေးတွေကို လေးခွနဲ့ ချောင်းမြောင်းပစ်ကြတာပေါ့- ဒီနေ့တော့ ထူးထူးခြားခြား ကိုဝင်း ပစ်လိုက်တဲ့ လောက်စာလုံးက ဇရက်တစ်ကောင်ကို ထိမှန်ပြီး ဇရက် လေးတစ်ကောင်ရခဲ့တယ်ဆိုပါတော့- ညနေကလည်းစောင်းနေပြီဆိုတော့ ရလာတဲ့ငှက်ကလေးကို အမွေးနှုတ်- အနားမှာရှိတဲ့ သစ်ကိုင်းခြောက်တစ်ခုနဲ့ထိုးပြီး ရိုးပြတ်ခြောက်လေးတွေစုပုံကာ ပါလာတဲ့ဂက်စ်မီးခြစ်လေးနဲ့မီး တောက်အောင်လုပ်ပြီး … Read more

အောက်လမ်းဘိုးထင် နှင့် ကိုယ်ပြုသည့်ကံ

” အောက်လမ်းဘိုးထင် နှင့် ကိုယ်ပြုသည့်ကံ ” ရေးသားသူ–မောင်တင်ဆန်း +++++++++++ *အခန်း-၁ ပေပင်ရွာမှဆန်နှင် ငွေများအား လိမ်သွားသော မိန်းမလျာ နတ်ကတော်ကြီးနှစ်ယောက်အား ရှာပုံတော်ခရီးကို ‌ေမာင်ဘိုးထင်တို့ ဖွင့်လိုက်ကြ‌ေတာ့သည် ၊ လှည်းမောင်သူ နှင့် လှည်းပိုင်ရှင်မှာ သာရဖြစ်ပြီး သာရ ဘေးတွင် လှည်းတလှည့်မောင်းမည့်သူမှာ ဖိုးထွေးဖြစ်သည် ကျန်သော သူများမှာ မောင်ဘိုးထင် ၊ ပေတူးနှင့် သာ‌ေအး တို့ဖြစ်ပြီး အားလုံးပေါင်း ငါးယောက်ဖြစ်၏ ၊ သူတို့သည် သာရ၏ လှည်းလေးကို ပေါင်းမိုး တပ်ဆင်ထားကာ ထမင်းအိုး နှင့် သောက်ရေများ အပြင် ဆန်ဆီ ဆား အစုံတင်လာလေရာ အများသူငါထင်က ဘုရားပွဲသွားမည့် လှည်းနှင့်ပင်တူချေ၏ ၊ သို့ပေမဲ့ ဘုရားပွဲသွားမည့်လှည်းမဟုတ် လူလိမ် နှစ်‌ေယာက်အား … Read more

အောင်မြတ်သာနှင့်မြေတွင်းအောင်းတစ္ဆေ

” အောင်မြတ်သာနှင့်မြေတွင်းအောင်းတစ္ဆေ ” ရေးသားသူ—ဇေယန(ရာမည) – – – – – – – – – – – မီးခိုးတလူလူထွက်နေတဲ့ ညောင်စောင်းရွာရဲ့ ဆွမ်းချက်တဲထဲ မှာတော့ ရွာခံကာလသားအချို့ စုဝေးကာ စကားစမြည်ပြောနေကြတယ်။ ရွာခံလူကြီးအချို့ကတော့ မီးဖိုဘေးက ကွပ်ပြစ်မှာထိုင်ပြီး ရေနွေးကြမ်းသောက်နေ ကြသလို ဘေးနားမှာလဲ ထမင်းဂျိုးစားဖို့စောင့်နေ ကြတဲ့ ကလေးတွေက လူတွေပြောသမျှကို စိတ်၀င်စားဟန်ဆောင်ပြီး နားထောင်နေခဲ့ကြတယ်။ ဒါကတော့ အပတ်စဉ်သောကြာနေ့ ရောက်တိုင်း ရွာနီးချုပ်စပ်မှာရှိတဲ့ သံဃာတော်တွေကို ဆွမ်းနဲ့ဆွမ်းဟင်းလောင်းလှူရန်အတွက် ချက်ပြုတ်နေကြတဲ့ ညောင်စောင်းရွာရဲ့ ဓလေ့တစ်ခု။ ကြာသပတေးနေ့ညရောက်ပြီဆိုရင် ရွာခံလူငယ်တွေအနေနဲ့ မိမိတို့အိမ်မှာမအိပ်ကြပဲ ရွာလယ်ဓမ္မာရုံမှာ လာရောက်စုအိပ်ပြီး ဝိုင်းကူလုပ်ကြသလို ဆွမ်းချက်နေတဲ့အချိန်မှာလဲ ရယ်မောစရာတွေပြောကြ၊ အချင်းချင်းစနောက်ကြနဲ့ အချိန်တွေကုန်မှန်းမသိကုန်ခဲ့ကြရတယ်။ ယခင်အပတ်ကတော့ မြို့ကပြန်လာတဲ့ … Read more

လူသေရင် တစ္ဆေဖြစ်သတဲ့လား

လူသေရင် တစ္ဆေဖြစ်သတဲ့လား (စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ တကယ်တော့ လူသေတိုင်း တစ္ဆေဖြစ်တာမဟုတ်ဘူးဗျ။ ဒီအကြောင်းတွေကို မဖဲဝါ ပြောပြလို့ ကျုပ်လည်း သိတာဗျ။ ဒီလိုဗျို့။ အညာနွေခေါင်ခေါင်ကြီးဗျ။ ကျုပ်တို့ရွာက ဘွားမယ်စိုးကြီး ဆုံးသွားပါရောဗျာ။ ဖြစ်တာကတော့ လူကြီးရောဂါပါ။ တရှောင်ရှောင် ဖြစ်နေရာက နေပြီး အားယုတ်လာတာပေါ့ဗျာ။ နောက်ဆုံး အစာမဝင်တော့ဘဲ ဆုံးသွားတာဗျို့။ ကျုပ်တို့အညာမှာက ဒီလိုတကယ်ပူတဲ့ အချိန်မှာ လူသေရင် ရက်မထားဘူးကြဘူးဗျ။ နေ့ချင်းသင်္ဂြိုဟ်ကြတယ်။ပူတဲ့အရပ်ဆိုတော့ချက်ချင်း ပုပ်တာဗျ။ ခုလည်း ဘွားမယ်စိုးကြီး အသုဘကို နေ့ချင်းသင်္ဂြိုဟ်ဖို့ ပြင်ကြတာပေါ့ဗျာ။ညနေလေးနာရီထိုးတာနဲ့ ကြေးစည်ထုပြီး အသုဘ ချတယ်။ ဘွားမယ်စိုး ဆိုတာကကျောင်းအစ်မကြီးဗျ။ ရွာဦးကျောင်းမှာလည်း ကျောင်းလှူတယ်။ ကျုပ်ဆရာတော်ကျောင်းမှာလည်း ကျောင်းလှူတယ်ဗျ။ အိမ်မှာလည်း တစ်နေ့လုံး ပုတီးတချောက်ချောက် စိပ်နေတာဗျ။ ကျုပ်တို့ … Read more

မောင်ရေခဲ နှင့် ကိုးကျင်းကဝေ

မောင်ရေခဲ နှင့် ကိုးကျင်းကဝေ(စ/ဆုံး) ရေးသားသူ—ခွန်း +++++++++++ ဆရာဖိုးတေသည်ဖွားရွှေအားစုန်းမကြီးအဖြစ် စွပ်စွဲသည်ကိုရွာကလူများသိပြီးသည့်နောက် သူ့အားရန်ပြုကြတော့မည်ကိုတွက်မိသည်။ သို့နှင့်သူကြီးတို့လူတစ်စုလုပ်သမျှကို ကွယ်ရာမှချောင်းကြည့်နေခဲ့သည်။ လူငယ်တစ်ယောက်ကြောင့် သူကြီးတို့အမြင်မှန်ရသွားသဖြင့် သူ့အကြံအစဉ်မအောင်မြင်သောကြောင့် ထိုလူငယ်အားသူအငြိုးထားလိုက်သည်။ သူကြီးတို့်အုပ်စုသူ့အိမ်မလာခင် ဖိုးတေကမယားဖြစ်သူမညွှန့်စီကိုခေါ်ပြီး ထန်းကုန်းရွာမှအပြီးထွက်သွားခဲ့သည်။ သူတတ်သည့်မြေကြောရှုံ့အတတ်ပညာဖြင့် ထွက်ပြေးလေရာ အချိန်အနည်းငယ်၌ထန်းကုန်းရွာနှင့် အလွန်ဝေးသောအရပ်သို့ရောက်လာခဲ့သဖြင့် စိတ်ချရပြီထင်ကာ ထိုနေရာ၌ဇာတ်မြုတ်နေရန်ကြိုးပမ်းသည်။ မညွှန့်စီလည်းမောက်လုံးအဆင့်ဖြစ်ရကား လင်ဖြစ်သူ၏တက်လမ်းအတွက်အနှောက်အယှက်ကင်းအောင်စောင့်ရှောက်ပေးနိုင်သည်။ ယခုသူတို့ရောက်သောရွာသည် စုန်းဖြူမယ်ရှိသည့် နန်းဂူးရွာဖြစ်၏။ နန်းဂူးရွာကားစုန်းပညာများပေါသောလည်းအစွမ်းထက်သည့်စုန်းဖြူမယ်ကြောင့်ပညာသိမ်းထားကြရသည်။ ဆရာဖိုးတေဤရွာတွင်ဇာတ်မြုပ်နေရန်ရွေးခြင်းမှာတစ်ရွာလုံးရှိ ပညာသည်များ၏အဆင့်သည်သူ့အောက်ကချည်းဖြစ်ရာ သူ့အားတစ်ခုခုလုပ်ရန်မစွမ်းသာနိုင်။ ဤအခွင့်ကိုယူပြီး သူတို့်လင်မယားသည်နန်းဂူးရွာစွန်ရှိမြေကွက်ကို မရောင်းရောင်းချင်အောင်ပညာဖြင့်လုပ်ယူပြီး အိမ်တအိမ်ဆောက်သည်။ အိမ်ဆိုသည်ထက် တဲတစ်လုံးဆိုပိုမှန်လိမ့်မည်ဖြစ်သည်။ သူတို့လင်မယားရောက်စတွင် ရွာခံပညာသည်များကအမျိုးမျိုးပညာလာစမ်းသပ်ကြ၏။ ဟင်းလာပို့သည့်ပညာသည်က သစ်ခေါက်ကိုငါးဟင်းအဖြစ်ဖန်ဆင်းပြီးလာပို့ရာ မညွှန့်စီကထိုသူ၏အရှေ့၌ပင် ထိုဟင်းအားအသားဖတ်အဖြစ်ပြန်ပြောင်းပြလိုက်သည်။ သို့ကြောင့်ရွာခံပညာသယ်သည် မညွှန့်စီ၏ပညာအဆင့်ကိုကြောက်ပြီး ပြန်တောင်းပန်ကာ လာရာလမ်းအတိုင်းပြန်သွားခဲ့သည်။ ရွာခံပညာသည်အချို့ကလည်း တိုက်မြွေ၊သရဲတိုက်၊နတ်တိုက်ဖြင့်အမျိုးမျိုးပညာပြိုင်သော်လည်း မညွှန့်စီကသာအမြဲအနိုင်ရ၏။ သို့ကြောင်ရွာခံပညာသည်များက မနိုင်နင်းနိုင်ဘဲစုန်းဖြူမယ်ထံသွားရောက် သတင်းပို့ရ၏။ လပြည့်ညရောက်သော်စုန်းဖြူမယ်သည် … Read more

အောင်မြတ်သာနှင့်ပုဏ္ဏကတိုက်သောအိမ်ကြီး

” အောင်မြတ်သာနှင့်ပုဏ္ဏကတိုက်သောအိမ်ကြီး ” မူရင်းရေးသားသူ — ဇေယန (ရာမည) +++++++++ အောင်မြတ်သာနှင့်သက်ခိုင်တို့ဆရာတပည့်နှစ်ဦး ခရီးတစ်ထောက်နားရာ ရွာကလေးရှိ မိန်းကလေး ငယ်အား ကယ်တင်ပြီးနောက်– မြန်မာပြည်အောက်ပိုင်း ထားဝယ်မြို့ဘက်သို့ ခရီး ထွက်ခဲ့လေသည်။ တောတောင်တွေအထပ်ထပ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ကလေးက သာယာရှုမောဖွယ်ကောင်း လှပေရဲ့။ လမ်းတစ်လျောက်ရှိ ရှုခင်းတွေကို သက်ခိုင ်တစ်ယောက် လိုက်ကြည့်ရင်း.. ဆရာအောင်မြတ်သာကို လှမ်းကြည့်လိုက်တော့ မျက်လုံးနှစ်လုံးမှိတ်ပြီး တစ်စုံတစ်ရာကို အာရုံခံနေသလို ငြိမ်သက်နေလေသည်။ သက်ခိုင်လဲ အနှောင့်အယှက်မပေးတော့ပဲ လွယ်အိတ်ထဲက ကိုးလုံးပုတီးကိုထုတ်ကာ စိတ်နေလိုက် တော့သည်။ အချိန်ကြာလာတာနဲ့အမျှ သက်ခိုင်တစ်ယောက်. စိတ်တွေတည်ငြိမ်လာပြီး ကားပေါ်ရောက်နေသည်ဆိုတဲ့အတွေးထက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ တောအုပ်တစ်ခုထဲရောက်သလို အရာရာအေးချမ်းသွားခဲ့သည်။ အာရုံထဲမှာ သက်ခိုင်း အိမ်တစ်အိမ်ဆီကို ရောက်သွားခဲ့သည်။ အိမ်ထဲဝင်လိုက်တယ်ဆိုရင်ဖြင့် ညှီစို့စို့ သွေးညှီနံ့တွေက အော်ကလီဆန်စရာကောင်းလောက်အောင် … Read more

မိဌေး နှင့် ကြေးစည်သံ

” မိဌေး နှင့် ကြေးစည်သံ ” မောင်ဂေါ်လီ(ဟင်္သာတ) +++++++++++ မိဌေး— ဟု အသံကြားလျှင် လိပ်ချောင်းတစ်ရွာလုံးက နှာခေါင်းရှုံ့ကြသည်။ အာစ လျှာစကြမ်း သလို အနေအစားကအစ ပက်စက်သည်။တရွာလုံးရဲ့ အော်ကြောလန်….လိပ်ချောင်းဈေးထဲတွင် မိဌေးနဲ့ ရန်မဖြစ် စကားမများဖူးသူမရှိသလောက်ပင်….. ရန်ဖြစ်တဲ့အခါတိုင်း လူပုံအလယ်တာတွေ မလယ်တာတွေနားမလည်…ကိုတွင်းရှိတာအကုန်လုံးနှင့်ခိုင်းနှိုင်းပြီး ဆဲဆိုတတ်သည်…..အရေးကြီးတာ ပြိုင်ဘက်ကို မိဌေး အသာစီးရဖို့သာ— မိန်းမချင်းနပန်းလုံးရမလား ဆန်ပင်ဆွဲပြီးပါးရိုက်ရမလားမိဌေးအတွက်ထမင်းစားရေသောက်သလိုမျှသာ… တခါတုန်းက မိဌေးလိုအာစလျှာစ စွာသည့် ငါးစိန်းသယ် မိဗျော့နှင့် အကြီးအကျယ်ရန်ဖြစ်ခဲ့ပုံလေး ပြောပြပါရစေ…… ဖြစ်ပုံကဒီလိုဗျ…. ဟဲ့…မိဗျော့ …နင့်ငါးရံ့က အစိတ်သားမပြည့်ဘူး…ထပ်ထဲ့….. ဘာ….မိဌေး….. ဒီအလေး ဒီချိန်ခွင်နဲ့ငါလုပ်စားလာတာ ငါ့တစ်သက်ရှိပြီ…..နင်လူပါးမဝနဲ့….. ကောင်မ….နင့်ချိန်ခွင်နင်ပြန်ကြည့် တဘက်တို တဘက်ရှည်နဲ့ လျှာကိုလဲ ချိုး ထားလိုက်သေးတယ်…… နင်တို့ ငါးစိန်းသယ် သောက်ကျင့်ဒါအကုန်လား……. ဘာ….မိဌေး….နင်မိုက်ရိုင်းလှချေလား. … Read more

ဦးဖိုးဝေ နှင့် ငယ်ဘဝ (၂)

” ဦးဖိုးဝေ နှင့် ငယ်ဘဝ (၂) ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း-၁ ငကောင်းကံရွာလေး၏ ရွာလူကြီး ဦးသင်္ခအိမ်‌ပေါ်တွင် ဖြစ်သည် ၊ ဦးသင်္ခသည် သူ၏သား မောင်ဖိုးဝေအား အထက်လမ်းဆရာတို့ ပထမ သိသင့်သည့် စမ ကိုစသင်လေသည် ။ “လူလေး မင်း စမ ကိုအရင်သင်ရမယ် စမ မှ စ ဓ ဗ ဝ ဆိုတာရှိတယ် စ ဆိုတဲ့ သဘောက စက္ကုမာစရ မာစိဏ္ဏော=စက္ခုတစ်ထောင်ကို အမြင်ဆောင်တော်မူသောမြတ်စွာဘုရား ၊ဓ ဆိုတာက ဓမ္မညူဓမ္မသာမိကော=တရားအားလုံးကိုသိတော်မူသဖြင့် တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရား၊ ဗ ဆိုတာက ဗလူပေတော ဗလဓရော= အားနှစ်ပါး, အားငါးပါး, အားတော်ဆယ်ပါးဖြင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရား၊ ဝ ဆိုတာကလည်း ဝရဒေါဒေတုမေဝရံ=အောင်ဆုအမျိုးမျိုးကိုပေးတော်မူနိုင်သော အောင်ဆုပိုင်ရှင်မြတ်စွာဘုရားရှင် … Read more

အောင်မြတ်သာနှင့်ကြောင်မျက်ရှင်

” အောင်မြတ်သာနှင့်ကြောင်မျက်ရှင် ” မူရင်းရေးသားသူ — ဇေယန (ရာမည) +++++++++++ အချိန်ကား ညနေနေဝင်ရီတရော နွားရိုင်းသွင်းချိန် လယ်ထဲကပြန်လာသူတွေ၊ ရေခပ်ဆင်းသူတွေနဲ့ အတန်အသင့် စည်ကားနေတဲ့ နတ်ကျွန်းကျေးရွာ— ရွာမှာနေတဲ့လူအများစုကတော့ အတန်အသင့်ပြေလည် ကြတယ်လို့ဆိုရမယ်။ လယ်ယာစိုက်ပျိုးရေးကိုအဓိကထားပြီးလုပ်ကိုင်တဲ့ ရွာ ဖြစ်တဲ့အတွက် ယခုလို စပါးပေါ်ချိန်ကတော့ လက်ထဲ ငွေသီးနေသလို ဝတ်ကောင်းစားလှတွေ ဝယ်ခြမ်းနိုင်တဲ့ အချိန်တစ်ခုလဲဖြစ်တယ်။ ညဘက်တွေဆို ကာလသားလှည့်သူတွေ၊ လရောင်အောက်မှာ ဆော့ကစားနေကြတဲ့ ကလေးတွေနဲ့ ရွာက နေချင်စဖွယ်အတိ။ အချိန်ကား တစ်ဖြေးဖြေး နက်သထက် နက်လာခဲ့သည်။ သက်ကြီးခေါင်းချချိန်ရောက်တဲ့အခါမှာတော့ တစ်ရွာလုံး အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွား ခဲ့သည်။ ထိုစဉ် ရွာအနောက်က ထနောင်းပင်ပေါ်မှ လူရိပ်တစ်ခုဖြတ်ခနဲ ခုန်ဆင်းလာသည်။ ထို့နောက် ရိပ်ခနဲ ရိပ်ခနဲ အမှောင်ထုကို … Read more