” ဘွားမယ်စိန်နှင့် ကျိန်စာသင့်စေတီ “(စ/ဆုံး) ရေးသားသူ— ယဉ်မင်း(ကန့်ဘလူ) +++++++++++ “သူကြီး–သူကြီး–” “မောင်ကျော် ဘာဖြစ်လာတာလဲကွ” “ဟိုတောလမ်းကနေ …. ပုလိပ်တွေလာနေကြတယ်ဗျ…” “ဟေ…ဟုတ်လား” မောင်ကျော်ဆိုသောရွာသားကပုဆိုးကို ခါတောင်းကျိုက်လျှက်အပြေးရောက်လာခြင်းဖြစ်သည်။ ပြေးလွှားကာလာရ၍အတော်လေးလည်း မောပန်းနေရှာသည်။ သူကြီးဦးနောင်ချိုကလည်း မောင်ကျော် စကားကြောင့်မျက်လုံးပြူးသွားခဲ့ရှာသည်။ ထိုင်နေသောခုံအထက်မှဆင်း၍ ခါးကြီးကိုထောက်ကာ… “အင်း…ကြည့်ရတာ တို့ရွာကိုလာပုံရတယ်ကွ” ဟုပြောတော့သူကြီးဘေးထိုင်နေသောမောင်အုန်းက… “သူတို့လာတာကို ကျုပ်ဖြင့် မကြောက်ပါဘူးဗျာ… ကျုပ်တို့နယ်တစ်ဝိုက်ကတော့ အသံလုံပါတယ်ဗျ…” “ဟကောင်ရဲ့…မင်းပထွေးတွေက အနံ့ရလို့အုံလိုက်လာကြတာနေမှာပေါ့… နေပါဦးကွာ…မင်းအခုရွာထဲကိုသွားသတိပေးလိုက်… ဖုံးဖုံးဖိဖိနေကြလို့လည်းပြောခဲ့ဦး…” “ဟုတ်ကဲ့သူကြီး” မောင်အုန်းလည်းသူကြီးအရှေ့မှ ခပ်မြန်မြန်ပြေးထွက်သွားတော့သည်။ သောင်ထွန်းနယ်တစ်ဝိုက်၌ နယ်ချဲ့တော်လှန်ရေးကို ဖုံးဖုံးဖိဖိလှုပ်ရှားပါဝင်နေကြသူများလည်းရှိ၏။ ဒါကိုလည်းသူကြီးတင်မက တစ်ရွာလုံးလည်းသိထားကြပေသည်။ မောင်အုန်းကရွာထဲလှည့်သတိပေးနေစဥ် ရွာသူကြီး ဦးနောင်ချိုအိမ်သို့ပုလိပ်များ အုပ်စုလိုက်ရောက်လာခဲကြတော့သည်။ “ဟာ…အရာရှိမင်းတို့ပါလား… ကြွကြပါခင်ဗျာ…ကြွကြပါ…” “သူကြီး…နေကောင်းတယ်နော်…” “ကောင်းပါတယ်ခင်ဗျာ… ဟေ့…လာကြဦးဟေ့…အရာရှိမင်းတို့အတွက် ဆိတ်သားခြောက်ဖုတ်လေးနဲ့အကြမ်းရည်အိုးလေး လာချပေးကြပါဦး…” သူကြီးကလည်းအရာရှိမင်းကိုမျက်နှာချိုသွေးပြီး … Read more