” ဘွားမယ်စိန်နှင့် မအိုးစည် ” ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ သောင်ထွန်းရွာသားဖြစ်သည့် ကိုလှထွန်းတစ်ယောက်ဘွားမယ်စိန်၏နေအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာခဲ့သည်။ “ဟယ်– လှထွန်း– ရွာကိုဘယ်တုန်းကရောက်နေတာလဲဟဲ့” ဒေါ်ဝင်းက ဆွေမျိုးမကင်းလှသောကိုလှထွန်းကို ဝမ်းသာအားရမေးလိုက်သည်။ “တစ်နေ့ကပဲရောက်တယ်အစ်မ… နေကောင်းကြတယ်နော်…” “ကောင်းပါ့…ကောင်းပါ့…” “လာထိုင်ကွဲ့…” “ဟုတ်ကဲ့…” ကိုလှထွန်းက ကွပ်ပျစ်ခင်း၌ဝင်ထိုင်သည်။ “ထိုင်ဦး..လှထွန်း… ငါလက်ဖက်လေးသွားသုပ်လိုက်ဦးမယ်” “ဟာ…နေပါအစ်မရာ… ကျုပ်ကဧည့်သည်မဟုတ်ပါဘူးဗျ” “အမယ်လေး…ခဏတင်ပါဟယ်… ထိုင်ဦးနော်…” “ကဲ…ပြောမရလည်းအစ်မသဘောပါပဲဗျာ…” ဒေါ်ဝင်းကမီးဖိုထဲဝင်သွားလေသည်။ ကိုလှထွန်းကိုဘွားမယ်စိန်ကငှဲ့ထားသောအကြမ်းရေခွက်ကို ကိုင်ကာလှမ်းပေးလေတော့ ကိုလှထွန်းကရိုရိုသေသေလေးယူရှာသည်။ “မောင်ရင်ရွာမလာတာကြာပြီမဟုတ်လား…” “ဟုတ်တယ်ဘွား…ကျုပ်လည်းဆရာနောက်လိုက်ရတာနဲ့ ခရီးရှည်သွားတယ်လေ… အခုတောင် ရွာဘုရားပွဲနီးလို့ဆရာဆီခွင့်တောင်းပြီး ပြန်လာခဲ့ရတာဗျ” “သြော်…အေး…အဆင်ကောပြောကြရဲ့လား” “ပြေတော့ပြေပါတယ်ဘွားရယ်…” ကိုလှထွန်းရဲ့လေသံက ပျော့သွားလေတော့ ဘွားမယ်စ်ိန်က… “ပြေတယ်သာဆိုတာ မောင်ရင့်အသံကပျော့လှပါလားကွဲ့” “ပြေတယ်ဆို…တလောကမှ ကျုပ်မိန်းမ မအိုးစည်လည်းဆုံးသွားရှာတာဘွားရဲ့.. ကျုပ်မှာသူဆုံးတာတောင်မမီလိုက်ရပါဘူးဗျာ…” “အလို…ဖြစ်မှဖြစ်ရပါ့ကွယ်…” ကိုလှထွန်းကသူ့ဆရာဦးကျော်သန်းနဲ့အတူတူ ရွာစဥ်လှည့်ကာ မြွေအလိမ္မာပြစားကြသူများဖြစ်သည်။ သူတို့တစ်ခါတစ်ခါခရီးထွက်လျှင်လနဲ့ချီကာကြာတတ်၏။ … Read more