သစ်ငုတ်အော်သံ

* သစ်ငုတ်အော်သံ *( စ/ဆုံး ) +++++++++++ ” ကိုဖိုးဆောင်းရုတ်တရက်သေလို့ ” တဲ့— တုန်လှုပ်ဖွယ်ရာ သတင်းဆိုးကြီးက တင်ရွာလုံးကို ပြန့်နှံ့သွားတယ်။ နောက်တော့ – ရွာနီးတွေကိုပါ ဆက်ပြီးပြန့်နှံသွားလိုက်တာ တစ်ဖက် ရွာမှာနေတဲ့ ဖိုးဆောင်းက ညနေပိဘင်းနွားတွေခြံထဲသွင်းမှသိရတာ။ ဘယ်လိုဖြစ်ရတာလဲကွာ ကြေကွဲဖွယ် သတင်းကြီးပါ။ ညီဖြစ်သူရဲ့သတင်းကိုကြားလိုက်ရခြင်းဆိုရင်ပဲဖိုးသောင်း ကြက်သေ သေသွားပါရော။ မျက်ရည်တောင်မကျနိုင်ဘဲ ရင်ထဲကိုဆို့တက်သွားတယ်။ သတင်းလာပေးတဲ့လှငွေကို…. “ငါ့ညီဘယ်လိုဖြစ်ရတာလဲကွာလွန်ခဲ့တဲ့နှစ်ရက်သုံးရက်ကပဲအမေတို့ အိမ်မှာ တွေ့လိုက်ရသေးတယ်၊ လငွ။သေလောက်တဲ့ရောဂါကြီးကြီးကျယ်ကျယ် ရှိတယ်လို့ မကြားမိပါလား။ဘယ်လိုဖြစ်တာလဲကွာပြောပါဦး- ဘယ်လို အသေဆိုးနဲ့” လှငွေဟာ မျက်စိက်နှာပျက်ပျက်နဲ့ ခေါင်းမှာ ပေါင်းလာတဲ့ သဘက် ကို ချွတ်ပြီး ချွေးသုတ်လိုက်တယ်။ ဘယ်ကစပြီး ဘယ်လိုပြောရမှန်း မသိဘူး။ “ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိဘူး ဇိုးသောင်းရ။ ခြံထောင်က သစ်ပင်ကို … Read more

အောင်မြတ်သာနှင့်သွေးမျက်ရည်

” အောင်မြတ်သာနှင့်သွေးမျက်ရည် ” +++++++++++++++++++++ အောင်မြတ်သာတို့ ဆရာတော်မိန့်တော်မူတဲ့ လက်ပံတောရွာကိုရောက်တော့ ညနေစောင်းနေပီ။ ညနေလယ်သိမ်းယာသိမ်းချိန်ဆိုတော့ လယ်ထဲယာထဲကပြန်လာတဲ့သူတွေနဲ့ လက်ပံတောရွာအဝင်လေးက လူစည်ကားနေခဲ့တယ်။ အောင်မြတ်သာတို့လဲ ရွာထဲကို ဝင်လာရင်း ဘေးဘီဝဲယာကို လှမ်းအကဲခတ်လိုက်တယ်။ ဆရာတော်ပြောတဲ့ သွေးမျက်ရည်ကျတဲ့ အိမ်ကိုသိဖို့ထက် ဒီရွာမှာပညာသည်ရှိမရှိ အရင်သိအောင်လုပ်ဖို့ လိုအပ်တယ်မဟုတ်လား။ ဘေးဘီကိုကြည့်ရင်း တစ်ဖြေးဖြေးလျောက်လာတာ ရွာထဲကိုအတော်အသင့်ရောက်လာခဲ့တယ်။ ရွာခံတွေကတော့ ယောဂီဝတ်စုံနဲ့ဝင်လာတဲ့ ဧည့်သည်တွေကို တစ်စေ့တစ်စောင်းအကဲခတ်နေကြတယ်။ အောင်မြတ်သာလဲ ဖြေးဖြေးချင်းလျောက်လာရင်း အိမ်တစ်အိမ်ရှေ့ရောက်တော့ ခြေလှမ်းကတုံ့ခနဲရပ်သွားတယ်။ အောင်မြတ်သာရပ်လိုက်တာကိုမြင်တဲ့သက်ခိုင်က အရိပ်အကဲကိုသဘောပေါက်သည့်အလား အောင်မြတ်သာကိုလှမ်းကြည့်လိုက်တယ်။ အောင်မြတ်သာက သက်ခိုင်ကို ခေါင်းငြိမ့်ပြလိုက်တော့ သက်ခိုင်က လွယ်အိတ်ထဲက လေးကွက်အင်း တစ်ရွက်ကိုထုတ်ပြီး အိမ်ဝိုင်းထဲကို မသိမသာလေး ပစ်ထည့်လိုက်တယ်။ သက်ခိုင်ပစ်ထည့်လိုက်ပေမယ့် လေးကွက်အင်းက တစ်စုံတစ်ခုနဲ့ထိပြီး ကန်ထွက်လာတာ တွေ့လိုက်ရတယ် ဘာနဲ့ထိလဲဆိုတာတော့ အကောင်အထည်မမြင်ရ လေးကွက်အင်းက … Read more

တောင်ကျရေ

” တောင်ကျရေ ” (စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++++++++++++ ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲလေ။ မနေ့ကပဲ ပြီးသွားတာဗျ။လွှတ်စည်တာဗျို့။ ရွာကနေ တခြားကို ပြောင်းသွားတဲ့ လူတွေတောင် ဘုရားပွဲ လာကြတယ်။ ငယ်ပေါင်းတွေ ပြန်ဆုံကြတဲ့ပွဲပေါ့ဗျာ။ တချို့ လည်း သားတွေ၊ သမီးတွေ၊ မြေးတွေတိုးလို့တွဲလောင်းနဲ့ဗျို့။ ကျုပ်တို့လို ကာလသားအဖွဲ့ကတော့လွှတ်ပင်ပန်းတာဗျ။ ဘုရားပွဲ မရောက်ခင် နှစ်လလောက်ကတည်းက ရုပ်စုရုပ်စုနဲ့ လုပ်နေကြရတာ။ ဇာတ်တိုက်တဲ့လူကလည်း တိုက်ပေါ့ဗျာ။ ပြဇာတ် တွေကလည်း ပါသေးသဗျ။ ဟိုရွာကပြဇာတ်၊ ဒီရွာကပြဇာတ်နဲ့ အပြိုင်ကကြတာဗျို့။ ဒိုးပတ်ပြိုင်ပွဲ၊ ဦးရွှေရိုးအက၊ လက်ဝှေ့စိန်ခေါ်ပွဲ၊ အို… စည်ချက်ကတော့ဗျာ။ ဘုရားပွဲပြီးသွားမှပဲ ကျုပ်တို့လည်းဟင်းချနိုင်တော့တာပေါ့ဗျာ။ တစ်နှစ်တစ်နှစ်ဆိုရင် ဘာများဖြစ်မလဲဆိုတာရင်မနေရတာဗျ။ ဇာတ်တွေကလည်းနှစ်ဇာတ်လောက်ပါတာဗျ။ အနီးအနားရွာတွေအားလုံး ပြိုကြလာတာဆိုတော့ပွဲက တော်တော်ကို ထိမ်းရတာကလားဗျာ။ ဘုရားပွဲပြီးတော့လည်း … Read more

အောင်မြတ်သာနှင့်ဆယ့်နှစ်ကြိုးရွာ

” အောင်မြတ်သာနှင့်ဆယ့်နှစ်ကြိုးရွာ ” ( စ/ဆုံး ) +++++++++++++++++++++ အောင်မြတ်သာနှင့် တပည့်သက်ခိုင်တို့ နှစ်ယောက်သား ခြေဦးတည့်ရာ ကိုယ့်အိပ်ရာ ဆိုတဲ့အတိုင်း လမ်းရှိရာ လျှောက်သွားရင်း – အထက်မြန်မာပြည်က တောမကျ မြို့မကျ နေရာလေးတစ်ခုကို ရောက်ရှိခဲ့တယ်။ မြို့ထိပ်က ဇရပ်လေးမှာထိုင်နေခိုက်- ပုဆိုးစုတ်လေးကို ပခုံးပေါ်တင်ထားတဲ့ လူနှစ်ယောက် ဇရပ်ထဲမှာ နေရိပ်လာခိုရင်း- “ဒီနှစ်လုပ်ကိုင်စားသောက်ရတာ အဆင်မပြေပါဘူး ဗျာ –” “ဟုတ်ပါ့ နောင်ကြီးရေ..ကျုပ်တို့တစ်ရွာလုံး ဒီတိုင်းဆို အရင်းတောင် ကျေပါ့မလား မသိဘူး မနှစ်ကလုပ်တဲ့ ရွာလုံးကျွတ်ရှင်ပြုပွဲလေး ဒီနှစ် မလုပ်ဖြစ်လောက်တော့ဘူး ထင်ပါတယ်” သက်ခိုင်က သူတို့ပြောတာနားထောင်နေရင်း… “အစ်ကိုတို့ ဒီနှစ်မိုးမရဘူးလား လယ်တွေမဖြစ်လို့ လား– “မဟုတ်ပါဘူး ညီလေးရာ ခါတိုင်းနှစ်တွေဆို စပါးတစ်ဧကကို တင်း ၇၀လောက်ပျမ်းမျှထွက်တယ် … Read more

လူလော၊ ကျားလော၊ တစ္ဆေလော

” လူလော၊ ကျားလော၊ တစ္ဆေလော “(စ/ဆုံး) +++++++++++++++++++++ “ဝေါင်း-” “အမယ်လေး – ကျားကြီးတော့” အိမ်ရှေ့ဝိုင်းမှာ မြေပဲချွေနေသော မြခင်၏ ကြောက်လန့်ဖွယ်ကောင်းသော အော်သံ အဆုံး လှုပ်ရှားရုန်းကန်သံများ ထွက်ပြီး မကြာခင် ငြိမ်သက်သွားသည်။ “မြခင်-မြခင်” အိမ်ပေါ်မှ ဒေါ်အေးညွန့် -သမီးအော်သံ ကြောင့် အိမ်ပြင်ဝရံတာထွက်ပြီး ခေါ်သည်။ လကွယ်ညဖြစ်၍ ရေနံဆီမီးအိမ်ထွန်းကာ နေ့ခင်းက နှုတ်ထားသော မြေပဲပင်များမှ မြေပဲတောင့်များကို တောင်းထဲ ချွေထည့် နေသည်။ “မြခင် -ဘယ်ရောက်သွားလဲ၊ ကိုတိုး…တော့သမီး အော်သံကြားပြီး ပျောက်သွားတယ်–ဓါတ်မီးယူပြီး ဆင်းကြည့်ပါဦး” အိမ်ထဲမှာ ညစာထမင်း ထိုင်စားနေသော ဦးတိုးလည်း စားလက်စဖြတ်ကာ လက်ဆေး ပြီး ဓါတ်မီးဆွဲ၍ အိမ်ပေါ်မှ ဆင်းလိုက်သည်။ ထမင်းစားရင်း လင်မယားနှစ်ယောက် လုပ် … Read more

တောကြီးတစ္ဆေ

” တောကြီးတစ္ဆေ “(စ/ဆုံး) ရေးသားသူ—0တာတေ +++++++++++++++++++++ အောက်လမ်းတော့ အောက်လမ်းပဲဗျ၊ ဒါပေမဲ့ ဆရာစောရာမဆိုတဲ့လူကိုတော့ ကျုပ် ဘယ် တော့မှ မမေ့ဘူးဗျာ၊ ကျုပ် အောက်လမ်းဆရာ တွေကိုလည်း လိုက်ပြီးကူညီဖူးပါတယ်။ ဆရာ ကိုတက်ခါးတုန်းကဆိုရင် ကိုးကျင်းအောင်သွား ပေမယ့် အတောင်ပံနဲ့ သရဲကြီးက လည်ပင်းကို လိမ်ချိုးသတ်ပစ်လိုက်တာ။ ဆရာကိုတက်ခါးအကြောင်းကို ဖတ်ချင်ရင် တော့ ကျုပ်ရေးခဲ့တဲ့ ကိုယ်တွေ့မဖဲဝါ စာအုပ် ထဲက ‘ကိုးသင်္ချိုင်းကဝေ’မှာ ပြန်ဖတ်ကြည့်ပါ။ အဲဒီဆရာကိုတက်ခါးက နည်းနည်းကြွားချင် တယ်ဗျ။ ကျုပ်ကို သူတတ်တဲ့ပညာတွေ ပြ သေးတာ။ မိန်းမကိစ္စကလည်း မကင်းဘူး။ ဆရာစောရာမကတော့ ပညာသည်စစ်စစ်ဗျ။ ဘာပညာမှလည်း မပြဘူး။ ကြွားလည်း မကြွား ဘူး။ ထောင်ထောင်လွှားလွှားလည်း မလုပ်ဘူး ဗျ။ သူ့အစီအရင် ကောင်းဖို့ကိုပဲ … Read more

အောင်မြတ်သာနှင့်ဝိဉာဉ်လေးကောင်

” အောင်မြတ်သာနှင့်ဝိဉာဉ်လေးကောင် ” စာရေးဆရာ -ဇေယန(ရာမည) +++++++++++++++++++++ “အရှေ့ကိုလျောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင် တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားလေးတွေ ဘုရားလေးတွေ” ရှင်လောင်းလည့်လာတဲ့အချိန် ဖွင့်လာတဲ့ သီချင်းသံက ကိုပျော့ရဲ့ထန်းတောထဲအထိ ရောက်လာခဲ့တယ်။ “မောင်ဝိ ဘယ်ကရှင်လောင်းလှည့်လာတာလဲ” “ဟိုဘက်ရွာကဖြစ်မှာပေါ့ကွာ ဒီအချိန်က ရှင်ပြုတဲ့အချိန်ပဲကို” “ငါလဲ ငါ့သားတွေကိုရှင်ပြုပေးချင်လိုက်တာကွာ” “မင်းကြိုးစားပေါ့ကွ အားနေရင် ထန်းရည်ဆိုင်ပဲပြေးနေတဲ့ကောင်က ဘယ်ကပိုက်ဆံနဲ့ရှင်ပြုပေးမလဲ” “ဟေ့ကောင် မောင်ဝိ ငါ့ကိုအဲလိုတော့မပြောပါနဲ့ ငါနောက်နေ့ကစပြီး အလုပ်ကြိုးစားတော့မှာပါ မင်းမယုံရင် ကြည့်နေ နောက်နှစ်ကျရင် ငါ့သားနှစ်ယောက်ကို ငါရှင်ပြုပေးမှာ အဲဒီအခါကျရင် မင်းက ဦးရွှေရိုးလုပ်ကွာ မင်းသဘောကျနေတဲ့ အပျိုကြီးမိနှောင်းကို ဒေါ်မိုးလုပ်ပေးဖို့ ငါစည်းရုံးပေးမယ်” “ဟားဟား အဲလိုဆိုတော့ လုပ်ရချည်သေးရဲ့ အခုတော့ တစ်ခွက်တစ်ဖလား‌မော့လိုက်ကြရအောင်” “ရယ်ဒီ ဝမ်း တူး သရီး … Read more

အောင်မြတ်သာနှင့်သိမ်ဝင်သပိတ်ကွဲအင်း

” အောင်မြတ်သာနှင့်သိမ်ဝင်သပိတ်ကွဲအင်း ” စာရေးဆရာ — ဇေယန(ရာမည) +++++++++++++++++++++ မနက်စောစော နှင်းမကွဲသေးခင် တိုက်ခတ်နေတဲ့ မြောက်လေရူးက အရပ်လေး မျက်နှာကိုလှည့်ပြီး တိုက်ခတ်နေခဲ့တယ်။ လယ်ကွင်းရဲ့ဘေးမှာ ဆောက်ထားတဲ့လယ်စောင့်တဲ ထဲမှာတော့ ခွေးနီမတစ်ကောင်က ပြာအတိကျနေတဲ့မီးဖိုပေါ် လူးလိမ့်ပြီး အိပ်နေတဲ့အချိန် တဲဘေးကနေ ဖြတ်သွားတဲ့ခြေသံကြောင့် အိပ်နေရာကနေ ခေါင်းထောင်ပြီး ကြည့်ကာ စူးစူးဝါးဝါးထိုးဟောင်လိုက်တယ်။ “ဟဲ့ ခွေးနီမ ကိုယ့်ဘာသာပြန်အိပ်နေ ငါတို့က နင့်ကိုဒုက္ခပေးမယ့်သူတွေမဟုတ်ဘူး” ခွေးနီမက လုံချည်ကိုတိုတိုဝတ်ထားပြီး လက်ပိုက်ကာရပ်နေတဲ့လူရဲ့စကားကို နားလည်တဲ့ အလား တအီအီမြည်သံပြုကာ ပြာပုံထဲကိုပြန်လှဲချလိုက်တယ်။ “ ဆရာအောင်မြတ်သာက ငါတို့ကို ဒီနားမှာစောင့်ခိုင်းထားတာအတော်ကြာပြီ အခုထိလဲ မပေါ်လာသေးဘူး ဘာအရေးများထူးလို့လဲမသိပါဘူး” “ ဟုတ်တယ်ဆရာ ဒီပုံအတိုင်းဆိုရင် တစ်ခုခုတော့ထူးမှာအသေချာပဲ” လွယ်အိတ်ကိုယ်စီလွယ်ထားတဲ့ လူငယ်နှစ်ယောက်စကားအဆုံးမှာ ပြာပုံထဲမှာအိပ်နေတဲ့ ခွေးနီမက အိပ်နေရာကနေ … Read more

အင်းသရဲ

” အင်းသရဲ ” (စ/ဆုံး) မူရင်းရေးသူ — ဆရာတာတေ +++++++++++ ကိုပန်းဦးဆိုတာ ဘန့်ဘွေးကုန်းကဗျ။တာတေ့ကို လွှတ်ခင်တာ။ တာတေတို့တွေက ညီအစ်ကိုလိုနေတဲ့ သူတွေပေါ့ ဗျာ။ တာတေ့ရည်းစား လှယဉ်သေသွားတော့ ဘန့်ဘွေးကုန်းရွာသားတွေကတာတေ့ကို အားကြီးသနားကြတာဗျ။ လှယဉ်ဆုံးတော့ တာတေ တော်တော်စိတ်ထိခိုက်ခဲ့ရတာပေါ့ဗျာ။ ဘယ်မှကိုမသွားချင်တော့တာ။ သွားချင်စိတ် လည်း မရှိဘူးဗျ။ အိမ်မှာပဲ ခွေနေတယ်။ အဘတော့ ယာထဲကို အမြဲလိုက်တယ်။ အဘကလည်း ကျုပ်ကို သနားတော့ အိမ်မှာနေခဲ့လို့ ပြောပါတယ်။ အိမ်မှာထိုင်နေရင် ပိုဆိုးမှာပေါ့ဗျာ။ ဒါကြောင့်အလုပ်ကို ဖိလုပ်ပြီး ခံသာအောင်နေခဲ့ရတာပေါ့။ တစ်ညတော့ ဝိုင်း နောက်ဘက်မှာ တာတေ နွားစာစဉ်းနေတုန်း အိမ်ရှေ့ ကခေါ်သံကြားလိုက်ရတယ်။ “တာတေ- ဟေ့ တာတေ” ဒီအသံကို ကျုပ်ကြားဖူးပါတယ်ဆိုပြီး တွေးနေတာဗျ။ “အမေရေ … Read more

နတ်နဂါးအင်း

” နတ်နဂါးအင်း ” (စ/ဆုံး) မူရင်းရေးသူ— ဆရာတာတေ +++++++++++++++++++++ ဘိုးရာစီက ဘန့်ဘွေးကုန်းကဗျ။ ကျုပ်သူငယ်ချင်း သိန်းဇော်တို့နဲ့တောင်သားချင်းတော်တယ်။ ဘိုးရာစီ ဆယ့်ငါးနှစ်သားလောက်ကရိုးမထဲမှာ မြွေလာဖမ်းတဲ့ အလမ္မာယ်ဆရာတစ်ယောက်နဲ့တွေ့ပြီးတစ်ခါတည်း လိုက်သွားလိုက်တာ အသက်သုံးဆယ်မှရွာပြန်ရောက်လာတာဆိုပဲ။ ပြန်ရောက်လာပေမယ့် ခဏပဲတဲ့ဗျ။သူအမေကို သူရှာလို့ ရထားတဲ့ငွေတွေ လာပေးတာတဲ့။ငွေမှ မနည်းဘူးတဲ့ဗျို့။ တစ်သောင်းကျော် နှစ်သောင်းနီးပါးတဲ့ဗျ။ ဒီတုန်းက ငွေနှစ်သောင်းဆိုတာ နည်းတဲ့တန်ဖိုးမှ မဟုတ်တာ။ ဘိုးရာစီရဲ့ အမေက ရွာမှာ တိုက်တွေဘာတွေ ဆောက်ပစ်ပြီး ယာတွေမှ ဝယ်ထားလိုက်တာ လက်ညှိုးထိုးမလွဲဘဲတဲ့ဗျို့။ ဘိုးရာစီ မြွေနိုင်ချက်တော့ဗျာ။ လမ်းမှာ သွားရင်းတွေ့တဲ့ မြွေတိုင်း ခေါင်းကို မြေကြီးမှာချပြီး အရိုအသေပေးကြတာတဲ့ဗျို့။ ဘိုးရာစီကတော့ ရွာမှာ ခဏပဲနေပြီး ပြန်သွားတာတဲ့ဗျ။ မြန်မာပြည်အနှံ့ လှည့်ပတ်ပြီး မြွေအလိမ္မာယ်ပြနေတာတဲ့ဗျာ။ ဘုရားပွဲကြီးတွေမှာဆိုရင် ဘိုးရာစီက ရုံသွင်းပြီးတော့ကို … Read more